(Complete) 1986 သို့ ကုန်တိုက...

بواسطة Delilah_2600

121K 11.1K 62

Author 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End... المزيد

ch-1.1
Ch 1.2
Ch 2.1
Ch 2.2
Ch 3
Ch 4
Ch 5.1
Ch 5.2
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29.1
Ch 29.2
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46.1
Ch 46.2
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54.1
Ch 54.2
Ch 55.1
Ch 54.3
Ch 55.2
Ch 56
Ch 57
Ch 58
Ch 59.1
Ch 59.2
Ch 60.1
Ch 60.2
Ch 61.1
Ch 61.2
Ch 62.1
Ch 62.2

Ch 15

2.1K 241 2
بواسطة Delilah_2600

Ch 15

ရဲ့ရှာင်ယွီက သူ့မိဘတွေနဲ့ စကားပြောနေချိန်တွင် ကျန်းဟွေ့က သူမအမေ၊ ညီမနဲ့အတူ ဒီနေ့ လည်ပတ်မှုကို ပျော်ရွှင်စွာ ရေတွက်နေသည်။

ဒီနေ့ ဖွင့်လှစ်လိုက်တဲ့ Kitchen God Gourmet Store ရဲ့ လည်ပတ်ငွေက စုစုပေါင်း 1288 ယွမ်  ဖြစ်သည်။

လီကျန်းဂန်ရဲ့ 81 ယွမ်နဲ့ ပေါင်းလိုက်ရင် ဒီနေ့ စုစုပေါင်း ဝင်ငွေမှာ 1369 ယွမ် ဖြစ်သည်။

ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့က ကျန်းဟွေ့ရဲ့ စကားကို ကြားတဲ့အခါ သူမတို့ရဲ့ မျက်လုံးများ ထိတ်လန့်စွာ ပြူးကျယ်သွားပြီး "အများကြီးဘဲ!"

ကျန်းကျင်းက ကျန်းဟွေ့ကို စိတ်လှုပ်ရှားစွာနဲ့ "အစ်မ ဒီလိုဆက်သွားနေရင် ညီမတို့ မိသားစုက ဆယ်ရက်အတွင်း အိမ်ထောင်စု ယွမ်တစ်သောင်း ဖြစ်လာတော့မှာ။"

ကျန်းဟွေ့က ပြုံးပြုံးရွှင်ရွှင်နဲ့ "မိုက်မဲတဲ့ ကောင်မလေး  ဒီလိုမျိုး မဟုတ်ဘူးလေ။ စုစုပေါင်း 1369 ယွမ် ရှိပေမဲ့ ကုန်ကျစရိတ် အမျိုးမျိုးကို နှုတ်လိုက်ရင် အမြတ်က တစ်နေ့ကို အများဆုံး 30% ဘဲရမှာ။ တစ်နေ့ကို အမြတ်က ယွမ် 400 လောက်ဘဲရနိုင်တယ်။"

ကျန်းကျင်းက တွက်ချက်ပြီး ကျေနပ်စွာ ပြုံးရင်း "ဒါက အများကြီးဘဲလေ။ တစ်လမှာ ညီမတို့ အိမ်ထောင်စုက ယွမ်တစ်သောင်း ဖြစ်နိုင်သည်။"

ရဲ့နင်းရှန်လည်း စိတ်လှုပ်ရှားသွားသည်။ သူမက ရယ်မောပြီး "ငါတို့ မိသားစုက မကြာခင် ချမ်းသာလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ နောက်ဆို တခြားသူတွေဆီက ပိုက်ဆံချေးစရာ မလို့တော့ဘူး။ ဝူး ဝူး ဝူး....."

