အပိုင်း (၃၂၀) နှစ်ယောက်သား အတူတူ ထွက်သွားတယ်
ချင်မော့သည် ငုံ့ကြည့်လိုက်ရာ ကောင်လေးက သူ့ကို ကြည့်နေသည်ကို သတိထားမိသွားသည်။ ဘာကြောင့်မှန်းမသိချေ၊ ကောင်လေးသည် အနည်းငယ် စိတ်ပျံ့လွင့်နေသည့်ပုံပေါ်နေသည်။
ဖြစ်ပျက်သွားသည့်အရာများကို ကြည့်ရင်း ထိုကလေးသည် မှင်တက်အံ့ဩသွားသည်ဟု သူထင်လိုက်မိသည်။
အမှန်ပင်ဖြစ်သည်။ ကြီးမြတ်လှသည့်သခင်လေးသည် သူ့ညီလေးက သည်အရာအားလုံးကို ကြောက်ရွံ့သည်ဟု ယုံကြည်နေမိသည်။
ထိုကောက်ချက်သည် သူ့ညီလေးကို အလွန်အကျွံကာကွယ်လိုခြင်းမှ ဆွဲယူထားတာ ဖြစ်လေသည်။
ချင်မော့သည် ဖူကျို့က ထိုကောင်ကို မည်မျှရက်ရက်စက်စက် ကန်ကျောက်ခဲ့သည်ကို အလိုလို လျစ်လျူရှုမိရက်သားဖြစ်သွားသည်။
ကောင်လေးသည် ယခုမူ မိုက်မဲသည့်ဟန်ဖြစ်နေပြီး သူ့မျက်နှာပေါ်မှ သွေးစလေးတစ်စက သူ့ကို ကလေးလေးတစ်ယောက်နှင့်မခြား တူနေစေတော့သည်။
သူသည် မတရားချောမောနေသော်လည်း သူသည် ရူးမိုက်သည့်ဟန်ဖြစ်နေသေးသည်။
ချင်မော့၏အကြည့်များသည် ကောင်လေးအကြောင်း တွေးမိသွားသည်နှင့် နွေးသထက် နွေးလာလေသည်။ ထို့နောက် သူ့ပိုက်ဆံကို ထုတ်လိုက်ပြီး ဘားကို ပြန်ပြင်ရန် ပိုက်ဆံများကို စားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။
သူသည် ဤနေရာသို့ပြေးဆင်းလာသော ဟိုတယ်လုံခြုံရေးများကို ငွေအမြောက်အမြားပေးလိုက်သည်။
ဝိုင်နှင့် ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသောကျန်ပစ္စည်းများသည် ထိုမျှလောက် စျေးမကြီးပေ။
ချင်မော့သည် ဖူကျို့ကို ဆွဲကာ လောကကြီးတွင် သူတို့နှစ်ယောက်မှလွဲလျှင် မည်သည့်အရာမှ မရှိသကဲ့သို့ ဆူညံနေသည့်လူအုပ်ကြီးကို ကျောခိုင်းကာ ထွက်လာသည်။
ဒစ်စကိုမီးလုံးများသည် လင်းလက်နေဆဲ၊ တေးဂီတသံမှာလည်း မြူးကြွနေဆဲပင်။
နိုက်ကလပ်သို့ ရှပ်အင်္ကျီအဖြူဝတ်လာသူကို လူများက အလွန်ရှေးရိုးဆန်သည့်ဟု တွေးကြလေ့ရှိသည်။
သို့သာ် ထိုလူမှာ ကြီးမြတ်သောသခင်လေးဆိုလျှင် မတူတော့ချေ။
