လူသတ်ကောင်ဘယ်သူလဲ?(Realm - 26...

By Dancing_Breeze

49.9K 8.3K 412

Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu ... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 48

Chapter - 47

699 114 2
By Dancing_Breeze

Unicode

၁၇၂၁။ သူမတို့ရဲ့လက္ခဏာရှစ်ခုက တကယ်ဆန့်ကျင်နေတယ်

သူမ systemနယ်မြေထဲပြန်ရောက်တာနဲ့ နဉ်ရှုက ကော်ဇော်ပေါ်မှာ အလောတကြီးထိုင်ချလိုက်ကာ စတင်ကျင့်ကြံတော့သည်။ ဒီတစ်ခေါက် သူမရဲ့ဝိဉာဉ်ထိခိုက်မှုက တကယ်ပြင်းထန်တယ်။

သူမရဲ့ဝိဉာဉ်ပြန်လည်ကောင်းမွန်လာပြီးနောက်မှာ နဉ်ရှုက ကျင့်ကြံနေတာကိုရပ်ကာ ၂၃၃၃ကို အေးစက်စွာမေး၏။

"စောစောတုန်းက နင် ဘာလို့ ငါ့ကို လျစ်လျူရှုထားတာတုန်း? ငါ နင့်ကို မေးခွန်းတွေမေးပေမယ့် အဖြေလည်းပြန်မလာဘူး။"

"အဲ့တုန်းက ငါ စနစ်ပျက်သွားလို့ ဒေတာတွေပြန်ပြင်နေတာ။"

၂၃၃၃ကပြောသည်။

"ငါ systemတစ်ခုရဲ့စွမ်းအားတွေနဲ့ကောင်းကင်ဥပဒေသတွေရလိုက်တယ်မဟုတ်ဘူးလား?"

နဉ်ရှုတစ်ယောက် လုံးဝကိုဆွံ့အသွားရတော့သည်။ သူမနဲ့၂၃၃၃ရဲ့လက္ခဏာရှစ်ခုက တကယ်ကိုဆန့်ကျင်ဘက်ပဲ။ သူမတို့ရဲ့အကျင့်စရိုက်တွေက သဟဇာတမဖြစ်ဘူး၊ ဒါကြောင့်မို့ သူမတို့တွေ ဘယ်တော့မှအမြင်မတူကြတာ။

နဉ်ရှုက ဘာမှမပြောတော့ပေ။ သူမက ဒီတစ်ခေါက် ဘာတွေရခဲ့လဲဆိုတာကြည့်ဖို့ အခေုအနေပြဇယားကိုဖွင့်လိုက်သည်။

နံပါတ် : ၂၃၃၃

အမည် : နဉ်ရှု (အလယ်အလတ်အဆင့်တာဝန်ထမ်းဆောင်သူ)

အသက် : ၂၇

အတွေ့အကြုံ : ၁၁၁၅၀k

ဝိဉာဉ် : ၃၁၀

သက်တမ်း : ၈၁

ဉာဏ်ရည် : ၂၆၄

ဆွဲဆောင်မှု : ၁၀

ကံကောင်းမှု : ၉၉

စိတ်ခွန်အား : ၁၇၀

သိုင်းပညာ : ၁၈၂

သစ္စာရှိမှု : ၂၄၁၄ (+၁၀၀၀)

ပါရမီ : ၇၉

ကုသိုလ်မှတ် : ၁၀၀၄၅ (+၃၀၀၀)

အရည်အချင်းများ : ငါးကွင်းထိသေနတ်ပစ်စွမ်းရည်၊ အမှိုက်အဆင့်သိုင်းပညာ၊ အမှိုက်အဆင့်ပြိုင်ဘက်ကင်းသိုင်းပညာစတင်လေ့ကျင့်သူ၊ အခြေခံအဆင့်အဆိပ်ဖော်စပ်ခြင်း၊ အခြေခံအဆင့်စီမံခန့်ခွဲခြင်းအသိပညာ၊ အစပျိုးအဆင့်ပရိုဂရမ်မာ၊ အစပျိုးအဆင့်ရှေ့နေ၊ အစပျိုးအဆင့်အပနှင်သူ။

