(Complete) 1986 သို့ ကုန်တိုက...

By Delilah_2600

121K 11.1K 62

Author 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End... More

ch-1.1
Ch 1.2
Ch 2.1
Ch 2.2
Ch 3
Ch 4
Ch 5.1
Ch 5.2
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 25
Ch 26
Ch 27
Ch 28
Ch 29.1
Ch 29.2
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46.1
Ch 46.2
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54.1
Ch 54.2
Ch 55.1
Ch 54.3
Ch 55.2
Ch 56
Ch 57
Ch 58
Ch 59.1
Ch 59.2
Ch 60.1
Ch 60.2
Ch 61.1
Ch 61.2
Ch 62.1
Ch 62.2

Ch 24

1.7K 194 0
By Delilah_2600

Ch 24

Mall မှာ ဝယ်ယူတဲ့ စနစ်လမ်းကြောင်းပြခြင်းက နောက်ပိုင်းမျိုးဆက်များကဲ့သို့ ကားပေါ်တွင်တပ်ဆင်ထားသည့် လမ်း‌ကြောင်းပြစနစ် မဟုတ်သော်လည်း Mall ရဲ့ စနစ်လမ်းညွှန်မှု ဖြစ်သည်။

ကျန်းဟွေ့က ၎င်းကိုဝယ်ယူပြီးနောက် နိုင်ငံတစ်ခုလုံးရဲ့ မြေပုံအစစ်က သူမခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ကျန်းဟွေ့က သူမရဲ့အတွေး သို့မဟုတ် အသံဖြင့် Mall စနစ်ရဲ့ လမ်းညွှန်မှုကို အသက်သွင်းနေသရွေ့ သူမရဲ့ခေါင်းအတွင်းရှိ စနစ်တစ်ခုက သူဦးတည်ရာသို့ အလိုအလျောက် လမ်းညွှန်ပေးမည် ဖြစ်သည်။

တစ်နည်းအားဖြင့် Mall ရဲ့ လမ်းကြောင်းပြစနစ်ကို ဝယ်ယူပြီးနောက် သူမက လမ်းကြောင်းပြတဲ့သူကဲ့သို့ ဖြစ်ပြီး နိုင်ငံအနှံ့ ခရီးသွားရန် မကြောက်တော့ပေ။
(သူ‌မပြောချင်တာက မရင်းနှီးတဲ့ နေရာကို သွားရင်တောင် သူမခေါင်းထဲ Google maps လိုမျိုး ရှိနေလို့ လမ်းပျောက်မှာ မကြောက်ရတော့ဘူးလေ။)

မှောင်မိုက်ပြီး တိတ်ဆိတ်နေတဲ့ ညကြောင့် ကျန်းဟွေ့ ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်။

သူမက ကားကို အမှောင်ထဲမှာ သတိကြီးကြီးထားပြီး ဂရုတစိုက် မောင်းနှင်လာခဲ့သည်။

ကားမောင်းနေစဉ် Mall ဝန်ဆောင်မှု ပေးနေတဲ့ ရှောင်ရှန်ကို ကျန်းဟွေ့က "ရှောင်ရှန် Mall မှာ ရှိတဲ့ တိုက်ခိုက်ရေး ပုံစံတူ စက်ရုပ်ရှ်ိလား။ ရှိရင် မြန်မြန်မိတ်ဆက်ပေး။"

သူမက Mall တွင် အကြွေစေ့ သုံးသန်းကျော် ရှိနေသေးတာကြောင့် ဝယ်နိုင်သည်။ အစောင့်အဖြစ် စက်ရုပ်အနည်းငယ်ကို တတ်နိုင်သည်။

