အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ

By 0079796zayar

3.6K 361 2

တစ်နေ့တစ်ခန်းတင်ပါတယ်။ ဟာသစာစဥ်လေးပါ။ More

အပိုင်း(၃၃၆) အိုး.. ခဏနေပါဦး.. လိုင်းအောက် မသွားပါနဲ့
အပိုင်း(၃၃၇)မိုက်မဲသော အရာတစ်ခုကို မလုပ်သရွေ့ မင်းကို ခြောက်လှန့်ဖို့ ပြန်လာမည်မ
အပိုင်း(၃၃၈) စိတ်ကူးဉာဏ်ပျောက်ဆုံးနေသည့် ဖေဖေဝမ်
အပိုင်း(၃၃၉) မလှုပ်နဲ့ဒီမှာပဲနေ
အပိုင်း(၃၄၀) ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်
အပိုင်း(၃၄၁) အနီရောင် သစ်သီး
အပိုင်း(၃၄၂) ဆရာတော်ကြီး ကျစ်ချူး၏ ဘဝဒဿန
အပိုင်း(၃၄၃) လုံးဝမျှော်လင့်မထားသောဖြစ်ရပ်
အပိုင်း(၃၄၄) ကြမ်းတမ်းခက်ထန်ပြီးမှ နွေးထွေးတဲ့သူ ဖြစ်လာမယ်ဆိုရင် ဘဝပျက်နိုင်တယ်
အပိုင်း(၃၄၅) စိတ်ကူးယဥ်လွန်းပြီး လျှို့ဝှက်စွမ်းအားများ ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ
အပိုင်း(၃၄၆) ချပ်ဝတ်တန်ဆာအပြည့်ဖြင့် မှန်ကန်သောကိုယ်ဟန်
အပိုင်း(၃၄၇) ငယ်စဥ်ကတည်းက ခေါက်ဆွဲခြောက်နှင့်နှစ်ပါးသွားခဲ့သည်
အပိုင်း(၃၄၈) အသန်မာဆုံးဦးနှောက်
အပိုင်း(၃၄၉) ငါက သာမန်လူတစ်ယောက်ပါ
အပိုင်း(၃၅၀) ငွေအပ်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုသိလား
အပိုင်း(၃၅၁) ကမ္ဘာပတ်နေသူအတွက် အပိုပညာရပ်ဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး
အပိုင်း(၃၅၂) နေ့စဥ်ဘဝ
အပိုင်း(၃၅၃) ညီနောင်.. ဖန့်ရှင်းလား
အပိုင်း(၃၅၄) လဲမုန့်မုန့်၏ စိတ်ရောဂါကုထုံး
အပိုင်း(၃၅၆) မိဘများနှင့် ဆရာများ
အပိုင်း(၃၅၇) ဘောက်စ်ကိုဖွင့်သည့်အခိုက်အတန့်
အပိုင်း(၃၅၈) မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှအသေအကျေတိုက်ပွဲ
အပိုင်း(၃၅၉) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး-၁
အပိုင်း(၃၆၀) မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး
အပိုင်း(၃၆၁) လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက်
အပိုင်း(၃၆၂) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၁
အပိုင်း(၃၆၃) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၂
အပိုင်း(၃၆၄) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၃
အပိုင်း(၃၆၅) ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ
အပိုင်း(၃၆၆) ညီအကိုသုံးယောက်
အပိုင်း(၃၆၇) ကျွန်ုပ်တွင် မြားပစ်စွမ်းရည်ရှိသည်
အပိုင်း(၃၆၈) အင်းဆက် အရောင်းသမား
အပိုင်း(၃၆၉) လင်းကျန်းရန် ကံစမ်းမဲပေါက်ခြင်း
အပိုင်း(၃၇၀) အင်မော်တယ်ဘုရင် နှလုံးသားကျမ်း စမ်းသပ် ဗားရှင်း
အပိုင်း(၃၇၁) ဆုံးရှုံးမှုကဘာလဲ..
အပိုင်း(၃၇၂) သူတော်စင် အဖွဲ့အစည်း
အပိုင်း(၃၇၃) အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား
အပိုင်း(၃၇၄) ဝမ်းနည်းနေသော ငွေရောင်လေး
အပိုင်း(၃၇၅) သင်၏ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်အကြောင်း အနည်းငယ်မျှဝေပါ
