လူသတ်ကောင်ဘယ်သူလဲ?(Realm - 26...

By Dancing_Breeze

49.9K 8.3K 412

Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu ... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48

Chapter - 33

645 135 1
By Dancing_Breeze

Unicode

၁၇၀၇။ ရုတ်တရက် အရမ်းတက်ကြွလာတယ်

နဉ်ရှု ဝမ်ကျယ့်ကိုကြည့်လိုက်မိသည်။ ဒီလူက ရုတ်တရက်ကြီး အရမ်းတက်ကြွလာတယ်၊ သူ့မှာ ရည်ရွယ်ချက်ကောင်းမရှိနိုင်ဘူး။

အရင်တုန်းက သူ့ကိုရှိမှန်းတောင်မသိရဘူး။ သူက အုပ်စုလိုက်သရုပ်ဆောင်ပဲ၊ ဇာတ်ကွက်နည်းနည်းပြီးတာနဲ့သေမယ့်လူမျိုး။ ဒါပေမယ့် အခုကျ သူ့တည်ရှိမှုက အားကောင်းလွန်းနေတယ်။

မည်သို့ဆိုစေ  နဉ်ရှု ဝမ်ကျယ့်အပေါ် ရန်လိုမှုနဲ့ဒေါသတို့မရှိဘဲမနေနိုင်ပေ။

အထဲမှာ ဘယ်သူရှိနေလဲသိရဖို့ သူမ သူ့အရေပြားကိုပင်ကို လှီးဖြတ်ချင်‌လာခဲ့ရသည်။

ဒါက ကျန်းကျားစန်ဆိုတဲ့ အတော်ထိတ်လန့်ဖွယ်အတွေးတစ်ခု နဉ်ရှုရလာသည်။ ဒါပေမယ့် ကျန်းကျားစန်က အန်ကယ် ဖယ်ရှားတာခံလိုက်ရပြီမဟုတ်ဘူးလား?

သူသာ အသက်ဆက်ရှင်နိုင်နေသေးတယ်ဆိုရင် သူမ စိတ်ရင်းနဲ့လေးစားမှုကိုဖော်ပြရမယ်။

နဉ်ရှုက သူ့ကိုစိုက်ကြည့်နေတာကို သတိထားမိသွားတဲ့ဝမ်ကျယ်က သူမဆီ နူးညံ့တဲ့အပြုံးတစ်ခုပို့လွှတ်လာ၏။ နဉ်ရှုတစ်ယောက် ရုတ်တရက် တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထလာတော့သည်။ သူမ ချက်ချင်းအကြည့်လွှဲကာ နံရံအခြေကိုစူးစိုက်ကြည့်နေလိုက်မိသည်။ အဲ့မှာပဲ လျိုမန်မန်ပျောက်နေတာကို သူမ သတိထားလိုက်မိ၏။

"သူဘယ်ရောက်သွားတာလဲ?"

နဉ်ရှု ၇၉၅ကို မမေးဘဲမနေနိုင်ခဲ့။

"ငါ အဖွားကြီးစိတ်ရူးပေါက်သွားတာကိုကြည့်နေလို့ သတိမထားလိုက်မိဘူး။"

၇၉၅ကပြောကာထရပ်သည်။

"ငါ မင်းနဲ့လိုက်ပြီး သူ့ကိုသွားရှာပေးမယ်။"

"ငါလည်းလိုက်မယ်။"

ဝမ်ကျယ်ကပြောသည်။

နဉ်ရှုက လက်နှိပ်ဓာတ်မီးယူကာ ဧည့်ခန်းအပြင်ဘက်ထွက်သွားသည်။ သူမတို့သုံးယောက် ခြံထဲမှာပတ်ရှာသည်။ ဓာတ်မီးရောင်ကျရောက်လာချိန်မှာ လျိုမန်မန်က ကလေးကစားစရာလှုပ်မြင်းပေါ်မှာထိုင်နေသည်။

လျိုမန်မန် သစ်သားမြင်းပေါ်ကနေပြုတ်ကျသွားမှာကိုကာကွယ်ဖို့ သူမကို ကြိုးတုပ်ထားသည်။ ကြိုးစတစ်ဖက်က သစ်ကိုင်းတစ်ကိုင်းကိုချည်ထားကာ ကျန်တစ်ဖက်ကိုတော့ သစ်သားမြင်းမှာတွဲချည်ထား၏။ ဒါက စက်သီးလိုမျိုးပင်။

