Ch 26
ကျန်းဟွေ့ အလှဆင်ပုံကြမ်းကို ကြည့်ပြီးတဲ့အခါမှာ ဒီဇိုင်းများက သူမရဲ့ လိုအပ်ချက်နဲ့အညီ လုပ်ဆောင်ရုံသာမက အသေးစိတ်အချက်များကိုပါ တွေ့ခဲ့ရသည်။ ဒီဇိုင်းရေးဆွဲပုံများသည် အစစ်အမှန်ကဲ့သို့ပင် ပြီးပြည့်စုံလှသည်။
ကျန်းဟွေ့က ရဲ့ရှောင်ယွီကို အံ့အားသင့်စွာ ကြည့်ရင်း "အစ်ကိုရဲ့ ဒီဇိုင်းနာက အရမ်းတော်တာဘဲ။ သူက ဘယ်သူလဲ?"
ရဲ့ရှောင်ယွီက ပြုံးပြုံးလေးနဲ့ " သူက တစ်ချိန်တုန်းက နိုင်ငံခြားသွားခဲ့တဲ့ ပါမောက္ခ လိန်ဝမ်ယွမ် ဖြစ်တယ်။ နိုင်ငံခြားမှာ ကျောင်းတက်ပြီးတာနဲ့ ခရိုင်မြို့တော်က တက္ကသိုလ်မှာ ဗိသုကာ ပါမောက္ခ ဖြစ်ခဲ့ပြီး အခု မြို့တော်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ ဒီဇိုင်းနာ အဖြစ် လုပ်နေတာ။"
"အင်ဂျင်နီယာ ဒီဇိုင်း၊ အိမ်တွင်း ဒီဇိုင်း၊ ဥယျာဉ် ဒီဇိုင်းဘဲ ဖြစ်ဖြစ် မစ္စတာလိန်က အရမ်းကျွမ်းကျင်ပြီး သူ့ကို ဗိသုကာပညာရှင်လို့ ခေါ်ကြတယ်။"
ကျန်းဟွေ့က စိတ်ဝင်တစားနဲ့ မေးပြန်သည်။ "ဒီလောက်တော်တဲ့လူ ဘာလို့ Jiang Cheng မှာ ဆက်နေနေသေးတာလဲ။ ခရိုင်မြို့တော် ဒါမှမဟုတ် ယူနစ်ကြီးတစ်ခုက သူ့ကို အလုအယက်မခေါ်ကြဘူးလား။"
ရဲ့ရှောင်ယွီက သက်ပြင်းချရင်း "သူက အစက ပြည်နယ်မြို့တော် တက္ကသိုလ်တစ်ခုမှာ ပါမောက္ခဖြစ်ခဲ့ပေမဲ့ ဖရိုဖရဲဖြစ်တဲ့နှစ်တွေမှာ မစ္စတာလိန်က နာကျင်မှုတွေကို ခံစားရပြီး နှစ်ပေါင်းများစွာ အဝေးပို့ခံခဲ့ရတယ်။"
"ပြန်လည်ထူထောင်ပြီးတဲ့နောက်မှာ မစ္စတာလိန်က သူရဲ့မွေးရပ်မြေ Jiang Cheng မှာ အလုပ်လုပ်သွားလုပ်ပြီး သက်ကြီးရွယ်အိုးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ တောင်းဆိုခဲ့တယ်။ အဲ့ဒါကြောင့် ကျန်ရှိနေတဲ့ အချိန်မှာ သူ့နှလုံးသားအတိုင်း မြို့တော်ဆောက်လုပ်ရေးကုမ္ပဏီမှာ ဆက်နေနေတာ။"
ကျန်းဟွေ့က အသက်ရှုကြပ်သွားသလို ခံစားရပြီး "ဒါကြောင့် သူ့မွေးရပ်မြေမှာ နေချင်နေတာ အံ့ဩစရာတော့ မရှိပါဘူး။"
ကျန်းဟွေ့က ဆောက်လုပ်ရေးလုပ်ငန်းက ဆရာသခင် လိန်ဝမ်ယွမ်ကို သိသည်။ အနာဂတ်တွင်လည်း သူနဲ့ ပူးပေါင်းဆောင်ရွက်ချင်သည်။
