shady☆ [julyz] ✔️

Da ji__aan

8.5K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... Altro

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30 [ FINAL ]
announcement 🙌🏻

27

208 29 2
Da ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

နွေရာသီအကုန် ဆောင်းဦးကိုထပ်ရောက်လာပြန်ပြီ။
ဖူကျန့်မှာရှိနေတဲ့ တစ်ယောက်သောသူနှင့် ဇာတ်လမ်းတွေဟာ ဆောင်းဦးရာသီနဲ့ ဆောင်းရာသီအတွင်းတွေမှာ အတက်အကျမြင့်လွန်းသည်မို့ ဒီနှစ်အဖို့ရော..။

ဖုန်းနဲ့ပဲ ဆက်သွယ်နေရသည်ကို ထယ်ရယ် မကြိုက်ပါ။
အရမ်းမုန်းပြီး စိတ်ရှူပ်ဖို့ကောင်းလာသည်မှာ ဒီရက်ပိုင်း ပိုဆိုးသည်။

အလုပ်မရှိတဲ့ အတောအတွင်း ဖူကျန့်ကို လာခဲ့မယ် ပြောလျှင်လည်း ကျန်းဟောက်က မကြိုက်။
ထိုအကြောင်းအရာနဲ့ ဒီရက်ပိုင်းဆို ဖုန်းပြောတိုင်း တငိုငိုတရီရီဖြစ်နေရသည်။

ဖုန်းပြောနေရင်းတော့ မငိုပါဘူး။ တစ်ဖက်က မြင်ရင် စိတ်မကောင်းဖြစ်သွားမှာလည်း စိုးသေးတာ။

ဖုန်းချပြီးရင်တော့ ထိုင်ငိုသည်။ ပက်လက်ငိုသည်။ သူများဆီ ဖုန်းခေါ်ပြီးလည်း ငိုသည်။

အဝေးကသူနှင့် ရည်းစားထားရတာ အဲ့သည်လောက် ခက်ခဲသည်လား။

နှစ်ရှည်လများ ဝေးကွာပြီး နေတဲ့သူတွေ ဘယ်လိုများ သည်းခံနိုင်ကြပါသလဲ။

ရင်နာရလွန်းလို့ နှလုံးပင် အားနည်းချင်လာသလိုလို။
အသည်းကွဲတာ ပြန်သက်သာကာစမှာ လူချင်းမနီးတဲ့ ရောဂါက ထပ်ဆင့်ဖြစ်နေခဲ့၏။

ဒါလေးကိုမှ သည်းမခံနိုင်ရင် ဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းနေရသည်ကား အဆင်မပြေနေ။

လမ်းခွဲထားတုန်းကတော့ ရွေးချယ်စရာ မရှိတော့လို့ နေသာအောင်နေခဲ့ပေမဲ့ အခုများတော့ အသံကြားနေရလျက်နဲ့ မျက်နှာမြင်ခွင့်ရလျက်နဲ့ကို မလုံလောက်။

အိပ်ခန်းထဲမှာ လှဲနေလျက် အတွေးလွန်နေတုန်းပဲ ဖုန်းဝင်လာသည်။

" ကျန်းဟောက် ပြော"

" ဖုန်းပြန်ဖြေတာ တိုပြတ်ပြတ်ဖြစ်နေပါလား ထယ်ရယ်။ Studio မှာလား။ မဟုတ်ရင် ကိုယ့်ကို စိတ်ကောက်စရာရှိနေလား"

ထယ်ရယ် စိတ်အလိုမကျဖြစ်နေသည်ကို ကျန်းဟောက်က အသံကြားရုံနဲ့ အကဲဖြတ်ကာ မေးတော့ ထယ်ရယ် ညည်းညူသံတစ်ချက်နှင့် သက်ပြင်းချလိုက်သည်။

" လွမ်းနေတာ"

" မနက်ကပဲ ဖုန်းခေါ်တယ်လေ"

" ဒါပေမဲ့လည်း လွန်လွန်းလို့။ ဘယ်လိုဖြစ်ပြီး နှစ်လကနေ သုံးလဖြစ်သွားရတာလဲ"

ကျန်းဟောက်ထံမှ ရယ်သံစစပဲ ထွက်လာပြီး ပြန်မဖြေ။ မနက်က ဖုန်းပြောကတည်းက အထက်ပါအတိုင်း ငိုချင်ရက်လက်တို့ဖြစ်နေတာဖြစ်သည်။

သူ့ပါပါးနဲ့ မာမားကို နောက်လမှ ကိုရီးယားကို လာဖို့ပြောလိုက်တယ်ဆိုတော့..။

တကယ်တော့ စိတ်ကောက်နေတာလို့လည်း ပြောလို့ရပါ၏။

ဒီလထဲမဟုတ်ရင်တောင် ဒီလမကုန်ခင်တော့ ပြန်တွေ့ရတော့မယ် ထင်ထားခဲ့တာ။

တအားအချိန်ဆွဲနေရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မသိရ။ ထပ်ပြီး သက်ပြင်းချမိတော့ တစ်ဖက်က ကြားရပုံထောက်သည်။

" စိတ်ကောက်နေတာပဲ"

" မဟုတ်ပါဘူး"

video ဖွင့်ထားပေမဲ့ ဘေးမှာပဲ ချထားတာမို့ ကျန်းဟောက်မျက်နှာကိုလည်း ပေကပ်ကပ်လုပ်နေရင်း မကြည့်မိ။

" ဘာလို့ မျက်နှာကျက်ကြီးပဲ မြင်နေရတာလဲ။ ထယ်ရယ် ကိုယ့်ကို မျက်နှာ မပြတော့ဘူးလား"

တစ်ကိုယ်တည်း နှူတ်ခမ်းကိုရှေ့ထုတ်ကာ မကျေမနပ်လုပ်နေရင်း တစ်ခွန်းတစ်လေမှ ပြန်မဖြေပဲ ဆက်လှဲနေသည်။

" မပြချင်ဘူး"

ထိုစဉ် တိုက်ခန်းအပြင်ဘက်ကနေ လေတိုက်သံပြင်းပြင်းကြားလိုက်ရပြီး ဖုန်းထဲကနေ ထိုနည်းတူအသံ ထပ်ဆင့်ကြားလိုက်ရ၏။

ရာသီဥတုအခြေအနေက တူနေတာကို ဘာလို့ တစ်မြေတည်းမှာ မဟုတ်ရတာပါလိမ့်။

" စိတ်ကောက်ပြီး ပေကပ်ကပ်လုပ်မနေပဲ။ အိမ်တံခါးလေးလာဖွင့်ပေးပါအုံး။ ကိုယ် ဘဲလ်တီးနေတာ မကြားဘူးလား"

" ဗျာ?"

