(Complete) 1986 သို့ ကုန်တိုက...

By Delilah_2600

121K 11.1K 62

Author 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End... More

ch-1.1
Ch 1.2
Ch 2.1
Ch 2.2
Ch 3
Ch 4
Ch 5.1
Ch 5.2
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29.1
Ch 29.2
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46.1
Ch 46.2
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54.1
Ch 54.2
Ch 55.1
Ch 54.3
Ch 55.2
Ch 56
Ch 57
Ch 58
Ch 59.1
Ch 59.2
Ch 60.1
Ch 60.2
Ch 61.1
Ch 61.2
Ch 62.1

Ch 62.2

2K 106 0
By Delilah_2600

Ch 62.2

ကျန်းဟွေ့ ကောလိပ်တက်တုန်းက အုပ်စုနှစ်စုမှာ အလုပ်လုပ်ဖို့ ဘွဲ့ရများစွာကို ခေါ်ယူခဲ့သည်။

ဘွဲ့ရပြီးချိန်တွင် Wan Jie Technology တွင် အလုပ်လုပ်ရန်အတွက် သူမနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အတန်းဖော်များစွာကိုလည်း ပြန်ပေးဆွဲခဲ့သည်။

Wan Jie Technology က လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်နေပြီ ဖြစ်ပြီး သူမရဲ့အတန်းဖော်များက Wan Jie Technology တွင် အလုပ်လုပ်ရတဲ့အတွက် အလွန်ပျော်ရွှင်နေကြသည်။

ကျန်းဟွေ့က ထိုမျှလောက် နည်းပညာမြင့်တဲ့ အရည်အချင်းများစွာကို ခေါ်ယူရခြင်းအတွက် ပို၍ပင် ကျေနပ်ပျော်ရွှင်နေသည်။

သူမရဲ့ အတန်းဖော်များထဲတွင် သူမ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးထားတဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အရည်အချင်းများစွာ ရှိသည်။ သူတို့ရဲ့ လက်ရှိအမြင်နဲ့ အသိပညာက ထူးထူးခြားခြားဖြစ်နေပြီး သူတို့က သာမန်အရည်အချင်းများထက် များစွာသာလွန်နေသည်။

သူတို့က Wan Jie Technology တွင် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၎င်းက သူမနဲ့ သူမရဲ့အတန်းဖော်များအတွက် win-win အခြေအနေတစ်ခုဖြစ်သည်။

ကျန်းဟွေ့ ဘွဲ့ရတဲ့နေ့မှာ ရဲ့ရှောင်ယွီဆီကနေ အံ့အားသင့်စရာတစ်ခု ရရှိခဲ့သည်။

သူက Chef God of Cooking Gourmet Flagship Store တွင် စိတ်ကူးယဉ်ဆန်တဲ့ ပန်းပင်လယ်တစ်ခုကို စီစဉ်ပြီး မိဘတွေနဲ့ သူငယ်ချင်းများရှေ့တွင် သူမကို propose လုပ်ခဲ့သည်။

ကျန်းဟွေ့က သူမကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ပြီး သူမဘေးမှာ အမြဲရှိနေခဲ့ကြောင်းကိုလည်း သိခဲ့သည်။

သူမတို့ နှလုံးသားချင်း ချိတ်ဆက်နေတာ ကြာနေပါပြီ။

ရဲ့ရှောင်ယွီကက ဒူးထောက်လိုက်ပြီး "ဟွေ့ဟွေ့ အစ်ကို့ကို လက်ထပ်မှာလား?" လို့ လေးနက်စွာဖြင့် မေးသည်။

ကျန်းဟွေ့က မဆိုင်းမတွ ခေါင်းညိတ်ပြီး ချိုသာစွာ ပြုံးကာ ထိုစကားသုံးခွန်းကို ပြောသည် "သဘောတူတယ်!"
(တရုတ်လိုလဲ သုံးလုံး အင်္ဂလိပ်လိုလည်း သုံးလုံးပါဘဲ မြန်မာစကားမှာကြ ‌ရှည်နေတာပါ။)

1993 ခုနှစ် အမျိုးသားနေ့တွင် ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က Chef God Gourmet Flagship Store တွင် ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပခဲ့သည်။

ရဲ့နင်းရှန်က ဒီနေ့တွင် အထူးလှပနေတဲ့ သမီးလေးက ဖခင်ကျန်းကျင်းတုန်ရဲ့လက်ကို ကိုင်ဆောင်ကာ ခမ်းနားထည်ဝါနေတဲ့ ရဲ့ရှောင်ယွီဆီကို တစ်လှမ်းချင်း လျှောက်သွားနေသည်ကို ကြည့်ရင်း သူမရဲ့မျက်လုံးများတွင် မျက်ရည်များ တဖြည်းဖြည်း ပြည့်လာသည်။

ဒါတွေဟာ ပျော်ရွှင်ခြင်းရဲ့ မျက်ရည်တွေဘဲ ဖြစ်သည်။

သူမရဲ့ အဖိုးတန်သမီးလေးက နောက်ဆုံးမှာတော့ သူမချစ်ရတဲ့ ယောက်ျားနဲ့ လက်ထပ်ခဲ့သည်။

ရဲ့နင်းရှန်က သူမသမီးလေး ပျော်ရွှင်နေမည်ဟု ယုံကြည်သည်။

နောက်ဆုံးတွင် မင်္ဂလာဆောင်ပွဲပြီးတဲ့အခါ အောက်ဖော်ပြပါ မုန့်များနှင့် သတို့သမီးအခန်းက ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့ကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။

နောက်ဆုံးမှာတော့ ရှဟုန်က အပျော်ကြိုက်တဲ့လူငယ်တွေကို အမြန်ထွက်သွားခိုင်းပြီး သတို့သမီးနဲ့သတို့သားကို သတို့သမီးအခန်းထဲကိုဝင်ဖို့ နှောင့်နှေးမနေဘဲ အမြန်သွားဖို့ ပြောလာခဲ့သည်။

သူမလည်း မကြာခင်တွင် အဖွားဖြစ်ချင်သည်!

