လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

De Kaiyou1111

236K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... Mais

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)

375 55 2
De Kaiyou1111

Unicode

“ဘုံး!”

ပြတင်းပေါက် အပြင်ဘက်တွင် လျှပ်စီးနဲ့ မိုးကြိုးသံတွေက ဆူညံနေသည်။

ယောင်္ကျားလေး အဆောင် ၄၀၄ မှလူ ၇ ယောက်က သူတို့ခေါင်းတွေကို တပြိုင်နက်ထဲ မော့လိုက်ကြပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ကြကာ သူတို့မျက်နှာတွေကလဲ ကြောက်လန့်နေကြသည်။

ကောင်းကင်က ကြည်လင်နေပြီး တောက်ပနေသည့် နေရောင်ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။ မိုးကြိုးသံ ထွက်လာချိန်တွင် တိမ်တွေက လူတိုင်းရဲ့ မျက်လုံးတွေအား ကြီးမားသည့် အနက်ရောင် အဝတ်နဲ့ တားဆီးလိုက်သလိုမျိုး ချက်ချင်းကို မဲမှောင်ကြသွားသည်။

မိန်းကလေးတွေကြားမှ ဝမ်ချင်ချင် နဲ့ယောင်္ကျားလေးတွေကြားမှ ဝမ်ဂျဟောင် ကခုံပေါ်မှ ကျလုနီးပါး ဖြစ်သွားပြီး ထိတ်လန့်နေသည့် အမူအရာတွေဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။

ကျန်းဟွေ့ ကသတိလက်လွတ် ထ,ရပ်လိုက်ပြီး ချက်ချင်းပင် အဆောင်မီးအား ဖွင့်လိုက်ပေမဲ့ သူမီးခလုတ်ကို ထိလိုက်ချိန်တွင် သူ့မျက်နှာက ပြောင်းလဲသွားခဲ့သည်။ အခန်းထဲရှိ အလင်းရောင်တွေက ချွတ်ယွင်းနေပုံရကာ သူက ခလုတ်ကို ဘယ်လောက်ပဲနှိပ်နှိပ် မီးမလင်းလာခဲ့ပေ။

ထိုအချိန် အမှောင်ထုထဲတွင် တခြားထူးခြားသည့် ပုံမှန်မဟုတ်သည့် အမှောင်ထုကရှိနေသည်။ ဒါက အရမ်းကို မှောင်မိုက်နေတာကြောင့် မျက်စိရှေ့တွင် လက်ကိုထားရင်တောင် မမြင်နိုင်လောက်အောင်ကို မဲမှောင်နေတာကြောင့် လူတိုင်းရဲ့ နှလုံးသားထဲတွင် ကြောက်လန့်မှုတွေကို တိုးပွားလာစေသည်။

မိန်းကလေး ၄ ယောက်က ကြောက်လန့်စွာဖြင့် ငိုလိုက်ကြပြီး သူတို့က နည်းနည်းလေးတောင် မရွှေ့ရဲပေ။ သူတို့က သူတို့ပတ်ဝန်းကျင်တွင် အခန်းဖော်တွေ ရှိနေကြောင်းကို အသံဖြင့်သာ အတည်ပြုနိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကိုင်ထားကြသည်။

အဆောင်အတွင်း ရင်းနှီးနေမှုကို အသုံးချကာ ကျန်းဟွေ့ ကခြေဖျားထောက်ပြီး နံရံကတဆင့် သူ့ခုံကို ရှာတွေ့သွားခဲ့သည်။ ထို့နောက် သူက ကျွမ်းကျင်စွာဖြင့် အံဆွဲကို ဖွင့်လိုက်ပြီး မီးသီးကို ဆွဲထုတ်လိုက်သည်။

သူအရမ်းပျော်သွားပြီး ခလုတ်ကို နှိပ်လိုက်သည်။ သို့သော် အလင်းရောင်က ပွင့်မလာခဲ့ပေ။

Shit!

“ဘုံး” ပြတင်းပေါက် အပြင်ဘက်မှ နောက်ထပ်မိုးကြိုးသံက ထွက်ပေါ်လာပြီး လျှပ်စီးပါ တစ်ပြိုင်နက်ထဲ ဖြစ်လာသည်။

ဝမ်ချင်ချင် ကတွန့်သွားကာ ဟေးလဲ့ ကိုခေါ်လိုက်သည်။ သူမက အရမ်းကြောက်နေတာကြောင့် တုန်နေပြီး ကြမ်းပြင်တွင် ထိုင်ချမိလုနီးပါး ဖြစ်သွားသည်။

ထိုအခန်းသေးလေးထဲတွင် ပစ္စည်းတွေ အများကြီးနဲ့ လူအများကြီး ရှိနေပြီး ဒါက လူအရမ်းများနေတာကို သေချာမမြင်နိုင်ပေ။

လျှပ်တပြတ် အလင်းရောင်က လူတွေရဲ့ မျက်နှာကို လင်းသွားစေပြီး များပြားလှသည့် အရိပ်အလွှာတွေ ပေါ်လာခဲ့သည်။ ဒါကို လူတွေရဲ့ မျက်လုံးနဲ့ မြင်လိုက်ရရင် သူတို့က အရိုးခြောက်နဲ့တူနေပြီး မျက်လုံးတွေက ဘာမှကို မမြင်နိုင်ပေ။

ထိုအချက်ကို ဖယ်ထားရင်တောင် လူတွေက ကြောက်လန့်ပြီးသားဖြစ်နေပြီး အခုချိန်တွင်တော့ သူတို့မျက်နှာတွေက အမူအရာမဲ့နေတာက ပိုကြောက်ဖို့ကောင်းနေသည်။

ဟေးလဲ့ ကတံတွေးမြိုချလိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူမမျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နှက်နေသည်။ လျှပ်စီးလျှပ်သွားချိန်တိုင်း သူမက အရမ်းကြောက်တာကြောင့် သူမခန္ဓာကိုယ်က တုန်ရီနေပြီး သူမက ဓာတ်လိုက်သွားသလိုမျိုး ထိတ်လန့်သွားကာ သူမဆံပင်မွှေးတွေက ထောင်သွားကြသည်။

ဝမ်ချင်ချင် ကအစတည်းက ဘောလုံးလိုမျိုး ကွေးနေခဲ့ပြီး ဟေးလဲ့ နဲ့မျက်နှာချင်းဆိုင် အရမ်းနီးကပ်သည့် နေရာတွင် ထိုင်နေခဲ့သည်။

လျှပ်စီးက လင်းလာခဲ့သည်။

ဝမ်ချင်ချင် ရဲ့မျက်လုံးတွေက ရှေ့ကိုကြည့်နေရင်း ရုတ်ချည်းပြူးကျယ်သွားပြီး သူမတစ်ကိုယ်လုံးက ထိုနေရာတွင် မလှုပ်မယှက် ရပ်သွားခဲ့သည်။ သူမအမူအရာက အရမ်းကိုထိတ်လန့်နေပုံပေါ်ကာ နှလုံးဖောက်သွားပုံရသည်။ သူမက ပါးစပ်ကို ဖွင့်ထားပြီး တစ်ခုခုအား အရမ်းလန့်နေတာကြောင့် ဘာအသံမှထွက်မလာခဲ့ပေ။

လျှပ်စီးမှ အလင်းဖြင့် ဟေးလဲ့ ကချက်ချင်းပင် ဝမ်ချင်ချင် ရဲ့အမူအရာက တစ်ခုခုဖြစ်နေကြောင်း သိသွားခဲ့သည်။ ဝမ်ချင်ချင် ကသူမအနောက်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့တာကြောင့် သူမနှလုံးသားက အခုန်မြန်လာပြီး သူမခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။

သူမ ဘာတွေးနေမှန်း မသိရပဲ သူမက တောင့်တင်းနေသည့် လည်ပင်းအနေအထားဖြင့် ညာဘက်ကို လှည့်လိုက်ကာ သူမအနောက်မှ အရာအား ကြည့်ဖို့ကြိုးစားလိုက်သည်။

သူမလှည့်လိုက်ချိန် သူမမျက်နှာက တစ်ဖက်မျက်နှာနဲ့ ထိလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုမျက်နှာက သွေးလွှမ်းနေပြီး အပေါက်ရာတွေ၊ ရှုံ့တွနေမှုတွေရှိနေကာ မနှစ်မြို့စရာကောင်းနေသည်။

တစ်ဖက်က ပြုံးလိုက်ပြီး နှုတ်ခမ်းထောင့်က အပေါ်ကို ကွေးတက်သွားပြီး မျက်နှာမှ အကောင်တွေကလဲ လှုပ်ရှားသွားသည်။

အလင်းရောင်တစ်ခုဖြင့် မျက်နှာကို မြင်လိုက်ရသည်။

“အား!!!!” ဟေးလဲ့ ကရုတ်ချည်း အရူးလိုမျိုး ကြမ်းပြင်မှ ခုန်ထ,လိုက်ပြီး သူမခြေထောက်က တစ်ခုခုကို နင်းမိသွားပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