ဝန်ဆောင်မှုပေးတဲ့ ရှောင်ရှန်က "host အနိမ့်ဆုံး၊ အလယ်အလတ်နဲ့ အမြင့်ဆုံး တိုက်ခ်ိုက်ရေးအမျိုးအစား ဉာဏ်ရည်ဉာဏ်သွေးနဲ့တူတဲ့ စက်ရုပ်များ ရှိပါတယ်။ အနိမ့်ဆုံး အမျိုးအစားက အကြွေစေ့ 100,000၊ အလယ်အလတ် အမျိုးအစားက အကြွေစေ့ 500,000 ဖြစ်ပြီး အမြင့်ဆုံးက အကြွေစေ့ 1 သန်း ဖြစ်ပါတယ်။ ဘယ်အမျိုးအစား ဝယ်ချင်ပါသလဲ။"

ကျန်းဟွေ့က "အဓိက တိုက်ခိုက်ရေးအမျိုးအစား ဉာဏ်ရည်တူ‌ စက်ရုပ်တွေရဲ့ လုပ်ဆောင်ချက်က ဘာတွေလဲ။"

ဝန်ဆောင်‌မှုပေးတဲ့ ရှောင်ရှန်က "ပင်မ တိုက်ခိုက်ရေး ဉာဏ်ရည်ဉာဏ်သွေးတူတဲ့ စက်ရုပ်တွေရဲ့ လုပ်ဆောင်ချက်က

1. Host အပေါ် သစ္စာစောင့်သိတယ်၊ မောင်းနှင်နိုင်တယ်၊ ရွက်လှေမောင်းနိုင်တယ်၊ ပျံသန်းနိုင်သည်။

2. ၎င်းက မီတာ 100 အတွင်းမှာ ရှိတဲ့ အန္တရာယ် အရင်းအမြစ်ကို လျင်မြန်စွာ စကင်ဖတ်ပြီး ဖြေရှင်းနိုင်သည်။

3. ၎င်းက သိုင်းပညာကျွမ်းကျင်တဲ့ သူတစ်ယောက်အတိုင်း တိုက်ခိုက်ရေး ကျွမ်းကျင်သည်။"

ကျန်းဟွေ့က ထိုအရာကို ကြားတဲ့အခါ technology planet ရဲ့ အနက်ရောင် နည်းပညာကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

ဒီလို အခြေခံတိုက်ပွဲ ဉာဏ်ရည်ထက်မြတ်တဲ့ စက်ရုပ်က အရမ်းအစွမ်းထက်လွန်းသည်။

သင့်မှာ ကိုယ်ခံပညာကျွမ်းကျင်ကာ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိရင် သင်က ကမ္ဘာပေါ်မှာ ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မယ်။

ကမ္ဘာပေါ်တွင် ကိုယ်ခံပညာရှင်များထက် အစွမ်းထက်တဲ့ဆရာကြီးများ မရှိပေ။

သူမက ဝန်ဆောင်မှုပေးတဲ့ ရှောင်ရှန်ကို ချက်ချင်းပြောခဲ့သည်။ "ဒါဆို ကျေးဇူးပြုပြီး အခြေခံတိုက်ခိုက်ရေး အမျိုးအစား ဉာဏ်ရည်ဉာဏ်သွေးနဲ့ စက်ရုပ် နှစ်ရုပ်၊ အမျိုးသားတစ်ရုပ်နဲ့ အမျိုးသမီးတစ်ရုပ် ဝယ်မယ်။ အမျိုးသားက အရပ်ရှည်ပြီး သန်မာပြီး တုန်လှုပ်စရာ ကောင်းရမယ်။ အမျိုးသမီးက ပိုပြီး သူရဲကောင်းဆန်ရမယ်။"

"ကောင်းပြီ မကြာခင် ရပါမယ်။"

ကျန်းဟွေ့က ‌အကြွေစေ့ ဖြတ်တောက်ခြင်းဆိုင်ရာ အချက်အလက်ကို မကြာခင်မှာ လက်ခံရရှိခဲ့သည်။