သူတို့မင်္ဂလာဆောင်အခန်းက ကျန်းမိသားစုရဲ့အိမ် အနီးနားတွင်ရှိပြီး ရဲ့ရှောင်ယွီ နေထိုင်ခဲ့တဲ့အိမ်လည်းဖြစ်သည်။

အားလုံးထွက်သွားပြီးနောက် ရဲ့ရှောင်ယွီက နောက်ဆုံးတွင် သူ့ဆန္ဒ ပြည့်ဝခဲ့သည်။ သူက ချစ်ဇနီးကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး "ဇနီး၊ နောက်ဆုံးတော့ ညီမကို လက်ထပ်လိုက်နိုင်ပြီ။ အစ်ကို အိပ်မက်မက်နေသလိုပဲ အရမ်းပျော်တာဘဲ......."

ကျန်းဟွေ့က ညင်သာစွာ ပြုံးပြီး "ကိုက ပိုပျော်နိုင်တာတစ်ခု လိုချင်တာလား။"

ရဲ့ရှောင်ယွီက သူမရဲ့စကားလုံးများထဲကနေ အရိပ်အမြွက်ကို သိလိုက်ရပြီး သူ့မျက်လုံးများ တောက်ပလာကာ "ဟုတ်တယ် ကိုလိုချင်တယ်! ကို ဒီနေ့အကြောင်းကို အိပ်မက်ထဲမှာ တွေးပြီး ဒီနေ့ရောက်လာတာကို စောင့်မျှော်နေခဲ့တာ။ ချစ်ဇနီး ကိုစောင့်ခဲ့ရတာ ကြာပြီ။........"

ကျန်းဟွေ့က သူရဲ့နောက်ဆုံးစာကြောင်းကို မကျေမနပ်ဖြစ်ကာ ပြုံးမပြနိုင်ဘဲ "ဒါဆို ဒီနေ့ ကို့ကို ညီမကျေနပ်အောင် လုပ်ပေးမယ်"

ကောင်းကင်မှာ ထွက်ပေါ်နေတဲ့ မိုးခြိမ်းသံနှင့် ထွက်ပေါ်လာသကဲ့သို့ သူ့နှုတ်ခမ်းများကို သွက်လက်စွာ နမ်းလိုက်ရာ သူ့တစ်ကိုယ်လုံး လောင်ကျွမ်းသွားစေခဲ့သည်။

မင်္ဂလာဦးညက အလွန်လှပခဲ့သည်။

ငယ်ရွယ်ပြီး အရွယ်မရောက်‌သေးတဲ့ညီငယ် ရဲ့ရှောင်ယွီက ချိုမြိန်မှုကို မြည်းစမ်းပြီးနောက် သူမကို လက်လွှတ်ရန် ငြင်းဆန်ခဲ့သည်။ မနက်အစောကြီးအထိ နှစ်ယောက်သား ပွေ့ဖက်ကာ အိပ်ပျော်သွားကြသည်။

နောက်နေ့ ကျန်းဟွေ့ နိုးလာတော့ နေ့လည် 2 နာရီ ထိုးနေပြီဆိုတာ သိလိုက်သည်။

သူမပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာကြောင့် ရဲ့ရှောင်ယွီက စောစောနိုးလာခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ကျန်းဟွေ့လည်း ထပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားလိုက်ပြီး သူမ ထွက်လာတော့ ရဲ့ရှောင်ယွီက တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး ဝင်လာတာကို သူမတွေ့လိုက်ရသည်။

ကျန်းဟွေ့ နိုးနေတာကို မြင်တော့ ချက်ချင်းပြုံးပြီး "မိန်းမ နိုးပြီလား"

ကျန်းဟွေ့က သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း "မနေ့ညက အရမ်းကြမ်းနေတာ ကို့အပြစ်ဘဲ။ ညီမ အိပ်ယာထနောက်ကျပြီး မိဘတွေကို ဂါဝရပြုဖို့ လက်ဖက်ရည်ဆက်သရမှာကို မသွားဖြစ်ဘူး။ အဖေနဲ့ အမေက ညီမ မသိတတ်ဘူးလို့ ပြောတော့မှာ။"

ရဲ့ရှောင်ယွီက ရှေ့ကိုလှမ်းပြီး သူမကို ပွေ့ဖက်ကာ ပြုံးပြီး ပြောသည်။ "မဟုတ်ပါဘူး မိန်းမ မနေ့ညက အရမ်းပင်ပန်းနေတယ်ဆိုပြီး ကို့မိဘတွေကို ပြောထားပြီးသား။ ဒီနေ့ ညီမကို ကောင်းကောင်းအိပ်စေချင်လို့  နောက်မှလက်ဖက်ရည် ဆက်သခိုင်းတယ်။ သူတို့က ကောင်းကောင်းနားလည်ပါတယ်။"

စာကြောင်းအဆုံးတွင် သူက ကျန်းဟွေ့ကို ရွှတ်နောက်နောက်ဖြင့် မျက်လုံးမှိတ်ပြလိုက်ရာ ကျန်းဟွေ့ရဲ့မျက်နှာမှာ ရှက်ရွံ့စွာဖြင့် နီရဲသွားပြီး သူ့ကို တစ်ချက်ရိုက်ကာ "ကို ပြောရဲသေးတယ်နော် ရှက်စရာကြီးကို!"

