Ch 37
ချင်ရှောင်လင်က ပြည်နယ်အစိုးရ အရာရှိတစ်ယောက်ရဲ့ အငယ်ဆုံးသား ဖြစ်သည်။
ချင်ရှောင်လင်တွင် အစ်မသုံးယောက် ရှိပြီး သူ့တွင် သားတစ်ယောက်တည်းသာ ရှိသည်။ မိသားစုတစ်ခုလုံးက သူ့ကို အချစ်ဆုံးဖြစ်ပြီး ကြီးပြင်းလာတဲ့အခါ သူ့တွင် တစ်ကိုယ်ကောင်းဆန်မှု၊ လွှမ်းမိုးချုပ်ကိုင်မှု၊ အလွန်အကျွံ မကောင်းမှုမျိုးစုံကို သဘာဝအတိုင်း မွေးမြူထားသည်။
သူ့အဖေရဲ့ အဆင်အတန်းကို အားကိုးပြီး ချင်ရှောင်လင်က အဲဒီဆိုင်တွေ ဒါမှမဟုတ် စက်ရုံတွေကို နေရာတိုင်းမှာ ခြိမ်းခြောက်ပြီး ရှယ်ယာတွေ ဝယ်ခိုင်းတာ သို့မဟုတ် ရှယ်ယာတွေကို အမြတ်ဝေစုအဖြစ် ပေးခိုင်းသည်။
သူ့ကို လျစ်လျူရှုပြီး အပြင်းအထန် တိုက်ခိုက်တဲ့ ကုန်သည်တွေအတွက်ကတော့ ချင်ရှောင်လင်က သူ့မိသားစုရဲ့ စွမ်းအားဖြင့် ပိုက်ဆံပေးသည်အထိ သူတို့ကို ဖိနှိပ်ခဲ့သည်။
အဆုံးထိ ခေါင်းမငုံ့ချင်တဲ့သူတွေလည်း ရှိပါတယ်။ ချင်ရှောင်လင်က မတော်တဆမှုတွေ ဖန်တီးကာ သတ်ပစ်ပြီး ထိုသူတွေကို လုပ်ကြံသတ်ဖြတ်ပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ သူတို့ရဲ့ ပိုင်ဆိုင်မှုများကို ပေါင်းစည်းလိုက်သည်။
Wan Jie Electric City ကို စတင်ဖွင့်လှစ်ချိန်တွင် ချင်ရှောင်လင် သူတို့ကို မျက်လုံးပြူးပြခဲ့သည်။
ထိုနေရာတွင် ခေတ်မီတဲ့ လျှပ်စစ်ပစ္စည်းများစွာ ရှိသဖြင့် ချင်ရှောင်လင်က ရွှေဥ ဥနိုင်တဲ့ ကြက်မတစ်ကောင်ကို တွေ့လိုက်ရသလို ခံစားရပြီး ထိုအရာကို သူ့အပိုင်ဖြစ်အောင် ချက်ချင်းယူရန် မစောင့်နိုင်တော့ပေ။
ချင်ရှောင်လင်က Wan Jie Electric City ရဲ့ ဝင်ငွေကို နေ့စဉ်ရေတွက်ပြီး Wan Jie Electric City ကို စောင့်ကြည့်ရန် လူများကို စေလွှတ်ထားသည်။
Eam Jie Electric City က တစ်ရက်ကို ရာနဲ့ချီဝင်ငွေ ရသည့်ဟု တွေးကာ လောဘစိတ်များဖြင့် သူ့မျက်လုံးများ နီရဲလာသည်။
Wan Jie Electric City မှ ကာကွယ်ကြေး ကောက်ခံလိုသော လုံကျွမ်းချန် ရှိလျှင်ပင် Wan Jie Electric City မှ လူများက သူ့ကို စေလွှတ်ထားပြီး ဖြစ်သော်လည်း ချင်ရှောင်လင်က လုံးဝစိုးရိမ်ခြင်း မရှိပေ။
