အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ

By 0079796zayar

3.6K 361 2

တစ်နေ့တစ်ခန်းတင်ပါတယ်။ ဟာသစာစဥ်လေးပါ။ More

အပိုင်း(၃၃၆) အိုး.. ခဏနေပါဦး.. လိုင်းအောက် မသွားပါနဲ့
အပိုင်း(၃၃၇)မိုက်မဲသော အရာတစ်ခုကို မလုပ်သရွေ့ မင်းကို ခြောက်လှန့်ဖို့ ပြန်လာမည်မ
အပိုင်း(၃၃၈) စိတ်ကူးဉာဏ်ပျောက်ဆုံးနေသည့် ဖေဖေဝမ်
အပိုင်း(၃၃၉) မလှုပ်နဲ့ဒီမှာပဲနေ
အပိုင်း(၃၄၀) ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်
အပိုင်း(၃၄၁) အနီရောင် သစ်သီး
အပိုင်း(၃၄၂) ဆရာတော်ကြီး ကျစ်ချူး၏ ဘဝဒဿန
အပိုင်း(၃၄၃) လုံးဝမျှော်လင့်မထားသောဖြစ်ရပ်
အပိုင်း(၃၄၄) ကြမ်းတမ်းခက်ထန်ပြီးမှ နွေးထွေးတဲ့သူ ဖြစ်လာမယ်ဆိုရင် ဘဝပျက်နိုင်တယ်
အပိုင်း(၃၄၅) စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ
အပိုင်း(၃၄၆) ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မှန်ကန်သောကိုယ်ဟန်
အပိုင်း(၃၄၇) ငယ်စဥ်ကတည်းက ခေါက်ဆွဲခြောက်နှင့်နှစ်ပါးသွားခဲ့သည်
အပိုင်း(၃၄၈) အသန်မာဆုံးဦးနှောက်
အပိုင်း(၃၄၉) ငါက သာမန်လူတစ်ယောက်ပါ
အပိုင်း(၃၅၀) ငွေအပ်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုသိလား
အပိုင်း(၃၅၁) ကမ္ဘာပတ်နေသူအတွက် အပိုပညာရပ်ဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး
အပိုင်း(၃၅၂) နေ့စဥ်ဘဝ
အပိုင်း(၃၅၃) ညီနောင်.. ဖန့်ရှင်းလား
အပိုင်း(၃၅၄) လဲမုန့်မုန့်၏ စိတ်ရောဂါကုထုံး
အပိုင်း(၃၅၅) မီးတောက်ဧကရာဇ်၏ မျိုးဆက်များ
အပိုင်း(၃၅၆) မိဘများနှင့် ဆရာများ
အပိုင်း(၃၅၇) ဘောက်စ်ကိုဖွင့်သည့်အခိုက်အတန့်
အပိုင်း(၃၅၈) မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှအသေအကျေတိုက်ပွဲ
အပိုင်း(၃၅၉) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး-၁
အပိုင်း(၃၆၀) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး
အပိုင်း(၃၆၁) လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက်
အပိုင်း(၃၆၂) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၁
အပိုင်း(၃၆၃) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၂
အပိုင်း(၃၆၄) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၃
အပိုင်း(၃၆၅) ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ
အပိုင်း(၃၆၆) ညီအကိုသုံးယောက်
အပိုင်း(၃၆၇) ကျွန်ုပ်တွင် မြားပစ်စွမ်းရည်ရှိသည်
အပိုင်း(၃၆၈) အင်းဆက် အရောင်းသမား
အပိုင်း(၃၆၉) လင်းကျန်းရန် ကံစမ်းမဲပေါက်ခြင်း
အပိုင်း(၃၇၁) ဆုံးရှုံးမှုကဘာလဲ..
အပိုင်း(၃၇၂) သူတော်စင် အဖွဲ့အစည်း
အပိုင်း(၃၇၃) အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား
အပိုင်း(၃၇၄) ဝမ်းနည်းနေသော ငွေရောင်လေး
အပိုင်း(၃၇၅) သင်၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်အကြောင်း အနည်းငယ်မျှဝေပါ
