အခန်း - ၂၈

608 94 5
                                    

Chapter ● 28 ●

ချန်ခေါ့သည် A Wicked Ghost ရုပ်ရှင်ကို ပထမဦးဆုံးစကြည့်ခဲ့ဖူးသည့်အချိန်ကို မမှတ်မိတော့ပေ။ အသက် တော်တော်ငယ်သေးသည့်အချိန်လောက်က ဖြစ်လိမ့်မည်။ သူနှင့်ချန်ယိတို့ ကိုယ်စီ၏အတန်းဖော်သူငယ်ချင်းများကို အတူဆော့ရန် အိမ်သို့ခေါ်လာရင်း အတူတူကြည့်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ထိုစဉ်က လူတိုင်းက သေလုနီးပါး ကြောက်လန့်ခဲ့ကြပြီး မိန်းကလေးများဆိုလျှင် အာခေါင်ခြစ်ပြီး မအော်နိုင်တော့သည်အထိ ကြောက်ခဲ့ကြသည်။

ဇာတ်ကားကိုယ်၌ကိုက အလွန်ကြောက်စရာကောင်းသည့်အချက်အပြင် ချန်ခေါ့၏ မှတ်ဉာဏ်တွင် စွဲထင်နေသော အခြားအကြောင်းတစ်ခုမှာ ထိုစဉ်က ရုပ်ရှင်ကြည့်နေစဉ်တစ်လျှောက်လုံး ချန်ယိ၏ လုံးဝတည်ငြိမ်အေးဆေးနေသော ပုံစံအခြင်းအရာဖြစ်သည်။ ချန်ယိမျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သောအမူအရာလုံးဝမပေါ်ဘဲ၊ သူငယ်ချင်းတစ်သိုက်က ကြောက်လန့်နေသည့်အဖြစ်ကိုတောင် မထိန်းနိုင်ဘဲ ရယ်နေခဲ့သေးသည်။

ဤရုပ်ရှင်ကို သည်လောက်နှစ်ပေါင်းများစွာ ကြာမြင့်ခဲတာတောင် ဘာအကြောင်းကြောင့် ခေါင်းမာမာနှင့်ထိန်းသိမ်းထားသေးပြီး၊ မကြာခဏဆိုသလို ပြန်ကြည့်ဖြစ်နေလဲ ဆိုတာကို ချန်ခေါ့ကိုယ်တိုင်လည်းမသိပေ။ မှတ်ဉာဏ်ထဲတွင် စွဲကျန်နေသော သဲထိတ်ရင်ဖိုကြောက်ရွံ့မှုကြောင့်အပြင် ချန်ယိ၏ လှောင်ရယ်ခြင်းကြောင့်များလား...။

သူသည် မသိစိတ်ထဲတွင် ချန်ယိ၏ အမျိုးမျိုးသော လှောင်ပြောင်သရော်မှုတို့ကို အလွန်အရေးထားဂရုစိုက်နေမိသည်။ ချန်ယိက ဘယ်သူ့ကိုပဲ လှောင်ပြောင်သရော်နေပါစေ၊ ချန်ခေါ့သည် သူကိုယ်တိုင်တောင် မသိမမူမိသော အထိမခံစိတ်ဖြင့် မိမိကိုယ်တိုင်နှင့် ဆက်သွယ် ချိတ်ဆက်လိုက်မိလေ့ရှိသည်။

ထိုကဲ့သို ချိတ်ဆက်ခံစားနေလျှင် သူ့အတွက် အလွန်စိတ်မချမ်းမြေ့စရာကောင်းနေမှန်း သတိထားမိသော်လည်း ချန်ခေါ့သည် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။

တစ်နေ့နေ့တွင် ဤရုပ်ရှင်ကို လုံးဝမကြောက်လန့်တော့ဘဲ ကြည့်နိုင်လျှင် ချန်ယိ၏ လှောင်ပြောင်မှုထဲမှ မိမိကိုယ်ကို ပြန်ဆယ်ထုတ်နိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် ဤရုပ်ရှင်ကို ခဏခဏပြန်ကြည့်နေမိခြင်းလည်း ဖြစ်လိမ့်မည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now