ရရှိထားသောဘွဲ့များ : စစ်နတ်ဘုရားမ၊ ကိုယ်ကျိုးမငဲ့သည့်ဘိုးဘေး

ပစ္စည်းများ : တည်ငြိမ်ခြင်းရောင်ဝါ၊ သစ္စာရောင်ဝါ၊ အကာအကွယ်အဆောင် ×၅၊ အဆင့်မြှင့်တင်ထားသည့်အဆောင်

ရောင်ဝါများ : လောကအကျိုးပြုမိခင် (မိဖုရားခေါင်၏ကောင်းချီး)၊ စံပြအလုပ်သမားမမ (ချန်းရှီ၏ကောင်းချီး)၊ အကြီးအကဲရောင်ဝါ (ချောင်၏ကောင်းချီး)၊ တစ်သက်တာသူငယ်ချင်း (မြောင်မြောင်မြောင်၏ကောင်းချီး)၊ ဆေးကုသည့်လက် (ကျူးစုနျန်၏ကောင်းချီး)။

အထူးတာဝန်ကိုပြီးမြောက်လို့ သူမ ကုသိုလ်မှတ်၃၀၀၀နဲ့ သစ္စာရှိမှုအမှတ်၁၀၀၀ရတယ်။

နဉ်ရှု သူမမျက်လုံးကိုပွတ်လိုက်မိသည်။ ဒါပဲလား?

ကုသိုလ်မှတ်၃၀၀၀တည်းပေါ့?

အတွေ့အကြံမှတ်မရဘူးပေါ့? အရည်အချင်းမှတ်လည်းမရဘူးပေါ့?

ဒီတာဝန်က အလိမ်အညာကြီးပဲ!

နဉ်ရှုက စကားပြောစနစ်ကိုဖွင့်ကာ မိန်ကျီချင်းကိုမေးလိုက်သည်။

"နင် ဘယ်လောက်ရလဲ? အထူးတာဝန်ထမ်းဆောင်သူဖြစ်လာနိုင်ပြီလား?"

မိန်ကျီချင်းကပြောသည်။

"နည်းနည်းလိုသေးတယ်! ငါ ကုသိုလ်မှတ်ဈပ်မရဘူး၊ အဲ့အမှတ်က တကယ်ရှားတာ။ ငါ အထူးတာဝန်နည်းနည်းထပ်လုပ်ဖို့လိုသေးတယ်၊ ဒါပေမယ့် အဲ့တာဝန်တွေက အမြဲမလာဘူး။"

နဉ်ရှုက မိန်ကျီချင်းကို နှစ်သိမ့်ဖို့ကြိုးစားသည်။

"သိပ်လည်းမစိုးရိမ်ပါနဲ့။ အချိန်ယူပြီးလုပ်ပေါ့။"

မိန်ကျီချင်းက သူမပေးတဲ့အကြံကိုအလေးထားသည်။

"ငါ ရိုးရိုးတာဝန်တွေအရင်လုပ်တာကောင်းမယ်၊ ငါ တော်တော်ပင်ပန်းနေတာ။ အထူးတာဝန်တစ်ခုထပ်ပေါ်လာရင် ငါပြန်စဉ်းစားမယ်။"

နဉ်ရှုက မိန်ကျီချင်းနဲ့ ခဏလောက်စကားပြောပြီးနောက် စကားပြောစနစ်ကိုပိတ်ဖို့ပြင်ချိန်မှာ စာဝင်လာတဲ့အသံကိုကြားလိုက်ရသည်။

နဉ်ရှု စာကိုဖွင့်ကြည့်လိုက်ကာ ၇၉၅က စကားပြောချင်နေတာသိလိုက်ရ၏။ သူမက တောင်းဆိုမှုကိုလက်ခံလိုက်သည်။

၇၉၅က စာတစ်စောင်ပို့ကာမေး၏။

"ဒီတစ်ခေါက်တာဝန်ဘယ်လိုနေလဲ? ဘယ်လောက်ရလဲ?"

