《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

79.1K 9.1K 577

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၅၂

622 89 2
By wishywish0805

Chapter ● 52 ●

ချန်ခေါ့သည် အနွေးထည်ကို လက်တစ်ဖက်တည်းသာဝတ်ပြီး အပြင်ထွက်လာခဲ့ရခြင်းဖြစ်သည်။ ဒုက္ခိတ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရပြီး၊ အပြင်ရောက်သည်နှင့် မခံနိုင်လောက်အောင် အေးစက်ချမ်းစီးမှုကို ခံစားလိုက်ရသည်။

"နည်းနည်းလောက် သည်းခံလိုက်ပါဦး။ ကားပေါ်ရောက်တာနဲ့ အဆင်ပြေသွားမယ်။ ခဏနေ ဆေးရုံရောက်ရင် အနွေးထည်က ပြန်ချွတ်ရဦးမှာပဲဆိုတော့"

ကျန်းယွီသော်က ပြောလိုက်ခြင်းဖြစ်သည်။

"လခွမ်း သောက်ရမ်းနာတယ်ဟ"

ချန်ခေါ့သည် အံကိုကြိတ်ကာ ပြောလိုက်သည်။ အသိစိတ်က လက်ကောက်ဝတ်ဆီသို့ရောက်သွားသည်နှင့်တပြိုင်နက် နာကျင်မှုက မခံမရပ်နိုင်လောက်အောင်ဖြစ်သွားသည်။ သူသည် ဒီအသက်အရွယ်အထိ ဒီလောက်ပြင်းထန်သော ဒဏ်ရာ မရခဲ့ဖူးသေးပေ။

အမှန်စင်စစ်တွင် အကယ်၍ သာမန်အရိုးကျိုးခြင်းသာဆိုလျှင် ဘာမှကြီးကြီးကျယ်ကျယ် ပြောပလောက်စရာမဟုတ်ပေ။ အဓိကမှာ အရိုးကျိုးရသော အကြောင်းရင်းကြောင့်သာဖြစ်သည်။

ယခုတွင် သူသည် ထိုအကြောင်းရင်းကို ပြန်လည်စဉ်းစားရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။ သူသည် ကျန်းယွီသော်ကို အောက်ဘက်သို့ ဆွဲချလိုက်ပြီး နောက်ဆုံးတွင် ထိုလူအား ကြမ်းပြင်ပေါ်ထိရောက်အောင် အတူတူဆွဲချလိုက်ပြီးနောက် တစ်ဖက်သားအား မိမိအောက်တွင် အခင်းတစ်ခုကဲ့သို့ ခံလိုက်သေးသည့်မြင်ကွင်းမှာ တကယ်ကိုပင် ကြည့်ရက်စရာမရှိလောက်အောင် အရုပ်ဆိုးအကျည်းတန်လှသည်။

ကျန်းယွီသော်တစ်ယောက် ယခုလောလောဆယ်တွင် တည်ငြိမ်အေးဆေးနေပြီး စက်ဆုပ်ရွံရှာခြင်းမရှိသလို စိတ်ဆိုးဒေါသထွက်ခြင်းလည်းမရှိနေသော်လည်း ချန်ခေါ့အတွက်မူ တစ်ကိုယ်လုံးရှိ ဆဲလ်တစ်ခုချင်းစီတိုင်းက အတွင်းမှအပြင်အထိ အားလုံးတို့မှာ ရှက်ရွံ့နေသည်။

ချန်ချင့်က ကားပေါ်တွင် တက်ထိုင်လိုက်သည်။ ချန်ခေါ့လည်း ကားနောက်ခန်းတွင်တက်ထိုင်ရန်လုပ်လိုက်ချိန်တွင် ကျန်းယွီသော်က ချန်ခေါ့နောက်မှနေ၍ ပြောလာသည်။

"ကျွန်တော်တို့နှစ်ယောက် နောက်မှာ ထိုင်လိုက်မယ်"

ချန်ခေါ့သည် "ဒရိုင်ဘာဘေးခုံမှာပဲ မင်းသွားထိုင်လိုက်ပါ" ဟု အလွန်တရာ ပြောချင်နေသော်လည်း သူသည် ကားတံခါးဆွဲဖွင့်သော လှုပ်ရှားမှုတစ်ခုမှစတင်ပြီး၊ ပုံမှန်အသုံးပြုနေကျ လက်တစ်ဖက်က နေ့စဉ်ဘဝတွင် ဘယ်လောက်ထိအရေးပါအရာရောက်သော ဇာတ်ကွက်တွင် ဝင်ရောက်သရုပ်ဆောင်နေရသည်ကို နားလည်သဘောပေါက်သွားတော့သည်။

ကားပေါ်တက်ထိုင်ခြင်းကဲ့သို့သော အလွန်လွယ်ကူရိုးရှင်းသည့်ကိစ္စတွင်တောင်၊ သူသည် ညာဘက်လက်ကို အသုံးမပြုနိုင် မလှုပ်ရှားနိုင်ဖြစ်သွားပြီးနောက်၊ ဦးနှောက်ပျက်စီးသွားသောသူကဲ့သို့ပင် အမှုမဲ့အမှတ်မဲ့ဖြင့် ညာဘက်လက်ကို အသုံးပြုပြီး ကားထိုင်ခုံကို လှမ်းထောက်ရန် လုပ်လိုက်သည်။ လက်ကို တစ်ဝက်ခန့် ဆန့်တန်းလိုက်ပြီးတော့မှ ချန်ခေါ့သည် ထိုလက်ကို အသုံးမပြုနိုင်ကြောင်း ရုတ်ခြည်း သတိပြန်ရသွားသည်။

ချန်ခေါ့က ကားထိုင်ခုံပေါ်သို့ မျက်နှာမှောက်လျက် လဲမကျသွားခင်တွင် ကျန်းယွီသော်က နောက်မှနေပြီး ချန်ခေါ့၏ အင်္ကျီကော်လာကို ဖမ်းကိုင်ပြီး ဆွဲထားလိုက်သည်။

မှောက်လျက်လဲမကျသွားခဲ့သော်လည်း ထိုကဲ့သို့ ရုတ်တရက်ဆောင့်ဆွဲခံလိုက်ရသောကြောင့် ချန်ခေါ့သည် အသက်ရှူရပ်မတတ်ဖြစ်သွားသည်။

"... ... မင်း အားကလည်း ကြီးလိုက်တာ"

ကျန်းယွီသော်က စကားမပြောဘဲ ကားတံခါးကိုပိတ်လိုက်ပြီးနောက် ကား၏ အခြားတစ်ဖက်တံခါးဆီသို့ ပတ်သွားလိုက်သည်။

ချန်ချင့်က နောက်လှည့်ကြည့်ပြီး ချန်ခေါ့အား မြူးထူးစွာမေးလာသည်။

"ခံရခက်တယ်မလား။ ကျွန်တော်လည်း အရင်တုန်းက လက်ကောက်ဝတ်အရိုးကျိုးဖူးတယ်။ လခွမ်းကိုမှ၊ ချေးပါတာတောင် ဖင်ဆေးလို့မရဘူး ... ..."

ချန်ခေါ့သည် တဒင်္ဂအတွင်း ပြောစရာစကားများ ပျောက်ဆုံးသွားသည်။

"ငလူး မင်းက တစ်ချောင်းတည်းရှိတဲ့လက်ကျိုးသွားတာမို့လို့လား"

"ဟင် ..."

ချန်ချင့်က ချန်ခေါ့အားကြည့်နေသည်။ ကြည့်ရသည်မှာ စကားကို နားလည်လိုက်ပုံမရပေ။

"မင်းက လက်တစ်ဖက်ပဲ ကျိုးတာလေ၊ နောက်တစ်ဖက်က သုံးလို့ရနေသေးတယ်မဟုတ်ဘူးလား"

ချန်ခေါ့က အံကြိတ်ပြီး ရှင်းပြနေသည်။ ကျန်းယွီသော် ကားပေါ်ဝင်ထိုင်လိုက်ချိန်တွင် နေရာနည်းနည်းရွှေ့ပေးရန်တောင် သတိမထားမိဘဲ ဖြစ်သွားသည်။

"ကျွန်တော်က လက်နှစ်ဖက်စလုံးကျိုးတာ"

ချန်ချင့်က လက်ဝါးနှစ်ဖက်ကို အိပ်ထမ,တင် လုပ်သကဲ့သို့ လေပေါ်တွင် ထောက်ပြလိုက်သည်။

"ဒီလိုမျိုးအနေအထားနဲ့ နံရံပေါ်ကနေ ပြုတ်ကျတာ"

ချန်ခေါ့က ချက်ချင်းပင် အံ့သြထိတ်လန့်စရာကောင်းသော စိတ်ကူးတစ်ခု ဖြတ်ပြေးသွားသည်။

"အဲဒါဆို မင်းဘယ်လိုလုပ်ပြီး ... ... မဟုတ်မှလွဲရော ကျန်းယွီသော်က ... ..."

