shady☆ [julyz] ✔️

By ji__aan

8.5K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

21

227 32 5
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]


အိမ်ကို ပြန်ရောက်လာတော့ အဖေနဲ့အမေက အဝေးကိုရောက်နေတဲ့ တစ်ချိန်လုံး အပြစ်မရှိ အပြစ်ရှာငေါက်နေတာက သူတို့မဟုတ်တဲ့အတိုင်း။

တကယ်ပဲ ပြန်လာလိုက်တာက အဖြေဖြစ်သွားသလား။

ကျန်းဟောက် ဖူကျန့်ကို ပြန်ရောက်ရောက်ချင်း ညမှာပဲ စကားခေါ်ခဲ့တဲ့ အကြောင်းအရာကြောင့် အဖေနဲ့အမေ ခေါင်းကိုက်ကောင်း ကိုက်လိမ့်မည်။

အလုပ်နားချင်ရင် နားလိုက်ဖို့ ပြောချလိုက်တော့ သိပ်သဘောမကျချင်ကြပေမဲ့ အသက်အရွယ်ရနေကြပြီဖြစ်ပြီး နားချင်ရင် နားဖို့ သင့်နေတဲ့အရွယ်တွေ ရောက်နေပြီမို့ မကြောက်မလန့် ပြောလိုက်တာပင်။

လူကြီးရောဂါတွေစဝင်လာတဲ့ အရွယ်ပဲဖြစ်နေကြပြီကို။

ကျန်းဟောက် တစ်ယောက်တည်း အိမ်ထောင်ဦးစီးလုပ်ရတာ လွယ်ကူမှာမဟုတ်ပေမဲ့ ဖူကျန့်ကို ပြန်လာတဲ့ ရည်ရွယ်ချက်ကိုက အဖေနဲ့ အမေကို နားစေချင်တာမို့။

တယောထိုးတာကို ရပ်မယ်လို့လည်း ပြောလိုက်သေး၏။အင်း..ရန်မဖြစ်ပဲတော့ မပြီးဘူးလေ။

အဖေကတော့ လွှတ်ထားလိုက်ပြီပေမဲ့ အမေက တယောမထိုးတော့ဘူးလို့ ပြောတဲ့အခါ ဆူတာကို နားလည်ပါသည်။

အစကနေ ပြန်စဖို့ မဆိုစလောက်တော့ အချိန်လွန်နေပြီပဲ။

ထိုကိစ္စနဲ့လည်း တော်တော်လေး အငြင်းပွါးပြီးနောက်မှာ တယောဆက်ထိုးဖို့ပဲ ဖြစ်သွားတာမို့ ပေကျင်းကနေပြန်တဲ့အခါ တယောအသစ်ဝယ်ရမည်။

ဖူကျန့်တက္ကသိုလ်မှာ အလုပ်လျှောက်ကြည့်ဖို့ စဉ်းစားထားပြီး အနားယူလက်စနဲ့ ချက်ချင်းတော့ အကောင်အထည်ဖော်ဖြစ်ဦးမှာမဟုတ်။

ဖူကျန့်မှာပဲ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှ ပေကျင်းကို ခရီးအနေနဲ့ ခဏထွက်လာတာ ဖြစ်၏။

ယခု ပေကျင်းမှာ ဆယ့်ငါးရက်မြောက်။
ခရီးခေါင်းစဉ်နဲ့ တစ်ယောက်တည်း ထွက်လာရတာ ထူးဆန်းတယ်တော့ ထင်မိသည်။ အရင်ကတည်းက အရာပေမဲ့ ပြန်ရောက်လာမှ ပိုပြီးသိသာတာကတော့ တရုတ်မှာ သူငယ်ချင်း တစ်ယောက် နှစ်ယောက်အပြင်မရှိတာပင်။

တော်တော်လေးငယ်တုန်းမှာပဲ ကိုရီးယားကိုထွက်လာခဲ့ပြီး မထွက်လာခင်ကလည်း ပညာရေးကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကို မေ့သွားခဲ့တာ။

ကိုရီးယားမှာက မွေးရပ်မြေလောက် လွတ်လပ်တယ်လို့ မခံစားရပေမဲ့ အနည်းဆုံးတော့ သူငယ်ချင်းတွေ ရခဲ့သေးသည်။

ဖူကျန့်ကိုပြန်လာပြီးကတည်းက အတော်များများနဲ့ အဆက်အသွယ်ကတော့ မရှိသလောက်။

သူငယ်ချင်းတွေနဲ့ထက် အဆက်အသွယ် လုပ်ချင်မိပြီး အဆက်အသွယ်မလုပ်နိုင်ဖြစ်နေရတဲ့ တစ်ယောက်သောသူလည်းရှိပါ၏။

ထယ်ရယ်..။

မကြာသေးခင်ကအထိ အင်တာနက်ပေါ်မှာ ထယ်ရယ့်နာမည်ကို ခဏခဏရိုက်ရှာဖြစ်နေသေးသည်။ မထင်မှတ်ထားတဲ့ အလွမ်းနာကျမှူတွေက တစ်ခါတစ်လေ နှိပ်စက်သလောက် တစ်ဖက်လူရဲ့ အခြေအနေကိုလည်း ဆက်တိုက် သိချင်နေခဲ့သည်။

ကျန်းဟောက်မရှိလည်း အဆင်ပြေနေမှာလို့ ထင်မိဆဲ။
သိထားတဲ့ ထယ်ရယ်က စိတ်မကောင်းဖြစ်စရာတွေကို ကြာကြာသိမ်းထားတဲ့သူမှမဟုတ်တာ။

ထယ်ရယ်တို့ band က ပြည်ပဖျော်ဖြေပွဲတွေအထိ သွားနေရသလို ကျန်းဟောက်နဲ့ တွဲနေစဉ်ကထက် နှစ်ဆလောက်အလုပ်များနေတာ မြင်ရသည်။

ထယ်ရယ့်ရဲ့ ကိုယ်ပိုင်အင်တာနက်စာမျက်နှာတွေမှာတော့ အရင်ကထက်စာရင် update နည်းသွားတယ်ဆိုတာထက် အလုပ်နဲ့သက်ဆိုင်တာမဟုတ်ရင် လူလုံးထွက်ပြတာ မရှိတော့ပေ။

တစ်ယောက်နဲ့တစ်ယောက် ဘာတွေလုပ်နေသလဲဆိုတာကို အပေါ်ယံမြင်ရနေလည်း အပေါ်ယံပဲဆိုတဲ့ အချက်က ဒီအတိုင်းပဲ။