နေက်ဆုံးမှာ ရဲ့နင်းရှန်က သည်းမခံနိုင်တော့ဘေ။ သူမက ကျယ်လောင်စွာ ငိုကြွေးတော့သည်။

အိမ်ထောင်ကျပြီး သမီးတစ်ယောက်မွေးကာ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နာကျည်းမှုတွေနဲ့ နာကျင်မှုတွေကို တွေးနေခဲ့သည်။

ဒီနေ့ မျက်ရည်တွေက အရင်က နာကျင်စရာ ဘဝအပြင် အနာဂတ်အတွက် မျှော်လင့်ချက်များကို ဖော်ပြနေသည်။

ကျန်းဟွေ့က သူမအမေ ရယ်မောပြီး ငိုကြွေးနေသည်ကို မြင်တဲ့အခါ နှလုံးသားထဲတွင် နာကျင်မှုနဲ့ ပျော်ရွှင်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားရသည်။

သူမက သူမအမေကို ပွေ့ဖက်ကာ "အမေ ဒီနေ့ကစပြီး အနာဂတ်မှာ ပိုချမ်းသာလာလိမ့်မယ်။ သမီးကို ယုံကြည်ပါ။"

ကျန်းဟွေ့က သူ‌မအမေ လက်မထပ်ခင်က ဓာတ်ပုံကို မြင်ဖူးသည်။ ဖြူစင်သော အပြုံးဖြင့် အမေက ဒီခေတ်တွင် ကောင်းမွန်တဲ့ မိသားစုမှ ကြီးပြင်းလာတဲ့ မိန်းကလေးကောင်း တစ်ယောက်နဲ့ တူသည်။

အရင်က စပ်စုစွာဖြင့် သူမအမေကို မေးဖူးသည်။ အမေက ဒီလောက် ကောင်းတာကို ဘာလို့ အဖေလို လူမျိုးနဲ့ အိမ်ထောင်ကြတာလဲ။

အမေက ပြောတယ်။ သူမနဲ့ အဖေက မျက်မမြင်ချိန်းတွေ့ခဲ့ကြတာ။ အဲ့ဒီတုန်းက အောင်သွယ်တော်က သူ့ကို အရမ်းချီးကျူးတယ်။ ဒါ့အပြင် သူ့ရုပ်ရည်က တကယ်ကောင်းပြီး အရပ်လည်းရှည်တယ်။ အရပ်က 1.8 မီတာနီးပါး ရှ်ိပြီး ရိုးသားကာ ကြင်နာပုံ ပေါက်သည်။

နောက်တော့ အဖွားက အဖေ့အကြောင်းကို တစ်စုံတစ်ယောက်ကို မေးတယ်။ လူတိုင်းက သူက ရိုးသားပြီး အလုပ်လုပ်ချင်စိတ်ရှိကာ သူ့တွင် ဆိုးဆိုးရွားရွား မရှိကြောင်းကို ပြောတယ်။ အားလုံးက သဘောတူပြီး ဒီအတိုင်း လက်ထပ်လိုက်ကြတယ်။

အိမ်ထောင်ပြုပြီးတဲ့နောက်မှာ သူက တာဝန်မဲ့တဲ့လူ ဖြစ်လာပြီး သူရဲ့ ပင်ကိုယ်စရိုက်ကို ထုတ်ဖော်လာမည်ဟု မသိခဲ့ပေ။

မူလက ဘဝအတွက် မျှော်လင့်ချက် အိပ်မက်တွေ မက်ခဲ့တဲ့ အမေက စိတ်ပျက်လက်ပျက် ဖြစ်ကာ ဝေဒနာ အမျိုးမျိုး တွေ့ကြုံခဲ့ရသည်။ အိမ်ထောင်သက်တမ်း ဆယ်နှစ်ကြာတဲ့အထိ နှိပ်စက်ခဲခဲ့ရပြီး ခြေကုန်လက်ပမ်း ကျခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အမေနဲ့ သမီးသုံးယောက်သား လွတ်မြောက်ခဲ့ကြပြီး နောက်ဆုံးတွင် သူမတို့ရဲ့ အခက်အခဲများ ကုန်ဆုံးသွားခဲ့သည်။

အခုချိန်တွင် ကျန်းဟွေ့က သူမအမေနဲ့ ညီမရဲ့ မျက်နှာပေါ်ရှိ ပျော်ရွှင်နေတဲ့ အပြုံးများကို တွေ့လိုက်ရတဲ့အတွက် ပြန်လည်မွေးဖွားလာတာကို အလွန်ကျေးဇူးတင်မိသည်။