"ခင်ဗျား ဘာချေးစကားတွေ လျှောက်ပြောနေတာလဲ"

ကျန်းယွီသော်က ဘေးမှနေပြီး ပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်တော့်အမေက စမတ်ဘိုထိုင်အိမ်သာအဖုံးတစ်ခု ဝယ်ပေးလိုက်တာ။ ခင်ဗျား သိလောက်ပါတယ်။ ဖင်ကို ရေဖြန်းပေးနိုင်တဲ့ ဘိုထိုင်အဖုံးလိုမျိုးလေ။ အရင်ဆုံး ရေဖြန်းပြီး ဖင်ဆေးပေးတယ်။ ပြီးတော့ အခြောက်ခံပေးတာလေ ... ... ခင်ဗျားမှာ ရှိလောက်တယ်ထင်တယ်။ အဲဒါဆို ခင်ဗျား ... ..."

ချန်ခေါ့က ချန်ချင့်၏စကားကို ဖြတ်ပြောလိုက်သည်။

"ငါက ... လက်တစ်ဖက်ပဲ ကျိုးသွားတာ။ နေ့စဉ်အလုပ်တွေကို ထိခိုက်စရာအကြောင်းမရှိဘူး"

"ဟုတ်လား"

ချန်ချင့်က ကားစက်နှိုးလိုက်ပြီး ကားကို ရှေ့သို့မောင်းလိုက်ရင်း မျက်နှာကို ဘေးတစ်ဖက်စောင်းကာ ထပ်ပြောလာပြန်သည်။

"ခင်ဗျားခုနတုန်းက ညာဘက်လက်မရှိဘဲ ကားပေါ်တက်တာတောင် ကားထိုင်ခုံကို သွားနဲ့ခုတ်မိဖို့ နည်းနည်းပဲလိုသွားတာလေ။ အဲဒီထိုင်ခုံက သားရေအစစ်နဲ့နော်။ ခင်ဗျားသွားနဲ့ခြစ်မိလို့ ပျက်စီးသွားရင် လျော်ရမှာ"

"ပါးစပ်ပိတ်ပြီး ကားမောင်းစမ်းပါ"

ကျန်းယွီသော်က ပြောလိုက်သည်။

ချန်ချင့်က တကယ်ကိုပင် စကားနားထောင်လှသည်။ ကျန်းယွီသော်က ပါးစပ်ပိတ်ခိုင်းသောအခါ သူသည် ချက်ချင်းပင် လမ်းကိုသာစိုက်ကြည့်နေပြီး ဘာအသံမှ ထွက်မလာတော့ပေ။

"ပိုက်ဆံယူလာသေးလား"

ကျန်းယွီသော်က မေးလာသည်။

ချန်ခေါ့က ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အင်း။ ကတ်ယူလာတယ်"

"တော်တော်ရောင်နေတာပဲ"

ကျန်းယွီသော်က ချန်ခေါ့၏ လက်ကောက်ဝတ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"... ... အရမ်း နာတယ်"

ချန်ခေါ့လည်း ကိုယ့်လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ခဏအတွင်းတွင် နာကျင်မှုကို စတင်ခံစားလိုက်ရပြန်သည်။ စောစောက ချန်ချင့်နှင့်စကားပြောနေစဉ်က ထိုမျှလောက် မခံစားရပေ။

ကျန်းယွီသော်က အသံတိုးတိုးနှင့် ပြောလာသည်။

"ကိစ္စမရှိဘူး။ အလွန်ဆုံးမှ တစ်လလောက်ပဲခံရမှာ"

ချန်ခေါ့သည် ရှေ့လာမည့် တစ်လအတွင်း ညာဘက်လက်ကို အသုံးမပြုနိုင် မလှုပ်ရှားနိုင်သည့်အကြောင်းကို တွေးတောမိသည်နှင့် မျက်စိတစ်မှိတ်အတွင်းတွင် လူတစ်ကိုယ်လုံးက စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဤကဲ့သို့သော အခြေအနေကိုဖြစ်ပေါ်လာစေသော အကြောင်းရင်းကို တစ်လက်စတည်း ထပ်စဉ်းစားမိသော် ပို၍တောင် စိတ်လေသွားသည်။ ဤကဲ့သို့ စိတ်ကုန်ခမ်းသည်နှင့်တပြိုင်နက် သူသည် စကားပြောချင်စိတ်လည်း မရှိတော့ပေ။

.

ဆေးရုံသွားသောလမ်းကို ကျန်းယွီသော်က ဖြတ်သန်းသွားလာလေ့မရှိပေ။ တခါတရံတွင် ချန်ချင့်က ထိခိုက်ဒဏ်ရာရလျှင် ချန်ချင့်နှင့်အတူတော့ လာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒဏ်ရာရသူက တခြားသူမဟုတ်ဘဲ ချန်ချင့်ဖြစ်နေသည်မဟုတ်ပါလား။ သို့သော်လည်း ချန်ချင့်နှင့်အတူ အဖော်ပြုပြီး ဆေးရုံထဲသို့ လိုက်ဝင်ရန် နောက်ထပ် နောက်လိုက်ငတိနှစ်ယောက်ခန့်ကိုပါ ခေါ်လာလေ့ရှိပြီး သူကိုယ်တိုင်ကမူ ဆေးရုံးထဲသို့ မဝင်ပေ။

ကားက ဆေးရုံ၏ကားပါကင်အပေါက်နားသို့ရောက်လာပြီးနောက် ချန်ချင့်က ကားကိုရပ်လိုက်သည်။

"ငါတို့နှစ်ယောက် ဝင်သွားလိုက်မယ်။ စန်းကောက ကားကို ပါကင်သွားထိုးလိုက်"

"အင်း"

ကျန်းယွီသော်က ကားပေါ်မှဆင်းပြီး ဒရိုင်ဘာခုံနားသို့သွားပြီး ချန်ချင့်အား မှာစရာရှိသည်ကို မှာနေသည်။

"တိုကင်နံပါတ်ယူတာ ဆေးစစ်တာတွေအားလုံးကို မင်းနောက်က လိုက်လုပ်ပေးလိုက် ......"

ကျန်းယွီသော်သည် ကိုယ့်လက်ကောက်ဝတ်ကိုပွေ့ပိုက်ပြီး ကားပေါ်မှဆင်းရန် ရုန်းကန်နေသည့် ချန်ခေါ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဆေးရုံထဲမှာ ဆရာဝန်ကို ဘယ်လိုပြရမလဲဆိုတာ သူသိမှာမဟုတ်ဘူးလို့ ငါသံသယဝင်နေမိတယ်"

"လုံးဝ သိမှမဟုတ်ဘူး။ ပြောလို့မရဘူး၊ ဆရာဝန်ကိုတောင် အိမ်အထိ ပင့်ပြီး ခေါ်ချင်ခေါ်နေမှာ။ မင်း စိတ်ချနေလိုက်ပါ။ ငါသူ့ကို လိုက်ကူလုပ်ပေးလိုက်မယ်။ မင်းက ကားပေါ်မှာ ခဏအိပ်နေလိုက်"

ချန်ချင့်က အသံတိုးတိုးနှင့်ပြောလိုက်သည်။

ကျန်းယွီသော်က "အင်း" ဟုပြောလိုက်ပြီးနောက် ကားထဲသို့ ဝင်လိုက်သည်။ ချန်ခေါ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကားကို ပါကင်ထဲသို့ မောင်းဝင်သွားလိုက်သည်။

ကားပါကင်ထဲတွင် ကားကို နှစ်ပတ်ခန့် ပတ်မောင်းလိုက်ပြီးနောက် ကျန်းယွီသော်က ပါကင်အဝင်ပေါက်နားရှိ ထောင့်ချိုးတစ်ခုနားတွင် အမျိုးသားတစ်ယောက်က ကားကို မောင်းထွက်သွားရန်လုပ်နေသည်ကို တွေ့လိုက်ရသည်။ သို့နှင့် သူသည် ကားကို ရပ်လိုက်ပြီး ထိုကားပါကင်နေရာကို စောင့်နေလိုက်သည်။

သို့သော် ထိုအမျိုးသားသည် ကားပေါ်တက်လိုက်ပြီးနောက် လုံခြုံရေးခါးပတ်လည်း ပတ်ပြီးသွားတာတောင် ကားကို မောင်းထွက်မသွားသေးပေ။ ကားပေါ်တွင် ဟိုစမ်းဒီစမ်းလုပ်နေလိုက်ပြီးနောက် နောက်ဆုံးတွင် စီးကရက်တစ်လိပ်ကိုတောင် မီးညှိလိုက်သေးသည်။

ကျန်းယွီသော်က ကားဟွန်းကို ခပ်ဖွဖွ တစ်ချက် တီးလိုက်သည်။ ထိုလူသည် လှုပ်တောင်မလှုပ်သည့်အပြင် အလွန် တည်ငြိမ်အေးဆေးစွာ ဆေးလိပ်ကို အေးအေးသာသာ ဖွာနေသည်။ ကားပြတင်းဖွင့်ကာ ဆေးလိပ်မီးခိုးတောင် မှုတ်ထုတ်လိုက်သေးသည်။