အပိုင်း(၃၇၆) ဒီခွေးက အံဩစရာပဲ
အပိုင်း(၃၇၇) တွန်းထိုးခြင်း လိပ်ပြာကြီး
အပိုင်း(၃၇၈) သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်
အပိုင်း(၃၇၉) စာမေးပွဲအခြေအနေ ဘယ်လိုလဲ
အပိုင်း(၃၈၀) ဟိုးမှာကြည့်စမ်း.. ပန်းကန်​ပြားပျံတစ်စင်း
အပိုင်း(၃၈၁) အတုအယောင်အဖွဲ့အစည်း
အပိုင်း(၃၈၂) အိမ်မွေးတိရစ္ဆာန်မုဆိုးများ
အပိုင်း(၃၈၃) အန္တရာယ်များသောမြေပိုင်ရှင်
အပိုင်း(၃၈၄) ထွင်ထျန်းဟာ ဘာလို့ပြန်မလာသေးတာလဲ
အပိုင်း(၃၈၅) ကောင်းကင်မင်းကြီးက မြေပြင်ကကျားကို ကာကွယ်တယ်
အပိုင်း(၃၈၆) ဝေ့ကျစ်၏ စွမ်းပကား
အပိုင်း(၃၈၇) ဆရာလေးလင်း၏ အဝေးမှ အထောက်အပံ့
အပိုင်း(၃၈၈) ဂန္တဝင်ထဲက နတ်ဆိုးနတ်ဘုရား
အပိုင်း(၃၈၉) ဒဏ္ဍာရီလာ အဆီအနှစ်စုပ်ယူ စွမ်းရည်လား
အပိုင်း(၃၉၀) ကလန်ကဆန်လုပ်ချင်သော ငွေရောင်လေး
အပိုင်း(၃၉၁) မျက်နှာဖြူမိန်းကလေး
အပိုင်း(၃၉၂) ဆန်းကြယ်သောကုသနည်း
အပိုင်း(၃၉၃) လှည့်ကွက်မိသွားသောစီနီယာဖန်း
အပိုင်း(၃၉၄) ကမ္ဘာခြားဂိတ်နှင့် ပတ်သက်သည့်အမှန်တရား
အပိုင်း(၃၉၅) အင်မော်တယ် ရတနာအိမ်
အပိုင်း(၃၉၆) ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေက ဘာသုံးစားလို့ရလဲ
အပိုင်း(၃၉၇) အကြောတင်းသောမျက်နှာ၊ ကြင်နာသောနှလုံးသား
အပိုင်း(၃၉၈) စွမ်းအားမြင့် စီနီယာကြီးတွေက တူညီတဲ့အစားအစာကို စားကြသည်။
အပိုင်း(၃၉၉) ခွင့်ပြုချက်ရသွားသောငွေရောင်လေး
အပိုင်း(၄၀၀) မောင်းမဆောင်ထဲကထွင်ထျန်းဟာအဆင့်အတန်း
အပိုင်း(၄၀၁) ငွေရောင်လေး၏ တိုက်ပွဲ
အပိုင်း(၄၀၂) ခြေသလုံးအိမ်တိုင်အင်မော်တယ်အမှတ်အသား
အပိုင်း(၄၀၃) နောက်တစ်ကြိမ် ဖမ်းဆီးခံရသော ငွေရောင်လေး
အပိုင်း(၄၀၄) ဘာအမွေးလဲ
အပိုင်း(၄၀၅) အဖိုးအိုတစ်ယောက် ရှိနေတာလား
တယ်လီဂရမ်ဂရု စဖွင့်နေပါပြီ။
အပိုင်း(၄၀၆) လင်းကျန်းရန်က ဆယ်မိနစ်အတွင်းလက်နက်သန့်စင်တဲ့နည်းစနစ်ကို သင်ယူခဲ့တယ်
အပိုင်း(၄၀၇) လက်နက်သန့်စင်တာ ခက်လို့လား
အပိုင်း(၄၀၈) ကောင်းကင်လက်နက်ရှစ်မျိုး..
အပိုင်း(၄၀၉) အလယ်ကနေအပေါက်တစ်ပေါက်ဖောက်ရုံ..
အပိုင်း(၄၁၀) တာအိုကျင့်ကြံသူကွမ်းက အလင်းရောင်ကို တဖန်ပြန်မြင်ခဲ့ရသည်
အပိုင်း(၄၁၁) ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်
အပိုင်း(၄၁၂) ယဇ်ပူဇော်ခြင်းရဲ့ခေတ်သစ်စည်းမျဥ်း
အပိုင်း(၄၁၃) ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းကိုမှော်ဆန်စွာ ပြောင်းလဲလိုက်သည်
အပိုင်း(၄၁၄) ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်
အပိုင်း(၄၁၅) မရိုမသေလုပ်သောဓမ္မရာဂျာ
အပိုင်း(၄၁၆) လင်းကျန်းရန် အမှန်တကယ် စိတ်ဆိုးသွားပြီ
အပိုင်း(၄၁၇) အင်မော်တယ်ထုန်ရာ၏ ဂန္ဓာမာကျွန်း
အပိုင်း(၄၁၈) စီနီယာအင်မော်တယ်မှာ ပြဿနာကြီးတစ်ခုရှိတယ်
အပိုင်း(၄၁၉) အင်မော်တယ်ထုန်ရာ၏ သွယ်ဝိုက်သတိပေးမှု
အပိုင်း(၄၂၀) ကိုးဆလူသားနှင့် သရုပ်ဆောင်အိပ်မက်
Pdf book
ဟောဒီက📢 ပရိုမိုးရှင်းဗျို့📢
စ/ဆုံး(1810)ထိဖရီးနော်