သူက အလွန်အကျွံ ယုံကြည်မှုရှိပြီး ထိုလူမိုက် လုံကျွမ်းချန်လို မဟုတ်ပါ။ သူက နောက်ခံရှိသူ ဖြစ်သည်။
Wan Jie Electric City ရဲ့ သူဌေးထက် ဩဇာကြီးတဲ့ လုပ်ငန်းရှင်တွေထဲမှာ ဟောင်ကောင်မြို့က နာမည်ကြီး စီးပွားရေး တစ်ယောက်ရှိပြီး သူ့နာခံမှုမှာ ယဉ်ပါးသွားပြီ ဖြစ်သည်။
ဒီ Wan Jie Electric City လေးကို သူ မကိုင်တွယ်နိုင်ကြောင်း တကယ် မယုံပေ။
ချင်ရှောင်လင်က Wan Jie Electric City ရဲ့ အသေးစိတ်အချက်အလက်များကို သိရှိပြီးနောက် ကျန်းလုံကို ဖိတ်စာများ ပေးပို့ရန် တစ်စုံတစ်ယောက်ကို ခိုင်းခဲ့ပြီး Fu Li ဟိုတယ်တွင် ညစာစားရန် ကျန်းလုံကို ဖိတ်ကြားခဲ့သည်။
ကျန်းလုံက ချင်ရှောင်လင်ရဲ့ ဖိတ်ကြယးချက်ကို လက်ခံရရှိတဲ့အခါ အနည်းငယ် ထူးဆန်းတယ်လို့ ခံစားခဲ့ရသည်။
ဒီလူကို သူဆောင်မသိဘူး။ ဘာလို့ကို သူ့ကို ညစာစားဖို့ အကြောင်းပြချက်မရှိ ဖိတ်တာလဲ။
ကျန်းလုံက တစ်ခုခုမှားနေတယ်လို့ အလိုလိုခံစားမိတဲ့အတွက် ကျန်းဟွေ့ကို Mall စနစ်ကနေ တိုက်ရိုက်ဆယ်သွယ်ပြီး ထိုအကြောင်းကို ပြောပြခဲ့သည်။
ကျန်းဟွေ့က ဒီချင်ရှောင်လင်ကို စစ်ဆေးရန် Mall စနစ်ကို တောင်းဆိုခဲ့သည်။
စုံစမ်းစစ်ဆေးမှုအပြီးတွင် ဒီချင်ရှောင်လင်က ပြည်နယ်အစိုးရ အရာရှိတစ်ယောက်ရဲ့ အဖိုးတန်သားတစ်ယောက် ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဒီချင်ရှောင်လင်က လူဆိုးတစ်ယောက်ထံမှ ဆင်းသက်လာနိုင်ကြောင်းကို သူမ သဘောပေါက်ခဲ့သည်။
ကျန်းဟွေ့က ထိုလူယုတ်မာများရဲ့ စွမ်းရည်ကို လျော့မတွက်ဝံ့ပေ။
သူမက အရင်က နာမည်ကြီးသူများရဲ့ အတ္ထုပ္ပတ္တိများကို ဖတ်ဖူးသည်။ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာမှုရဲ့ အစောပိုင်းကာလတွေမှာ သူတို့ရဲ့ စီးပွားရေးကို စတင်ပြီး အစောပိုင်းအဆင့်မှာ ချမ်းသာကြွယ်ဝတဲ့ လူချမ်းသာအများအပြားက ဒီလူဆိုးတွေကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရသည်။
နှစ်ပေါင်းများစွာ နှောက်ယှက်ခံရတဲ့ လုပ်ငန်းရှင်ကြီးတွေလည်း ရှိပြီး ထိပ်ပိုင်းအထိ ဓားနဲ့အထိုးခံရပြီး စုံစမ်းစစ်ဆေးခဲ့ရပါသည်။