သစ်သားမြင်းကလှုပ်နေပေမယ့် လျိုမန်မန် ပြုတ်မကျနိုင်ပါချေ။

လျိုမန်မန်က အောက်ပိုင်းမှာ ဘောင်းဘီဝတ်ဆင်ထားခြင်းမရှိ။ သူမပေါ် မီးရောင်ကျလာချိန်မှာ နှင်းလိုဖြူဖွေးတဲ့ခြေထောက်တွေဆီစီးကျလာတဲ့သွေးတွေကိုမြင်နေရသည်။

နဉ်ရှု မြန်နိုင်သမျှမြန်မြန်ပြေးသွားလိုက်ပေမယ့် လျိုမန်မန်က သေကာနီးပြီဖြစ်၏။

အန်ချပစ်လိုက်ချင်စိတ်ကို နဉ်ရှု မနည်းထိန်းလိုက်ရသည်။ ဒါ ရက်စက်လွန်းတယ်။

သစ်သားမြင်းက ကစားစရာမဟုတ်ဘဲ မိန်းမတွေအတွက် အင်မတိအင်မတန်ရက်စက်လွန်းတဲ့နှိပ်စက်ရေးကိရိယာဖြစ်၏။ မြင်းကုန်းနှီးပေါ်မှာ တစ်ပေရှည်ပြီး အချင်းတစ်လက်မရှိတဲ့သစ်သားတုတ်ချွန်တပ်ထားသည်။ အနှိပ်စက်ခံရတဲ့အမျိုးသမီးကို အဲ့ပေါ်မှာထိုင်ဖို့ဖိအားပေးသည်။ သစ်သားမြင်းလှုပ်တဲ့အခါ သစ်သားတုတ်ချွန်မာမာက အမျိုးသမီးရဲ့သားအိမ်၊ ဗိုက်နဲ့အတွင်းအင်္ဂါတွေကို တိုးဝင်ရိုက်နှက်သည်။

ဒါက ရှေးပဒေသရာဇ်ခေတ်မှာ ရာဂစိတ်ပြင်လွန်းတဲ့အမျိုးသမီးတွေကိုအပြစ်ပေးတဲ့နည်းလမ်းပင်။

နောက်ပြီး လျိုမန်မန်က ကိုယ်ဝန်ပင်ရှိနေသေးသည်။

"ဒါက ဒဏ်ခတ်တဲ့နည်းလမ်းပဲ။ သူတို့က လျိုမန်မန့်ကို အပြစ်သားတစ်ယောက်ကို အပြစ်ပေးနေကြတာ။"

၇၉၅က‌ဆိုသည်။

လျိုမန်မန်က အဓမ္မအကျင့်ခံရပြီး ကိုယ်ဝန်ပင်ရှိလာခဲ့တာ။ ဒါကြောင့် သူမကို သစ္စာမရှိတဲ့မိန်းမလို့သတ်မှတ်လိုက်ကြတာပဲ။

သူတို့က လျိုမန်မန့်ကိုအပြစ်ပေးရုံတင်မကဘူး၊ သူမကိုအဓမ္မကျင့်ခဲ့တဲ့အမျိုးသားကိုလည်း လွှနဲ့ဖြတ်ခဲ့ကြတယ်။

နဉ်ရှု သရော်လိုက်မိသည်။ ပုန်းကွယ်နေတဲ့သွေးအေးလူသတ်သမားက သူ့ကိုယ်သူ တရားမျှတမှုရဲ့တမန်တော်‌လို့ထင်နေသတဲ့။

"မြန်မြန်၊ သူ့ကိုအောက်ချပေး။"

နဉ်ရှုကပြောသည်။

၇၉၅က ကြိုးကိုဖြတ်လိုက်ပြီး ဝမ်ကျယ်က လျိုမန်မန့်ကို အောက်တွဲချပေးသည်။

"သူ အသက်ရှင်မှာမဟုတ်ဘူး။"

၇၉၅ကပြောသည်။

"သွေးထွက်နေတာ ရပ်လို့မရ‌ဘူး။"

အောက်ပိုင်းက ဒလဟောထွက်နေသည်။ ခဏလေးအတွင်းမှာပင် သွေးတွေကအိုင်ထွန်းလာသည်။

လျိုမန်မန့်မျက်နှာက ပြာနှမ်းလာ၏။ သူမက နဉ်ရှုရဲ့ဘောင်းဘီကိုဆုပ်ကိုင်ကာဆိုသည်။

"ကယ်ပါ..."