ဒီဇိုင်းရေးဆွဲရာမှာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ရဲ့ရှောင်ယွီက နောက်နေ့တွင် စတင်လုပ်ဆောင်မည့်သူကို ရှာဖွေပြီး ရေးဆွဲထားတဲ့ ပရောဂျက်တစ်ခုလုံးကို တစ်လအတွင်း အပြီးသတ်ရန် မျှော်လင့်ထားသည်။
သူမ လက်ထဲရှိ ပိုက်ဆံတွေနဲ့အတူ ကျန်းဟွေ့က ရဲ့ရှောင်ယွီကို အကြွေးတင်နေတဲ့ ယွမ် 3000 နဲ့ အိမ်ဝယ်တဲ့ ယွမ် 15,000 ကို ပြန်ပေးခဲ့သည်။
သူမ ကိုယ်တိုင်က ရဲ့ရှောင်ယွီကို ပေးခဲ့တဲ့ ယွမ် 15,000 နဲ့ ထပ်ပေးခဲ့တဲ့ ယွမ် 3000 ကို ဟိုက်ပါမားကတ်ရဲ့ ကနေဦးအရင်းအနှီးအဖြစ် မှတ်ယူခဲ့သည်။
ရဲ့ရှောင်ယွီကို ပစ္စည်းတွေ ဝယ်ဖို့နဲ့ အလှဆင်ဖို့ ငွေအားလုံးပေးခဲ့ပြီး မလောက်ရင် သူမကို ပြောဖို့ မှာခဲ့သည်။
ဒါတွေအကုန် လုပ်ပြီးတော့ ကျန်းဟွေ့ လက်ထဲမှာ ငွေသား ယွမ် 120,000 ဘဲ ကျန်တော့သည်။
ဒုတိယနေ့ကစပြီး ရဲ့ရှောင်ယွီက Kitchen God Gourmet Store မှာ အလုပ်မလုပ်တော့ဘဲ Jiang Cheng က ဟိုက်ပါမားကတ်ရဲ့ အလှဆင်ခြင်းတွင် မြှုပ်နှံခဲ့သည်။
ဒါပေမဲ့ အလုပ်လုပ်ပြီးတဲ့ ညတိုင်း Kitchen God Gourmet Store ကို လာပြီး ပရောဂျက်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကျန်းဟွေ့ကို ပြောပြခဲ့သည်။
ရဲ့ရှောင်ယွီ ခေါ်ခဲ့တဲ့ အငြိမ်းစားအင်ဂျင်နီယာများက ထူးချွန်တဲ့စွမ်းရည် ရှိရုံသာမက သူတို့က အလွန်ထိရောက်စွာ လုပ်ဆောင်ခဲ့ပြီး ပရောဂျက်က အလွန်ချောမွေ့သွားခဲ့သည်။
အရင်ရက်အနည်းငယ် ပရောဂျက်ရဲ့ တိုးတက်မှုကို အကဲဖြတ်ကြည့်ရာ ရဲ့ရှောင်ယွီက မူလမျှော်လင့်ထားတာထက် ရက် 20 စောပြီးမည်ဟု ခန့်မှန်းခဲ့သည်။
သူရဲ့ အစီအရင်ခံစာကို နားထောင်ပြီးနောက် ကျန်းဟွေ့က ဝမ်းသာအားရနဲ့ "ညီမတို့ရဲ့ အချိန်ဇယားအတိုင်း သူတို့ တကယ် ပြီးအောင်လုပ်နိုင်ရင် ဆုအနေနဲ့ ဘောနပ်စ် ပေးရမယ်။"
ရဲ့ရှောင်ယွီကလည်း ပြုံးပြီး "သူတို့က အရမ်းကြိုးစားတယ်။ တခါတလေကျရင် သူတို့ကို ပိုအနားယူခိုင်းပေမဲ့ ဆန္ဒမရှိကျဘူး။ အချိန်မီပြီးရင် ဆုချသင့်တယ်။"
ကျန်းဟွေ့က ရဲ့ရှောင်ယွီကို သူမရဲ့ အနာဂတ်အစီအစဉ် ပြောပြခဲ့ပြီး ဒီဟိုက်ပါမားကတ်ကို 3 နှစ်သာ ဖွင့်ရန် စီစဉ်ထားသည်။
