လူသတ်ကောင်ဘယ်သူလဲ?(Realm - 26...

By Dancing_Breeze

50K 8.3K 412

Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu ... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48

Chapter - 43

669 134 0
By Dancing_Breeze

Unicode

၁၇၁၇။ ကံအပြစ်ကြွေးတွေကနေလွတ်မြောက်နိုင်

၇၉၅ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်နီရဲနေသည်။

"ငါတို့ တာဝန်ထမ်းဆောင်သူတွေမှာလည်း အပြစ်တွေရှိတယ်၊ ဒါပေမယ့် ဒီပစ္စည်းနဲ့သာဆိုရင် ငါတို့ အသက်ရှင်နိုင်ရုံတင်မကဘူး ကောင်းကင်ဥပဒေသကငါတို့အတွက်ချမှတ်ထားတဲ့အပြစ်ကြွေးတွေကနေလည်း လွတ်မြောက်နိုင်ဆယ်။

"မင်း ဒီကျောက်ကိုရတာနဲ့ အဲ့ထဲမှာ ရှိနေတဲ့ဝိဉာဉ်တွေက မင်းမှာရှိတဲ့အသက်တွေနဲ့ညီမျှတယ်။ မင်း အပြစ်မဲ့တဲ့လူတွေကိုသတ်မိရင်တောင် ကံအပြစ်ကြွေးနဲ့နှိပ်စက်ခံရမှာမဟုတ်ဘူး။"

နဉ်ရှု : ...

အကျိုးနည်း၊ သောက်ရမ်းcheatဆန်တဲ့ဟာမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ?

တာဝန်ထမ်းဆောင်သူတစ်ယောက်သာ ဒါကိုရသွားလို့ကတော့ သုတ်သင်ခံရမှာကို ကြောက်နေစရာမလိုတော့ဘူး။ အထဲမှာ တာဝန်ထမ်းဆောင်သူရဲ့သုတ်သင်ခံရမှုကို အစားထိုးပေးမယ့်ဝိဉာဉ်ရှိနေတယ်လေ။

နဉ်ရှုရဲ့နှလုံးသားတွေက လိုအင်ဆန္ဒတွေနဲ့တရွရွဖြစ်နေသည်။ ကျောက်တုံးရဲ့တောက်ပမှုကိုကြည့်ရင်း ဒါက ပိုလှလာသလို သူမ ခံစားလိုက်ရသည်။ သူမ ဒါကိုလိုချင်တယ်။

လောကမှာအင်မတန်ရှားပါးတဲ့အရာကိုတွေ့နေရတဲ့အခါ လောဘက အတိုင်းအဆမရှိကြီးထွားလာတတ်၏။

နဉ်ရှု လက်သီးဆုပ်လိုက်မိသည်၊ သူမရဲ့လက်သည်းတွေက သူမလက်ဖဝါးထဲစိုက်ဝင်သွားပြီး နာကျင်မှုတွေဖြစ်ပေါ်လာစေသည်။ ဒါက သူမက နည်းနည်းစိတ်တည်ငြိမ်သွားစေသည်။ သူမ မျက်နှာသေနဲ့ရှိနေတဲ့အန်ကယ့်ကိုတစ်ချက်လှမ်းကြည့်လိုက်ကာ ရုတ်တရက် စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။

ဒါကို သူမရနိုင်မယ့်အခွင့်အရေးက အတော်လေးနည်းတယ်။ ပြီးတော့ တာဝန်ထမ်းဆောင်သူ ဘာမဆိုလုပ်လို့ရနေနိုင်တဲ့ဒီလိုပစ္စည်းမျိုးရှိနေတာက ဘယ်လိုပဲတွေးတွေး လက်တွေ့မဆန်ဘူး။

"ဖြောင်း ဖြောင်း ဖြောင်း..."