အပိုင်း(၃၇၀) အင်မော်တယ်ဘုရင် နှလုံးသားကျမ်း စမ်းသပ် ဗားရှင်း

45 5 0
By 0079796zayar

ဝမ်လင်းက ညစာစားပြီးသောအခါ သူ့အခန်းသို့ ပြန်လာခဲ့သည်။

သူသာလျှင် မြင်နိုင်သော "မဟာကံကြမ္မာတာအို"၏ ရွှေရောင်အလင်းတန်းက သူ့ကို ဖုံးအုပ်ထားဆဲ ဖြစ်သည်။

နောက်ဆယ်ရက်လောက်ထိ သူ့ကံက အလွန်အမင်း ကောင်းနေမည် ဖြစ်သည်။

ဖေဖေဝမ်အတွက် သူယူပေးခဲ့သော ဆုလဒ်များမှာ အသေးအဖွဲမျှသာ ဖြစ်သည်။

ဝမ်လင်းက မဟာကံကြမ္မာတာအိုကို အသုံးပြုပြီး နောက်ဆုံးအကြိမ်က ကံစမ်းမဲ လက်မှတ် ဝယ်ခဲ့သော်လည်း ဘာမှမပေါက်ခဲ့သည်ကို သတိရမိသည်။

အကြောင်းရင်းမှာ ဆုလဒ်ဆောင်ကို အမှန်တကယ် ထည့်မသွင်းထားဘဲ ဂျင်းထည့်ထားခြင်း ဖြစ်သောကြောင့်ပင်။

ထိုအချိန်မှစ၍ သူက မည်သည့် ကံစမ်းမဲ အမျိုးအစားကိုမျှ မယုံကြည်ခဲ့ပေ။

မဟာ ကံကြမ္မာ တာအိုကို အသုံးပြုနေချိန်၌ပင် အောင်မြင်ခြင်းမရှိသည့် အခြေအနေများ ရှိနေသည် မဟုတ်ပါလား။

ကံစမ်းမဲက မည်မျှနက်နဲကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ကံစမ်းမဲ သို့မဟုတ် ထီများ ဝယ်သည်က ဆင်းရဲသားများ အတွက် အခွန်အခ ပေးဆောင်ခြင်း တစ်မျိုးပင်။

မည်သူကမှ ထီမပေါက်နိုင်ဟု တပ်အပ် မပြောရဲပေ။

အချို့သူများက ကုန်စုံဆိုင်တွင် စျေးဝယ်ရာမှ လက်ကျန်ငွေဖြင့် ထီထိုးကာ ဆုကြေးငွေ ထောင်ပေါင်းများစွာကို ဆွတ်ခူးနိုင်လောက်သည် အထိ ကံကောင်းခဲ့ကြသည်။

