Unicode
၁၇၁၆။ မင်း သတိထားပါ
"အကြံပေး၊ ကျွန်တော်တို့ကို အကြံပေးနဲ့လိုက်ခွင့်ပြုပါ။ အတူတူသွားရအောင်။"
လူအုပ်ကဆိုသည်။
"ဒီမှာပဲနေ။ ငါတို့နောက်လိုက်စရာမလိုဘူး။"
အန်ကယ်က အရေးမစိုက်စွာဆိုသည်။
"အောက်မှာအန္တရာယ်များတယ်။"
"ဟင့်အင်း၊ ကျွန်တော်တို့ အကြံပေးနဲ့ရှိနေမှဖြစ်မယ်။"
"မင်းတို့သဘောပဲ။"
အန်ကယ်က အရေးမစိုက်စွာဆို၏။
လူအုပ်က နဉ်ရှုဆီကနေအတုယူလိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီက ခြံထဲသွားကာ သစ်သားတုတ်ချွန်တွေယူလာသည်။
အန်ကယ်က ရှေ့ကနေဦးဆောင်ကာ အောက်ဆင်းသွားပြီး လုရှန်းရှန်းက သူ့နောက်ကနေလိုက်သည်။
"မင်း သတိထားပါ။"
ကျန်းကျားစန်က လှေကားကနေဆင်းမသွားခင် နဉ်ရှုကိုပြော၏။
နဉ်ရှု : ...
ကြည့်ဦး၊ သူက သူမကို သောက်ရမ်းတွေဂရုစိုက်သလိုလာလုပ်ပြနေတယ်။
၇၉၅က သူ့ဖုန်းမီးကိုဖွင့်လိုက်ကာ အောက်ဆင်းသွားသည်။
နဉ်ရှုက တုတ်ချွန်ကို လက်တစ်ဖက်မှာ ခပ်တင်းတင်းဆုပ်ကိုင်ထားကာ တစ်ဖက်မှာတော့ ဓာတ်မီးကိုကိုင်သည်။ သူမက အောက်ထဲကိုဆင်းသွားရင်း စိတ်လှုပ်ရှားနေတဲ့အဖွဲ့ဝင်တွေကိုလှမ်းပြောသည်။
"မြန်မြန်လိုက်ခဲ့ကြ။"
အုပ်စုက တစ်ယောက်ချင်းအောက်ဆင်းသွားတာမို့ အိမ်မှာဘယ်သူမှမရှိတော့ပေ။ တဝုန်းဝုန်းတိုက်ခတ်နေတဲ့လေပြင်းတွေကြား နှင်းတွေက တစ်အိမ်လုံးကိုဖုံးလွှမ်းပစ်တော့မယ့်ဟန်နဲ့ သည်းထန်စွာကျဆင်းနေ၏။
အခုတော့ နဉ်ရှုတစ်ယောက် ဓာတ်မီးကို ပါးစပ်ထဲကိုက်ထားချေပြီ။ သူမရဲ့လက်တစ်ဖက်က သူမရှေ့မှာလျှောက်နေတဲ့ ၇၉၅ရဲ့ရှပ်အင်္ကျီကိုဆွဲထားပြီး တစ်ဖက်က တုတ်ချွန်ကိုကိုင်ထား၏။
လှကားထစ်တွေက အတော်လေးရှုပ်ထွေးပြီး လမ်းကြောင်းတွေအများကြီးရှိသည်။ ဒီလမ်းတွေ ဘယ်ကိုပေါက်လဲဆိုတာ သိဖို့နည်းလမ်းမရှိတာကြောင့် လမ်းပျောက်ဖို့လွယ်၏။
နောက်ပြီး လမ်းထဲမှာ စက်ခလုတ်တွေအများကြီးရှိသည်။ အာရုံတစ်ချက်မှားလိုက်တာနဲ့ သူတို့ သေရမည်ဖြစ်၏။ ရှေ့ကိုလျှောက်ရင်း သူတို့နောက်ကလူတွေပျောက်ကွယ်သွားနိုင်သည်။