အပိုင်း(၃၇၆) ဒီခွေးက အံဩစရာပဲ
အပိုင်း(၃၇၇) တွန်းထိုးခြင်း လိပ်ပြာကြီး
အပိုင်း(၃၇၈) သက်လတ်ပိုင်းအရွယ် ပင်ဂွင်းသခင်
အပိုင်း(၃၇၉) စာမေးပွဲအခြေအနေ ဘယ်လိုလဲ
အပိုင်း(၃၈၀) ဟိုးမှာကြည့်စမ်း.. ပန်းကန်​ပြားပျံတစ်စင်း
အပိုင်း(၃၈၁) အတုအယောင်အဖွဲ့အစည်း
အပိုင်း(၃၈၂) အိမ်မွေးတိရစ္ဆာန်မုဆိုးများ
အပိုင်း(၃၈၃) အန္တရာယ်များသောမြေပိုင်ရှင်
အပိုင်း(၃၈၄) ထွင်ထျန်းဟာ ဘာလို့ပြန်မလာသေးတာလဲ
အပိုင်း(၃၈၅) ကောင်းကင်မင်းကြီးက မြေပြင်ကကျားကို ကာကွယ်တယ်
အပိုင်း(၃၈၆) ဝေ့ကျစ်၏ စွမ်းပကား
အပိုင်း(၃၈၇) ဆရာလေးလင်း၏ အဝေးမှ အထောက်အပံ့
အပိုင်း(၃၈၈) ဂန္တဝင်ထဲက နတ်ဆိုးနတ်ဘုရား
အပိုင်း(၃၈၉) ဒဏ္ဍာရီလာ အဆီအနှစ်စုပ်ယူ စွမ်းရည်လား
အပိုင်း(၃၉၀) ကလန်ကဆန်လုပ်ချင်သော ငွေရောင်လေး
အပိုင်း(၃၉၁) မျက်နှာဖြူမိန်းကလေး
အပိုင်း(၃၉၂) ဆန်းကြယ်သောကုသနည်း
အပိုင်း(၃၉၃) လှည့်ကွက်မိသွားသောစီနီယာဖန်း
အပိုင်း(၃၉၄) ကမ္ဘာခြားဂိတ်နှင့် ပတ်သက်သည့်အမှန်တရား
အပိုင်း(၃၉၅) အင်မော်တယ် ရတနာအိမ်
အပိုင်း(၃၉၆) ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေက ဘာသုံးစားလို့ရလဲ
အပိုင်း(၃၉၇) အကြောတင်းသောမျက်နှာ၊ ကြင်နာသောနှလုံးသား
အပိုင်း(၃၉၈) စွမ်းအားမြင့် စီနီယာကြီးတွေက တူညီတဲ့အစားအစာကို စားကြသည်။
အပိုင်း(၃၉၉) ခွင့်ပြုချက်ရသွားသောငွေရောင်လေး
အပိုင်း(၄၀၀) မောင်းမဆောင်ထဲကထွင်ထျန်းဟာအဆင့်အတန်း
အပိုင်း(၄၀၁) ငွေရောင်လေး၏ တိုက်ပွဲ
အပိုင်း(၄၀၂) ခြေသလုံးအိမ်တိုင်အင်မော်တယ်အမှတ်အသား
အပိုင်း(၄၀၃) နောက်တစ်ကြိမ် ဖမ်းဆီးခံရသော ငွေရောင်လေး
အပိုင်း(၄၀၄) ဘာအမွေးလဲ
အပိုင်း(၄၀၅) အဖိုးအိုတစ်ယောက် ရှိနေတာလား
တယ်လီဂရမ်ဂရု စဖွင့်နေပါပြီ။
အပိုင်း(၄၀၆) လင်းကျန်းရန်က ဆယ်မိနစ်အတွင်းလက်နက်သန့်စင်တဲ့နည်းစနစ်ကို သင်ယူခဲ့တယ်
အပိုင်း(၄၀၇) လက်နက်သန့်စင်တာ ခက်လို့လား
အပိုင်း(၄၀၈) ကောင်းကင်လက်နက်ရှစ်မျိုး..
အပိုင်း(၄၀၉) အလယ်ကနေအပေါက်တစ်ပေါက်ဖောက်ရုံ..
အပိုင်း(၄၁၀) တာအိုကျင့်ကြံသူကွမ်းက အလင်းရောင်ကို တဖန်ပြန်မြင်ခဲ့ရသည်
အပိုင်း(၄၁၁) ကြက်သားများများ စားနိုင်ရင် ဆရာလည်း လုပ်နိုင်တယ်
အပိုင်း(၄၁၂) ယဇ်ပူဇော်ခြင်းရဲ့ခေတ်သစ်စည်းမျဥ်း
အပိုင်း(၄၁၃) ဗုံးပစ်စီနီယာအင်မော်တယ်က သီချင်းကိုမှော်ဆန်စွာ ပြောင်းလဲလိုက်သည်
အပိုင်း(၄၁၄) ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ အံ့ဖွယ်လျှို့ဝှက်ချက်
အပိုင်း(၄၁၅) မရိုမသေလုပ်သောဓမ္မရာဂျာ
အပိုင်း(၄၁၆) လင်းကျန်းရန် အမှန်တကယ် စိတ်ဆိုးသွားပြီ
အပိုင်း(၄၁၇) အင်မော်တယ်ထုန်ရာ၏ ဂန္ဓာမာကျွန်း
အပိုင်း(၄၁၈) စီနီယာအင်မော်တယ်မှာ ပြဿနာကြီးတစ်ခုရှိတယ်
အပိုင်း(၄၁၉) အင်မော်တယ်ထုန်ရာ၏ သွယ်ဝိုက်သတိပေးမှု
အပိုင်း(၄၂၀) ကိုးဆလူသားနှင့် သရုပ်ဆောင်အိပ်မက်
Pdf book
ဟောဒီက📢 ပရိုမိုးရှင်းဗျို့📢
စ/ဆုံး(1810)ထိဖရီးနော်

