အခန်း - ၄၂

578 82 1
                                    

Chapter ● 42 ●

လောလောဆယ်တွင် ကျန်းယွီသော်၏ မျက်နှာအမူအရာမှာ သတိလည်းထားနေပြီး လေးလေးနက်နက်လည်းရှိနေသေးသည်။ ထိုပုံစံကိုကြည့်ပြီး ချန်ခေါ့မှာ ထိုလူနှင့် ရှေ့ဆက်ပြီး စကားဆက်ပြောရန်လိုမလိုကို မသေချာတော့သလိုဖြစ်သွားသည်။

"ဘာကိုပေးတာလဲ"

ကျန်းယွီသော်က ထပ်မေးလာပြန်သည်။

"တိုက်ခန်းလခ ပေးတာ"

ချန်ခေါ့က စိတ်တိုတိုနှင့်ပြောပြီးနောက် ခေါက်ဆွဲဆက်စားနေသည်။

"ပေးဖို့အချိန်မရောက်သေးဘူးလေ။ ကျွန်တော်က ခင်ဗျားပြောလိုက်တဲ့စကားလုံးကို နားမလည်လို့မေးတာကို ခင်ဗျားက အဲဒါလည်း ဒေါသထွက်တာပဲလား။ ခင်ဗျားဒေါသမီးကလည်း နည်းနည်းလေး ဟုန်းဟုန်းတောက်မနေဘူးလား"

"GAY ဘား ..."

ပြောလိုက်ပြီးနောက် ချန်ခေါ့သည် ပါးစပ်ထဲမှ ခေါက်ဆွဲကို မျိုချလိုက်ပြီး အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် စားပွဲပေါ်တွင် လက်ချောင်းထိပ်ဖြင့် ရေးပြရင်း ထပ်ပြောသည်။

"g-a- ......"

"အင်္ဂလိပ်စာလုံးကြီးလား။ အဲဒါကြောင့် ကျွန်တော်က နားမလည်ဘူးလို့ စိတ်ထဲထင်နေတာ..."

ကျန်းယွီသော်က ရုတ်တရက်ကြီး အလင်းရပြီး သဘောပေါက်သွားပုံနှင့်ပြောလိုက်ရင်း၊ တစ်ဖက်ကလည်း အိတ်ကပ်ထဲမှ တစ်ခုခုကို နှိုက်ရှာနေသည်။

အိတ်ကပ်ထဲမှ ဘောပင်တစ်ချောင်းနှင့် ဖြတ်ထားသော ဆေးလိပ်ဘူးစက္ကူခွံတစ်ရွက်ကို ထုတ်ယူလာပြီး ချန်ခေါ့အရှေ့တွင် ချပေးလိုက်သည်။

ချန်ခေါ့သည် ကျန်းယွီသော်ကို တစ်ချက်ကြည့်လိုက်ပြီး ဘောပင်ကိုယူကာ စာရွက်ပေါ်တွင် g-a-y အက္ခရာ သုံးလုံးကို ချရေးပေးလိုက်ပြီးနောက် အနှီစက္ကူဘူးခွံကို ကျန်းယွီသော်ရှေ့သို့ ပြန်တွန်းပို့ပေးလိုက်သည်။

ကျန်းယွီသော်က စက္ကူခွံကို ယူကြည့်လိုက်သည်။

"ဘယ်လိုပေါင်းပြီး အသံထွက်ရတာလဲ။ g-ei gei (ဂေ) လား"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now