သူတို့ သတိမထားမိလိုက်ဘဲ ထောင်ချောက်တစ်ခုထဲသက်ဆင်းသွားရနိုင်သည်။
စိတ်ထင်တာပဲလားမသိပေမယ့် တစ်ယောက်ယောက်က သူမတို့ကိုစောင့်ကြည့်နေသလို နဉ်ရှု ခံစားနေရသည်။
အဖွဲ့ရဲ့အနေအထားကထိုင်းမှိုင်းညှိုးငယ်နေကြကာ ခပ်တိုးတိုးငိုရှိုက်သံတချို့ကိုပင်ကြားနေရသည်။
နဉ်ရှုရဲ့လက်ဖဝါးတွေက ချွေးတွေရွှဲနေပြီး သူမက ၇၉၅ဆီတိုးကပ်သွားကာဆိုသည်။
"တစ်ယောက်ယောက်က ငါတို့ကိုနှောင့်ယှက်နေတယ်လို့ ခံစားနေရတယ်။"
သူမ ထိုသို့ပြောပြီးရုံရှိသေး အသံတစ်သံကြားလိုက်ရသည်။ နဉ်ရှု နောက်လှည့်ကြည့်မိလိုက်ပြီး ကြမ်းပြင်မှာ သံချွန်တစ်ချောင်း ရုတ်တရက်ပေါ်လာတာကိုတွေ့လိုက်ရ၏။ ကောင်လေးတစ်ယောက်က ခြေလှမ်း,လှမ်းနေချိန်မှာ အဲ့သံချွန်က သူ့နောက်ခြေထောက်တစ်ဖက်အောက်မှာပေါ်လာတာဖြစ်သည်။
သံချွန်က သူ့ကိုယ်ကို အောက်ကနေ ခေါင်းအထိဖောက်ထွင်းသွားပြီး သူ့ပါးစပ်ကနေ သံချွန်ရဲ့တခြားတစ်ဖက်ထွက်လာသည်။
"အား..."
တချို့လူတွေက ထိတ်လန့်ဖွယ်မြင်ကွင်းကိုတောင့်မခံနိုင်ကြ။ သူတို့က သူတို့ရဲ့ခေါင်းတွေကိုအုပ်ကိုင်ကာ ကြောက်လန့်တကြားဖြင့်အော်လာကြသည်။
ရှေ့ကလျှောက်နေတဲ့အန်ကယ်က သူ့ခါးကသေနတ်ကိုထုတ်လိုက်သည်။ သူက မျက်လုံးတို့ကိုမှေးစင်းကာ နံရံကို သေနတ်နဲ့တစ်ချက်ပစ်လိုက်သည်။ ထို့နောက် သူက ခြေလှမ်းတို့ကိုသွက်သည်။
နောက်ကလူတွေလည်း ခပ်သွက်သွက်လေးလျှောက်လိုက်ရသော်ငြား လောလောဆယ်မှာတော့ မတော်တဆဖြစ်တာမျိုးတွေမရှိတော့ပေ။
ဒါက နေရာတိုင်းမှာ ကင်မရာတွေရှိနေသလိုမျိုး လွတ်မြောက်ဖို့မဖြစ်နိုင်တဲ့ပိုက်ကွန်တစ်ခုက သူတို့ကိုဖုံးလွှမ်းထားသလိုခံစားရစေသည်။
အန်ကယ်က သေနတ်ကိုဆက်ကိုင်ထား၏။ ခြေလှမ်းနည်းနည်းလှမ်းပြီးတိုင်းမှာ သူက သေနတ်ပစ်တတ်သော်ငြား ပြောင်းဝကနေ ကျည်ဆန်ထွက်မလာပေ။
နဉ်ရှု သူမရဲ့ဝိဉာဉ်သိစိတ်ကိုဖြန့်ကျက်လိုက်ပေမယ့် ဒါက သိပ်ပြီးအားမကောင်းလှပါချေ။ အောက်မှာ စက်ခလုတ်တွေနဲ့ထောင်ချောက်တွေရှိနလားသိရဖို့ သူမရဲ့ဘေးပတ်ဝန်းကျင်တွေကို အကဲခတ်ကြည့်တာလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။
