အခန်း ၅၇ အကြံဉာဏ်တောင်းခြင်း
ကျွော့ချင်းက သူမကို ရှန်ယုလန်လာရှာရတဲ့ အကြောင်းရင်းက အလောင်းခွဲစိတ်မှုနဲ့ ဆက်စပ်နေပုံရတယ်လို့ သူမစိတ်ထဲမှာ မှန်းဆနေခဲ့သည်။ အဲဒီနေ့ကတွေ့ခဲ့ရတဲ့ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ဆိုရင် အလောင်းတွေကို ခွဲစိပ်ဖို့ ဇွဲရှိရှိနဲ့ သူမဆီ သေချာပေါက် ရောက်လာမယ်ဆိုတာ သူမ သိပေမယ့် ဒီလောက်မြန်မြန်ရောက်လာမယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။
သူမက အိမ်ရှေ့ခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာချိန်တွင် မနီးမဝေးတွင် အပြာနုရောင်ပုံရိပ်တစ်ခုက ပြေပြစ်စွာ လျှောက်လှမ်းနေခဲ့သည်။ ပန်းရိပ်ကျောက်တုံးများက ဧည့်သည်များ၏ မျက်နှာကို ရံဖန်ရံခါ ပိတ်ဆို့ထားနိုင်သော်လည်း ကျွော့ချင်းက အရပ်ရှည်သောလူ၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကိုကြည့်ကာ အဲဒီလူက ဘယ်သူဆိုတာကို ရိပ်မိနေပြီ ဖြစ်သည်။ သူမက "လို့ရှီးယန်" ဟု အသံတိုးတိုးနဲ့ ခေါ်လိုက်သည်။
ခဏအကြာတွင် လို့ရှီးယန်က သူ့၏ပေါ့ပါးသော အပြုံးကို မြှင့်တင်ကာ သူမဆီသို့ လျှောက်လာသည်။
"ရှင် ဘာလို့ အိမ်မှာရှိနေတာလဲ" ဒီရက်တွေမှာ သူက စောစောထွက်သွားပြီး နောက်ကျမှပြန်လာနေကျ မဟုတ်ဘူးလား??
လို့ရှီးယန်က ဒီမေးခွန်းကို ဖြေဖို့ မရည်ရွယ်ဘဲ ပေါ့ပေါ့တန်တန် ချောင်းဟန့်လိုက်ပြီး "လင်အာ၊ တစ်ချိန်လုံး ကိုယ့်ကို နာမည်တပ်ခေါ်နေတာ မသင့်တော်ဘူးလို့ မထင်ဘူးလား?"
ဘာမှားနေလို့လဲ? ကျွော့ချင်းကတော့ သာမာန်ပဲလို့ ထင်နေတာပါပဲ။ ဒါပေမယ့် သူ့ရဲ့ လေးနက်ဟန်ဆောင်ထားတဲ့ အသွင်အပြင်နဲ့ သူ့ရဲ့ "လင်အာ"ဆိုတဲ့ အသံကို ကြားလိုက်ရတော့ ကျွော့ချင်းက အပြန်ပြန် အလှန်လှန် ဆက်ဆံလိုက်တာက ပိုကောင်းမယ်ဟု ဆုံးဖြတ်လိုက်သည်။
ကျွော့ချင်းက ခဏလောက် စဉ်းစားဟန်ဆောင်နေပြီးမှ "ဒါဆို ကျွန်မ ရှင့်ကို ဝန်ကြီးချုပ်လို့ လို့ ခေါ်ရမလား?"
"ယဉ်ကျေးလွန်းတယ်"
"လို့သခင်လေး?"
"တစိမ်းဆန်လွန်းတယ်"
"ရှီးရှီး?" ငါက အဲ့နာမည်ကို တကယ် ကြိုက်တာပါနော်...
"..."
လို့ရှီးယန်က သူ့၏ပြေပြစ်သောအပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူ့၏ပါးစပ်ထောင့်များက သိသိသာသာ လှုပ်ယမ်းသွားခဲ့သည်။
"ယန်အာ?" သူက "အာ" ဆိုတဲ့ အဲ့စကားလုံးနဲ့ အခြားသူတွေကို ထည့်ခေါ်ရတာကို ကြိုက်တယ် မဟုတ်ဘူးလား။
"..."
လို့ရှီးယန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဒီအလိုက်မသိပဲ တွန့်တိုတတ်တဲ့ ဒီမိန်းခလေးကတော့....
သူက သူမကလွဲလို့ တခြားသူတွေခေါ်တာကို ကြိုက်မယ်လို့ထင်နေတာလား??? အဆုံးသတ်က သူ သူမဆီကနေ လျစ်လျူရှုခံလိုက်ရပြီလား?!