အခု ဒီလူယုတ်မာတွေက သူတို့ရဲ့ လက်မည်းတွေကို သူမထံ ဖြန့်ဝံ့သည်။ သူတို့ရဲ့ လက်မည်းတွေကို မခုတ်ရင် ကောင်းကင်ကို စိန်ခေါ်နေတဲ့ ရွှေလက်ချောင်းတွေအတွက် သနားမိလိမ့်မယ်။
ကျန်းဟွေ့က Mall ရှိ pinhole မော်နီတာ တစ်သုတ်ကို တိုက်ရိုက်ဝယ်ယူခဲ့ပြီး ချင်မိသားစု နေထိုင်ရာ နေရာအသီးသီးတွင် ထိုအရာတွေကို တိတ်တဆိတ်တပ်ဆင်ရန် ကျန်းလုံကို တောင်းဆိုခဲ့သည်။ သူတို့ရဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းရင်း သူ (ကျန်းလုံ)က ချင်ရှောင်လင်နဲ့ တစ်ပြိုင်နက် ဖြေရှင်းခဲ့သည်။
ချင်ရှောင်လင်က တခြားသူတွေရဲ့ ပိုင်ဆိုင်မှုကို အရူးအမူး မိုက်မဲစွာ ပြုမူပြီး ချင်မိသားစုရဲ့ ပံ့ပိုးကူညီမှုနဲ့ စွဲလမ်းမှု မရှိဘူးဟုဆိုကာ မိုက်ရိုင်းစွာ ပြုမူဝံ့လေသည်။
ထိုအချိန်တွင် ချင်ရှောင်လင်၊ ကျန်းလုံ၊ ကျန်းပေါက်နဲ့ ကျန်းလွမ် တို့က ပွဲသို့ သွားကြသည်။
သူတိုနဲ့အတူ သေးငယ်တဲ့ ကင်မာရာနဲ့ မော်နီတာများကို ယူဆောင်လာပြီး စောင့်ကြည့်ရေး အကြောင်းအရာများကို mall စနစ်ကို မျှဝေနိုင်သည်။
ကျန်းဟွေ့က သူတို့ရဲ့ စကားပြောဆိုမှုကို စောင့်ကြည့်ရန် စနစ်ကို အသုံးပြုနိုင်ပြီး သူမရဲ့ ညွှန်ကြားချင်များကို ကျန်းလုံနဲ့ တခြားသူများထံ အချိန်မရွေး ပေးပို့နိုင်သည်။
Fu Li ဟိုတယ်
ချင်ရှောင်လင်၊ သူရဲ့ ခွေးဦးခေါင်း စစ်ရေးဗျူဟာမြောက် ဟောင်ဘင်နဲ့ သူရဲ့အမှုထမ်း ရှချုံးဟွားတို့က တတိယထပ်ရှိ VIP ခန်းတွင် ထိုင်ကာ လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောနေကြသည်။
ရှချုံးဟွားက ဟောင်ဘင်ကို "ဘင်ကော ဒီ Wan Jie Electric City က လင်ကော ပြောတာကို နားထောင်မယ်လို့ ထင်လား။"
ဟောင်ဘင်က တိုက်ရိုက်ပြန်မဖြေဘဲ လိမ္မာပါးနပ်စွာဖြင့် "ခဏနေ သိလိမ့်မယ်။"
ချင်ရှောင်လင်က လှောင်ပြောင်ပြီး "အဲဒါက လျှပ်စစ်ပစ္စည်း လက်ကားရောင်းသူဘဲ။ ငါ သူတို့ကို မသတ်နိုင်ဘူးလား။"
"လင်ကောက တန်ခိုးကြီးတယ်။" လို့ ချီးကျူးသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က VIP အခန်းတံခါး လာခေါက်သည်။