နဉ်ရှု ရှေ့ကနေလျှောက်နေတဲ့အန်ကယ့်ကိုကြည့်လိုက်မိသည်။ သူက ဒီနေရာကိုကျွမ်းကျင်နေတဲ့အလား ရှေ့တည့်တည့်ကိုပဲ တုန့်ဆိုင်းမှုမရှိလျှောက်သွားနေ၏။
ကျန်းကျားစန် သူ့အိတ်ကပ်ထဲက တုန်ခါနေတဲ့ကျောက်တုံးကိုစမ်းလိုက်မိသည်။ သူက နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်ကာ ရှေ့ကဦးဆောင်နေတဲ့အန်ကယ့်ကိုကြည့်လိုက်သည်။
သူမတို့ ဘယ်လောက်ကြာကြာလျှောက်ခဲ့ပြီလဲ၊ အကွေ့တွေဘယ်လောက်အထိကွေ့ခဲ့ပြီးပြီလဲ နဉ်ရှု မသိတော့။ သို့သော်ငြား သူမတို့ရှေ့ရှိလမ်းက ကျယ်ပြန့်လာကာ မျက်စိစူးမတတ်အလင်းရောင်တစ်ခုပေါ်လာသည်။
နဉ်ရှုက မျက်လုံးတို့ကိုမှေးစင်းလိုက်ကာ ဂူအဝင်ဝမှာရှိတဲ့အလင်းနဲ့ကျင့်သားရအောင်လုပ်လိုက်သည်။
တိုင်လုံးအကြီးကြီးတွေထက်မှာ ထူးထူးဆန်းဆန်းတွေထွင်းထုထားတဲ့ခမ်းနားတဲ့အဆောက်အအုံကြီးတစ်ခုကို သူမ မြင်လိုက်ရသည်။ အခန်းအလယ်မှာ လးထောင့်ပုံစံယဇ်ပူဇော်တဲ့နေရာတစ်ခုရှိပြီး အဲ့အထက်ကတိုင်လုံးကြီးမှာတော့ ဝိုင်းစက်နေတဲ့သလင်းကျောက်တစ်ခုတင်ထားသည်။
ကျောက်က အရောင်အသွေးစုံလင်က ထူးခြားလှပသည်။
"ဒါ ပစ္စည်းကောင်းပဲ၊ တကယ်ကောင်းတဲ့ပစ္စည်း။"
၇၉၅ရဲ့အသက်ရှူသံက အင်မတန်မြန်ဆန်လာကာ သူ ရှေ့ကို ခြေနှစ်လှမ်းလောက်မလှမ်းဘဲမနေနိုင်ခဲ့။
ကျန်းကျားစန် ပိုပိုပြီးခုန်လာတဲ့ သူ့အိတ်ကပ်ထဲကကျောက်တုံးကိုထိလိုက်မိသည်။ သူ့မျက်လုံးတွေက လေးနက်နေ၏။
နဉ်ရှုက ၇၉၅ကိုမေးသည်။
"အဲ့ဒါဘာလဲ?"
၇၉၅ကတီးတိုးဖြေသည်။
"မရေမတွက်နိုင်တဲ့ကမ္ဘာတွေမှာ စည်းမျဉ်းကြီးသုံးထောင်ရှိတယ်။ ဒါပေမယ့် တစ်ခုခုကတော့ ကောင်းကင်ဥပဒေသတွေရဲ့ထိန်းချုပ်မှုကနေ အမြဲလွတ်ထွက်သွားတတ်စမြဲပဲ။ အဲ့ဒါက ကံကြမ္မာနဲ့လွတ်ကင်းပြီး ကံကြောင့်ဖြစ်တဲ့အပြစ်တွေကနေ တိမ်းရှောင်နိုင်တယ်။"
"လိုရင်းကိုပြောစမ်းပါ။"
သူက နားလည်ဖို့မဖြစ်နိုင်တဲ့စကားတွေလာပြောနေတာပဲ။
...