ကျွော့ချင်းက လို့ရှီးယန်ခေါင်းပေါ်ရှိ အနက်ရောင် မျဉ်းကြောင်းများကို မြင်လိုက်ရတာကြောင့် မရယ်ဘဲ မနေနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ လို့ရှီးယန်ကတော့ စိတ်အနှောက်အယှက်တောင် မဖြစ်နိုင်တော့ပဲ သူ့ခေါင်းကို အနည်းငယ် ခါယမ်းကာ သူမ သူ့နာမည်ကို ဟာသလုပ်နေတာကို ကူကယ်ရာမဲ့ ခွင့်ပြုပေးလိုက်ရသည်။ ဒီလို ပေါ့ပါးတဲ့ ကြည်နူးမှုမျိုးက နွေရာသီရဲ့ အစောပိုင်းလေနုအေးတွေနဲ့တူပြီး သူ့နှလုံးသားရေကန်ကို လှိုင်းဂယက်တွေ ဖန်တီးပေးနေတာပါပဲ။
ကျွော့ချင်းက သူမနှုတ်ခမ်းပေါ်မှ အပြုံးကို ဖိနှိပ်ထားရင်း "ရှီးယန်... ရှင် အပြင်သွားမလို့လား"ဟု သဘောထားကြီးစွာ မေးလိုက်သည်။
တကယ်တော့ သူ သူမကို ဘယ်လို ခေါ်စေချင်လဲဆိုတာကို သူမ သိတာတော့ အမှန်ပါပဲ၊ အဲ့လို ခေါ်ဖို့က မခက်ပါဘူး၊ သူကလည်း ငြင်းမှာ မဟုတ်ပါဘူး။ အဲဒါကို သူတော်တော်ကျေနပ်သွားတာ အသိသာကြီးလေ။
လို့ရှီးယန်က သူ့နာမည်ကို ကျွော့ချင်းက အဲ့လို ခေါ်မယ်လို့ အစကတည်းက မှန်းဆခဲ့ပေမယ့် "ရှီးယန်" ဆိုတဲ့ သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံကို သူ တကယ်ကြားလိုက်ရချိန်မှာတော့ သူ့ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ သူ့နှလုံးသားကိုသူ မထိန်းနိုင်တော့ပုံရသည်။
"ကိုယ် မနက်က နန်းတွင်းကို သွားပြီပြီ၊ အခု တစ်ခုခုယူဖို့ အိမ်ပြန်လာခဲ့တာ၊ ပြီးရင် အပြင်ပြန်ထွက်ရမယ်"
ထိုစကားကို ပြောပြီးနောက် လို့ရှီးယန်က ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်လေးများက သူမရဲ့လည်ပင်းကို အမှတ်မထင် လာထိခဲ့သည်။ သူက သေသေချာချာ မထိလိုက်ပေမယ့် သူမလည်ပင်းမှာ အနည်းငယ် အေးစက်တဲ့ ထုံကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ကျွော့ချင်းက အကြောင်းပြချက်မရှိဘဲ တောင့်တင်းသွားကာ ရှေ့ကို အနည်းငယ် မတ်သွားခဲ့သည်။ ကျွော့ချင်းက ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်နေသည်ကို ခံစားမိလိုက်သည်။ သူမ၏ ဆံပင်များက အနည်းငယ် လှုပ်သွားပြီး နူးညံ့သိမ်မွေ့သော မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။ ကျွော့ချင်းက သူက သူမလည်ပင်းနောက်ဘက်မှ သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်လုပ်ပေးမှန်း သိသော်လည်း ထိုချောမောလှပသောမျက်နှာနှင့် နီးကပ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နံ့သာဖြူရနံ့သင်းသင်းကို ရလိုက်တာက ကျွော့ချင်း၏နှလုံးသားကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။
ခဏကြာတော့ သူက သူမဆံပင်ထဲမှ ကြွေကျနေသော သစ်ရွက်တစ်ရွက်ကို ယူလိုက်သည်။ ကျွော့ချင်းတစ်ယောက် ငိုချင်လာသော်လည်း ကျစရာမျက်ရည်ကတာ့ မရှိပါဘူး။ ယခင်က တစ်စုံတစ်ယောက်က အဲ့လိုအဖြစ်အပျက်တစ်ခုကြောင့် သူတို့၏ နှလုံးခုန်နှုန်းများ မြန်လာသည်ဟု ပြောခဲ့လျှင် သူမက အဲဒီလူကို အရူးလို့ ခေါ်မိမှာ သေချာနေသည်။ အခုတော့... အခု သူမ ဘာတွေ ဖြစ်နေတာတုန်း??!
မိုးနတ်မင်းကြီးရေ၊ ငါက အသက်သုံးဆယ်နီးပါးရှိနေပြီဟ~~~~
သူ့အကြည့်တွေအောက်တွင် သူမမျက်နှာက သိသိသာသာ ပူလောင်လာခဲ့သည်။ သူမ လွန်ခဲ့တဲ့ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ကတည်းက ရန်ခုန်ဖို့ မေ့သွားတာကို မိုးနတ်မင်းကြီးက အသိဆုံးပါနော်!
ခုတော့ ရင်ခုန်လွန်းလို့သေရမယ်ဆို သူမ သေလို့ရနေပြီ... ဟုတ်ပြီလား???
ငါ့ကို သေခွင့်သာ ပေးလိုက်ပါတော့....
ကျွော့ချင်းက သူမကိုယ်သူမ ကြိမ်းမောင်းနေချိန်တွင် လို့ရှီးယန်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားဖွယ်ကောင်းသော အပြုံးတစ်ခု တောက်ပလာသည်။ သူမက ဘယ်လို အမူအရာမျိုးတွေ လုပ်နေတာလဲ??? သူမ မရှက်နေဘူးဆိုရင်တောင် အခုလို အရမ်းနာကျင်နေစရာ မလိုဘူးလေ ဟုတ်တယ်မလား???
ကျွော့ချင်းက ရှက်ရွံ့ခြင်းနှင့်အတူ အားတင်းကာ ပြုံးလိုက်ပြီး "ဒါဆို ကျွန်မ ရှင့်ကို မနှောင့်နှေးစေတော့ဘူး။ ရှန်ယုလန်က ကျွန်မဆီကနေ ဘာလိုချင်နေမှန်း မသိသေးဘူး၊ အဲ့ဒါကြောင့် ကျွန်မ သွားကြည့်လိုက်ဦးမယ်"
တရားသူကြီးရှန်က သူမကို တွေ့ဖို့လာတယ်ဆိုတာကို သူသိနေတာက သဘာဝကျနေသည်။ သူ့ရဲ့ခွင့်ပြုချက် မရှိဘဲ ရှန်ယုလန်က သူမကို လာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လို့ရှီးယန်က အံ့သြဟန်ဆောင်ပြီး "တရားသူကြီးရှန်က ဒီမှာ ရှိနေတာလား ဒါဆို မင်း သွားလေ"
ကျွော့ချင်းက ခေါင်းညိတ်ပြပြီး အမြန်လှည့်ထွက်သွားသည်။ လို့ရှီးယန်၏ အသံခပ်တိုးတိုးက ထပ်မံ ထွက်ပေါ်လာပြန်သည်။ "စကားမစပ်၊ ကိုယ် စာအုပ်ဆိုင်ကလူတွေကို ဆေးစာအုပ်တွေ ပို့ခိုင်းပြီး စာဖတ်ခန်းမှာ ထည့်ခိုင်းထားတယ်။ မင်း စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်"
သူ သူမအတွက် ဝယ်ပေးခဲ့တာလား??? လို့ရှီးယန်၏ နူးညံ့သိမ်မွေ့မှုက အမြဲတမ်း အပြီးပြည့်စုံလွန်းနေသည်။ ကျွော့ချင်းက "ကျေးဇူးတင်ပါတယ်"ဟု ကမန်းကတန်း ပြောကာ သူမ၏ခြေဖဝါးတွေကို ပိုမြန်စေခဲ့သည်။
ထွက်ပြေးတယ်လို့ ယူဆနိုင်တဲ့လူကို ကြည့်ရင်း လို့ရှီးယန်၏ နှုတ်ခမ်းတွေက အနည်းငယ် ကြွတက်လာသည်။ လင်အာ မင်းက ဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလဲ???!