နဉ်ရှု စကားမဆိုမိ။ လျိုမန်မန့်လက်တွေမှာ အသက်နှစ်ချောင်းစွန်းပေ‌နေတယ်။

[T/N : လျိုမန်မန်က လူနှစ်ယောက်သတ်ထားတယ်လို့ပြောတာ။ မမှတ်မိရင်ရှေ့ပိုင်းတွေပြန်ဖတ်။]

လျိုမန်မန့်အသက်ရှူသံက ဖြည်းဖြည်းချင်းလွင့်ပြယ်သွား၏။ သူမရဲ့အောက်ပိုင်းက သွေးထွက်နေဆဲဖြစ်ကာ သွေးနံ့ဆိုးကိုထုတ်လွှတ်နေသည်။

"လူသတ်သမားတွေအများကြီးပဲ။"

နဉ်ရှုက ၇၉၅ကိုပြောသည်။

"သူ ဘယ်လိုလုပ် ခြံထဲရောက်လာတာလဲ? သူ အိမ်သာသွားချင်ရင် ငါတို့ကိုပြောမှာ။"

၇၉၅ကပြောသည်။

"လျို့ဝှက်လှမ်းကြောင်းဖြစ်လောက်တယ်။"

လူတွေ ခဏခဏသေနေတယ်။ လူသတ်သမားက တစ်ယောက်တည်းဆိုရင် ဘယ်သူက တစ်ချိန်တည်းနီးနီးမှာ ပြစ်မှုတွေကျူးလွန်နိုင်လောက်အောင်မြန်နိုင်မှာလဲ?

ပူးပေါင်းကြံစည်မှုပဲဖြစ်ရမယ်။

ဖန်ချန်းနဲ့လင်းရှတို့ရဲ့အလောင်းတွေပျောက်နေတယ်။ သူတို့က သူမတို့ကိုစောင့်ကြည့်ဖို့ အခုချိန် အနီးနားမှာပုန်းနေနိုင်တယ်။

၇၉၅က အလောင်းကို နှင်းထုထဲမြှုပ်လိုက်သည်။

"ပြန်သွားကြစို့။"

နဉ်ရှု ကြိုးကိုသိမ်းလိုက်သည်၊ ဒါက အသုံးဝင်လာနိုင်တဲ့ပစ္စည်းပဲ။

ဧည့်ခန်းထဲပြန်ရောက်ချိန်မှာ နဉ်ရှုက အန်ကယ့်ကို လျိုမန်မန့်အကြောင်းပြောပြသည်။ ပြီးနောက် သူမက ဘေးမှာရပ်ကာ နံရံကိုမှီထားလိုက်မိသည်။

သူ့ဆွဲကြိုးကိုရှာဖို့ အပေါ်ထပ်တက်သွားတဲ့ဖန့်ကျွင်းယန်တစ်ယောက် မျက်နှာသိပ်မကောင်းဘဲပြန်ဆင်းလာသည်။

သူ ဘာမှရှာမတွေ့တာသိသာလို့နေ၏။
...