ဖြည်းဖြည်းချင်းလက်ခုပ်တီးလိုက်သံက ရုတ်တရက်ထွက်ပေါ်လာကာ စင်္ကြန်လမ်းမှာ ပဲ့တင်ထပ်သွားသည်။

လူအုပ်က လက်ခုပ်သံလာရာကိုလှမ်းကြည့်မိလိုက်ကြချိန်မှာ အဖြူရောင်သူတော်စင်ဝတ်စုံကိုဝတ်ထားတဲ့ဖန်ချန်းကိုတွေ့လိုက်ကြရ၏။ ဝတ်စုံမှာ အနက်ရောင်‌ရောယှက်နေကာ အင်္ကျီလက်ကကျယ်သည်။ သူ့ရဲ့ရှင်းသန့်ပြီးသိမ်မွေ့တဲ့မျက်နှာထားနဲ့ပေါင်းစပ်လိုက်တဲ့အခါ သူက ယဉ်ကျေးသိမ်မွေ့တဲ့ရှေးခေတ်ပညာရှိတစ်ယောက်နဲ့တူနေသည်။

"ဖန်ချန်း..."

"မင်း သေပြီမဟုတ်ဘူးလား?"

ဖန်ချန်းက သူတော်စင်ခေါင်းဆောင်ကြီးတစ်ယောက်ဟန်မျိုးနဲ့ဆိုသည်။

"ငါ့ရဲ့ကျောက်မြတ်မဟာခန်းမကနေကြိုဆိုပါတယ်!"

"ဖန်ချန်း၊ မင်း အဲ့လူတွေအားလုံးကိုသတ်လိုက်တာလား?"

အဖွဲ့ဝင်တစ်ယောက်က မနေနိုင်တော့ဘဲမေးသည်။

ဖန်ချန်းကခေါင်းငြိမ့်သည်။

"ဒါပေမယ့် အားလုံးကို ငါသတ်တာမဟုတ်ဘူး။"

ထို့နောက် သူကခေါင်းငုံ့ကာ လက်ချိုးရေသည်။

"လူအတော်များများကို ဖန့်ကျွင်းယန်သတ်တာ၊ ငါသတ်တာ နည်းနည်းလေး၊ တချို့လူတွေကလည်း ဖရိုဖရဲဖြစ်နေတာကိုအခွင့်ကောင်းယူပြီး လူသတ်ကြတယ်။"

"သစ်သားမြင်းရုပ်စီးနေတဲ့တစ်ယောက်ကို အဖွားအိုသတ်တာ၊ လွှနဲ့ဖြတ်တာကို‌တော့ ရှောင်လန်လုပ်တာ။"

ဖန်ချန်းက ညည်းညည်းညူညူဆို၏။

"ရှောင်လန်က တကယ်အသုံးမကျဘူး။ ငါ သူ့ကို ကောင်းကင်မျက်လုံးတစ်စုံတောင်ပေးထားပေမယ့် သူက အဲ့လိုပဲသေသွားတယ်။"

နဉ်ရှု : ...

အဲ့ဒါတွေက ကောင်းကင်မျက်လုံးတွေတဲ့လား?

အဲ့ဒါတွေက တိမ်စွဲနေတဲ့ငါးသေမျက်လုံးတွေဆိုတာ သေချာတယ်၊ ဟုတ်ပြီလား?

"မင်း လူရောဟုတ်သေးရဲ့လား? ငါတို့အားလုံးက အတန်းဖော်တွေပဲလေ။ မင်း ဘာလို့ သူတို့ကို သတ်ရတာလဲ?"

တစ်ယောက်က ဖန်ချန်းကို ဒေါသတကြီးအော်သည်။

ဖန်ချန်းက ပြန်လှန်မေးခွန်းထုတ်သည်။

"ငါက ဘာလို့ သူတို့ကို သတ်လို့မရတာလဲ?"

"မင်း အပြစ်ရှိသလိုမခံစားရဘူးလား?"

