အခန်း - ၅၇

569 78 5
                                    

Chapter ● 57 ●

ချန်ခေါ့သည် ဓါတ်ပုံကို ဆေ့ဗ်လိုက်ပြီးနောက် စောစောက ရိုက်ခဲ့သော အမျိုးမျိုးသောမီးပုံးဓါတ်ပုံများကို ချန်ချင့်အား ပို့ပေးလိုက်သည်။ အစက Moments တွင်လည်း ပို့စ်တင်ရန်စဉ်းစားလိုက်သေးသော်လည်း ဓါတ်ပုံများကိုသေချာကြည့်လိုက်ပြီးနောက် လက်လျှော့လိုက်တော့သည်။ ပုံမှန်အားဖြင့် သူသည် ပို့စ်တင်လေ့မရှိပေ။ ရှားရှားပါးပါး တစ်ခါလောက်ပို့စ်တင်တော့မှ ဤကဲ့သို့သော အရည်အသွေးနှင့်ဓါတ်ပုံများဖြစ်နေသောကြောင့် တင်ရန် တကယ်ကိုပင် အားနာစရာကောင်းလှသည်။

"ဟိုဘက်မှာ မီးပုံးရောင်းနေတာရှိတယ်။ သွားကြည့်ကြည့်ရအောင်"

ကျန်းယွီသော်က ရှေ့သို့ညွှန်ပြရင်း ပြောလိုက်သည်။

"အင်း"

ချန်ခေါ့သည် ကျန်းယွီသော်နောက်မှလိုက်ပြီး ထိုဘက်ဆီသို့ လျှောက်လိုက်သွားသည်။ ဖုန်းကို သိမ်းလိုက်ရန်စဉ်းစားလိုက်ချိန်တွင် အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် သူသည် Moments ကို နှိပ်ပြီး ဝင်ကြည့်လိုက်သည်။

ပို့စ်များ၊ အကြောင်းအရာများ များများစားစားမရှိနေပေ။ များသောအားဖြင့် အားလုံးမှာ စားကြသောက်ကြပျော်ပါးကြသော ပို့စ်များသာရှိသည်။ ထို့နောက် ချန်ချင့်၏ပို့စ်များရှိသည်။ ချန်ချင့်သည် မိမိပို့ပေးလိုက်သောဓါတ်ပုံများအားလုံးကို ပို့စ်တင်ထားသည်။ ဓါတ်ပုံ(၉)ပုံပါသောပို့စ် (၃) ပို့စ် တင်ထားပြီး စာသားများပါ ရေးထားသည်။ အလွန် စည်ကားနေသည်။

ချန်ခေါ့က ရယ်လိုက်ရင်း Like နှိပ်ပေးလိုက်သည်။

အောက်ဘက်သို့ ဆက်ကြည့်လိုက်သော် နောက်ထပ် ဓါတ်ပုံ(၉)ပုံ တစ်စုကို တွေ့ရပြန်သည်။ သို့သော် ကြည့်လိုက်သည်နှင့် အရည်အချင်းက လွန်စွာ သာလွန်နေမှန်းသိသာလှသည်။ အနည်းဆုံးတော့ ဓါတ်ပုံမြင်ကွင်းဘောင် အယူအဆ၊ အထားအသိုနှင့် အလင်းအမှောင်အရောင်စပ်ဟပ်ပုံက လက်ရာမြောက်နေသည်။

အနှီပို့စ်သည် ချန်ချင့်တင်သောပို့စ် ဘယ်နည်းနှင့်မှ ဖြစ်ပုံမရပေ။ ချန်ခေါ့သည် အကောင့်နာမည်ကို ကြည့်လိုက်သောအခါ နှုတ်ခမ်းထောင့်မှ အပြုံးသည် ချက်ချင်းပင် အေးခဲပျောက်ကွယ်သွားသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now