Zawgyi

၁၇၀၇။ ႐ုတ္တရက္ အရမ္းတက္ႂကြလာတယ္

နဥ္ရႈ ဝမ္က်ယ့္ကိုၾကည့္လိုက္မိသည္။ ဒီလူက ႐ုတ္တရက္ႀကီး အရမ္းတက္ႂကြလာတယ္၊ သူ႔မွာ ရည္႐ြယ္ခ်က္ေကာင္းမရွိႏိုင္ဘူး။

အရင္တုန္းက သူ႔ကိုရွိမွန္းေတာင္မသိရဘူး။ သူက အုပ္စုလိုက္သ႐ုပ္ေဆာင္ပဲ၊ ဇာတ္ကြက္နည္းနည္းၿပီးတာနဲ႔ေသမယ့္လူမ်ိဳး။ ဒါေပမယ့္ အခုက် သူ႔တည္ရွိမႈက အားေကာင္းလြန္းေနတယ္။

မည္သို႔ဆိုေစ  နဥ္ရႈ ဝမ္က်ယ့္အေပၚ ရန္လိုမႈနဲ႔ေဒါသတို႔မရွိဘဲမေနႏိုင္ေပ။

အထဲမွာ ဘယ္သူရွိေနလဲသိရဖို႔ သူမ သူ႔အေရျပားကိုပင္ကို လွီးျဖတ္ခ်င္‌လာခဲ့ရသည္။

ဒါက က်န္းက်ားစန္ဆိုတဲ့ အေတာ္ထိတ္လန႔္ဖြယ္အေတြးတစ္ခု နဥ္ရႈရလာသည္။ ဒါေပမယ့္ က်န္းက်ားစန္က အန္ကယ္ ဖယ္ရွားတာခံလိုက္ရၿပီမဟုတ္ဘူးလား?

သူသာ အသက္ဆက္ရွင္ႏိုင္ေနေသးတယ္ဆိုရင္ သူမ စိတ္ရင္းနဲ႔ေလးစားမႈကိုေဖာ္ျပရမယ္။

နဥ္ရႈက သူ႔ကိုစိုက္ၾကည့္ေနတာကို သတိထားမိသြားတဲ့ဝမ္က်ယ္က သူမဆီ ႏူးညံ့တဲ့အၿပဳံးတစ္ခုပို႔လႊတ္လာ၏။ နဥ္ရႈတစ္ေယာက္ ႐ုတ္တရက္ တစ္ကိုယ္လုံးၾကက္သီးတျဖန္းျဖန္းထလာေတာ့သည္။ သူမ ခ်က္ခ်င္းအၾကည့္လႊဲကာ နံရံအေျခကိုစူးစိုက္ၾကည့္ေနလိုက္မိသည္။ အဲ့မွာပဲ လ်ိဳမန္မန္ေပ်ာက္ေနတာကို သူမ သတိထားလိုက္မိ၏။

"သူဘယ္ေရာက္သြားတာလဲ?"

နဥ္ရႈ ၇၉၅ကို မေမးဘဲမေနႏိုင္ခဲ့။

"ငါ အဖြားႀကီးစိတ္႐ူးေပါက္သြားတာကိုၾကည့္ေနလို႔ သတိမထားလိုက္မိဘူး။"

၇၉၅ကေျပာကာထရပ္သည္။

"ငါ မင္းနဲ႔လိုက္ၿပီး သူ႔ကိုသြားရွာေပးမယ္။"

"ငါလည္းလိုက္မယ္။"

ဝမ္က်ယ္ကေျပာသည္။

နဥ္ရႈက လက္ႏွိပ္ဓာတ္မီးယူကာ ဧည့္ခန္းအျပင္ဘက္ထြက္သြားသည္။ သူမတို႔သုံးေယာက္ ၿခံထဲမွာပတ္ရွာသည္။ ဓာတ္မီးေရာင္က်ေရာက္လာခ်ိန္မွာ လ်ိဳမန္မန္က ကေလးကစားစရာလႈပ္ျမင္းေပၚမွာထိုင္ေနသည္။

လ်ိဳမန္မန္ သစ္သားျမင္းေပၚကေနျပဳတ္က်သြားမွာကိုကာကြယ္ဖို႔ သူမကို ႀကိဳးတုပ္ထားသည္။ ႀကိဳးစတစ္ဖက္က သစ္ကိုင္းတစ္ကိုင္းကိုခ်ည္ထားကာ က်န္တစ္ဖက္ကိုေတာ့ သစ္သားျမင္းမွာတြဲခ်ည္ထား၏။ ဒါက စက္သီးလိုမ်ိဳးပင္။

