အခန်း - ၆၉

551 79 2
                                    

Chapter ● 69 ●

ယနေ့ ချန်ယိက လူအများကြီးရှေ့တွင်ပြောခဲ့သော ထိုစကားတစ်ခွန်းသည် ကျန်းယွီသော်အတွက် အကြီးမားဆုံးသော ထိုးနှက်ချက်ဟု မှတ်ယူ၍ရနေသည်။

ယခုအချိန်အထိ ချန်ခေါ့သည် ကျန်းယွီသော်၏ စိတ်ကျန်းမာရေးနှင့်ပတ်သတ်သည့် အကြောင်းများ၊ မေးခွန်းများကို တိုက်ရိုက်တဲ့တိုးမေးမြန်းခဲ့ဖူးခြင်း မရှိပေ။ အကြောင်းရင်းမှာ ကျန်းယွီသော်က အတင်းအကျပ် ကြိုးစားပြီး ဖုံးကွယ်ဟန်ဆောင်ထားသည်ကို ခံစားသိရှိနေရ၍ဖြစ်သည်။ ကျန်းယွီသော်က သူ့ကိုယ်သူ မည်ကဲ့သို့သဘောထားနေစေကာမူ အနည်းဆုံးတော့ သူသည် ပုံမှန်လူတစ်ယောက်ဖြစ်နေကြောင်းကို ချန်ခေါ့အား ထင်မြင်စေလိုသည်။ သို့တည်းမဟုတ်ပြောရလျှင် စိတ်ရောဂါအထူးကုဆရာဝန်ဆီ သွားရောက်ပြသနေကြောင်းဝန်ခံသည့်နည်းလမ်းကိုအသုံးပြုပြီး ချန်ခေါ့အား သူ "နေကောင်းပြီ" ဖြစ်ကြောင်းကို သက်သေပြလိုသည်။

ကျန်းယွီသော်က နေကောင်းခြင်း မကောင်းခြင်း၊ ထို့ပြင် ဘာဖြစ်နေလဲ အစရှိသည့်ကိစ္စများနှင့်ယှဉ်လျှင် ချန်ခေါ့အနေဖြင့် ပို၍အရေးစိုက်နေမိသည်မှာ သူ၏ယခုကဲ့သို့သော "လျှို့ဝှက်ချက်" က လူအများရှေ့တွင် ဖော်ထုတ်ခံလိုက်ရချိန်တွင် မည်မျှလောက်အထိ ကြီးမားသောထိုးနှက်ချက်ဖြစ်သွားပြီး ခက်ခဲနေရှာမလဲဆိုသည့်ကိစ္စပင် ဖြစ်တော့သည်။

သူ့အပေါ် စိတ်ဝင်စားနေလျှင်တောင် ကောင်းကောင်းထိန်းချုပ်ထားရန် အားနှင့်မာန်နှင့် တင်းမာပြတ်သားစွာ ချန်ခေါ့အား တောင်းဆိုသည့်ကိစ္စမှစပြီး လူတစ်ယောက်၏ ရည်းစားဟုအပြောခံရသည်မှာလည်း ကောင်းသားပဲခံစားရသည်အထိ၊ "တစ်ယောက်ယောက်က ကျွန်တော့်ကို စိတ်ဝင်စားနေတာက ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်" ဟု ပြောထုတ်လာသည့်ကိစ္စမှစပြီး သတိထားပြီး ဤမေးခွန်းကို မေးထုတ်လာသည်အထိ...။

သည်လိုဖြစ်နေတဲ့ ကျွန်တော့်ကို၊ တစ်ပါးသူက စိတ်ရောဂါရှိနေတယ်လို့ ပြောလာတဲ့ ကျွန်တော့်ကို၊ ခင်ဗျား သဘောကျနေသေးလား။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now