ထယ်ရယ့်ရဲ့ social media account တွေမှာရော ကျန်းဟောက်ရဲ့ social media တွေမှာပါ သက်ဆိုင်ခဲ့တုန်းကအကြောင်းအရာတွေကို ဖျောက်ဖျက်လိုက်ကြပြီဖြစ်ပြီး တကယ်ကို ဘာမှမပတ်သက်တော့ဘူးဆိုတဲ့ အမှန်တရားက နောင်တရချင်စိတ်တွေ ဝင်လာစေသည်။

အချိန်လွန်မှ နောင်တနေရလို့ ပြောင်းလဲသွားမယ့် ကိစ္စတွေလည်း မဟုတ်။

လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကစပြီး အင်တာနက်သုံးတာတွေကို စိတ်ဖြတ်ပစ်လိုက်ကာ အားကစားလုပ်လိုက် အစားကောင်းကောင်းစားလိုက်နဲ့ပဲ ပေကျင်းမှာ နေနေခဲ့၏။

ဖူကျန့်ကိုပြန်မှာပေမဲ့ စိတ်ကူးပေါ်မှ တစ်ခါတည်း ပစ္စည်းတွေ သိမ်းပြီး ထပြန်သွားဖို့ပဲ စဉ်းစားထားသည်။ ပေကျင်းမှာ အလွန်ဆုံး နေလည်းတစ်လပေါ့။

အခုပဲ ပြန်ရင်ကောင်းမလား။

ဖူကျန့်က ဆောင်းရာသီက ကိုရီးယားမှာထက်စာရင် နေလို့ကောင်းသည်။ အခု ဆောင်းရာသီဝင်နေပြီဖြစ်ပြီး အေးစိမ့်စိမ့်ရာသီဥတုမျိုး ပေကျင်းမှာပါ ရှိနေ၏။

ပေကျင်းမှာ ၁၂ လပိုင်းနဲ့ ၁ လပိုင်းတော့ တော်တော်လေး အေးသည်လို့ ကြားဖူးသည်။

အချိန်အားဖြင့် အခုမှ နိုဝင်ဘာရောက်စ။

ညအိပ်ခါနီးဆဲဆဲ ဖုန်းထဲကို message ဝင်လာတာကြောင့် တစ်ချက်ဖွင့်ကြည့်လိုက်သည်။ အရင်က အိမ်ရှင်ဟောင်း အီဂျောင်ဟျွန်းပင်။

" ကျန်းဟောက် ကိုရီးယားကနေ တစ်ခုခုမှာချင်တာမျိုးရှိလား"

" သန်ဘက်ခါ ဖူကျန့်ကို သွားမယ့် လူကြုံရှိတာ။ တစ်ခါတည်း ထည့်ပေးလိုက်ရအောင်လို့"

သတိတရလာပြောတာကြောင့် ပြုံးလိုက်မိသည်။ တစ်လက်စတည်း တယောအသစ်မဝယ်တော့ပဲ တယောအဟောင်းကိုပဲ ပြန်မှာလိုက်တာ ကောင်းမလား။

" အဲ့တာက.. ကိုယ် ပြောင်းသွားတဲ့ အိမ်မှာ တယော ထားခဲ့မိတာလေ"

နောက်ထပ်စကားမဆက်နိုင်ခင်ပဲ အရိပ်အကဲ နားလည်စွာ အီဂျောင်က ပြန်မေးလာ၏။

" တယောပြန်ထည့်ပေးလိုက်ရမလား။ အဲ့ဒီလူကြုံက အားနာစရာမရှိဘူး။ ကျန်းဟောက် တယောပြန်ယူချင်ရင် သွားယူပြီး ထည့်ပေးလိုက်မယ်"

" အင်း။ အဆင်ပြေမှပါ။ သေချာရင်တော့ ပစ္စည်းသယ်ဖို့ ကုန်ကျစရိတ်အကုန် လှမ်းပေးလိုက်မယ်နော် "

" ဟုတ်~!"

စကားအသွားအလာအရဆိုရင် ကျန်းဟောက် နောက်ဆုံးနေခဲ့တဲ့ အိမ်မှာ ထယ်ရယ် ဆက်နေနေသေးပုံရသည်။
အချိန်နည်းနည်းကြာပြီဆိုတော့ ပြောင်းသွားလောက်ပြီ ထင်နေတာ။

တကယ်ပဲ အဆင်ပြေနေပြီ ထင်ပါရဲ့။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

" တယောကို သွားပေးရင် မင်းပဲ သွားပေး။ ငါတော့ မလိုက်နိုင်ဘူး"

" အေးပါဆို"

ညသန်းခေါင်ကြီး တည်းရမယ့်နေရာ ရောက်ရောက်ချင်း ပွစိပွစိပြောနေတဲ့ ထယ်ရယ့်လက်ထဲမှာ ရင်းနှီးပြီးသား အငွေ့အသက်တွေနဲ့ တယောအိတ်နဲ့ ကိုယ်ပိုင် ဂစ်တာအိတ်ကို လွယ်ထားသည်။

လေယာဉ်ပေါ်မှာကတည်းက ပြောလာလိုက်ရတဲ့ စကားတွေက လေဆိပ်ထိမရပ်ရသေးတာကြောင့် မောနေတဲ့ကြားထဲ အတူပါလာတဲ့ ကျန်းဟောက်ရဲ့ တယောကြောင့် စိတ်မသက်သာနိုင်။

ထယ်ရယ် စာလေ့လာဖြစ်နေတယ်ဆိုတာ တခြားမဟုတ်ပဲ တရုတ်စာဖြစ်နေပြီး လေယာဉ်ပေါ်မှာ အစားအသောက်မှာတာက အစ တီးမိခေါက်မိသလောက်နဲ့ ဘာသာပြန်လုပ်ပေးခဲ့ရသည်ကို။

" အီဂျောင်ဟျွန်း အရမ်း ပေါင်းသင်းဆက်ဆံရေးကောင်းတာကို ကြောက်တာ ဒါကြောင့်"

တယောအိတ်ကို ခိုးရယ်နေတဲ့ ပတ်ဟန်ဘင်းလက်ထဲ ထိုးထည့်ပြီး အိပ်ခန်းထဲကို ခပ်သုတ်သုတ်ထွက်ခဲ့၏။