ဒါပေမယ့် ရဲ့ရှောင်ယွီက "ဒါက ရှက်စရာ မဟုတ်ပါဘူး။ ကိုတို့ လင်နဲ့ မယားကြားက ချစ်ခြင်းမေတ္တာကို ကိုတို့ မိဘတွေ အလိုချင်ဆုံး အရာဘဲ။ မကြာခင် သားသမီးတွေ ရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။"

ကျန်းဟွေ့က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း "ကို နောက်ထပ် ကလေး ဘယ်နှစ်ယောက်မွေးချင်နေတာလဲ။ ညီမကို ပင်ပန်းမှာ မကြောက်ဘူးပေါ့။"

သူ့ဇနီးက မပျော်မရွှင်ဖြစ်နေပုံ ပေါ်နေတာကြောင့် ရဲ့ရှောင်ယွီက "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊  ကိုတို့လိုချင်သလောက် သားသမီးတွေရလိမ့်မယ်။ မိန်းမ ဆုံးဖြတ်ထားတဲ့အတိုင်း ကို ပံ့ပိုးပေးမယ်လို့ ကတိပေးတယ်။ ငမိန်းမစကားလည်း နားထောင်ပါမယ်။"

ကျန်းဟွေ့က သူရဲ့ ချောမောတဲ့မျက်နှာကို  ကြည့်ပြီး မပြုံးဘဲ မနေနိုင်ဘဲ "ကောင်းပြီ၊ လှည့်ကွက်တွေ မကစားနဲ့။ ကလေးက သေချာပေါက် မွေးလာမှာ။ သဘာဝအတိုင်းဘဲ ဖြစ်ပါစေ!"

ရဲ့ရှောင်ယွီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး "ဟုတ်ကဲ့၊ မိန်းမပြောတာ နားထောင်မယ်။"

ကျန်းဟွေ့က သူ့ကို လှည့်စားပြီးနောက် ဒေါသပြေသွားကာ ဒေါသတကြီး တွန်းထုတ်လိုက်ပြီး "ကောင်းပြီ လမ်းမှာ ပိတ်ရပ်မနေနဲ့ ညီမ အဝတ်စားလဲတော့မယ်။"

ရဲ့ရှောင်ယွီက လေးလေးနက်နက်နဲ့ ပြောသည်။ "ဒါဆို ကိုအပြင်ထွက်ပြီး မိန်းမအတွက် အစားအစာတွေကို အပူပေးပြီး နောက်ကျ တစ်ခါတည်း စားလို့ရအောင်။"

"ကောင်းပြီ။"

ကျန်းဟွေ့က အဝတ်အစားလဲပြီး ထွက်လာတဲ့အခါ ရဲ့ရှောင်ယွီက ထမင်းစားပွဲပေါ်တွင် ပူပူနွေးနွေး အစားအစာကို ချထားပြီး သူမ ထွက်လာပြီး စားတာကို စောင့်နေသည်။

စားပွဲပေါ်ရှိ အစားအစာများက ငါး၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ အသီးအနှံများနှင့် နွားနို့ပူပူ အပါအဝင် အလွန်ကြွယ်ဝသည်။

ကျန်းဟွေ့က နွားနို့ကို အရင်ဆုံးကောက်ယူပြီး ဖန်ခွက်တစ်ဝက်ကို သောက်ပြီးနောက် စတင်စားသောက်ခဲ့သည်။

သူမက မနေ့ညက ခွန်အားများစွာ သုံးစွဲခဲ့ရသဖြင့် ပင်ပန်းပြီး နေ့ခင်းအထိ အိပ်မောကျခဲ့ကာ အခုအချိန်မှာ သူမက အလွန်ဗိုက်ဆာနေပြီဖြစ်သည်။

ကျန်းဟွေ့ စားသောက်နေစဉ် ရဲ့ရှောင်ယွီက သူမအတွက် အသီးအရွက်များကို ထည့်ပေးနေသည်။

ကျန်းဟွေ့က ရဲ့ရှောင်ယွီ အစားအသောက်တွေ ထည့်တာကို ရပ်တန့်ခိုင်းပြီး သူက သူမ ဗိုက်မပြည့်မခြင်း ထည့်ပေးနေခဲ့သည်။

အဖေရဲ့နဲ့ ရှဟုန်တို့က ဒီနှစ်ရက်အတွင်းမှာ သူမတို့ရဲ့ မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေခဲ့ပြီး သူမတို့နဲ့အတူ ယာယီပြောင်းရွှေ့နေထိုင်ခဲ့သည်။။

ကျန်းဟွေ့ ထမင်းစားပြီးတဲ့အခါ အဖေရဲ့နဲ့ ရှဟုန်တို့က ထွက်လာခဲ့သည်။

ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က လက်ဖက်ရည်တိုက်ရန် အမြန်လုပ်ကြသည်။

အဖေရဲ့နဲ့ ရှဟုန်တို့က ချွေးမ တိုက်တဲ့ လက်ဖက်ရည်ကို ပျော်ရွှင်စွာ သောက်ပြီး ကျန်းဟွေ့တို့ ဇနီးမောင်နှံ စည်းလုံးညီညွတ်ပြီး ပျော်ရွှင်တဲ့ ဘဝဖြစ်ပါစေဟု ဆူတောင်းပေးရင်း ဟုန်ပေါင်းကြီး 2 ခုကို ပေးခဲ့သည်။