Zawgyi
၁၇၁၆။ မင္း သတိထားပါ
"အႀကံေပး၊ ကြၽန္ေတာ္တို႔ကို အႀကံေပးနဲ႔လိုက္ခြင့္ျပဳပါ။ အတူတူသြားရေအာင္။"
လူအုပ္ကဆိုသည္။
"ဒီမွာပဲေန။ ငါတို႔ေနာက္လိုက္စရာမလိုဘူး။"
အန္ကယ္က အေရးမစိုက္စြာဆိုသည္။
"ေအာက္မွာအႏၲရာယ္မ်ားတယ္။"
"ဟင့္အင္း၊ ကြၽန္ေတာ္တို႔ အႀကံေပးနဲ႔ရွိေနမွျဖစ္မယ္။"
"မင္းတို႔သေဘာပဲ။"
အန္ကယ္က အေရးမစိုက္စြာဆို၏။
လူအုပ္က နဥ္ရႈဆီကေနအတုယူလိုက္ၾကသည္။ သူတို႔တစ္ေယာက္ခ်င္းစီက ၿခံထဲသြားကာ သစ္သားတုတ္ခြၽန္ေတြယူလာသည္။
အန္ကယ္က ေရွ႕ကေနဦးေဆာင္ကာ ေအာက္ဆင္းသြားၿပီး လုရွန္းရွန္းက သူ႔ေနာက္ကေနလိုက္သည္။
"မင္း သတိထားပါ။"
က်န္းက်ားစန္က ေလွကားကေနဆင္းမသြားခင္ နဥ္ရႈကိုေျပာ၏။
နဥ္ရႈ : ...
ၾကည့္ဦး၊ သူက သူမကို ေသာက္ရမ္းေတြဂ႐ုစိုက္သလိုလာလုပ္ျပေနတယ္။
၇၉၅က သူ႔ဖုန္းမီးကိုဖြင့္လိုက္ကာ ေအာက္ဆင္းသြားသည္။
နဥ္ရႈက တုတ္ခြၽန္ကို လက္တစ္ဖက္မွာ ခပ္တင္းတင္းဆုပ္ကိုင္ထားကာ တစ္ဖက္မွာေတာ့ ဓာတ္မီးကိုကိုင္သည္။ သူမက ေအာက္ထဲကိုဆင္းသြားရင္း စိတ္လႈပ္ရွားေနတဲ့အဖြဲ႕ဝင္ေတြကိုလွမ္းေျပာသည္။
"ျမန္ျမန္လိုက္ခဲ့ၾက။"
အုပ္စုက တစ္ေယာက္ခ်င္းေအာက္ဆင္းသြားတာမို႔ အိမ္မွာဘယ္သူမွမရွိေတာ့ေပ။ တဝုန္းဝုန္းတိုက္ခတ္ေနတဲ့ေလျပင္းေတြၾကား ႏွင္းေတြက တစ္အိမ္လုံးကိုဖုံးလႊမ္းပစ္ေတာ့မယ့္ဟန္နဲ႔ သည္းထန္စြာက်ဆင္းေန၏။
အခုေတာ့ နဥ္ရႈတစ္ေယာက္ ဓာတ္မီးကို ပါးစပ္ထဲကိုက္ထားေခ်ၿပီ။ သူမရဲ႕လက္တစ္ဖက္က သူမေရွ႕မွာေလွ်ာက္ေနတဲ့ ၇၉၅ရဲ႕ရွပ္အက်ႌကိုဆြဲထားၿပီး တစ္ဖက္က တုတ္ခြၽန္ကိုကိုင္ထား၏။
လွကားထစ္ေတြက အေတာ္ေလးရႈပ္ေထြးၿပီး လမ္းေၾကာင္းေတြအမ်ားႀကီးရွိသည္။ ဒီလမ္းေတြ ဘယ္ကိုေပါက္လဲဆိုတာ သိဖို႔နည္းလမ္းမရွိတာေၾကာင့္ လမ္းေပ်ာက္ဖို႔လြယ္၏။
ေနာက္ၿပီး လမ္းထဲမွာ စက္ခလုတ္ေတြအမ်ားႀကီးရွိသည္။ အာ႐ုံတစ္ခ်က္မွားလိုက္တာနဲ႔ သူတို႔ ေသရမည္ျဖစ္၏။ ေရွ႕ကိုေလွ်ာက္ရင္း သူတို႔ေနာက္ကလူေတြေပ်ာက္ကြယ္သြားႏိုင္သည္။