ထို့နောက် ချက်ချင်းပင် လက်တွေ့ဘဝသုံး စက်ရုပ်ဖြစ်တဲ့ အမျိုးသားစက်ရုပ်နဲ့ အမျိုးသမီးစက်ရုပ် လေဖိအားနည်းရပ်ဝန်းကနေ ကားထဲမှာ ပေါ်လာသည်။

အမျိုးသမီးစက်ရုပ်က ခရီးသည်ထိုင်ခုံတွင် ပေါ်လာသည်။

ကျန်းဟွေ့က အနီးကပ်ကြည့်တဲ့အခါ လူတစ်ယောက်နဲ့ တူပြီး စက်ရုပ်တဲ့ အမှန်တရားကို မပြောနိုင်ပေ။

ကျန်းဖုန်းက အရပ်ရှည်ပြီး သွယ်လျကာ ဆံပင်ကို နားနားထိ ညှပ်ထားပြီး နူးညံ့သိမ့်မွေ့သော မျက်နှာဖြင့် ဘာအမူအရာမှ မရှိပေ။

ကျန်းလုံရဲ့ ရုပ်ရည်သွင်ပြင်က ပိန်ပြီး အရပ်ရှည်ကာ  ကြွက်သားများနဲ့ တောင့်တင်းနေတဲ့ ယောင်္ကျားတစ်ယောက် ဖြစ်သည်။

ဝန်ဆောင်မှုပေးတဲ့ ရှောင်ရှန်က ကျန်းဟွေ့ကို "host စက်ရုပ်တွေကို ကျေးဇူးပြုပြီး နာမည်ပေး ပေးပါ။"

ကျန်းဟွေ့က ခဏလောက် စဉ်းစားပြီး "အမျိုးသားစက်ရုပ်ကို ကျန်းလုံလို့ ခေါ်ပြီး အမျိုးသမီးစက်ရုပ်ကို ကျန်းဖုန်းလို့ ခေါ်မယ်။"

"နားလည်ပါပြီ။"

ခဏအကြာတွင် ဝန်ဆောင်မှုပေးတဲ့ ရှောင်ရှန်က ကျန်းဟွေ့ကို "host ကျန်းလုံနဲ့ ကျန်း‌ဖုန်းကို အခု ဝန်ဆောင်မှုပေးဖို့ တောင်းဆိုနိုင်ပါသည်။"

ကျန်းဟွေ့က ကျန်းလုံနဲ့ ကျန်းဖန်းတို့ကို  "ကျန်းလုံနဲ့ ကျန်းဖုန်း အချိန်တိုင်း သတိထား အန္တရာယ်ရှိတယ်ဆို အချိန်မရွေး သတိပေး။"

ကျန်းလုံနဲ့ ကျန်းဖေးက တညီတညွတ်တည်း "ဟုတ်ကဲ့ ဆရာကြီး။"

ကျန်းဟွေ့က "အနာဂတ်မှာ ငါ့ကို ဆရာကြီးလို့ မခေါ်နဲ့ Boss လို့ခေါ်  နှစ်သားအချင်းအချင်း မောင်နှမလို့ ခေါ်ကြ။"

ကျန်းလုံနဲ့ ကျန်းဖုန်းက "ဟုတ်ကဲ့ Boss "

ကျန်းလုံနဲ့ ကျန်းဖုန်းက သူမဘေးမှာ ရှိနေသဖြင့် စိုးရိမ်နေတာလည်း အနည်းငယ် ပိုသက်သာလာသည်။

နောက်ဖြစ်လာမဲ့အရာက သူမခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့သည်။

ဝေးလံခေါင်သီသော တောင်ပေါ်လမ်းတစ်ခုသို့ ရောက်လာတဲ့အခါ ကျန်းဖုန်းက ကျန်းဟွေ့ကို "Boss ကျေးဇူးပြုပြီး သတိထားပါ။ ရှေ့မီတာ 100 ကျော်မှာ လမ်းပိတ်နေပြီး အန္တရာယ်‌ပေးမဲ့သူတွေ ရှိပါတယ်။"