"သိပ်မကောင်းပါဘူး။"

နဉ်ရှုကစာပြန်သည်။

၇၉၅ကပြော၏။

"ဖန်ချန်းနဲ့ကိစ္စက ငါတို့ ထိန်းချုပ်လို့ရတာမျိုးမဟုတ်ဘူးလေ။ ငါတို့လုပ်နိုင်တာဘာမှမရှိမှတော့ ဆုတွှေလျှော့ချခံရတာပုံမှန်ပဲ။"

နဉ်ရှု သက်ပြင်းချမိရသည်။ သူမ ရိုးရိုးတာဝန်တွေပဲလုပ်ပြီး အမှန်သန်း၂၀ယူပြီး အဆင့်မြင့်တာဝန်ထမ်းဆောင်သူပဲလုပ်တော့မယ်။ အထူးတာဝန်ထမ်းဆောင်သူဖြစ်ဖို့လား? အဝေးကြီးလိုသေးလို့ သူမ စဉ်းစားရမှာတောင်ပျင်းတယ်။

နောက်ထပ်မြည်သံတစ်ခုက တစ်ယောက်ယောက်က သူမနဲ့စကားပြောချင်နေကြောင်း နဉ်ရှုကိုအသိပေးလာသည်။ နဉ်ရှု တောင်းဆိုမှုကိုကြည့်လိုက်ပြီး သူက ၆၄၅၇ဖြစ်နေတာကိုသိလိုက်ရ၏။

ဒီနံပါတ်က ကျန်းကျားစန်ပဲ။ နဉ်ရှုက တောင်းဆိုမှုကို ချက်ချင်းငြင်းပယ်လိုက်သည်။ သူမ ကျန်းကျားစန်ကို စကားမပြောချင်သလို ပြောစရာစကားလည်းမရှိဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းကျားစန်က အခွင့်အရေးရတာနဲ့ သူမကိုသတ်ဖို့ပဲကြိုးစားမယ့်ဟာ။ သူ့အကြံအစည်တွေက ရှုပ်ထွေးတယ်။

အခု သူက သူမအပေါ်ရင်းနှီးသလိုလုပ်ပြနေပေမယ့် နောက်တစ်ခါအခွင့်အရေးရရင် သူက သူမကို အညှာအတာမရှိတိုက်ခိုက်မှာအသေအချာပဲ။
...

Zawgyi

၁၇၂၁။ သူမတို႔ရဲ႕လကၡဏာရွစ္ခုက တကယ္ဆန႔္က်င္ေနတယ္

သူမ systemနယ္ေျမထဲျပန္ေရာက္တာနဲ႔ နဥ္ရႈက ေကာ္ေဇာ္ေပၚမွာ အေလာတႀကီးထိုင္ခ်လိုက္ကာ စတင္က်င့္ႀကံေတာ့သည္။ ဒီတစ္ေခါက္ သူမရဲ႕ဝိဉာဥ္ထိခိုက္မႈက တကယ္ျပင္းထန္တယ္။

သူမရဲ႕ဝိဉာဥ္ျပန္လည္ေကာင္းမြန္လာၿပီးေနာက္မွာ နဥ္ရႈက က်င့္ႀကံေနတာကိုရပ္ကာ ၂၃၃၃ကို ေအးစက္စြာေမး၏။

"ေစာေစာတုန္းက နင္ ဘာလို႔ ငါ့ကို လ်စ္လ်ဴရႈထားတာတုန္း? ငါ နင့္ကို ေမးခြန္းေတြေမးေပမယ့္ အေျဖလည္းျပန္မလာဘူး။"

"အဲ့တုန္းက ငါ စနစ္ပ်က္သြားလို႔ ေဒတာေတြျပန္ျပင္ေနတာ။"

၂၃၃၃ကေျပာသည္။

"ငါ systemတစ္ခုရဲ႕စြမ္းအားေတြနဲ႔ေကာင္းကင္ဥပေဒသေတြရလိုက္တယ္မဟုတ္ဘူးလား?"

နဥ္ရႈတစ္ေယာက္ လုံးဝကိုဆြံ႕အသြားရေတာ့သည္။ သူမနဲ႔၂၃၃၃ရဲ႕လကၡဏာရွစ္ခုက တကယ္ကိုဆန႔္က်င္ဘက္ပဲ။ သူမတို႔ရဲ႕အက်င့္စ႐ိုက္ေတြက သဟဇာတမျဖစ္ဘူး၊ ဒါေၾကာင့္မို႔ သူမတို႔ေတြ ဘယ္ေတာ့မွအျမင္မတူၾကတာ။

နဥ္ရႈက ဘာမွမေျပာေတာ့ေပ။ သူမက ဒီတစ္ေခါက္ ဘာေတြရခဲ့လဲဆိုတာၾကည့္ဖို႔ အေခုအေနျပဇယားကိုဖြင့္လိုက္သည္။