3 နှစ်ကြာတဲ့အခါ အဲ့နေရာကို ဖြိုချပြီး အနောက်က မြေကွက်ပါ အပါအဝင် ကြီးမားတဲ့ ဈေးဝယ်ပလာဇာကို ပြန်လည်တည်ဆောက်မည် ဖြစ်သည်။
ကျန်းဟွေ့က ရဲ့ရှောင်ယွီကို အဆောက်အအုံ အဟောင်းများနဲ့ ဟိုက်ပါမားကတ် ဘေးက မြေနေရာကို အာရုံစိုက်ခိုင်းခဲ့သည်။
ဒီ 3 နှစ်အတွင်း ရောင်းချင်တဲ့သူရှိရင် မြန်မြန် ဝယ်သင့်သည်။
ရဲ့ရှောင်ယွီက ကျန်းဟွေ့ ညွှန်ကြားချက်များကို စိတ်ထဲကနေ မှတ်ပြီး "ကောင်းပြီ အစ်ကို အာရုံစိုက်လိုက်မယ်။"
ကြာသပတေးနေ့တွင် ပိုင်ရှင်နဲ့ သူမရဲ့ခင်ပွန်းသည်တို့က ကားဖြင့် Jiang Cheng သို့ မောင်းလာခဲ့ပြီး နာရီလက်ကားရောင်းချရန်အတွက် ကျန်းဟွေ့ကို ရှာခဲ့သည်။
ကျန်းဟွေ့ကို တွေ့ပြီးချင်းမှာဘဲ စိတ်လှုပ်ရှားစွာနဲ့ "ညီမအားဟွေ့ ညီမရဲ့ ပစ္စည်းတွေက ရောင်းရတာ အရမ်းလွယ်တယ်။ မနေ့က အစ်မဝယ်ထားတဲ့ ပစ္စည်းတွေ အကုန် ကုန်သွားပြီး အရင်ရက်အနည်းငယ်က ပိုက်ဆံအများကြီး ရခဲ့တယ်။ ပိုက်ဆံက အစ်မ နှစ်လ သုံးလ ရှာတာထက် ပိုများတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။"
ကျန်းဟွေ့က "လောင်ပန်နျောင် အစ်မက စီးပွားရေး လုပ်နည်းကို သိပြီး နေရာကောင်းရှိတယ်။ မချမ်းသာဘဲ မနေပါဘူး။"
(လောင်ပန်နျောင်= Lady Boss)
ပိုင်ရှင်ဖြစ်သူက ဝမ်းသာအားရ ရယ်မောပြီး "ညီမလေးက စကားအရမ်းတတ်တာဘဲ။ ကြားရတာ ဝမ်းသာပါတယ်။" လို့ ပြန်ပြောသည်။
နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောပြီး "ညီမ ဒီလိုစကားမပြောပါနဲ့။ ဒီတစ်ခေါက်တော့ အီလက်ထရွန်းနစ် နာရီအလုံး 5000 နဲ့ quartz နာရီအလုံး 2000 ယူမယ်။ ပိုက်ဆံလည်း တခါထဲ ယူလာခဲ့တယ်။"
ဇနီးမောင်နှံနှစ်ဦးက ကားပေါ်တွင် ပိုက်ဆံပါသဖြင့် ကားဓားပြတိုက်ခံရမှာ ကြောက်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ရောက်လာခဲ့သည်။
ဘေးကင်းစေရန်အတွက် သူတို့စုံတွဲက တမင်တကာ မြွေသားရေအိတ်နှစ်ခုတွင် ပိုက်ဆံများ ထည့်ခဲ့သည်။ ငွေထောင်ပေါင်းများစွာကို သူတို့နှစ်ဦးနဲ့အတူ ယူလာခဲ့မှန်း ဘယ်သူမှ မှန်းဆနိုင်မည် မဟုတ်ပေ။