ရှဟုန်က နောက်ဆုံးတွင် "အရေးကြီးဆုံးက ကလေး အမြန်ဆုံးမွေးဖို့ဘဲ!" လို့ ပြောသည်။

၎င်းကို ကြင်စဦးဇနီးမောင်နှံများအတွက် မိဘတိုင်းအလိုရှိကြသည်။

ကျန်းဟွေ့ကလည်း ပြုံးပြီး "အမေ၊ သမီးတို့ ကြိုးစားပါ့မယ်!" လို့ ပြန်ဖြေသည်။

ကျန်းဟွေ့က ကလေးယူရန် ငြင်းဆန်ခြင်းမရှိတာကို မြင်တဲ့အခါ ရှဟုန်က အလွန်ပျော်ရွှင်သွားသည်။

ကလေးတွေက အမြဲတမ်း ဂရုစိုက်ပြီး သူမကို ဘယ်တော့မှ စိတ်မသက်မသာ ဖြစ်အောင် မလုပ်ကြပေ။

ရှဟုန်က ကျန်းဟွေ့ကို စိတ်နှလုံး အောက်ခြေကနေ သဘောကျပြီး သူမကို သူမသမီးအရင်းကဲ့သို့ ချစ်သည်။

ကျန်းဟွေ့က ကလေးမွေးဖို့အတွက် ဖိအားဖြစ်နေမှာကို သူမ ကြောက်ရွံ့တာကြောင့် ပြုံးပြီး ကျန်းဟွေ့ကို "ဟွေ့ဟွေ့ အမေက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ။ သမီးကိုယ်သမီး ဖိအား‌ပေးစရာ မလိုဘူး။ ကလေးက သဘာဝအတိုင်း ရောက်လာပါစေ။ ကလေးရအောင် အမေတို့ အတင်း တွန်းအားပေးမှာ မဟုတ်ဘူး။" လျှောက်ခွင့်ပြုပါ။ ငါတို့ မလုပ်ဘူး။"

ကျန်းဟွေ့ကလည်း ပြုံးပြီး ပြန်ပြောသည်။ "ကျေးဇူးတင်ပါတယ် အမေ။ အမေနဲ့အဖေက စေတနာအရှိဆုံးမိဘတွေဆိုတာ ငါသိတယ်။ အစ်ကိုယွီနဲ့ လက်ထပ်ရတာ အရမ်းကံကောင်းပါတယ်။ ကလေးစောစောမွေးလာတာက သမီးတို့အားလုံး မျှော်လင့်ထားတဲ့အရာပါဘဲ။ သမီး ဖိအား ခံစားရမှာမဟုတ်ဘူး။"

သူမနဲ့ ရဲ့ရှောင်ယွီတို့က နှစ်အတော်ကြာ ချစ်လာခဲ့ကြပြီး အခု နောက်ဆုံးတွင် အိမ်ထောင်ကျပြီး သားသမီး လိုချင်ကြသည်မှာ သဘာဝ ဖြစ်သည်။

လက်ထပ်ပြီး သုံးရက်ကြာရင် မိဘအိမ်ကို ပြန်လာရသည်။ ဆိုလိုသည်မှာ အိမ်ဘေးက အိမ်ကို သွားခြင်းဖြစ်ကာ အလွန်ရိုးရှင်းလွယ်ကူပါသည်။

ရဲ့နင်းရှန်က သူမသမီးရဲ့ တောက်ပြောင်ပြီး လှပတဲ့အသွင်အပြင်ကို မြင်တဲ့အခါ ရဲ့မိသားစုတွင် လက်ထပ်ပြီးနောက် သူမက ကောင်းမွန်တဲ့ ဘဝဖြင့် နေထိုင်ရသည်ဟု သူမသိလိုက်ပြီး စိတ်သက်သာရာရသွားသည်။

ကျန်းဟွေ့က စိတ်ကောင်းရှိပြီး ငယ်ရွယ်ကာ ရုပ်ပိုင်းဆိုင်ရာသန်မာမှု ရှိကာ သဘာဝအတိုင်း လျင်မြန်စွာ ကိုယ်ဝန်ရခဲ့ကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။

လက်ထပ်ပြီး သုံးလအကြာတွင် ကျန်းဟွေ့က ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။

ရဲ့ရှောင်ယွီက အလွန်ပျော်ရွှင်နေသော်လည်း အနည်းငယ် ဝမ်းနည်းမိသည်။

အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာ ကိုယ်ဝန်ရသွားတာကြောင့် သူ့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေကို ခေတ္တခဏ ရပ်ဆိုင်းရမည် ဖြစ်သည်။

အဖေရဲ့၊ ရှဟုန်နဲ့ ရဲ့နင်းရှန်တို့က အလွန်ပျော်ရွှင်နေကြပြီး ကလေးအဝတ်အစားများ၊ ခြေအိတ်များ၊ ဖိနပ်များ၊ နို့ဗူးများနှင့် အခြားပစ္စည်းများကို ချက်ချင်းပြင်ဆင်ကြသည်။

ကျန်းဟွေ့ ကိုယ်ဝန်သုံးလကျော်တဲ့အခါ ရှဟုန်က တခြားသူများရဲ့ 5 လ သို့မဟုတ် 6 လခန့် ဗိုက်ကြီးသည်ကို တွေ့လိုက်ရတဲ့အခါတွင် အနည်းငယ် အံ့သြသွားပြီး သံသယဖြစ်မိသွားသည်။

သူမက ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့ကြိ အလျင်အမြန်သတိပေးခဲ့သည်။ "ရှောင်ယွီ ဟွေ့ဟွေ့ ဟွေ့ဟွေ့ရဲ့ဗိုက်က 5 လ ဒါမှမဟုတ် 6 လရှိတဲ့ ဗိုက်လိုဘဲ။ ဟွေ့ဟွေ့က အမြွှာကိုယ်ဝန် ရှိနေတာ ဖြစ်နိုင်တယ်။"

