(Complete) 1986 သို့ ကုန်တိုက...

By Delilah_2600

121K 11.1K 62

Author 战火火 Title 带着商城重回1986 MC Jiang Hui ကျန်းဟွေ့ ML Ye Xiao Yu ရဲ့ရှောင်ယွီ Chapter 62 Start 23.8.2023 End... More

ch-1.1
Ch 1.2
Ch 2.1
Ch 3
Ch 4
Ch 5.1
Ch 5.2
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29.1
Ch 29.2
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46.1
Ch 46.2
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54.1
Ch 54.2
Ch 55.1
Ch 54.3
Ch 55.2
Ch 56
Ch 57
Ch 58
Ch 59.1
Ch 59.2
Ch 60.1
Ch 60.2
Ch 61.1
Ch 61.2
Ch 62.1
Ch 62.2

Ch 2.2

2.8K 232 1
By Delilah_2600

Ch 2.2
အသက် 12 နှစ်အရွယ် ကျန်းကျင်းက ချောမောလှပတဲ့ အသွင်အပြင်နဲ့ ရှက်တတ်ပြီး ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ရှိသည်။

အစ်မ နေပြန်ကောင်းလာတာကို မြင်တော့ ဝမ်းသာအားရနဲ့ သူမဆီရောက်လာပြီး "အစ်မ အဆင်ပြေရဲ့လား။"

ကျန်းဟွေ့က သူမကိုပြုံးပြပြီး "အင်း အဆင်ပြေတယ်။"

သူမအမေနှုတ်ခမ်း နည်းနည်းကွဲနေတာကို မြင်တော့ ကျန်းဟွေ့က သူမအတွက် ရေတစ်ခွက်ခပ်ပြီး "အမေ ရေသောက်လိုက်အုံး"

ရဲ့နင်းရှန်က ရေငတ်နေတာကြောင့် ရေခွက်ကိုယူကာ ရေကို တစ်ချက်ထဲ အကုန်သောက်လိုက်သည်။ သူမက ခွက်ကိုချ၍ ကျန်းဟွေ့အား "ဟွေ့ဟွေ့ အမေ အလုပ်သွားလုပ်အုံးမယ်။ အိမ်မှုကိစ္စတွေကို သမီးနဲ့ထားခဲ့လိုက်မယ်။ အိမ်မှာ ညီမလေးကို ဂရုစိုက်။"

ကျန်းဟွေ့က သူမအမေ အလုပ်ကြမ်းတွေ သွားလုပ်တော့မှာကို ကြားပြီး သူမရင်ထဲ ခံရခက်လာသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်သမားတစ်ယောက်အနေနဲ့ လုပ်တာ အရမ်းခက်ခဲပြီး ပင်ပန်းလေ့ရှိသည်။ ဒီလိုအလုပ်မျိုးကို အမျိုး‌သားတွေဘဲ လုပ်လေ့ရှိသည်။

ဒါပေမဲ့ သူမ‌အမေက သူမအဖေလို တာဝန်မဲ့တဲ့လူနဲ့ လက်ထပ်ပြီး အိမ်မှာ အလုပ်လုပ်မဲ့လူမရှိလို့
သူမကိုယ်တိုင် သွားလုပ်လေ့ရှိသည်။

ကျန်းဟွေ့က အခုပြန်လည်‌မွေးဖွားလာပြီး သူမမိသားစုကို တိုးတက်အဆင်ပြေစေမဲ့ နည်းလမ်းကောင်းရှာမတွေ့တာကြောင့်  သူမခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "အမေ စိတ်မပူပါနဲ့ ညီမလေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါမဲ့။"

ရဲ့နင်းရှန်က သူမရဲ့ ဉာဏ်ကောင်းပြီး နာခံမှုရှိတဲ့ သမီးလေးရဲ့ ခေါင်းကို ထိကာ "ကောင်းပြီး"

ကျန်းဟွေ့က သူမညီမရဲ့ မျက်နှာမှာ သိမ်မသိတာတဲ့ အမာရွတ်ကို ကြည့်ကာ အမှတ်ရလိုက်ပြန်သည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူမညီမလေးက အဖေ့ကို ဘာလုပ်ခဲ့မှန်း မသိပေမဲ့ အဖေက သူ့ခါးပတ်ကို ဆွဲထုတ်ပြီး ညီမလေးကို  ပွန်းပဲ့ဒဏ်ရာရတဲ့အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ နဂိုကတည်းက အားနည်းတဲ့ ညီမလေးက
ငိုပြီး ပြာယာခတ်ကာ သေလုမတတ် ဖြစ်ခဲ့သည်။