သူမတို့အားလုံး အဖေကို တမင်တကာ မေ့သွားကြပြီး ဒီပျော်ရွှင်တဲ့အချိန်တွင် သူ့‌အကြောင်း မပြောချင်ကြပေ။ အမေနဲ့ သမီး သုံးယောက်စလုံးက သူ့အကြောင်းကို ဟာသအနေနဲ့တောင် မပြောချင်ကြပေ။

တစ်နေ့တွင် သူပေါ်လာမည် ဖြစ်သော်လည်း ကျန်းဟွေ့က သူအိမ်ပြန်လာမည့် ရက်ကို သိသည်။

ဒီနှစ်တော့ သူပေါ်လာမှာ မဟုတ်ဘူး။ နောက်နှစ် မတ်လထိ သူပေါ်လာမည် မဟုတ်ပေ။

အကြွေးရှင်က အကြွေးတောင်းဖို့ မကြာခဏ လာတတ်ကြောင်း သိပြီးနောက် အကြွေးယွမ်များစွာ ကျန်ထားပြီး နှစ်ရက်လောက်နေကာ အကြွေးရှင်မလာခင် တိတ်တဆိတ် ထွက်ပြေးသွားသည်။

ကျန်းဟွေ့က ဒီအရာများကို တွေးတောရင်း ဒေါသထွက်နေသည်။

အခု သူမရဲ့ ကိုယ်ပိုင်ခွန်အားကို မြန်မြန်ဆန်ဆန် မြှင့်တင်လိုသည်။ သူမ‌အဖေ တစ်နေ့ပြန်ရောက်လာတဲ့အခါ သူမတို့ကို အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူး။

သူမအမေက သူမ‌အဖေကို ကွာရှင်းသင့်သလား ဆိုတာကိုတော့ ကျန်းဟွေ့က သူမ (ရဲ့နင်းရှန်) အတွက် ဆုံးဖြတ်ချက်မချနိုင်ပေ။

အရင်ဘဝတုန်းက သူမအမေက ဒီလိုအခက်အခဲတွေ ကြုံခဲဘရသည်။ ကျန်းဟွေ့က သူမအမေကို ကွာရှင်းရန် အကြိမ်ကြိမ် စည်းရုံးခဲ့သော်လည်း သူမ ဆန္ဒမရှိခဲ့ပေ။

အမေ မကွာရှင်းဖို့ အကြောင်းပြချက်တွေ ရှိပါတယ်။

ပထမအချက် ဒီခေတ်တွင် ရွာမှာ ဘယ်သူမှ ကွာရှင်းခွင့် မရှိဘူး။ အမေက ကမ္ဘာကြီးကို စိန်ခေါ်ရဲတဲ့ သတ္တိမရှိဘူး။

ဒုတိယအချက် သူမက သမီးနှစ်ယောက်ဘဲ မွေးဖွားခဲ့ပြီး သားမမွေးဖွားခဲ့တာကြောင့် အားလုံးက အနိုင်ကျင့်ကြသည်။ ကွာရှင်းပြတ်စဲပြီးရင် သမီးနှစ်ယောက်ရှိတဲ့ ကွာရှင်းပြတ်စဲထားတဲ့ မိန်းမတစ်ယောက်အနေနဲ့ ပိုလိုတောင် အနိုင်ကျင့်ခံရလိမ့်မယ်။

တတိယအချက်တော့ သူမတို့ ညီမတွေကို အဖေရှိစေချင်လို့။

ကျန်းဟွေ့က ထိုအကြောင်းပြချက်များကို သူမအမေပြောတဲ့အခါ ဘာပြန်ပြောရမလဲ မသိတော့ပေ။

ဒီခေတ်တွင် အမျိုးသမီးများက အလွန်ကြမ်းတမ်းကြပြီး နောက်ပိုင်းမျိုးဆက်များရဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှုတို့နှင့် ဝေးကွာနေသည်။

ကွာရှင်းပြီးသည်နှင့် ညစ်ပတ်သောရေများကို အမျိုးသမီးများအပေါ် လောင်းချမည်ဖြစ်ပြီး သင့်ပတ်ဝန်းကျင်ရှိ လူများရဲ့ တံထွေးခွက်ထဲတွင် နစ်နေမည် ဖြစ်သည်။