"ဟင့်အင်း။ ပြီးတော့ သူတို့ကို ငါသတ်တာမှမဟုတ်တာ။ ငါက နည်းနည်းအဆင်ပြေသွားအောင်လုပ်ပေးရုံတင်။"

ဖန်ချန်းက ရှက်နေတဲ့မျက်နှာထားနဲ့ဆို၏။

ဖန်ချန်းကို အဲ့လိုပုံစံနဲ့မြင်လိုက်ရချိန်မှာ သူတို့တွေ ကျောချမ်းသွားရသည်။ သူက လူသတ်တာကို ထမင်းစားတာလို ပုံမှန်ကိစ္စတစ်ခုလိုလုပ်နေတယ်။

"မင်းတို့ဒီရောက်လာမှတော့ ငါ မင်းတို့ကို လက်ဆောင်လေးပေးရမယ်။"

ဖန်ချန်းက သိမ်မွေ့စွာဆိုသည်။

သူ အဲ့လိုပြောလိုက်တာနဲ့ တိုင်လုံးထက်ရှိကျောက်တုံးက မျက်စိကျိန်းဖွယ်အလင်းတွေကို ထုတ်လွှတ်လာသည်။

သူမရဲ့ဝိဉာဉ်က သူမကိုယ်ထဲကနေထွက်သွားမလိုဖြစ်‌လာကို နဉ်ရှု ချက်ချင်းခံစားမိလိုက်သည်။ ပြင်းထန်တဲ့စုပ်ယူအားတစ်ခုက သူမရဲ့ဝိဉာဉ်ကို စုပ်ထုတ်ဖို့ကြိုးစားနေသည်။

အားလုံး သူတို့ရဲ့ခေါင်းတွေကိုကိုင်ကာ နာနာကျင်ကျင်အော်လိုက်မိကြသည်။ သူတို့ကိုယ်ထဲကနေ သူတို့ရဲ့ဝိဉာဉ်တွေကို အတင်းအဓမ္မဆွဲထုတ်ခံရတဲ့ခံစားချက်က နာကျင်လွန်းလှသည်။

အန်ကယ်က သေနတ်ကိုကိုင်ကာ မျက်လုံးတွေကိုမှေးစင်းလိုက်သည်။ သူက ကျောက်တုံးကို သေနတ်နဲ့တစ်ချက်ပစ်လိုက်တာမို့ ကျောက်တုံးရဲ့အလင်းက ရုတ်တရက်မှေးမှိန်သွားသည်။ သူတို့ရဲ့ဝိဉာဉ်တွေကိုဆွဲထုတ်နေတဲ့စွမ်းအားလည်း ပျောက်ကွယ်သွား၏။

ဖန်ချန်းက အန်ကယ့်လက်ထဲရှိသေနတ်ကိုကြည့်ကာ မျက်မှောင်ကုတ်လျက်မေးလာသည်။

"ဒါ ဘယ်လိုသေနတ်မျိုးလဲ?"

အန်ကယ်ရဲ့လက်က နေရာရွေ့သွားပြီး သူက ဖန်ချန်းကို သေနတ်နဲ့ နှစ်ချက်ပစ်လိုက်သည်။ ဖန်ချန်းရဲ့ကိုယ်က နည်းနည်းရွေ့သွားကာ သူ့ဝိဉာဉ်က အနက်ရောင်သမ်းလာသည်။

"ခင်ဗျားရဲ့သေနတ်က ဝိဉာဉ်တွေကို ဖယ်ရှားနိုင်တယ်ပေါ့?"

ဖန်ချန်းတစ်ယောက် သတိအပြည့်ရှိလာသည်။

နဉ်ရှု : ...

ဖန်ချန်းက ဘာကြီးတုန်း?

သူက ဘာလို့မသေတာတုန်း?
...

Zawgyi

၁၇၁၇။ ကံအျပစ္ေႂကြးေတြကေနလြတ္ေျမာက္ႏိုင္

၇၉၅ရဲ႕မ်က္ႏွာက စိတ္လႈပ္ရွားမႈေၾကာင့္နီရဲေနသည္။

"ငါတို႔ တာဝန္ထမ္းေဆာင္သူေတြမွာလည္း အျပစ္ေတြရွိတယ္၊ ဒါေပမယ့္ ဒီပစၥည္းနဲ႔သာဆိုရင္ ငါတို႔ အသက္ရွင္ႏိုင္႐ုံတင္မကဘူး ေကာင္းကင္ဥပေဒသကငါတို႔အတြက္ခ်မွတ္ထားတဲ့အျပစ္ေႂကြးေတြကေနလည္း လြတ္ေျမာက္ႏိုင္ဆယ္။