“ခရက်”ဆိုသည့် အသံက ထွက်လာပြီး ထိုအသံက အရိုးကျိုးသံနဲ့ တူနေသည်။

ဟေးလဲ့ ရဲ့ညာဘက် တံတောင်က သူမဘေးမှ ခုံနဲ့တိုက်မိသွားပြီး သူမခန္ဓာကိုယ်က ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

ဟေးလဲ့ ရဲ့မျက်နှာက ရှုံ့တွနေပြီး သူမက နာကျင်မှုကြောင့် ကြမ်းပြင်တွင် လူးလှိမ့်နေကာ အော်ဟစ်နေခဲ့သည်။

အခုတော့ ဟေးလဲ ရဲ့အခြေအနေကြောင့် လူတိုင်းရဲ့ နှလုံးခုန်နှုန်းတွေက မြန်လာကြပြီး မိန်းကလေးတွေရဲ့ ငိုသံတွေက ပိုကျယ်လာပြီး ယောင်္ကျားလေးတွေတောင် ကြောက်လန့်မှုကြောင့် လဲကျကုန်သည်။

လူတိုင်းရဲ့ နှလုံးသားထဲ ကြောက်လန့်မှုက ကြီးဆိုးလာခဲ့သည်။

ဂူလူမင်း ကလမ်းတစ်လျှောက် ရှောင်ချန်း အားအေးဆေးစွာ သယ်လာခဲ့သည်။ ဒါ့အပြင် ဆေးရုံမှ ကျောင်းအထိက လမ်းခရီး အရှည်ကြီးဖြစ်သည်။ ရှောင်ချန်း ကကားစီးသွားဖို့ ပြောပေမဲ့ ထိုလူကတော့ ငြင်းဆန်ခဲ့သည်။

ဂူလူမင်း ကခေါင်းမာစွာပင် ရှောင်ချန်း အားတစ်လမ်းလုံး သယ်လာခဲ့သည်။ ဒါက တစ်နာရီနီးပါးလောက် ရှိနေပေမဲ့ ဂူလူမင်း ကတော့ အေးဆေးတည်ငြိမ်နေကာ မောပန်း၊ ပင်ပန်းနေပုံမရပေ။

လမ်းတစ်လျှောက် လူတိုင်းက သူတို့အား ထူးဆန်းသည့် အမူအရာတွေဖြင့် ကြည့်နေခဲ့ကြသည်။ ရှောင်ချန်း လိမ်လိမ်မာမာဖြင့် သူ့လက်မောင်းတွေအား ထိုလူရဲ့ လည်ပင်းတွင် ချိတ်ထားခဲ့ပြီး အရင်ထဲက ရခဲ့သင့်သည့် ပျော်ရွှင်မှုတွေကို ခံစားနေခဲ့သည်။

သူတို့နှစ်ယောက်က သူတို့ခံစားချက်ထဲတွင် နှစ်မြုတ်နေကြပြီး သူတို့ပတ်ဝန်းကျင်က ဘယ်အရာကမှ သူတို့ကို အနှောက်အယှက် မပေးနိုင်ပေ။

အထူးသဖြင့် ဂူလူမင်း က ရှောင်ချန်း အားကျောပိုးထားရင်း ကျောင်းနားရောက်လာပြီး ကျောင်းသားတွေက သွားချည်လာလှည့် ဖြစ်နေတာတောင် ထိုကျောင်းသားတွေက သူတို့ကို ကြည့်နေတာတောင် သူ(ဂူလူမင်း)က ဂရုမစိုက်ပေ။

ရှောင်ချန်း ကအေးအေးဆေးဆေး နေတက်သူဖြစ်သော်လည်း သူက အရမ်းကို ချောမောသည်။ သူ့တွင် ‘ကျောင်းမြက်လေး’ဆိုသည့် နာမည်ရှိမနေတာက စိတ်မကောင်းစရာပင်။ သူက ကျောင်းပွဲတွေတွင် ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားတာကြောင့်လဲ ထိုနာမည်ကို မရခဲ့တာဖြစ်သည်။ သို့သော် သူ့တွင် ဖန်တွေ မရှိဘူးလို့ မပြောနိုင်ပေ။

လမ်းတစ်လျှောက် ရှောင်ချန်း ကိုသိသည့် ကျောင်းသားတချို့နဲ့ တွေ့ဆုံခဲ့သည်။ သူတို့က ထိုမြင်ကွင်းအား ထိတ်လန့်နေပုံရကာ ထိုနေရာတွင် ငေးကြောင်ကာ ရပ်နေကြသည်။

သို့သော် ချောမောခန့်ညားသည့် ယောင်္ကျားတစ်ယောက်က လမ်းတွင် အေးဆေးစွာ လျှောက်နေပြီး သူ့ကျောတွင် အေးစက်စက်နေတဲ့သည့် လူငယ်လေးကို သယ်ထားတာက ပိုထူးဆန်းနေသည်။ ထို့ကြောင့် ထိုမြင်ကွင်းကို မြင်လိုက်ကြသည့် လူတွေက မနာလိုဖြစ်မိကြသည်။ နောက်ပြီး လူငယ်တွေကတော့ အရာအသစ်တွေကို အလျင်အမြန် လက်ခံကြသည်။ သူတို့ကို ကြည့်နေသည့် မျက်လုံးတွေက အံ့အားသင့်သည့် အကြည့်တွေသာမက ဂုဏ်ပြုနေပုံလဲ ပါဝင်နေသည်။

“ကျွန်တော်က လေးလား?” ရှောင်ချန်း ကခေါင်းမော့လိုက်ပြီး ထိုလူရဲ့နဖူးအား ကြည့်လိုက်သည်။ ဘာချွေးမှ ရှိမနေပေ။

လူငယ်လေးရဲ့ ပေါင်ကို ကိုင်ထားသည့် ထိုလူရဲ့ ညာလက်က ရှောင်ချန်း ရဲ့တင်ပါးကို ရိုက်လိုက်သည်။

ရှောင်ချန်း ရဲ့ခြေထောက်တွေက သတိလက်လွတ် ကွေးသွားသည်။

ထိုလူက ရွှင်မြူးသွားကာ စ,နောက်သည့် အသံဖြင့် ပြုံးကာပြောလိုက်သည်။ “ကလေး ဘယ်လိုထင်လဲ?”

ရှောင်ချန်း ကတွေးလိုက်ပြီး အမှန်အတိုင်း ပြောလိုက်သည်။ “သေချာပေါက် လေးတာပေါ့”

ထိုလူက စကားကို ကြားလိုက်ပြီး ထပ်ရယ်လိုက်သည်။

သူက သူ့တစ်ကမ္ဘာလုံးကို သူ့ကျောမှာ သယ်ထားတာကြောင့် ဘယ်လိုလုပ်ပြီး လေးနိုင်မှာလဲ?

ဂူလူမင်း ရဲ့ခြေထောက်တွေက အဆောင်ဝကို ရောက်ချိန်တွင် ရပ်သွားခြင်းမရှိပဲ ဆက်လျှောက်လိုက်သည်။

ရှောင်ချန်း ရဲ့ခေါင်းက ထိုလူရဲ့လည်ပင်းကြား လှုပ်ရှားသွားခဲ့သည်။ သူက ပုံမှန်မဟုတ်တာကို သတိပြုမိသွားပြီး အသံတိုးလေးနဲ့ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”

ဂူလူမင်း ကခေါင်းမော့လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကာ ဘာမှမပြောပေ။

နေသာနေပြီး သူတို့ပေါ်တွင် နေရောင်က တောက်ပနေပြီး နွေးထွေးနေကာ အရာရာတိုင်းက ပုံမှန်အတိုင်းပင်။

သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး နောက်စက္ကန့်တွင် သူ့မျက်လုံးက အပြင်ဘက်မှ အသွင်အပြင်ကို မြင်လိုက်ရသည်။ အတွင်းပိုင်း မှန်မှတဆင့်ဆိုရင် လျှပ်စီးတွေ၊ မိုးကြိုးတွေနဲ့ ဖြစ်နေပြီး ယင်ချီတွေက ပျံ့ကျဲနေသည်။

ထိုလူက ရှောင်ချန်း အားကျောပေါ်မှ ညင်သာစွာ ချပေးလိုက်ပြီးနောက် လူငယ်လေးရဲ့လက်ကို ကိုင်လိုက်ပြီး သူတို့လက်ချောင်းတွေကို ယှက်လိုက်သည်။

ရှောင်ချန်း မယုံကြည်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ထိုလူရဲ့ မျက်နှာကို ကြည့်လိုက်သည်။

နောက်စက္ကန့်တွင် ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ရှောင်ချန်း ကစိတ်မအေးဆေးနိုင်ခင် လုံးဝကို မဲမှောင်သွားခဲ့သည်။