ဒီတစ်ချိန်မှာတော့ သူတို့စုံတွဲက ကုန်ပစ္စည်း ယွမ် 190,000 နီးပါးကို မှာယူခဲ့သည်။
ကျန်းဟွေ့က အရမ်းပျော်နေပြီး သူတို့ကို လျှပ်စစ်ပန်ကာ လက်ဆောင်ပေးလိုက်သည်။
ပိုင်ရှင်က စတိုင်လ်ကျပြီး လှပတဲ့ လျှပ်စစ်ပန်ကာ မြင်တဲ့အခါ သူမ တဖန် စိတ်လှုပ်ရှားလာပြန်သည်။
ဒီလျှပ်စစ်ပန်ကာက အခုဈေးကွက်တွင် အလိုအပ်ဆုံးဖြစ်သည်။ လက်လီဘဲရရ လက်ကားဘဲရရ ငွေရှာလို့ ရသည်။
အခု ပိုက်ဆံအားလုံးကို လက်ပတ်နာရီပေါ်တွင် သုံးခဲ့ပြီး ကုန်ပစ္စည်း ပြန်လည်ရောင်းချကာ ငွေရပြီးမှ လျှပ်စစ်ပန်ကာကို လက်ကားဝယ်ရန် စောင့်ဆိုင်းခဲ့သည်။
စွန်းကုန်းဖေးသည်လည်းဘဲ ကုန်ပစ္စည်းများကို ပြန်လည် ဖြည့်တင်းရန် လာခဲ့သည်။ ဒီတစ်ခေါက်တော့ ယွမ် 10,000 တန် ပစ္စည်းကိုပါ ယူသွားပြီး သူလည်း ရောင်းကောင်းနေပုံရသည်။
ကျန်းဟွေ့က ရုတ်တရက် သူမလက်ထဲတွင် နောက်ထပ် ယွမ် 200,000 နဲ့အတူ အရင်က ယွမ် 120,000 အပါအဝင် သူမမှာ ငွေသား ယွမ် 320,000 ကျော်ရှိသည်။
ခရိုင်မြို့တော်ရှိ အဆောက်အအုံကို ဝယ်ဖို့ ပိုက်ဆံရှိနေပြီ။
(အရင် သူမ နာရီသွားရောင်းရင် တွေ့ပြီး ဝယ်ချင်ခဲ့တဲ့ အဆောက်အအုံ)
မျက်စိတစ်မှတ်အတွင်းမှာဘဲ ပိတ်ရက်ရောက်လာပြန်သည်။
ကျန်းဟွေ့က လက်ထဲတွင် ပိုက်ဆံရှိသဖြင့် အိမ်ဝယ်ရန် စိတ်အားထက်သန်နေသည်။ တနင်္ဂနွေနေ့ နံနက်စောစောတွင် သူမက ကျန်းလုံနဲ့ ကျန်းဖုန်းကို သူမနဲ့အတူ ခေါ်ဆောင်ကာ ပြည်နယ်မြို့တော်သို့ ထွက်လာခဲ့သည်။
ပြည်နယ်မြို့တော်သို့ ရောက်တဲ့အခါ ကျန်းဟွေ့က အဆောက်အအုံပိုင်ရှင်ဆီ တိုက်ရိုက်သွားခဲ့သည်။
ဒီတစ်ပတ်မှာ အဆောက်အအုံ ဝယ်သွားမှာကို သူမ ကြောက်နေခဲ့ရသည်။
အဆောက်အအုံ တံခါးဝသို့ ရောက်တဲ့အခါ အဆောက်အအုံ အပြင်ဘက်တွင် ရောင်းရန် စက္ကူနီ ကပ်ထားသည်ကို မြင်တဲ့အခါ သက်ပြင်းချလိုက်သည်။
နာမည်သိတဲ့အတွက် ကျန်းဟွေ့က အပေါ်ထပ်ကို အော်ပြောခဲ့သည်။ "မစ္စတာကျိန်း မစ္စတာကျိန်း မစ္စတာကျိန်း ရှိလား။"မစ္စတာကျိန်း မစ္စတာကျိန်း ရှိလား။"
ပဉ္စမထပ်ရှိ ပြတင်းပေါက်မှ ခေါင်းထွက်လာကာ အောက်ငုံ့ကြည်ရင်း "ဘယ်သူရှာတာလဲ ဟေ့? ဟမ်?"