ဤထိပ်တိုက်ရင်ဆိုင်မှုတွင် ကျွော့ချင်းက လုံးဝရှုံးနိမ့်ခဲ့သည်။
ကျွော့ချင်းက လို့ရှီးယန်ရဲ့ မြင်ကွင်းကနေ ဝေးရာကို ပြေးထွက်ခဲ့ပြီးမှ နောက်ဆုံးတော့ သူမ ခြေလှမ်းတွေက နှေးကွေးသွားကာ သူမ ဘာကြောင့် ပြေးလာတာလဲဟု တွေးလိုက်မိသည်။
အရမ်း ရှက်စရာကောင်းတယ် . . . . .
ကျွော့ချင်းက အနည်းငယ် စိတ်ဓာတ်ကျနေသော သူမ၏စိတ်ကြောင့် သတိမမူမိဘဲ အိမ်ရှေ့ခန်းသို့ ရောက်သွားသောအခါ ရှန်ယုလန်က သူ့လက်ထဲမှ လက်ဖက်ရည်အေးကို အမြန်ပြန်ချကာ မတ်တပ်ထရပ်လိုက်ပြီး "ဒီကို လာလည်မိတဲ့အတွက် တောင်းပန်ပါတယ်၊ သခင်မ"
သခင်မ? ကျွော့ချင်းက စိတ်ဓာတ်ထပ်ကျသွားပြန်တော့သည်။ သူမက သူ့ကို ကြည့်ပြီး တိုက်ရိုက်မေးလိုက်သည်။ "ရှင်... ကျွန်မဆီကနေ ဘာလိုချင်တာလဲ"
ကျွော့ချင်းက ချက်ခြင်း မေးလိုက်တာကြောင့် ရှန်ယုလန်ကလည်း အများကြီး သွယ်ဝိုက်မနေတော့ပဲ "ဒီအရာရှိက လို့သခင်မဆီကနေ အကြံဥာဏ်တောင်းချင်ပါတယ်"
"ပြော"
"သေဆုံးသူကို သေစေခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာက လူသတ်လက်နက်က ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ပြီး နှလုံးကို ဖောက်ဝင်ခဲ့တာကြောင့် သေဆုံးတဲ့အထိ ဖြစ်ခဲ့တာပါ၊ ကျွန်တော် မေးချင်တာက၊ သာမန်လူရဲ့ နှလုံးက အဲ့လူသေဆုံးပြီးတဲ့ နောက်မှာ ဘယ်လောက်ထိ ပြန်ကျုံသွားနိုင်လဲ၊ သေပြီးရင် ဘယ်လောက်ကြာမှ ပြန်ကျုံသွားတာလဲ ဆိုတာပါ။ ပြီးတော့ လူသတ်လက်နက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားသင့်လဲ?"
မျှော်လင့်ထားသည့်အတိုင်း အလောင်းခွဲစိတ်မှုနှင့် ပတ်သတ်နေတာကြောင့် လို့ရှီးယန်ကြောင့် ဖရိုဖရဲဖြစ်သွားသော ကျွော့ချင်း၏နှလုံးသားက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူမက သူမကိုယ်တိုင် ထိန်းချုပ်နိုင်သည့် ဤအခြေအနေမျိုးကို နှစ်သက်သည်။
ကျွော့ချင်းက "ပုံမှန်အားဖြင့်တော့ သာမာန်လူရဲ့ နှလုံးက အဲ့လူသေသွားပြီးရင် ကျုံ့သွားပေမယ့် သိသိသာသာတော့ မဟုတ်ဘူး။ ဒါပေမယ့် ထိုးဖောက်ဒဏ်ရာတွေကြောင့်တော့ နှလုံးရဲ့ကြွက်သားအလွှာ ကျုံ့သွားတက်တယ်၊ အဲ့လိုဖြစ်သွားရင် ဒဏ်ရာက လူသတ်လက်နက်ရဲ့ အသွားရာထက် ပိုသေးသွားလိမ့်တယ်။ လူသတ်လက်နက်နဲ့ နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ ဆယ့်နှစ်ရှီးချန်(၂၄နာရီ)အတွင်းမှာဆိုရင် အကောင်းဆုံးဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ သေပြီးရင် အင်္ဂါအစိတ်အပိုင်းတွေက ပုပ်ပွလာပြီး ရှင့်ရဲ့စီရင်ဆုံးဖြတ်မှုကို ထိခိုက်စေလိမ့်မယ်"
ရှန်ယုလန်က ခေါင်းတညိတ်ညိတ်နဲ့ ပြတ်ပြတ်သားသား ပြန်ဖြေလာသည်။ "သေဆုံးသူက တခြားနေရာတွေမှာ ဓားဒဏ်ရာတွေ ရရှိခဲ့တာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စစ်ဆေးပြီးနောက်မှာတော့ သေဆုံးသူရဲ့ ရင်ဘတ်မှာရှိနေတဲ့ ဒဏ်ရာက တခြားနေရာတွေမှာရှိနေတဲ့ ဒဏ်ရာတွေနဲ့ အနည်းငယ် ကွာခြားနေတာကို တွေ့ခဲ့တယ်၊ လူသတ်မှုလက်နက်ကို အတည်ပြုနိုင်ဖို့ နှလုံးကြွက်သားနဲ့ရင်ဘတ်ကြွက်သားတွေကို နှိုင်းယှဉ်ကြည့်ရမယ်"
"အင်း" ကျွော့ချင်းက "မှန်တယ်၊ နောက်ထပ်နိုင်းယှဥ်ဖို့ နည်းလမ်းတစ်ခုက အဝတ်ပေါ်က ဒဏ်ရာတွေကို နှိုင်းယှဉ်ကြည့်နိုင်ရင် အကောင်းဆုံးပဲ။ အဝတ်အစားက လုံးဝ ကျုံ့မသွားဘူး"
ရှန်ယုလန်က နှလုံးကြွက်သားကျုံသွားခြင်းနှင့်ပတ်သက်ပြီး သူ နားမလည်တာကြောင့် သူမကို နှိမ့်ချစွာ မေးလိုက်သည်။ "ကျွန်တော် မင်းကို နှုတ်နဲ့ပြောပြရင် မင်း ကောက်ချက်ချပေးလို့ရမလား"