အနားတွင် လျှောက်နေကြသည့် လူတွေကလဲ ပျောက်သွားကြသည်။

ဒါက သူတို့နှစ်ယောက်ထဲ တခြားကမ္ဘာကို ရောက်သွားသလိုမျိုးပင်။

ထို့နောက် ဘာမှမမြင်ရသည့် ရှောင်ချန်း ကသတိလက်လွတ် ထိုလူရဲ့လက်ကို ညှစ်လိုက်သည်။

ဂူလူမင်း ကလူငယ်လေးရဲ့ စိုးထိတ်မှုကို ခံစားမိသွားပြီး လှည့်လိုက်ကာ ရှောင်ချန်း ကိုကြည့်လိုက်ပြီး အလိုလိုက်သည့် အပြုံးကို ပြုံးပြလိုက်သည်။

သူ့တခြားလက်က လူငယ်လေးရဲ့ ပုခုံးအား တဖြည်းဖြည်း ဖိချလိုက်ပြီး ရှောင်ချန်း ကထိုနေရာတွင် အေးခဲနေခဲ့သည်။

ဂူလူမင်း ကတိုက်ရိုက် မှီချလိုက်ပြီး နူးညံ့ညင်သာစွာဖြင့် သူ့ညာဘက် မျက်တောင်အား နမ်းလိုက်သည်။

ချက်ချင်းပင် ရှောင်ချန်း ရဲ့မျက်လုံးတွေက အလင်းရသွားသလိုမျိုး ပတ်ဝန်းကျင်က ပုံမှန်အတိုင်း ချက်ချင်း ပြန်လင်းသွားခဲ့သည်။

သူက သူရောက်နေသည့် နေရာတွင်သာ ရပ်နေပြီး ထိုလူရဲ့ အညိုရောင် မျက်လုံးတွေကို ကြည့်နေခဲ့သည်။ ရှောင်ချန်း ရဲ့နှုတ်ခမ်းတွေက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

ထိုလူရဲ့ မျက်နှာအသွင်အပြင် ပြောင်းလဲမှုက အရင်ကနဲ့ယှဉ်ရင် အတော်လေး များပြားလွန်းသည်။ အထူးသဖြင့် သူ့ကို ကြည့်နေချိန်တွင် ချစ်ခြင်းမေတ္တာတွေက များပြားလွန်းတာကြောင့် လျှံကျနေသလိုပင်။

ရှောင်ချန်း ရဲ့နှလုံးက ချက်ချင်းပင် မြန်လာပြီး သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။

ဒါက နေ့အချိန်လင်းနေတာနဲ့ တူမနေပေ။ သူ့ဦးနှောက်တွင် ပတ်ဝန်းကျင်က မဲမှောင်နေတုန်းဆိုတာ သိနေခဲ့ပြီး သူ့ပတ်လည်မှ အေးစက်မှုတွေကို ခံစားရပြီး နည်းနည်းတော့ ချောက်ချားစရာပင်။

“ဘုံး” မိုးကြိုးနဲ့ လျှပ်စီးသံက ထွက်လာခဲ့သည်။

သူ့ရှေ့မှ မြင်ကွင်းက ရှောင်ချန်း တစ္ဆေအား မြင်လိုက်ရချိန်နဲ့ အတိအကျကို တူနေသည်။

“ဒါက ဘယ်မှာလဲ?” ရှောင်ချန်း မေးလိုက်သည်။

ထိုလူက မျက်လုံးအား ကျဉ်းမြောင်းလိုက်ပြီး “ဒါက သူတို့ ဆင့်ခေါ်လိုက်တဲ့ တစ္ဆေရဲ့ အမဲလိုက်နေရာပဲ၊ နောက်ပြီး ပုံရိပ်ယောင်ကမ္ဘာလို့လဲ ပြောလို့ရတယ်”

ထိုလူက လူငယ်လေး နားမလည်တာကို သိနေတာကြောင့် စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်သည်။ “တစ္ဆေတိုင်းက ကိုယ်ပိုင်နေရာဆိုတာ ရှိတယ်။ ပတ်ဝန်းကျင်က တကယ့်ကမ္ဘာနဲ့မခြားတဲ့ ပုံရိပ်ယောင်ကမ္ဘာပဲ။ ဒီတစ္ဆေတွေက သူတို့ကိုယ်ပိုင် တစ္ဆေနေရာမှာ ဖမ်းချုပ်ပြီး သူတို့ကို တဖြည်းဖြည်းချင်းစီး နှိပ်စက်ညှင်းစဲတက်ကြတယ်”

ရှောင်ချန်း ကခေါင်းညိတ်လိုက်ပြီးနောက် ကျန်းဟွေ့ နဲ့တခြားသူတွေကို တွေးမိသွားပြီး ပြောလိုက်သည်။ “ဒါဆို သူတို့...”

ထိုလူရဲ့ ရှောင်ချန်း ရဲ့လက်ကို ကိုင်ထားပြီး သူ့စိတ်ကို သိနေတာကြောင့် နူးညံ့စွာ ပြောလိုက်သည်။ “သွားရအောင်”

လူ ၇ ယောက်အုပ်စုက အရူးလိုမျိုး အဆောင်ထဲမှ ပြေးထွက်လာကြပြီး သူတို့နောက်တွင် အန္တရာယ်ရှိသည့် တစ်ခုခု ရှိနေသလိုမျိုး အလျင်အမြန် ထိတ်လန့်စွာဖြင့် ပြေးလွှားနေကြသည်။

သူတို့က အမှောင်ထဲတွင် ပြေးလွှားနေကာ တစ်ချက်တစ်ချက် လင်းလာသည့် အလင်းရောင်ကို အမှီပြုကာ သွားနေရင်း သူတို့ဘေးတွင် ဘယ်သူမှ ရှိမနေတာကို သတိပြုမိလိုက်သည်။

သူတို့က ဝင်္ကပါတွင် လမ်းလျှောက်နေသလိုမျိုး သူတို့ ဘယ်လောက်ပဲ သွားနေပါစေ စင်္ကြံလမ်းတွင်သာ ရှိနေပြီး လှေကားကို မမြင်ရပေ။

ကျိုးခဲယု ကရှေ့ကို ပြေးသွားရင်း အခန်းတွေကို ရေတွက်နေခဲ့သည်။ လှေကားနားက အဆောင်နား ရောက်လာချိန်တွင် သူ့နှလုံးကခုန်သွားခဲ့သည်။

သူတို့က အဆောင်နံပါတ် ၄၀၄ ကိုပြန်ရောက်လာတာကြောင့်ပဲ!

“ငါ မသေချင်ဘူး! ငါ ငယ်ငယ်လေး ရှိသေးတာ! ငါ မသေချင်သေးဘူး!” ဟေးလဲ့ ရဲ့အမူအရာက အနည်းငယ် ရူးသွပ်နေသည်။ သူမလက်တွေက ကျိုးလုနီးပါး ဖြစ်နေတာကြောင့် တွန့်လိမ်နေပြီး သွေးတွေက စီးကျနေသည်။

သူမမျက်နှာက ရှုံ့တွနေပြီး နာကျင်မှုတွေနဲ့ ကြောက်လန့်နေမှုက ရောနှောနေကာ သူမမျက်လုံး နှစ်လုံးက ပြူးကျယ်နေပြီး ကျွတ်ထွက်တော့မလို ဖြစ်နေသည်။

သူမက အော်ဟစ်ငိုယိုနေပြီး သူမခန္ဓာကိုယ် မထိန်းချုပ်နိုင်အောင် တုန်ရီနေကာ သူမစိတ်အခြေအနေကလဲ ပြိုလဲနေသည်။

တစ္ဆေက ဟေးလဲ့ အတွက် အထူးသီးသန့် အသွင်အပြင်ကို ပြသပုံရပြီး သူမမျက်လုံးတွေရှေ့တွင် အပြစ်သားအပြုံးဖြင့် ပေါ်လာခဲ့သည်။

ဟေးလဲ့ ကလုံးဝကို ရူးချင်သွားခဲ့သည်။ သူမရဲ့ ဒဏ်ရာရမနေသည့် လက်ဖြင့် အားအနည်းဆုံး၊ အရပ်အပုဆုံးဖြစ်သည့် ဝူထျန်မိုင် ကိုဆွဲလိုက်သည်။ မိန်းကလေးရဲ့ မျက်နှာက ထိတ်လန့်နေသည့် အမူအရာဖြင့် သူမက ဝမ်ထျန်မိုင် အားကော်လာမှ ဆွဲလိုက်ပြီး တစ္ဆေဆီဆွဲသွားလိုက်သည်။

ငိုနေရင်းနဲ့ ဆွဲသွားလိုက်ကာ “သူမကို သတ်လိုက်၊ ငါ့ကို နာအောင်မလုပ်နဲ့!!”