ဘယ်လောက်ပဲ သူတို့ဘာသာသူတို့ ချိတ်ဆက်ထားတယ်ပဲပြောပြော အဲ့တယောက ထယ်ရယ် နေရစ်ခဲ့တဲ့အိမ်မှာ ကျန်နေခဲ့တာလေ။ ထိုကတည်းက ခိုးကြောင်ခိုးဝှက် မဖြစ်နိုင်တော့။

ဖူကျန့်ကို ရောက်တဲ့အချိန်က ဖျော်ဖြေရမယ့်ပွဲချိန်နဲ့ ကပ်နေပြီး မနက်ဖြန်မနက်ကို studio မှာ rehearsal လုပ်ကာ သန်ဘက်ခါနေ့လည် stage rehearsal နဲ့ညဘက်ရောက်ရင် တကယ့်ပွဲစဉ်ကို ဖျော်ဖြေရမည်။

အိပ်ယာအပြောင်းအလဲဖြစ်ရင် အိပ်မပျော်တတ်တော့တဲ့ အကျင့်က ဘယ်ကတည်းက စလာမှန်းမသိတာကြောင့် ဆတ်ကနဲ ပြန်ထထိုင်မိတော့ မနက် ငါးနာရီ။

မြေပုံဖွင့်ကြည့်လိုက်တဲ့အခါ ကမ်းခြေနဲ့ သိပ်မဝေးနေ။ မတုံ့ဆိုင်းတော့ပဲ ဖုန်းနဲ့ ပိုက်ဆံအိတ်ယူကာ ခြေဦးတည့်ရာသို့ လျှောက်ထွက်ခဲ့မိတော့၏။

လေကအေးစိမ့်စိမ့်ဖြစ်နေတာကို သတိမထားမိပေမဲ့ ကံကောင်းစွာပဲ အနွေးထည်ကို ဆွဲယူလာခဲ့မိသည်။ ဒီမှာတော့ အအေးမိလို့မဖြစ်။

ပင်လယ်ကမ်းစပ်မှာ ငုတ်တုတ်ထိုင်နေမိရင်း ဗလာဖြစ်နေတဲ့ စိတ်ကူးတွေက တစ်စစီလွင့်လို့။

ပင်လယ်နားမှာ လာထိုင်ရတာ သဘောကျတယ်ဆိုတဲ့ ကျန်းဟောက်ရော မွေးရပ်မြေမှာ ဘယ်လိုတွေ နေထိုင်နေသလဲမသိရ။

နှလုံးသားထဲ လေးလံနေသည်။ ဖြည်းဖြည်းချင်းထွက်ပေါ်လာတဲ့နေက သတိမထားလိုက်မိခင်ပဲ လင်းလင်းချင်းချင်းဖြစ်လို့နေ၏။

အဲ့လောက်တောင် အတွေးပျံ့သွားသလား။

ဖုန်းကို ပြန်ထုတ်လိုက်ပြီး အချိန်ကြည့်တော့ မနက် ခုနှစ်နာရီခွဲတော့မည်။

အချိန်ကုန် မြန်ချက်ပဲ။

တည်းတဲ့နေရာဆီကို ပြန်ဖို့ လမ်းလျှောက်ရတာ အနည်းငယ်တော့ ချာချာလည်ပေမယ့် စျေးတန်းပတ်ဝန်းကျင်ကိုဖြတ်ရတာတော့ နေမထွက်ခင် လမ်းလျှောက်လာကတည်းက သတိထားမိခဲ့၏။

မနက်စောစောဆိုတော့ ဆိုင်ခန်းတွေလည်း ဖွင့်စပြုနေသလို ကားအသွားအလာလည်း ရှိသည်။ ဖုန်းကို သေချာကြည့်ပြီး သွားလာနေတုန်းမှာပဲ လမ်းကူးဖို့ တစ်နေရာအရောက် ဘေးနားက သက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်ကို အကဲခတ်ကြည့်မိသည်။

စျေးဝယ်ထွက်နေပုံရပြီး တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေကာ လေယူလေသိမ်းက သိတဲ့ တစ်ယောက်ယောက်နဲ့ ဆင်တူသလိုလို။ အသက်အရွယ်ကို မခန့်မှန်းတတ်ပေမဲ့ ကျက်သရေရှိတဲ့ အသွင်အပြင်မျိုးကြောင့် လူချမ်းသာဖြစ်ရမယ်လို့တော့ ထင်လိုက်၏။
ထယ်ရယ့်မေမေထက်တော့ အသက်နည်းနည်းပိုကြီးမယ် ထင်ရရဲ့။

စာလေ့လာတာ ကြိုးကြိုးစားစားဖြစ်ထားတာနဲ့ နားစွန်နားဖျား နားလည်တာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုတောင် မသိမသာဂုဏ်ယူမိလို့။

အကြည့်လွှဲလိုက်ကာ ဖုန်းကို ပြန်ကြည့်လိုက်ချင်းပဲ ဘေးနားက လူရိပ်က ယိုင်ကျသွားတာကို သိလိုက်သည်။ လက်က အမြန်လှမ်း ဆွဲထားလိုက်မိတော့ ခုနက အဒေါ်က အနားရှိတဲ့ မီးတိုင်ကို လက်ထောက်ထား၏။

" အန်တီ အဆင်ပြေရဲ့လား"

တရုတ်လိုပဲ ပြောလိုက်တော့ ခေါင်းငြိမ့်ပြပြီး သေချာပြန်ရပ်ဖို့ ကြိုးစားပေမဲ့ အဆင်မပြေ။

" ဆေးရုံသွားရမယ် ထင်တယ်"

" အိမ်ပဲ ပြန်လို့ရတယ် ကောင်လေး"

ဆေးရုံကို အတင်းခေါ်သွားတယ် ဖြစ်မှာစိုးလို့ ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။ အိမ်ဖြစ်ဖြစ် အဖော်လိုက်ပို့ပေးလိုက်တာ ကောင်းမလားလို့လည်း တွေးမိသား။
ခဏလောက် ကူညီလိုက်လို့ အသားမှပဲ့မပါသွားတာ။

" အဲ့တာဆို ကျွန်တော် အိမ်လိုက်ပို့ပေးပါမယ်"

ဖူကျန့်ကို မနေ့ကမှ ရောက်လာပေမဲ့ ခပ်တည်တည်ပဲ အနားက တက္ကစီတစ်စီး ငှါးလိုက်တော့ အဒေါ်က သူ့လိပ်စာသူ ပြောသည်။