သူတို့ ပထမဆုံးအကြိမ် ဆေးစစ်ဖို့ သွားတုန်းက ကျန်းဟွေ့က ကိုယ်ဝန် တစ်လပဲရှိသေးပြီး B-ultrasound က အမြွှာမွေးမှာလား ဒါမှမဟုတ် ကလေးတစ်ယောက်ထဲလားဆိုတာ မပြောနိုင်ပါပေ။

အခု သုံးလရှိပြီဆိုတော့ B-ultrasound ရိုက်ရင် သေချာပေါက် မြင်နိုင်မှာ ဖြစ်သည်။

ရဲ့ရှောင်ယွီက ကျန်းဟွေ့ကို ဆေးရုံ အမြန်ခေါ်သွားခဲ့သည်။
B-ultrasound ရိုက်ပြီးသွားတဲ့အခါ ဆရာဝန်က ပြုံးပြပြီး "ဂုဏ်ယူပါတယ် ကိုယ်ဝန်က သုံးမွှာဗူးပါ။"
(ဘယ်လောက်တောင် သောင်းကျန်းလိုက်လဲ မသိဘူး။ တစ်ခါတည်းနဲ့ သုံးမွှာဗူးဆိုတော့)

ရဲ့ရှောင်ယွီနဲ့ ကျန်းဟွေ့တို့က တညီတညွတ်တည်း ပြန်ပြောကြသည်။ "တကယ်လား ဒေါက်တာ။ တကယ်ဘဲ သုံးမွှာဗူးလားဗျာ/ရှင့်!"

ဆရာဝန်က သူတို့မျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအရာတွေကို မြင်တဲ့အခါ "B-ultrasound ပေါ်က ပုံကိုကြည့်ပါ။ အဲဒါတွေက သုံးမွှာဗူးကိုယ်ဝန်ပါ။" လို့ ပြုံးပြုံးကြီး ရှင်းပြသည်။

ရဲ့ရှောင်ယွီက အရမ်းဝမ်းသာသွားပြီးနောက် ဆရာဝန်ကို စိုးရိမ်မှုတချို့ဖြင့် မေးသည်။ "ဒေါက်တာ အမွှာဗူးတွေ သုံးမွှာဗူးတွေကို လွယ်ထားတဲ့ ကိုယ်ဝန်ဆောင်သည်က ခန္ဓာကိုယ်ကို လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို သယ်ထားရတာလို ကျွန်တော်ကြားဖူးတယ်ဗျာ။ ကျွန်တော် ဘာတွေလုပ်ဖို့ လိုအပ်လဲဗျာ။"

ဆရာဝန်က သူ့ကို ပြုံးပြုံးလေးကြည့်ပြီး ချီးကျူးသည်။ "ခင်ဗျားက ခင်ပွန်းကောင်းတစ်ယောက်ဘဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ချက်ချင်း ဂရုစိုက်ရကောင်းမှန်း သိတယ်။ သုံးမွှာ‌ဗူးကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေက ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ဖို့ပဲလိုတယ်။ အာဟာရတွေကို ထောက်ပံ့ပြီး စိတ်ပျော်နေဖို့ လိုအပ်တယ်။”

"မိသားစုဝင်တွေက ပိုပြီး အဖော်ပြုပေး သေချာပြုစုစောင့်ရှောက်ပေးပြီး ကိုယ်ဝန်ရှိအခြေအနေကို အချိန်မီ လာရောက်စစ်ဆေးရင် ပုံမှန်အနေနဲ့ ပြဿနာရှိမှာ မဟုတ်ပါဘူး။”

ရဲ့ရှောင်ယွီက ဆရာဝန်ပြောတာကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားပြီး ဆရာဝန်ကို ကျေးဇူးတင်စွာဖြင့် "ဟုတ်ကဲ့ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဒေါက်တာ။"

ဆရာဝန်က ပြုံးပြီး “မလိုပါဘူး။" လို့ ပြန်ဖြေသည်။

B-ultrasound အခန်းတံခါးက ထွက်လာတဲ့အခါ ရဲ့ရှောင်ယွီက ကျန်းဟွေ့ကို ပွေ့ဖက်လိုက်ပြီး "မိန်းမ ကျေးဇူးတင်ပါတယ်၊။ မိန်းမက သုံးမွှာဗူးကိုယ်ဝန်ကို လွယ်ထားရတာ။ မိန်းမနဲ့ ကလေးတွေအတွက် ကိုယ် အလုပ် ပိုကြိုးစားပါမယ်။"

ကျန်းဟွေ့က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ကလေးသုံးယောက်ကို လွယ်ထားရတာက နည်းနည်းတော့ ခက်တယ်။ ဒါပေမယ့် အရမ်းပျော်တယ်။ ကလေးသုံးယောက်ကို တစ်ကြိမ်တည်းနဲ့ မွေးဖွားနိုင်တာ ဘယ်လောက်တောင် ကောင်းလိုက်လဲ!"