ကြာပန်းတစ်ပွင့်သည် မြေပေါ်တွင် သန့်ရှင်းဖြူစင်စွာ ပွင့်လန်းနေသကဲ့သို့ သူသည်လည်း လိုအင်ဆန္ဒကင်းမဲ့သည် နတ်ဘုရားတစ်ပါးက ကောင်းကင်မှ ဆင်းသက်လာသည်နှင့် တူလေသည်။
တစ်ဖက်တွင် ထိုကောင်လေးသည် အလွန် ပျော်ပါးကျီစယ်တတ်သည် မိစ္ဆာနတ်ဆိုးလေးတစ်ကောင်နှင့် တူနေလေသည်။ သူ့အနက်ရောင် လယ်သာဂျာကင်နှင့် ငွေရောင်ဆံပင်သည် စိတ်ကူးယဥ်ဆန်သည့် လှပသောနတ်ဆိုးတစ်ယောက်အသွင် ပြောင်းလဲသွားစေသည်။
နှစ်ယောက်လုံးသည် အလွန်ခံ့ညားနေသော်လည်း တစ်ချိန်ထဲတွင် နှစ်ယောက်လုံးသည် သူ့နည်းသူ့ဟန်တိုင်း လွန်စွာကွာခြားနေလေသည်။
အဖြူနှင့်အမည်းကဲ့သို့ သူတို့နှစ်ယောက်ကြားက ကြီးမားသည့်ခြားနားချက်သည် အံ့ဩစရာကောင်းသည့် အမြင်တစ်ခုကို ဖန်တီးနေတော့သည်။
လူအုပ်များထဲမှ ညစ်ညမ်းသည့်အတွေးနှင့် မိန်းကလေးများ၏နှလုံးသားများသည့် ခုန်ထွက်လုမတတ် လှုပ်ရှားနေကြတော့သည်။
သူတို့တွေလက်တွဲထားတဲ့ပုံက အရမ်းကို ချိုမြိန်တာပဲ။
ဟယ်... ဒီအထက်စီးဆန်ဆန်လူကြီးက ကောင်လေးကို ဘယ်ခေါ်သွားမလို့လဲဟင်။
ပြီးတော့ အခုဖြစ်သွားတဲ့ရန်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။
သူတို့သည် ယခုအချိန်ထိ အလွန်တရာချောမောနေရကား မိန်းကလေးများသည် ချင်မော့ကို မြင်လိုက်သောအခါ ထိုမျှလောက်ချောမောသည့်လူသည် ဤကမ္ဘာတွင်ရှိနေသည်ကို မယုံကြည်နိုင်အောင်ဖြစ်နေတော့သည်။
သူတို့ပတ်ဝန်းကျင်တွင် သက်ပြင်းချသံများကြားလိုက်ရသော ဖူကျို့သည် သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်တော့သည်။
ကြီးမြတ်လှတဲ့သခင်လေးနဲ့ အတူရှိရတာ တကယ်ပျော်စရာကောင်းတာပဲ။
ရန်ပွဲတောင်မှ အဆတစ်ရာပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်။
လုံခြုံရေးတွေတောင်မှ သူတို့ကို မတားနိုင်တော့ဘူး။
ပြီးတော့ သူတို့တွေ နေရာတိုင်းကို ခြေမွှပစ်လိုက်တာ ကြမ်းပြင်တောင် ဖန်ကွဲစတွေ ဖုံးလွှမ်းလို့လေ။
သို့သော်ငြား ဖူကျို့သည် ထိုအချက်နှင့်ပတ်သက်ပြီး မှားသွားလေသည်။