စျေးနဲ့ သိပ်မဝေးတဲ့ အိမ်တစ်အိမ်ရှေ့ကို ရောက်သွားပေမဲ့ တည်းတဲ့ ဟိုတယ်ကို ပြန်ဖို့ မြေပုံသေချာပြန်ကြည့်ရမှာကတော့ ထယ်ရယ့်အပိုင်း။

ကားစီးလာတဲ့ တစ်လျှောက် စကားမပြောပေမယ့် အိမ်ရှေ့မှာ ဆင်းပြီးနောက်တော့ ထယ်ရယ်က အိမ်ထဲ ဝင်တာကြည့်ပြီး ပြန်မယ်လို့ တွေးထားတဲ့တိုင် အိမ်ထဲကိုထိ ဖိတ်သည်။

တကယ်တော့ နိုင်ငံခြားသားမို့ ဒီက လူခံတိုင်းကို သိပ်မယုံရဲပေမဲ့ အိမ်ထဲကို လိုက်သွားခဲ့မိပါ၏။

အိမ်ထဲကိုဝင်လို့ လူသံပေါ်တာနဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ယောက်က အိမ်ခန်းထဲက ထွက်လာသည်။
စကားပြောသွက်တယ်တော့ မဟုတ်ပေမဲ့ နှေးတာလည်း မဟုတ်တဲ့ ထို အဒေါ်နဲ့ အဲ့ဒီ ဦးလေးဟာ ဇနီးမောင်နှံတွေ ဖြစ်ပုံ။

" ဒီကလေးနဲ့ တွေ့ပေလို့ပေါ့။ မဟုတ်ရင် ဘာဖြစ်သွားမလဲတောင် မသိဘူး။ ခေါင်းတွေနောက်လိုက်တာ"

" အဲ့တာကြောင့် တကူးတက စျေးသွားဝယ်မနေပါနဲ့လို့ ပြောသားပဲ။ သားက သူ့ဘာသာသူလည်း စားသောက်တတ်နေတာကို ခရီးကနေအိမ်ပြန်လာတာလေးနဲ့ ဟင်းတွေအများကြီး ချက်ကျွေးချင်နေတာကိုး။ ညကလည်း အလုပ်က ပြန်လာတာ နောက်ကျပြီးတော့ "

တတွတ်တွတ်ပြောရင်း အခန်းထဲကို ဝင်သွားကာ ဆေးသေတ္တာတစ်ခုထုတ်လာသည်။

" ထိုင်ပါအုံး။ အားနာလိုက်တာ အန်ကယ့်အမျိုးသမီးက မထင်ရင် မထင်သလို သွေးတိုးတတ်တယ်လေ။ ကူညီပေးတာ ကျေးဇူးပါပဲ"

စကားပြောတာ ပြတ်တောင်းတောင်းတော့ နိုင်ပေမဲ့ ထယ်ရယ့်ကို ကျေးဇူးတင်စကားပြောတာကြောင့် ပြုံးပြလိုက်သည်။

ဧည့်ခန်းထဲမှာပဲ ထိုင်လိုက်ပြီး အဒေါ့်ကိုလည်း မျက်စိရှေ့တင် သွေးပေါင်ချိန်စက်နဲ့ တိုင်းရင်း ဦးလေးက စစ်ဆေးပေးနေပုံထောက်ရင် ဆရာဝန်ဖြစ်ဟန်တူသည်။

နေရခက်တာကြောင့် ကိုယ့်လက်ဖျားတွေကိုယ်ပဲ ငုံ့ကြည့်နေမိပါ၏။

" ဖူကျန့်သားပဲလား"

ပြောပြောဆိုဆိုမေးတော့ ခေါင်းခါပြလိုက်သည်။

" ကျွန်တော် ကိုရီးယားကနေ ခဏလာခဲ့တာပါ။ အလုပ်ကြောင့် "

ဦးလေးက တစ်ချက်တော့ ပြုံးသည်။ မျက်နှာတည်ပြီး အရှိန်အဝါကြီးတာကြောင့် သိပ်စကားမပြောရဲပေမဲ့ လူကောင်းတွေဆိုတာကိုတော့ ဘာကြောင့်မှန်းမသိ ယုံနိုင်သွားပါ၏။

" လက်ဖက်ရည်သောက်သွားပါအုံးလား။ ကျေးဇူးတင်လို့ပါ "

" ဗျာ"

မနက်ပိုင်း studio သွားရဖို့အချိန်က လိုသေးပေမဲ့ အခုမှမြင်ဖူးတဲ့ သူစိမ်းတွေအိမ်မှာ လက်ဖက်ရည်သောက်ပြီး ထိုင်ဖို့က နည်းနည်းတော့ ကျောချမ်းမိပြန်၏။

အဲ့လိုဆိုရင်တောင် ငြင်းဖို့ကလည်း အားနာဖို့ ကောင်းနေပြန်သည်ပဲ။

" ဟုတ်ကဲ့ "

ဦးလေးက ကရားနဲ့ လက်ဖက်ရည်ခွက်တွေ မီးဖိုချောင်ထဲက သွားယူကာ ထွက်လာပြီး ထယ်ရယ့်ကိုလည်း ငှဲ့ပေးသည်။

" ဦးလေးကျန်း လို့ပဲခေါ်နော် လူလေး"

" အာ..ဟုတ်..ကျွန်တော် ထယ်ရယ်ပါ"

ကျန်းမျိုးရိုးလို့ ကြားလိုက်တော့ တစ်စုံတစ်ယောက်ကို သတိရသွားပြီး ရင်လေးသွားပြန်ပေမဲ့ ပါးချိုင့်တွေနစ်သွားအောင် ပြုံးပြလိုက်သည်။

" ဖူကျန့်မှာ ကြာကြာနေအုံးမှာဆိုရင် တစ်ရက်လောက် အိမ်ကို ထမင်းလာစားပေါ့"

" ဟုတ် "

နေရခက်စွာပဲ သက်ကြီးပိုင်းဇနီးမောင်နှံအနားမှာ ထိုင်နေရင်း ခေါင်းတငြိမ့်ငြိမ့်သာ လုပ်နေမိသည်။ ဘာသာစကားကွာဟမှူကြောင့် တချို့စကားတွေကို သေချာနားမလည်တာကြောင့်လည်းဖြစ်၏။