ထယ်ရယ် အလန့်တကြား ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။ camera ပိတ်သွားပြီ ဖြစ်တဲ့ကျန်းဟောက်ကြောင့် သက်သက်စိတ်လှူပ်ရှားအောင်လုပ်ဖို့ စနေတယ်ပဲ မှတ်လိုက်ကာ ထပ်ပြီး မျက်မှောင်ကြုံ့လိုက်၏။

" ကျန်းဟောက် မနောက်နဲ့ အဲ့လို"

" တံခါးမြန်မြန် လာဖွင့်ပေးပါလို့။ ကိုယ့်မှာ အထုပ်အပိုးတွေနဲ့ ထယ်ရယ်ရဲ့"

အိမ်ရှေ့ကနေ နောက်ထပ် ဘဲလ်သံ ထွက်လာတော့မှ ဖုန်းကိုင်လျက်သား အမြန်ပြေးထွက်မိသည်။ တံခါးကို ဖွင့်ဖွင့်ချင်းပဲ လပေါင်းများစွာ လွမ်းနေခဲ့တဲ့ မျက်နှာဟာ ပြုံးချိုချိုနဲ့  ထယ်ရယ့်ကို ရယ်ပြနေပြီး..။

လက်ထဲမှာဖုန်းကိုကိုင်ထားလျက် အညိုနုရောင်ဂျာကင်ကို ဝတ်ထားသည်။

မယုံနိုင်လို့ မျက်လုံးကို ပြန်ပွတ်ကြည့်မိ၏။

အလွမ်းနာကျပါများသွားလို့ ဖုန်းပြောရင်း စိတ်ကူးနဲ့လက်တွေ့ မကွဲတော့တာများ ဖြစ်နေရင်—

" ကြိုဆိုတဲ့ပုံကလည်း "

တစ်ဖက်ကနေ ဆူအောင့်အောင့် အသံထွက်လာတော့မှ အသိစိတ်ပြန်ကပ်သည်။ အမှန်ကြီး ကျန်းဟောက် ကိုရီးယားကို ရောက်လာတာ..။

ရုတ်တရက် ငိုချင်လာ၏။

" နောက်လမှဆို"

" ပါးနဲ့မားလို့ပဲ ပြောတာလေ။ ကိုယ်ကပါ နောက်လမှ လာမယ်လို့ မပြောမိပါဘူး။"

ထယ်ရယ့် လက်က ကျန်းဟောက်ရဲ့ Luggage ကြီးနှစ်ခုမှာ တစ်ခုကို အရင် အိမ်ထဲဆွဲသယ်ပေးလိုက်ရင်း မေးလိုက်သည်။

အံ့ဩတဲ့ ရင်ဖိုမှူကြီးက လိုက်လိုက်လှဲလှဲကို ဆို့တက်လာ၏။

" မနက်က ဖုန်းဆက်တာက—"

" လေဆိပ်ကို မထွက်လာခင်ပဲ"

" ကျန်းဟောက် ကျွန်တော့်ကို အမြဲ ရင်တုန်အောင်လုပ်နေတာ ပျော်စရာကောင်းတယ် ထင်နေလား"

ဆူတယ်ရယ်မဟုတ်တဲ့ အမြင့်သံနဲ့ ပြောသည်ကို ကျန်းဟောက်က တံခါးပိတ်ကာ အိမ်ထဲဝင်လာရင်း ရယ်၏။

အိတ်တွေကို ဘေးနားချလိုက်ပြီးတာနဲ့ အချိန်မဆွဲပဲ တစ်ဖက်လူကို မြန်မြန်ဖက်ထားချင်သည်။ အကြောင်းသိတဲ့သူကလည်း လက်တွေဖွင့်ကာ ထယ်ရယ့်ကို ခေါ်၏။

ခေါင်းမှာ ဆောင်းထားတဲ့ Hoodie ခေါင်းစွပ်အပေါ်ကနေ ကျန်းဟောက်ရဲ့ လက်က ခေါင်းကိုပုတ်ပေးသည်။ ကျန်းဟောက်ပုခုံးပေါ် ခေါင်းတင်ထားလိုက်ရင်းက မျက်နှာပါဝှက်ထားမိ၏။

တကယ်ကြီး ရောက်လာတာပဲ။ သေသေချာချာလေး ကြည့်ပြီး စကားပြောရတာ ဆက်သွယ်ရတာတွေကို လွမ်းနေခဲ့တာ။

ထယ်ရယ့်ကိုကြည့်ရင် တလက်လက်တောက်နေတဲ့ အစ်ကိုလေးကျန်းရဲ့ မျက်လုံးဝိုင်းတွေဟာလည်း မပြောင်းလဲ။

" ကိုယ့်ကို အရမ်းလွမ်းနေတာ သိပါပြီ။ အခုလည်း မြင်နေရပြီကို ဘာလို့ငိုနေတာလဲ"

" မငိုပါဘူး"

" လာလိမ်နေသေးတယ်"

ကျန်းဟောက်စကားကြောင့် မျက်နှာဝှက်ထားတဲ့ဆီမယ် ရယ်မိသေးသည်။ မျက်ရည်တွေကျနေတာကတော့ တကယ်ပဲ အငိုသန်လို့ ဖြစ်ပါလောက်၏။

တစ်ယောက်တည်းအရင်ရောက်လာရတဲ့ အကြောင်းကိုတော့ နောက်မှပဲ မေးမည်။ အခုတော့ အရေးကြီးသည်က ဖက်ထားတာကို မလွှတ်ရဖို့။





ʚʚʚʚʚʚʚʚ    ☆    ɞɞɞɞɞɞɞɞ


ဆောင်းဦးရာသီတွေဟာ သူတို့အပိုင်ရာသီလိုမျိုးပဲ ဇာတ်လမ်းရဲ့ အရေးကြီးသော အပိုင်းတစ်ခုစီဟာ ဆောင်းဦးနှင့် ဆောင်းရာသီအတွင်းမှာ နေရာယူနေသည်။