(ညစ်ပတ်သောရေ= မကောင်းကြောင်း၊ အတင်းအဖျင်း
တံထွေးခွက်ထဲတွင် နစ်နေမည်= အတင်းပြောခြင်း)

အမေပြောသည့်စကားကြောင့် တုန်လှုပ်ခြောက်ခြားသွားသော်လည်း အဖွားကို (အမေဘက်က) ပြောပြတဲ့အခါ ထိုအချက်သုံးချက်ကြောင့် ကွာရှင်းပြတ်စဲခြင်းကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။

နောက်ဆုံးတွင် အမေက သူမကို စိတ်မချမ်းသာအောင်  ထားခဲ့တဲ့ အဖေကို ထားခဲ့ဖို့ လုံလောက်တဲ့ သတ္တိ မရှိဘူး။

ကွာရှင်းပြီးနောက် ဒီကောလဟာလတွေကြောင့် သူမတို့ သုံးယောက်စလုံး ရွာကနေ ထွက်သွားပြီး တခြားနေရာမှာ နေမယ်ဆို အဲ့ဒီလူတွေရဲ့ ကောလဟာလ‌တွေ အတင်းအဖျင်းတွေကို ရှောင်ရှားပြီးသား ဖြစ်ပြီး သူမတို့ လိုချင်တဲ့ ဘဝမှာ ဖြတ်သန်းနိုင်သည်။

ကျန်းဟွေ့က အခုအခါတွင် သူမအမေရဲ့ လွတ်လပ်ရေး စွမ်းရည်ကို တိတ်တဆိတ် ပြုစု‌ပျိုးထောင်နေပြီ ဖြစ်သည်။ သူမရဲ့ ခွန်အား၊ ဇွဲလုံ့လဖြင့် အရင်ဘဝက သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။

အမေကို ပြုစုပျိုးထောင်ပေးရမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ သန်မာတဲ့ စွမ်းရည် ဖြစ်သည်။

Hercules Pill နဲ့ နေ့တိုင်းသောက်နေတဲ့ ဝိညာဉ်စမ်းရေများမှ တစ်ဆင့် အမေရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ခွန်အားကို ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

အဖေကို ရင်ဆိုင်တဲ့အခါ အမေက စိတ်ဓာတ်ခ်ိုင်မာနေသရွေ့ အနာဂတ်မှာ အဖေရဲ့ အနိုင်ကျင့်မှုကို ခံရမှာ မဟုတ်ဘူး။ သူမက အဖေကို ပြန်တိုက်ခိုက်နိုင်သည်။

အလုပ်မှာ အမေက သက်တောင့်သက်သာ ရှိနေတော့ မောပန်းနွမ်းနယ်နေတော့မှာ မဟုတ်ဘူး။

စားသောက်ဆိုင်ရဲ့ လုပ်ငန်း တည်ငြိမ်လာရင် သူမတို့ ပိုချမ်းသာလာလိမ့်မယ်။

ပိုက်ဆံရှ်ိခြင်းက လူတွေရဲ့ ရဲစွမ်းသတ္တိကို အားကောင်းစေပြီး သူတို့ကို ယုံကြည်မှု ပိုရှိလာစေပြီး အမေရဲ့ ကိုယ့်ကိုယ်က်ိုယ် ယုံကြည်မှုလည်း တဖြေးဖြေး တိုးလာမည် ဖြစ်သည်။

အချိန်တန်ရင် အဖေနဲ့အမေ ကွာရှင်းပြီး သူမတို့ သုံးယောက် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြမည် ဖြစ်သည်။

ပိုက်ဆံစုပြီး တနေကုန် ပင်ပန်းနေတဲ့ အမေနဲ့သမီးက ရေချိုးပြီး စောစောအိပ်ကြသည်။

နောက်နေ့ မနက်လေးနာရီမှာ ရဲ့ရှောင်ယွီ ရောက်လာသည်။

ကျန်းဟွေ့က အစောကြီး ရောက်လာတာကို တွေ့ပြီး အနည်းငယ် အံ့ဩသွားပြီး "အစ်ကိုရဲ့ ဘာလို့အစောကြီးလာတာလဲ။ မနေ့က 7 နာရီထိုးမှ လာဖို့ ပြောလိုက်တယ်လေ။"