"မင္း ဒီေက်ာက္ကိုရတာနဲ႔ အဲ့ထဲမွာ ရွိေနတဲ့ဝိဉာဥ္ေတြက မင္းမွာရွိတဲ့အသက္ေတြနဲ႔ညီမွ်တယ္။ မင္း အျပစ္မဲ့တဲ့လူေတြကိုသတ္မိရင္ေတာင္ ကံအျပစ္ေႂကြးနဲ႔ႏွိပ္စက္ခံရမွာမဟုတ္ဘူး။"

နဥ္ရႈ : ...

အက်ိဳးနည္း၊ ေသာက္ရမ္းcheatဆန္တဲ့ဟာမ်ိဳး ဘယ္လိုလုပ္ရွိေနရတာလဲ?

တာဝန္ထမ္းေဆာင္သူတစ္ေယာက္သာ ဒါကိုရသြားလို႔ကေတာ့ သုတ္သင္ခံရမွာကို ေၾကာက္ေနစရာမလိုေတာ့ဘူး။ အထဲမွာ တာဝန္ထမ္းေဆာင္သူရဲ႕သုတ္သင္ခံရမႈကို အစားထိုးေပးမယ့္ဝိဉာဥ္ရွိေနတယ္ေလ။

နဥ္ရႈရဲ႕ႏွလုံးသားေတြက လိုအင္ဆႏၵေတြနဲ႔တ႐ြ႐ြျဖစ္ေနသည္။ ေက်ာက္တုံးရဲ႕ေတာက္ပမႈကိုၾကည့္ရင္း ဒါက ပိုလွလာသလို သူမ ခံစားလိုက္ရသည္။ သူမ ဒါကိုလိုခ်င္တယ္။

ေလာကမွာအင္မတန္ရွားပါးတဲ့အရာကိုေတြ႕ေနရတဲ့အခါ ေလာဘက အတိုင္းအဆမရွိႀကီးထြားလာတတ္၏။

နဥ္ရႈ လက္သီးဆုပ္လိုက္မိသည္၊ သူမရဲ႕လက္သည္းေတြက သူမလက္ဖဝါးထဲစိုက္ဝင္သြားၿပီး နာက်င္မႈေတြျဖစ္ေပၚလာေစသည္။ ဒါက သူမက နည္းနည္းစိတ္တည္ၿငိမ္သြားေစသည္။ သူမ မ်က္ႏွာေသနဲ႔ရွိေနတဲ့အန္ကယ့္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ကာ ႐ုတ္တရက္ စိတ္ထဲမွာ သက္ျပင္းခ်လိုက္မိသည္။

ဒါကို သူမရႏိုင္မယ့္အခြင့္အေရးက အေတာ္ေလးနည္းတယ္။ ၿပီးေတာ့ တာဝန္ထမ္းေဆာင္သူ ဘာမဆိုလုပ္လို႔ရေနႏိုင္တဲ့ဒီလိုပစၥည္းမ်ိဳးရွိေနတာက ဘယ္လိုပဲေတြးေတြး လက္ေတြ႕မဆန္ဘူး။

"ေျဖာင္း ေျဖာင္း ေျဖာင္း..."

ျဖည္းျဖည္းခ်င္းလက္ခုပ္တီးလိုက္သံက ႐ုတ္တရက္ထြက္ေပၚလာကာ စၾကၤန္လမ္းမွာ ပဲ့တင္ထပ္သြားသည္။

လူအုပ္က လက္ခုပ္သံလာရာကိုလွမ္းၾကည့္မိလိုက္ၾကခ်ိန္မွာ အျဖဴေရာင္သူေတာ္စင္ဝတ္စုံကိုဝတ္ထားတဲ့ဖန္ခ်န္းကိုေတြ႕လိုက္ၾကရ၏။ ဝတ္စုံမွာ အနက္ေရာင္‌ေရာယွက္ေနကာ အက်ႌလက္ကက်ယ္သည္။ သူ႔ရဲ႕ရွင္းသန႔္ၿပီးသိမ္ေမြ႕တဲ့မ်က္ႏွာထားနဲ႔ေပါင္းစပ္လိုက္တဲ့အခါ သူက ယဥ္ေက်းသိမ္ေမြ႕တဲ့ေရွးေခတ္ပညာရွိတစ္ေယာက္နဲ႔တူေနသည္။

"ဖန္ခ်န္း..."