နံပါတ္ : ၂၃၃၃

အမည္ : နဥ္ရႈ (အလယ္အလတ္အဆင့္တာဝန္ထမ္းေဆာင္သူ)

အသက္ : ၂၇

အေတြ႕အႀကဳံ : ၁၁၁၅၀k

ဝိဉာဥ္ : ၃၁၀

သက္တမ္း : ၈၁

ဉာဏ္ရည္ : ၂၆၄

ဆြဲေဆာင္မႈ : ၁၀

ကံေကာင္းမႈ : ၉၉

စိတ္ခြန္အား : ၁၇၀

သိုင္းပညာ : ၁၈၂

သစၥာရွိမႈ : ၂၄၁၄ (+၁၀၀၀)

ပါရမီ : ၇၉

ကုသိုလ္မွတ္ : ၁၀၀၄၅ (+၃၀၀၀)

အရည္အခ်င္းမ်ား : ငါးကြင္းထိေသနတ္ပစ္စြမ္းရည္၊ အမႈိက္အဆင့္သိုင္းပညာ၊ အမႈိက္အဆင့္ၿပိဳင္ဘက္ကင္းသိုင္းပညာစတင္ေလ့က်င့္သူ၊ အေျခခံအဆင့္အဆိပ္ေဖာ္စပ္ျခင္း၊ အေျခခံအဆင့္စီမံခန႔္ခြဲျခင္းအသိပညာ၊ အစပ်ိဳးအဆင့္ပ႐ိုဂရမ္မာ၊ အစပ်ိဳးအဆင့္ေရွ႕ေန၊ အစပ်ိဳးအဆင့္အပႏွင္သူ။

ရရွိထားေသာဘြဲ႕မ်ား : စစ္နတ္ဘုရားမ၊ ကိုယ္က်ိဳးမငဲ့သည့္ဘိုးေဘး

ပစၥည္းမ်ား : တည္ၿငိမ္ျခင္းေရာင္ဝါ၊ သစၥာေရာင္ဝါ၊ အကာအကြယ္အေဆာင္ ×၅၊ အဆင့္ျမႇင့္တင္ထားသည့္အေဆာင္

ေရာင္ဝါမ်ား : ေလာကအက်ိဳးျပဳမိခင္ (မိဖုရားေခါင္၏ေကာင္းခ်ီး)၊ စံျပအလုပ္သမားမမ (ခ်န္းရွီ၏ေကာင္းခ်ီး)၊ အႀကီးအကဲေရာင္ဝါ (ေခ်ာင္၏ေကာင္းခ်ီး)၊ တစ္သက္တာသူငယ္ခ်င္း (ေျမာင္ေျမာင္ေျမာင္၏ေကာင္းခ်ီး)၊ ေဆးကုသည့္လက္ (က်ဴးစုန်န္၏ေကာင္းခ်ီး)။

အထူးတာဝန္ကိုၿပီးေျမာက္လို႔ သူမ ကုသိုလ္မွတ္၃၀၀၀နဲ႔ သစၥာရွိမႈအမွတ္၁၀၀၀ရတယ္။

နဥ္ရႈ သူမမ်က္လုံးကိုပြတ္လိုက္မိသည္။ ဒါပဲလား?

ကုသိုလ္မွတ္၃၀၀၀တည္းေပါ့?

အေတြ႕အႀကံမွတ္မရဘူးေပါ့? အရည္အခ်င္းမွတ္လည္းမရဘူးေပါ့?

ဒီတာဝန္က အလိမ္အညာႀကီးပဲ!

နဥ္ရႈက စကားေျပာစနစ္ကိုဖြင့္ကာ မိန္က်ီခ်င္းကိုေမးလိုက္သည္။

"နင္ ဘယ္ေလာက္ရလဲ? အထူးတာဝန္ထမ္းေဆာင္သူျဖစ္လာႏိုင္ၿပီလား?"