ကျန်းဟွေ့က တစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားရသည်။

1980 နဲ့ 1990 ခုနစ်များတွင် ကားများကို ဓားပြတိုက်မှု အဖြစ်ပွားဆုံး ခေတ်လည်း ဖြစ်သည်။ ခရီးဝေးလမ်းများတွင် ယာဉ်မောင်းများက မကြာခဏ လုယက်ခံပြီး ဧည်သည့်များပါ မကြာခဏ လုယက်ခံရသည်။

ကျန်းဟွေ့က အခုလေးတင် ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်ကို တွေးပြီး သူမက ကျန်းလုံနဲ့ ကျန်းဖုန်းကို ကိုယ်ရံတော်အဖြစ် Mall ကနေ ချက်ချင်း ဝယ်လိုက်သည်။

ကျန်းဟွေ့က ဘရိတ်ကို ချက်ချင်းနင်းလိုက်ပြီး ကျန်းဖုန်းကို "လူဘယ်နှစ်ယောက် ရှိနေတာလဲ။"

ကျန်းဖုန်းက "သူတို့က ဆယ်ယောက် ရှိပြီး သူတို့ရဲ့ တိုက်ပွဲစွမ်းအားက မကောင်းဘူး။ သူတို့ရဲ့ လက်နက်က ဓားရှည်နဲ့ သစ်သားတုတ်တွေ ဘဲ။"

ကျန်းဟွေ့က ထပ်မေးသည်။ "ဒါဆို သူတို့ကို မင်းနဲ့ ကျန်းလုံ ရိုက်နိုင်မလား။"

ကျန်းဖုန်းက "ပြဿနာ မရှိပါဘူး။" လို့ အပြုသဘောဖြင့် တုံ့ပြန်ခဲ့သည်။

"ဒါဆို သွားရအောင်!"

ကျန်းဟွေ့က လမ်းပေါ်တွင် ဆက်လက်မောင်းနှင်ခဲ့သည်။ ၎င်းက ဓားပြနဲ့ လမ်းသရဲ များကို ရှင်းလင်းကာ
တခြားသူများကို မထိခိုက်စေရန် တားဆီးခြင်းဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းသည် ကောင်းသော အကျင့်တစ်ခု ဖြစ်သည်။

ကျန်းဟွေ့က ကားကို နောက်ထပ် မီတာ 80 အကွာထိ မောင်းလာပြီး လမ်းပိတ်ထားသော နေရာတွင် ရပ်လိုက်သည်။ လမ်းလယ်တွင် သစ်ပင်ကိုင်းတစ်ခု ကျိုးကျနေသည်။

သူမ ကားရပ်လိုက်သည်နှင့် ဘေးပတ်ဝန်းကျင်က ချုံခိုတိုက်ရန် စောင့်နေသော လူ 11 ဦး ဓားနဲ့ တုတ်ကို ကိုင်ကာ ထွက်လာကြသည်။

ဦးဆောင်သူမှာ အသက် 30 ကျော်ဖြစ်ပြီး အရပ်ရှည်ကာ ကြီးမားပြီး ပြောင်တင်းတဲ့ မျက်နှာထားနဲ့ ငွေရောင်နားကပ်တစ်စုံကို ဝတ်ဆင်ထားသည်။

ထိပ်ပြောင်နေတဲ့လူက အဖွဲ့ကို ဦးဆောင်ပြီး ကျန်းဟွေ့ရဲ့ ကားကို ဝိုင်းလိုက်သည်။

ကျန်းဟွေ့ရဲ့ ကားဆီသို့ လျှောက်လာပြီး ကားမောင်းသူမှာ ရင့်ကျက်တဲ့မျက်နှာနဲ့ မိန်းကလေး ဖြစ်နေတာကို တွေ့တဲ့အခါ အနည်းငယ် အံ့အားသင့်သွားသည်။

သူက ကားပြတင်းပေါက်ကို လက်ထဲက ဓားနဲ့ အသာခေါက်ပြီး "ကားထဲက ထွက်ခဲ့!"