ပုံမှန်အချိန်များတွင် ကျန်းယွီသော်သည် သူ့နောက်လိုက်ငတိများအား စိတ်လိုက်မာန်ပါဖြင့် ထင်တိုင်းကြဲပြီး ရမ်းသမ်းပြဿနာမရှာရန် မှာလေ့ရှိသည်။ အထူးသဖြင့် မတော်မတရားဖြစ်နေချိန်တွင်ဖြစ်သည်။ သို့သော်လည်း သူကိုယ်တိုင်၏ ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းပုံစံကလည်း ဘယ်လောက်မှ သာလွန်ကောင်းမွန်နေသည်တော့မဟုတ်ပေ။

တံခါးဖွင့်ပြီး ကားပေါ်မှဆင်းလာချိန်တွင် ကျန်းယွီသော်သည်၊ တစ်နေ့နေ့ အခွင့်အရေးကြုံပါက အလွန်တရာ သိက္ခာရှိသော လူယဉ်ကျေး ပညာတတ်သခင်လေး ချန်ခေါ့အား ယခုကဲ့သို့သောကိစ္စမျိုးနှင့်ကြုံတွေ့လျှင် သူတို့သခင်လေးများအနေဖြင့် ဘယ်လိုဖြေရှင်းကြလဲလို့ မေးကြည့်ရမည့်အကြောင်း တွေးနေသည်။

ကျန်းယွီသော်သည် ထိုကား၏ ပြတင်းပေါက်နားသို့သွားပြီး ကားထဲမှလူကို ကြည့်ကာ မေးလိုက်သည်။

"ဒီက အစ်ကို၊ လူစောင့်နေတာလား ဒါမှမဟုတ် သွားမှာလား"

"သွားမှာ"

အထဲမှလူက ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်ပြီ"

ကျန်းယွီသော်က ခေါင်းညိတ်ပြောလိုက်ပြီးနောက် ဘေးနားရှိ သစ်ပင်အောက်သို့ ဆုတ်လိုက်ပြီး ရပ်စောင့်နေလိုက်သည်။

ထိုလူက ဖြည်းညင်းလေးပင်စွာ ဆေးလိပ်ကို ကုန်အောင်သောက်လိုက်ပြီးနောက် ထိုနေရာတွင် ဆက်ထိုင်နေသည်။

ကျန်းယွီသော်က နောက်ထပ် ခဏထပ်စောင့်နေလိုက်သည်။ ထိုလူက တမင်သက်သက်လုပ်နေကြောင်း သေချာတော့မှ ထိုနားသို့ လျှောက်သွားလိုက်သည်။

ထိုလူက လှည့်ကြည့်လာသည်။ မျက်နှာပေါ်မှ စိတ်မရှည်သော မထီမဲ့မြင်အမူအရာကို အပြည့်အဝတောင် မတပ်ဆင်ရသေးခင် ကျန်းယွီသော်က ကားတံခါးကို ဆွဲဖွင့်လိုက်ပြီဖြစ်ကာ ထိုလူ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး ကိုယ်ပေါ်ပိုင်းကို ကားထဲမှ ဆွဲထုတ်လိုက်သည်။

"ငါ နောက်တစ်ခါထပ်မေးမယ်။ မင်း တကယ်လို့ သွားမယ်ဆိုရင် ငါ စောင့်နေမယ်။ တကယ်လို့ မင်းမသွားဘူးဆိုရင်လည်း ပါးစပ်ကပြော"

ကျန်းယွီသော်က အသံငြိမ်ငြိမ်နှင့်ပြောလိုက်သည်။

"လခွမ်း ငါ့ဘာသာငါ သွားသွား မသွားသွား မင်းအပူ ဘယ်နှပြားပါလဲ"

ထိုလူက လက်တစ်ဖက်ဆန့်ပြီး ဒရိုင်ဘာဘေးခုံမှ တစ်ခုခုကို လှမ်းဆွဲကိုင်ရန် ကြိုးပမ်းနေသည်။

ကျန်းယွီသော်က လှမ်းကြည့်လိုက်သောအခါ ဒရိုင်ဘာဘေးထိုင်ခုံပေါ်တွင် သတ္တုပိုက်တစ်ချောင်းတင်ထားသည်ကို တွေ့လိုက်သည်။

"သွားယူလိုက်"

ကျန်းယွီသော်က ထိုလူကို အားပါပါဖြင့် ကားထဲသို့ ပြန်တွန်းထည့်လိုက်ပြီး လက်ကို ဖြေလျှော့လိုက်သည်။

ထိုလူက စကားနားထောင်စွာပင် ကားခါးပတ်ကိုချွတ်ပြီးနောက် ထိုရေပိုက်ကို ကမန်းကတန်းလှမ်းယူလိုက်သည်။ ထိုလူ လှည့်လာချိန်တွင် ထိုရေပိုက်က သူ့မျက်နှာဆီသို့ဦးတည်ပြီး ထိုးချိန်လာသည်ကို ကျန်းယွီသော် တွေ့မြင်လိုက်ရသည်။

ကျန်းယွီသော်သည် သူ့ဘက်ရှိ ရေပိုက်အစွန်းတစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး ရေပိုက်ကို ထိုလူလက်ထဲမှ လုယူလိုက်ချိန်တွင် ဘယ်လောက်မှ အားမသုံးလိုက်ရပေ။ ထိုလူ၏ ရေပိုက်ကိုင်ထားသောလက်သည် မူလအတိုင်းပင် ကျန်းယွီသော်ဆီသို့ ရေပိုက်လှမ်းချိန်ထားသော အနေအထားအတိုင်း ရှိနေသည်။ ကျန်းယွီသော်က ရေပိုက်ကို အောက်သို့နှိမ့်ချပြီး ထိုလူ၏ ပေါင်ကြားထဲသို့ ထိုးလိုက်သည်။

ကျန်းယွီသော်က ထိုကဲ့သို့သောလူမျိုးကို တော်တော်များများတွေ့ဖူးခဲ့ပြီဖြစ်သည်။ ဖြီးဖြန်းလိမ်လည်လာသည့်အချိန်ကြာလာသည့်နှင့်အမျှ ကိုယ့်ကိုယ်ကိုလည်း လှည့်ဖြားမိသည့် လူစားမျိုးဖြစ်သည်။ သူသည် ထိုလူကိုကြည့်ပြီး မေးလိုက်သည်။

"သွားမှာလား၊ မသွားဘူးလား"

"သွားမယ် သွားမယ်။ မသွားဘူးလို့ ငါပြောလို့လား။ မင်း ဒါ ဘာလုပ်တာလဲ။ ဓားပြတိုက်တာလား"

ထိုလူက လှုပ်လည်းမလှုပ်ရဲဘဲ ကျန်းယွီသော်အားကြည့်နေသည်။

ကျန်းယွီသော်က ရေပိုက်ကို ကားအပြင်ဘက်သို့ ပစ်ထုတ်လိုက်ကာ နောက်တစ်လှမ်း ဆုတ်လိုက်ပြီနောက် ကားတံခါးကို ပိတ်လိုက်သည်။

ထိုလူက ကားကို အလျင်အမြန်ပင် စက်နှိုးလိုက်ပြီးနောက် တစ်ဆက်တည်းတွင် ပါကင်နေရာမှ မောင်းထွက်လိုက်ပြီးနောက် ကားပါကင်ထဲမှ ကွေ့ထွက်ပြီး မောင်းထွက်သွားသည်။

ကျန်းယွီသော်က ကားကို ထိုပါကင်နေရာတွင် ဝင်ရပ်လိုက်ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ကားပါကင်ထဲတွင် မညီမညာဖြင့် ပါကင်ထိုးရပ်ထားကြသော ကားများကို ကြည့်နေသည်။

ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ဆေးရုံကားပါကင်သည် အမြဲတမ်းလိုလိုပင် ကားပြည့်နေတတ်သည်။

နေ့တိုင်းပင် မရေတွက်နိုင်သော လူပေါင်းများစွာက ဆေးရုံထဲသို့ ဝင်လာကြသည်။ လူများလွန်း၍ ပိုးသတ်ဆေးအနံ့ကိုပင် နစ်မြုပ်ငုပ်လျှိုးစေသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် မသာယာ၊ မချမ်းမြေ့မှုကို ရေးသားထားသည်။

ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။

ဟုတ်တယ်လေ။ ဆေးရုံက ဘယ်လိုလုပ်ပြီး သာယာချမ်းမြေ့နိုင်မှာလဲ။

ဒါပေမယ့် သူကိုယ်တိုင်ကရော ဘာဖြစ်လို့ ဆေးရုံကို ကြောက်လန့်ရတာလဲ။

သူ့အနေဖြင့်မှတ်မိလိုသောဆန္ဒမရှိသော်လည်း မှတ်မိနေသော ထိုမှတ်ဉာဏ်များထဲတွင် ဆေးရုံကို ဘာကြောင့်ကြောက်နေရလဲဆိုသည်ကိုတော့ သူမမှတ်မိနေပေ။