"မင္း ေသၿပီမဟုတ္ဘူးလား?"

ဖန္ခ်န္းက သူေတာ္စင္ေခါင္းေဆာင္ႀကီးတစ္ေယာက္ဟန္မ်ိဳးနဲ႔ဆိုသည္။

"ငါ့ရဲ႕ေက်ာက္ျမတ္မဟာခန္းမကေနႀကိဳဆိုပါတယ္!"

"ဖန္ခ်န္း၊ မင္း အဲ့လူေတြအားလုံးကိုသတ္လိုက္တာလား?"

အဖြဲ႕ဝင္တစ္ေယာက္က မေနႏိုင္ေတာ့ဘဲေမးသည္။

ဖန္ခ်န္းကေခါင္းၿငိမ့္သည္။

"ဒါေပမယ့္ အားလုံးကို ငါသတ္တာမဟုတ္ဘူး။"

ထို႔ေနာက္ သူကေခါင္းငုံ႔ကာ လက္ခ်ိဳးေရသည္။

"လူအေတာ္မ်ားမ်ားကို ဖန႔္ကြၽင္းယန္သတ္တာ၊ ငါသတ္တာ နည္းနည္းေလး၊ တခ်ိဳ႕လူေတြကလည္း ဖ႐ိုဖရဲျဖစ္ေနတာကိုအခြင့္ေကာင္းယူၿပီး လူသတ္ၾကတယ္။"

"သစ္သားျမင္း႐ုပ္စီးေနတဲ့တစ္ေယာက္ကို အဖြားအိုသတ္တာ၊ လႊနဲ႔ျဖတ္တာကို‌ေတာ့ ေရွာင္လန္လုပ္တာ။"

ဖန္ခ်န္းက ညည္းညည္းညဴညဴဆို၏။

"ေရွာင္လန္က တကယ္အသုံးမက်ဘူး။ ငါ သူ႔ကို ေကာင္းကင္မ်က္လုံးတစ္စုံေတာင္ေပးထားေပမယ့္ သူက အဲ့လိုပဲေသသြားတယ္။"

နဥ္ရႈ : ...

အဲ့ဒါေတြက ေကာင္းကင္မ်က္လုံးေတြတဲ့လား?

အဲ့ဒါေတြက တိမ္စြဲေနတဲ့ငါးေသမ်က္လုံးေတြဆိုတာ ေသခ်ာတယ္၊ ဟုတ္ၿပီလား?

"မင္း လူေရာဟုတ္ေသးရဲ႕လား? ငါတို႔အားလုံးက အတန္းေဖာ္ေတြပဲေလ။ မင္း ဘာလို႔ သူတို႔ကို သတ္ရတာလဲ?"

တစ္ေယာက္က ဖန္ခ်န္းကို ေဒါသတႀကီးေအာ္သည္။

ဖန္ခ်န္းက ျပန္လွန္ေမးခြန္းထုတ္သည္။

"ငါက ဘာလို႔ သူတို႔ကို သတ္လို႔မရတာလဲ?"

"မင္း အျပစ္ရွိသလိုမခံစားရဘူးလား?"