ကျန်းဟွေ့က သူ့ကို လက်ဝှေ့ယမ်းပြပြီး "မစ္စတာကျိန်း ကျွန်မကို မှတ်မိလား။"
ကျန်းဟွေ့က လှပတဲ့အတွက် သဘာဝအတိုင်း မစ္စတာကျိန်းက မှတ်မိသည်။ "အိုး မင်းဘဲ ခဏစောင့်။"
ခဏကြာတော့ မစ္စတာကျိန်း အောက်ရောက်လာသည်။
သူက ကျန်းဟွေ့ကို ကြည့်ပြီး "ကောင်မလေး ငါကို ဘာလုပ်ဖို့ ခေါ်တာလဲ။" လို့ မေးသည်။
ကျန်းဟွေ့က ပြုံးပြီး "မစ္စတာကျိန်း ဒီလိုပါ။ ကျွန်မ အိမ်ပြန်ရောက် ကျွန်မ မိသားစုကို ပြောပြတော့ တစ်ယောက်ယောက်နဲ့ အတူလွှတ်လိုက်တယ်။ အိမ်ဝယ်မယ့်အကြောင်း ဆွေးနွေးချင်လို့ပါ။ အထဲဝင်ပြီး ပြောကြမလား။"
မစ္စတာကျိန်းက ကျန်းဟွေ့နောက် ကျန်းလုံနဲ့ ကျန်းဖုန်းကို ကြည့်လိုက်သည်။ သာမန်လူတွေဘဲ!
မစ္စတာကျိန်းက သူတို့ကို အနည်းငယ် ကြောက်ရွံ့သလို ခံစားရသော်လည်း သူတို့ကို ခေါ်ဆောင်ကာ အါပ်ေထပ်နဲ့ အောက်ထပ်ကို လှည့်ပတ် ကြည့်ရှုစေသည်။
ကျန်းဟွေ့နဲ့ တခြားသူတွေက အဆောက်အအုံကို လှည့်ပတ်ကြည့်ရှုပြီးနောက် မစ္စတာကျိန်းက တိုက်ရိုက်မေးမြန်းခဲ့သည်။ "ညီမလေး ဒီအဆောက်အအုံကို ဘယ်လိုထင်လဲ။ ငါ့အဆောက်အအုံက ဆောက်ထားတာ နှစ်အနည်းငယ်လောက် ရှိပြီ။ ပထမထပ်နဲ့ ဒုတိယထပ်က စီးပွားရေးအတွက် သိမ်းထားတယ်။ ငါတို့မိသားစုက သုံးထပ်မှာ နေပြီး လေးထပ်နဲ့ ငါးထပ်ကို ငှားရမ်းခဲ့ပြီး ပိုက်ဆံအနည်းငယ် ရတယ်။"
ကျန်းဟွေ့က "မစ္စတာကျိန်းရဲ့ အဆောက်အအုံက အရမ်းကောင်းတယ်။ ဒါပေမဲ့ အရင်က ပြောခဲ့တဲ့ ဈေးနှုန်းက အရမ်းမြင့်တယ်။ ဈေးနည်းနည်းလျှော့ပေး စေချင်တယ်။ ပိုင်ဆိုင်မှု စာချုပ်လွှဲပြီးတာနဲ့ ပိုက်ဆံချေမှာပါ။"
အခုအပတ်အတွင်း အိမ်သို့ လာရောက်ကြည့်ရှုသူ အနည်းငယ် ရှိသော်လည်း ဘယ်သူမှ မဝယ်ချင်ကြပေ။ ဖိအားများလွန်းသဖြင့် ဈေးလျှော့လိုက်ရာ အမြင်ဆုံးဈေးမှာ ယွမ် 200,000 သာ ဖြစ်သည်။
ဒီအဆောက်အအုံ မရောင်းနိုင်တဲ့အတွက် မစ္စတာကျိန်းက နည်းနည်း ပင်ပန်းနေသည်။
သူက ကျန်းဟွေ့ကို "ညီမ ဘယ်လောက်ပေးချင်သလဲ။" လို့ မေးသည်။
ကျန်းဟွေ့က သူလေလံဆွဲရန် ဆန္ဒမရှိသည်ကို မြင်လိုက်ရသောကြောင့် အပြုံးဖြင့် ဈေးနှုန်း "ယွမ် 200,000" ဖြင့် ကမ်းလှမ်းခဲ့သည်။
မစ္စတာကျန်းက ဈေးနှုန်းကို ကြားသည်နှင့် "ဒီဈေးက အရမ်းနည်းတယ်။ ဒါဆို စကားပြောစရာ မလိုတော့ဘူး။ တခြားဈေးပြောပါ။"