အာလုံးက အလုပ်ကို အတူတူလုပ်ကြတာ မလို့ သူ့ကို မစ္စတာရဲ့လို့ မခေါ်ဘဲ အစ်ကိုရဲ့ ဒါမှမဟုတ် သူ့ရဲ့နာမည်ကို ခေါ်ဖို့ မနေ့က သူတို့နှစ်ယောက် စလုံး သဘောတူထားကြသည်။

ရဲ့ရှောင်ယွီက သူ့ရှေ့က ချောမောလှပတဲ့ ကောင်မလေးကို ကြည့်ပြီး ပြုံးကာ "လေးနာရီမှာ ထပြီး ဝက်သားပြုတ်လုပ်ဖို့ ပြောနေတာ ကြားတော့ ဒီချိန်လာခဲ့တာ။ ‌တစ်ယောက်ပိုကူညီရင် ညီမ နည်းနည်း အနားယူလို့ရတယ်လေ။"

ကျန်းဟွေ့က သူ့စကားကို နားထောင်ပြီး "ဒါဆို ဒီနေ့ဘဲ စောစောလာမှာလား ဒါမှမဟုတ် နေ့တိုင်း စောစောလာမှာလား။"

ရဲ့ရှောင်ယွီက "နေ့တိုင်းလာမှာ" ဟု မစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေသည်။

"ကောင်းပြီ။ နေ့တိုင်း စောစောလာမယ်ဆိုရင် အစ်ကိုကို လစာတိုးပေးမယ်။ အစမ်းကာလမှာ ယွမ် 100 ပေးပြီး ‌ဘောနပ်စ်ကို သီးသန့် တွက်ပေးမယ်။"

"ညီမ ကြိုက်သလို ပေးလိုရတယ်။ အစ်ကိုက ကိစ္စမရှိဘူး။"

ရဲ့ရှောင်ယွီက လစာကို သိပ်ဂရုမစိုက်ဘူး။ အစက လုံခြုံရေးအစောင့် ဖြစ်လာဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။

အလုပ်လျှောက်ဖို့ စတိုးဆိုင်ထဲ မဝင်ခင် အနီးအနားကနေ Kitchen God Gourmet Store ရဲ့ အခြေအနေကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ပြီးသား ဖြစ်သည်။

အခု Kitchen God Gourmet Store တွင် အလုပ်လုပ်မည် ဖြစ်သည်။ သူမရဲ့ အစားအသောက်ကို သဘောကျတဲ့အပြင် သူရှေ့က ချောမောလှပတဲ့ မိန်းကလေးရဲ့ မျက်နှာပေါ်က အပြုံးချိုချိုနဲ့ ပြတ်သားတဲ့ အရည်အချင်းတွေကြောင့်လည်း တစ္ဆေကဲ့သို့ လုံခြုံရေးအစောင့် အဖြစ် အလုပ်လျှောက်ဖို့ ဒီကိုလာခဲ့တာ ဖြစ်သည်။

(T/N ကြူးနေတာ ကျန်း)

သူ့တွင် ကျန်းဟွေ့နဲ့ ပတ်သတ်ပြီး တခြားအကြံအစည် မရှိ‌သေးပါ။ ဒိဆိုင်တွင် လူမရှိ၍ လူဆိုးများ အနိုင်ကျင့်ကို ခံ‌နေရတာကို မြင်တဲ့အခါ သူမကို ကူညီချင်ခဲ့သည်။ အခု လုပ်စရာမရှိလို့ ခဏလောက် လုပ်ကြည့်မလို့။

(T/N ကျန်းကျန်း မရှိလို့ဘဲ တော်သေးတယ် ရှိများရှိရင် တခါတည်း အိမ်ပေါ်ဆွဲတင်မလား မသိ)