ကိုရီးယားမှာ အခြေတကျဖြစ်ဖို့အပြင် အဖေနဲ့အမေရောက်သည်နှင့် အစစအရာရာ အသင့်ဖြစ်အောင် ကျန်းဟောက်က တစ်လစောထွက်ခဲ့မယ်ဟုဆိုကာ မိဘဖြစ်သူတွေကို တစ်လနောက်ကျမှ လိုက်လာခိုင်းခဲ့၏။

အကြောင်းပြသည်ဆိုရင်လည်း ဟုတ်မည်။

ထယ်ရယ့်ကို လွမ်းလို့ နောက်ထပ်တစ်လလောက်သာထပ်နေရင် သေကောင်းသေနိုင်လောက်သည်ထိ။
ထို့အပြင် အဖေနဲ့အမေ မျက်စိအောက်မှာ မရှိပဲ ခဏနေချင်ပြန်တာကြောင့်ရော။

" ကိုယ်သေမှာထက် ထယ်ရယ်အရင်သေမှာစိုးလို့။ ကိုယ် ဒီကို ပြန်မလာခင် တစ်ပါတ်လောက်က ဖုန်းခေါ်တိုင်း ငိုနေတာ မဟုတ်ဘူးလား။ သည်းမခံနိုင်တော့တာ အသိသာကြီးဟာ"

ထယ်ရယ်ကလေ အဲ့သည်လို ပြောရင်လည်း စိတ်ကောက်သေးတာ။ ကျန်းဟောက် ဒီကိုရောက်မလာခင်တုန်းက ထယ်ရယ်ချည်း အရင်ဖုန်းချနေပြီး စကားကို ကောင်းကောင်းမပြောပဲ။ ဖုန်းချသွားပြီးရင် ထိုင်ငိုနေမှာကို ကျန်းဟောက်အနေနဲ့လည်း မသိချင်ယောင်မဆောင်နိုင်။

ဘယ်လိုလုပ်ပြီး စိတ်ဖြောင့်တော့မှာလဲလို့။

" ကျန်းဟောက် ကားဝယ်မယ်ဆို? "

" အင်း။ အရစ်ကျပဲ ဝယ်ဖြစ်လောက်တယ်။ အလုပ်ကတော့ ပါးနဲ့မား ရောက်ပြီးမှ "

အရင်က လုပ်ခဲ့တဲ့ အနုပညာကျောင်းက မြို့လယ်ခေါင်မှာ  ကျောင်းခွဲတစ်ခု ဖွင့်မည်ဆိုသည့်အခါ တယောအထူးပြုအနေနဲ့တော့ မဟုတ်ပဲ ဂီတနည်းပြမှူးအဖြစ် ကျန်းဟောက်ကို အရင်ကျောင်းအုပ်က ကမ်းလှမ်းလာ၏။
ကိုရီးယားကို ပြန်လာမည်ဆိုတဲ့ သတင်းဟာလည်း မြန်မြန်ဆန်ဆန်ရောက်သွားသည်နှင့်..။

" ညအိပ်မယ်မလား"

ထယ်ရယ့်ရဲ့ အိမ်အသစ်ဟာလည်း ဝယ်ထားတာ သိပ်မကြာသေး။ မိဘတွေနဲ့ တစ်ဝက်စီဝယ်ထားတာလို့ ပြောတာပဲ။ ထယ်ရယ့်အပိုင်အသစ်စက်စက်ရပ်ဝန်းမှာ ကျန်းဟောက်ကတော့ ကိုရီးယားကို ပြန်ရောက်နေသည့်ရက်ပိုင်းလေးနှင့်တင် ကိုယ့်အိမ်ကိုယ့်ယာလို။

ကျန်းဟောက် ကိုရီးယားကိုရောက်ရောက်ချင်းလည်း ဒီအိမ်ကိုပဲ လာခဲ့တာဖြစ်ပြီး ထယ်ရယ်က လိပ်စာပြောပြထားတာကြောင့်သာ။

" အွန်း"

" ယောက္ခမလောင်းတွေ ရောက်လာရင် ကျန်းဟောက် ကျွန်တော့်ဆီ ဒီလို ခဏခဏလာလို့ရတော့မယ် မထင်ဘူးနော်"

" သေချာတာပေါ့။ ဒါနဲ့ ထယ်ရယ် ဆက်တိုက် ယောက္ခမလောင်းတွေလို့ပြောနေတော့တာပဲ ကိုယ်ပြန်ရောက်ကတည်းက"

ကျန်းဟောက်အတွက် ခေါင်းအုံးပြင်ပေးရင်း ထယ်ရယ်က အသံထွက်ရယ်သည်။
အကြံနဲ့ နှစ်ယောက်အိပ်ကုတင်ဝယ်ထားသလား မှတ်ရအောင် ကျယ်ပြန့်ပြန့်ကုတင်မှာ ကျန်းဟောက်ကတော့ ထယ်ရယ့်ခေါင်းအုံးကို ပိုက်ထားရင်း။ 

" ဖွင့်ပြောဖို့ရာ ကျန်းဟောက်က ပိုတုန်လှူပ်နေမှာကို ကျွန်တော်ကပါ ဘေးကနေကြောက်နေလို့ ဘယ်ဖြစ်မလဲ"

ထယ်ရယ့်စကားကြောင့် ခဏတော့ ငြိမ်ကာ ပြန်စဉ်းစားမိသည်။

ထယ်ရယ်နဲ့ တွဲနေတယ်ဆိုတာမတိုင်ခင် ယောက်ျားလေးတွေကြိုက်တယ်ဆိုသည်အား အရင်ပြောရမည်။ ထို့နောက် ရည်းစားရှိကြောင်းပြောရမည်။ အဲ့ဒီနောက်မှ ဂင်မ်ထယ်ရယ်ပါဆိုပြီး ပြောရမည်။

ပထမဆုံး အဆင့်မှာတင် ပွက်လောရိုက်နေမှာကို ဖူကျန့်ကအိမ်မှာ ခဏနေသွားတဲ့ကလေးက သားဖြစ်သူရဲ့ရည်းစားဆိုပြီးတော့ပါသိရင်..။

ထိုအဆင့်သုံးဆင့်က တစ်နေရာရာမှာတော့ ကျန်းဟောက်အနေနဲ့ အသွားအလာထိန်းကွပ်တာ ခံရကောင်း ခံရမည်။ မဟုတ်ရင် အရိုက်ခံရမည်။ 