တခြားကားမောင်းသူ အမျိုးသားဆိုရင် သူဒီလောက်ထိ နူးညံ့မှာ မဟုတ်ဘူး။

ကျန်းဟွေ့က ကားထဲကမထွက်ဘဲ ပြတင်းပေါက တစ်ဝက်ကို ချပြီး "တစ်ခုခုမှားနေလို့လား!"

ကျန်းဟွေ့ရဲ့ မျက်နှာပေါ်က အပြုံးကို မြင်တဲ့အခါ ထိပ်ပြောင်နေတဲ့သူက ရုတ်တရက် အေးချမ်းသွားသလို ခံစားရသည်။

ဒါပေမဲ့ မကြာခင်မှာ သူမက ကလေးမ တစ်ယောက်ပဲဆိုတာကို သိလိုက်ရပြီး ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ?

ကျန်းဟွေ့ စိတ်မဝင်စားတာကို မြင်တော့ အရမ်းစိတ်မကောင်းဖြစ်သွားပြီး သူ့လေသံက သိပ်မကောင်းပေ။ "ကောင်မလေး လူမသတ်ချင်ပါဘူး။ ပိုက်ဆံလိုချင်လို့ပါ ပိုက်ဆံပေးနေသရွေ့ အဆင်ပြေတယ် မဟုတ်ရင် ....."

ကျန်းဟွေ့က ပြုံးပြီး မေးသည်။ "မဟုတ်ရင် ဘာဖြစ်မှာလဲ။"

ထိပ်ပြောင်နေတဲ့လူက ကျန်းဟွေ့ကို ဓားဖျားကို ညွှန်ပြပြီး "ကောင်မလေး ငါ့ကို အတင်းမတိုက်တွန်းနဲ့။"

ကျန်းဟွေ့က ပေါ့ပေါ့ပါးပါး တစ်ခစ်ခစ်ရယ်ပြီး "ငါက ချမ်းသာတယ်။ ဒါပေမဲ့ မင်းကို မပေးရင် ဘာလုပ်မှာလဲ။"

ထိပ်ပြောင်တဲ့လူက ကျန်းဟွေ့ရဲ့ ခေတ်မမီတဲ့ အသွင်အပြင်ကို မြင်တဲ့အခါ ချက်ချင်းပေါက်ကွဲသွားပြီး သနားနေတဲ့ အတွေးများ ပျောက်ဆုံးသွားသည်။

သူက လက်ထဲက ဓားကို တိုက်ရိုက်မြှောက်လိုက်ပြီး ကျန်းဟွေ့ကို ပြင်းပြင်းထန်ထန် ထိုးသည်။

ကျန်းဟွေ့က ကားတံခါးကို ရုတ်တရက် ဖွင့်လိုက်ပြီး ထိပ်ပြောင်နေတဲ့လူကို တွန်းလိုက်ကာ သူ့ညီအစ်ကိုပေါ် လဲကျသွားသည်။

ကျန်းလုံနဲ့ ကျန်းဖုန်းက ကားတံခါး အတူတူဖွင့်ကာ ကားထဲက ထွက်ပြီး ထိုလူတစ်စုကို အော်ဟစ်ကာ တိုက်ခိုက်ကြသည်။

မကြာခင်မှာဘဲ ထိုလူတစ်စုက မြေပြင်ပေါ် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။

ကျန်းဟွေ့က ကျန်းလုံနဲ့ ကျန်းဖုန်းတို့ကို ထိုလူတွေကို ကြိုးနဲ့ချည်ခိုင်းပြီး ရဲကိုခေါ်ဖို့ ရဲစခန်းကို ကားမောင်းဖို့ ပြင်ဆင်ခဲ့သည်။