ချင်မော့သည် ကျန်းမြို့တွင် တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးချေ။
ထို့အပြင် ထိုလူသည် သေချင်သည့်ဆန္ဒသာ မရှိလျှင် ထိုသောက်ရူးမှာ ကြီးမြတ်လှသည့် သခင်လေးချင်ကို လာရှုပ်ရဲမည်နည်း။
ချင်မော့သည် အိပ်မပျော်၍သာ နိုက်ကလပ်သို့ သွားခဲ့ခြင်းဖြစ်သည်။
စစ်တပ်မိသားစုများမှ ထိုသခင်လေးများသည် အတူတူထိုင်မိကြလျှင် မည်သူမှ ချင်မော့အနားသို့ မကပ်ရဲချေ။
အထူးအကြောင်းအရင်းမှာ သူသည် ထိကိုင်ခံရခြင်းကို မနှစ်သက်ကြောင်း အားလုံးက သိထားသောကြောင့်ပင်။
သူတို့သည် သူ့အတွက် မိန်းကလေးများပင် မစီစဥ်ပေးရဲပေ။
သူတို့သည် အရင်ကလုပ်ပေးခဲ့ဖူးသည်။
ထိုအချိန်က ချင်မော့သည် သူ့စီးကရက်ကို ထုတ်ကာ လူများကို လူစုကွဲသွားအောင် လုပ်ခဲ့ဖူးသည်။
ဒါသည် ချင်မော့အတွက် အရှုပ်ထွေးဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့သော်လည်း သူသည် ဘာကိုမှ တရားလွန် မလုပ်ခဲ့ချေ။
လူအများကသာ သခင်လေးချင်သည် ကောင်လေးများကိုသာ နှစ်သက်သောကြောင့် သူ့ဆီကို မိန်းကလေးများပို့ခြင်းကို တားနေသည်ဟု စတင်ထင်မြင်လာကြခြင်းဖြစ်သည်။
ချင်မော့က အော်ရယ်လိုက်သည်။ သူသည် လက်ထဲရှိဖန်ခွက်ကို လှုပ်ယမ်းလိုက်ပြီး လူကြီးလူကောင်းဆန်ဆန် ပြောလိုက်လေသည်။
“ငါ လက်တွေ့ကျတဲ့ယောကျ်ားတစ်ယောက်ပဲ၊ ဒီတော့ ငါနဲ့လုပ်ဆောင်ချက်တူတဲ့ နောက်တစ်ယောက်ကို မလိုဘူး၊ စိတ်ကိုမဝင်စားဘူး၊ သွားစမ်းပါကွာ”
စစ်တပ်မိသားစုများမှ သခင်လေးများကို ထို့သို့ပြောလိုက်လေသည်။
မကြာလိုက်ပေ။ သူသည် မတ်တတ်ထရပ်လိုက်ပြီးနောက် သူ့ရှပ်အင်္ကျီကို ပြင်လိုက်လေသည်။ သူသည် အစဥ်လေးစားစရာကောင်းသည့်သခင်လေးချင်အသွင် ပြန်ဖြစ်သွားလေသည်။
ဒါသည် ဟာသတစ်ခုနှင့်တူသော်လည်း ချင်မော့၏ သတိပေးချက်ပင်ဖြစ်တော့သည်။
နောက်ပိုင်းတွင် ယောက်ျားလေးမဆိုထားနှင့် မိန်းကလေးများကိုပင် မည်သူမှ သူ့ဆီ ခေါ်မလာရဲတော့ချေ။
လက်ရှိကိုပြန်ပြောရရလျှင် အတိတ်ကအတွေ့အကြုံအရ ကြီးမြတ်လှသည့်သခင်လေးသည် သူမ၏ကိုယ်ခံပညာနှင့် ပတ်သက်သည့်အကြောင်းအရာကို စုံစမ်းရန် ဖူကျို့ကို အခန်းထဲသို့ တန်းခေါ်သွားခြင်းဖြစ်နိုင်သည်။