ကျန်းဟွေ့က ညီမလေးကို ကာကွယ်ရန် အသည်းအသန်ရှေ့သို့ လာခဲ့ပြီး သူမအမေက ခါးပတ်ကို ဆွဲလုရန် အသည်းအသန်လာခဲ့သည်။

နောက်ဆုံးမှာ အဖေက ဒေါသတကြီးနဲ့ တံခါးဖွင့်ပြီး အပြင်ထွက်ကာ အတူသောက်ဖို့ အဖော်သွားရှာပြန်သည်။

ထိုအချိန်တွင် ကျန်းဟွေ့က အနာဂတ်တွင် လက်ထပ်ပါက သူမအဖေလို တာဝန်မဲ့တဲ့ ယောင်္ကျားကို ဘယ်တော့မှ မရှာဘူးလို စိတ်ထဲမှာ ကျိန်ခဲ့သည်။

ဇနီးနဲ့ သမီးတွေကို ထောက်ပံ့ဖို့ ငွေမရှာဘဲ ဇနီးကိုဆပ်ဖို့ အကြွေးတစ်ကိုယ်လုံးစာ ထားခဲ့နဲ့ မိသားစုရဲ့ တာဝန်တစ်ခုလုံးကို ထားခဲ့ပြီး အိမ်တွင်းအကြမ်းဖက်ကာ ဇနီးနဲ့ သမီးတွေကို ထားခဲ့သည်။

တခါက ကျန်းဟွေ့က သူမအမေက မှားပြီး သူမ‌အဖေတွက် ငိုနေတာကိုမြင်တော့ "ငါသာ ငါ့အမေဖြစ်ရင် အဖေ့ကို ကွားရှင်းမယ်။"

1980 ခုနှစ်များတွင် သူမက သူမအဖေကို သမီးအမြင်အရ ဒါဟာ သစ္စာဖောက်မှုဘဲလို့ ပြောခဲ့သည်။ ဒေါသကြီးတဲ့ ဖခင်က ဒေါသဖြင့် နီမြန်းနေသော မျက်နှာဖြင့် သူမကို ပါးရိုက်လိုက်သည်။

ထိုသို ပြတ်သားပြီး ကျယ်လောင်ကာ သနားညှာတာမှုကင်းမဲ့သော ပါးရိုက်မှုကြောင့် ကျန်းဟွေ့ရဲ့ ခေါင်းတစ်ခုလုံး တုန်လှုပ်သွားကာ သူမရဲ့မျက်နှာက နီရဲပြီး ရောင်ရမ်းနေသည်။

ပါးရိုက်တာကို သူမအမြဲသတိရနေခဲ့သည်။ ကျန်းဟွေ့ ငယ်ငယ်လေးကတည်းက သူမအဖေကို နှလုံးသားထဲကနေပြီး မုန်းတီးခဲ့သည်။

သူမအဖေက အရည်အချင်းရှိရင် သူမ၊ သူမအမေနဲ့ ညီမလေးက အဲလောက်ပင်ပန်း‌နေမှာ မဟုတ်ဘူးလို့ အမြဲခံစားနေရသည်။

အတိအကျဆိုရင် သူမငယ်စဉ် ကလေးဘဝကတည်းက သူမအမေနာကျင်ခံစားရတာကို ကြည့်ပြီး သမီးဖြစ်သူက ဒုက္ခရောက်ခဲ့ရ‌တာကြောင့် ကျန်းဟွေ့က အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သတိကြီးကြီး ထားခဲ့သည်။

ငယ်ငယ်က ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေကြောင့် ကျောင်းထွက်ပြီး ရှေ့ရောက်အောင် ကြိုးစားခဲ့ရတဲ့ အကြောင်းအရင်းလည်း ဖြစ်သည်။ သူမအမေနဲ့ ညီမလေးတို့ ဘဝ ပိုကောင်းစေဖို့အတွက် ပိုပြီးကြိုးစားခဲ့သည်။

သူမပြန်လည်မွေးဖွားလာတဲ့အချိန်က သူမအဖေက စီးပွားရေးလုပ်ဖို့ တခြားပြည်နယ်သွားပြီး ပုန်မလာတာ တစ်နှစ်ခွဲကျော်နေပြီ။

နှစ်ကုန်ရင် အကြွေးရှင်တွေ လာကြမယ်။ ထိုမှသာ သူမနဲ့ သူမအမေက ဖခင်က စီးပွားရေးတွင် ငွေကြေးဆုံးရှုံးရုံသာမက တစ်ကိုယ်လုံးအကြွေးတင်နေကြောင်း သိရှိခဲ့ရသည်။ တရုတ်နှစ်သစ်ကူးတုန်းက ပြန်လာဖို့တောင် မဝံ့မရဲဖြစ်ခဲ့ပြီး အကြွေးဆပ်ဖို့ အကြွေးရှင်က ရိက္ခာတွေ လုယက်တာလည်း ခံခဲ့ရသည်။ အဲ့နှစ်က ကျန်းဟွေ့ရဲ့ မိသားစုအတွက် အရှက်ရဆုံးနှစ်လည်းဖြစ်သည်။ ဒီနှစ်က ကျန်းဟွေ့က ပြတ်ပြတ်သားသားနဲ့ ကျောင်းထွက်ပြီး အလုပ်ထွက်လုပ်သည့်နှစ်လည်းဖြစ်သည်။