ကျန်းယွီသော်သည် သက်ပြင်းခပ်ဖွဖွတစ်ခုကို မှုတ်ထုတ်လိုက်သည်။ မျက်နှာချင်းဆိုင်ရှိ လူနာဆောင် အဆောက်အဦးကိုကြည့်ပြီး ငေးမောနေသည်။

ချန်ချင့်က ကျန်းယွီသော်ဆီဖုန်းဆက်လာပြီး ချန်ခေါ့၏ဒဏ်ရာက ပြင်းထန်သည့်အထဲတွင် မပါကြောင်းကို အသိပေးလာသည်။

သို့သော် ဒဏ်ရာက မပြင်းထန်သော်လည်း ဆေးရုံထဲတွင် အချိန်တော်တော်ယူလိုက်ရသည်။ ချန်ခေါ့နှင့် ချန်ချင့်တို့ ကားပါကင်အပေါက်မှ လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ကျန်းယွီသော်သည် သုံးရေးခန့် အိပ်ပြီးသွားပြီဖြစ်သည်။ အပြင်တွင် မိုးလည်း ချုပ်စပြုနေပြီ။

ကျန်းယွီသော်က မတ်မတ်ပြန်ထိုင်လိုက်ကာ ကားမီးကို လက်ခနဲဖွင့်ပြကာ မိမိရှိသည့်နေရာကို အသိပေးလိုက်သည်။

ချန်ချင့်က သည်ဘက်သို့ ညွှန်ပြလိုက်ပြီး၊ ချန်ခေါ့သည် စည်းနှောင်ထားသောလက်ကို မ,သယ်ပြီး သည်ဘက်ဆီသို့ လျှောက်လာနေသည်။

"ဘယ်လိုနေလဲ"

ကျန်းယွီသော်က ကားပေါ်မှဆင်းလိုက်သည်။

"လက်ဖျင်ရိုးကျိုးသွားတာ။ ကျောက်ပတ်တီးကို ၆ ပတ် စည်းရမယ်လို့ ပြောလိုက်တယ်။ ပြီးတော့ သောက်ဖို့ဆေးလည်း နည်းနည်းပေးလိုက်တယ်။ ၆ ပတ်ပြီးသွားရင် ဓါတ်မှန်ရိုက်ပြီး အရိုးအခြေအနေကို ပြန်ကြည့်မယ်တဲ့။ ဘာပြဿနာမှမရှိတော့ရင် ကျောက်ပတ်တီးဖြေမယ်တဲ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်ကောင်းဖို့ကို လေ့ကျင့်ခန်းတွေ ဘာတွေလုပ်ရဦးမယ်တဲ့ ... ..."

"မင်းခုနကပြောတာ ဘာအရိုးဆိုလား။ လက်ဖျင်ရိုးက ဘယ်နားမှာလဲ"

"လက်ဖျံရိုး။ ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ဘူး။ သွားရအောင်။ ငါ ပင်ပန်းလို့သေတော့မယ်"

ချန်ခေါ့က သက်ပြင်းချလိုက်သည်။

"ဖျင်နဲ့ဖျံနဲ့က အတူတူပဲ မဟုတ်ဘူးလား။"

ပြောပြီးနောက် ချန်ချင့်က ကားပေါ်သို့တက်လိုက်သည်။

[T/N : အပေါ်မှာ ချန်ချင့်ပြောသွားတဲ့ လက်ဖျင်ရိုးဆိုတာကလေ အိုင်က ဖတ်ရတာလွယ်အောင် ကိုယ့်ဟာကိုယ် ဖန်တီးလိုက်တာပါ။ အမှန်တော့ လက်ဖျံရိုးကို တရုတ်လို 舟骨 zhōu gǔ (ကျိုးကူ) လို့ခေါ်တယ်။ အဲဒီလို "ကျိုးကူ" လို့နှစ်လုံးတွဲပြောမှ လက်ဖျံရိုးဖြစ်တာ။ "ကျိုး" တစ်လုံးတည်းဆိုရင် "လှေ" ဆိုတဲ့အဓိပ္ပါယ်၊ "ကူ" ဆိုတာက "အရိုး"။ ချန်ချင့်က လက်ဖျင်ရိုးဆိုပြီး မှားပြောလိုက်တာမှာ မူရင်းဝတ္ထုထဲမှာက 船骨 chuán gǔ (ချွမ်ကူ) လို့ပြောလိုက်တာ။ အဲဒီမှာ "ချွမ်" ဆိုတာက "သင်္ဘော" ကိုပြောတာ။ ဆရာသမားက အဓိပ္ပါယ်ဆင်တူနေတဲ့ လှေနဲ့သင်္ဘော စာလုံးနှစ်လုံးကို ရောချပြီး အတူတူပဲကွာဆိုပြီး ဖြီးလိုက်တာပါ။]

"ခင်ဗျားကပဲ ပင်ပန်းတယ်လို့ အော်ရတယ်ရှိသေးတယ်။ ကျွန်တော်က ဟိုပြေးဒီပြေးလုပ်ပြီး တိုကင်နံပါတ်ယူလိုက်၊ ငွေရှင်းလိုက်၊ ဆေးသွားယူပေးလိုက်နဲ့ပြေးခဲ့တာတောင် ပင်ပန်းတယ်လို့ မပြောရသေးဘူး"

"ကျေးဇူးတင်ပါတယ်ကွာ"

"ကျေးဇူးတင်မနေပါနဲ့တော့။ ဒီနာရီပိုင်းအတွင်းမှာ ခင်ဗျား ကျေးဇူးတင်နေတာ အခေါက် ၈၀ လောက်နေပြီ"

.

ချန်ခေါ့သည် ကိုယ့်လက်မောင်းကိုကိုယ် မ,ကိုင်ကာ ကားပေါ်သို့တက်လိုက်သည်။

ကျန်းယွီသော်က ကားပေါ်တက်လာပြီးနောက် ချန်ခေါ့လက်တွင် စည်းထားသော ကျောက်ပတ်တီးကို စိတ်ပါဝင်စားစွာ ကြည့်နေသည်။ ထို့နောက် လက်ညွှန်ရင်းမေးလာသည်။

"အရိုးကျိုးသွားတာက ဒီနားတစ်ဝိုက်မဟုတ်ဘူးလား"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"အဲဒါဆို ဘာဖြစ်လို့ လက်မ ကိုပါ ကျောက်ပတ်တီးစည်းပေးလိုက်တာလဲ"

"ပြောတာကတော့ လက်ဖျံရိုးကို ပြန်ညှိရမယ်တဲ့။ အဲဒါနဲ့ပဲ တစ်ခါတည်းအတူတူ စည်းလိုက်တယ်လို့ ထင်တာပဲ"

"ဪ"

ကျန်းယွီသော်က လက်ဆန့်လာပြီး ကျောက်ပတ်တီးပေါ်သို့ တစ်ချက်တောက်လိုက်သည်။

"ဒါက အရင်တစ်ခေါက် ချန်ချင့်ဖြစ်တဲ့ဟာနဲ့ အတူတူလောက်ပဲ။ အရင်က သူကျိုးတာက ဘာလက်ကောက်ဝတ် အရိုးအဆုံးဆိုလားပဲ။ လက်နှစ်ဖက်စလုံး မြှောက်ထားရတာ။ ခင်ဗျားလက်ကတော့ တော်တော်လေးကို အခြေအနေကောင်းနေသေးတယ်"

"ဟုတ်တယ်"

ချန်ခေါ့က ရယ်လိုက်သည်။

ချန်ချင့်က ကားမောင်းနေရင်းဖြင့် အချိန်ကိုကြည့်လိုက်ပြီး ပြောလာသည်။

"ဒီအချိန်တောင်ရောက်နေပြီ။ ထမင်းအရင်သွားစားလိုက်ပြီးမှ ခင်ဗျားကို အိမ်ပြန်လိုက်ပို့လိုက်မယ်လေ"

"ရပါတယ်ကွာ။ အိမ်ပြန်ပြီးတော့ အဆင်ပြေတာပဲ စားလိုက်မယ်။"

ချန်ချင့်က နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အော် ဟုတ်သားပဲ။ ခင်ဗျားလက်က ဒီလိုဖြစ်နေတာကို မေ့သွားတယ်။ အဲဒါဆို စန်းကောအိမ်ကိုပဲ တစ်ခါတည်းပြန်လိုက်ပြီးတော့ သူ့ကို ခွံ့ကျွေးခိုင်းလိုက်။ ကျွေးပြီးတော့မှ ခင်ဗျားအိမ် ခင်ဗျားပြန်ပေါ့"

"မင်းဘာသာမင်း ကားမောင်းစရာရှိတာမောင်းစမ်းပါ။ ဘာအထိန်းတော်ရောဂါတွေ ထနေတာလဲ။ ထမင်းကျွေးတဲ့ကိစ္စကိုလည်း လာစီစဉ်ချင်နေတယ်"