သို့သော်လည်း ဆုကြီးဝင်သူများသည် ၎င်းတို့၏ ဆုများကို သက်ဆိုင်ရာဌာနတွင် လာရောက် ထုတ်ယူရာ၌ မျက်နှာဖုံး သို့မဟုတ် နာမည်ကြီး ဇာတ်ကောင်ဝတ်စုံများကို ဝတ်၍သာ အမြဲလာခဲ့ကြ၏။

ယင်းက ၎င်းတို့ အမှန်တကယ် ပေါက်မပေါက်ကို ဝမ်လင်းအား သံသယ ဖြစ်စေခဲ့သည်။

ကံအားလျော်စွာ ဝမ်မိသားစုတွင် ဖေဖေဝမ် နှင့် မေမေဝမ်တို့သည် ထီ သို့မဟုတ် ရှယ်ယာများကို စိတ်မဝင်စားခဲ့ကြပေ။

မေမေဝမ် အတွက်မူ မြေအောက်လောကတွင် ကျင်လည်ခဲ့သည့် ဘဝကသာ စိတ်ဝင်စားဖို့ ကောင်းသည်ဟု အမြဲခံစားခဲ့ရပြီး ဖေဖေဝမ် အတွက်မူ ထီထိုးပြီး ကောင်းကင်မှ ကျလာမည့်မုန့်ကို စောင့်ဆိုင်းခြင်းထက် စာလုံးများကို မှန်မှန်လေး ရိုက်နှိပ်သည်ကသာ လက်တွေ့ကျသည် မဟုတ်လော။

..............

ထွင်ထျန်းဟာက သူပြိုင်ပွဲဝင်ရန် အတွက် ဆရာလေးလင်း လက်မှတ်ထိုးလိုက်ကြောင်း ကြားသိရသောအခါ ၎င်း၏ ခွေးမျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။

"ဒါက ဘယ်လိုလုပ်ရပ်မျိုးလဲ"

ထွင်ထျန်းဟာ ကိုယ်တိုင်ပင် နားမလည်ခဲ့ပေ။

ဆရာလေးလင်း၏ အတွေးထဲမှ ပဟေဠိကို သူ၏ ခွေးဦးနှောက်ကို အားကိုး၍ အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိပေ။

ထွင်ထျန်းဟာက ပြိုင်ပွဲဝင်ခဲ့လျှင် တရားမျှတမှု မရှိဟု ခံစားမိသည်။

လောလောဆယ်တွင် သူက ရွှေအမြူတေ  အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်၍မူ တတိယတန်းစား ဝိညာဉ်သားရဲမျှသာ ဖြစ်သည်။

တတိယတန်းစား ဝိညာဉ်သားရဲမှာ ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့် ပြည့်လျှံနေသော တက္ကသိုလ်များတွင် ရှားပါးသောအရာ မဟုတ်ပေ။

ထိပ်တန်းတက္ကသိုလ်များက ကျောင်းများတွင် တတိယတန်းစား ဝိညာဉ်သားရဲ ရာပေါင်းများစွာကို စမ်းသပ်မှုများ ပြုလုပ်ရန် ဝိညာဉ်သားရဲ ဓာတ်ခွဲခန်းများကို ဆောက်လုပ်ပြီး ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြောင်း ထွင်ထျန်းဟာ သိရှိခဲ့သည်။

တက္ကသိုလ်တွင် တတိယတန်းစားနှင့် စတုတ္ထတန်းစား ဝိညာဥ်သားရဲများမှာ နွားကိုယ်ပေါ်ရှိ အမွေးအမှင် အရေအတွက် ကဲ့သို့ အများအပြား ရှိသည်။

ထို့ကြောင့် သာမန် ဝိညာဉ် အိမ်မွေးတိရစ္ဆာန်သည် ကျောင်းအိမ်မွေးတိရစ္ဆာန် ဖြစ်လာရန် အခွင့်အရေး မရှိပေ။

အကယ်၍ သင်က ပထမတန်းစား ဝိညာဥ်သားရဲ အဆင့်သို့ အမှန်တကယ် ရောက်ရှိနေလျှင် ဓာတ်ခွဲခန်းရှိ ကျောင်းသားများမှာ သင့်အား ဘိုးဘေးကဲ့သို့ ကိုးကွယ်ကြလိမ့်မည် ဖြစ်သည်။

......................