ဝူထျန်မိုင် က ‘ဘမ်း’ဆိုသည့် အသံနဲ့အတူ ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရပြီး သူမခေါင်းကို မော့လိုက်သည်။ သူမမျက်လုံးတွေက အပြင်းအထန် လှုပ်ရှားသွားခဲ့သည်။

အဖြူရောင်တစ္ဆေက သူမကို ပြုံးပြနေပြီး သူမရဲ့သွေးလွှမ်းနေသည့် ပါးစပ်က ယဇ်ပူဇော်သည့် ပုလင်းလိုမျိုး ကျယ်လောင်စွာ ဖွင့်ထားခဲ့သည်။ သူမမျက်နှာက ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာကို သူမမြင်နိုင်ပြီး တစ္ဆေရဲ့ မျက်နှာတွင် ပိုးမွှားတွေက သူမမျက်နှာ ညာဘက်အခြမ်းမှ တွားသွားထွက်လာကြကာ သူမပါးစပ်ထဲကို တိုးဝင်သွားပုံက အတော်လေး မနှစ်မြို့စရာပင်။

“အား အား အား အား အား အား” ဝူထျန်မိုင် ကအရမ်းလန့်သွားပြီး ကြမ်းပြင်မှ အလူးအလဲထ,လိုက်သည်။ သူမဘေးမှ ကျန်းဟွေ့ ကလျင်မြန်စွာဖြင့် ထိုအခြေအနေအား အခွင့်ကောင်းယူကာ သူမအား ဆွဲထူလိုက်သည်။

ယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေရဲ့ အမူအရာတွေ ရှုပ်ထွေးနေကာ ဟေးလဲ့ ကိုကြည့်နေကြရင်း သူတို့က စိတ်ပျက်မှုနဲ့ ဒေါသတွေကို ခံစားလိုက်ရသည်။

တစ္ဆေက စ,နောက်လို့ လုံလောက်သွားပုံပေါ်ကာ ရှေ့တိုးလာပြီး ကျိုးခဲယု ရဲ့မေးကို ဆွဲလိုက်ပြီး သူ့အား မြှောက်လိုက်သည်။

ချက်ချင်းပင် ကျိုးခဲယု ကထိတ်လန့်သွားပြီး တစ္ဆေဖြူရဲ့ ခန္ဓာကိုယ်အား ကန်လိုက်သည်။ လက်နှစ်ဖက်လုံးက သူ့လည်ပင်းတွင် ရှိနေသည့် လက်ကို ဖမ်းဆုပ်လိုက်ပြီး သူ့အသက်ရှူမှုတွေက ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

သို့သော် သူ့အသက်ရှင်လိုမှုကြောင့် သူ့မျက်နှာက သွေးရောင်လွှမ်းနေတာတောင် အပြင်းအထန် ရုန်းကန်လိုက်သည်။

နောက်ပြီး သူ တကယ့်ကို မသေချင်သေးပေ။

တစ်ဖက်မှ ဝမ်ဂျဟောင် ကသတ္တိအနည်းဆုံးဖြစ်ပေမဲ့ ဘာလုပ်ရမှန်းမသိပဲ ရှေ့တိုးလာခဲ့သည်။ သူက ကျိုးခဲယု ရဲ့လည်ပင်းမှ လက်တွေကို ဖမ်းချုပ်လိုက်ပြီး တစ္ဆေဖြူလက်ထဲမှ လွှတ်မြောက်စေဖို့ ကြိုးစားနေခဲ့သည်။

တကယ့်ကို လှုပ်မရပေ။

ထိုအချိန်တွင် ပတ်ဝန်းကျင်က အတော်လေး ပွတ်လောရိုက်နေသည်။ မိန်းကလေးတွေက အရမ်းကို ကြောက်လန့်နေကြပြီး သူတို့ခြေထောက်တွေက ပျော့ခွေနေသည်။ ထောင့်ဘက်မှ ဟေးလဲ့ ကသူမမျက်နှာအား အရူးလိုမျိုး နံရံနဲ့ ပွတ်သပ်နေပြီး အော်နေခဲ့သည်။ “ငါ့ကို မသတ်ပါနဲ့! ငါ့ကို မသတ်ပါနဲ့!”

ပတ်ဝန်းကျင် အခြေအနေက အဆုံးမသတ်ခင် ကျန်းဟွေ့ က ဝူထျန်မိုင် ရဲ့ခံစားချက်အား လျော့ပါးသွားစေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

လူတိုင်းရဲ့ နှလုံးသားက စိတ်ဓာတ်ကျမှုတွေနဲ့ လဲပြိုနေသည်။

ထိုခဏ လူတိုင်းတွင် တူညီသည့် အတွေးသာရှိကြသည်။

ပြီးသွားပြီ၊ သူတို့သေမှာ!

ရုတ်ချည်း ဖမ်းချုပ်ထားသည့် တစ္ဆေဖြူက ကျိုးခဲယု ရဲ့လည်ပင်းကို လွှတ်ချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ့အော်သံက အပိုင်းပိုင်း အစစ ဖြစ်သွားသလိုမျိုး အက်ရှနေပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ့မျက်နှာက ရှုံ့တွနေတာက ပိုကောင်းဖို့ကောင်းသည်။

မနှစ်မြို့စရာ မျက်နှာတစ်ခုလုံးက ရှုံ့တွနေပြီး တီကောင်တွေက ပတ်ပတ်လည်တွင် တွန့်လိမ်လှုပ်ရှားနေသည်။

ကျိုးခဲယု ကကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရပြီး အပြင်းအထန် ချောင်းဆိုးလိုက်ကာ ဝမ်ဂျဟောင် ရဲ့အခြေအနေကလဲ အရမ်းမကောင်းပေ။ သူတို့နှစ်ယောက် တစ္ဆေဖြူရဲ့ အခြေအနေအား ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတော့ လူတိုင်းက တစ္ဆေဖြူရဲ့ အနောက်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေတာကို သတိပြုမိသွားခဲ့သည်။

“ဘုံး” နောက်ထပ် ကျယ်လောင်သည့် အသံက ထွက်လာခဲ့သည်။

လျှပ်စီးမှ အလင်းရောင်က ထွက်ပေါ်လာပြီး ကြောက်လန့်နေကြသည့် လူ ၇ ယောက်က သူတို့နှစ်ယောက်မှ တစ်ယောက်ရဲ့ မျက်နှာကို မြင်လိုက်သည်...

ရှောင်ချန်း ပဲ။

24.8.2023
.................

Zawgyi

“ဘုံး!”

ျပတင္းေပါက္ အျပင္ဘက္တြင္ လွ်ပ္စီးနဲ႔ မိုးႀကိဳးသံေတြက ဆူညံေနသည္။

ေယာက်ၤားေလး အေဆာင္ ၄၀၄ မွလူ ၇ ေယာက္က သူတို႔ေခါင္းေတြကို တၿပိဳင္နက္ထဲ ေမာ့လိုက္ၾကၿပီး ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္လိုက္ၾကကာ သူတို႔မ်က္ႏွာေတြကလဲ ေၾကာက္လန႔္ေနၾကသည္။

ေကာင္းကင္က ၾကည္လင္ေနၿပီး ေတာက္ပေနသည့္ ေနေရာင္႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားခဲ့သည္။ မိုးႀကိဳးသံ ထြက္လာခ်ိန္တြင္ တိမ္ေတြက လူတိုင္းရဲ႕ မ်က္လုံးေတြအား ႀကီးမားသည့္ အနက္ေရာင္ အဝတ္နဲ႔ တားဆီးလိုက္သလိုမ်ိဳး ခ်က္ခ်င္းကို မဲေမွာင္ၾကသြားသည္။

မိန္းကေလးေတြၾကားမွ ဝမ္ခ်င္ခ်င္ နဲ႔ေယာက်ၤားေလးေတြၾကားမွ ဝမ္ဂ်ေဟာင္ ကခုံေပၚမွ က်လုနီးပါး ျဖစ္သြားၿပီး ထိတ္လန႔္ေနသည့္ အမူအရာေတြျဖင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။

က်န္းေဟြ႕ ကသတိလက္လြတ္ ထ,ရပ္လိုက္ၿပီး ခ်က္ခ်င္းပင္ အေဆာင္မီးအား ဖြင့္လိုက္ေပမဲ့ သူမီးခလုတ္ကို ထိလိုက္ခ်ိန္တြင္ သူ႔မ်က္ႏွာက ေျပာင္းလဲသြားခဲ့သည္။ အခန္းထဲရွိ အလင္းေရာင္ေတြက ခြၽတ္ယြင္းေနပုံရကာ သူက ခလုတ္ကို ဘယ္ေလာက္ပဲႏွိပ္ႏွိပ္ မီးမလင္းလာခဲ့ေပ။

ထိုအခ်ိန္ အေမွာင္ထုထဲတြင္ တျခားထူးျခားသည့္ ပုံမွန္မဟုတ္သည့္ အေမွာင္ထုကရွိေနသည္။ ဒါက အရမ္းကို ေမွာင္မိုက္ေနတာေၾကာင့္ မ်က္စိေရွ႕တြင္ လက္ကိုထားရင္ေတာင္ မျမင္ႏိုင္ေလာက္ေအာင္ကို မဲေမွာင္ေနတာေၾကာင့္ လူတိုင္းရဲ႕ ႏွလုံးသားထဲတြင္ ေၾကာက္လန႔္မႈေတြကို တိုးပြားလာေစသည္။

မိန္းကေလး ၄ ေယာက္က ေၾကာက္လန႔္စြာျဖင့္ ငိုလိုက္ၾကၿပီး သူတို႔က နည္းနည္းေလးေတာင္ မေ႐ႊ႕ရဲေပ။ သူတို႔က သူတို႔ပတ္ဝန္းက်င္တြင္ အခန္းေဖာ္ေတြ ရွိေနေၾကာင္းကို အသံျဖင့္သာ အတည္ျပဳႏိုင္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ကိုင္ထားၾကသည္။

အေဆာင္အတြင္း ရင္းႏွီးေနမႈကို အသုံးခ်ကာ က်န္းေဟြ႕ ကေျခဖ်ားေထာက္ၿပီး နံရံကတဆင့္ သူ႔ခုံကို ရွာေတြ႕သြားခဲ့သည္။ ထို႔ေနာက္ သူက ကြၽမ္းက်င္စြာျဖင့္ အံဆြဲကို ဖြင့္လိုက္ၿပီး မီးသီးကို ဆြဲထုတ္လိုက္သည္။

သူအရမ္းေပ်ာ္သြားၿပီး ခလုတ္ကို ႏွိပ္လိုက္သည္။ သို႔ေသာ္ အလင္းေရာင္က ပြင့္မလာခဲ့ေပ။

Shit!