ထိုအချိန်တွင် ဂျစ်စိမ်းကားတစ်စီးက တစ်ဖက်လမ်းမှ မောင်းလာခဲ့သည်။

ဂျစ်ကောင်းမောင်းသူက လမ်းပိတ်ထားတာကို မြင်တဲ့အခါ ရပ်လိုက်သည်။

ကျန်းဟွေ့က ဂျစ်ကားပေါ်ကနေ လူ 7 ယောက် ဆင်းလာတာ တွေ့လိုက်သည်။

တစ်ယောက်က စစ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်သား ဖြစ်ပြီး နောက်တစ်ယောက်က ရဲ့ရှောင်ယွီ ဖြစ်သည်။

ကျန်းဟွေ့က ကားပေါ်က ချက်ချင်းဆင်းပြီး ရဲ့ရှောင်ယွီကို "အစ်ကိုရဲ့ အစ်ကိုရဲ့ ...."

ရဲ့ရှောင်ယွီက ကျန်းဟွေ့ရဲ့ အသံကိုကြားတဲ့အခါ တစ်ချိန်လုံး စိတ်ထဲမှာ တင်နေတဲ့ အလုံးကြီးက ကျသွားသည်။

သူက ကျန်းဟွေ့ဆီ အမြန်သွားပြီး ထိုလူဆိုးတွေကို တွေ့ပြီး "ဟွေ့ဟွေ့ အဆင်ပြေရဲ့လား။" ဟု စိုးရိမ်တကြီး မေးသည်။

ကျန်းဟွေ့က ပြုံးကာ ခေါင်းယမ်းပြီး "အဆင်ပြေတယ်။ ဘယ်လို ဒီလောက်နောက်ကျနေတာကို ရောက်လာတာလဲ။"

ရဲ့ရှောင်ယွီက သူမကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး "အိမ်ပြန်တာ အရမ်းနောက်ကျနေတာ မဟုတ်ဘူးလား။ အန်တီက စိုးရိမ်နေတာ။ အစ်ကိုက ညီမကို ရှာဖို့ ကားတစ်စီး ငှားလိုက်တာ။"

ကျန်းဟွေ့က နားထောင်ရင်း နှလုံးသား နွေးထွေးသွားပြီး "ကျေးဇူးတင်ပါတယ် အစ်ကိုရဲ့။"

ရဲ့ရှောင်ယွီက သူ့လက်ကို ဆန့်ပြီး ကျန်းဟွေ့ရဲ့ ခေါင်းကိုပွတ်ရင်း "ဘာလို့ ကျေးဇူးတင်နေတာလဲ? ဒီလူတွေနဲ့ ဘာဖြစ်ထားတာလဲ။"

သူ့စိတ်ထဲတွင် အခြေအနေကို မှန်းဆမိသော်လည်း ကျန်းဟွေ့ ပြောတာကို ကြားချင်မိသည်။

ကျန်းဟွေ့ကလည်း သူ့ကို ပြတ်ပြတ်သားသား ပြောပြသည်။ "ညီမ ဒီကို ရောက်လာတဲ့အခါ လမ်းမှာ ဓားပြတိုက်တဲ့ သူတွေနဲ့ တွေ့တယ်။ ကံကောင်းစွာနဲ့ ကျန်းလုံနဲ့ ကျန်းဖုန်းတို့ ဒီနေရာမှာ ရှိနေလို့ ထိုလမ်းဓားပြတွေကို တိုက်ခိုက်ပြီး ရဲကို ဖုန်းခေါ်တော့မလို့။"

ရဲ့ရှောင်ယွီက အရပ်ရှည်ရှည်နဲ့ မတ်တပ်ရပ်နေတဲ့ ကျန်းလုံနဲ့ ကျန်းဖုန်းတို့ကို တစ်ချက်ကြည့်လိုက်သည်။