ဟုတ်ပါသည်၊ ဤအကြောင်းအရာ အားလုံးကို ထွင်ထျန်းဟာက ကျင့်ကြံခြင်းဖိုရမ်၏ ပို့စ်တစ်ခုကနေ  သိရှိခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းအရာများက မှန်ကန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ထွင်ထျန်းဟာ၏ ရည်မှန်းချက်မှာ ပထမတန်းစား ဝိညာဥ်သားရဲ အဆင့်သို့ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ကျင့်ကြံရန် ဖြစ်၏။

သူယခင်က နတ်ဆိုးဘုရင်ဖြစ်ခဲ့ပြီး နတ်ဆိုးဖားပြုပ်မျိုးနွယ်ကို ဦးဆောင်သည့် အကြီးအကဲ ဖြစ်ခဲ့ဖူးသည်။

သူ၏ မူလခန္ဓာကိုယ်သို့ ပြန်မရနိုင်တော့သော်လည်း အနည်းဆုံးတော့ သူ၏ ခွန်အားကို တတ်နိုင်သမျှ ထိန်းသိမ်းထားရပေမည်။

မဟုတ်လျှင် အလွန်ရှက်စရာ ကောင်းနေလိမ့်မည် မဟုတ်လော။

ဟုတ်ပါသည်၊ ဝမ်လင်းတွင် ထွင်ထျန်းဟာကို ပြိုင်ပွဲ၌ ပါဝင်ခိုင်းရသည့် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိ၏။

တစ်ချက်မှာ ဝမ်လင်း၏ အတန်းဖော်များက ထွင်ထျန်းဟာ၏ သရုပ်မှန်ကို အမှန်တကယ် မေ့လျော့နေပြီး ခွေးပေါကြီး အဖြစ် ဆက်ဆံနေသောကြောင့်ပင်။

နောက်တစ်ချက်အနေဖြင့် ဝမ်လင်းက ထွင်ထျန်းဟာ၏ လက်ရှိအင်အားကို လက်တွေ့စမ်းသပ်မှုအဖြစ် ယခုတစ်ကြိမ် ပြိုင်ပွဲကို အသုံးချလိုခဲ့သည်။

ထွင်ထျန်းဟာက လောလောဆယ်တွင် ဝမ်လင်း ပြုပြင်ပေးထားသော "နတ်ဆိုးနှလုံးသားကျမ်း"၏ ဒုတိယဗားရှင်းကို ကျင့်ကြံနေသည်။

မူရင်းကျမ်းက နတ်ဆိုးချီဖြင့် ကျင့်ကြံရမည် ဖြစ်သော်လည်းဝမ်လင်းက ဝိညာဉ်ချီ နှင့် လုံး၀ အစားထိုးထားသည်။

ကျင့်ကြံမှု လမ်းစဥ်က ယခင်အတိုင်း တူညီသော်လည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်၏။

ယေဘုယျအားဖြင့် ပြောရလျှင် ဘေးထွက် ဆိုးကျိုးများသည် စစ်မှန်သော တိုက်ပွဲမှသာ ထွက်ပေါ်လာတတ်၏။

ဝမ်လင်းက ထွင်ထျန်းဟာကို ပေါင်ပေါ်တင်ကာ ပွေ့ဖက်၍ ၎င်း၏ ခွေးသားမွေးများကို သေးသွယ်သော လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

ယင်းက ထွင်ထျန်းဟာကို အလွန်အမင်း သက်သောင့်သက်သာ ဖြစ်စေ၏။

"ငါတို့အနေနဲ့ 'နတ်ဆိုးဘုရင်နှလုံးသားကျမ်း'ကို စမ်းသပ်ဖို့ လိုအပ်တယ်.. ကျင့်စဥ်ကို ပြုပြင်တာ ငါ့အတွက် ဒါပထမဆုံး အကြိမ်ပဲ.. ဆိုးရွားတဲ့ သက်ရောက်မှု ရှိမရှိ စမ်းကြည့်ဖို့လိုတယ်"

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ထွင်ထျန်းဟာက ခေါင်းညိတ်လိုက်သည်။