ချင်ရှောင်လင်က ရှချုံးဟွားကို တံခါးဖွင့်ခိုင်းလိုက်သည်။
ရှချုံးဟွားက တံခါးဖွင့်လိုက်တာနဲ့ ကျန်းလုံ၊ ကျန်းပေါက်နဲ့ ကျန်းလွမ်တို့က တံခါးနားမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူတို့သုံးယောက်လုံးရဲ့ ပျမ်းမျှအရပ်က 1.68 မီတာသာ ရှိသော ရှချုံးဟွားနဲ့ နှိုင်းယှဉ်ပါက 1.8 မီတာကျော်ရှ်ိပြီး ရှချုံးဟွားက ဖိနှိပ်မှုကို ချက်ချင်း ခံစားရစေသည်။
ကျန်းလုံက ရှချုံးဟွားကို အနည်းငယ် ပြုံးပြပြီး "နီဟောင် ကျွန်တော်က Wan Jie Electric City က ကျန်းလုံပါ။ ဒါက မစ္စတာ ချင်ရှောင်လင် ကြိုတင်မှာထားတဲ့ သီးသန့်အခန်းလားလို့ မေးလို့ရမလားဗျာ။"
ရှချုံးဟွားက နောက်ဆုံးတော့ သဘောပေါက်သွားပြီး "ဟုတ်ကဲ့ ကျန်းလောင်ပန် ကျေးဇူးပြုပြီး ဝင်ပါ။"
ကျန်းလုံက ရှေ့မှ လျှောက်လာကာ ကျန်းပေါက်နဲ့ ကျန်းလွမ်တို့က နောက်မှ လိုက်ကာ သီးသန့်ခန်းထဲကို အတူတူလျှောက်လာကြသည်။
ကျန်းလုံက ပတ်ဝန်းကျင်ကို လျင်မြန်စွာ စကင်န် ဖတ်လိုက်သည်။
နောက်ဆုံးတွင် ချင်ရှောင်လင်ကို မျက်စိကျလာပြီး ချင်ရှောင်လင်ဆီ လက်ဆန့်ကာ "မစ္စချင် ခင်ဗျားနာမည်ကို ကြားဖူးနေတာ ကြာပြီ တွေ့ရတာဝမ်းသာပါတယ်။"
ချင်ရှောင်လင်က ပျင်းရိစွာ မတ်တပ်ရပ်လိုက်ပြီး ကျန်းလုံနဲ့ လက်ဆွဲနှုတ်ဆက်ကာ လွှတ်ချလိုက်ပြီး "ကျန်းလောင်ပန် တွေ့ရတာဝမ်းသာပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါ။"
ကျန်းလုံ၊ ကျန်းပေါက်နဲ့ ကျန်းလွမ် တစ်ယောက်ပြီးတစ်ယောက် ထိုင်ကြသည်။
ကျန်းလုံက ပြုံးပြီး ချင်ရှောင်လင်ကို ထပ်မေးသည်။ "မစ္စတာချင် ကျွန်တော်ကို ဖိတ်တာ ဘာဆွေးနွေးမလို့လဲ မသိဘူးဗျာ။"
ချင်ရှောင်လင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ကျန်းလောင်ပန် ကျွန်တော် တိုက်ရိုက်ပြောပါမယ်။ Wan Jie Electric City က စီးပွားရေး ကောင်းတယ်။ ရှယ်ယာယူပြီး လက်တွဲဖော် ဖြစ်ချင်တယ်။"
ကျန်းလုံက သူဘာကိုဆိုတယ်ဆိုတာကို နားမလည်ဟန်ဆောင်ကာ ပြုံးပြီး ပြန်ပြောသည်။ "ဟုတ်ကဲ့ ကျွန်တော်တို့ Wan Jie Electric City ရဲ့ ပါတနာဖြစ်ရတာ အရမ်းလွယ်ပါတယ်။ စပေါ်ငွေ ယွမ် 100,000 ပေးသရွေ့ ရုံးချုပ်မှာ franchise စတိုးဆိုင် ဖွင့်ဖို့ လျှောက်နိုင်တယ်။"