ကံကောင်းထောက်မစွာ ယခု သူမပြန်လည်မွေးဖွားလာခဲ့သည်။ ဒီဘဝတွင် သူမက ဒီအဖြစ်အပျက်ကြောင့် ဖြစ်ပေါ်လာတဲ့ အနုတ်လက္ခဏာရလဒ်များကို ပြောင်းလဲရန် နည်းလမ်းကို သေချာပေါက် ရှာတွေ့လိမ့်မည်။

ကျန်းဟွေ့က လက်ထဲတွင်ရှိသော ပိုက်ဆံကို တွက်ချက်ကြည့်လိုက်တော့ ငါးဆယ် သုံးဆင့်ဘဲရှိတာကို တွေ့လိုက်ရသည်။ ဒီငွေနဲ့ ဘာလုပ်လို့ရလောက်သလဲ။

ဒီနေက ဩဂုတ်လ 22 ရက်နေ့ ၊ တကယ်လို့ သူမက မြို့တော်ရှိ အဓိက အထက်တန်းကျောင်းကို သွားလိုပါက စက်တင်ဘာ 1 ရက်နေ့မတိုင်ခင် ကျောင်းလခနဲ့ နေထိုင်စရိတ် လုံလောက်စွာ ရှိရမည်။

ကျန်းဟွေ့က mall ကိုပြန်တွေးပြီး အကြွေစေ့ 100 နဲ့ ကနေဦး အရင်းအနှီးကို ပြန်တွေးခဲ့သည်။

သူမညီမလေးကို သူမ့အိမ်စာတွေ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမ့အခန်းထဲကို ဝင်သွားခဲ့သည်။ သူမအတွေးနဲ့ Mall ကိုဖွင့်ပြီး အကြွေစေ့ 100 က ဘာဝယ်လို့ရလဲဆိုတာ သိဖို့ Mall မှာရှိတဲ့ ကုန်ပစ္စည်းတွေကို
စစ်ဆေးကြည့်သည်။

ကျန်းဟွေ့ ‌ Mall မှာ *သမိုင်းမတိုင်ခင်က နေရာ၊
Immortal နေရာ၊ မှော်နေရာ ၊ သိပ္ပံနေရာ၊ ကြယ်စဉ်နေရာ၊ ရှေးခေတ်နေရာ၊ ခေတ်သစ်နေရာ၊ ကိုယ်ခံပညာနေရာနဲ့ စိုက်ပျိုးရေးနေရာ* ကိုတွေ့လိုက်ရသည်။ ခေါက်ဆွဲ စသဖြင့်......

ကျန်းဟွေ့က primordial plane ကို စူးစမ်းလိုစိတ်ဖြင့် နှိပ်လိုက်ရာ အဲ့ နေရာရှိ ပစ္စည်းများရဲ့ အနိမ်ဆုံးမှာ အကြွေစေ့ 1000 နဲ့ အထက် ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

Immortal Cultivation Plane, Magic plane,
Science fiction plane နဲ့ Interstellar plane
တွေအားလုံးဟာ အကြွေစေ့ 1000 နဲ့ စတင်သည်။

ကျန်းဟွေ့က မူလနေရာ၊ ရှေးခတ်နေရာ၊ ခေတ်သစ်နေရာ၊ ကိုယ်ခံပညာနေရာနဲ့ စိုက်ပျိုးရေးနေရာတို့ကို စစ်တေးကြည့်ရာ အကြွေစေ့ 1000 အောက်သာရှိသော ပစ္စည်းများစွာ ရှိကြောင်း တွေ့လိုက်ရသည်။

သူမက အကြွေစေ့ 100 အတွင်း ကုန်ပစ္စည်းများကို ရှာဖွေခဲ့သည်။

နောက်ဆုံးမှာ သူမနဲ့အရင်းနှီးဆုံး ခေတ်မီနေရာမှာ သူမပန်းတိုင်ကို သော့ခတ်ထားဆဲ ဖြစ်သည်။

ဖရဲသီးအစေ့က တစ်ကတ်တီကို 6 ယွမ်

ဟင်းခတ်အမွှေးအကြိုင်ငါးမျိုး၊ နို့မှုန့်၊ caramel ဖရဲသီးစေ့ အကုန်လုံးက တစ်ကတ်တီကို 9ယွမ်