ပြုပြင်ထားသော ဗားရှင်းက အလွန်ကောင်းမွန်သည်ဟု သူခံစားမိသည်။

သို့ရာတွင် ဘေးထွက်ဆိုးကျိုး ရှိမရှိ မပြောနိုင်သေးပေ။

အသေအချာ သိရန်မှာ စစ်မှန်သည့် တိုက်ပွဲတွင်သာ စမ်းသပ်နိုင်လိမ့်မည်။

ဝမ်လင်းက ငယ်စဉ်ကပင် ကိုယ်ခံပညာ ပြုပြင်ခြင်းကို အမှန်တကယ် တတ်မြောက်ခဲ့သည်။

သို့သော်လည်း ယင်းမှာ ကလေးများ စိတ်အားထက်သန်စွာ ရေးသားထားသော ပုံပြင်များကဲ့သို့ပင်။

အလွန် စိတ်ကူးယဉ်ဆန်လွန်းပြီး လက်တွေ့အသုံးဝင်မဝင် မသိရသေးပေ။

ဝမ်လင်းက ထွင်ထျန်းဟာ၏ 'နတ်ဆိုးနှလုံးသားကျမ်း'ကို ပြန်လည် ပြင်ဆင်သောအခါ 'အင်မော်တယ်ဘုရင် နှလုံးသားကျမ်း'ဟုခေါ်သည့် လျှို့ဝှက်ကျမ်းတစ်ခုကို ကိုးကားပြီး 'နတ်ဆိုးချီ'ကို 'ဝိညာဥ်ချီ' ဖော်မြူလာဖြင့် အစားထိုးခဲ့သည်။

"အင်မော်တယ်ဘုရင်နှလုံးသားကျမ်း"သည် ဝမ်လင်း အချိန်အတော်ကြာ စဥ်းစားတွေးတောခဲ့ရသည့် နက်နဲသော ကိုယ်ခံပညာတစ်ခု ဖြစ်သည်။

၎င်းကို နားလည်ရန် အတော်ကလေး အချိန်ယူခဲ့ရသည်။

အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် သူ ရှစ်နှစ်သား အရွယ်တွင် ၎င်းကို စတင် စဉ်းစားခဲ့သည် ဖြစ်ရာ ရှစ်နှစ်ခန့် ရှိပြီဟုပင် ဆိုနိုင်၏။

အဓိကအချက်မှာ ဤကျမ်းသည် အပြည့်အစုံ မဟုတ်ဘဲ စမ်းသပ် ဗားရှင်းမျှသာ ဖြစ်နေသည်။

၎င်းကိုသာ အောင်မြင်စွာ ကျင့်နိုင်ခဲ့လျှင် ဝမ်လင်းက သူ၏ ထိန်းချုပ်မရသော အော်ရာကို ချိုးနှိမ်နိုင်မည်ဟု ခံစားခဲ့ရသည်။

ထိုသို့ ဖြစ်လာခဲ့လျှင် သူ၏ လက်မောင်းပေါ်ရှိ အဆောင်လက်ဖွဲ့ကို အားကိုးနေစရာ လိုအပ်တော့မည် မဟုတ်ပေ။

အဆောင်လက်ဖွဲ့၏ သူ့အပေါ် ဖိနှိပ်သော လုပ်ဆောင်ချက်ကလည်း သက်ရောက်မှု နည်းသထက် နည်းပါးလာမည် ဖြစ်သည်။

ဆေးရုံက လူနာများကို ပဋိဇီဝဆေး အများအပြား ပေးသလိုပင်။

သင့်လျော်သော ပမာဏထက် အလွန်အကျွံ သောက်လိုက်သည်နှင့် ခန္ဓာကိုယ်က ဆေးဒဏ်ကို အလိုအလျောက်ခံနိုင်ရည် ရှိလာမည် ဖြစ်သည်။

"ပြောပြပါ.. သူတော်စင် သားရဲအဆင့်အထိ ကျင့်နိုင်မယ်လို့ ထင်လား"

ဝမ်လင်းက ထွင်ထျန်းဟာကို စိုက်ကြည့်၍ ဖြေလိုက်သည်။

"မထင်ဘူး"