တွေးကြည့်တာနဲ့တင် ငယ်ငယ်က အဆင့်တွေကျသွားလို့၊ ပထမဆုမရလို့၊ မိဘစကားနားမထောင်လို့ အရိုက်ခံရတာတွေ ပြန်မြင်ယောင်ကြည့်..။
အကြောင်းအရာပဲကွဲပြီး တစ်ပုံစံတည်း တူတာတွေ ဖြစ်လာမလား။

ဆယ်နှစ်နီးပါး နိုင်ငံရပ်ခြားမှာနေလာပေမဲ့ မိဘတွေက ပြောင်းလဲနေပြီဆိုတာကို သိပ်မယုံချင်။ ဒေါသထွက်လာရင် ထိန်းကျောင်းတဲ့ပုံစံတွေက တစ်ပုံစံတည်း ပြန်ဖြစ်လာနိုင်တယ်လေ။

ကလေးက အသက်သုံးဆယ်နီးပါးဖြစ်နေရင်တောင်။

စိတ်ဒဏ်ရာအဆင့်ထိ မဟုတ်ပေမဲ့ စိတ်ထဲစွဲနေတာမို့ ထိုအခြေအနေတွေ ပြန်ကြုံရမှာကို မကြိုက်ပါ။
စိတ်ကျဉ်းကြပ်လို့ပဲ အဝေးမှာ အတော်ကြာအောင် နေခဲ့ပြီးပြီမဟုတ်လား။

" တော်ရုံတန်ရုံ လွယ်မယ့်ကိစ္စ မဟုတ်ဘူး ထယ်ရယ်"

" သိတယ်။ ကျွန်တော်ကတော့ ကျန်းဟောက်ကိုပဲ ယုံထားမှာ။ အရေးကြီးတာတစ်ခုက အဲ့ဒီအချိန်မှာ ကျန်းဟောက် ပင်ပန်းသမျှကိုတော့ ကျွန်တော့်ကို ပြောပြပေး"

" အင်း"

" လက်ထပ်ဖို့ကို ကျန်းဟောက်မိဘတွေဆီက ခွင့်ပြုချက်သာရရင် နောက်ထပ် ဘယ်လောက်ကြာမှနေနေ လက်ထပ်ဖို့ကိုတော့ ဝန်မလေးရတော့ဘူးလေ"

ကျန်းဟောက်ရဲ့ မျက်မှန်လျှောကျနေတာ ကိုယ်တိုင်တောင် သတိမထားမိပေမဲ့ ထယ်ရယ်က သတိထားမိကာ ပြောပြောဆိုဆိုနှင့် မျက်မှန်ကို လာပင့်တင်သည်။

လက်ထပ်တယ်ဆိုတာကလည်း လွယ်တာမှ မဟုတ်ပဲ။

" မျက်မှန် လဲရမှာ မဟုတ်ဘူးလား"

" လဲရမှာ။ အလုပ်ရှူပ်နေလို့"

ရှေ့သွားတွေပေါ်ရုံ ရယ်ပြလိုက်တဲ့အခါ ထယ်ရယ်က ပါးကို လာဆွဲညှစ်တယ်။ အလွမ်းနာကျခဲ့တဲ့ ဒဏ်တွေက ကောင်းကောင်းမသက်သာသေးလို့ ပြန်တွေ့နေရပြီဆိုတာတောင် လွမ်းချင်နေတုန်းပဲ။

" ကိုးလလောက်ကို ပါးဖောင်းဖောင်းလေးတွေ မကိုင်ရပဲ အရမ်းခက်ခဲတာ"

ထယ်ရယ့်စကား အပေါ် ရယ်ရုံသာတတ်နိုင်တယ်။

" ကျန်းဟောက် အိပ်နှင့်တော့။ ကျွန်တော် ဧည့်ခန်းထဲမှာ ပစ္စည်းတွေ နည်းနည်းရှူပ်နေတယ် ထင်လို့ ပြန်သွားစီအုံးမယ်"

အသန့်ကြိုက်ပြီး သပ်ရပ်တဲ့ ထယ်ရယ့်အကျင့်ကတော့ တစ်သက်လုံးပြောင်းလဲမှာ မဟုတ်။ ခေါင်းငြိမ့်ပြလိုက်တော့ ပါးကို နောက်တစ်ခေါက် ထပ်ကိုင်ဆွဲပြီးမှ ထွက်သွားတာနဲ့ မျက်စောင်းထိုးကြည့်လိုက်သေးတယ်။

သူ့ထက်အကြီးကို တစ်ထစ်ရှိ ဒီမျက်နှာပဲ လာကလိနေတော့တာပဲလေ။

ထပ်ဆင့်များတဲ့ ပါးနဲ့မားရဲ့ မျှော်လင့်ချက်တွေကို ကျန်းဟောက် ကြိုသိနေပေမဲ့ ပြဿနာဖြစ်လာမယ့်အချိန် ပေါက်ကွဲဖို့လိုလာမှသာဟု ဆိုကာ ချန်ထားလိုက်ပါ၏။

အများကြီး ကြိုပြောနေရင် ထိုကလေးကိုလည်း စိတ်ဖိစီးမှူပေးရာရောက်မည်။ မပြောမှာလည်း မဟုတ်တာမို့.. အချိန်အခါပေးသည်ကိုပဲ စောင့်ရုံ။

တွေးရင်းတွေးရင်းနဲ့ အိပ်မပျော်တော့ပြန်တာမို့ ဧည့်ခန်းထဲကို ပြန်ထလိုက်သွားတော့ ဆရာသမားက သန့်ရှင်းရေးကို ဘယ်လောက်မြန်မြန်လုပ်လိုက်သလဲမသိရ။

လက်ထဲမှာတော့ ဂိမ်းစက်နှင့် အခန့်သား။

ကျန်းဟောက် ရောက်နေသည်ကို မမြင်ပါ။ သည်းကြီးမည်းကြီး တီဗီမျက်နှာပြင်ကို ကြည့်နေတာကြောင့် အနားကို ကပ်သွားကာ ငုတ်တုတ်သွားထိုင်နေလိုက်သည်။

" အတူတူဆော့မလား"

ကျန်းဟောက်ရောက်လာတာကိုတောင် သိမှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ ကောင်းကောင်းကြီးသတိထားမိနေဟန် အမေးကြောင့် ပါးမို့တွေဟာ အလိုလိုမြောက်တက်သွားရသည်။

" ထယ်ရယ် ဆော့တာပဲ ကြည့်မယ်"

" အိပ်ချင်ရင်.."