ကျွော့ချင်းက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး "ရှင့်ပါးစပ်က အစီရင်ခံတဲ့ အခြေအနေပေါ်မှာပဲ မူတည်ပြီး ကျွန်မအမြင်ကို ကျွန်မ ပေးနိုင်လိမ့်တယ်။ အတိကျဆုံး ကောက်ချက်ချနိုင်ဖို့ကတော့ အလောင်းကို မြင်ရမှပဲ ဖြစ်နိုင်လိမ့်မယ်"
သို့သော် သူမက ယခုအိမ်မှ ထွက်ခွာ၍ မရသောကြောင့် လူကိုယ်တိုင် ခွဲစိတ်စစ်ဆေးရန် မဖြစ်နိုင်တော့ပေ။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျွော့ချင်းက "ရှင့်မှာ လူသတ်လက်နက်ပုံရှိလား"
ရှန်ယုလန် သေသေချာချာ နှိုင်းယှဥ်ကြည့်နေပုံအရတော့ လူသတ်လက်နက်က အထူးအဆန်းဖြစ်နေနိုင်သည်။
ရှန်ယုလန်က သူ့အင်္ကျီလက်ဝကျယ်ထဲမှ လက်ကိုင်ပုဝါဖြင့် ထုပ်ထားသော တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ကျွော့ချင်းကို လှမ်းပေးလိုက်သည်။
သူက သူမကို တကယ်ယုံကြည်ပြီး လူသတ်မှုလက်နက်ကိုတောင် အမှန်တကယ် ယူဆောင်လာခဲ့သည်။
ကျွော့ချင်းက လက်ကိုင်ပဝါကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ငွေရောင်တောက်နေသော ဓားပျံတစ်လက်ရှိနေပြီး ဓားက ပါးလွှာပြီး ပေါ့ပါးပုံရကာ အသွားနှစ်ဖက်က ထက်မြနေပြီး သစ်ရွက်နှင့် ဆင်တူနေသည်။
ဒီဓားပျံက . . . သူမနဲ့ အရမ်းရင်းနှီးနေပုံရတယ် . . . .
ကျွော့ချင်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက "ဒီလက်နက်က သံသယရှိသူရဲ့ ပစ္စည်းလား?"
ရှန်ယုလန်ကလည်း သူမ၏အမူအရာနှင့် အသုံးအနှုန်းက မှားယွင်းနေကြောင်းကို မြင်လိုက်သော်လည်း သူက "ဟုတ်တယ်" ဟု ပြန်ဖြေလိုက်သေးသည်။
"အဲဒီလူရဲ့ နာမည်က ချမ်ကျင်းလား?" ဓားပျံက ထူးခြားပေမယ့် ကမ္ဘာကြီးက သူမအတွက် မလိုအပ်လောက်အောင် ကျဥ်းလွန်းလှသည်။ ကျွော့ချင်းက ထိုလူအတွက် ကံကောင်းစေရန် ဆုတောင်းပေးချင်သော်လည်း အခွင့်အရေးက နည်းပါးလွန်းသည်ကို သူမ သိနေခဲ့သည်။
"ဟုတ်တယ်"
ရှန်ယုလန်၏ ပြတ်သားသောအဖြေက ကျွော့ချင်းကို အေးစက်သွားစေခဲ့သည်။
တကယ်ကို သူ ဖြစ်နေခဲ့တာပါပဲ . . . . . . .
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️
အခန္း ၅၇ အႀကံဉာဏ္ေတာင္းျခင္း
ေကြၽာ့ခ်င္းက သူမကို ရွန္ယုလန္လာရွာရတဲ့ အေၾကာင္းရင္းက အေလာင္းခြဲစိတ္မႈနဲ႔ ဆက္စပ္ေနပုံရတယ္လို႔ သူမစိတ္ထဲမွာ မွန္းဆေနခဲ့သည္။ အဲဒီေန႔ကေတြ႕ခဲ့ရတဲ့ သူ႔ရဲ႕စိတ္အားထက္သန္မႈနဲ႔ဆိုရင္ အေလာင္းေတြကို ခြဲစိပ္ဖို႔ ဇြဲရွိရွိနဲ႔ သူမဆီ ေသခ်ာေပါက္ ေရာက္လာမယ္ဆိုတာ သူမ သိေပမယ့္ ဒီေလာက္ျမန္ျမန္ေရာက္လာမယ္လို႔ေတာ့ သူမ မေမွ်ာ္လင့္ထားခဲ့ပါဘူး။
သူမက အိမ္ေရွ႕ခန္းမဆီသို႔ ျဖည္းညႇင္းစြာ ေလွ်ာက္လာခ်ိန္တြင္ မနီးမေဝးတြင္ အျပာႏုေရာင္ပုံရိပ္တစ္ခုက ေျပျပစ္စြာ ေလွ်ာက္လွမ္းေနခဲ့သည္။ ပန္းရိပ္ေက်ာက္တုံးမ်ားက ဧည့္သည္မ်ား၏ မ်က္ႏွာကို ရံဖန္ရံခါ ပိတ္ဆို႔ထားႏိုင္ေသာ္လည္း ေကြၽာ့ခ်င္းက အရပ္ရွည္ေသာလူ၏ အသြင္အျပင္ႏွင့္ စိတ္ေနစိတ္ထားကိုၾကည့္ကာ အဲဒီလူက ဘယ္သူဆိုတာကို ရိပ္မိေနၿပီ ျဖစ္သည္။ သူမက "လို႔ရွီးယန္" ဟု အသံတိုးတိုးနဲ႔ ေခၚလိုက္သည္။
ခဏအၾကာတြင္ လို႔ရွီးယန္က သူ႔၏ေပါ့ပါးေသာ အၿပဳံးကို ျမႇင့္တင္ကာ သူမဆီသို႔ ေလွ်ာက္လာသည္။
"ရွင္ ဘာလို႔ အိမ္မွာရွိေနတာလဲ" ဒီရက္ေတြမွာ သူက ေစာေစာထြက္သြားၿပီး ေနာက္က်မွျပန္လာေနက် မဟုတ္ဘူးလား??