…
Zawgyi
အပိုင္း (၃၂၀) ႏွစ္ေယာက္သား အတူတူ ထြက္သြားတယ္
ခ်င္ေမာ့သည္ ငုံ႕ၾကည့္လိုက္ရာ ေကာင္ေလးက သူ႕ကို ၾကည့္ေနသည္ကို သတိထားမိသြားသည္။ ဘာေၾကာင့္မွန္းမသိေခ်၊ ေကာင္ေလးသည္ အနည္းငယ္ စိတ္ပ်ံ့လြင့္ေနသည့္ပုံေပၚေနသည္။
ျဖစ္ပ်က္သြားသည့္အရာမ်ားကို ၾကည့္ရင္း ထိုကေလးသည္ မွင္တက္အံ့ဩသြားသည္ဟု သူထင္လိုက္မိသည္။
အမွန္ပင္ျဖစ္သည္။ ႀကီးျမတ္လွသည့္သခင္ေလးသည္ သူ႕ညီေလးက သည္အရာအားလုံးကို ေၾကာက္႐ြံ႕သည္ဟု ယုံၾကည္ေနမိသည္။
ထိုေကာက္ခ်က္သည္ သူ႕ညီေလးကို အလြန္အကြၽံကာကြယ္လိုျခင္းမွ ဆြဲယူထားတာ ျဖစ္ေလသည္။
ခ်င္ေမာ့သည္ ဖူက်ိဳ႕က ထိုေကာင္ကို မည္မွ်ရက္ရက္စက္စက္ ကန္ေက်ာက္ခဲ့သည္ကို အလိုလို လ်စ္လ်ဴရႈမိရက္သားျဖစ္သြားသည္။
ေကာင္ေလးသည္ ယခုမူ မိုက္မဲသည့္ဟန္ျဖစ္ေနၿပီး သူ႕မ်က္ႏွာေပၚမွ ေသြးစေလးတစ္စက သူ႕ကို ကေလးေလးတစ္ေယာက္ႏွင့္မျခား တူေနေစေတာ့သည္။
သူသည္ မတရားေခ်ာေမာေနေသာ္လည္း သူသည္ ႐ူးမိုက္သည့္ဟန္ျဖစ္ေနေသးသည္။
ခ်င္ေမာ့၏အၾကည့္မ်ားသည္ ေကာင္ေလးအေၾကာင္း ေတြးမိသြားသည္ႏွင့္ ေႏြးသထက္ ေႏြးလာေလသည္။ ထို႔ေနာက္ သူ႕ပိုက္ဆံကို ထုတ္လိုက္ၿပီး ဘားကို ျပန္ျပင္ရန္ ပိုက္ဆံမ်ားကို စားပြဲေပၚသို႔ ပစ္တင္လိုက္ေလသည္။
သူသည္ ဤေနရာသို႔ေျပးဆင္းလာေသာ ဟိုတယ္လုံၿခဳံေရးမ်ားကို ေငြအေျမာက္အျမားေပးလိုက္သည္။
ဝိုင္ႏွင့္ ၾကမ္းျပင္ေပၚတြင္ ရႈပ္ပြေနေသာက်န္ပစၥည္းမ်ားသည္ ထိုမွ်ေလာက္ ေစ်းမႀကီးေပ။
ခ်င္ေမာ့သည္ ဖူက်ိဳ႕ကို ဆြဲကာ ေလာကႀကီးတြင္ သူတို႔ႏွစ္ေယာက္မွလြဲလွ်င္ မည္သည့္အရာမွ မရွိသကဲ့သို႔ ဆူညံေနသည့္လူအုပ္ႀကီးကို ေက်ာခိုင္းကာ ထြက္လာသည္။
ဒစ္စကိုမီးလုံးမ်ားသည္ လင္းလက္ေနဆဲ၊ ေတးဂီတသံမွာလည္း ျမဴးႂကြေနဆဲပင္။
နိုက္ကလပ္သို႔ ရွပ္အကၤ်ီအျဖဴဝတ္လာသူကို လူမ်ားက အလြန္ေရွးရိုးဆန္သည့္ဟု ေတြးၾကေလ့ရွိသည္။
သို႔သာ္ ထိုလူမွာ ႀကီးျမတ္ေသာသခင္ေလးဆိုလွ်င္ မတူေတာ့ေခ်။
