အခန်း - ၄၄

565 86 3
                                    

Chapter ● 44 ●

ချန်ခေါ့က အမြဲတမ်းသိချင်နေသော၊ မေးလည်းမေးချင်နေသော မေးခွန်းမှာ "သူတို့" အကြောင်းပင်ဖြစ်သည်။ ထို "သူတို့" အကြောင်းသည်လည်း ကျန်းယွီသော်က ချန်ခေါ့အား ကိုယ်တိုင်ကိုယ်ကျ စိတ်လိုလက်ရဖြင့် အရိပ်အမြွက်ပြောပြခဲ့စဉ်က အရမ်းကြီး သိသာအောင် မရှောင်ရှားခဲ့သောအကြောင်းအရာဖြစ်သည်။ သို့သော် သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ရိုက်ပုတ်ကြပြီးနောက် ကျန်းယွီသော်က တမင်သက်သက်ပင် သည်အကြောင်းများကို ထပ်မံ၍ ပြောမလာတော့ပေ။

ချန်ခေါ့က ကျန်းယွီသော်တွင် စိတ်ကျန်းမာရေးပြဿနာတစ်ခုခုရှိနေသည်ဟု သံသယဖြစ်မိသည်။ ချန်ချင့်က သူ့အား လက်ညှိုးတငေါက်ငေါက်ထိုးပြီး ကျိန်ဆဲခဲ့သောအချိန်တွင်ပင် ချန်ခေါ့တွင် ထိုသံသယစိတ်က ပျောက်ကွယ်မသွားခဲ့ပေ။ သူ့ရှုထောင့်မှကြည့်လျှင် အဖြေထုတ်ရန်ခက်ခဲသော သံသယဖြစ်စရာ အချက်ပေါင်းများစွာ ရှိနေသည်။

သူ့အနေဖြင့် ထိုအကြောင်းများကို ထပ်ပြီး မစဉ်းစားလိုတော့သောကြောင့်သာ ဘာမှမပြောတော့ခြင်းဖြစ်သည်။ အထူးသဖြင့် ယခုအချိန်အထိတောင် သူက "တခြားအတွေး" ရှိနေသေးသော ကျန်းယွီသော်အား ရင်ဆိုင်နေရချိန်တွင် ပို၍တောင် ထည့်တွေးလိုစိတ်မရှိနေပေ။

ကျန်းယွီသော်က သူ့မေးခွန်းများကို မဖြေသောအချိန်တွင် သူကလည်း ထပ်ပြီးမမေးတော့ရန် ရွေးချယ်လိုက်သည်။

သို့သော် ယခုတွင် ကျန်းယွီသော်က မိမိသိရှိသတ်မှတ်ထားသော "သူငယ်ချင်း" စည်းဘောင်ထက် ကျော်လွန်၍ ကာကွယ်ပေးနေသည့်အဖြစ်နှင့် ကြုံတွေ့နေရသောအခါ ချန်ခေါ့အတွက် သည်းခံနိုင်သည့်အတိုင်းအတာထက် ပိုလွန်သွားပြီဖြစ်သည်။

ချန်ခေါ့သည် လင်ရွှိက ရွှီတင်းအား အဖြစ်မှန်ကို မပြောပြလိုက်သည်ကို ကျေးဇူးတင်နေသည်။ လင်ရွှိအနေဖြင့် ပြောပြရန် အဆင်မပြေဖြစ်၍လည်း ဖြစ်နိုင်သလို၊ ဘယ်လိုပြောပြရမှန်း လုံးဝမသိနေတာလည်း ဖြစ်နိုင်ချေရှိသည်။ သို့သော် အနည်းဆုံးတော့ ချန်ခေါ့သည် ရွှီတင်းအား မိမိနှင့်ကျန်းယွီသော်တို့ကြားတွင် ဖြစ်ပွားနေသောအကြောင်းကို ထပ်ပြီး ရှင်းပြစရာမလိုတော့ပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Nơi câu chuyện tồn tại. Hãy khám phá bây giờ