လို႔ရွီးယန္က ဒီေမးခြန္းကို ေျဖဖို႔ မရည္႐ြယ္ဘဲ ေပါ့ေပါ့တန္တန္ ေခ်ာင္းဟန႔္လိုက္ၿပီး "လင္အာ၊ တစ္ခ်ိန္လုံး ကိုယ့္ကို နာမည္တပ္ေခၚေနတာ မသင့္ေတာ္ဘူးလို႔ မထင္ဘူးလား?"
ဘာမွားေနလို႔လဲ? ေကြၽာ့ခ်င္းကေတာ့ သာမာန္ပဲလို႔ ထင္ေနတာပါပဲ။ ဒါေပမယ့္ သူ႔ရဲ႕ ေလးနက္ဟန္ေဆာင္ထားတဲ့ အသြင္အျပင္နဲ႔ သူ႔ရဲ႕ "လင္အာ"ဆိုတဲ့ အသံကို ၾကားလိုက္ရေတာ့ ေကြၽာ့ခ်င္းက အျပန္ျပန္ အလွန္လွန္ ဆက္ဆံလိုက္တာက ပိုေကာင္းမယ္ဟု ဆုံးျဖတ္လိုက္သည္။
ေကြၽာ့ခ်င္းက ခဏေလာက္ စဥ္းစားဟန္ေဆာင္ေနၿပီးမွ "ဒါဆို ကြၽန္မ ရွင့္ကို ဝန္ႀကီးခ်ဳပ္လို႔ လို႔ ေခၚရမလား?"
"ယဥ္ေက်းလြန္းတယ္"
"လို႔သခင္ေလး?"
"တစိမ္းဆန္လြန္းတယ္"
"ရွီးရွီး?" ငါက အဲ့နာမည္ကို တကယ္ ႀကိဳက္တာပါေနာ္...
"..."
လို႔ရွီးယန္က သူ႔၏ေျပျပစ္ေသာအၿပဳံးကို ဆက္လက္ ထိန္းသိမ္းထားဆဲျဖစ္ေသာ္လည္း သူ႔၏ပါးစပ္ေထာင့္မ်ားက သိသိသာသာ လႈပ္ယမ္းသြားခဲ့သည္။
"ယန္အာ?" သူက "အာ" ဆိုတဲ့ အဲ့စကားလုံးနဲ႔ အျခားသူေတြကို ထည့္ေခၚရတာကို ႀကိဳက္တယ္ မဟုတ္ဘူးလား။
"..."
လို႔ရွီးယန္က တိတ္တဆိတ္ သက္ျပင္းခ်လိုက္သည္။ ဒီအလိုက္မသိပဲ တြန႔္တိုတတ္တဲ့ ဒီမိန္းခေလးကေတာ့....
သူက သူမကလြဲလို႔ တျခားသူေတြေခၚတာကို ႀကိဳက္မယ္လို႔ထင္ေနတာလား??? အဆုံးသတ္က သူ သူမဆီကေန လ်စ္လ်ဴရႈခံလိုက္ရၿပီလား?!
ေကြၽာ့ခ်င္းက လို႔ရွီးယန္ေခါင္းေပၚရွိ အနက္ေရာင္ မ်ဥ္းေၾကာင္းမ်ားကို ျမင္လိုက္ရတာေၾကာင့္ မရယ္ဘဲ မေနႏိုင္ေတာ့ဘဲ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္သည္။ လို႔ရွီးယန္ကေတာ့ စိတ္အေႏွာက္အယွက္ေတာင္ မျဖစ္ႏိုင္ေတာ့ပဲ သူ႔ေခါင္းကို အနည္းငယ္ ခါယမ္းကာ သူမ သူ႔နာမည္ကို ဟာသလုပ္ေနတာကို ကူကယ္ရာမဲ့ ခြင့္ျပဳေပးလိုက္ရသည္။ ဒီလို ေပါ့ပါးတဲ့ ၾကည္ႏူးမႈမ်ိဳးက ေႏြရာသီရဲ႕ အေစာပိုင္းေလႏုေအးေတြနဲ႔တူၿပီး သူ႔ႏွလုံးသားေရကန္ကို လႈိင္းဂယက္ေတြ ဖန္တီးေပးေနတာပါပဲ။
ေကြၽာ့ခ်င္းက သူမႏႈတ္ခမ္းေပၚမွ အၿပဳံးကို ဖိႏွိပ္ထားရင္း "ရွီးယန္... ရွင္ အျပင္သြားမလို႔လား"ဟု သေဘာထားႀကီးစြာ ေမးလိုက္သည္။
တကယ္ေတာ့ သူ သူမကို ဘယ္လို ေခၚေစခ်င္လဲဆိုတာကို သူမ သိတာေတာ့ အမွန္ပါပဲ၊ အဲ့လို ေခၚဖို႔က မခက္ပါဘူး၊ သူကလည္း ျငင္းမွာ မဟုတ္ပါဘူး။ အဲဒါကို သူေတာ္ေတာ္ေက်နပ္သြားတာ အသိသာႀကီးေလ။
လို႔ရွီးယန္က သူ႔နာမည္ကို ေကြၽာ့ခ်င္းက အဲ့လို ေခၚမယ္လို႔ အစကတည္းက မွန္းဆခဲ့ေပမယ့္ "ရွီးယန္" ဆိုတဲ့ သူမရဲ႕ ၾကည္လင္ျပတ္သားတဲ့ အသံကို သူ တကယ္ၾကားလိုက္ရခ်ိန္မွာေတာ့ သူ႔ရင္ထဲမွာ ေဖာ္မျပႏိုင္တဲ့ ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္ႏွက္သြားသလို ခံစားလိုက္ရသည္။ သူ႔ႏွလုံးသားကိုသူ မထိန္းႏိုင္ေတာ့ပုံရသည္။
"ကိုယ္ မနက္က နန္းတြင္းကို သြားၿပီၿပီ၊ အခု တစ္ခုခုယူဖို႔ အိမ္ျပန္လာခဲ့တာ၊ ၿပီးရင္ အျပင္ျပန္ထြက္ရမယ္"