ၾကာပန္းတစ္ပြင့္သည္ ေျမေပၚတြင္ သန့္ရွင္းျဖဴစင္စြာ ပြင့္လန္းေနသကဲ့သို႔ သူသည္လည္း လိုအင္ဆႏၵကင္းမဲ့သည္ နတ္ဘုရားတစ္ပါးက ေကာင္းကင္မွ ဆင္းသက္လာသည္ႏွင့္ တူေလသည္။
တစ္ဖက္တြင္ ထိုေကာင္ေလးသည္ အလြန္ ေပ်ာ္ပါးက်ီစယ္တတ္သည္ မိစာၦနတ္ဆိုးေလးတစ္ေကာင္ႏွင့္ တူေနေလသည္။ သူ႕အနက္ေရာင္ လယ္သာဂ်ာကင္ႏွင့္ ေငြေရာင္ဆံပင္သည္ စိတ္ကူးယဥ္ဆန္သည့္ လွပေသာနတ္ဆိုးတစ္ေယာက္အသြင္ ေျပာင္းလဲသြားေစသည္။
ႏွစ္ေယာက္လုံးသည္ အလြန္ခံ့ညားေနေသာ္လည္း တစ္ခ်ိန္ထဲတြင္ ႏွစ္ေယာက္လုံးသည္ သူ႕နည္းသူ႕ဟန္တိုင္း လြန္စြာကြာျခားေနေလသည္။
အျဖဴႏွင့္အမည္းကဲ့သို႔ သူတို႔ႏွစ္ေယာက္ၾကားက ႀကီးမားသည့္ျခားနားခ်က္သည္ အံ့ဩစရာေကာင္းသည့္ အျမင္တစ္ခုကို ဖန္တီးေနေတာ့သည္။
လူအုပ္မ်ားထဲမွ ညစ္ညမ္းသည့္အေတြးႏွင့္ မိန္းကေလးမ်ား၏ႏွလုံးသားမ်ားသည့္ ခုန္ထြက္လုမတတ္ လႈပ္ရွားေနၾကေတာ့သည္။
သူတို႔ေတြလက္တြဲထားတဲ့ပုံက အရမ္းကို ခ်ိဳၿမိန္တာပဲ။
ဟယ္... ဒီအထက္စီးဆန္ဆန္လူႀကီးက ေကာင္ေလးကို ဘယ္ေခၚသြားမလို႔လဲဟင္။
ၿပီးေတာ့ အခုျဖစ္သြားတဲ့ရန္ပြဲက အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတာပဲ။
သူတို႔သည္ ယခုအခ်ိန္ထိ အလြန္တရာေခ်ာေမာေနရကား မိန္းကေလးမ်ားသည္ ခ်င္ေမာ့ကို ျမင္လိုက္ေသာအခါ ထိုမွ်ေလာက္ေခ်ာေမာသည့္လူသည္ ဤကမာၻတြင္ရွိေနသည္ကို မယုံၾကည္နိုင္ေအာင္ျဖစ္ေနေတာ့သည္။
သူတို႔ပတ္ဝန္းက်င္တြင္ သက္ျပင္းခ်သံမ်ားၾကားလိုက္ရေသာ ဖူက်ိဳ႕သည္ သူမ၏ႏႈတ္ခမ္းမ်ားကို ေကြးထားလိုက္ေတာ့သည္။
ႀကီးျမတ္လွတဲ့သခင္ေလးနဲ႕ အတူရွိရတာ တကယ္ေပ်ာ္စရာေကာင္းတာပဲ။
ရန္ပြဲေတာင္မွ အဆတစ္ရာပိုၿပီး စိတ္ဝင္စားစရာေကာင္းလာတယ္။
လုံၿခဳံေရးေတြေတာင္မွ သူတို႔ကို မတားနိုင္ေတာ့ဘူး။
ၿပီးေတာ့ သူတို႔ေတြ ေနရာတိုင္းကို ေျခမႊပစ္လိုက္တာ ၾကမ္းျပင္ေတာင္ ဖန္ကြဲစေတြ ဖုံးလႊမ္းလို႔ေလ။
သို႔ေသာ္ျငား ဖူက်ိဳ႕သည္ ထိုအခ်က္ႏွင့္ပတ္သက္ၿပီး မွားသြားေလသည္။
ခ်င္ေမာ့သည္ က်န္းၿမိဳ႕တြင္ တစ္ခါမွ ရန္မျဖစ္ခဲ့ဖူးေခ်။
