အခန်း - ၂

1.2K 110 6
                                    

Chapter ● 2 ●

ချန်ခေါ့သည် အမှိုက်ပုံးပေါ်ရှိ DJ ပွတ်နေသော လူရုပ်လေးကို ကြည့်နေသည်။ ဆယ်စက္ကန့်နီးပါးခန့် ငေးကြည့်နေပြီးနောက် သူသည် အံတစ်ချက်ကြိတ်လိုက်ကာ အမှိုက်ပုံးအနားသို့ ကပ်လာသည်။

ခါးကိုင်းပြီး ပိုက်ဆံကို ကုန်းကောက်ရန်အလုပ်တွင် နောက်ဘက်ဆီမှ တစ်ယောက်ယောက်၏ "ဟေး" ဟု အော်ခေါ်သံ ကြားလိုက်ရ၏။

လှည့်မကြည့်ဖြစ်ဘဲ ကားအင်ဂျင်လှုပ်ရှားသံ တစ်ခုတည်းနှင့်ပင် ချန်ခေါ့သည် မိမိဦးခေါင်းကို တစ်ခုခုဖြင့် ဆောင့်ချပစ်ချင်စိတ် ဖြစ်သွားသည်။

သူကပဲ အာရုံစိုက်လွန်းနေ၍လား မသိပါ၊ ကားတစ်စီး မောင်းလာပြီး ရပ်လည်း ရပ်တန့်လိုက်တာတောင် သူ သတိမထားမိခဲ့ချေ။ ထို့ပြင် ထိုအသံကြောင့် သူ့မှာ တကယ်ကိုပင် အလွန်အမင်း ကသိကအောက်ဖြစ်သွားရသည်။

ဤအသံမှာ အတော်လေး ညှို့ဓာတ်ရှိလှသည်။ ချန်ခေါ့ မှတ်မိနေသည်။ စောစောက အမာရွတ်နှင့်လူ၏အသံ ဖြစ်လေသည်။

"မင်း တကယ်ပဲ ဒီပိုက်ဆံတစ်ရာကြောင့်ပေါ့လေ ဟုတ်လား"

အမာရွတ်နှင့်လူ၏ အသံထဲတွင် ရွှင်မြူးဝမ်းသာမှုတို့ ပါဝင်နေပြီး နောက်လှည့်ကြည့်လိုက်လျှင် ထိုလူ့ မျက်နှာပေါ်မှ အပြုံးကိုပင် သေချာပေါက် တွေ့နိုင်လောက်မည်။ ထိုလူက -

"ကောက်လိုက်ပါ။ မြန်မြန်ကောက်လိုက်။ အချိန်ထပ်ဆွဲနေရင် တခြားလူ လာကောက်သွားတော့မယ်"

ချန်ခေါ့ ခါးကို ပြန်မတ်လိုက်ပြီး ကိုယ်ကို လှည့်လိုက်ကာ -

"ပိုပြီးလိုအပ်တဲ့လူအတွက်ပဲ ချန်ထားပါတော့မယ်လေ"

"ဟင်"

အမာရွတ်နှင့်လူက ကားပြတင်းပေါက်ကို မှီလျက် သူ့အား ကြည့်နေသည်။

"သွားကောက်လိုက်။ တစ်ခေါက်ပြန်လှည့်လာရတာ အလဟဿဖြစ်နေမယ်"

ချန်ခေါ့ ပြောသည်။

အမာရွတ်နှင့်လူက ရယ်လိုက်ပြီး စီးကရက်တစ်လိပ် ယူထုတ်ကာ ပါးစပ်တွင် ခဲလိုက်သည်။ ထို့နောက် မီးခြစ်ယူထုတ်လာကာ ချပ်ခနဲဖြင့် မီးညှိလိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now