ရဲ့ရှောင်ယွီက သူမကို  "မိန်းမက တကယ်ကို အကောင်းမြင်ပြီး ရွှင်လန်းနေတာဘဲ။ မိန်းမပြောတာ မှန်တယ်"

ကလေးသုံးကောင်မွေးရန် စိတ်ပိုင်းဆိုင်ရာ ဖိအားများမရှိတာကြောင့် သူမရဲ့ဘေးကင်းရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်နေစရာမလိုပေ။

အဖေရဲ့ ရှဟုန်နဲ့ ကျန်းမိသားစုတို့က ကျန်းဟွေ့ သုံးမွှာဗူးကိုယ်ဝန် ရှိနေကြောင်း သိလိုက်ရတဲ့အခါ အလွန်ပျော်ရွှင်နေခဲ့ကြသည်။

ရှဟုန်နဲ့ ရဲ့နင်းရှန်တို့က တူညီတဲ့ အဝတ်အစားများနှင့် အခြားအရာများစွာကို အလျင်အမြန် ပြင်ဆင်ကြပြီး၊ အားလုံးကို သုံးခုစီ ပြင်ဆင်ထားကြသည်။

ဒီကလေးသုံးယောက်က မကြာခင်မှာ မွေးဖွားတော့မယ်လို့ အားလုံးက မျှော်လင့်ထားကြပြီး ချစ်စရာကောင်းတဲ့ တစ်ပုံစံတည်းတူတဲ့ ကလေးသုံးယောက်က ဘယ်လောက်ချစ်စရာ ကောင်းလဲဆိုတာကို မြင်တွေ့ရတော့မှာ ဖြစ်သည်။

နောက်လအနည်းငယ်တွင် ရဲ့ရှောင်ယွီက ကျန်းဟွေ့ဘေးတွင် ရှိနေရန် အစွမ်းကုန်ကြိုးစားနေပြီး သူရဲ့လက်အောက်ငယ်သားများထံ အလုပ်ကိစ္စများလွှဲပြောင်းရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

ကိုယ်ဝန်ပထမနဲ့ ဒုတိယသုံးလပတ်အတွင်းမှာ ကျန်းဟွေ့က အရမ်းပင်ပန်းတယ်လို့ မခံစားရသေးပေ။

ဒါပေမယ့် ကိုယ်ဝန်တတိယသုံးလပတ်မှာ သန္ဓေသားက အစာအိမ်နဲ့ နှလုံးကို ဖိမိတဲ့အခါ ကျန်းဟွေ့က အသက်မရှူနိုင်၊ မစားနိုင် ဖြစ်နိုင်ကာ မကြာခဏ လျှော့စားခဲ့ရသည်။ ကောင်းကောင်းအိပ်မပျော်နိုင်ဖြစ်လာကာ စိတ်တိုလာခဲ့သည်။

ရဲ့ရှောင်ယွီက သူမနဲ့အတူ အချိန်တိုင်း ရှိနေပေးပြီး နှစ်သိမ့်အားပေးခဲ့သည်။

တခါတရံ စိတ်ဆိုးပြီး စိတ်မသက်မသာဖြစ်တဲ့အခါ သူ့ကို ကိုက်ခိုင်းပြီး နာကျင်အောင်လုပ်တာက သူ့အပြစ်လို့ ပြောတတ်ပါ‌သေးသည်။

ကျန်းဟွေ့က သူမကို ချော့ပေးတဲ့အခါ ပိုကောင်းလာသည်။

အစက ကလေးသုံးယောက်က အောက်တိုဘာ 15 ရက်မှာ မွေးဖွားမှာ ဖြစ်သည်။

ဒါပေမဲ့ ကလေးသုံးယောက်က အပြင်ထွက်ဖို့ အလျင်လိုနေတာ သိသာထင်ရှားပြီး အမျိုးသားနေ့လည်း ဖြစ်ပြန်ကာ သုံးယောက်သား မနက်အစောကြီး ထွက်လာဖို့ လုပ်နေကြရသည်။

ရဲ့ရှောင်ယွီက သူ့မိဘတွေနဲ့ ယောက္ခမတွေကို အမြန်ခေါ်ပြီး ကျန်းဟွေ့ကို ဆေးရုံပို့လိုက်ကြသည်။

အားလုံးက စိတ်အားထက်သန်စွာ စောင့်မျှော်နေပြီး နောက်ဆုံးတွင် ကလေးသုံးယောက်က မွေးဖွားလာခဲ့သည်။

ဆရာဝန်နှင့် သူနာပြု သုံးယောက် ထွက်လာပြီး သုံးယောက်ကို ကိုင်ဆောင်ထားပြီး ဆရာဝန် တစ်ယောက်က "ကျန်းဟွေ့ရဲ့ မိသားစုဝင်တွေ ဘယ်မှာလဲ? ကျန်းဟွေ့ရဲ့ မိသားစုဝင်တွေ..."

ရဲ့ရှောင်ယွီနဲ့ ရဲ့နင်းရှန်တို့အားလုံးက "ဒီမှာ... "

ကလေးသုံးယောက်ကိုတွေ့တော့ အားလုံးက ဝိုင်းကြည့်‌နေကြတယ်။

ဆရာဝန်က ပြုံးပြီး "ဂုဏ်ယူပါတယ်။ ကလေးအမေနဲ့ ကလေးအားလုံးက ဘေးကင်းပြီး ကျန်းမာ ချမ်းသာကြပါတယ်။ သားလေး နှစ်ယောက်နဲ့ သမီးတစ်ယောက် မွေးပါတယ်။အကြီးဆုံးနဲ့ ဒုတိယက ယောင်္ကျားလေးဖြစ်ပြီး အငယ်ဆုံးက မိန်းကလေးပါ။ သူတို့အားလုံးမှာ လက်ကောက်ဝတ်မှာ အမှတ် ပါပါတယ်။ သူတို့တွေက ဘယ်တစ်ယောက်အကြီးဖြစ်ပြီး ဘယ်တစ်ယောက်က အငယ်ဆိုတာ မမှတ်မိဘူးဆိုရင်တော့ သူတို့ရဲ့ လက်ကောက်ဝတ်က အမှတ်တွေကို ကြည့်လို့ရပါတယ်။"

ရဲ့မိဘများနဲ့ ရဲ့နင်းရှန်တို့က ထပ်ခါတလဲလဲ ရယ်မောလိုက်ကြပြီး "ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် ‌ေဒါက်တာ။ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်..."