သူတို႔ သတိမထားမိလိုက္ဘဲ ေထာင္ေခ်ာက္တစ္ခုထဲသက္ဆင္းသြားရႏိုင္သည္။
စိတ္ထင္တာပဲလားမသိေပမယ့္ တစ္ေယာက္ေယာက္က သူမတို႔ကိုေစာင့္ၾကည့္ေနသလို နဥ္ရႈ ခံစားေနရသည္။
အဖြဲ႕ရဲ႕အေနအထားကထိုင္းမႈိင္းညႇိဳးငယ္ေနၾကကာ ခပ္တိုးတိုးငိုရႈိက္သံတခ်ိဳ႕ကိုပင္ၾကားေနရသည္။
နဥ္ရႈရဲ႕လက္ဖဝါးေတြက ေခြၽးေတြ႐ႊဲေနၿပီး သူမက ၇၉၅ဆီတိုးကပ္သြားကာဆိုသည္။
"တစ္ေယာက္ေယာက္က ငါတို႔ကိုေႏွာင့္ယွက္ေနတယ္လို႔ ခံစားေနရတယ္။"
သူမ ထိုသို႔ေျပာၿပီး႐ုံရွိေသး အသံတစ္သံၾကားလိုက္ရသည္။ နဥ္ရႈ ေနာက္လွည့္ၾကည့္မိလိုက္ၿပီး ၾကမ္းျပင္မွာ သံခြၽန္တစ္ေခ်ာင္း ႐ုတ္တရက္ေပၚလာတာကိုေတြ႕လိုက္ရ၏။ ေကာင္ေလးတစ္ေယာက္က ေျခလွမ္း,လွမ္းေနခ်ိန္မွာ အဲ့သံခြၽန္က သူ႔ေနာက္ေျခေထာက္တစ္ဖက္ေအာက္မွာေပၚလာတာျဖစ္သည္။
သံခြၽန္က သူ႔ကိုယ္ကို ေအာက္ကေန ေခါင္းအထိေဖာက္ထြင္းသြားၿပီး သူ႔ပါးစပ္ကေန သံခြၽန္ရဲ႕တျခားတစ္ဖက္ထြက္လာသည္။
"အား..."
တခ်ိဳ႕လူေတြက ထိတ္လန႔္ဖြယ္ျမင္ကြင္းကိုေတာင့္မခံႏိုင္ၾက။ သူတို႔က သူတို႔ရဲ႕ေခါင္းေတြကိုအုပ္ကိုင္ကာ ေၾကာက္လန႔္တၾကားျဖင့္ေအာ္လာၾကသည္။
ေရွ႕ကေလွ်ာက္ေနတဲ့အန္ကယ္က သူ႔ခါးကေသနတ္ကိုထုတ္လိုက္သည္။ သူက မ်က္လုံးတို႔ကိုေမွးစင္းကာ နံရံကို ေသနတ္နဲ႔တစ္ခ်က္ပစ္လိုက္သည္။ ထို႔ေနာက္ သူက ေျခလွမ္းတို႔ကိုသြက္သည္။
ေနာက္ကလူေတြလည္း ခပ္သြက္သြက္ေလးေလွ်ာက္လိုက္ရေသာ္ျငား ေလာေလာဆယ္မွာေတာ့ မေတာ္တဆျဖစ္တာမ်ိဳးေတြမရွိေတာ့ေပ။
ဒါက ေနရာတိုင္းမွာ ကင္မရာေတြရွိေနသလိုမ်ိဳး လြတ္ေျမာက္ဖို႔မျဖစ္ႏိုင္တဲ့ပိုက္ကြန္တစ္ခုက သူတို႔ကိုဖုံးလႊမ္းထားသလိုခံစားရေစသည္။
အန္ကယ္က ေသနတ္ကိုဆက္ကိုင္ထား၏။ ေျခလွမ္းနည္းနည္းလွမ္းၿပီးတိုင္းမွာ သူက ေသနတ္ပစ္တတ္ေသာ္ျငား ေျပာင္းဝကေန က်ည္ဆန္ထြက္မလာေပ။
နဥ္ရႈ သူမရဲ႕ဝိဉာဥ္သိစိတ္ကိုျဖန႔္က်က္လိုက္ေပမယ့္ ဒါက သိပ္ၿပီးအားမေကာင္းလွပါေခ်။ ေအာက္မွာ စက္ခလုတ္ေတြနဲ႔ေထာင္ေခ်ာက္ေတြရွိနလားသိရဖို႔ သူမရဲ႕ေဘးပတ္ဝန္းက်င္ေတြကို အကဲခတ္ၾကည့္တာလုပ္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေပ။