ထွင်ထျန်းဟာက အံ့အားသင့်သွားပြီး မချိပြုံး ပြုံးပြလိုက်သည်။

သူတော်စင် သားရဲအဆင့်အထိ ကျင့်ကြံရန်မှာ မည်သို့ လွယ်ကူနိုင်ပါမည်နည်း။

သူတော်စင် သားရဲများအတွက် အဆင့်သတ်မှတ်သည့် စနစ်အရ ဆိုလျှင် ပထမတန်းစား ဝိညာဉ်သားရဲများသည် အမှန်စင်စစ် သူတော်စင် သားရဲများအောက်မှ အဆင့်တစ်ခုသာ ဖြစ်သည်။

အရေးကြီးဆုံးမှာ သားရဲနှလုံးသား ဖြစ်သည်။

ရှေးကျမ်းစာများတွင် သားရဲနှလုံးသားသည် ကျင့်ကြံ၍ ရနိုင်သည့် အရာတစ်ခု ဖြစ်သော်လည်း ဤကျင့်ကြံမှု နည်းလမ်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူတော်စင် သားရဲအများစုမှာ အခြေခံအားဖြင့် အမွေဆက်ခံခြင်းဖြင့်သာ သားရဲနှလုံးသားများကို ရရှိခဲ့ကြသည်။

သားရဲနှလုံးသားကို ဗီဇပြောင်းခြင်း သို့မဟုတ် အစားထိုးခြင်းမှ တဆင့် မရရှိနိုင်ပေ။

ထို့ကြောင့် ယနေ့ခေတ် ဝိညာဥ်သားရဲအများစု၏ အဓိကရည်ရွယ်ချက်မှာ ပထမတန်းစား ဝိညာဥ်သားရဲများဖြစ်လာစေရန် ကျင့်ကြံဖို့ ဖြစ်သည်။

သူတော်စင် သားရဲဖြစ်လာရန် ကျင့်ကြံခြင်းသည် ယွမ်သန်းတစ်ရာ အတွက် သေးငယ်သော ပန်းတိုင်များ ဦးစွာ ချမှတ်ရန်လိုအပ်သည် ဟူသော အိမ်ခြံမြေသူဌေးကြီး အချို့၏ လေကြီးလေကျယ် စကားများကဲ့သို့ပင် အဓိပ္ပါယ်မဲ့လှသည်။

ထို့အပြင် ယနေ့ခေတ် ပတ်ဝန်းကျင်၌ သူတော်စင် သားရဲများ ရှိပါသေးသလော။

ထွင်ထျန်းဟာက ထိုအချက်ကို သံသယဝင်ခဲ့သည်။

တစ်စုံတစ်ရာ ဖြစ်နိုင်ခြေရှိလျှင်ပင် ဖြစ်နိုင်ခြေ အများဆုံး ရှိသည်ကိုသာ ရွေးချယ်ကြလိမ့်မည် မဟုတ်ပါလော။

သူတော်စင် သားရဲများ ရှိစဥ်အချိန်ကပင် ကျင့်ကြံသူများသည် တာအိုလမ်းစဥ်ကို လိုက်စားရာတွင် သူတော်စင် သားရဲများ၏ သားရဲနှလုံးသားများက ၎င်းတို့အား ကူညီပေးနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။

သူတို့က သားရဲနှလုံးသား အတွက် မိုက်မဲသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြ၏။

ထွင်ထျန်းဟာသာ သူတော်စင် သားရဲအဆင့် အထိ အမှန်တကယ် ကျင့်ကြံနိုင်ခဲ့လျှင်..

ယင်းက အိပ်မက်တစ်ခုကနေ ရယ်မောရင်း လန့်နိုးလာသလို ဖြစ်နေလိမ့်မည် မဟုတ်ပါလား။

အပိုင်း(၃၇၀) ပြီး၏။

Continue Reading

You'll Also Like

7.9M 465K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...
171K 21.6K 52
ရွှမ်းဝေရှန့်ကျွင်း ကျန်းရင်ဟယ် သည်ကျင့်ကြံရေးလောက၌ နံပါတ်တစ် ဓားဝိဇ္ဇာတစ်ဦးဖြစ်ပြီး သူ့ထံတွင်တပည့်သုံးဦးရှိလေသည်။ ထိုတပည့်များမှာပါရမီထူးချွန်သော်...
15.3M 468K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
2.9M 193K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...