ကျန်းဟွေ့က "မစ္စတာကျိန်း အရန်ဈေးနှုန်း တစ်ခုပြောပါ။ အဲ့ဒါ အဆင်ပြေတယ်ဆိုရင် သဘောတူညီမှု ယူလို့ရပြီ။"
မစ္စတာကျန်းက ဆက်ပြောဖို့ စိတ်မဝင်စားတော့ဘဲ "အနည်းဆုံး ယွမ် 250,000 ဘဲ ဒီထက်နည်းရင် မရောင်းဘူး။" လို့ တိုက်ရိုက်ပြောသည်။
ကျန်းဟွေ့က သူနဲ့ ထပ်ပြီး ညှိနှိုင်းဖို့ ကြိုးစားသည်။ "ယွမ် 230,000 ဆို ဝယ်ပါမယ်။"
ကျန်းဟွေ့ရဲ့ ပြန်ကမ်းလှမ်းမှုကို မြင်တဲ့အခါ သူက ပို၍ပင် ငြင်းဆိုခဲ့သည်။ "မဟုတ်ဘူး ငါ အကြွေစေ့တစ်ပြားတောင် မဆုံးရှုံးချင်ဘူး။"
ကျန်းဟွေ့တွင် ကြီးမားတဲ့ ရတနာရှိနေသဖြင့် သူနဲ့ ဈေးမညှိဘဲ "ကောင်းပြီ ယွမ် 250,000 က ယွမ် 250,000 ဘဲ။ မစ္စတာကျိန်း စာရွက်စာတမ်းနဲ့အတူ လွှဲပြောင်းပြီး တခါတည်း တိုက်ရိုက် ငွေပေးမယ်။"
မစ္စတာကျိန်းက ကျန်းဟွေ့ကို ထိတ်လန့်စွာ ကြည့်ပြီး "ညီမ တကယ်ဝယ်မှာလား။"
ကျန်းဟွေ့က ခေါင်းညိတ်ပြီး ကျောပိုးအိတ်ယူပြီး သူ့ကို ဇစ်ဖွင့်ပြခဲ့သည်။
မစ္စတာကျိန်းက ပိုက်ဆံအပြည့်ရှိနေတာကို မြင်တော့ စိတ်သက်သာရာရသွားသည်။
သူ့မျက်နှာက ပြန်ပြုံးလာပြီး "ကောင်းပြီ စာရွက်စာတမ်း ယူဖို့ အပေါ်တက်လိုက်အုံးမယ် ခဏစောင့်။"
မကြာခင်မှာဘဲ မစ္စတာကျိန်းက ဖိုင်အိတ်တစ်ခုနဲ့ ဆင်းလာခဲ့သည်။
သူက ကျန်းဟွေ့ကို မြေယာသက်သေခံ လက်မှတ်နဲ့ အိမ်ခြံမြေသက်သေခံ လက်မှတ်ကို ပြခဲ့ပြီး လွှဲပြောင်းမှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် ကျန်းဟွေ့နဲ့အတူ အိမ်ခြံမြေဗျူရိုဆီ သွားခဲ့သည်။
မစ္စတာကျိန်းက အိမ်ခြံမြေဗျူရိုတွင် အသိမိတ်ဆွေ တစ်ယောက် ရှိသည်။ ကျန်းဟွေ့နဲ့ သူမအဖွဲ့ကို အဲ့ဒီကို ခေါ်သွားကာ အသိမိတ်ဆွေကို အရင်သွားရှာပြီးနောက် အပြောင်းအရွှေ့ လုပ်ထုံးလုပ်နည်းတွေကို ကူညီရန် တောင်းဆိုခဲ့သည်။
ကျန်းဟွေ့က ကြည့်ပြီး စာချုပ်တွင် နှစ်ဖက်စလုံးရဲ့ တာဝန်နဲ့ သဘောတူထားသည့် ငွေပေးချေမှု နည်းလမ်း၊ ပေးချိန် စသဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ နောက်ပိုင်းမျိုးဆက်များရဲ့ အိမ်အရောင်းစာချုပ်ရဲ့ စာမျက်နှာပေါင်းများစွာနဲ့ နှိုင်းယှဉ်ပါက ပိုမိုရိုးရှင်းသည်။