အပိုင်း(၃၅၅) မီးတောက်ဧကရာဇ်၏ မျိုးဆက်များ

41 5 0
By 0079796zayar

ဆယ်နာရီကျော်လောက်ထိ ဝမ်လင်းနှင့်ဖန့်ရှင်းက မှော်အစီအရင်ကို ကိုင်တွယ်နေဆဲပင်။

ချုံရှစ်စစ်ကို အရှင် ဖမ်းဆီးပြီးနောက် ဝမ်မင် နှင့် ကျိုးရီ တို့က လမ်းကြားတစ်ခုတွင် ရှောင်ယွင်ချမ်းကို တွေ့ရှိခဲ့ကြသည်။

သူ့မျက်လုံးများက သွေးနီရောင် ဖြစ်နေ၏။

ရွှေကုံးဂိုဏ်း၏  အသီးက သူ့ခန္ဓာကိုယ်ထဲတွင် လုံးဝကွဲလုမတတ် ဖြစ်နေသည်။

အဝေးမှာ ရှိနေသည့် သူတို့ပင် ဖော်မပြနိုင်သည့် ဖိအားကို ခံစားနေကြရ၏။

၎င်းက သာမန် ကျင့်ကြံသူမှ ထုတ်လွှတ်သော ဝိညာဉ်ရေးဖိအားနှင့် ကွဲပြားသည်။

ယခုက ထိန်းချုပ်နိုင်စွမ်း မရှိသော အော်ရာ ဖိအားတစ်ခု ဖြစ်ပြီး ရှောင်ယွင်ချမ်း အတွင်းရှိ ဝိညာဉ်စွမ်းအင်များ၏ အာရုံစူးစိုက်မှုက အထွတ်အထိပ်သို့ ရောက်ရှိခါနီးတွင် ပြသတတ်သော အလွန် အန္တရာယ်များသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။

ဝမ်မင်က သူ့ချွေးများကို သုတ်လိုက်သည်။

သူတို့က ချုံရှစ်စစ် နှင့် အချိန်အတော် ကုန်သွားခဲ့ရသည်။

ကံကောင်းစွာဖြင့် သူတို့က အချိန်မနှောင်းမီ ဖမ်းမိခဲ့၍ အရာအားလုံးကို ပြန်လှည့်ရန် အချိန်ရှိပါသေးသည်။

"ညီနောင်အာ ငါတို့ သူ့အနီးကို လုံးဝကပ်လို့ရမှာ မဟုတ်ဘူး"