ချင်ရှောင်လင်က သူ့မျက်လုံးတွေ မှိတ်ထားလိုက်ပြီး အသံက အေးစက်လာသည်။ "ကျန်းလောင်ပန် ကျွန်တော် ပြောတာကို နားမလည်ဘူးထင်တယ်။ ငါက မင်း Wan Jie Electric City ဆိုင်ရဲ့ ရှယ်ယာရှင် တစ်ယောက်ဖြစ်ချင်တယ်။ franchise စတိုးဆိုင်မဟုတ်ဘူး။"
ကျန်းလုံက "တောင်းပန်ပါတယ် မစ္စတာချင်။ ကျွန်တော်တို့ Wan Jie Electric City မှာ သူဌေးတစ်ယောက်ဘဲ ရှိပါတယ်။ ကျွန်တော်တို့ ဘယ်သူရဲ့ ရှယ်ယာကိုမှ လက်မခံပါဘူး။"
ဟောင်ဘင်က အေးစက်တဲ့ လေသံဖြင့် "ကျန်းလောင်ပန် ဘယ်တုန်းကမှ အရှုံးမပေးခဲ့ဖူးဘူး။ Yang Cheng စီးပွားရေးနယ်ပယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသိဘူးမလား။"
ကျန်းလုံက သူ့ကို အေးဆေးတည်ငြိမ်စွာ ကြည့်ပြီး "Yang Cheng မှာရှိတဲ့ စီးပွားရေးနယ်ပယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော် တကယ်မသိပါဘူး။ ဘာလို့မပြောပြတာပါလဲ အစ်ကို။"
ဟောင်ဘင်က ဘင်က "ကျန်းလောင်ပန် မစ္စတာချင်က ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးပါ။ ချင်မိသားစုရဲ့ သခင်ငယ် မင်းဆိုင်ကို အရမ်းသဘောကျတယ်။ မင်းရဲ့ Wan Jie Electric City က မျက်လုံးထဲ ဝင်နိုင်တာ ကံကောင်းတယ်။ မစ္စတာချင်က ဒီမှာ မင်းရဲ့ လုပ်ငန်း အဆင်ပြေဖို့ အာမခံတယ်။" လို့ ပြောသည်။
ကျန်းလုံက ပေါ့ပေါ့ပါးပါး ပြုံးနေသေးတာကို ကြည့်ပြီး ပြန်မဖြေသေးတာကို တွေ့တော့ သူက ဆက်ပြောသည်။ "ဒါပေမဲ့ မင်းဘယ်လိုကစားရမှန်း မသိရင် မင်းရဲ့ Wan Jie Electric City က Yang Cheng မှာ ပေါင်းသင်းဖို့ မလွယ်မှာကို ကြောက်တယ်။"
ကျန်းလုံက အံ့အားသင့်သွားဟန်ပြုကာ "ဝိုး ဆရာကြီးချင်မှာ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအင်တွေ ရှိတာဘဲ။ ရိုသေလေးစားစရာဘဲ။ ဒါဆို ဆရာကြီးချင်က ရှယ်ယာအတွက် ဘယ်လောက်ပေးချင်တာပါလဲ။"
ချင်ရှောင်လင်က လက်ကိုဆန့်ကာ လှုပ်လိုက်သည်။
ကျန်းလုံက "ယွမ် 500,000?"