ဧည့်ခန်းထဲက စားပွဲခုံလေးဘေးမှာ ကလေးပုံလေးတစ်ခု မှန်ဘောင်နဲ့ တင်ထားတာမို့ ဘာရယ်မဟုတ် ခဏတော့ ငေးကြည့်မိသည်။
သားသမီးတော့ရှိတဲ့ပုံပေမဲ့ အဲ့ဒီဓာတ်ပုံလေးကလွဲရင် တခြားအစအနမတွေ့ရဘူးပဲ။

" လူလေးက ဘာအလုပ်လုပ်တာလဲ"

" အနုပညာပါ"

အောင့်သက်သက်ရယ်ရင်း ဖြေလိုက်သည်။ ဒီဘက်နိုင်ငံမှာ ကျန်းဟောက်ဘယ်လို ကြီးပျင်းလာရလဲဆိုတာ ကြားဖူးတာမို့ အနုပညာလုပ်တယ်လို့ ဖြေရတာဟာ ကြောက်ဖို့ကောင်းနေလျက်။

အရိပ်အကဲကြည့်မိတော့ သိပ်သဘောကျဟန်မပေါ်ပေမဲ့ အနုပညာကိစ္စနဲ့ နိုင်ငံခြားကိုရောက်လာတယ်ဆိုတဲ့ အချက်အပေါ်မှာ သဘောကျနေပုံ။

လူကြီးတွေစိတ်က ခန့်မှန်းရခက်လိုက်တာ။

" အန်ကယ်တို့က နှစ်ယောက်လုံး ပြည်သူ့ဆေးရုံကြီးမှာ အလုပ်လုပ်တာ။ သားတစ်ယောက်ရှိပေမဲ့ အိမ်မကပ်ဘူးလေ။"

ဆရာဝန်မိသားစုလို့ ယူဆရပြီး ဘာကြောင့် လူချမ်းသာအရှိန်အယောင်ထွက်နေသလဲဆိုတာ သဘောပေါက်သွားသည်နဲ့ ထယ်ရယ် ပြုံးရုံသာ ပြုံးပြလိုက်သည်။

ချပေးထားတဲ့ လက်ဖက်ရည် ခွက်ကို နှူတ်ခမ်းနား တေ့ကာရှိသေး။ အိမ်ရှေ့တံခါးကနေ တံခါးဖွင့်သံကြား၏။

" ပါး မား ကျွန်တော် ပြန်ရောက်ပြီ"

ကောင်းကောင်းကြီး ရင်းနှီးနေတဲ့ အသံကို ဆင်တူတာလို့ပဲ မှတ်လိုက်ပေမဲ့ ထယ်ရယ်ထိုင်နေတဲ့ နောက်ကျောဘက်ကနေ ဝင်လာတဲ့လူကို မကြည့်မိ။

" ဧည့်သည် ရောက်နေတာလား"

မနေနိုင်စွာ အနောက်ကို လှမ်းကြည့်လိုက်တော့ ကောင်းကောင်းကြီး သိတဲ့လူဖြစ်နေတာမို့ လက်ဖက်ရည်ခွက်တောင် လွတ်ကျတော့မလို။

တစ်ဖက်လူလည်း အံ့ဩသွားဟန်နဲ့ မျက်နှာပျက်သွား၏။

" ထယ်ရယ်?"

"ကျန်းဟောက်?"

အပြန်အလှန် နာမည်ခေါ်လိုက်တာကြောင့် ထယ်ရယ့်ရှေ့က ဦးလေးနဲ့ အဒေါ်ကလည်း အံ့ဩသွားပုံ။

" သား ကျန်းဟောက်နဲ့ အသိလား?"

ဘေးနားက ထွက်လာတဲ့ အသံကို အရင်ခေါင်းခါပြလိုက်ပေမဲ့ နှူတ်က မြန်မြန်မငြင်းနိုင်ခဲ့။

" ကိုရီးယားမှာတုန်းက တစ်အိမ်တည်းနေခဲ့တာ "

မသိချင်ယောင်ဆောင်ဖို့ ငြင်းဟန်ပြုခါနီးပဲ ခပ်သွက်သွက်ဖြေလိုက်တဲ့ ကျန်းဟောက်ကြောင့် မကျေနပ်စွာ သက်ပြင်းချလိုက်သည်။

ကျန်းဟောက်တစ်ယောက် ခရီးဆောင်အိတ်တွေနဲ့ ဘယ်က ပြန်လာပါသလဲ။

ဇာတ်ရည်လည်သွားအောင်ဆို မနက်ခင်း ထယ်ရယ် လမ်းမှာတွေ့တဲ့သူကို ကူညီပေးလိုက်တာက ကျန်းဟောက်ရဲ့ အမေဖြစ်နေခဲ့ပြီး အခုရောက်နေတာကလည်း ကျန်းဟောက်ရဲ့ မွေးရပ်မြေအိမ်ဖြစ်သည်။
စကားတွေပြောနေခဲ့တာကလည်း ကျန်းဟောက်ရဲ့ အဖေပင်။

ထိုအကြောင်းအရာတွေကို ကြားရတဲ့ ကျန်းဟောက်လည်း
မယုံနိုင်ဖြစ်နေမှာပဲ။

ထယ်ရယ့်မှာလည်း ဘယ်လို တိုက်ဆိုင်မှူမျိုးလဲဆိုတာ မသိတော့တဲ့အပြင် ကျန်းဟောက်ကို ပြန်တွေ့နေရရင်း နှစ်သုံးဆယ်လောက်ပျောက်နေတဲ့လူကို ပြန်တွေ့နေရသလို လျှပ်တစ်ပြက်နိုင်မှူဖြစ်နေသည်။
ချက်ချင်းဆိုသလို ခုန်တက်လာတဲ့ သွေးခုန်နှူန်းကတော့ ထင်မှတ်ထားချင်းမရှိတဲ့တိုင် နေသားကျနေသလို။

ထယ်ရယ်က ထပ်တွေ့ရင် မသိချင်ယောင်ဆောင်ထားမယ်ဆိုတာကို ကျန်းဟောက်ကတော့ သိနေသေးကြောင်းပြလိုက်၏။

အကြပ်ရိုက်နေတုန်းပဲ ဖုန်းဝင်လာတာနဲ့ ခွင့်တောင်းကာ ဖုန်းကိုင်လိုက်သည်။
ပတ်ဟန်ဘင်းက အလောတကြီး လေ့ကျင့်မယ့် studio ကိုလာဖို့ လှမ်းခေါ်နေတာပင်။

" နောက်ကျနေပြီလား? ပြောတော့ ဆယ်နာရီမှဆို"

" ကိုးနာရီကို ပြောင်းထားတယ်လေ။ ထယ်ရယ် မင်း ဘယ်တွေလျှောက်သွားနေတာလဲ။ လူပဲမြန်မြန်လာခဲ့တော့ ပစ္စည်းတွေလည်း အကုန်ရောက်နေပြီ။ "

အချိန်ပြောင်းသွားတာကို ညကပြောထားသေးပေမဲ့ မေ့သွားတာ။ လက်ရှိအချိန်က မနက် ရှစ်နာရီနဲ့ ဆယ့်ငါးမိနစ်။

" ငါ..အခု"

စကားဆက်မပြောခင် ဘေးဘီကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချရသည်။

" ကျန်းဟောက်အိမ်မှာ "

" ဘာ?"