ကျိုးရီနှင့်ဝမ်မင်တို့က ထိုဖိနှိပ်မှုကို ပြင်းထန်စွာ ခံစားနေရ၏။

သူတို့ဝတ်ထားသည့် အသားကပ်ဝတ်စုံကြောင့်သာ မဟုတ်လျှင် ဤဖိအားက ပို၍ပင် ပြင်းထန်လာနိုင်ပေသည်။

အတိုင်းအတာ တစ်ခုအထိ ရှောင်ယွင်ချမ်း၏ အော်ရာက ယခုအခါ စိတ်ဝိညာဥ် အခြေတည် အဆင့်၏ အထွတ်အထိပ်သို့ ချဉ်းကပ်နေပြီ ဖြစ်သည်။

ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည့် ဤအော်ရာ ဖိအားကြောင့် လှုပ်ရှားဖို့ နေနေသာသာ ခံနိုင်ရည် ရှိရန်ပင် မနည်းရုန်းကန်နေရ၏။

ယင်းက ရွှေကုံးဂိုဏ်းမှ တီထွင်ခဲ့သော သစ်သီး မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေခြင်းပင်။

အသီးထဲတွင် ပါရှိသော စွမ်းအင်ဖြင့် အခြေခံ တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးသည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်မည့် အပြင် စိတ်ကူးပင် မယဉ်နိုင်သော အတိုင်းအတာအထိ ဝိညာဥ်စွမ်းအားများကို တွန်းအားပေး မြှင့်တင်နိုင်သည်။

ရှောင်ယွင်ချမ်းက ယခုအခါတွင် ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုပါ ခံစားနေရသည်။

သို့သော် ရှောင်ယွမ်ချမ်းက ကံကောင်းသည်ဟု ဆိုရမည်။

ရှောင်မျိုးနွယ်စု၏ အတွင်းစည်းနှင့် အပြင်စည်းဂိုဏ်းများတွင် ရာထူးတိုးရန်အတွက် ရွေးချယ်မှုစနစ်သည် အလွန်တင်းကျပ်သည်။

ပြင်ပဂိုဏ်းရှိ ရှောင်မျိုးနွယ်စု၏ နံပါတ်တစ် တပည့်ဖြစ်သော ရှောင်ယွင်ချမ်းသည် သာမန်လူထက် ပိုမို၍ ကြိုးစားအားထုတ်ခဲ့မည်မှာ သေချာ၏။

အကယ်၍ ဤနေရာတွင် ရပ်နေသူက ရှောင်ယွင်ချမ်း မဟုတ်ဘဲ အခြားသူတစ်ဦး ဖြစ်ခဲ့လျှင် ၎င်းတို့က အချိန် အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။

"စိတ်မပူပါနဲ့ ငါမင်းကို ခုချက်ချင်း ကယ်တင်ပေးမယ်"

ဝမ်မင်၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်စွမ်းအင်များက သူကိုင်ဆောင်ထားသော ကောင်းကင်သတ္တုဓား ထဲသို့ စိမ့်ဝင်သွားသည်။

ကျယ်လောင်သော အသံနှင့်အတူ ကောင်းကင်သတ္တုဓားက ရှောင်ယွင်ချမ်း ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသော အလင်းတန်းတစ်ခု အဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့သည်။

"ဒီဓားက အော်ရာဖိအားကို ထိုးခွဲပြီး ပျံသန်းသွားတာလား"

ကျိုးရီ အံ့ဩသွားသည်။

ကောင်းကင်သတ္တုဓားတွင် ဤကဲ့သို့ စွမ်းရည်မျိုး ရှိသည်ကိုသူမသိခဲ့ပေ။

ဤဓား၏ ဓားချီက ဝိညာဉ်စွမ်းအင်များကို တံဆိပ်ခတ်ရန် အသုံးပြုရုံသာမက စိတ်ဝိညာဉ်ဆိုင်ရာ ဖိအားများကိုပင် လျစ်လျူရှုနိုင်စွမ်း ရှိပေသည်။

"ထူးခြားတဲ့ဓားပဲ.. ဒါကြောင့် ဆရာက သိမ်းယူထားတာ ဖြစ်မယ်"