ထိုစကားကို ေျပာၿပီးေနာက္ လို႔ရွီးယန္က ႐ုတ္တရက္ သူ႔လက္ကို ဆန႔္ထုတ္လိုက္ၿပီး သူ႔လက္ေခ်ာင္းထိပ္ေလးမ်ားက သူမရဲ႕လည္ပင္းကို အမွတ္မထင္ လာထိခဲ့သည္။ သူက ေသေသခ်ာခ်ာ မထိလိုက္ေပမယ့္ သူမလည္ပင္းမွာ အနည္းငယ္ ေအးစက္တဲ့ ထုံက်င္မႈတစ္ခုကို ခံစားလိုက္ရၿပီး ေကြၽာ့ခ်င္းက အေၾကာင္းျပခ်က္မရွိဘဲ ေတာင့္တင္းသြားကာ ေရွ႕ကို အနည္းငယ္ မတ္သြားခဲ့သည္။ ေကြၽာ့ခ်င္းက ယခုအခ်ိန္တြင္ သူမ၏ ခႏၶာကိုယ္ရွိ ဆဲလ္တိုင္းက အလြန္အမင္း ထိလြယ္ရွလြယ္ျဖစ္ေနသည္ကို ခံစားမိလိုက္သည္။ သူမ၏ ဆံပင္မ်ားက အနည္းငယ္ လႈပ္သြားၿပီး ႏူးညံ့သိမ္ေမြ႕ေသာ မ်က္လုံးမ်ားက သူမကို စိုက္ၾကည့္ေနသည္။ ေကြၽာ့ခ်င္းက သူက သူမလည္ပင္းေနာက္ဘက္မွ သူမ၏အဝတ္အစားမ်ားကို သပ္ရပ္ေအာင္ ျပန္လုပ္ေပးမွန္း သိေသာ္လည္း ထိုေခ်ာေမာလွပေသာမ်က္ႏွာႏွင့္ နီးကပ္သြားၿပီး သူ႔ခႏၶာကိုယ္ေပၚရွိ နံ႔သာျဖဴရနံ႔သင္းသင္းကို ရလိုက္တာက ေကြၽာ့ခ်င္း၏ႏွလုံးသားကို ထိန္းမႏိုင္သိမ္းမရ ျဖစ္သြားေစခဲ့သည္။
ခဏၾကာေတာ့ သူက သူမဆံပင္ထဲမွ ေႂကြက်ေနေသာ သစ္႐ြက္တစ္႐ြက္ကို ယူလိုက္သည္။ ေကြၽာ့ခ်င္းတစ္ေယာက္ ငိုခ်င္လာေသာ္လည္း က်စရာမ်က္ရည္ကတာ့ မရွိပါဘူး။ ယခင္က တစ္စုံတစ္ေယာက္က အဲ့လိုအျဖစ္အပ်က္တစ္ခုေၾကာင့္ သူတို႔၏ ႏွလုံးခုန္ႏႈန္းမ်ား ျမန္လာသည္ဟု ေျပာခဲ့လွ်င္ သူမက အဲဒီလူကို အ႐ူးလို႔ ေခၚမိမွာ ေသခ်ာေနသည္။ အခုေတာ့... အခု သူမ ဘာေတြ ျဖစ္ေနတာတုန္း??!
မိုးနတ္မင္းႀကီးေရ၊ ငါက အသက္သုံးဆယ္နီးပါးရွိေနၿပီဟ~~~~
သူ႔အၾကည့္ေတြေအာက္တြင္ သူမမ်က္ႏွာက သိသိသာသာ ပူေလာင္လာခဲ့သည္။ သူမ လြန္ခဲ့တဲ့ ရွစ္ႏွစ္ ဒါမွမဟုတ္ ဆယ္ႏွစ္ေလာက္ကတည္းက ရန္ခုန္ဖို႔ ေမ့သြားတာကို မိုးနတ္မင္းႀကီးက အသိဆုံးပါေနာ္!
ခုေတာ့ ရင္ခုန္လြန္းလို႔ေသရမယ္ဆို သူမ ေသလို႔ရေနၿပီ... ဟုတ္ၿပီလား???
ငါ့ကို ေသခြင့္သာ ေပးလိုက္ပါေတာ့....
ေကြၽာ့ခ်င္းက သူမကိုယ္သူမ ႀကိမ္းေမာင္းေနခ်ိန္တြင္ လို႔ရွီးယန္၏ မ်က္လုံးမ်ားထဲတြင္ စိတ္ဝင္စားဖြယ္ေကာင္းေသာ အၿပဳံးတစ္ခု ေတာက္ပလာသည္။ သူမက ဘယ္လို အမူအရာမ်ိဳးေတြ လုပ္ေနတာလဲ??? သူမ မရွက္ေနဘူးဆိုရင္ေတာင္ အခုလို အရမ္းနာက်င္ေနစရာ မလိုဘူးေလ ဟုတ္တယ္မလား???
ေကြၽာ့ခ်င္းက ရွက္႐ြံ႕ျခင္းႏွင့္အတူ အားတင္းကာ ၿပဳံးလိုက္ၿပီး "ဒါဆို ကြၽန္မ ရွင့္ကို မေႏွာင့္ေႏွးေစေတာ့ဘူး။ ရွန္ယုလန္က ကြၽန္မဆီကေန ဘာလိုခ်င္ေနမွန္း မသိေသးဘူး၊ အဲ့ဒါေၾကာင့္ ကြၽန္မ သြားၾကည့္လိုက္ဦးမယ္"
တရားသူႀကီးရွန္က သူမကို ေတြ႕ဖို႔လာတယ္ဆိုတာကို သူသိေနတာက သဘာဝက်ေနသည္။ သူ႔ရဲ႕ခြင့္ျပဳခ်က္ မရွိဘဲ ရွန္ယုလန္က သူမကို လာေတြ႕ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ လို႔ရွီးယန္က အံ့ၾသဟန္ေဆာင္ၿပီး "တရားသူႀကီးရွန္က ဒီမွာ ရွိေနတာလား ဒါဆို မင္း သြားေလ"
ေကြၽာ့ခ်င္းက ေခါင္းညိတ္ျပၿပီး အျမန္လွည့္ထြက္သြားသည္။ လို႔ရွီးယန္၏ အသံခပ္တိုးတိုးက ထပ္မံ ထြက္ေပၚလာျပန္သည္။ "စကားမစပ္၊ ကိုယ္ စာအုပ္ဆိုင္ကလူေတြကို ေဆးစာအုပ္ေတြ ပို႔ခိုင္းၿပီး စာဖတ္ခန္းမွာ ထည့္ခိုင္းထားတယ္။ မင္း စိတ္ဝင္စားရင္ သြားၾကည့္လို႔ရတယ္"
သူ သူမအတြက္ ဝယ္ေပးခဲ့တာလား??? လို႔ရွီးယန္၏ ႏူးညံ့သိမ္ေမြ႕မႈက အၿမဲတမ္း အၿပီးျပည့္စုံလြန္းေနသည္။ ေကြၽာ့ခ်င္းက "ေက်းဇူးတင္ပါတယ္"ဟု ကမန္းကတန္း ေျပာကာ သူမ၏ေျခဖဝါးေတြကို ပိုျမန္ေစခဲ့သည္။
ထြက္ေျပးတယ္လို႔ ယူဆႏိုင္တဲ့လူကို ၾကည့္ရင္း လို႔ရွီးယန္၏ ႏႈတ္ခမ္းေတြက အနည္းငယ္ ႂကြတက္လာသည္။ လင္အာ မင္းက ဘယ္ကို ေျပးႏိုင္မယ္လို႔ ထင္ေနတာလဲ???!