ဒီနေ့က စနေနေ့ဖြစ်ပြီး ကျန်းဟွေ့က ရဲ့ရှောင်ယွီ ဒီမှာ ရှိနေသောကြောင့် သူမက ကျန်းကျင်းကို မနိုးဖို့ ရဲ့နင်းရှန်ကို ပြောပြီး နောက်မှ အိပ်ရာထခိုင်းလိုက်သည်။

ကျန်းဟွေ့ မနေ့က ကျောင်းပျက်ခဲ့တာကြောင့် ဒီနေ့ ကျောင်းသွားသင့်တယ် မဟုတ်ရင် အတန်းအများကြီး လွတ်သွားလိမ့်မယ်။

အရင်ဘဝက မိသားစုအခြေအနေ ဆိုးရွားသောကြောင့် သူမက ကျောင်းစောစော ထွက်ခဲ့ရပြီး ကျန်းကျင်းရဲ့ အဆင့်များလည်း မကောင်းပေ။ သူမ (ကျန်းကျင်း) အထက်တန်းကျောင်း မတက်ခဲ့ဘဲ အလယ်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် အလုပ်ထွက်လုပ်ခဲ့သည်။

ကျန်းဟွေ့က ဒီဘဝတွင် ကျန်းကျင်းကို ကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင် တစ်ခုရှိရန်၊ ကြိုးကြိုးစားစား လေ့လာပြီး တက္ကသိုလ် တက်နိုင်ရန်၊ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုရှိပြီး အရင်ဘဝကဲ့သို့ သနားစရာကောင်းတဲ့ ဘဝမျိုး မဖြစ်‌‌စေရန် မျှော်လင့်သည်။

ရဲ့ရှောင်ယွီ အပါအဝင် သူမတို့ သုံးယောက် အလုပ်လုပ်ရင်း စကားစမြည် ပြောကာ ပတ်ဝန်းကျင်က အလွန်အေးချမ်းသည်။

စားသောက်ဆိုင်ရဲ့ မီးဖိုချောင်က စတုရန်းမီတာ 20 ကျော်ကျယ်ဝန်းပြီး ကျန်းဟွေ့က မုန့်ဖုတ်ရန်အတွက် မီးဖိုကြီး နှစ်လုံးကို ပြုလုပ်ထားသည်။

ဆယ်လွှာပါတဲ့ ရေနွေးငွေ့ပေါင်းအိုး နှစ်ခုကို Mall ကနေ ဝယ်ယူခဲ့သည်။ အလွှာတစ်ခုတွင် ပေါင်မုန့် အခု 50 ဆန့်ပြီး တစ်ချိန်လျှင် အခု 500 ပေါင်းနိုင်သည်။ မီးဖိုနှစ်ခုဖြင့် ပေါင်းလျှင် အလုံး 1000 ရပြီး ချက်ပြုတ်ရာတွင် အလွန်သက်သာသည်။

ကျန်းဟွေ့က လီကျန်းဂန် တောင်းတားတဲ့ မှိုအသား ပေါင်မုန့် အလုံး 200၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်အလုံး 150 နဲ့  နို့အရသာ ပေါင်မုန့်အလုံး 100 ကို အရင်ဆုံး လုပ်ခဲ့ပြီး အိုးတစ်လုံးထဲတွင် ပေါင်းထည့်ကာ လီကျန်းဂန် လာယူသည့်အထိ မီးဖိုထဲတွင် ထည့်ထားသည်။ ထိုနောက် ကုန်ပစ္စည်းကို သူကိုယ်ပိုင်ဆိုင်တွင် ရောင်းချသည်။

ခေါက်ဆွဲနဲ့ ပေါင်မုန့်များကို ပြုလုပ်ပြီးနောက် ကျန်းဟွေ့က ပြုတ်ထားပြီး ဆားဖုတ်ထားတဲ့ အစားအစာကို စတင်ပြုလုပ်သည်။

အနံ့နှစ်ခုစလုံးက အရမ်း မွှေးကြိုင်သည်။

ပြုတ်ပြီးတာနဲ့ သင်းပျံ့တဲ့အနံ့ ထွက်လာပြီး သူမတို့အားလုံးကို နည်းနည်း စားချင်လာစေသည်။