ကျိုးရီက ဤအတွေးကြောင့် တုန်လှုပ်သွားခဲ့သည်။

စံအိမ်သခင် ချန်ယွီ၏ ဓားပြုလုပ်မည့် အစီအစဉ် အဆုံးသတ်တွင် မအောင်မြင်သည့် အတွက်လည်း အလွန်ဝမ်းသာနေမိသည်။

ကောင်းကင်သတ္တုဓားကို ပြုလုပ်ရာတွင် အကောင်းဆုံးသော ပစ္စည်းများကိုသာ အသုံးပြုထားသည်။

ဤဓားကို ဖန်တီးရန်အတွက် အင်မော်တယ်စံအိမ်၏ သခင်က သူ့ဘဝ တစ်ဝက်နီးပါးကို မြှုပ်နှံထားခဲ့ရသည်။

ကျိုးရီက ဓားကို အကဲဖြတ်ပြီးနောက် ပထမတန်းစား သိဒ္ဓိလက်နက် ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

ဤခေတ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်သတ္တုဓားကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု အဖြစ် မှတ်ယူကြပေလိမ့်မည်။

ပုံမှန်အားဖြင့် သင်က နယ်ပယ်ချင်း ကွာခြားမှုရှိသည့် ပြိုင်ဘက် နှင့် တိုက်ပွဲဝင်နေပါက သင်၏ ပြိုင်ဘက်ကို ကျော်လွန်နိုင်သည့် မှော်လက်နက် တစ်ခုရှိရန် သင့်အတွက် အလွန်အရေးကြီးသည်။

ထိုအချိန်က ဖန့်ရှင်း နှင့် တိုက်ပွဲတွင် အင်မော်တယ်စံအိမ်သခင်ချန်ယွီက ဤကောင်းကင်သတ္တုဓားနှင့် သူ၏ မူလ စိတ်ဝိညာဉ်နယ်ပယ်ကို အသုံးပြုခဲ့သည်။

ဖန့်ရှင်းက စွမ်းရည်နှစ်မျိုးကို တွဲသုံး၍ ပကတိအင်မော်တယ် အဖြစ်သို့ ရောက်ရှိသွားသော်လည်း ချန်ယွီက ကောင်းကင်သတ္တုဓားအစွမ်းကြောင့် ခြေသလုံးအိမ်တိုင် အင်မော်တယ် အထွတ်အထိပ် အဆင့်ဖြင့်ပင် သူတင်ကိုယ်တင် ယှဥ်ပြိုင်နိုင်ခဲ့၏။

ယင်းက ကောင်းကင်သတ္တုဓား မည်မျှအထိ ကြောက်စရာကောင်းမှန်း သက်သေပြဖို့ လုံလောက်နေပေသည်။

၎င်း၏ တစ်ခုတည်းသော ချို့ယွင်းချက်မှာ ဓားဝိညာဉ်မရှိခြင်းပင် ဖြစ်သည်။

ဝိညာဥ်ဓား၏ ခွန်အား သုံးဆယ်ရာခိုင်နှုန်းသည် ၎င်းကိုပြုလုပ်သည့် ဓာတုဗေဒ ပစ္စည်းများ အပေါ်တွင် မူတည်ပြီး ဓားဝိညာဉ်ပေါ်တွင်မူ ခုနစ်ဆယ်ရာခိုင်နှုန်း ရှိ၏။

ဤအချက်ကို ချန်ယွီက နက်နက်ရှိုင်းရှိုင်း သိရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူက ကျင့်ခယ်ကို ပစ်မှတ်ထားမိခဲ့သည်။

...................

အနားမကပ်နိုင်တော့သည့် အတွက် ဝမ်မင်က ​​အဝေးကနေ တိုက်ခိုက်နိုင်သည့် ကောင်းကင်သတ္တုဓား၏ စွမ်းရည်ကို အသုံးပြုဖို့ စိတ်ကူးထားပြီးသား ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်သတ္တုဓား၏ အော်ရာ ထိုးခွဲနိုင်သော အစွမ်း​ကြောင့် ရှောင်ယွင်ချမ်း၏ အော်ရာများက လွင့်စင်သွားခဲ့သည်။

ဝိညာဉ်ရေးဖိအားများ လျော့ပါးလာသည်နှင့်အမျှ ဝမ်မင်နှင့်ကျိုးရီတို့က ရှောင်ယွင်ချမ်းထံ ချဉ်းကပ်ရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။