“ဘုံး” ျပတင္းေပါက္ အျပင္ဘက္မွ ေနာက္ထပ္မိုးႀကိဳးသံက ထြက္ေပၚလာၿပီး လွ်ပ္စီးပါ တစ္ၿပိဳင္နက္ထဲ ျဖစ္လာသည္။

ဝမ္ခ်င္ခ်င္ ကတြန႔္သြားကာ ေဟးလဲ့ ကိုေခၚလိုက္သည္။ သူမက အရမ္းေၾကာက္ေနတာေၾကာင့္ တုန္ေနၿပီး ၾကမ္းျပင္တြင္ ထိုင္ခ်မိလုနီးပါး ျဖစ္သြားသည္။

ထိုအခန္းေသးေလးထဲတြင္ ပစၥည္းေတြ အမ်ားႀကီးနဲ႔ လူအမ်ားႀကီး ရွိေနၿပီး ဒါက လူအရမ္းမ်ားေနတာကို ေသခ်ာမျမင္ႏိုင္ေပ။

လွ်ပ္တျပတ္ အလင္းေရာင္က လူေတြရဲ႕ မ်က္ႏွာကို လင္းသြားေစၿပီး မ်ားျပားလွသည့္ အရိပ္အလႊာေတြ ေပၚလာခဲ့သည္။ ဒါကို လူေတြရဲ႕ မ်က္လုံးနဲ႔ ျမင္လိုက္ရရင္ သူတို႔က အ႐ိုးေျခာက္နဲ႔တူေနၿပီး မ်က္လုံးေတြက ဘာမွကို မျမင္ႏိုင္ေပ။

ထိုအခ်က္ကို ဖယ္ထားရင္ေတာင္ လူေတြက ေၾကာက္လန႔္ၿပီးသားျဖစ္ေနၿပီး အခုခ်ိန္တြင္ေတာ့ သူတို႔မ်က္ႏွာေတြက အမူအရာမဲ့ေနတာက ပိုေၾကာက္ဖို႔ေကာင္းေနသည္။

ေဟးလဲ့ ကတံေတြးၿမိဳခ်လိုက္ၿပီး ေအာက္ႏႈတ္ခမ္းကို ကိုက္ထားကာ သူမမ်က္လုံးေတြက မ်က္ရည္ေတြနဲ႔ ျပည့္ႏွက္ေနသည္။ လွ်ပ္စီးလွ်ပ္သြားခ်ိန္တိုင္း သူမက အရမ္းေၾကာက္တာေၾကာင့္ သူမခႏၶာကိုယ္က တုန္ရီေနၿပီး သူမက ဓာတ္လိုက္သြားသလိုမ်ိဳး ထိတ္လန႔္သြားကာ သူမဆံပင္ေမႊးေတြက ေထာင္သြားၾကသည္။

ဝမ္ခ်င္ခ်င္ ကအစတည္းက ေဘာလုံးလိုမ်ိဳး ေကြးေနခဲ့ၿပီး ေဟးလဲ့ နဲ႔မ်က္ႏွာခ်င္းဆိုင္ အရမ္းနီးကပ္သည့္ ေနရာတြင္ ထိုင္ေနခဲ့သည္။

လွ်ပ္စီးက လင္းလာခဲ့သည္။

ဝမ္ခ်င္ခ်င္ ရဲ႕မ်က္လုံးေတြက ေရွ႕ကိုၾကည့္ေနရင္း ႐ုတ္ခ်ည္းျပဴးက်ယ္သြားၿပီး သူမတစ္ကိုယ္လုံးက ထိုေနရာတြင္ မလႈပ္မယွက္ ရပ္သြားခဲ့သည္။ သူမအမူအရာက အရမ္းကိုထိတ္လန႔္ေနပုံေပၚကာ ႏွလုံးေဖာက္သြားပုံရသည္။ သူမက ပါးစပ္ကို ဖြင့္ထားၿပီး တစ္ခုခုအား အရမ္းလန႔္ေနတာေၾကာင့္ ဘာအသံမွထြက္မလာခဲ့ေပ။

လွ်ပ္စီးမွ အလင္းျဖင့္ ေဟးလဲ့ ကခ်က္ခ်င္းပင္ ဝမ္ခ်င္ခ်င္ ရဲ႕အမူအရာက တစ္ခုခုျဖစ္ေနေၾကာင္း သိသြားခဲ့သည္။ ဝမ္ခ်င္ခ်င္ ကသူမအေနာက္ကို မ်က္လုံးအျပဴးသားျဖင့္ စိုက္ၾကည့္ေနခဲ့တာေၾကာင့္ သူမႏွလုံးသားက အခုန္ျမန္လာၿပီး သူမခႏၶာကိုယ္က ေတာင့္တင္းသြားခဲ့သည္။

သူမ ဘာေတြးေနမွန္း မသိရပဲ သူမက ေတာင့္တင္းေနသည့္ လည္ပင္းအေနအထားျဖင့္ ညာဘက္ကို လွည့္လိုက္ကာ သူမအေနာက္မွ အရာအား ၾကည့္ဖို႔ႀကိဳးစားလိုက္သည္။

သူမလွည့္လိုက္ခ်ိန္ သူမမ်က္ႏွာက တစ္ဖက္မ်က္ႏွာနဲ႔ ထိလုနီးပါး ျဖစ္သြားခဲ့သည္။ ထိုမ်က္ႏွာက ေသြးလႊမ္းေနၿပီး အေပါက္ရာေတြ၊ ရႈံ႕တြေနမႈေတြရွိေနကာ မႏွစ္ၿမိဳ႕စရာေကာင္းေနသည္။

တစ္ဖက္က ၿပဳံးလိုက္ၿပီး ႏႈတ္ခမ္းေထာင့္က အေပၚကို ေကြးတက္သြားၿပီး မ်က္ႏွာမွ အေကာင္ေတြကလဲ လႈပ္ရွားသြားသည္။

အလင္းေရာင္တစ္ခုျဖင့္ မ်က္ႏွာကို ျမင္လိုက္ရသည္။

“အား!!!!” ေဟးလဲ့ က႐ုတ္ခ်ည္း အ႐ူးလိုမ်ိဳး ၾကမ္းျပင္မွ ခုန္ထ,လိုက္ၿပီး သူမေျခေထာက္က တစ္ခုခုကို နင္းမိသြားၿပီး ၾကမ္းျပင္ေပၚ လဲက်သြားခဲ့သည္။

“ခရက္”ဆိုသည့္ အသံက ထြက္လာၿပီး ထိုအသံက အ႐ိုးက်ိဳးသံနဲ႔ တူေနသည္။

ေဟးလဲ့ ရဲ႕ညာဘက္ တံေတာင္က သူမေဘးမွ ခုံနဲ႔တိုက္မိသြားၿပီး သူမခႏၶာကိုယ္က ၾကမ္းျပင္ေပၚ လဲက်သြားခဲ့သည္။

ေဟးလဲ့ ရဲ႕မ်က္ႏွာက ရႈံ႕တြေနၿပီး သူမက နာက်င္မႈေၾကာင့္ ၾကမ္းျပင္တြင္ လူးလွိမ့္ေနကာ ေအာ္ဟစ္ေနခဲ့သည္။

အခုေတာ့ ေဟးလဲ ရဲ႕အေျခအေနေၾကာင့္ လူတိုင္းရဲ႕ ႏွလုံးခုန္ႏႈန္းေတြက ျမန္လာၾကၿပီး မိန္းကေလးေတြရဲ႕ ငိုသံေတြက ပိုက်ယ္လာၿပီး ေယာက်ၤားေလးေတြေတာင္ ေၾကာက္လန႔္မႈေၾကာင့္ လဲက်ကုန္သည္။