ချင်ရှောင်လင်က စကားမပြောခင် သူ့ဘေးနားရှိ ရှချုံးဟွားက လှောင်ပြောင်လိုက်သည်။ "ယွမ် 500,000? မင်းဘာကို အိပ်မက် မက်နေတာလဲ? ဒါက ယွမ် 500"
ကျန်းလုံက ထိတ်လန့်စွာ စိုက်ကြည့်လိုက်သည်။ သူ (ကျန်းလုံ) က သူ့(ချင်ရှောင်လင်) ကို ထိတ်လန့်အံ့ဩတဲ့ အကြည့်နဲ့ ကြည့်ကာ ပြောသည်။ "ယွမ် 500! ခင်ဗျား ကျွန်တော်ကို နောက်နေတာလား။ မင်းတို့တွေ အရမ်းဆိုးနေရင် ဖမ်းခံရလိမ့်မယ်။ အားပေါက် အယးလွမ် ငါတို့ သွားကြရအောင် ဒီမှာလုပ်စရာ မရှိဘူး။"
ကျန်းလုံက မတ်တပ်ရပ်ပြီး ထွက်သွားသည်။
ချင်ရှောင်လင်နဲ့ တခြားသုံးယောက်က သူတို့ကို မတားဘဲ ထွက်သွားခွင့်ပြုလိုက်သည်။
အရင်နှစ်နှစ်ကျော်က ဒီလို မြင်ကွင်းမျိုးကို ပိုမိုမြင်တွေ့လာရသည်။ နောက်ဆုံးတွင် မာနကြီးသည်ဟု ထင်ရတဲ့ စီးပွားရေးသမားအားလုံးက သူ့ရှေ့တွင် ဒူးထောက်ကာ နာခံမှုဖြင့် ပိုက်ဆံပေးကြရသည်။
ဒီ Wan Jie Electric City က ကြီးကြီးမားမား ဆုံးရှုံးမှု မကြုံရသေးတာကြောင့် အလွန်မောက်မာနေကြသည်။
ရှချုံးဟွားက ကျန်းလုံနဲ့ တခြားသူတွေ ထွက်ခွာသွားတာကို မြင်ပြီးနောက် ချင်ရှောင်လင်ကို "လင်ကော ကျန်းလို့ခေါ်တဲ့ ဒီလူက ဉာဏ်နည်းလွန်းတယ်။ ငါတို့ သူ့ကို ဘယ်လိုအပြစ်ပေးကြမလဲ။"
ချင်ရှောင်လင်က ရှက်ရွံ့စွာ ပြုံးပြီး "မင်း ဘယ်သူ့ကို အရင်ရှာနေတာလဲ။ ဘာလို့ သူတို့စတိုးဆိုင်ကို သွားပြီး ကိုယ်တိုင်ကိုယ်ကျ သူတို့ရဲ့ ပစ္စည်းတွေကို နေရာမှန်မမှန် မစစ်ဆေးကြမှာလဲ။"
ရှချုံးဟွားက ခေါင်းညိတ်ကာ ပြုံးပြပြီး "ကောင်းပြီ ငါစီစဉ်လိုက်မယ်။"
နောက်တစ်နေ့
ယူနီဖောင်း ဝတ်ထားတဲ့ လူအများအပြားက ပြည်နယ်မြို့တော်ရှိ Wan Jie Electric City လက်ကားဌာနကို လျှောက်လာကြသည်။
သူတို့ ရောက်လာတာကို စောင့်ဆိုင်းနေတဲ့ ကျန်းလုံက "နီဟောင် ရဲဘော်တို့၊ ကြိုဆိုပါတယ် ရဲဘော်တို့ ကျေးဇူးပြုပြီး အထဲကို ဝင်ပါ။"
ခေါင်းဆောင်က လူလတ်ပိုင်း တစ်ယောက်ဖြစ်ပြီး ကျန်းလုံကို အေးစက်စက်မျက်နှာဖြင့် မေးသည်။ "မင်းက ဒီဆိုင်ပိုင်ရှင်လား?"