လက်မှတ်ရေးထိုးပြီးတော့ မစ္စတာကျိန်းရဲ့ အသိမိတ်ဆွေက သူတို့ကို လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အတိုင်း လုပ်ဆောင်စေသည်။
ကျန်းဟွေ့က အဆောက်အအုံရဲ့ မြေယာလက်မှတ်နဲ့ အိမ်ခြံမြေလကမှတ်ကို ရတဲ့အခါ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
အရင်ဘဝက အိမ်ခြံမြေ အမြောက်အမြား ပိုင်ဆိုင်ထားသော်လည်း ဒီအဆောက်အအုံက သူမ ပြန်လည်မွေးဖွားလာပြီးနောက် ပြည်နယ်မြို့တော်တွင် သူမရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခြေလှမ်းအသစ်ဖြစ်သည်။
ကျန်းဟွေ့က မစ္စတာကျိန်းရဲ့ အသိမိတ်ဆွေ ရှေ့မှာတင် မစ္စတာကျိန်းကို ငွေသား ယွမ် 250,000 ပေးခဲ့သည်။
သူမက မစ္စတာကျိန်းအတွက် တွေးတောစဉ်းစားကာ "မစ္စတာကျိန်း ဦးလေးမှာ ပိုက်ဆံအများကြီး ရှိနေပြီ။ ဘဏ်မှာ ပိုက်ဆံတွေကို ပေးဖို့ ကျွန်မ လိုက်ခဲ့ပေးလို့ရတယ်။"
မစ္စတာကျိန်းက သူ့လက်ထဲမှာ ပိုက်ဆံအများကြီး ကိုင်ထားရင် ဘေးကင်းမှာ မဟုတ်ဘူးဆိုတာကို သိပြီး စိုးရိမ်နေခဲ့သည်။
ကျန်းဟွေ့ ပြောတာကြားတော့ သူမတို့ သုံးယောက်ကို ကြည့်ကာ လုံခြုံသွားသလို ခံစားရပြီး ချက်ချင်း ခေါင်းညိတ်ကာ ပြုံးပြီး "ဒါဆို ညီမကို ဒုက္ခပေးရတော့မယ်။"
ကျန်းဟွေ့တို့ သုံးယောက်က မစ္စတာကျိန်းကို ငွေသွင်းဖို့ ဘဏ်ကို လိုက်ပို့ပေးသည်။
ဒီအလုပ်တွေ အကုန်ပြီးတော့ 11 နာရီထိုးခန့်နီး ဖြစ်ကာ ကျန်းဟွေ့က မစ္စတာကျိန်းကို နေ့လယ်စာ စားဖို့ ဖိတ်သည်။
ဒါပေမဲ့ မစ္စတာကျိန်းက ခေါင်းခါပြီး "တော်ပြီ တောိပြီ။ ငါ အမြန်ပြန်ပြီး သန့်ရှင်းရေး လုပ်ရမှာ။ အိမ်ငှားတွေလည်း ရှိသေးတယ်။ သုံးရက်အတွင်း သူတို့ကို ဖယ်ခိုင်းဖို့ မြန်မြန် ပြောရမယ်။ သုံးရက်ပြီးရင် လာယူလို့ရပြီ။"
ကျန်းဟွေ့က ယဉ်ယဉ်ကျေးကျေးနဲ့ "ကောင်းပြီ။ ဦးလေးကို နှောက်ယှက်မိလို့ စိတ်မကောင်းပါဘူး။ သုံးရက်ကြာရင် အိမ်ယူဖို့ ဒီကို လာခဲ့မယ်။"
မစ္စတာကျိန်းကို နှုတ်ဆက်ပြီးနောက် ကျန်းဟွေ့က ကျန်းလုံကို ကားမောင်းခိုင်းပြီး ပိုင်ရှင်ရဲ့အိမ်ကို မောင်းခိုင်းခဲ့သည်။ ကုန်စုံဆိုင်မှာ သူမပစ္စည်းတွေ ဘယ်လိုဖြစ်နေလဲ သွားကြည့်ရအောင်။
ရလဒ်အနေနဲ့ အဲ့ဒီကို ရောက်တာနဲ့ အဲ့ဒီက စိတ်လှုပ်ရှားမှုကြောင့် အံ့ဩသွားခဲ့သည်။