လူတိုင္းရဲ႕ ႏွလုံးသားထဲ ေၾကာက္လန႔္မႈက ႀကီးဆိုးလာခဲ့သည္။

ဂူလူမင္း ကလမ္းတစ္ေလွ်ာက္ ေရွာင္ခ်န္း အားေအးေဆးစြာ သယ္လာခဲ့သည္။ ဒါ့အျပင္ ေဆး႐ုံမွ ေက်ာင္းအထိက လမ္းခရီး အရွည္ႀကီးျဖစ္သည္။ ေရွာင္ခ်န္း ကကားစီးသြားဖို႔ ေျပာေပမဲ့ ထိုလူကေတာ့ ျငင္းဆန္ခဲ့သည္။

ဂူလူမင္း ကေခါင္းမာစြာပင္ ေရွာင္ခ်န္း အားတစ္လမ္းလုံး သယ္လာခဲ့သည္။ ဒါက တစ္နာရီနီးပါးေလာက္ ရွိေနေပမဲ့ ဂူလူမင္း ကေတာ့ ေအးေဆးတည္ၿငိမ္ေနကာ ေမာပန္း၊ ပင္ပန္းေနပုံမရေပ။

လမ္းတစ္ေလွ်ာက္ လူတိုင္းက သူတို႔အား ထူးဆန္းသည့္ အမူအရာေတြျဖင့္ ၾကည့္ေနခဲ့ၾကသည္။ ေရွာင္ခ်န္း လိမ္လိမ္မာမာျဖင့္ သူ႔လက္ေမာင္းေတြအား ထိုလူရဲ႕ လည္ပင္းတြင္ ခ်ိတ္ထားခဲ့ၿပီး အရင္ထဲက ရခဲ့သင့္သည့္ ေပ်ာ္႐ႊင္မႈေတြကို ခံစားေနခဲ့သည္။

သူတို႔ႏွစ္ေယာက္က သူတို႔ခံစားခ်က္ထဲတြင္ ႏွစ္ျမဳတ္ေနၾကၿပီး သူတို႔ပတ္ဝန္းက်င္က ဘယ္အရာကမွ သူတို႔ကို အေႏွာက္အယွက္ မေပးႏိုင္ေပ။

အထူးသျဖင့္ ဂူလူမင္း က ေရွာင္ခ်န္း အားေက်ာပိုးထားရင္း ေက်ာင္းနားေရာက္လာၿပီး ေက်ာင္းသားေတြက သြားခ်ည္လာလွည့္ ျဖစ္ေနတာေတာင္ ထိုေက်ာင္းသားေတြက သူတို႔ကို ၾကည့္ေနတာေတာင္ သူ(ဂူလူမင္း)က ဂ႐ုမစိုက္ေပ။

ေရွာင္ခ်န္း ကေအးေအးေဆးေဆး ေနတက္သူျဖစ္ေသာ္လည္း သူက အရမ္းကို ေခ်ာေမာသည္။ သူ႔တြင္ ‘ေက်ာင္းျမက္ေလး’ဆိုသည့္ နာမည္ရွိမေနတာက စိတ္မေကာင္းစရာပင္။ သူက ေက်ာင္းပြဲေတြတြင္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ စိတ္မဝင္စားတာေၾကာင့္လဲ ထိုနာမည္ကို မရခဲ့တာျဖစ္သည္။ သို႔ေသာ္ သူ႔တြင္ ဖန္ေတြ မရွိဘူးလို႔ မေျပာႏိုင္ေပ။

လမ္းတစ္ေလွ်ာက္ ေရွာင္ခ်န္း ကိုသိသည့္ ေက်ာင္းသားတခ်ိဳ႕နဲ႔ ေတြ႕ဆုံခဲ့သည္။ သူတို႔က ထိုျမင္ကြင္းအား ထိတ္လန႔္ေနပုံရကာ ထိုေနရာတြင္ ေငးေၾကာင္ကာ ရပ္ေနၾကသည္။

သို႔ေသာ္ ေခ်ာေမာခန႔္ညားသည့္ ေယာက်ၤားတစ္ေယာက္က လမ္းတြင္ ေအးေဆးစြာ ေလွ်ာက္ေနၿပီး သူ႔ေက်ာတြင္ ေအးစက္စက္ေနတဲ့သည့္ လူငယ္ေလးကို သယ္ထားတာက ပိုထူးဆန္းေနသည္။ ထို႔ေၾကာင့္ ထိုျမင္ကြင္းကို ျမင္လိုက္ၾကသည့္ လူေတြက မနာလိုျဖစ္မိၾကသည္။ ေနာက္ၿပီး လူငယ္ေတြကေတာ့ အရာအသစ္ေတြကို အလ်င္အျမန္ လက္ခံၾကသည္။ သူတို႔ကို ၾကည့္ေနသည့္ မ်က္လုံးေတြက အံ့အားသင့္သည့္ အၾကည့္ေတြသာမက ဂုဏ္ျပဳေနပုံလဲ ပါဝင္ေနသည္။

“ကြၽန္ေတာ္က ေလးလား?” ေရွာင္ခ်န္း ကေခါင္းေမာ့လိုက္ၿပီး ထိုလူရဲ႕နဖူးအား ၾကည့္လိုက္သည္။ ဘာေခြၽးမွ ရွိမေနေပ။

လူငယ္ေလးရဲ႕ ေပါင္ကို ကိုင္ထားသည့္ ထိုလူရဲ႕ ညာလက္က ေရွာင္ခ်န္း ရဲ႕တင္ပါးကို ႐ိုက္လိုက္သည္။

ေရွာင္ခ်န္း ရဲ႕ေျခေထာက္ေတြက သတိလက္လြတ္ ေကြးသြားသည္။

ထိုလူက ႐ႊင္ျမဴးသြားကာ စ,ေနာက္သည့္ အသံျဖင့္ ၿပဳံးကာေျပာလိုက္သည္။ “ကေလး ဘယ္လိုထင္လဲ?”

ေရွာင္ခ်န္း ကေတြးလိုက္ၿပီး အမွန္အတိုင္း ေျပာလိုက္သည္။ “ေသခ်ာေပါက္ ေလးတာေပါ့”

ထိုလူက စကားကို ၾကားလိုက္ၿပီး ထပ္ရယ္လိုက္သည္။

သူက သူ႔တစ္ကမာၻလုံးကို သူ႔ေက်ာမွာ သယ္ထားတာေၾကာင့္ ဘယ္လိုလုပ္ၿပီး ေလးႏိုင္မွာလဲ?

ဂူလူမင္း ရဲ႕ေျခေထာက္ေတြက အေဆာင္ဝကို ေရာက္ခ်ိန္တြင္ ရပ္သြားျခင္းမရွိပဲ ဆက္ေလွ်ာက္လိုက္သည္။

ေရွာင္ခ်န္း ရဲ႕ေခါင္းက ထိုလူရဲ႕လည္ပင္းၾကား လႈပ္ရွားသြားခဲ့သည္။ သူက ပုံမွန္မဟုတ္တာကို သတိျပဳမိသြားၿပီး အသံတိုးေလးနဲ႔ ေမးလိုက္သည္။ “ဘာျဖစ္လို႔လဲ?”

ဂူလူမင္း ကေခါင္းေမာ့လိုက္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ကာ ဘာမွမေျပာေပ။

ေနသာေနၿပီး သူတို႔ေပၚတြင္ ေနေရာင္က ေတာက္ပေနၿပီး ေႏြးေထြးေနကာ အရာရာတိုင္းက ပုံမွန္အတိုင္းပင္။

သူ႔မ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီး ေနာက္စကၠန႔္တြင္ သူ႔မ်က္လုံးက အျပင္ဘက္မွ အသြင္အျပင္ကို ျမင္လိုက္ရသည္။ အတြင္းပိုင္း မွန္မွတဆင့္ဆိုရင္ လွ်ပ္စီးေတြ၊ မိုးႀကိဳးေတြနဲ႔ ျဖစ္ေနၿပီး ယင္ခ်ီေတြက ပ်ံ႕က်ဲေနသည္။

ထိုလူက ေရွာင္ခ်န္း အားေက်ာေပၚမွ ညင္သာစြာ ခ်ေပးလိုက္ၿပီးေနာက္ လူငယ္ေလးရဲ႕လက္ကို ကိုင္လိုက္ၿပီး သူတို႔လက္ေခ်ာင္းေတြကို ယွက္လိုက္သည္။

ေရွာင္ခ်န္း မယုံၾကည္စြာျဖင့္ မ်က္ေတာင္ခတ္လိုက္ၿပီး ထိုလူရဲ႕ မ်က္ႏွာကို ၾကည့္လိုက္သည္။

ေနာက္စကၠန႔္တြင္ ပတ္ဝန္းက်င္က ေျပာင္းလဲသြားၿပီး ေရွာင္ခ်န္း ကစိတ္မေအးေဆးႏိုင္ခင္ လုံးဝကို မဲေမွာင္သြားခဲ့သည္။