စကားက ဂိမ်းဆော့တဲ့ဆီကို အာရုံပြန်ရောက်သွားလို့ ပြတ်သွားတဲ့တိုင် လက်တစ်ဖက်က controller ထံကနေ ခဏခွါပြီး သူ့ပေါင်သူ ပုတ်ပြ၏။

အဲ့ဒီလောက်ထိ သိတတ်နေတာလည်း အမြင်ကပ်ဖို့ကောင်းလိုက်တာ။

ဒီလိုချစ်စရာလေးနဲ့ ပိုပြီး ပေါ်ပေါ်ထင်ထင်ပတ်သက်ရဖို့ကို ကျန်းဟောက် စိတ်ရှည်ပါ့မလား။

အာမမခံနိုင်တော့ပါ။

ဒီနှစ်မကုန်ခင်တော့ သေချာပေါက်..။





ʚʚʚʚʚʚʚʚ    ☆    ɞɞɞɞɞɞɞɞ




နှင်းကျတဲ့ရာသီမှာ ခံစားချက်သိပ်မကောင်းဘူးဖြစ်တတ်ရိုးထုံစံရှိသယောင်။



ရှစ်လပိုင်းအစမှာ ကျန်းဟောက်က ကိုရီးယားကိုအရင်ပြန်လာခဲ့ပြီးနောက် ကိုးလပိုင်းအလယ်မှာတော့ အဖေနဲ့အမေဖြစ်သူက လိုက်လာခဲ့သည်။

အိမ်ဝယ်၊ ကားဝယ်တာကလည်း ကျန်းဟောက်ရဲ့စရိတ်က တစ်ဝက် အဖေနဲ့အမေက တစ်ဝက်ကို ကောင်းကောင်းမွန်မွန်နေထိုင်လို့ရအောင် အစစအရာရာ မွမ်းမံထားသည်နှင့် ချီးကျူးခံရ၏။

အိမ်ကိုရောက်သည်နှင့် ရေခဲသေတ္တာထဲမှာပါ ရိက္ခာအပြည့်မို့ အမေကတော့ သဘောတကျ။

အဖေကတော့ မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်မို့ အနည်းငယ်တော့ စိတ်ရှူပ်နေဟန်ပေါ်သည်။
တစ်လ နှစ်လလောက်မှာတော့ ပါးရော မားပါ နေသားကျလာပေမဲ့..။

အဖေနဲ့အမေရောက်လာသည်နှင့် နောက်ရက်မှာ အလုပ်စဝင်ပြီး အချစ်ရေးနဲ့ ပတ်သက်တဲ့ အရေးအကြီးဆုံး နောက်ဆုံးလက်ကျန်အပိုင်းအတွက် အချိန်ကို တရွေ့ရွေ့နဲ့ ဆွဲရဖို့ဟန်တွေပြုနေသည်များ..။

အချိန်ဆွဲသလိုဖြစ်နေရုံတင်မကပဲ ထယ်ရယ်နှင့်ပင် သိပ်မတွေ့ဖြစ်သလို။
နှစ်ကုန်ဖျော်ဖြေပွဲတွေရှိလာသည်နှင့် အလုပ်ရှူပ်နေမှာအပြင် ကျန်းဟောက်လည်း ဂီတနည်းပြမှူးဆိုတဲ့ နေရာမှာ အသားမကျသေးတာကြောင့် အလုပ်ရှူပ်လျက်။

ဒီနေ့မနက်ကတော့ နေ့လည်စာစားချိန်မှာ ထယ်ရယ်က ကျောင်းကို ခဏရောက်လာခဲ့ပြီး ထမင်းတူတူစားခဲ့သေးသည်။

အချိန်လုပေးတာကိုပင် ကျေးဇူးတင်ရမလို။

မနက်ကတင် ပြောခဲ့တာ နောက်လလောက်ကိုတော့ ထယ်ရယ်နဲ့တွဲနေတာ ပါးနဲ့မားကို ပြောပြဖြစ်လောက်တယ်ဆိုပြီး။

နောက်လ.. နောက်တစ်နှစ်ကို ကူးသွားမှာပဲ။
ထိုအချက်တစ်ခုကိုတော့ သိပ်ဘဝင်မကျပေ။

အဖေက အိမ်ထောင်ပြုဖို့ ထပ်ပြောလာမယ့်ရက်ကို စောင့်နေရင်း ထိုခါမှ ကိစ္စတွေဆက်တော့မည်လို့ စဉ်းစားထားခဲ့ပေမဲ့ ခရစ္စမတ်အနားနီးတဲ့ ဒီဇင်ဘာရောက်မှ စကားစလာတဲ့အခါ စိတ်မရှည်ဖြစ်နှင့်နေတဲ့ ကျန်းဟောက်အဖို့ စကားလမ်းကြောင်းပေါ်တည့်တည့်ရောက်သွားချင်သည်။

ကောင်းမွန်တဲ့ပိတ်ရက်ဆိုတာ ကျန်းဟောက်မှာ မရှိသလောက်ဖြစ်ရအောင် ကံဆိုးနေပုံတော့ထောက်ပါရဲ့။

" ပေကျင်းမှာ အလုပ်လုပ်နေတဲ့ သားရဲ့ အစ်ကိုဝမ်းကွဲလေ ဟိုရက်က မင်္ဂလာဆောင်တော့ လက်ဖွဲ့တွေ.."