ဤထိပ္တိုက္ရင္ဆိုင္မႈတြင္ ေကြၽာ့ခ်င္းက လုံးဝရႈံးနိမ့္ခဲ့သည္။
ေကြၽာ့ခ်င္းက လို႔ရွီးယန္ရဲ႕ ျမင္ကြင္းကေန ေဝးရာကို ေျပးထြက္ခဲ့ၿပီးမွ ေနာက္ဆုံးေတာ့ သူမ ေျခလွမ္းေတြက ေႏွးေကြးသြားကာ သူမ ဘာေၾကာင့္ ေျပးလာတာလဲဟု ေတြးလိုက္မိသည္။
အရမ္း ရွက္စရာေကာင္းတယ္ . . . . .
ေကြၽာ့ခ်င္းက အနည္းငယ္ စိတ္ဓာတ္က်ေနေသာ သူမ၏စိတ္ေၾကာင့္ သတိမမူမိဘဲ အိမ္ေရွ႕ခန္းသို႔ ေရာက္သြားေသာအခါ ရွန္ယုလန္က သူ႔လက္ထဲမွ လက္ဖက္ရည္ေအးကို အျမန္ျပန္ခ်ကာ မတ္တပ္ထရပ္လိုက္ၿပီး "ဒီကို လာလည္မိတဲ့အတြက္ ေတာင္းပန္ပါတယ္၊ သခင္မ"
သခင္မ? ေကြၽာ့ခ်င္းက စိတ္ဓာတ္ထပ္က်သြားျပန္ေတာ့သည္။ သူမက သူ႔ကို ၾကည့္ၿပီး တိုက္႐ိုက္ေမးလိုက္သည္။ "ရွင္... ကြၽန္မဆီကေန ဘာလိုခ်င္တာလဲ"
ေကြၽာ့ခ်င္းက ခ်က္ျခင္း ေမးလိုက္တာေၾကာင့္ ရွန္ယုလန္ကလည္း အမ်ားႀကီး သြယ္ဝိုက္မေနေတာ့ပဲ "ဒီအရာရွိက လို႔သခင္မဆီကေန အႀကံဥာဏ္ေတာင္းခ်င္ပါတယ္"
"ေျပာ"
"ေသဆုံးသူကို ေသေစခဲ့တဲ့ ျပင္းထန္တဲ့ ဒဏ္ရာက လူသတ္လက္နက္က ရင္ဘတ္ကို ထိုးေဖာက္ဝင္ေရာက္ၿပီး ႏွလုံးကို ေဖာက္ဝင္ခဲ့တာေၾကာင့္ ေသဆုံးတဲ့အထိ ျဖစ္ခဲ့တာပါ၊ ကြၽန္ေတာ္ ေမးခ်င္တာက၊ သာမန္လူရဲ႕ ႏွလုံးက အဲ့လူေသဆုံးၿပီးတဲ့ ေနာက္မွာ ဘယ္ေလာက္ထိ ျပန္က်ဳံသြားႏိုင္လဲ၊ ေသၿပီးရင္ ဘယ္ေလာက္ၾကာမွ ျပန္က်ဳံသြားတာလဲ ဆိုတာပါ။ ၿပီးေတာ့ လူသတ္လက္နက္ေတြကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ဘယ္လိုအခ်က္ေတြကို ထည့္သြင္းစဥ္းစားသင့္လဲ?"
ေမွ်ာ္လင့္ထားသည့္အတိုင္း အေလာင္းခြဲစိတ္မႈႏွင့္ ပတ္သတ္ေနတာေၾကာင့္ လို႔ရွီးယန္ေၾကာင့္ ဖ႐ိုဖရဲျဖစ္သြားေသာ ေကြၽာ့ခ်င္း၏ႏွလုံးသားက တျဖည္းျဖည္း ျပန္ၿငိမ္သက္သြားခဲ့သည္။ ဆန႔္က်င္ဘက္အားျဖင့္ သူမက သူမကိုယ္တိုင္ ထိန္းခ်ဳပ္ႏိုင္သည့္ ဤအေျခအေနမ်ိဳးကို ႏွစ္သက္သည္။
ေကြၽာ့ခ်င္းက "ပုံမွန္အားျဖင့္ေတာ့ သာမာန္လူရဲ႕ ႏွလုံးက အဲ့လူေသသြားၿပီးရင္ က်ဳံ႕သြားေပမယ့္ သိသိသာသာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ထိုးေဖာက္ဒဏ္ရာေတြေၾကာင့္ေတာ့ ႏွလုံးရဲ႕ႂကြက္သားအလႊာ က်ဳံ႕သြားတက္တယ္၊ အဲ့လိုျဖစ္သြားရင္ ဒဏ္ရာက လူသတ္လက္နက္ရဲ႕ အသြားရာထက္ ပိုေသးသြားလိမ့္တယ္။ လူသတ္လက္နက္နဲ႔ ႏႈိင္းယွဥ္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ဆယ့္ႏွစ္ရွီးခ်န္(၂၄နာရီ)အတြင္းမွာဆိုရင္ အေကာင္းဆုံးျဖစ္ႏိုင္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ေသၿပီးရင္ အဂၤါအစိတ္အပိုင္းေတြက ပုပ္ပြလာၿပီး ရွင့္ရဲ႕စီရင္ဆုံးျဖတ္မႈကို ထိခိုက္ေစလိမ့္မယ္"