ကျန်းယွီသော်က ပြောလိုက်ခြင်းဖြစ်သည်။

ထမင်းစားသည့်အကြောင်းကိုစဉ်းစားမိသော် ချန်ခေါ့သည် အနည်းငယ်တော့ စိတ်ပူသလိုဖြစ်သွားသည်။ ဘယ်လက်ဖြင့် ဇွန်းများ ခက်ရင်းများကို ကိုင်၍တော့ အဆင်ပြေသည်။ ... ... ယခုနောက်ပိုင်း အစားအသောက်ပါဆယ်ပို့သောဆိုင်များလည်း ဇွန်းခက်ရင်းများကို မပါမဖြစ်ထည့်ပေးလာကြပြီ။

အမှန်တကယ်တွင် ထမင်းစားခြင်းအရေးကိစ္စသာမဟုတ်၊ သေသေချာချာစဉ်းစားလိုက်လျှင် ရှိသမျှသော ကိစ္စအားလုံးနီးပါးအတွက် အနှောင့်အယှက်ဖြစ်သွားမည်။ အဝတ်အစား ဝတ်ဆင်ခြင်း၊ ပစ္စည်းတစ်ခုခုကို ယူခြင်း၊ ရေချိုးခြင်း ... ... တော်ပြီ၊ မစဉ်းစားတော့ဘူး။ ကြုံတွေ့လာတော့မှ ထပ်စဉ်းစားတော့မည်။

ကျန်းယွီသော်၏အိမ်သို့ရောက်လာပြီးနောက် ချန်ချင့်က ကားပေါ်မှတောင် မဆင်းဘဲ တစ်ခါတည်း ပြန်ထွက်သွားသည်။

ကားမောင်းထွက်သွားသည်ကို ကြည့်နေရင်း ချန်ခေါ့သည် ချန်ချင့်အား လွှတ်ပေးလိုက်ရသည်ကို ဝန်လေးနေမိသည်။ ချန်ချင့်ရှိနေလျှင် ဘယ်လိုပဲဖြစ်ဖြစ် မိမိနှင့်ကျန်းယွီသော်တို့ကြားက ကသိကအောက် အိုးတိုးအမ်းတမ်းခံစားမှုက နည်းနည်းခံသာသေးသည်။

နောက်တစ်မျိုးပြောရလျှင်၊ ချန်ခေါ့အနေနှင့် ထိုမျှလောက် ကသိကအောက် မဖြစ်ရပေ။

ကျန်းယွီသော်ကိုကြည့်ရသည်မှာ ပုံမှန်အတိုင်းဖြစ်နေသည်။ တံခါးဖွင့်ပြီး အိမ်ခန်းထဲရောက်လာပြီးနောက် အရင်ဦးဆုံး မြောင်ကို အစာကျွေးလိုက်သည်။ ထို့နောက် ဖုန်းကိုကိုင်ပြီး ချန်ခေါ့အားကြည့်ပြီးပြောလာသည်။

"ပါဆယ်ပဲ မှာစားလိုက်တော့မယ်။ ဒီအချိန်ကျမှ ချက်ဖို့က နောက်ကျနေပြီ"

ချန်ခေါ့က အင်တင်တင်ဖြစ်နေသည်။

"အင်း။ တကယ်တော့ ငါ ... ..."

"ထမင်းအရင်စားလိုက်ပြီးတော့မှ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ကြတာပေ့ါ"

ကျန်းယွီသော်က ချန်ခေါ့၏လက်ကိုကြည့်ရင်း ဆက်ပြောသည်။

"ခင်ဗျား ဒဏ်ရာကလည်း တကယ့်နေရာကိုမှ သွားဖြစ်ရတယ်လို့"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။ လက်တစ်ဖက်တွင်သာ စွပ်၍ ဝတ်ထားသော အနွေးထည်ကို ခါချွတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာ ကြောင်စာကို အားရပါးရစားနေသော မြောင်ကို ကြည့်နေသည်။

ကျန်းယွီသော်က ပါဆယ်အစားအစာမှာလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

လှုပ်ရှားနေသည့်အသံအရ နေ့လယ်က စားသောက်ပြီးနောက် ဆေးကြော၍မပြီးသေးသော အိုးခွက်ပန်းကန်များကို ဆက်လက်ဆေးကြောနေပုံရသည်။

ချန်ခေါ့သည် ကျန်းယွီသော်အား ကြမ်းပြင်ပေါ်တွင် ဖိတ်ကျပြီး ခြောက်ကပ်သွားသော ပန်းကန်ဆေးဆပ်ပြာရည်က အကယ်၍ရေထိသွားလျှင် ကြမ်းပြင်က ချောနိုင်ခြေရှိသေးသည်ဆိုသည့်အကြောင်းကို သတိပေးချင်နေသည်။ သို့သော် သူသည် ပါးစပ်ဟရန် အားနာနေသည်။

အတန်ကြာအောင် ချီတုံချတုံဖြစ်နေပြီး အံကြိတ်ရင်း တစ်ခွန်းလောက်တော့ပြောလိုက်မှပါပဲ ဟု တွေးတောနေရင်းပင် ကျန်းယွီသော်က ကြမ်းသုတ်နေသည့်အသံကို ကြားလိုက်ရသည်။ ထိုတော့မှသာ ချန်ခေါ့လည်း စိတ်သက်သာရသလို အသက်ကို ရှူထုတ်လိုက်သည်။

ကျန်းယွီသော်က မီးဖိုချောင်ထဲမှထွက်လာချိန်တွင် ပစ္စည်းတစ်ခုကိုပါ ယူလာပြီး စားပွဲပေါ်တွင် တင်လိုက်သည်။

"ခင်ဗျား ခဏနေကျရင် ဒါနဲ့ ထမင်းစားလိုက်"

"အာ ..."

ချန်ခေါ့က ခက်ရင်းတစ်ချောင်းကို တွေ့လိုက်သည်။

"ညကျရင် ခင်ဗျား ဟိုဘက်ကဟိုတယ်ကိုပဲ ပြန်ရဦးမှာလား"

"... ... အင်းလေ"

"ဒီဘက်မှာဘဲ တစ်ညအိပ်လိုက်ပြီးတော့ မနက်ဖြန်ကျမှပဲ ပစ္စည်းသွားသိမ်းလိုက်ပေါ့။ ကျွန်တော်လိုက်သွားပေးမယ်။ ခင်ဗျားလက်ကလည်း ပစ္စည်းသိမ်းဖို့ အဆင်မပြေတော့ဘူး"

ချန်ခေါ့က အသံမထွက်ဘဲ တိတ်ဆိတ်နေသည်။ ကျန်းယွီသော်က မနက်ဖြန်တွင် ချန်ခေါ့ ပြန်ပြောင်းလာဖို့ကို သူ့ဘာသာသူ သတ်မှတ်လိုက်ပြီ...။

ချန်ခေါ့က ပြန်ပြောင်းလာချင်သော်လည်း သူ့အနေဖြင့် ဒွိဟဖြစ်နေသော ချီတုံချတုံစိတ်က ရှိနေဆဲဖြစ်သည်။ သူသိချင်နေသော မေးခွန်းအားလုံးအတွက် တိကျသောအဖြေတစ်ခု မရှိနေသေးပေ။ သို့သော်လည်း ကျန်းယွီသော်က ဤကဲ့သို့ပြောလာသောအခါတွင် ချန်ခေါ့ကလည်း တခြားစကား ထပ်ပြောမထွက်လာတော့ပေ။

"ခင်ဗျားကို မေးနေတယ်လေ"

"အေးပါကွာ"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

ပါဆယ်အစားအသောက်များ ရောက်လာသောအခါ ကျန်းယွီသော်က ထမင်းဟင်းတို့ကို စားပွဲပေါ်တွင် နေရာချလိုက်သည်။ အစားအသောက်များက အတော်လေးကို ပြည့်ပြည့်စုံစုံရှိလှသည်။ အမြန်စား ဟင်းများမဟုတ်ဘဲ တိုက်ရိုက်မှာယူချက်ခိုင်းသော ဟင်းများဖြစ်သည်။ ကြည့်ရသည်မှာ ချန်ခေါ့စားရလွယ်ရန် မှာလိုက်ပုံရသည်။ အဓိကအစားအစာအတွက် ဝက်သားကင်ညှပ်ပေါက်စီကိုလည်း မှာထားသေးသည်။

ချန်ခေါ့သည် ထမင်းစားပွဲနားတွင် ဝင်ထိုင်လိုက်ပြီး ညာဘက်လက်ကို စားပွဲပေါ်တွင် တင်လိုက်သည်။ ဘယ်လက်ဖြင့် ခက်ရင်းကိုင်လိုက်ပြီး ချိန်ဆကြည့်လိုက်သည်။

"အမှန်အတိုင်းပြောရရင် ပုံမှန်ဆို ငါ့ဘယ်လက်က တော်တော်လေး သုံးရလွယ်တဲ့အထဲမှာပါတယ်။ ဒါပေမဲ့ တကယ်တမ်း တစ်ခုခုလုပ်ရမယ်လည်းဆိုရော ဘယ်လက်က သူများလက်ငှားသုံးနေရသလို ဖြစ်သွားတာပဲ"

"ခင်ဗျားကို ခွံ့ကျွေးရမလား"

ကျန်းယွီသော်က ချန်ခေါ့အား ကြည့်ရင်းမေးလိုက်သည်။

"မလိုဘူး မလိုဘူး မလိုဘူး မလိုဘူး မလိုဘူး ... ..."