ထမင်းစားနေရင်းကို နားထဲမှာ ဝေတိဝေဝါးဖြစ်လာတဲ့ အသံတွေနဲ့ မျက်မှောင်ချည်းကြုံ့ကာ ကိုယ့်အတွေးနဲ့ကိုယ် ဖြစ်နေမိသည်။

ထမင်းစားပွဲအောက်မှာ ကိုင်ထားတဲ့ ဖုန်းကိုကြည့်ရင်း ပြောလိုက်ရမလား။ မပြောပဲနေရမလား တွေဝေမိနေ၏။

စိတ်မရှည်နိုင်တော့တာကို ထယ်ရယ်က ဘာမှပြောမှာ မဟုတ်ပေမဲ့ အဆင်သင့်ဖြစ်ပါအုံးမလား။

" ပါး ပြောနေတာ ကြားရဲ့လား ကျန်းဟောက်"

" ဗျာ "

" သားလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်ပြီ။ တွေ့နေတဲ့သူရှိရင် အိမ်ကို ခေါ်ခဲ့လေ"

ဘာပဲဖြစ်ဖြစ် ရည်းစားရှိနေတယ်ဆိုတာကိုတော့ ရိပ်မိနေပုံပါ။

"သားကိုလည်း မိသားစုနဲ့ အခြေတကျဖြစ်စေချင်နေပြီ။"

ပိုပြီး ပြောရခက်အောင်.. ပိုပြီးနက်နဲတဲ့အထိ မမျှော်လင့်ခင် ထုတ်ပြောလိုက်တာက ပိုမှန်နေတာလည်း ဖြစ်နိုင်သည်။

" ကျွန်တော် ယောက်ျားလေးတွေလည်း ကြိုက်တယ်။ အခုတွေ့နေတာ ကောင်လေး"

အဆက်အစပ်ရှိအောင် စကားပြောရတာကို မကြိုက်။
ပြောမထွက်သွားတာတွေ ရှိနေမှာစိုးလို့ ကိုယ်ပြောချင်ရာကိုယ်ပဲ ဦးစားပေးလိုက်၏။

တရစပ်ထုတ်ပြောလိုက်တဲ့ ကိုယ့်ကိုယ်ကိုလည်း မယုံနိုင်။ ရှင်းလင်း ပြတ်သားတဲ့ စကားနှစ်ခွန်းကို အကြောက်အလန့်မရှိ။

ထမင်းစားပွဲဝိုင်းဟာ ညစာစားနေရင်း တိတ်ဆိတ်ငြိမ်သက်သွားသည်မှာ အပ်ကျသံပင်ကြားရလောက်၏။

ဒါတောင် ကျန်းဟောက် စကားကို လျော့ပြောလိုက်ခြင်းဖြစ်သည်။

ရာနှူန်းပြည့်​ယောက်ျားလေးတွေကို ကြိုက်တယ်လို့သာ ပြောကြည့်။ အခုချက်ချင်း ဖူကျန့်ကို ထပြန်ရမှာလည်း ဖြစ်သွားနိုင်တာကြောင့်။

" ဘာပြောလိုက်တယ်"

" ကျွန်တော် အခု ကောင်လေးတစ်ယောက်နဲ့ တွဲနေတာ"

အဖေ့အသံက ချက်ချင်း မာတင်းသွားပြီး စားလက်စတူကို စားပွဲပေါ် ရိုက်ချသည်။

" ကျန်းဟောက်"

အဖေက နာမည်ကို ရှေ့နောက်စကားမပါပဲ ခေါ်လျှင် ထိုသည်ကား လက်ခံနိုင်ဖို့ကောင်းတဲ့ အကြောင်းအရာ မဟုတ်ဘူးလို့ ဆိုလိုတာ။

အမေက စကားဝင်ကာမလို့ ပါးစပ်ဟလိုက်ပေမဲ့ အဖေဖြစ်သူရဲ့ ဒေါသက အတိုင်းအဆမရှိချေ။ ဝင်ပြောလိုက်ကာမှ ဇနီးမောင်နှံကြားအထိ ရန်ဖြစ်သွားမှာစိုးလို့ ကျန်းဟောက်ကပဲ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။

အမေလည်း ကျန်းဟောက်ကို စိတ်ဆိုးမှာပဲလေ။

" ပြီးတော့ ပါးတို့လည်း သိတယ်။ ကျွန်တော်တွဲနေတဲ့သူကို"

သွေးနားထင်ရောက်နေတဲ့ အဖေ့ကို အမှူမထားပဲ ပြောစရာရှိတာ ဆက်ပြောလိုက်ရင် တစ်ခါတည်းနဲ့ အဆုံးထိ မီးစာမွှေးပစ်တာနှင့် တူမည်။
သို့ပေမဲ့ အချိန်မဆွဲချင်တော့ပေ။ အချိန်မဆွဲနိုင်တော့။

" မင်း ယောက်ျားလေးတွေနဲ့ လက်ထပ်လို့မရဘူး"

" ရတယ်"

" တစ်ခွန်းဆို တစ်ခွန်း ပြန်ခံမပြောနဲ့ ကျန်းဟောက်"

စကားသံတွေက တင်းမာသည်ထက် တင်းမာလာသည်။ အော်ဟစ်ပြီး ရန်ဖြစ်တတ်ရင်မှ ကောင်းအုံးမည်။

ပတ်ဝန်းကျင်ကို အမှူထားပြီး ပုံရိပ်ကို ထိန်းသိမ်းတတ်တဲ့ အဖေက ဒေါသထွက်ရင် ကျစ်ခဲခဲလေသံနှင့် စကားတွေကို လှန့်ခြောက်သယောင် ပြော၏။

" အဲ့ဒီကလေးနဲ့ တွဲနေတာလား "

အရိပ်အပါးနားလည်တဲ့ အဖေက ထယ်ရယ့်ကို ရည်ညွှန်းပြီး မေးတာဖြစ်သည်။ ကျန်းဟောက် ခေါင်းငြိမ့်လိုက်သည်။ ဒေါသတွေက ထယ်ရယ့်နာမည်အောက်ကို ရောက်သွားမှာလည်း စိုးရသေး၏။

" မင်းကလေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး မိဘကို တင်ကျွေးထားနိုင်ပြီဆိုတာနဲ့ပဲ လူပါးဝဝလာတယ်။"

"..."