ကျန်းဟွေ့ ချက်ချင်း နားလည်သွားပြီး "ကျန်းလုံနဲ့ ကျန်းဖုန်းက ညီမ မိသားစုရဲ့ ဆွေမျိုးတွေပါ။ သူတို့က တိုက်ခိုက်တာကို အလွန်ကျွမ်းကျင်ပြီး မောင်နှမတွေလေ။ ဒါကြောင့် သူတို့ကို ညီမ သက်တော်စောင့်အဖြစ် ခေါ်လာခဲ့တာ။"

ကျန်းဟွေ့က ကျန်းလုံနဲ့ ကျန်းဖုန်းတို့ကို "အစ်ကိုလုံ အစ်မဖုန်း ဒါက မစ္စတာ ရဲ့ရှောင်ယွီပါ။ သူက ညီမ ပါတနာပါ။ လာပြီး မိတ်ဖွဲ့ကြလေ။"

ကျန်းလုံနဲ့ ကျန်းဖုန်းက ပြိုင်တူ နှုတ်ဆက်ကြသည်။

"ကျန်းလုံပါ မစ္စတာရဲ့ တွေ့ရတာ ဝမ်းသာပါတယ်။"

"ကျန်းဖုန်းပါ မစ္စတာရဲ့ တွေ့ရတာ ဝမ်းသာပါတယ်။"

ရဲ့ရှောင်ယွီကို ကြည့်ပြီး သူ့တစ်ကိုယ်လုံးကို စကင်န်ဖတ်လိုက်ပြီး အချက်အလက်တွေကို စနစ်ထဲ သိမ်းဆည်းထားလိုက်သည်။

ရဲ့ရှောင်ယွီက ကျန်းလုံနဲ့ ကျန်းဖုန်းကို ခေါင်းညိတ်ပြပြီး "နီဟောင် (မင်္ဂလာပါ။)"

သူက ကျန်းဟွေ့ကို "ဟွေ့ဟွေ့ အန်တီက ညီမကို စိတ်ပူနေတာ။ ညီမ အရင်ပြန်သင့်တယ်။ ဒီလမ်းဓားပြတွေကို အစ်ကိုနဲ့ ထားခဲ့လိုက် အစ်ကို ရဲခေါ်လိုက်မယ်။"

ကျန်းဟွေ့က ခဏ စဉ်းစားပြီး "ဒါဆို ကျွန်မတို့ ဒီမှာစောင့်နေပြီး ရဲရောက်လာရင် အတူတူ ပြန်မယ်လေ။"

သူတို့ယူလာတဲ့ကားနဲ့ Lu ba ပြည်သူ့လုံခြုံရေးဗျူရိုဆီ တိုက်ရိုက်သွားနိုင်သည်။ ဒါပေမဲ့ ဒါက ပထမဆုံး ဖြစ်ပြီး ပြည်သူ့ဗျူရိုက ရဲများကို လာခိုင်းခြင်းက အကောင်းဆုံး ဖြစ်သည်။

ရဲ့ရှောင်ယွီက ပေါ့ပေါ့ပါးပါး မျက်မှောင်ကြုတ်ကာ "ဒီကိစ္စက အချိန်တော်တော်ကြာအုံးမှာ အရင်ပြန်တာ ကောင်းလိမ့်မယ်။"

ကျန်းဟွေ့က ပြုံးပြီး "ဘာပဲဖြစ်ဖြစ် နောက်ကျနေပြီ နောက်ထပ် တစ်နာရီ နှစ်နာရီလောက်က ကိစ္စမရှိပါဘူး။ ဒီလမ်းပေါ်က ဓားပြတွေ ဖယ်ရှားလိုက်တာက လူတွေကို စိတ်သက်သာရာရစေလိမ့်တယ်။ နောက်ကျ လူတွေလည်း စိတ်အေးလက်အေး ဖြတ်သွားနိုင်ပေါ့။"