နဥ္ရႈ ေရွ႕ကေနေလွ်ာက္ေနတဲ့အန္ကယ့္ကိုၾကည့္လိုက္မိသည္။ သူက ဒီေနရာကိုကြၽမ္းက်င္ေနတဲ့အလား ေရွ႕တည့္တည့္ကိုပဲ တုန႔္ဆိုင္းမႈမရွိေလွ်ာက္သြားေန၏။
က်န္းက်ားစန္ သူ႔အိတ္ကပ္ထဲက တုန္ခါေနတဲ့ေက်ာက္တုံးကိုစမ္းလိုက္မိသည္။ သူက ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့လိုက္ကာ ေရွ႕ကဦးေဆာင္ေနတဲ့အန္ကယ့္ကိုၾကည့္လိုက္သည္။
သူမတို႔ ဘယ္ေလာက္ၾကာၾကာေလွ်ာက္ခဲ့ၿပီလဲ၊ အေကြ႕ေတြဘယ္ေလာက္အထိေကြ႕ခဲ့ၿပီးၿပီလဲ နဥ္ရႈ မသိေတာ့။ သို႔ေသာ္ျငား သူမတို႔ေရွ႕ရွိလမ္းက က်ယ္ျပန႔္လာကာ မ်က္စိစူးမတတ္အလင္းေရာင္တစ္ခုေပၚလာသည္။
နဥ္ရႈက မ်က္လုံးတို႔ကိုေမွးစင္းလိုက္ကာ ဂူအဝင္ဝမွာရွိတဲ့အလင္းနဲ႔က်င့္သားရေအာင္လုပ္လိုက္သည္။
တိုင္လုံးအႀကီးႀကီးေတြထက္မွာ ထူးထူးဆန္းဆန္းေတြထြင္းထုထားတဲ့ခမ္းနားတဲ့အေဆာက္အအုံႀကီးတစ္ခုကို သူမ ျမင္လိုက္ရသည္။ အခန္းအလယ္မွာ လးေထာင့္ပုံစံယဇ္ပူေဇာ္တဲ့ေနရာတစ္ခုရွိၿပီး အဲ့အထက္ကတိုင္လုံးႀကီးမွာေတာ့ ဝိုင္းစက္ေနတဲ့သလင္းေက်ာက္တစ္ခုတင္ထားသည္။
ေက်ာက္က အေရာင္အေသြးစုံလင္က ထူးျခားလွပသည္။
"ဒါ ပစၥည္းေကာင္းပဲ၊ တကယ္ေကာင္းတဲ့ပစၥည္း။"
၇၉၅ရဲ႕အသက္ရွဴသံက အင္မတန္ျမန္ဆန္လာကာ သူ ေရွ႕ကို ေျခႏွစ္လွမ္းေလာက္မလွမ္းဘဲမေနႏိုင္ခဲ့။
က်န္းက်ားစန္ ပိုပိုၿပီးခုန္လာတဲ့ သူ႔အိတ္ကပ္ထဲကေက်ာက္တုံးကိုထိလိုက္မိသည္။ သူ႔မ်က္လုံးေတြက ေလးနက္ေန၏။
နဥ္ရႈက ၇၉၅ကိုေမးသည္။
"အဲ့ဒါဘာလဲ?"
၇၉၅ကတီးတိုးေျဖသည္။
"မေရမတြက္ႏိုင္တဲ့ကမာၻေတြမွာ စည္းမ်ဥ္းႀကီးသုံးေထာင္ရွိတယ္။ ဒါေပမယ့္ တစ္ခုခုကေတာ့ ေကာင္းကင္ဥပေဒသေတြရဲ႕ထိန္းခ်ဳပ္မႈကေန အၿမဲလြတ္ထြက္သြားတတ္စၿမဲပဲ။ အဲ့ဒါက ကံၾကမၼာနဲ႔လြတ္ကင္းၿပီး ကံေၾကာင့္ျဖစ္တဲ့အျပစ္ေတြကေန တိမ္းေရွာင္ႏိုင္တယ္။"
"လိုရင္းကိုေျပာစမ္းပါ။"
သူက နားလည္ဖို႔မျဖစ္ႏိုင္တဲ့စကားေတြလာေျပာေနတာပဲ။
...