ဝက်သား 28 ယွမ်

အဆီများပြီး အသားနည်းတဲ့ ဝက်သားက 20 ယွမ်

ဂျုံမှုန့် တစ်ကတ်တီကို 3 ယွမ်

ဟေး ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းက သူမ အရင်ဘဝက ဈေးနှုန်းတွေ ဖြစ်ပုံရသည်။

ကျန်းဟွေ့က စိတ်ရှုပ်ထွေးသွားပြီး စနစ်အား "စနစ် ဒီကုန်တိုက်က ဈေးတွေက ဘယ်လိုလဲ၊ တကယ်ဈေးနှုန်းက ဘယ်လိုလဲ"

"1986 မှာရှိတဲ့ ငွေကြေးက အကြွေစေ့ (ယွမ်) နဲ့ 1:80 ဖလှယ်မှုအချိုးရှိတယ်။ ဆိုလိုတာက 1986
က 1 ယွမ်ကို အားပြန်သွင်းတာက အကြွေစေ့ 80 ရနိုင်တယ်"

ကျန်းဟွေ့က ငွေလဲနှုန်းကို ကြားတဲ့အခါ စိတ်သက်သာရာ ရသွားသည်။

သူမက 1970 နှစ်နှစ်တွင် ‌မွေးဖွားခဲ့သည်။ သူမက ရာဇဝင်ချုပ်များကို ဖတ်ရတာ နှစ်သက်ပြီး သက်ဆိုင်ရာ အချက်အလက်တွေကိုလည်း တိုင်ပင်ဆွေးနွေးခဲ့သည်။ ဒီလဲလှယ်မှုအချိုးက ယုံကြည်စိတ်ချရသည်။

စနစ်က "ငွေလဲနှုန်းကို နှစ်တိုင်း ချိန်ညှိမှာ ဖြစ်ပြီး၊ စနစ်က  ဈေးနှုန်းမှားနေတဲ့ ထုန်ကုန်တွေအတွက် ပြန်လည်ချိန်ညှိပေးမှာပါ" ဟု ဆက်လက်ပြောသည်။

ကျန်းဟွေ့က သူမစိတ်ထဲတွင် ဝက်သားပေါက်ဈေးကို တွက်ချက်သည်။

ဒီနှစ်မှာ ဝက်သားပေါက်ဈေးက တစ်ကတ်တီကို 1.8 ယွမ် ဖြစ်သည်။ သူမက 1.8 ယွမ်ကို စနစ်သို့ အားပြန်သွင်းပါက 144 ယွမ် ရှိမည် ဖြစ်သော်‌လည်း ကုန်တိာက်တွင် 5 ကတ်တီ ဝယ်နိုင်မည်ဖြစ်သည်။ ဒါက ဈေးနှုန်းကွာခြားချက်ဘဲ။

အခုအခါ အသားပါသော မုန့်ပေါင်းသည် ဆင့် 20 ကုန်ကျပြီး ဝက်သား တစ်ကတ်တီကို မုန်းပေါင်း 30 ခန့် လုပ်နိုင်သည်။ ဝက်သား ငါးကတ်တီက မုန့်ပေါင်း အခု 150 ရပြီး ယွမ် 30 ရနိုင်သည်။

ဂျုံမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင် တချို့ရဲ့ ကုန်ကျစရိတ်ကို နုတ်ပြီး ယွမ် 30 မှာ အမြတ်ငွေ 27 ယွမ် ရနိုင်သည်။

ထိုသို့တွက်ချက်မှုဖြင့် ကျန်းဟွေ့ မပျော်နိုင်တော့ပေ။ ကျောင်းမထွက်ခင် တစ်ပတ်ဘဲ ရှိသေးသည်၊ ကျူရှင်နဲ့ နေထိုင်စရိတ် အပြည့်အဝ ရနိုင်သည်။

အဆုံးမရှိတဲ့ ကုန်တိုက်ရဲ့ ကျေးဇူးကြောင့် သူမရဲ့ဘဝက အဆုံးမရှိနိုင်တော့ချေ။

1587 worlds

*သမ်ိုင်းမတိုင်ခင်နေရာ......* မြန်မာလိုပြန်ထားလို ဖတ်ရတာထောက်နေရင် အင်္ဂလိပ်လိုဖတ်လိုက်ပါ

Prehistoric plane, immortal plane, magic plane, science fiction plane, interstellar plane, primitive plane, ancient plane, modern plane, martial arts plane, farming plane

Continue Reading

You'll Also Like

4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
32K 2.8K 35
KAPOOR SERIES #BOOK 1 Shruti Gupta a high school teacher crosses paths with Varun Kapoor a well known business man in India . Both were opposites...
804K 68K 35
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.3M 32.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...