" မြန်မြန်လာခဲ့မယ်။ အမှီလာခဲ့မှာ! မဆူနဲ့တော့ "

အလျင်စလို ဖုန်းချလိုက်ပြီးနောက် ရှေ့မှာ ထိုင်နေတဲ့ ဦးလေးနဲ့ အဒေါ်ကို အရင်ရယ်ပြလိုက်သည်။

" ကျွန်တော် အလုပ်ကိစ္စလေး ရှိသေးလို့ သိပ်ကြာကြာနေလို့မရတော့ဘူးရယ်"

ထယ်ရယ် တရုတ်လို ပြောတာကို ကျန်းဟောက်က အံ့ဩသွားပုံရသည်။
အဲ့ဒီနောက် ခဏလေးမှာ သူ့မွေးရပ်မြေမှာသူကျ စကားပြောသွက်တဲ့ ကျန်းဟောက်က ထယ်ရယ် လိုက်မမှီနိုင်တဲ့ စကားပြောနှူန်းနဲ့ သူ့မိဘတွေကို ဧည့်ခန်းထဲက ထသွားအောင် ဘာတွေပြောလိုက်သလဲ မသိ။

ထယ်ရယ်လည်းထပြန်ခါနီး ဧည့်ခန်းထဲမှာ နှစ်ယောက်တည်း ကျန်ခဲ့သည်ပင်။

" အီဂျောင်ပြောတဲ့ တယောသယ်လာပေးမယ့် လူကြုံက?"

" ကျန်းဟောက် တယောကို ယူလာပေးရမယ့်ကိစ္စ ကျွန်တော် သေချာမသိဘူး။ ပတ်ဟန်ဘင်း လာပေးလိမ့်မယ်။ အခုတော့ ကျွန်တော် rehearsal သွားဖို့ ရှိလို့။"

အမှန်တကယ် တိုက်ဆိုင်မှူဖြစ်ကြောင်း ရှင်းပြစရာမလိုတဲ့ ကျန်းဟောက်က မေးခွန်းအများကြီး မမေး။ အဆက်အသွယ်ပြတ်နေတာကို တိုက်ဆိုင်မှူနဲ့ ပြန်တွေ့ရတာကြောင့် အံ့ဩတဩဖြစ်မှူတွေက နှစ်ယောက်လုံးဆီမယ် လှိူက်ဝှေ့နေသည်။

" ဒါနဲ့ သွားရမယ့် နေရာကို သေချာရော သိရဲ့လား"

ကျန်းဟောက်ရဲ့ မေးခွန်းအား ဟင့်အင်းလို့ ဖြေဖို့ကို ပြောရခက်ခက်။ မြေပုံကြည့်ပြီး ကားငှါးသွားရမှာလေ။

" လိပ်စာပြ "

သွားရမယ့် studio လိပ်စာကို တွန့်ဆုတ် တွန့်ဆုတ်နဲ့ ပြလိုက်မိတော့ ကျန်းဟောက်က တစ်ချက်ခေါင်းငြိမ့်သည်။ ထို့နောက် မသိမ်းရသေးတဲ့ ခရီးဆောင်အိတ်နှစ်ခုကို အိမ်ခန်းထောင့်တစ်နေရာ သွားကပ်ထားလိုက်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ယူကာ အိမ်ပြင်ထွက်ဖို့ပုံနဲ့ တံခါးဝနား လှစ်ကနဲ ရောက်သွား၏။

" ကျန်းဟောက်က ဘာလုပ်မှာ? "

" လိုက်ပို့ပေးမယ်။ တစ်ယောက်တည်း ယောင်လည်လည်သွားနေရမှာလေ ဟုတ်တယ်ဟုတ်"

စကားပြောပုံက ဘာလို့ ပိုပြီး သွက်လက်နေရတာလဲ။
ကိုရီးယားလိုပြောတာလည်း ကိုရီးယားမှာ နေတုန်းကထက်စာရင် ပိုပြီး မြန်နေတယ်။

ဘာပဲဖြစ်ဖြစ် နယ်ခံက လိုက်ပို့တာ ပိုကောင်းတာမို့ အထွန့်မတက်တော့ပဲ ခေါင်းငြိမ့်လိုက်သည်။

ကားပေါ်မှာ ဘေးချင်းယှဉ်ထိုင်နေတဲ့အထိ စကားတစ်ခွန်းမှမပြောပဲ ကားမှန်အပြင်ဘက်ကိုသာ ငေးနေမိတယ်။

" စကားပြောတာ အသံထွက်ကောင်းသားပဲ"

" ဒီလိုပါပဲ။ အချိန်ပိုနေတုန်း လေ့လာဖြစ်ထားလို့"

စကားပြတ်ပြတ်တွေ ပြောနေမိတာ မူမမှန်မှန်း ကိုယ့်ကိုယ်ကို သတိထားမိပေမဲ့ မတတ်နိုင်ပေ။

" အမေ့ကို ကူညီပေးထားတယ်ဆိုလို့ ကျေးဇူးပဲ ထယ်ရယ်"

" ရပါတယ်။"

ကားလမ်းတစ်လျှောက်လုံး ငြိမ်နေခဲ့ပြီး သွားလိုရာအရပ်ကို ရောက်မှ ထယ်ရယ် စကားပြန်စပြောဖြစ်သည်။
ကျန်းဟောက်က ဘာကြောင့်မှန်းမသိ ကားကို studio နဲ့တူတာ တစ်ခုမှမမြင်ရတဲ့ လမ်းထောင့်မှာ ရပ်ခိုင်းလိုက်တော့ ထယ်ရယ် တစ်ချက်ကြောင်သွား၏။

" ကိုယ်လည်း ပေကျင်းကနေ ပြန်ရောက်ရောက်ချင်းဆိုတော့ လမ်းတွေ ခဏပြန်ရောသွားတာ။ ထယ်ရယ် သွားရမယ့်လမ်းက တစ်လမ်းလောက် ကျော်ခဲ့ပြီ"

" အာ.."