သစ္သားျမင္းကလႈပ္ေနေပမယ့္ လ်ိဳမန္မန္ ျပဳတ္မက်ႏိုင္ပါေခ်။

လ်ိဳမန္မန္က ေအာက္ပိုင္းမွာ ေဘာင္းဘီဝတ္ဆင္ထားျခင္းမရွိ။ သူမေပၚ မီးေရာင္က်လာခ်ိန္မွာ ႏွင္းလိုျဖဴေဖြးတဲ့ေျခေထာက္ေတြဆီစီးက်လာတဲ့ေသြးေတြကိုျမင္ေနရသည္။

နဥ္ရႈ ျမန္ႏိုင္သမွ်ျမန္ျမန္ေျပးသြားလိုက္ေပမယ့္ လ်ိဳမန္မန္က ေသကာနီးၿပီျဖစ္၏။

အန္ခ်ပစ္လိုက္ခ်င္စိတ္ကို နဥ္ရႈ မနည္းထိန္းလိုက္ရသည္။ ဒါ ရက္စက္လြန္းတယ္။

သစ္သားျမင္းက ကစားစရာမဟုတ္ဘဲ မိန္းမေတြအတြက္ အင္မတိအင္မတန္ရက္စက္လြန္းတဲ့ႏွိပ္စက္ေရးကိရိယာျဖစ္၏။ ျမင္းကုန္းႏွီးေပၚမွာ တစ္ေပရွည္ၿပီး အခ်င္းတစ္လက္မရွိတဲ့သစ္သားတုတ္ခြၽန္တပ္ထားသည္။ အႏွိပ္စက္ခံရတဲ့အမ်ိဳးသမီးကို အဲ့ေပၚမွာထိုင္ဖို႔ဖိအားေပးသည္။ သစ္သားျမင္းလႈပ္တဲ့အခါ သစ္သားတုတ္ခြၽန္မာမာက အမ်ိဳးသမီးရဲ႕သားအိမ္၊ ဗိုက္နဲ႔အတြင္းအဂၤါေတြကို တိုးဝင္႐ိုက္ႏွက္သည္။

ဒါက ေရွးပေဒသရာဇ္ေခတ္မွာ ရာဂစိတ္ျပင္လြန္းတဲ့အမ်ိဳးသမီးေတြကိုအျပစ္ေပးတဲ့နည္းလမ္းပင္။

ေနာက္ၿပီး လ်ိဳမန္မန္က ကိုယ္ဝန္ပင္ရွိေနေသးသည္။

"ဒါက ဒဏ္ခတ္တဲ့နည္းလမ္းပဲ။ သူတို႔က လ်ိဳမန္မန႔္ကို အျပစ္သားတစ္ေယာက္ကို အျပစ္ေပးေနၾကတာ။"

၇၉၅က‌ဆိုသည္။

လ်ိဳမန္မန္က အဓမၼအက်င့္ခံရၿပီး ကိုယ္ဝန္ပင္ရွိလာခဲ့တာ။ ဒါေၾကာင့္ သူမကို သစၥာမရွိတဲ့မိန္းမလို႔သတ္မွတ္လိုက္ၾကတာပဲ။

သူတို႔က လ်ိဳမန္မန႔္ကိုအျပစ္ေပး႐ုံတင္မကဘူး၊ သူမကိုအဓမၼက်င့္ခဲ့တဲ့အမ်ိဳးသားကိုလည္း လႊနဲ႔ျဖတ္ခဲ့ၾကတယ္။

နဥ္ရႈ သေရာ္လိုက္မိသည္။ ပုန္းကြယ္ေနတဲ့ေသြးေအးလူသတ္သမားက သူ႔ကိုယ္သူ တရားမွ်တမႈရဲ႕တမန္ေတာ္‌လို႔ထင္ေနသတဲ့။

"ျမန္ျမန္၊ သူ႔ကိုေအာက္ခ်ေပး။"

နဥ္ရႈကေျပာသည္။

၇၉၅က ႀကိဳးကိုျဖတ္လိုက္ၿပီး ဝမ္က်ယ္က လ်ိဳမန္မန႔္ကို ေအာက္တြဲခ်ေပးသည္။

"သူ အသက္ရွင္မွာမဟုတ္ဘူး။"

၇၉၅ကေျပာသည္။

"ေသြးထြက္ေနတာ ရပ္လို႔မရ‌ဘူး။"

ေအာက္ပိုင္းက ဒလေဟာထြက္ေနသည္။ ခဏေလးအတြင္းမွာပင္ ေသြးေတြကအိုင္ထြန္းလာသည္။

လ်ိဳမန္မန႔္မ်က္ႏွာက ျပာႏွမ္းလာ၏။ သူမက နဥ္ရႈရဲ႕ေဘာင္းဘီကိုဆုပ္ကိုင္ကာဆိုသည္။

"ကယ္ပါ..."