အနားတြင္ ေလွ်ာက္ေနၾကသည့္ လူေတြကလဲ ေပ်ာက္သြားၾကသည္။

ဒါက သူတို႔ႏွစ္ေယာက္ထဲ တျခားကမာၻကို ေရာက္သြားသလိုမ်ိဳးပင္။

ထို႔ေနာက္ ဘာမွမျမင္ရသည့္ ေရွာင္ခ်န္း ကသတိလက္လြတ္ ထိုလူရဲ႕လက္ကို ညႇစ္လိုက္သည္။

ဂူလူမင္း ကလူငယ္ေလးရဲ႕ စိုးထိတ္မႈကို ခံစားမိသြားၿပီး လွည့္လိုက္ကာ ေရွာင္ခ်န္း ကိုၾကည့္လိုက္ၿပီး အလိုလိုက္သည့္ အၿပဳံးကို ၿပဳံးျပလိုက္သည္။

သူ႔တျခားလက္က လူငယ္ေလးရဲ႕ ပုခုံးအား တျဖည္းျဖည္း ဖိခ်လိုက္ၿပီး ေရွာင္ခ်န္း ကထိုေနရာတြင္ ေအးခဲေနခဲ့သည္။

ဂူလူမင္း ကတိုက္႐ိုက္ မွီခ်လိုက္ၿပီး ႏူးညံ့ညင္သာစြာျဖင့္ သူ႔ညာဘက္ မ်က္ေတာင္အား နမ္းလိုက္သည္။

ခ်က္ခ်င္းပင္ ေရွာင္ခ်န္း ရဲ႕မ်က္လုံးေတြက အလင္းရသြားသလိုမ်ိဳး ပတ္ဝန္းက်င္က ပုံမွန္အတိုင္း ခ်က္ခ်င္း ျပန္လင္းသြားခဲ့သည္။

သူက သူေရာက္ေနသည့္ ေနရာတြင္သာ ရပ္ေနၿပီး ထိုလူရဲ႕ အညိဳေရာင္ မ်က္လုံးေတြကို ၾကည့္ေနခဲ့သည္။ ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းေတြက အနည္းငယ္ လႈပ္ရွားသြားခဲ့သည္။

ထိုလူရဲ႕ မ်က္ႏွာအသြင္အျပင္ ေျပာင္းလဲမႈက အရင္ကနဲ႔ယွဥ္ရင္ အေတာ္ေလး မ်ားျပားလြန္းသည္။ အထူးသျဖင့္ သူ႔ကို ၾကည့္ေနခ်ိန္တြင္ ခ်စ္ျခင္းေမတၱာေတြက မ်ားျပားလြန္းတာေၾကာင့္ လွ်ံက်ေနသလိုပင္။

ေရွာင္ခ်န္း ရဲ႕ႏွလုံးက ခ်က္ခ်င္းပင္ ျမန္လာၿပီး သူတို႔ႏွစ္ေယာက္လုံးက တစ္ေယာက္နဲ႔ တစ္ေယာက္ စိုက္ၾကည့္ေနခဲ့ၾကသည္။

ဒါက ေန႔အခ်ိန္လင္းေနတာနဲ႔ တူမေနေပ။ သူ႔ဦးေႏွာက္တြင္ ပတ္ဝန္းက်င္က မဲေမွာင္ေနတုန္းဆိုတာ သိေနခဲ့ၿပီး သူ႔ပတ္လည္မွ ေအးစက္မႈေတြကို ခံစားရၿပီး နည္းနည္းေတာ့ ေခ်ာက္ခ်ားစရာပင္။

“ဘုံး” မိုးႀကိဳးနဲ႔ လွ်ပ္စီးသံက ထြက္လာခဲ့သည္။

သူ႔ေရွ႕မွ ျမင္ကြင္းက ေရွာင္ခ်န္း တေစၦအား ျမင္လိုက္ရခ်ိန္နဲ႔ အတိအက်ကို တူေနသည္။

“ဒါက ဘယ္မွာလဲ?” ေရွာင္ခ်န္း ေမးလိုက္သည္။

ထိုလူက မ်က္လုံးအား က်ဥ္းေျမာင္းလိုက္ၿပီး “ဒါက သူတို႔ ဆင့္ေခၚလိုက္တဲ့ တေစၦရဲ႕ အမဲလိုက္ေနရာပဲ၊ ေနာက္ၿပီး ပုံရိပ္ေယာင္ကမာၻလို႔လဲ ေျပာလို႔ရတယ္”

ထိုလူက လူငယ္ေလး နားမလည္တာကို သိေနတာေၾကာင့္ စိတ္ရွည္ရွည္နဲ႔ ရွင္းျပလိုက္သည္။ “တေစၦတိုင္းက ကိုယ္ပိုင္ေနရာဆိုတာ ရွိတယ္။ ပတ္ဝန္းက်င္က တကယ့္ကမာၻနဲ႔မျခားတဲ့ ပုံရိပ္ေယာင္ကမာၻပဲ။ ဒီတေစၦေတြက သူတို႔ကိုယ္ပိုင္ တေစၦေနရာမွာ ဖမ္းခ်ဳပ္ၿပီး သူတို႔ကို တျဖည္းျဖည္းခ်င္းစီး ႏွိပ္စက္ညႇင္းစဲတက္ၾကတယ္”

ေရွာင္ခ်န္း ကေခါင္းညိတ္လိုက္ၿပီးေနာက္ က်န္းေဟြ႕ နဲ႔တျခားသူေတြကို ေတြးမိသြားၿပီး ေျပာလိုက္သည္။ “ဒါဆို သူတို႔...”

ထိုလူရဲ႕ ေရွာင္ခ်န္း ရဲ႕လက္ကို ကိုင္ထားၿပီး သူ႔စိတ္ကို သိေနတာေၾကာင့္ ႏူးညံ့စြာ ေျပာလိုက္သည္။ “သြားရေအာင္”

လူ ၇ ေယာက္အုပ္စုက အ႐ူးလိုမ်ိဳး အေဆာင္ထဲမွ ေျပးထြက္လာၾကၿပီး သူတို႔ေနာက္တြင္ အႏၲရာယ္ရွိသည့္ တစ္ခုခု ရွိေနသလိုမ်ိဳး အလ်င္အျမန္ ထိတ္လန႔္စြာျဖင့္ ေျပးလႊားေနၾကသည္။

သူတို႔က အေမွာင္ထဲတြင္ ေျပးလႊားေနကာ တစ္ခ်က္တစ္ခ်က္ လင္းလာသည့္ အလင္းေရာင္ကို အမွီျပဳကာ သြားေနရင္း သူတို႔ေဘးတြင္ ဘယ္သူမွ ရွိမေနတာကို သတိျပဳမိလိုက္သည္။

သူတို႔က ဝကၤပါတြင္ လမ္းေလွ်ာက္ေနသလိုမ်ိဳး သူတို႔ ဘယ္ေလာက္ပဲ သြားေနပါေစ စႀကႍလမ္းတြင္သာ ရွိေနၿပီး ေလွကားကို မျမင္ရေပ။

က်ိဳးခဲယု ကေရွ႕ကို ေျပးသြားရင္း အခန္းေတြကို ေရတြက္ေနခဲ့သည္။ ေလွကားနားက အေဆာင္နား ေရာက္လာခ်ိန္တြင္ သူ႔ႏွလုံးကခုန္သြားခဲ့သည္။

သူတို႔က အေဆာင္နံပါတ္ ၄၀၄ ကိုျပန္ေရာက္လာတာေၾကာင့္ပဲ!

“ငါ မေသခ်င္ဘူး! ငါ ငယ္ငယ္ေလး ရွိေသးတာ! ငါ မေသခ်င္ေသးဘူး!” ေဟးလဲ့ ရဲ႕အမူအရာက အနည္းငယ္ ႐ူးသြပ္ေနသည္။ သူမလက္ေတြက က်ိဳးလုနီးပါး ျဖစ္ေနတာေၾကာင့္ တြန႔္လိမ္ေနၿပီး ေသြးေတြက စီးက်ေနသည္။

သူမမ်က္ႏွာက ရႈံ႕တြေနၿပီး နာက်င္မႈေတြနဲ႔ ေၾကာက္လန႔္ေနမႈက ေရာေႏွာေနကာ သူမမ်က္လုံး ႏွစ္လုံးက ျပဴးက်ယ္ေနၿပီး ကြၽတ္ထြက္ေတာ့မလို ျဖစ္ေနသည္။

သူမက ေအာ္ဟစ္ငိုယိုေနၿပီး သူမခႏၶာကိုယ္ မထိန္းခ်ဳပ္ႏိုင္ေအာင္ တုန္ရီေနကာ သူမစိတ္အေျခအေနကလဲ ၿပိဳလဲေနသည္။

တေစၦက ေဟးလဲ့ အတြက္ အထူးသီးသန႔္ အသြင္အျပင္ကို ျပသပုံရၿပီး သူမမ်က္လုံးေတြေရွ႕တြင္ အျပစ္သားအၿပဳံးျဖင့္ ေပၚလာခဲ့သည္။

ေဟးလဲ့ ကလုံးဝကို ႐ူးခ်င္သြားခဲ့သည္။ သူမရဲ႕ ဒဏ္ရာရမေနသည့္ လက္ျဖင့္ အားအနည္းဆုံး၊ အရပ္အပုဆုံးျဖစ္သည့္ ဝူထ်န္မိုင္ ကိုဆြဲလိုက္သည္။ မိန္းကေလးရဲ႕ မ်က္ႏွာက ထိတ္လန႔္ေနသည့္ အမူအရာျဖင့္ သူမက ဝမ္ထ်န္မိုင္ အားေကာ္လာမွ ဆြဲလိုက္ၿပီး တေစၦဆီဆြဲသြားလိုက္သည္။

ငိုေနရင္းနဲ႔ ဆြဲသြားလိုက္ကာ “သူမကို သတ္လိုက္၊ ငါ့ကို နာေအာင္မလုပ္နဲ႔!!”