"ဟင့္အင္း။ ၿပီးေတာ့ သူတို႔ကို ငါသတ္တာမွမဟုတ္တာ။ ငါက နည္းနည္းအဆင္ေျပသြားေအာင္လုပ္ေပး႐ုံတင္။"

ဖန္ခ်န္းက ရွက္ေနတဲ့မ်က္ႏွာထားနဲ႔ဆို၏။

ဖန္ခ်န္းကို အဲ့လိုပုံစံနဲ႔ျမင္လိုက္ရခ်ိန္မွာ သူတို႔ေတြ ေက်ာခ်မ္းသြားရသည္။ သူက လူသတ္တာကို ထမင္းစားတာလို ပုံမွန္ကိစၥတစ္ခုလိုလုပ္ေနတယ္။

"မင္းတို႔ဒီေရာက္လာမွေတာ့ ငါ မင္းတို႔ကို လက္ေဆာင္ေလးေပးရမယ္။"

ဖန္ခ်န္းက သိမ္ေမြ႕စြာဆိုသည္။

သူ အဲ့လိုေျပာလိုက္တာနဲ႔ တိုင္လုံးထက္ရွိေက်ာက္တုံးက မ်က္စိက်ိန္းဖြယ္အလင္းေတြကို ထုတ္လႊတ္လာသည္။

သူမရဲ႕ဝိဉာဥ္က သူမကိုယ္ထဲကေနထြက္သြားမလိုျဖစ္‌လာကို နဥ္ရႈ ခ်က္ခ်င္းခံစားမိလိုက္သည္။ ျပင္းထန္တဲ့စုပ္ယူအားတစ္ခုက သူမရဲ႕ဝိဉာဥ္ကို စုပ္ထုတ္ဖို႔ႀကိဳးစားေနသည္။

အားလုံး သူတို႔ရဲ႕ေခါင္းေတြကိုကိုင္ကာ နာနာက်င္က်င္ေအာ္လိုက္မိၾကသည္။ သူတို႔ကိုယ္ထဲကေန သူတို႔ရဲ႕ဝိဉာဥ္ေတြကို အတင္းအဓမၼဆြဲထုတ္ခံရတဲ့ခံစားခ်က္က နာက်င္လြန္းလွသည္။

အန္ကယ္က ေသနတ္ကိုကိုင္ကာ မ်က္လုံးေတြကိုေမွးစင္းလိုက္သည္။ သူက ေက်ာက္တုံးကို ေသနတ္နဲ႔တစ္ခ်က္ပစ္လိုက္တာမို႔ ေက်ာက္တုံးရဲ႕အလင္းက ႐ုတ္တရက္ေမွးမွိန္သြားသည္။ သူတို႔ရဲ႕ဝိဉာဥ္ေတြကိုဆြဲထုတ္ေနတဲ့စြမ္းအားလည္း ေပ်ာက္ကြယ္သြား၏။

ဖန္ခ်န္းက အန္ကယ့္လက္ထဲရွိေသနတ္ကိုၾကည့္ကာ မ်က္ေမွာင္ကုတ္လ်က္ေမးလာသည္။

"ဒါ ဘယ္လိုေသနတ္မ်ိဳးလဲ?"

အန္ကယ္ရဲ႕လက္က ေနရာေ႐ြ႕သြားၿပီး သူက ဖန္ခ်န္းကို ေသနတ္နဲ႔ ႏွစ္ခ်က္ပစ္လိုက္သည္။ ဖန္ခ်န္းရဲ႕ကိုယ္က နည္းနည္းေ႐ြ႕သြားကာ သူ႔ဝိဉာဥ္က အနက္ေရာင္သမ္းလာသည္။

"ခင္ဗ်ားရဲ႕ေသနတ္က ဝိဉာဥ္ေတြကို ဖယ္ရွားႏိုင္တယ္ေပါ့?"

ဖန္ခ်န္းတစ္ေယာက္ သတိအျပည့္ရွိလာသည္။

နဥ္ရႈ : ...

ဖန္ခ်န္းက ဘာႀကီးတုန္း?

သူက ဘာလို႔မေသတာတုန္း?
...

Continue Reading

You'll Also Like

220K 32.2K 200
အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်န...
253K 26.5K 86
Name - Bringing Good Luck To Your Husband In The 70s Type - Web novel (CN) Genre - Romance Supernatural Author (s) - Yue ban yao fen jia ...
111K 14.7K 98
Traslation all credit to Original Author and E Translator uodate -mon.wed and Friday
709K 121K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...