မိန္က်ီခ်င္းကေျပာသည္။

"နည္းနည္းလိုေသးတယ္! ငါ ကုသိုလ္မွတ္ဈပ္မရဘူး၊ အဲ့အမွတ္က တကယ္ရွားတာ။ ငါ အထူးတာဝန္နည္းနည္းထပ္လုပ္ဖို႔လိုေသးတယ္၊ ဒါေပမယ့္ အဲ့တာဝန္ေတြက အၿမဲမလာဘူး။"

နဥ္ရႈက မိန္က်ီခ်င္းကို ႏွစ္သိမ့္ဖို႔ႀကိဳးစားသည္။

"သိပ္လည္းမစိုးရိမ္ပါနဲ႔။ အခ်ိန္ယူၿပီးလုပ္ေပါ့။"

မိန္က်ီခ်င္းက သူမေပးတဲ့အႀကံကိုအေလးထားသည္။

"ငါ ႐ိုး႐ိုးတာဝန္ေတြအရင္လုပ္တာေကာင္းမယ္၊ ငါ ေတာ္ေတာ္ပင္ပန္းေနတာ။ အထူးတာဝန္တစ္ခုထပ္ေပၚလာရင္ ငါျပန္စဥ္းစားမယ္။"

နဥ္ရႈက မိန္က်ီခ်င္းနဲ႔ ခဏေလာက္စကားေျပာၿပီးေနာက္ စကားေျပာစနစ္ကိုပိတ္ဖို႔ျပင္ခ်ိန္မွာ စာဝင္လာတဲ့အသံကိုၾကားလိုက္ရသည္။

နဥ္ရႈ စာကိုဖြင့္ၾကည့္လိုက္ကာ ၇၉၅က စကားေျပာခ်င္ေနတာသိလိုက္ရ၏။ သူမက ေတာင္းဆိုမႈကိုလက္ခံလိုက္သည္။

၇၉၅က စာတစ္ေစာင္ပို႔ကာေမး၏။

"ဒီတစ္ေခါက္တာဝန္ဘယ္လိုေနလဲ? ဘယ္ေလာက္ရလဲ?"

"သိပ္မေကာင္းပါဘူး။"

နဥ္ရႈကစာျပန္သည္။

၇၉၅ကေျပာ၏။

"ဖန္ခ်န္းနဲ႔ကိစၥက ငါတို႔ ထိန္းခ်ဳပ္လို႔ရတာမ်ိဳးမဟုတ္ဘူးေလ။ ငါတို႔လုပ္ႏိုင္တာဘာမွမရွိမွေတာ့ ဆုေတႊေလွ်ာ့ခ်ခံရတာပုံမွန္ပဲ။"

နဥ္ရႈ သက္ျပင္းခ်မိရသည္။ သူမ ႐ိုး႐ိုးတာဝန္ေတြပဲလုပ္ၿပီး အမွန္သန္း၂၀ယူၿပီး အဆင့္ျမင့္တာဝန္ထမ္းေဆာင္သူပဲလုပ္ေတာ့မယ္။ အထူးတာဝန္ထမ္းေဆာင္သူျဖစ္ဖို႔လား? အေဝးႀကီးလိုေသးလို႔ သူမ စဥ္းစားရမွာေတာင္ပ်င္းတယ္။

ေနာက္ထပ္ျမည္သံတစ္ခုက တစ္ေယာက္ေယာက္က သူမနဲ႔စကားေျပာခ်င္ေနေၾကာင္း နဥ္ရႈကိုအသိေပးလာသည္။ နဥ္ရႈ ေတာင္းဆိုမႈကိုၾကည့္လိုက္ၿပီး သူက ၆၄၅၇ျဖစ္ေနတာကိုသိလိုက္ရ၏။

ဒီနံပါတ္က က်န္းက်ားစန္ပဲ။ နဥ္ရႈက ေတာင္းဆိုမႈကို ခ်က္ခ်င္းျငင္းပယ္လိုက္သည္။ သူမ က်န္းက်ားစန္ကို စကားမေျပာခ်င္သလို ေျပာစရာစကားလည္းမရွိဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ က်န္းက်ားစန္က အခြင့္အေရးရတာနဲ႔ သူမကိုသတ္ဖို႔ပဲႀကိဳးစားမယ့္ဟာ။ သူ႔အႀကံအစည္ေတြက ရႈပ္ေထြးတယ္။

အခု သူက သူမအေပၚရင္းႏွီးသလိုလုပ္ျပေနေပမယ့္ ေနာက္တစ္ခါအခြင့္အေရးရရင္ သူက သူမကို အညႇာအတာမရွိတိုက္ခိုက္မွာအေသအခ်ာပဲ။
...

Continue Reading

You'll Also Like

514K 84.8K 128
The story is not mine. It's just a translation. All credit goes to the original author.
75.9K 6.7K 141
New Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description က...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
709K 121K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...