သက်ပြင်းတစ်ချက်ချကာ ကျန်းဟောက်သည်လည်း လက်ထဲက တူကို ဘေးမယ် ချလိုက်သည်။ လူပါးဝနေတာကတော့ အမှန်ပဲမို့ အငြင်းပွါးစရာမရှိ။

ငိုယိုပြီး ရန်ဖြစ်ဖို့ကတော့ ဒီနေ့အတွက် မဖြစ်ချင်သေးပေ။

" လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာ။ ပါးနဲ့မား သဘောမတူဘူးဆိုရင်တော့ လက်မထပ်ဘူး။ အဲ့ဒီအစား တခြား ဘယ်သူနဲ့မှလည်း အိမ်ထောင်ပြုမှာ မဟုတ်ဘူး။ မကြိုက်တဲ့သူနဲ့ လက်ထပ်ရမှာကိုတော့ စိတ်မပါလို့"

ပြောစရာရှိတာပြောပြီး ယဉ်ကျေးမှူ မရှိစွာပဲ ထမင်းစားပွဲကနေ ထလာခဲ့သည်။

အခန်းထဲကို ဝင်လာပြီးနောက်မှာ ထမင်းစားပွဲထံက ဒေါသစကားသံတွေကို ကြားရ၏။

" ရိုက်ပြီး ဆုံးမရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ မရင့်မကျက်နဲ့ လုပ်ချင်တိုင်းလုပ်နေတာတွေကို လွှတ်ထားပေးတော့ ပိုပိုရောင့်တက်နေတာ။ အနုပညာသမား လုပ်တာ ဖြစ်မြောက်သွားလို့ လွှတ်ပေးထားလိုက်ပေမဲ့ ကျန်းဟောက် ဂေးဆိုတာကို အသိုင်းအဝိုင်းက သိရင် ဘယ်လောက်တောင် အရှက်ကွဲမလဲ"

ထင်ထားသလိုပါပဲ။ စကားကိုလျော့ပြောခဲ့တဲ့ တိုင်အောင် ရှေးရိုးစွဲတဲ့ လူကြီးတွေနဲ့ အမြင်မှာတော့ ကျန်းဟောက်ကို ဂေးလို့ပဲ နာမည်တပ်ပစ်ပြီ။
နောက်ပိုင်းစကားတွေကို နားစွင့်နေပေမဲ့ ပလုံးပထွေးနှင့် နားမဝင်တော့ပြန်။

အခု ကိုရီးယားကို အပြီးပြောင်းလာခဲ့ပြီးမှ ဒီလိုဖွင့်ပြောတဲ့အတွက် အသိအစပ်တွေနှင့် အိမ်ထောင်ဖက် ထတွေ့ခိုင်းမယ့် ပြဿနာတော့ မရှိချေ။

အဖေနဲ့အမေကို ဖူကျန့်က အသိုင်းအဝိုင်းဆီကနေ ခွဲထုတ်ခဲ့တဲ့ ကျန်းဟောက်ရဲ့ လုပ်ပုံက လူကြီးမိဘတွေအပေါ် ရက်စက်ရာကျသွားမလားမသိပေမဲ့။

ကိုရီးယားမှာ အနုပညာတက္ကသိုလ်တက်မယ်ဆိုပြီး ထွက်လာတုန်းကလည်း တစ်ရက်တော့ လက်ခံပေးသွားတာပဲလေ။ ဒီတစ်ခေါက်လည်း တစ်ရက်တော့ လက်ခံလာပါလိမ့်မယ်ဆိုတဲ့ ယုံကြည်မှူရေးရေးလေးကြောင့်ရော ကိုယ့်လမ်းကိုယ်ရှင်းတဲ့ သဘောဖြစ်တာကြောင့်ရော။

နားစွင့်နေရင်း ကြားရတဲ့စကားတွေဟာ မချိမဆံ့ပေမဲ့ ထယ်ရယ့်ကို စာပို့ထားလိုက်သည်။ အမှူမထားလွန်းတဲ့ ကျန်းဟောက်အဖို့ အဖြစ်အပျက်တွေက မြန်လွန်းနေပြီး ဒီလိုမြန်လာအောင်လည်း ကိုယ်တိုင်ပဲ အကွက်ရွေ့ထားတာကြောင့် မတတ်နိုင်။

ကြားနေရသည်တွေကို စိတ်ရှူပ်ပေမဲ့ နာကျင်စရာဖြစ်မနေ။ ရင်ထဲ ခံစားရမသက်သာတာတော့ အမှန်ပါပဲ။

Studio မှာ ရောက်နေလောက်ပေမဲ့ ဖုန်းဖွင့်ရင်တော့ မြင်မှာပါလေ။

" ထယ်ရယ် "

" ကိုယ် ပါးနဲ့မားကို ပြောလိုက်ပြီ"

ချက်ချင်းပဲ စာကိုဝင်ဖတ်သွားပြီးနောက် ဖုန်းခေါ်သည်။ ဖုန်းပြောတဲ့အသံကို အခန်းအပြင်ဘက်ကကြားသွားမှာစိုးတာကြောင့် ခပ်တိုးတိုးပဲဖြေရ၏။

ပြဿနာတက်ပြီးပြီးချင်း ရည်းစားကို ဖုန်းခေါ်ပြီး အစီရင်ခံနေတာ သိရင်တော့ တကယ် အရိုက်ခံရကောင်းခံရနိုင်သည်။

" အဆင်ပြေရဲ့လား။ ဦးလေးကျန်း ဘာပြောလဲ"

ကျန်းဟောက် ဘာပြန်ဖြေရမလဲမသိ။ အဲ့ဒီအစား အခန်းပြင်ဘက်မှာ ပွက်လောရိုက်နေသည့်အသံတွေကို ဖုန်းထဲကနေ ကြားသွားပုံထောက်သည်။

" အဆင်မပြေဘူးပဲ.."

တိတ်နေမိသည်။ မထင်ထားပါရက်နှင့် ကျန်းဟောက်ကိုချည်းပဲ စောင့်နေရလို့ ထယ်ရယ် စိတ်ကုန်သွားမှာကိုလည်း ကြောက်လာ၏။

" ဖွင့်မပြောခင် ကျွန်တော့်ကို ကြိုပြောမယ်ဆို။ ပြီးတော့ နောက်လလောက်မှာဆိုပြီး..ဘယ်လိုဖြစ်သွားရတာလဲ ကျန်းဟောက်ရယ်"

" ဒီအတိုင်း အိမ်ထောင်ပြုဖို့ စကားစခေါ်လာတာနဲ့.."