ဖူကျန့်မှာ တောက်လျှောက်ရှိနေတယ်လို့ ထင်နေတာ။
သေသေချာချာမကြည့်မိလိုက်ပေမဲ့ ကျန်းဟောက်ရဲ့ ဆံပင်တွေက အရင်ကထက်စာရင် ပိုပြီး ခပ်တိုတိုညှပ်ထားကာ မျက်နှာလည်း အနည်းငယ်ပိန်သွား၏။

အရင်က စာဖတ်မှ မျက်မှန်တပ်တာကို အခုတော့ တောက်လျှောက်တပ်နေရပြီထင်ပါရဲ့။ မျက်မှန်ကိုင်းပါးပါးက နှာတံပေါ်မယ် နေရာယူထားလျက်။

တခြားထက် ထင်ကြေးပေးရရင် ကျန်းဟောက်မှာ ထယ်ရယ့်အပေါ် ခံစားချက်မရှိတော့ပုံပဲ။ ထယ်ရယ်လည်း အဲ့လိုပုံစံနဲ့ နေပြရမှာကို။

ပြတ်သွားပြီးကတည်းက မာနထိခိုက်တယ်ဆိုတဲ့ စိတ်နဲ့ ကျန်နေခဲ့ရတာ။ အခုချိန်မှာပါ ထပ်တွယ်ကပ်လိုက်ရင် ပိုပြီး သိက္ခာကျမယ်ခံစားရသည်။

" ဟို..ကျန်းဟောက် ဖေဖေနဲ့ မေမေက ကျွန်တော့်ကို ထမင်းစားဖိတ်ထားသေးပေမဲ့ မလာနိုင်လောက်ဘူး။ မနက်ဖြန် stage ပြီးတာနဲ့ နောက်ရက်နေ့လည်ပြန်မှာဆိုတော့..။ အားနာပေမဲ့ ကျန်းဟောက် တစ်ချက်ကြည့်ပြီး ပြောပေးပါအုံး။"

" ဒါပေမဲ့လည်း ဟန်ဘင်းရော လာဖို့ရှိတယ်မလား။ အတူတူလာရင်လည်း-"

" ကျွန်တော် နားချင်လို့"

" ဟုတ်တာပဲ..ဆောရီး"

အကြည့်ချင်းဆုံတာနဲ့ မူပျက်သွားတာမျိုး ကျန်းဟောက်ဆီမှာ မတွေ့ရတော့သလို ထယ်ရယ်လည်း အံ့ဩရုံမှအပ တခြား အရိပ်အစမပြလိုက်မိဘူးလို့ထင်၏။

သတိရစိတ်မရှိတော့ဘူးလို့ပြောဖို့ရာ ဒီမနက်ကပဲ ကျန်းဟောက်အကြောင်း ထိုင်တွေးခဲ့တာမို့ မဟုတ်ချေ။

သွေးအေးသွားကြတယ်လို့ ခေါင်းစဉ်တပ်ရကောင်းမလား။

သူစိမ်းတွေ ဖြစ်သွားပြီး ခံစားချက်တွေရော တစ်စတစ်စနဲ့ ဝေးလာတဲ့ဖြစ်စဉ်ဟာ တကယ်တမ်းကြုံတဲ့အခါ တစ်မျိုးတစ်ဖုံတော့ ဝမ်းနည်းဖွယ် ဖြစ်ပြန်သည်။

လမ်းတွဲလျှောက်နေတဲ့အချိန်မျိုးတွေ အများကြီးရှိဖူးတာ အတူတူကို မသက်ဆိုင်တော့သူတွေအနေနဲ့ဆိုတာက ထူးဆန်းနေသေးပေမဲ့..။
အရင်လို လက်ဖဝါးတွေကို သွားထိတွေ့လို့မရတာကြောင့် တစ်ဖက်လူမမြင်ခင် လက်ကို ပြန်ပြန်ရုတ်သိမ်းနေရဆဲ။

စိတ်နာမိပေမဲ့ ပြန်တွေ့ရတဲ့အခါ အရာအားလုံးကို ကောင်းကောင်းကြီး အကျင့်ပါနေ၏။

" ရောက်ပြီ ထယ်ရယ်"

ကျန်းဟောက်က တစ်ဖက်ကိုလှည့်ပြီး သတိပေးလိုက်ပေမဲ့ ထယ်ရယ်က စိတ်နဲ့လူနဲ့ မကပ်တာကြောင့် ပုခုံးကို ကိုင်ကာ တစ်ချက် သတိပေးရသည်။

" ကျေးဇူးပဲ ကျန်းဟောက်"

အမှတ်မထင်တွေ့ဆုံမှူကို ထယ်ရယ်က ဘဝင်ကျပုံမရတာမို့ တောင့်ခဲခဲဖြစ်၏။ ကျန်းဟောက်လည်း ပြန်တွေ့ရတာ သဘောကျတယ်မဟုတ်နေဘူးလေ။

လွမ်းနေခဲ့တယ်ဆိုတာတော့ မငြင်းပေမဲ့ ဆိုးရွားတဲ့လမ်းခွဲမှူဖြစ်ခဲ့သည့်ကိစ္စကို..။

အဆောက်အဦထဲကို မဝင်ခင် ထယ်ရယ်က ပြန်လှည့်ကြည့်ပြီး ပြောစရာစကားရှိနေပုံ။

" အခုလို တိုက်တိုက်ဆိုင်ဆိုင်ထပ်တွေ့ဖြစ်ခဲ့ရင် ကျွန်တော့်အပေါ် ကောင်းမပေးနဲ့။ ကျန်းဟောက်နဲ့ အဲ့လိုပုံစံနဲ့ ဒီအခြေအနေရယ်က မလိုက်ဖက်လို့"

" ကောင်းပေးနေတာ မဟုတ်ပါဘူး။"

မတုံ့ဆိုင်းစွာ ကိုယ့်ကိုယ်ကို ပြန်ကာလိုက်တဲ့စကားကို ထယ်ရယ်က ခေါင်းငြိမ့်တယ်။ လိမ်တာလည်း မဟုတ်နေ။
တကူးတကဆိုတဲ့ စိတ်ထက် အလိုလိုကူညီမိလိုက်ရုံမဟုတ်ပါလား။