ဝူထ်န္မိုင္ က ‘ဘမ္း’ဆိုသည့္ အသံနဲ႔အတူ ၾကမ္းျပင္ေပၚသို႔ ပစ္ခ်ခံလိုက္ရၿပီး သူမေခါင္းကို ေမာ့လိုက္သည္။ သူမမ်က္လုံးေတြက အျပင္းအထန္ လႈပ္ရွားသြားခဲ့သည္။

အျဖဴေရာင္တေစၦက သူမကို ၿပဳံးျပေနၿပီး သူမရဲ႕ေသြးလႊမ္းေနသည့္ ပါးစပ္က ယဇ္ပူေဇာ္သည့္ ပုလင္းလိုမ်ိဳး က်ယ္ေလာင္စြာ ဖြင့္ထားခဲ့သည္။ သူမမ်က္ႏွာက ဒဏ္ရာေတြနဲ႔ ျပည့္ႏွက္ေနတာကို သူမျမင္ႏိုင္ၿပီး တေစၦရဲ႕ မ်က္ႏွာတြင္ ပိုးမႊားေတြက သူမမ်က္ႏွာ ညာဘက္အျခမ္းမွ တြားသြားထြက္လာၾကကာ သူမပါးစပ္ထဲကို တိုးဝင္သြားပုံက အေတာ္ေလး မႏွစ္ၿမိဳ႕စရာပင္။

“အား အား အား အား အား အား” ဝူထ်န္မိုင္ ကအရမ္းလန႔္သြားၿပီး ၾကမ္းျပင္မွ အလူးအလဲထ,လိုက္သည္။ သူမေဘးမွ က်န္းေဟြ႕ ကလ်င္ျမန္စြာျဖင့္ ထိုအေျခအေနအား အခြင့္ေကာင္းယူကာ သူမအား ဆြဲထူလိုက္သည္။

ေယာက်ၤားေလးေတြနဲ႔ မိန္းကေလးေတြရဲ႕ အမူအရာေတြ ရႈပ္ေထြးေနကာ ေဟးလဲ့ ကိုၾကည့္ေနၾကရင္း သူတို႔က စိတ္ပ်က္မႈနဲ႔ ေဒါသေတြကို ခံစားလိုက္ရသည္။

တေစၦက စ,ေနာက္လို႔ လုံေလာက္သြားပုံေပၚကာ ေရွ႕တိုးလာၿပီး က်ိဳးခဲယု ရဲ႕ေမးကို ဆြဲလိုက္ၿပီး သူ႔အား ေျမႇာက္လိုက္သည္။

ခ်က္ခ်င္းပင္ က်ိဳးခဲယု ကထိတ္လန႔္သြားၿပီး တေစၦျဖဴရဲ႕ ခႏၶာကိုယ္အား ကန္လိုက္သည္။ လက္ႏွစ္ဖက္လုံးက သူ႔လည္ပင္းတြင္ ရွိေနသည့္ လက္ကို ဖမ္းဆုပ္လိုက္ၿပီး သူ႔အသက္ရႉမႈေတြက ရပ္တန႔္လုနီးပါး ျဖစ္သြားသည္။

သို႔ေသာ္ သူ႔အသက္ရွင္လိုမႈေၾကာင့္ သူ႔မ်က္ႏွာက ေသြးေရာင္လႊမ္းေနတာေတာင္ အျပင္းအထန္ ႐ုန္းကန္လိုက္သည္။

ေနာက္ၿပီး သူ တကယ့္ကို မေသခ်င္ေသးေပ။

တစ္ဖက္မွ ဝမ္ဂ်ေဟာင္ ကသတၱိအနည္းဆုံးျဖစ္ေပမဲ့ ဘာလုပ္ရမွန္းမသိပဲ ေရွ႕တိုးလာခဲ့သည္။ သူက က်ိဳးခဲယု ရဲ႕လည္ပင္းမွ လက္ေတြကို ဖမ္းခ်ဳပ္လိုက္ၿပီး တေစၦျဖဴလက္ထဲမွ လႊတ္ေျမာက္ေစဖို႔ ႀကိဳးစားေနခဲ့သည္။

တကယ့္ကို လႈပ္မရေပ။

ထိုအခ်ိန္တြင္ ပတ္ဝန္းက်င္က အေတာ္ေလး ပြတ္ေလာ႐ိုက္ေနသည္။ မိန္းကေလးေတြက အရမ္းကို ေၾကာက္လန႔္ေနၾကၿပီး သူတို႔ေျခေထာက္ေတြက ေပ်ာ့ေခြေနသည္။ ေထာင့္ဘက္မွ ေဟးလဲ့ ကသူမမ်က္ႏွာအား အ႐ူးလိုမ်ိဳး နံရံနဲ႔ ပြတ္သပ္ေနၿပီး ေအာ္ေနခဲ့သည္။ “ငါ့ကို မသတ္ပါနဲ႔! ငါ့ကို မသတ္ပါနဲ႔!”

ပတ္ဝန္းက်င္ အေျခအေနက အဆုံးမသတ္ခင္ က်န္းေဟြ႕ က ဝူထ်န္မိုင္ ရဲ႕ခံစားခ်က္အား ေလ်ာ့ပါးသြားေစရန္ အစြမ္းကုန္ ႀကိဳးစားေနခဲ့သည္။

လူတိုင္းရဲ႕ ႏွလုံးသားက စိတ္ဓာတ္က်မႈေတြနဲ႔ လဲၿပိဳေနသည္။

ထိုခဏ လူတိုင္းတြင္ တူညီသည့္ အေတြးသာရွိၾကသည္။

ၿပီးသြားၿပီ၊ သူတို႔ေသမွာ!

႐ုတ္ခ်ည္း ဖမ္းခ်ဳပ္ထားသည့္ တေစၦျဖဴက က်ိဳးခဲယု ရဲ႕လည္ပင္းကို လႊတ္ခ်လိုက္ၿပီး က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။

သူ႔ေအာ္သံက အပိုင္းပိုင္း အစစ ျဖစ္သြားသလိုမ်ိဳး အက္ရွေနၿပီး ေၾကာက္မက္ဖြယ္ေကာင္းေနသည္။ သူ႔မ်က္ႏွာက ရႈံ႕တြေနတာက ပိုေကာင္းဖို႔ေကာင္းသည္။

မႏွစ္ၿမိဳ႕စရာ မ်က္ႏွာတစ္ခုလုံးက ရႈံ႕တြေနၿပီး တီေကာင္ေတြက ပတ္ပတ္လည္တြင္ တြန႔္လိမ္လႈပ္ရွားေနသည္။

က်ိဳးခဲယု ကၾကမ္းျပင္ေပၚသို႔ ပစ္ခ်ခံလိုက္ရၿပီး အျပင္းအထန္ ေခ်ာင္းဆိုးလိုက္ကာ ဝမ္ဂ်ေဟာင္ ရဲ႕အေျခအေနကလဲ အရမ္းမေကာင္းေပ။ သူတို႔ႏွစ္ေယာက္ တေစၦျဖဴရဲ႕ အေျခအေနအား ထိတ္လန႔္စြာ ၾကည့္ေနခဲ့ၾကသည္။

ေနာက္ဆုံးေတာ့ လူတိုင္းက တေစၦျဖဴရဲ႕ အေနာက္တြင္ လူႏွစ္ေယာက္ မတ္တပ္ရပ္ေနတာကို သတိျပဳမိသြားခဲ့သည္။

“ဘုံး” ေနာက္ထပ္ က်ယ္ေလာင္သည့္ အသံက ထြက္လာခဲ့သည္။

လွ်ပ္စီးမွ အလင္းေရာင္က ထြက္ေပၚလာၿပီး ေၾကာက္လန႔္ေနၾကသည့္ လူ ၇ ေယာက္က သူတို႔ႏွစ္ေယာက္မွ တစ္ေယာက္ရဲ႕ မ်က္ႏွာကို ျမင္လိုက္သည္...

ေရွာင္ခ်န္း ပဲ။

24.8.2023
.................

Continue lendo

Você também vai gostar

1.1M 234K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
277K 27.5K 27
"Daddy အတွက်ဒုတိယ ရတနာ လေးကိုယူလာပေးတာ ကျေးဇူးတင်တယ်နော် Angel " Lucas ''Daddy ကို အချစ်ဆုံး'' ...
307K 14.3K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
236K 40.5K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...