ရဲ့ရှောင်ယွီက ခေါင်းညိတ်ပြီး "ကောင်းပြီ အခု ရဲကို ခေါ်ရအောင် ရဲဘော်တွေဆီ သွားလိုက်အုံးမယ်။"

ကျန်းဟွေ့က ပြုံးပြီး "ဒါဆို သွားလေ။ ညီမ ဒီက စောင့်နေမယ်။"

ရဲ့ရှောင်ယွီက "သတိထား။"

ကျန်းဟွေ့က ဒေါသတကြီးနဲ့ "ရပြီ။"

ရဲ့ရှောင်ယွီနဲ့ စစ်သား ဂျစ်ကားပေါ် ပြန်တက်ပြီး  အမြန်ထွက်သွားကို ကြည့်နေသည်။

သူတို့ပြန်လာတာကို စောင့်နေတဲ့ ကျန်းဟွေ့က ကျန်းလုံနဲ့ ကျန်းဖုန်းကို အဲ့ဒီဓားပြတွေကို စောင့်ကြည့်ခိုင်းပြီး ကားပေါ်ပြန်တက်သွားသည်။

ပျင်းရိလာသဖြင့် Mall ကို ဖွင့်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖွေနေလိုက်သည်။

လိုအပ်တာကို မြင်တဲ့အခါ ကျန်းဟွေ့က ဈေးဝယ်ခြင်းထဲ အရင်ထည့်လိုက်ပြီး သူမလိုအပ်တဲ့အခါ တိုက်ရိုက် ဝယ်ယူနိုင်သည်။

တစ်နာရီခန့် စောင့်ပြီးနောက် ရဲ့ရှောင်ယွီနဲ့အတူ ရဲအရာရှိ သုံးယောက် ပြန်လာခဲ့သည်။

ပြည်သူလုံခြုံရေးက ကားကို ကျော်တက်သွားသည်။

ဒါပေမဲ့ ဒီကားတစ်စီးတည်းနဲ့ သစ်ကိုင်းကို မဆွဲနိုင်ဘူး။

ရဲ့ရှောင်ယွီ၊ ကျန်းဟွေ့နဲ့ တခြားသူတွေက သစ်ကိုင်းဆွဲတာကို ကူညီခဲ့ပြီး အခြေအနေကို အစီရင်ခံခဲ့သည်။

နယ်မြေရဲစခန်းက ထွက်တဲ့အခါ ည 11 နာရီကျော်နေပြီ။

ရဲ့ရှောင်ယွီက ကျန်းဟွေ့ကို "မြန်မြန် အိမ်ပြန်လိုက်‌တော့။ အန်တီ မအိပ်သေးဘူး ညီမ ပြန်လာမှာကို စောင့်နေတာ။ ကံကောင်းလို့ ဒီ‌တစ်ခေါက် အဆင်ပြေသွားတာ မဟုတ်ရင် အန်တီက ညီမကို နောက်တစ်ကြိမ် အပြင်ပေးမထွက်မှာ သေချာတယ်။"

ကျန်းဟွေ့က ပြုံးပြီး "ညီမ ကံကောင်းပြီး အဆင်ပြေနေတယ်လေ။"

သူမရဲ့ စနောက်နေတဲ့အမူအရာကို မြင်တော့ ရဲ့ရှောင်ယွီက သူမခေါင်းကို အကူအညီမဲ့စွာ ပွတ်ရင်း "အနာဂတ်မှာ ပိုသတိထားသင့်တယ်။"

Continue Reading

You'll Also Like

788K 65.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.3M 32.6K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
31.9K 2.8K 35
KAPOOR SERIES #BOOK 1 Shruti Gupta a high school teacher crosses paths with Varun Kapoor a well known business man in India . Both were opposites...
341K 4.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...