ဆားမီးဖုတ်ထားတဲ့ အစာသည်လည်း အလားတူပင် ဖြစ်သည်။ ဆားမီးဖုတ်ပြီးတာနဲ့ အိုးအဖုံးကို ဖွင့်လိုက်တာနဲ့ အနံ့က *သင့်ခံတွင်းကို ရေစိုစေသည်။
(* = သရေယိုတာ)

ထို့နောက် အခန်းအတွင်း မြေပဲကြော် အနံ့များ မွှေးကြိုင်လာသည်။ နောက်ဆုံးတစ်ခုက ပဲနို့နဲ့ သစ်သီးဖျော်ရည် ဖြစ်သည်။ ဒီနှစ်ခုရဲ့ အရသာက ကြည်လင် ချိုမြိန်ပြီး ခြယ်လှယ်လွန်းလှသည်။

ကျန်းဟွေ့က အချိန်တိုင်း အလုပ်များနေပြီး မရပ်မနာ ချွေးသီးတွေ ထွက်နေတာကို ရဲ့ရှောင်ယွီ မြင်လိုက်ရပြီး သူမအတွက် စိတ်မကောင်းဖြစ်နေသည်။

သူလည်း အတတ်နိုင်ဆုံး ကူညီဖို့ ကြိုးစားပြီး လေးလံတဲ့ အလုပ်တွေကို အမြန်လုပ်ခဲ့သည်။

ကျန်းဟွေ့နဲ့ ရဲ့နင်းရှန်တို့က ရဲ့ရှောင်ယွီ၏ စွမ်းဆောင်မှုကို မြင်တဲ့အခါ နှလုံးသားထဲတွင် သိမ်းဆည်းထားသည်။ ဒီကောင်လေးက တကယ်ကောင်းပြီး သူ့မျက်လုံးထဲတွင် တစ်ခုခုရှိနေတယ်လို့ ခံစားရသည်။
(T/N မားသားရီးက သိနေတယ် )

မနက်ခြောက်နာရီမှာ လီကျန်းဂန်က စက်ဘီးစီးပြီး သူမဆိုင်တံခါးကို အချိန်မှန်ရောက်လာသည်။

"ဘော့စ်ကျန်း ပစ္စည်းယူဖို့ လာခဲ့တာ။"

ကျန်းဟွေ့က "အစ်ကိုလီ လာ အစ်ကိုအတွက် ပစ္စည်းတွေ ပြင်ဆင်ပြီးပြီ။" လို့ ပြုံးပြီး ဖြေသည်။

ကျန်းဟွေ့က အောက်ပါ ဥပ‌ဒေကြမ်းကို အတည်ပြုခဲ့သည်။ ၎င်းက တစ်နေ့စာ တစ်နေ့ရှင်းပြီး မည်သည့်အကြွေးမှ မထားရှိပေ။

မသွားခင်မှာ လီကျန်းဂန်က ကျန်းဟွေ့ကို "ဟွေ့ဟွေ့ မနက်ဖြန် ဈေးနေ့ဘဲ။ ငါ့အတွက် မှိုအသား ပေါင်မုန့် အလုံး 200 လုပ်ဖို့ မမေ့နဲ့"

ကျန်းဟွေ့က ပြုံးပြီး "သိပါတယ် မှတ်မိတယ်။"

လီကျန်းဂန် ထွက်သွားပြီးနောက် သူမညီမကို နှိုးပြီး မနက်စာစားရန် သူမအမေနဲ့ ရဲ့ရှောင်ယွီကို ခေါ်လိုက်သည်။

မနက်စာစားပြီးနောက် ကျန်းဟွေ့က စတိုးဆိုင်တံခါးကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ မနေ့က နာမည်ကောင်းကြောင့် မနက်စာ ဝယ်ဖို့ လူတော်တော်များများ လာတန်းစီကြသည်။

واصل القراءة

ستعجبك أيضاً

13.6K 1.2K 18
Name - Marrying a young daughter-in-law in a large courtyard in 50's (book) Type - web novel Genre - Tags - rebirth soldier spars wearsbook Authors...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.4M 140K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...