ရွန္ယုလန္က ေခါင္းတညိတ္ညိတ္နဲ႔ ျပတ္ျပတ္သားသား ျပန္ေျဖလာသည္။ "ေသဆုံးသူက တျခားေနရာေတြမွာ ဓားဒဏ္ရာေတြ ရရွိခဲ့တာကို ကြၽန္ေတာ္ နားလည္ပါတယ္၊ ဒါေပမယ့္ စစ္ေဆးၿပီးေနာက္မွာေတာ့ ေသဆုံးသူရဲ႕ ရင္ဘတ္မွာရွိေနတဲ့ ဒဏ္ရာက တျခားေနရာေတြမွာရွိေနတဲ့ ဒဏ္ရာေတြနဲ႔ အနည္းငယ္ ကြာျခားေနတာကို ေတြ႕ခဲ့တယ္၊ လူသတ္မႈလက္နက္ကို အတည္ျပဳႏိုင္ဖို႔ ႏွလုံးႂကြက္သားနဲ႔ရင္ဘတ္ႂကြက္သားေတြကို ႏႈိင္းယွဥ္ၾကည့္ရမယ္"
"အင္း" ေကြၽာ့ခ်င္းက "မွန္တယ္၊ ေနာက္ထပ္ႏိုင္းယွဥ္ဖို႔ နည္းလမ္းတစ္ခုက အဝတ္ေပၚက ဒဏ္ရာေတြကို ႏႈိင္းယွဥ္ၾကည့္ႏိုင္ရင္ အေကာင္းဆုံးပဲ။ အဝတ္အစားက လုံးဝ က်ဳံ႕မသြားဘူး"
ရွန္ယုလန္က ႏွလုံးႂကြက္သားက်ဳံသြားျခင္းႏွင့္ပတ္သက္ၿပီး သူ နားမလည္တာေၾကာင့္ သူမကို ႏွိမ့္ခ်စြာ ေမးလိုက္သည္။ "ကြၽန္ေတာ္ မင္းကို ႏႈတ္နဲ႔ေျပာျပရင္ မင္း ေကာက္ခ်က္ခ်ေပးလို႔ရမလား"
ေကြၽာ့ခ်င္းက ေခါင္းကို ျပတ္ျပတ္သားသား ခါလိုက္ၿပီး "ရွင့္ပါးစပ္က အစီရင္ခံတဲ့ အေျခအေနေပၚမွာပဲ မူတည္ၿပီး ကြၽန္မအျမင္ကို ကြၽန္မ ေပးႏိုင္လိမ့္တယ္။ အတိက်ဆုံး ေကာက္ခ်က္ခ်ႏိုင္ဖို႔ကေတာ့ အေလာင္းကို ျမင္ရမွပဲ ျဖစ္ႏိုင္လိမ့္မယ္"
သို႔ေသာ္ သူမက ယခုအိမ္မွ ထြက္ခြာ၍ မရေသာေၾကာင့္ လူကိုယ္တိုင္ ခြဲစိတ္စစ္ေဆးရန္ မျဖစ္ႏိုင္ေတာ့ေပ။ ထိုအေၾကာင္းကို စဥ္းစားၿပီးေနာက္ ေကြၽာ့ခ်င္းက "ရွင့္မွာ လူသတ္လက္နက္ပုံရွိလား"
ရွန္ယုလန္ ေသေသခ်ာခ်ာ ႏႈိင္းယွဥ္ၾကည့္ေနပုံအရေတာ့ လူသတ္လက္နက္က အထူးအဆန္းျဖစ္ေနႏိုင္သည္။
ရွန္ယုလန္က သူ႔အက်ႌလက္ဝက်ယ္ထဲမွ လက္ကိုင္ပုဝါျဖင့္ ထုပ္ထားေသာ တစ္စုံတစ္ခုကို ထုတ္ယူလိုက္ၿပီး ေကြၽာ့ခ်င္းကို လွမ္းေပးလိုက္သည္။
သူက သူမကို တကယ္ယုံၾကည္ၿပီး လူသတ္မႈလက္နက္ကိုေတာင္ အမွန္တကယ္ ယူေဆာင္လာခဲ့သည္။
ေကြၽာ့ခ်င္းက လက္ကိုင္ပဝါကို ဖြင့္ၾကည့္လိုက္ရာ အထဲတြင္ ေငြေရာင္ေတာက္ေနေသာ ဓားပ်ံတစ္လက္ရွိေနၿပီး ဓားက ပါးလႊာၿပီး ေပါ့ပါးပုံရကာ အသြားႏွစ္ဖက္က ထက္ျမေနၿပီး သစ္႐ြက္ႏွင့္ ဆင္တူေနသည္။
ဒီဓားပ်ံက . . . သူမနဲ႔ အရမ္းရင္းႏွီးေနပုံရတယ္ . . . .
ေကြၽာ့ခ်င္း၏ မ်က္ႏွာက အနည္းငယ္ ေျပာင္းလဲသြားၿပီး သူမက "ဒီလက္နက္က သံသယရွိသူရဲ႕ ပစၥည္းလား?"
ရွန္ယုလန္ကလည္း သူမ၏အမူအရာႏွင့္ အသုံးအႏႈန္းက မွားယြင္းေနေၾကာင္းကို ျမင္လိုက္ေသာ္လည္း သူက "ဟုတ္တယ္" ဟု ျပန္ေျဖလိုက္ေသးသည္။
"အဲဒီလူရဲ႕ နာမည္က ခ်မ္က်င္းလား?" ဓားပ်ံက ထူးျခားေပမယ့္ ကမာၻႀကီးက သူမအတြက္ မလိုအပ္ေလာက္ေအာင္ က်ဥ္းလြန္းလွသည္။ ေကြၽာ့ခ်င္းက ထိုလူအတြက္ ကံေကာင္းေစရန္ ဆုေတာင္းေပးခ်င္ေသာ္လည္း အခြင့္အေရးက နည္းပါးလြန္းသည္ကို သူမ သိေနခဲ့သည္။
"ဟုတ္တယ္"
ရွန္ယုလန္၏ ျပတ္သားေသာအေျဖက ေကြၽာ့ခ်င္းကို ေအးစက္သြားေစခဲ့သည္။
တကယ္ကို သူ ျဖစ္ေနခဲ့တာပါပဲ . . . . . . .
❤️❤️❤️Thank you so much for your lovely supports❤️❤️❤️