ကျန်းလုံက ခေါင်းညိတ်ပြီး ပြုံးကာ "ဟုတ်ပါတယ် ကျွန်တော်က ဒီဆိုင်ပိုင်ရှင်ပါ။"
လူလတ်ပိုင်းအရွယ် အမျိုးသားက "မင်းတို့ဆိုင်က ပစ္စည်းတွေက လမ်းကြောင်းမှန်က ရောက်လာတာ မဟုတ်ဘူးဆိုတဲ့ သတင်းရလို့ ဒီကို စစ်ဆေးဖို့ ငါအထူးလာခဲ့တာ။ ကျေးဇူးပြုပြီး ဝယ်ထားတဲ့ စာရွက်တွေနဲ့ စာရင်းစာအုပ်တွေ အားလုံးကို ထုတ်လာခဲ့ စစ်ဆေးဖို့လိုတယ်။"
ကျန်းလုံရဲ့ မျက်နှာက အလွန်လေးနက်သွားပြီး "ရဲဘော် ကျွန်တော်တို့က တရားဝင်စတိုးဆိုင်တစ်ခုပါ။ လုပ်ထုံးလုပ်နည်းတွေ အားလုံးက အရမ်းရှုပ်ထွေးတယ်။ ကျွန်တော်တို့ကို တစ်စုံတစ်ယောက်က စွပ်စွဲနေတာပါ။"
လူလတ်ပိုင်းအရွယ် အမျိုးသားက "ကောင်းပြီ။ စကားပြောနေတာ ရပ်လိုက်။ အကောင့်စာအုပ်ကို အမြန်ထုတ်ပြီး အဝယ်အမိန့်ကို ထုတ်လိုက်။"
ကျန်းလုံရဲ့ မျက်နှာညှိုးငယ်သွားကာ "ကောင်းပါပြီ ရဲဘော် ကျေးဇူးပြုပြီး စစ်ဆေးဖို့ တတိယထပ်က ရုံးခန်းကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါ။ ပြေစာနဲ့ စာရင်းစာအုပ်က အဲ့မှာပါ။"
(သရုပ်ဆောင် အရမ်းတော်သောဘဲ တခါတလေ သူက စက်ရုပ်ဆိုတာတောင် မေ့တယ်။)
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်နှာတည့်တည့်ဖြင့် အေးစက်စွာ အော်ဟစ်ကာ သူ့လူများကို ဦးဆောင်ပြီး ကျန်းလုံနဲ့ တတိယထပ်ကို သွားခဲ့သည်။
တတိယထပ်ရှိ ရုံးခန်းကို ရောက်တဲ့အခါ ကျန်းလုံက သူတို့ကို ထိုင်ခိုင်းပြီး ရေတိုက်သည်။
ခဏကြာတော့ ဝယ်စာရင်းနဲ့ အကောင့်စာအုပ်ကို ထုတ်ပြီးပြလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားအမည်က ယွီတာ့ရှန် ဖြစ်ပြီး သူက လက်ထောက်ဌာနမှူးတစ်ယောက် ဖြစ်သည်။ ဌာနအတွင်း အစီရင်ခံစာ ခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် တစ်စုံတစ်ယောက်ကို အလျင်အမြန် ခေါ်ဆောင်လာခဲ့သည်။
သူဒီတစ်ကြိမ် ဒီကိုလာခဲ့ရင် Wan Jie Electric City ရဲ့ လက်ကိုင်ကို ဖမ်းပြီး နောက်ထပ် ကံကြမ္မာတစ်ခု ရနိုင်မယ်လို့ သူ ထင်ခဲ့သည်။
အချိန်တော်တော်ကြာ စစ်ဆေးပြီးတဲ့နောက် ဒီ Wan Jie Electric City က ဘယ်လိုအမှားအယွင်းမှ မရှိဘူးဟု သူ မမျှော်လင့်ထားပေ။
အဆုံးတွင် သူတို့က မကျေမနပ် မျက်နှာများဖြင့်သာ ထွက်လာခဲ့ကြသည်။
သူ အလုပ်က ပြန်လာတဲ့အခါ ယွီတာ့ရှန်က ရှချုံးဟွားကို ဖုန်းဆက်ပြီး "မစ္စတာရှ Wan Jie Electric City ရဲ့ အကောင့်တွေက ပြီးပြည့်စုံတယ် အမှားမရှိဘူး။ ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိဘူး။"
ရှချုံးဟွားက သူ့ကို စကားကောင်း အနည်းငယ် ပြောပြီး ချင်ရှောင်လင်ထံ ပြန်တင်ပြသည်။ "လင်ကော ယွီတာ့ရှန်က Wan Jie Electric City နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ ဘာထပ်လုပ်သင့်လဲ။"
ချင်ရှောင်လင်က "ဘယ်လိုလုပ်မလဲ ဘောင်ခတ်ထားလို့ မကောင်းဘူးလား။"