ထယ်ရယ် ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်တာကြောင့် စောဒကမတက်သလို အထင်လည်းမလွဲမိ။

ရည်းစားဟောင်းတွေဖြစ်နေတာကြောင့် စည်းခြားထားသင့်တာပေါ့။

" ကျွန်တော် သွားပြီနော်"

" အင်း "

ကျောခိုင်းကာ အဆောက်အဦထဲ ခပ်သွက်သွက်ဝင်သွားတဲ့ ထယ်ရယ့်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။

" မလိုက်ဖက်ဘူးဆိုတဲ့ စကားကြီးကတော့ နည်းနည်း..ပြင်းထန်တာပဲ"

တစ်ကိုယ်တည်း အထွန့်တက်လိုက်မိရင်း အသက်ရှူကြပ်သလို ခံစားချက်ကြီးက တိုးဝင်လာရဲ့။

ခရီးကနေ ပြန်ရောက်ရောက်ချင်း အိမ်ထဲမှာ ထယ်ရယ့်ကို တွေ့လိုက်ရတဲ့ အချိန် ဖြစ်သွားတဲ့ ခံစားချက်က ဖော်ပြရခက်ခက်။
ကျန်းဟောက်ရဲ့ အိမ်မှန်းသိပြီး ရောက်နေတာမဟုတ်ဘူးဆိုတာကို နှစ်ခါမေးစရာမလိုပဲ ယုံနိုင်တယ်။

ကျန်းဟောက် အင်တာနက်မသုံးဖြစ်တဲ့အချိန်မှာ ထယ်ရယ်တို့က ဖူကျန့်ကိုလာဖို့ ဖြစ်သွားတာကြောင့် ရုတ်တရက် မသိလိုက်တာဖြစ်မည်။
အီဂျောင်ဟျွန်းက လူကြုံလို့သာပြောတာ ဘယ်သူလို့မှ မပြောပြခဲ့တာလေ။

တွေ့ရတာ ဝမ်းမသာဘူးဆိုတဲ့ ပုံစံတူသွားခဲ့လိမ့်မည်။
သူ့အမြင်ရော ကိုယ့်အမြင်ရော။

မျက်နှာသန့်သန့်က မသိမသာတော့ ပင်ပန်းနေပုံပေါ်သည်။ ထယ်ရယ့်ဆံပင်တွေ ခပ်အုပ်အုပ်ဖြစ်နေပေမဲ့ သပ်သပ်ရပ်ရပ်ပုံကျနေကာ မူလအနက်ရောင်ဆံပင်ကို ပိုနက်အောင်အရောင်တင်ထားတာကြောင့် မျက်နှာအစိတ်အပိုင်းတွေက ပိုပြီးထင်ပေါ်နေ၏။

မျက်နှာကိုမြင်လိုက်ရုံနဲ့ ထိုးတက်လာတဲ့ ရင်ခုန်နှူန်းတွေဟာ အမူအရာနဲ့မပေါ်နိုင်တော့မှန်း ကိုယ့်ကိုယ်ကို သတိထားမိသည်။

ငြိမ်သက်နေတဲ့ ရေပြင်ပေါ် ခဲပစ်ချခံလိုက်ရသလို အခိုက်အတန့်ကြောင့် ညဘက် လွယ်လွယ်အိပ်မပျော်နိုင်တဲ့ကြားက ပိုလို့တောင် အိပ်ရေးပျက်တော့မည်ပဲ။

တည်တည်ငြိမ်ငြိမ်နေဖို့ တော်တော်လေးခက်ခဲနေသယောင် ခံစားချက်အား ဘဝမှာ ပထမဆုံးအနေနဲ့ ထိတွေ့ခဲ့ရသလိုမျိုး..။
စိတ်ကူးထဲမှာ ပြတ်သားနေတာတွေက လက်တွေ့ကျ ယောင်ဝါးဝါးဖြစ်ကုန်တာမျိုး။

မိနစ်ပိုင်းလေးက နောင်တတွေတစ်သီကြီးရနေသမျှကို ပြန်ပြင်ဆင်ချင်စိတ်ပေါ်လာစေသလိုမျိုး..။

တော်ရုံတန်ရုံ ရူးတာမဟုတ်နေ။
ထမင်းစားလာချိန်တောင်မရဘူးဆိုတဲ့သူကို စိတ်ကူးပေါက်ရာတွေ ထပ်သွားလုပ်လို့ ဖြစ်ပါ့မလား။

ဒီအတိုင်းတောင် တော်တော်လေး မုန်းနေလောက်တာကို။

ထိုစဉ် နှစ်ဖက်လုံး မာနထိခိုက်တယ်ဆိုတဲ့ ထောင့်တစ်နေရာကအမြင်ကိုလည်း ဂရုမစိုက်ချင်တော့တဲ့ စိတ်တစ်ခုဟာလည်း ရေးရေးလေးတိုးဝင်လာခဲ့၏။

ကိုရီးယားကို ထွက်လာတုန်းက ရူးမိုက်မိုက်တွေလုပ်ခဲ့သလို ဖူကျန့်ကိုပြန်လာဖို့လည်း ရူးမိုက်မိုက်တွေလုပ်ခဲ့ပြန်သည်။

နှစ်ခုလုံးမှာ ထပ်တူကျတဲ့အချက်က ထွက်ခွါခဲ့တဲ့နေရာတွေကနေ ပတ်သက်မှူကြိုးစ၊ ခံစားချက်ကြိုးစတွေကို မရမကဖြတ်ခဲ့ရတဲ့အချက်ပင်။

နောက်ဆုံးတစ်ကြိမ် ထပ်ပြီး မိုက်ရူးရဲဆန်မယ်ဆို အဆုံးထိ သွားရမှာဖြစ်ပြီး ကိုင်တွယ်ရမယ့်အရာတွေက နှစ်ခွဖြစ်နေတော့မှာပဲ။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

a/n: otp selca လည်းရ challenge လည်းရဆိုတော့ update လည်းတင်လိုက်ပါပြီရှင် ㅠㅠ

Continue Reading

You'll Also Like

12.1K 1.2K 4
Can't the exes be back together.
1.1M 37.7K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
650K 32.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
10.4K 1.3K 10
Kim GyuVin X Han YuJin(GyuJin)