ထို့နောက် ရဲ့ရှောင်ယွီ၊ ရဲ့နင်းရှန်နဲ့ ရှဟုန်တို့က တညီတညွတ်တည်း မေးသည်။ "ဒေါက်တာ ကျွန်တော်မိန်းမ (ကျွန်မသမီး၊ ကျွန်မချွေးမ) နေကောင်းလား"

ဆရာဝန်က ပြုံးပြီး "စိတ်မပူပါနဲ့၊ ကလေးသုံးယောက်ရဲ့အမေက အရမ်းသန်မာပြီး အခြေအနေကောင်းပါတယ်။ အခုနောက်ဆုံး သန့်ရှင်းရေးလုပ်နေပြီး မကြာခင် ထွက်လာမှာပါ"

"ခင်ဗျားတို့မိသားစုထဲက ကလေးသုံးယောက်က အရမ်းကျန်းမာတယ်။ ယေဘုယျအနေနဲ့ က‌လေးသုံးယောက်က စောစောမွေးရင် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သိပ်မကောင်းဘူးလို့ အကြောင်းပြချက်ပေးတယ်။ သူတို့ကို အရင်ဆုံး သားဖောက်ပြီးမှ မွေးရတယ်။"

"ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကလေးသုံးယောက်က ကလေးတစ်ယောက်ရဲ့ ပုံမှန်အလေးချိန်လောက် မလေးပေမယ့်၊ ရုပ်ပိုင်းဆိုင်ရာက အရမ်းကောင်းပြီး ဘာပြဿနာမှ မရှိဘူး။ သူတို့ကို သားဖောက်စက်မပါဘဲ ထိန်းသိမ်းထားနိုင်တယ်။ သူတို့ကို ရပ်ကွက်ထဲ ပြန်ခေါ်သွားနိုင်ပါတယ်။"

သုံးပါးမွှားရဲ့ မျက်နှာများကို ကြည့်ရန် လူတိုင်း နီးကပ်လာကြသည်။ မျှော်လင့်ထားသည့်အတိုင်း သူတို့တို့က သာမန်မွေးကင်းစကလေးငယ်များထက် ပိုမိုသန့်ရှင်းပြီး လှပနေပါသည်။ သူတို့က ရှုံ့တွကာ နီရဲခြင်းမရှိပေ။ သူတို့ရဲ့ မျက်ခုံးမွှေးများက သိမ်မွေ့ပြီး ချစ်စရာကောင်းတာကြောင့် မြင်မြင်ချင်း စိတ်ပျော့ပျောင်းသွားကြသည်။

ရဲ့ရှောင်ယွီက ဘာဖြစ်နေတာလဲဆိုတာ သိသည်။

ကျန်းဟွေ့ကိုယ်ဝန်ရှိတုန်းက သူမက Immortal Plane ကနေ အစားအသောက်ကောင်းတွေ အများကြီးစားတဲ့အတွက် ကလေးသုံးယောက်က မိခင်ဝမ်းထဲမှာ ကောင်းကောင်းကြီးပြင်းလာခဲ့တာ ဖြစ်သည်။
(အာဆို ရဲ့ရှောင်ယွီက ကျန်းဟွေ့ ပြန်လည်မွေးဖွားလာတာကိုလည်း သိတယ်ပေါ့)

အဖေရဲ့၊ ရှဟုန်နဲ့ ရဲ့နင်းရှန်တို့က အခန်းထဲ ပြန်ခေါ်သွားနိုင်ကြောင်း ဆရာဝန်ပြောတာကို ကြားတဲ့အခါ အားလုံးက လက်ဆန့်ပြီး ကလေးသုံးယောက်ကို ပွေ့ချီကာ ကြင်နာယုယစွာ ပွေ့ဖက်ထားကြသည်။

ကျန်းကျင်းတုန်က သူ့လက်ကို ဆန့်တန်းပြီး ကလေးကို ကိုင်ထားချင်သော်လည်း သူတို့ သုံးယောက်ကို မဖမ်းနိုင်တာကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ကို ပြန်ဆုတ်သွားခဲ့သည်။

ရဲ့ရှောင်ယွီက ကလေး‌တွေကို ကြည့်ရင်း သူ့နှလုံးသားက အလွန်နူးညံ့နေသည်။

သူလည်းဘဲ သူတို့ကို ပွေ့ဖက်ချင်ပေမယ့် သူ့မိန်းမထွက်လာတာကို စောင့်ရင်း ဒီမှာဘဲ နေခဲ့သည်။

ရဲ့ရှောင်ယွီက သူ့မိဘနဲ့ ယောက္ခမကို "အဖေ၊ အမေ ကလေးတွေကို အခန်းကို အရင်ပြန်ခေါ်သွားလိုက်ပါ။ ဟွေ့ဟွေ့ထွက်လာတာကို ကျွန်တော် စောင့်လိုက်မယ်။"

ရဲ့နင်းရှန်က သူ့ကို "ရှောင်ယွီ သား ဟွေ့ဟွေ့ကိုကြည့်ပေးအုံး။ အမေတို့ ကလေးတွေကို အခန်းထဲ ခေါ်သွားလိုက်မယ်။"

မွေးကင်းစကလေးက အအေးပတ်မှာ စိုးရိမ်တာကြောင့် သားဖွားခန်းရှေ့တွင် မရပ်နေဘဲ အခန်းထဲကို အမြန်ပြန်သွားကြသည်။

ရဲ့ရှောင်ယွီက ခေါင်းညိတ်ပြီး ပြန်ပြောသည်။ "အမေ စိတ်မပူနဲ့!"

အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ကျန်းဟွေ့ကို သူနာပြုဆရာမက အပြင်ထုတ်လာခဲ့သည်။

ရဲ့ရှောင်ယွီက သူမကို ကြည့်ဖို့ အမြန်ပြေးသွားလိုက်သည်။ ကျန်းဟွေ့မျက်လုံးကို မှိတ်ထားတာကို တွေ့လိုက်ရသည်။ သူက သူနာပြုဆရာမကို စိုးရိမ်တကြီးဖြင့် မေးသည်။ "ဒေါက်တာ ကျွန်တော်မိန်းမ အဆင်ပြေရဲ့လား။ အရမ်းပင်ပန်းလို အိပ်ပျော်သွားတာလားဗျာ။"

သူရဲ့ စိုးရိမ်ကြောက်ရွံ့‌နေတဲ့အကြည့်ကို မြင်တဲ့အခါ သူနာပြုဆရာမက "အဆင်ပြေပါတယ်။ အရမ်းပင်ပန်းပြီ အိပ်ပျော်သွားတာပါ။ ကောင်းကောင်းအိပ်ပါစေ။ အိပ်ရာက နိုးလာရင် ခွန်အားဖြည့်ဖို့ အာဟာရရှိတဲ့ အစားအစာတွေ ကျွေးပါ။"

ရဲ့ရှောင်ယွီက ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ ကျွန်တော်တို့ နားလည်ပါတယ်။"

ကျန်းဟွေ့က VIP ခန်းတွင် နေထိုင်သော်လည်း လူများ‌နေတာကြောင့် အနည်းငယ် စည်ကားနေပုံပေါ်သည်။

ကျန်းဟွေ့ ရောက်လာတာကို မြင်တော့ ရှဟုန်က စိတ်သက်သာရာရသွားသည်။ သူမက ရဲ့ရှောင်ယွီကို "ရှောင်ယွီ အမေပြန်သွားပြီး ဟွေ့ဟွေ့အတွက် ကြက်စွပ်ပြုတ်လုပ်လိုက်မယ်။ သားတို့က ဒီမှာနေပြီး ဟွေ့ဟွေ့ကို ဂရုစိုက်။"

ရဲ့ရှောင်ယွီက "ဟုတ်ကဲ့ အမေ အမေရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။"

ရှဟုန်က ပြုံးပြီး "ဘာလို့ နှောင့်ယှက်ဖြစ်ရမှာလဲ။ ဟွေ့ဟွေ့က အမေတို့မိသားစုမှာ ကလေးသုံးယောက် ထပ်ထည့်‌ပေးတယ်လေ။ သူမက အပင်ပန်းဆုံး အလုပ်ကို လုပ်ခဲ့တဲ့သူဘဲ။"

ရှဟုန်က စကားကောင်းကောင်း ပြောတာကို သူမကြားတဲ့အခါ ရဲ့နင်းရှန်က အလွန်ဝမ်းသာသွားသည်။

ကျန်းဟွေ့က ဆေးရုံမှာ တစ်ပတ်လောက်နေပြီးတော့ ဆေးရုံဆင်းပြီး အိမ်ပြန်ခဲ့သည်။

ရဲ့ရှောင်ယွီ၊ ရှဟုန်၊ ရဲ့နင်းရှန်နဲ့ ကျနးဖုန်တို့က သူမရဲ့ ချစ်လှစွာသော ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ရန် ကူညီပေးခဲ့သည်။

ရဲ့ရှောင်ယွီကလည်း ကျန်းဟွေ့ကို သီးသန့် လှည့်စားပြီး "မိန်းမ အခု ပိုကောင်းလာပြီ။ အခုကစပြီး ကိုတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို တစ်ယောက်တည်း ကျင်းပရတော့မှာ မဟုတ်ဘူး။ ဒီကလေး သုံးယောက်က လုယက်သွားတော့မှာ။ ဒီကလေးတွေက မွေးရတာ ကောင်းလို့လား။"

ကျန်းဟွေ့က ပြုံးပြီး မျက်ခုံးပင့်ကာ "ဘယ်လောက်တောင် ကောင်းလဲ။ တစ်မိသားစုလုံး အတူတူ ဖြတ်သန်းလို့ရတယ်လေ။ ဒါ့ပြင် သူတို့ ကြီးပြင်းလာတဲ့အခါ ညီမတို့နဲ့ အချိန်ဖြုန်းစရာ မလိုတော့ပါဘူး‌လေ။ သူတို့ကြိုက်တဲ့သူနဲ့။ မွေးနေ့ကို အတူတူ ဖြတ်သန်းကြမှာ။"

ရဲ့ရှောင်ယွီကလည်း ပြုံးပြီး "မိန်းမပြောတာ မှန်တယ်။ သူတို့အားလုံး သူတို့ရဲ့ လက်တွဲဖော်ကို ရှာတွေ့ပြီးရင် သူတိူ့ဘာသာဘဲ သူတို့နေခိုင်းလိုက်မယ်။ ကိုတို့နှစ်ယောက် ကမ္ဘာပတ်ပြီး ခရီးထွက်ကြတာပေါ့။ ကိုက မိန်းမကို ခေါ်ပြီး ကမ္ဘာပတ်မယ်လေ မကောင်းလား?"

ကျန်းဟွေ့က ချိုချိုသာသာ ပြုံးပြီး "ကောင်းပြီ"

အဆုံးထိ ပြီးသွားပါပြီ အဆုံးထိ ‌ဖတ်ပေးတဲ့ ဒါဒါလေးကို ကျေးဇူးတင်ပါတယ်။

Continue Reading

You'll Also Like

1.1M 83.6K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.9M 54.5K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.1M 259K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...