ကျန်းဟောက် တဇွတ်ထိုးလုပ်ပစ်သည်ကို ထယ်ရယ်ကတော့ သက်ပြင်းတစ်ချက်သာချပြီး တုံ့ပြန်၏။

" ကျွန်တော်လာခဲ့ရမလား။ အချိန်ရတယ် လေ့ကျင့်တာက ပြီးတော့မှာ "

" မလာနဲ့။ ကိုယ်လည်း အပြင်ထွက်ဖို့အဆင်မပြေဘူး။ ရက်ပိုင်းလောက်တော့ အိမ်မှာ ရန်မဖြစ်ရအောင် အသွားအလာ ဆင်ခြင်ရမယ် ထင်တယ်။ အချိန်မှန်မှန်နဲ့"




တစ်ဖက်က ကျန်းဟောက်အသံက အဆင်ပြေနေပုံမပေါက်ရက်နဲ့ကို တွေ့ဖို့ မလာခိုင်းတာဟာ ထယ်ရယ့်ကို အနည်းငယ်တော့ စိတ်ရှူပ်စေသည်။

ငြိမ်သက်နေတဲ့ ဖုန်းလိုင်းကြားမှာ ပြောစရာစကားရှာမတွေ့။

ဒီရက်ပိုင်း သေသေချာချာလေး အချိန်ပေးပြီး မတွေ့ဖြစ်လို့မှ စိတ်မကောင်းရတဲ့အထဲ ရုတ်တရက်ဆိုတာတွေက ဝင်လာပြန်ပြီ။

ဖုန်းထဲကနေ ခပ်ရေးရေးကြားနေရတဲ့ စကားများသံတွေကို ထယ်ရယ် နားစွင့်နေမိသလို ကျန်းဟောက်သည်လည်း ငြိမ်ကာ နားထောင်နေ၏။

အခြေအနေအရ ကျန်းဟောက်တစ်ယောက် စစချင်းမှာတင် ဘယ်အဆင့်ထိ စစ်ကြေငြာပစ်လိုက်သလဲ မသိရပါ။

စိတ်ထင်ရာလုပ်လွန်းလို့ အနည်းငယ်တော့ လန့်မိသည်။

ထယ်ရယ့် စိတ်ရှိတိုင်းဆို ကျန်းဟောက်အိမ်အထိ သေချာသွားတွေ့ပြီး ကူညီကာ ဖြောင်းဖြချင်ပေမဲ့ သက်သက်လွှတ်ထားလိုက်တာက ပိုပြီး မြန်မြန်ငြိမ်သက်မယ်လို့ ထင်ရသလို။

" တကယ် အဆင်ပြေရဲ့လား"

" ဟင့်အင်း"

ထယ်ရယ့်အပေါ် အများကြီး ပိုပြီး ပွင့်လင်းတာကိုတော့ ကျေနပ်သည်။
အဆင်ပြေရင် ပြေတယ်။ မပြေရင် မပြေဘူးဆိုတာက အရေးကြီးတဲ့ အပိုင်းတစ်ခုပဲ။

သက်ပြင်းချသံဖွဖွကို ထပ်ဆင့်ထပ်ဆင့်ကြားနေရပြီး စိတ်ကျေနပ်လောက်မယ့်အထိ ဖုန်းကိုင်ထားလိုက်သည်။

ငိုနေမလား စိုးရိမ်ပေမယ့် ကျန်းဟောက်လို စိတ်ဓာတ်နဲ့တော့ ဒီလိုပထမရက်မှာတင် ငိုမှာမဟုတ်။

Studio ထဲမှာလည်း အကုန် သိမ်းဆည်းနေကြပြီဆိုတော့ အသံလုံခန်းရဲ့ အပြင်ဘက်က ဆိုဖာမှာသာ ထိုင်ရင်း ကိုယ်တိုင်လည်း တွေးတောစရာတွေ ရှိလာ၏။

တစ်ခုမှ ချောချောမွေ့မွေ့မဖြစ်တာက ချစ်နေရင်တောင် ပေါင်းဖက်ရဖို့မဟုတ်တာကြောင့်ဆိုရင် ဘယ်လို ဖြေသိမ့်ရမလဲ။

တကယ်လို့များ.. တကယ်လို့များ ဒီနေရာက အဆုံးသတ်ဖြစ်လာရင် ဘယ်လိုများ ဆက်လုပ်ရပါ့မလဲ။

စိတ်ဓာတ်ကျခြင်းတွေဟာ နှစ်ဖက်လုံးထံကို သိသိသာသာရော မသိမသာပါ ထိခိုက်လာသည့်အချိန်ကို ရောက်ပြန်သည်။

" ဒီတစ်ခေါက်လေးပါပဲ။ ဒီတစ်ခေါက်လေးပဲ ကိုယ့်ကို ထပ်စောင့်ပေးနော် ထယ်ရယ်။"

ကျန်းဟောက်ရဲ့ မိဘတွေ သဘောတူရင် ဆူးခလုတ်ဆိုတာ ကာယကံရှင်နှစ်ယောက်ရဲ့ စိတ်က လွဲပြီး ရှိတော့မှာ မဟုတ်လို့..။

ဒီတစ်ခေါက်လေးပဲ ဆိုသည့် အာမခံချက်ကိုလည်း ထယ်ရယ့်အဖို့ ကျန်းဟောက်ကိုသာ ပုံအောပြီး ယုံစားထားရပါတော့မည်။

စောင့်ရမှာကိုတော့ မုန်းနေပြီပေမယ့်လည်း..။

ʚʚʚʚʚʚʚʚ    ☆    ɞɞɞɞɞɞɞɞ


a/n: ဇာတ်သိမ်းတော့မယ်ဆိုတာကိုပဲ အသိပေးထားပေမဲ့ ဘယ်လောက်မှာ ဇာတ်သိမ်းမယ်ဆိုတာကို မပြောရသေးသလို ပြောလည်း မပြောချင်ပါဘူး ㅠㅠ
အချိန်က ကျလာတော့လည်း ဟာကွက်တွေအများကြီးနဲ့ ရေးလာရင်းကို နောက်ထပ် နှစ်ပိုင်းသာ ကျန်ပါတော့တယ်။ ဒီအထိ ဂရုတစိုက်လိုက်ဖတ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင် ㅠㅠ

စိတ်မရှိရင် ဇာတ်လမ်းအစနဲ့ အဆုံးကြားထဲ အများကြီး ဖြစ်သွားခဲ့တဲ့အတွက် shady ရဲ့ julyz နဲ့ လိုက်ဖက်မယ့် သီချင်းလေးတွေ recommendations ပေးသွားနိုင်ပါတယ် ><🫶🏻

Continua a leggere

Ti piacerà anche

12.1K 1.2K 4
Can't the exes be back together.
12.4K 1.7K 51
Can I kiss your scars? Please?
2.9K 269 6
HyunLix Mini story ☁︎