ထို႔အျပင္ ထိုလူသည္ ေသခ်င္သည့္ဆႏၵသာ မရွိလွ်င္ ထိုေသာက္႐ူးမွာ ႀကီးျမတ္လွသည့္ သခင္ေလးခ်င္ကို လာရႈပ္ရဲမည္နည္း။
ခ်င္ေမာ့သည္ အိပ္မေပ်ာ္၍သာ နိုက္ကလပ္သို႔ သြားခဲ့ျခင္းျဖစ္သည္။
စစ္တပ္မိသားစုမ်ားမွ ထိုသခင္ေလးမ်ားသည္ အတူတူထိုင္မိၾကလွ်င္ မည္သူမွ ခ်င္ေမာ့အနားသို႔ မကပ္ရဲေခ်။
အထူးအေၾကာင္းအရင္းမွာ သူသည္ ထိကိုင္ခံရျခင္းကို မႏွစ္သက္ေၾကာင္း အားလုံးက သိထားေသာေၾကာင့္ပင္။
သူတို႔သည္ သူ႕အတြက္ မိန္းကေလးမ်ားပင္ မစီစဥ္ေပးရဲေပ။
သူတို႔သည္ အရင္ကလုပ္ေပးခဲ့ဖူးသည္။
ထိုအခ်ိန္က ခ်င္ေမာ့သည္ သူ႕စီးကရက္ကို ထုတ္ကာ လူမ်ားကို လူစုကြဲသြားေအာင္ လုပ္ခဲ့ဖူးသည္။
ဒါသည္ ခ်င္ေမာ့အတြက္ အရႈပ္ေထြးဆုံးႏွစ္တစ္ႏွစ္ ျဖစ္ခဲ့ေသာ္လည္း သူသည္ ဘာကိုမွ တရားလြန္ မလုပ္ခဲ့ေခ်။
လူအမ်ားကသာ သခင္ေလးခ်င္သည္ ေကာင္ေလးမ်ားကိုသာ ႏွစ္သက္ေသာေၾကာင့္ သူ႕ဆီကို မိန္းကေလးမ်ားပို႔ျခင္းကို တားေနသည္ဟု စတင္ထင္ျမင္လာၾကျခင္းျဖစ္သည္။
ခ်င္ေမာ့က ေအာ္ရယ္လိုက္သည္။ သူသည္ လက္ထဲရွိဖန္ခြက္ကို လႈပ္ယမ္းလိုက္ၿပီး လူႀကီးလူေကာင္းဆန္ဆန္ ေျပာလိုက္ေလသည္။
“ငါ လက္ေတြ႕က်တဲ့ေယာက်္ားတစ္ေယာက္ပဲ၊ ဒီေတာ့ ငါနဲ႕လုပ္ေဆာင္ခ်က္တူတဲ့ ေနာက္တစ္ေယာက္ကို မလိုဘူး၊ စိတ္ကိုမဝင္စားဘူး၊ သြားစမ္းပါကြာ”
စစ္တပ္မိသားစုမ်ားမွ သခင္ေလးမ်ားကို ထို႔သို႔ေျပာလိုက္ေလသည္။
မၾကာလိုက္ေပ။ သူသည္ မတ္တတ္ထရပ္လိုက္ၿပီးေနာက္ သူ႕ရွပ္အကၤ်ီကို ျပင္လိုက္ေလသည္။ သူသည္ အစဥ္ေလးစားစရာေကာင္းသည့္သခင္ေလးခ်င္အသြင္ ျပန္ျဖစ္သြားေလသည္။
ဒါသည္ ဟာသတစ္ခုႏွင့္တူေသာ္လည္း ခ်င္ေမာ့၏ သတိေပးခ်က္ပင္ျဖစ္ေတာ့သည္။
ေနာက္ပိုင္းတြင္ ေယာက္်ားေလးမဆိုထားႏွင့္ မိန္းကေလးမ်ားကိုပင္ မည္သူမွ သူ႕ဆီ ေခၚမလာရဲေတာ့ေခ်။
လက္ရွိကိုျပန္ေျပာရရလွ်င္ အတိတ္ကအေတြ႕အႀကဳံအရ ႀကီးျမတ္လွသည့္သခင္ေလးသည္ သူမ၏ကိုယ္ခံပညာႏွင့္ ပတ္သက္သည့္အေၾကာင္းအရာကို စုံစမ္းရန္ ဖူက်ိဳ႕ကို အခန္းထဲသို႔ တန္းေခၚသြားျခင္းျဖစ္နိုင္သည္။
…