ချန်ခေါ့ဆီမှ ကမန်းကတန်း ငြင်းဆိုမှု တစ်သီတစ်တန်းကြီးထွက်လာသည်။

"ငါ အဲဒီသဘောနဲ့ပြောချင်တာမဟုတ်ဘူး။ ဒီအတိုင်းပဲ စိတ်ထဲဖြစ်လာတာကို ပြောလိုက်တာ"

ကျန်းယွီသော်က ရယ်လိုက်သည်။

ချန်ခေါ့က ခက်ရင်းဖြင့် အစားအသောက်ကို စတင်ထိုးကော်ယူလိုက်သောအချိန်တွင် ကျန်းယွီသော်က သူ့အား တောက်လျှောက် စိုက်ကြည့်နေသည်။

"ဘာဖြစ်လို့လဲ"

သုံးလေးလုပ်ခန့် စားလိုက်ပြီးနောက် ချန်ခေါ့က မနေနိုင်ဘဲ မေးလိုက်သည်။

"ပြုတ်ကျမလားလို့ စောင့်ကြည့်ကြည့်နေတာ"

"ကလေးကလားဆန်လိုက်တာ။"

ပြောပြီးနောက် ချန်ခေါ့က နောက်ထပ် နံရိုးတစ်တုံးကို ခက်ရင်းနှင့် ထိုးကော်လိုက်သည်။

"မြင်လား။ ပြုတ်မကျဘူး"

ကျန်းယွီသော်က "အင်း" ဟု ဆိုကာ ခေါင်းငုံ့ပြီး အစားအသောက်ကို စစားတော့သည်။

ဆယ်မိနစ်လောက် ကုန်ဆုံးသွားပြီးနောက် ကျန်းယွီသော်က ကိုင်ထားသောတူကို ချလိုက်သော် ပန်းကန်လုံးနှစ်လုံးစာ ထမင်းကလည်း ပြောင်သလင်းခါသွားသည်။

ချန်ခေါ့က ခက်ရင်းကိုကိုင်ထားရင်း ကျန်းယွီသော်ကို အံ့သြစွာကြည့်နေသည်။

"မင်း ... ... စားလို့ ပြီးပြီပေါ့"

ကျန်းယွီသော်က တစ်ရှူးတစ်ရွက်ယူပြီး ပါးစပ်သုတ်လိုက်သည်။

"ဟုတ်တယ်လေ။ ကျွန်တော် ထမင်းစားရင် အမြဲတမ်း ဒီလိုပဲ တော်တော်မြန်တယ်"

"မင်းက ကမန်းကတန်းမြန်မြန်ပြီးအောင်စားပြီးတော့ ငါစားတာ စားပွဲပေါ် ပြုတ်ကျမပြုတ်ကျကို စောင့်ကြည့်ချင်တာတော့ မဟုတ်ဘူးမလား"

"ခင်ဗျား ကျွန်တော့်ထက် ကလေးကလားဆန်မဆန်ဆိုတာကို ကိုယ့်ဟာကိုပဲ ပြန်စဉ်းစားကြည့်လိုက်တော့"

ကျန်းယွီသော်က ရယ်လိုက်သည်။

ချန်ခေါ့သည် အတော်လေးကို ဗိုက်ဆာနေခြင်းဖြစ်ကာ ကျန်းယွီသော်နှင့် များများစားစား ထပ်မပြောဖြစ်တော့ဘဲ ခေါင်းငုံ့ပြီးသာ ထမင်းဆက်စားနေသည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ၊ အရိုးကျိုးသည့်နေရာက အစာအိမ်မဟုတ်ဘဲ လက်ကောက်ဝတ်ဖြစ်နေလျက်သားနှင့်၊ ချန်ခေါ့က ဘယ်လောက်မှ မစားလိုက်ရသေးမီ စားချင်စိတ်မရှိတော့ပေ။ ဝက်သားကင်ညှပ်ပေါက်စီကိုလည်း တစ်လုံးသာ စားလိုက်သည်။

ယနေ့တွင် ဖြစ်ခဲ့သော ကိစ္စကြောင့်ဖြစ်ချင်ဖြစ်လိမ့်မည်။ အနှီကိစ္စမှာ သာမန်နှင့်မတူဘဲ တစ်မူထူးဆန်းနေသောကြောင့် ချန်ခေါ့က တင်းကျပ်နေသောစိတ်ကို မဖြေလျှော့နိုင်ဖြစ်နေသည်။

"ခင်ဗျားကို ပြန်လိုက်ပို့ပေးမယ်လေ"

ကျန်းယွီသော်က စားပွဲပေါ်တွင်ရှိသော ထမင်းဘူးတို့ကို သိမ်းဆည်းသန့်ရှင်းလိုက်ပြီးနောက် ပြောလာခြင်းဖြစ်သည်။

ချန်ခေါ့က စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းနေပြီးမှ ပြန်ပြောသည်။

"ရပါတယ်။ ဝေးတာမှမဟုတ်တာ။ ငါ့ဟာငါ ကားငှားပြီး ပြန်လိုက်လို့ရတယ်"

"ခင်ဗျားဟာခင်ဗျား ကားငှားပြီး အိမ်ပြန်တာက ကိစ္စမရှိဘူး။ ခင်ဗျား ခုတင်ပေါ်မှာ ဘာမှရှိမနေဘူးမလား။ အိပ်ရာခင်း ဘာညာတွေ ခင်းရဦးမယ်လေ။ လက်နှစ်ဖက်စလုံး သုံးလို့ရနေတုန်းကတောင် ကောင်းကောင်းမခင်းတတ်နေတာ၊ အခု လက်တစ်ဖက်တည်းနဲ့ ခင်းလို့ရမလား"

ချန်ခေါ့သည် "အဲဒါဆို ဟိုတယ်ကိုပဲ ပြန်လိုက်ရင် ပြီးရော" ဟု ပြောလိုက်ရန် နည်းနည်းသာ လိုတော့သည်။ ဟိုတယ်တွင် ဘာမှ ခင်းစရာမလိုနေပေ။ သို့သော် သူသည် အံကိုကြိတ် သွားကိုဖိကိုက်ကာ ထိုစကား ပြောထွက်မလာရန် ထိန်းလိုက်သည်။ ပုံမှန်အချိန်တွင် မြင်လေ့ရှိသော ကျန်းယွီသော်၏ ဟန်ပန်အမူအယာနှင့် လုံးဝမတူနေသည့် မိမိပြန်လာမည့်အဖြစ်ကို လေးလေးနက်နက်ယုံကြည်ပြီး မျှော်လင့်ချက်အပြည့်ဖြစ်နေသော ကျန်းယွီသော်၏ထိုအကြည့်ကို တွေ့လိုက်ရသော် ချန်ခေါ့သည် အနှီသကောင့်သားအား စိတ်ပျက်စေပြီးသံသယဖြစ်စေမည့် မည်သည့်စကားကိုမဆို ပြောမထွက်လာတော့ပေ။

ထို့အတူ ချန်ခေါ့သည်လည်း ကျန်းယွီသော်၏ ထိုကဲ့သို့သော ဂရုစိုက်မှုတို့ကို ခံနိုင်ရည်မရှိနေပေ။

အကယ်၍ ကျန်းယွီသော်နှင့် မရင်းနှီး မသိကျွမ်းနေလျှင်၊ ကျန်းယွီသော်၏ လိင်တူကြိုက်သူအပေါ် သဘောထားကို သိမနေလျှင်၊ သည်လူက ကျန်းယွီသော်မဟုတ်ဘဲ အခြားလူတစ်ယောက်သာဆိုလျှင်၊ ချန်ခေါ့သည် မိမိအား သေအောင်ရိုက်သတ်လိုက်လျှင်တောင် ထိုလူက ဖြောင့်တန်းသောလူတစ်ယောက်ဆိုသည့်အဖြစ်ကို ယုံနိုင်လောက်မည်မဟုတ်ပေ။

ချန်ခေါ့က အံကြိတ်ပြီးပြောလာသည်။

"မရလည်း ရရမှာပဲ။ အိပ်ရာခင်းလေးခင်းတာ ဘာကြီးကျယ်တာမှတ်လို့"

ကျန်းယွီသော်က စကားမပြောဘဲ ချန်ခေါ့အား ကြည့်နေသည်။

"ဟုတ်ပြီ၊ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်"

ချန်ခေါ့က အံကိုကြိတ်လိုက်ပြန်သည်။ အခြားကိစ္စဆိုပါက မရေမရာနှင့် ဝိုးတိုးဝါးတား ထားလိုက်၍ ရသော်လည်း ဤကိစ္စကိုတော့ဖြင့် သူ့အနေနှင့် သည်အတိုင်း မပြတ်မသားနှင့် ကျော်ချနိုင်စွမ်းမရှိပေ။

"ဘာကိုလဲ"

"မင်း ငါ့ကို ပြောဖူးတယ် ... ငါ မင်းအပေါ်ကို တခြားစိတ်ကူးတွေထားပြီး စိတ်ဝင်စားလို့ရတယ်။ ဒါပေမဲ့ အဲဒီစိတ်ကို မင်းမမြင်သာအောင် ထိန်းချုပ်ထားပါ ဆိုပြီးတော့လေ၊ ဟုတ်တယ်မလား"

ကျန်းယွီသော်က တစ်အောင့်ခန့်ကြာတော့မှ ခေါင်းညိတ်ရင်း ပြောလာသည်။

"အင်း။ ဒါပေမဲ့ ... ..."