နဥ္ရႈ စကားမဆိုမိ။ လ်ိဳမန္မန႔္လက္ေတြမွာ အသက္ႏွစ္ေခ်ာင္းစြန္းေပ‌ေနတယ္။

[T/N : လ်ိဳမန္မန္က လူႏွစ္ေယာက္သတ္ထားတယ္လို႔ေျပာတာ။ မမွတ္မိရင္ေရွ႕ပိုင္းေတြျပန္ဖတ္။]

လ်ိဳမန္မန႔္အသက္ရွဴသံက ျဖည္းျဖည္းခ်င္းလြင့္ျပယ္သြား၏။ သူမရဲ႕ေအာက္ပိုင္းက ေသြးထြက္ေနဆဲျဖစ္ကာ ေသြးနံ႔ဆိုးကိုထုတ္လႊတ္ေနသည္။

"လူသတ္သမားေတြအမ်ားႀကီးပဲ။"

နဥ္ရႈက ၇၉၅ကိုေျပာသည္။

"သူ ဘယ္လိုလုပ္ ၿခံထဲေရာက္လာတာလဲ? သူ အိမ္သာသြားခ်င္ရင္ ငါတို႔ကိုေျပာမွာ။"

၇၉၅ကေျပာသည္။

"လ်ိဳ႕ဝွက္လွမ္းေၾကာင္းျဖစ္ေလာက္တယ္။"

လူေတြ ခဏခဏေသေနတယ္။ လူသတ္သမားက တစ္ေယာက္တည္းဆိုရင္ ဘယ္သူက တစ္ခ်ိန္တည္းနီးနီးမွာ ျပစ္မႈေတြက်ဴးလြန္ႏိုင္ေလာက္ေအာင္ျမန္ႏိုင္မွာလဲ?

ပူးေပါင္းႀကံစည္မႈပဲျဖစ္ရမယ္။

ဖန္ခ်န္းနဲ႔လင္းရွတို႔ရဲ႕အေလာင္းေတြေပ်ာက္ေနတယ္။ သူတို႔က သူမတို႔ကိုေစာင့္ၾကည့္ဖို႔ အခုခ်ိန္ အနီးနားမွာပုန္းေနႏိုင္တယ္။

၇၉၅က အေလာင္းကို ႏွင္းထုထဲျမႇဳပ္လိုက္သည္။

"ျပန္သြားၾကစို႔။"

နဥ္ရႈ ႀကိဳးကိုသိမ္းလိုက္သည္၊ ဒါက အသုံးဝင္လာႏိုင္တဲ့ပစၥည္းပဲ။

ဧည့္ခန္းထဲျပန္ေရာက္ခ်ိန္မွာ နဥ္ရႈက အန္ကယ့္ကို လ်ိဳမန္မန႔္အေၾကာင္းေျပာျပသည္။ ၿပီးေနာက္ သူမက ေဘးမွာရပ္ကာ နံရံကိုမွီထားလိုက္မိသည္။

သူ႔ဆြဲႀကိဳးကိုရွာဖို႔ အေပၚထပ္တက္သြားတဲ့ဖန႔္ကြၽင္းယန္တစ္ေယာက္ မ်က္ႏွာသိပ္မေကာင္းဘဲျပန္ဆင္းလာသည္။

သူ ဘာမွရွာမေတြ႕တာသိသာလို႔ေန၏။
...

Continue Reading

You'll Also Like

1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
Twenty Six Revenge By Grey

Mystery / Thriller

434K 29.2K 49
Khoon Thant Shein Wah+Sunshine SiThu
146K 26.7K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
514K 84.8K 128
The story is not mine. It's just a translation. All credit goes to the original author.