ရှောင်ယွင်ချမ်းက လမ်းထောင့်တစ်ခုတွင် ရှိနေ၏။

သူ၏ အနီရောင် မျက်လုံးများဖြင့် ရိုင်းစိုင်းသော တိရစ္ဆာန် တစ်ကောင် ကဲ့သို့ လမ်းကြောင်းတိုင်းကို လှည့်ပတ်ကြည့်ရှုနေသည်။

သူ့တုံ့ပြန်မှုက အလွန်မြန်ဆန်၏။

ဓားအလင်းတန်း သူ့ဆီ ရောက်လာသည်ကို မြင်သည်နှင့် သူက လေထဲသို့ ခုန်တက်သွားပြီး ဝိညာဥ်ဓား၏ တိုက်ခိုက်မှုကို လွယ်လွယ်နှင့် ရှောင်တိမ်းနိုင်ခဲ့သည်။

ဝမ်မင်က ဝိညာဉ်ဓားကို ထိန်းချုပ်ရန်အတွက် သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းထားသည့် စွမ်းအားများကို အားကိုးနေရသောကြောင့် ကျင့်ကြံသူများနှင့် မယှဉ်နိုင်ပေ။

လက်ရှိအခြေအနေအရ ကောင်းကင်ဓားကို သူ့ကိုယ်တိုင် ကိုင်ဆောင်၍ တိုက်ခိုက်လည်း အလုပ်မဖြစ်နိုင်ဟု ကျိုးရီ ထင်ခဲ့သည်။

အသီးဖြင့် မြှင့်တင်ထားသောကြောင့် ရှောင်ယွင်ချမ်း၏ ခွန်အားက ရွှေအမြူတေအဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

စိတ်ဝိညာဥ် အ​ခြေတည် အဆင့် သို့မဟုတ် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် အနည်းဆုံး ရှိသူတစ်ဦးကသာ ရှောင်ယွင်ချမ်းကို ဤဓားဖြင့် တိုက်ခိုက်ရန် အခွင့်အရေး ရှိပေသည်။

"ညီနောင်အာ.. ငါတို့ ဦးနှောက် တွက်ဆခြင်း နည်းစနစ်ကို ထပ်သုံးကြည့်ရင် ကောင်းမလား"

သူတို့က ချုံရှစ်စစ် နှင့် ပြုလုပ်ခဲ့သည့်အတိုင်း ရှောင်ယွင်ချမ်းကို စိတ်အာရုံထဲ ပိတ်ထားနိုင်လျှင် သူတို့အတွက် အခွင့်အရေးတစ်ခု ရလာပေလိမ့်မည် မဟုတ်လော။

"တစ်ဖက်သား စိတ်ရှုပ်နေတဲ့အခါမှာ အလုပ်မဖြစ်ဘူး"

ဝမ်မင် ခေါင်းခါယမ်းလိုက်သည်။

ယင်းက  ဦးနှောက်တွက်ဆခြင်း နည်းစနစ်၏ ကန့်သတ်ချက်တွေထဲက တစ်ခု ဖြစ်သည်။

ပထမအဆင့်က အရေးကြီးဆုံးဖြစ်ပြီး အိပ်မွေ့ချခြင်းကဲ့သို့ လုပ်ဆောင်ရသည်။

၎င်းက အကြံပြုချက် တစ်ခုခုကို ဖန်တီးပြီး ရန်သူကို မိမိ၏ စိတ်အာရုံထဲသို့ မသိလိုက်ဘဲ ဆွဲသွင်းရ၏။

ကံဆိုးစွာဖြင့် တစ်ဖက်လူ၏ အကြံအစည်များက ရှုပ်ထွေးနေလျှင် အကြံပြုချက်ကို အသုံးမပြုနိုင်သဖြင့် ထိုနည်းစနစ်ကို အသုံးမချနိုင်တော့ပေ။

ယခုအချိန်တွင် ရှောင်ယွင်ချမ်းက ပို၍ ဒေါသထွက်လာပြီး ရိုင်းစိုင်းစွာ အော်ဟစ်လိုက်သည်။