"မင်းက ဒီလိုမျိုး ... ... ဒီလိုမျိုး ... ... ဒီလိုမျိုး ... စဉ်းစားပေးနေတာ၊ ဟုတ်တယ် စဉ်းစားပေးနေတာ။ မင်းက လခွမ်းလို ဒီလောက်အထိ ငါ့ကို စဉ်းစားပေးပြီး ညှာတာနေတာ၊ ငါက ဘယ်လိုလုပ်ပြီး စိတ်ထိန်းနိုင်မလဲ။ ငါကလည်း မင်းပြောသလို ထိန်းချုပ်ချင်နေတာပဲလေ၊ ဒါပေမဲ့ အဲဒီလို ထိန်းချုပ်နိုင်အောင် မင်းကလည်း အလိုက်သင့် ပူးပေါင်းပေးရမှာမဟုတ်ဘူးလား"

ကျန်းယွီသော်က ချန်ခေါ့အား အတန်ကြာအောင်စိုက်ကြည့်နေလိုက်ပြီးမှ "လခွမ်း" ဟု ပြောလာသည်။

"ငါ့ပြောတာ ကျိုးကြောင်းသင့်တယ် မဟုတ်ဘူးလား။ မင်း လခွမ်းလိုက်လည်း ဒီလိုဖြစ်နေပါတယ်ဆိုတာကို လက်ခံရမယ်"

ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျားနေရာမှ ချန်ချင့်ဆိုရင်လည်း ကျွန်တော် ဒီလိုပဲ လိုက်လုပ်ပေးမှာပဲ။ ချန်ချင့် လက်နှစ်ဖက်စလုံး ကျိုးတုန်းကဆိုရင် ကျွန်တော် သူ့ကို ရေတောင် ချိုးပေးဖူးသေးတယ်။ သူက ခင်ဗျားလိုမျိုး ဒီလိုတွေ ... ..."

"စန်းကော ..."

ချန်ခေါ့က ကျန်းယွီသော်ရှေ့တွင်ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လက်ညှိးညွှန်ပြလိုက်သည်။

"ငါက ချန်ချင့်လား။ မင်း ချန်ချင့်ကို ရေချိုးဖို့ ဝိုင်းကူပေးရင် ချန်ချင့်ကောင်က မာ လာတတ်လား"

ကျန်းယွီသော်၏မျက်လုံးက ချက်ချင်းပင် အံ့သြတကြီးနှင့် ဝိုင်းစက်သွားသည်။

"မင်း ... ... ငါ့ကို ရေချိုးဖို့တောင် ဝိုင်းကူချိုးပေးဖို့ စဉ်းစားနေသေးတယ်မလား"

ချန်ခေါ့လည်း အနည်းငယ် အံ့သြနေသည်။

"ဟုတ်တယ်လေ"

"လုံးဝ မစဉ်းစားနဲ့"

ချန်ခေါ့က ရုတ်တရက်ပင် အသံကို မြှင့်ပြီး ပြောလိုက်သည်။

"ငါ တခြားအရိုးတွေလည်း ထပ်မကျိုးချင်တော့ဘူး"

ကျန်းယွီသော်က စကားမပြောဘဲ ချန်ခေါ့အား စိုက်ကြည့်နေသည်။

"ငါက ချန်ချင့်မဟုတ်ဘူး။ ချန်ချင့်အပေါ် မင်းဂရုစိုက်သလိုမျိုး ငါ့အပေါ် လာမလုပ်နဲ့။ ဘာလို့လဲဆိုတော့ ..."

ချန်ခေါ့က အသက်ကိုရှူသွင်းလိုက်ပြီးနောက် ဆက်ပြောသည်။

"ချန်ချင့်က မင်းကို ပွေ့ဖက်ဖို့၊ ထိတွေ့ပွတ်သပ်ဖို့၊ နမ်းဖို့ကို အမြဲတမ်းတွေးမနေဘူး"

ကျန်းယွီသော်က အံ့သြနေသောအမူအရာနှင့်ပင် တိတ်ဆိတ်သွားသည်။

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။

"ငါ အငှားကားခေါ်လိုက်မယ်။ ကားငှားပြီးတော့ ငါ့ဟာငါပဲ ပြန်လိုက်တော့မယ်။ ဒီနေ့အတွက် မျက်နှာပူရတာ ရှက်ရတာတွေလည်း တော်တော်လုံလောက်နေပြီ။ အရင်ဆုံး ငါ့ဘာငါ စိတ်ပြန်လျှော့ပါရစေဦး"

ကျန်းယွီသော်က ထိတ်လန့်အံ့သြနေသော အမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး အတော်ကြာတော့မှ ပုံမှန်အနေအထား ပြန်ဖြစ်သွားသည်။ ထို့နောက် ဘေးတစ်ဖက်သို့သွားပြီး ရေတစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။ ထို့နောက် နောက်ထပ်တစ်ခွက်ငှဲ့ကာ ချန်ခေါ့အား လှမ်းမေးသည်။

"ခင်ဗျား ရေသောက်ဦးမလား"

"အင်း"

ချန်ခေါ့က ရေခွက်ကို လှမ်းယူပြီး တစ်ခွက်လုံးကို မော့သောက်ချလိုက်သည်။

"ကျွန်တော် အဲဒီအချိန်တုန်းက ... အဲဒီလိုစကားပြောတယ်ဆိုတာက ခင်ဗျားအပေါ် သဘောထားတစ်မျိုးမျိုးနဲ့ အထင်ရှိနေလို့ ပြောလိုက်တာမဟုတ်ဘူး။ အဓိကကတော့ ကျွန်တော် ... ... လိင်တူစိတ်ဝင်စားသူကို တစ်ခါမှ မတွေ့ဖူးသေးလို့ နည်းနည်း အသားမကျသလို ဖြစ်သွားတာ"

အဲဒါဆို မင်းအခု အသားကျသွားပြီလား။

ချန်ခေါ့ ရေခွက်ကို ပြန်ချလိုက်ပြီး အသံတိတ်နေသည်။

"အမှန်အတိုင်းပြောရရင် ခင်ဗျား ကျွန်တော့်ကို နမ်းလိုက်လို့ ကျွန်တော် ရွံတာမျိုးမဖြစ်ဘူး။ ပြောရရင် ဘာမှကို မခံစားရဘူး"

ဘာမှ မခံစားရဘူး၊ ဟုတ်လား။

ဘိုးအေတဲ့မှပဲ။

အဲဒီလိုဆိုရင် မင်း ရွံသွားတာကမှ ပိုကောင်းဦးမယ်။

"ပြောချင်တာက ခင်ဗျား ဒီကိစ္စကြောင့် သိပ်အကဲမဆတ်လည်း ရတယ်။။ ကျွန်တော်စဉ်းစားနေတာ၊ ခင်ဗျားက စိတ်ထိန်းထားရတာ အချိန်ကြာသွားတာများလားလို့။ ကျွန်တော်လည်း နားမလည်ပေးနိုင်တာတော့ မဟုတ်ပါဘူး ... ..."

"မင်းဘာပြောလိုက်တာ ..."

ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။

"စိတ်ထိန်းထားရတာ အချိန်အရမ်းကြာသွားလို့"

"အရမ်း" တစ်လုံးကိုတောင် တိုးလိုက်သေးတယ်။

"လခွမ်းလား"

ချန်ခေါ့က ရယ်လိုက်မိဖို့ နည်းနည်းလေးသာ လိုတော့သည်။

"မဟုတ်သေးပါဘူး။ မင်းက ဘာအားကိုးနဲ့ စိတ်ထိန်းထားတာ အချိန်ကြာသွားလို့ ဆိုပြီးတော့ ပြောရတာလဲ။ ပြီးတော့ အရမ်းကြာသွားတယ်ဆိုပဲ"

"မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တခြားလူတစ်ယောက်ကို နမ်းဖို့အတွက်နဲ့ ချော်လဲပြီး လက်ကျိုးသွားတဲ့လူကိုတော့ ကျွန်တော် ပထမဦးဆုံးမြင်ဖူးတာပဲ။ ကသိုက်ကရိုက်နဲ့ ဗြောင်းဆန်နေတာ။ စိတ်ထိန်းထားရတာမရှိဘူးလို့ပြောရင်တောင် ဘယ်သူမှ မယုံဘူး"

ချန်ခေါ့က ပါးစပ်ဟလိုက်သော်လည်း စကားတော့ ပြောထွက်မလာခဲ့ပေ။ စကားပြောနေရင်းနှင့် အကြောင်းအရာက ဘယ်လိုဖြစ်ပြီး သူက အချိန်ကြာကြာစိတ်ထိန်းခဲ့ခြင်းရှိမရှိဆိုသည့်ခေါင်းစဉ်ဆီသို့ ရုတ်တရက်ကြီး ရောက်သွားရလဲဆိုသည်ကို သူလည်း မသိနေတော့ပေ။

ထူးခြားဆန်းကျယ်လွန်း၍ ချန်ခေါ့တစ်ယောက် သတိစိတ်လွတ်သွားရသည်။

စိတ်နှင့်ကိုယ်ပြန်ကပ်လာချိန်တွင် မျက်နှာပူရှက်ရွံ့လွန်း၍ ဒေါသအဖြစ်သို့ ပြောင်းလဲသွားခါနီးဖြစ်နေသည်။ ဤကဲ့သို့ လုံးထွေးပွေလီသော ခံစားချက်ကို သူ့အနေဖြင့် သည်အသက်အရွယ်ရောက်သည်အထိ တစ်ကြိမ်ပြီးတစ်ကြိမ် အသေးစိတ်ကျစွာ ကြုံတွေ့ဖူးခြင်းမရှိခဲ့ပေ။

ချန်ခေါ့သည် ကျန်းယွီသော်၏ရှေ့နားသို့သွားပြီး ထိုလူနှင့် နှာခေါင်းထိပ်ချင်း ထိကပ်မတက်အထိ သွားရပ်လိုက်သည်။

"မင်းရဲ့ ဒီအတွေးလမ်းကြောင်းကတော့ တော်တော်လေးကို ထူးခြားတာပဲ"

ကျန်းယွီသော်က "အင်း" ဟုသာ ပြောလိုက်သည်။

"အဲဒါဆို ငါအခုလောလောဆယ် လုံးဝကို ကသိုက်ကရိုက်မဖြစ်နေဘူး၊ စိတ်လည်းမလောနေဘူး။ လုံးဝကို အေးဆေးတည်ငြိမ်နေတာ။ နောက်တစ်ခါ ထပ်လုပ်မယ်လေ၊ မင်းဘယ်လို သဘောရလဲ"

"ဘာကို နောက်တစ်ခါ ထပ်လုပ်မှာလဲ"

ချန်ခေါ့က အလွန်ဖြည်းညင်းစွာ တိုးကပ်သွားကာ မိမိ၏နှာခေါင်းထိပ်က ကျန်းယွီသော်၏နှာခေါင်းထိပ်နှင့် ထိကပ်သွားပြီး တစ်ဖက်လူ၏ အသက်ရှူထုတ်လိုက်သော လေကိုပင် ခံစားနေရသောအနေအထားတွင် ခေါင်းကို တဖြည်းဖြည်းစောင်းလိုက်ပြီး နှုတ်ခမ်းကို ကျန်းယွီသော်၏နှုတ်ခမ်းပေါ်တွင် ဖိကပ်လိုက်သည်။

သုံးစက္ကန့်ခန့် ထိုအတိုင်းနေနေလိုက်ပြီးနောက် ချန်ခေါ့သည် အလွန်တရာ ဖြည်းလေးစွာ နှုတ်ခမ်းကို ခွာလိုက်သည်။

ကျန်းယွီသော်၏ အကြည့်နှင့် ဆုံသွားအောင် ကြည့်လိုက်ပြီးနောက် အောင်မြင်မှုရရှိသွားသလိုခံစားလိုက်ရပြီး မျက်ခုံးပင့် အသက်ရှူထုတ်ပြီး ဝမ်းသာသွားသည်။

သို့သော် ချန်ခေါ့က အောင်မြင်သူအပြုံးနှင့် မျက်ခုံးကိုပင့်ပြီး နှစ်စက္ကန့်ပြည့်အောင်တောင် မပြုံးရသေးခင် ကျန်းယွီသော်၏ဦးခေါင်းက ရုတ်တရက်ပင် ရှေ့သို့တိုးကပ်လာပြီး အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ချန်ခေါ့၏ နှာခေါင်းထိပ်ကို တစ်ချက်နမ်းလိုက်သည်။

ချန်ခေါ့က လူတစ်ကိုယ်လုံး ငေးတိငေးကြောင်ဖြစ်သွားသည်။

"မင်းဘာလုပ်တာလဲ"

"မသိဘူး"

ကျန်းယွီသော်၏အဖြေမှာ အလွန်ရိုးသားစစ်မှန်သည်။

"ဪ ..."

ချန်ခေါ့က ကျန်းယွီသော်ကို ကြည့်နေပြီး တစ်အောင့်ခန့်ကြာတော့မှ လှည့်ထွက်လာပြီး အနွေးထည်ကို ကောက်ယူကာ ပြောလိုက်သည်။

"ငါ ... ... အရင်ပြန်လိုက်တော့မယ်"

ကျန်းယွီသော်က "အင်း" ဟုပြောပြီး ခေါင်းညိတ်လိုက်သည်။

.

ချန်ခေါ့ ခေါ်ထားသော အငှားကားရောက်လာပြီးနောက် ကျန်းယွီသော်သည် ကားပေါ်သို့ ချန်ခေါ့တက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီးမှ အိမ်ခန်းထဲသို့ ပြန်လှည့်ဝင်လာပြီး ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်။

မြောင်က ချက်ချင်း သူ့ဆီသို့ပြေးလာပြီး ပေါင်ပေါ်သို့ ခုန်တက်လိုက်သည်။

သူသည် မြောင်၏ ခေါင်းကို ကိုင်လိုက်သည်။

စဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ထို့နောက် လက်မြှောက်ကာ ကိုယ့်နှုတ်ခမ်းကိုကိုယ် လက်နှင့် စမ်းကိုင်လိုက်သည်။

ဤကဲ့သို့သော ခံစားချက်ကို သူ့အနေဖြင့် ထုတ်ဖော်ရှင်းပြနိုင်စွမ်းမရှိပေ။ ယခင်က ချန်ခေါ့ သူ့ကို နမ်းခဲ့စဉ်တွင် ကျန်းယွီသော်သည် အံ့သြထိတ်လန့်သွားတာအပြင် အခြားဘာခံစားချက်မှ ထူးထူးခြားခြား မခံစားရပေ။ စိတ်ဆိုးသည်ဟုလည်း ပြော၍မရသလို ရွံရှာသောစိတ်လည်း မဖြစ်မိပေ။ ယနေ့ နေ့လယ်က ထိုတစ်ချက်ကလည်း ဘယ်လိုမှတောင် မခံစားလိုက်ရပေ။ ထိုအနမ်းတစ်ချက်ကလည်း ချန်ခေါ့က မိမိနှုတ်ခမ်းကို တစ်ချက်လာထိပြီးနောက် အရိုးကျိုးသွားခြင်းဖြစ်သည် ... ...

သို့သော် လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ချန်ခေါ့၏ အေးဆေးဖြည်းနှေးစွာ လာနမ်းသော ထိုအနမ်းတစ်ချက်ကိုမူ ကျန်းယွီသော်က တကယ်ကိုပင် ထိထိမိမိခံစားလိုက်ရသည်။

ထိုကဲ့သို့သောခံစားချက်ကို သူ ဘယ်တုန်းကမှ မကြုံတွေ့ မခံစားဖူးသေးပေ။ ဝတ္ထုများတွင် ရေးထည့်လေ့ရှိသော လွင့်မျောခြင်း၊ ယစ်မူးခြင်း၊ ရှုပ်ထွေးခြင်း၊ မြည်းကောင်လေး ... မဟုတ်သေးဘူး သမင်လေးများ အပြန်ပြန်အလှန်လှန် ထိတိုက်ကြခြင်း အစရှိသည့် ခံစားချက်တို့ကို တစ်ခုမှ မခံစားရပေ။

ကျန်းယွီသော်ခံစားလိုက်ရသော တစ်ခုတည်းသောအရာမှာ ရင်းနှီးကြည်သာမှုသာ ဖြစ်သည်။

ငယ်စဉ်က တစ်ယောက်ယောက်က သူ့ကိုပေးထားသော ချည်ခင်လုံးကို ညစဉ်ညတိုင်း အိပ်ရာဝင်ချိန်တွင် မျက်နှာအနားတွင် ထားပြီး အိပ်ရသောခံစားချက်ကဲ့သို့ဖြစ်သည်။ အလွန်ရင်းနှီးပြီး နှစ်လိုဖွယ်ကောင်းသော ခံစားချက်ဖြစ်သည်။

***

(ဆက်ရန်)


Continue Reading

You'll Also Like

371K 68K 153
chapter 141 က စပါမယ်နော်..
16.6K 1.4K 45
We're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (co...
69.2K 11K 152
Official English Title (Global Examination) mostly known as Global University Entrance Examination_GUEE တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲလို့ခေါ်တဲ့ syste...
289K 21K 25
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...