သူက ဝမ်မင် နှင့် ကျိုးရီကို စိုက်ကြည့်ရင်း သူ့သွားများကို အံကြိတ်လိုက်၏။

ပြင်းပြသော လူသတ်ငွေ့က ကျိုးရီ၏ ဆံပင်များကို အဆုံးအထိ ထောင်ထသွားစေသည်။

"ညီနောင်အာ သတိထားပါ"

"ငါ ကိုင်တွယ်လိုက်ပါ့မယ်"

ဝမ်မင်က သူ့လက်ကို တစ်ဖန် မြှောက်လိုက်ရာ တောက်ပသော အလင်းရောင်နှင့်အတူ ကားလိပ် တစ်လိပ် ထွက်လာသည်။

"ရှောင်ယွမ်ချမ်း ဒါက ဘာလဲဆိုတာ ကြည့်လိုက်စမ်း"

ကားလိပ်ကို အပေါ်ကနေ ကိုင်ထားပြီးနောက် ဝမ်မင်ကကားလိပ်ကို ချည်ထားသည့် အနီရောင်ကြိုးကို ဆွဲဖြည်ချလိုက်သည်။

ရှောင်ယွင်ချမ်းက ပန်းချီကားလိပ်ထဲမှ ပုံအား တစ်ချက်ကြည့်မိသည်နှင့် အမှန်တကယ် မလှုပ်ရှားဝံ့တော့ပေ။

သူ၏ သတ်ဖြတ်ချင်စိတ်များပင် လုံးဝ ပျောက်ကွယ်သွာခဲ့သည်။

ထိုအချိန်တွင် သူက အာရုံခံစားမှု အချို့ကို ပြန်လည်ရရှိလာပုံရ၏။

သူ့မျက်လုံးများက နီရဲနေသေးသည့်တိုင် အနည်းငယ် သက်သာသွားပုံ ရသည်။

အဆုံးသတ်တွင် သူက မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။

"ရော့"

ရှောင်ယွင်ချမ်း၏ ပျော့ညံ့သော အခြေအနေကို အခွင့်ကောင်းယူပြီး ဝမ်မင်က အနားသို့ ချဥ်းကပ်ကာ ကောင်းကင်သတ္တုဓားဖြင့် ပုခုံးကို ထိုးချလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယွင်ချမ်း၏ မျက်လုံးမှ အနီရောင်များက လွင့်စင်သွားခဲ့၏။

နောက်ဆုံးတွင် သူက မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ သူ၏ အော်ရာက ဆက်လက် အားနည်းသွားခဲ့သည်။

"ညီနောင်အာ.. ဒီကားလိပ်က ထူးခြားတဲ့ မှော်ရတနာလား"

ဤမြင်ကွင်းကိုကြည့်ကာ ကျိုးရီက လုံးဝ အံ့အားသင့်သွားခဲ့သည်။

ဝမ်မင်က ကားလိပ်ကို သူ့ဆီ ပစ်ပေးလိုက်သည်။

"ဘာမှမထူးခြားပါဘူး.. အဲဒါက ပုံတစ်ပုံပါပဲ"

ကားလိပ်ထဲမှ ပုံကိုကြည့်ပြီး ကျိုးရီ၏ နှုတ်ခမ်းက တလှုပ်လှုပ် ဖြစ်သွားသည်။

".............."

ကားလိပ်ထဲမှပုံက ဒေါသဘုရား၏ ဗုဒ္ဓမီးကြာပန်းကို အသုံးပြုထားသော မီးတောက်ဧကရာဇ်ရဲ့ ပုံတူဖြစ်သည်။

ဝမ်မင်က မြေပြင်ပေါ်ရှိ ရှောင်ယွင်ချမ်းကို စိုက်ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။

"ရှောင်မျိုးနွယ်စုဝင် အားလုံးက မီးတောက်ဧကရာဇ်ရဲ့ မျိုးဆက်တွေလေ.. သူတို့က ဘိုးဘေးဖြစ်တဲ့ မီးတောက်ဧကရာဇ်နဲ့ ပတ်သက်ပြီး လေးနက်တဲ့ ခံစားချက်တွေရှိကြတယ်"

ကျိုးရီ"............."

အပိုင်း(၃၅၅)ပြီး၏။

Continue Reading

You'll Also Like

2M 139K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
15.3M 468K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
540K 87.4K 127
Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I...
21.6M 786K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...