လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)

312 61 1
By Kaiyou1111

Unicode

ညဉ့်ဦးပိုင်းတွင်

တိတ်ဆိတ်နေခဲ့သည်။ ပြတင်းပေါက် အပြင်ဘက်မှ လရောင်က အခန်းထဲကို ဝင်ရောက်နေတာကြောင့် အလင်းရောင် ဖျော့တော့စွာ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်အား အနည်းငယ် ဝိုးတိုးဝါးတား မြင်နိုင်နေသည်။

ဆေးရုံတွင်

ဒါ့ထက် ပိုတိတ်ဆိတ်နေပြီး နောက်တစ်စက္ကန့်အတွင်း လူသေအလောင်းတစ်ခုက တစ်စုံတစ်ယောက်ရဲ့ ဘဝကို ယူဆောင်ဖို့အတွက် ရင်ခွဲရုံထဲမှ ထွက်လာခဲ့သည်။

အရိပ်က သူ့ဘာသာ ရှောင်ချန်း ရဲ့ခန္ဓာကိုယ်ဆီ တဖြည်းဖြည်း တိုးကပ်လာပြီး ရှေ့တိုးလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ယင်စွမ်းအင်တွေက အတော်လေးကို များပြားနေသည်။ သူက ဂရုတစိုက်နဲ့ ရှောင်ချန်း ရဲ့မျက်နှာကို ထိတွေ့နေခဲ့သည်။

မွှေးရနံ့

ခိခိ

ရှောင်ချန်း ကဆေးရုံအိပ်ရာပေါ်တွင် လှဲလျောင်းနေခဲ့ပြီး မျက်ခုံးတွေက တွန့်ချိုးနေကာ သူ့အိပ်စက်နေမှုက မတည်ငြိမ်နေပေ။ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူ့တွင် အိမ်မက်ဆိုးတွေ ရှိနေပုံရသည်။

ဖျော့တော့သည့် အလင်းရောင်က ဝင်ရောက်နေပြီး ရှောင်ချန်း ရဲ့မျက်နှာပေါ်တွင် တောက်ပနေကာ သူ့ပုံစံက အတော်လေး ဖြူဖျော့နေပြီး ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသည်။

ဒါက နတ်သမီးပုံပြင်တွေထဲက နိုးထ,လာဖို့ အနမ်းပေးမည့် မင်းသားလေးအား စောင့်မျှော်နေသည့် အိပ်ပျော်နေသည့် အလှလေးနဲ့ တူနေသည်။

အရိပ်က တိတ်တဆိတ် ရယ်မောလိုက်ပြီး ရှောင်ချန်း ရဲ့မျက်ခုံးကို ထိတွေ့လိုက်ကာ တွန်းချိုးနေသည့် မျက်ခုံးတွေအား ပြေလျော့သွားအောင် လုပ်လိုက်ပြီးနောက် ရှောင်ချန်း ရဲ့နှုတ်ခမ်းပါးကို ညင်သာစွာ ထိတွေ့လိုက်သည်။

ရှောင်ချန်း ကသူ့ပါးစပ်ကို အသက်ရှူနိုင်ဖို့ အနည်းငယ် ဟလိုက်သည်။

နောက်စက္ကန့်တွင် အရိပ်က ပုံမှန်လို အနက်ရောင် အငွေ့တွေက ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလာခဲ့သည်။ ရှောင်ချန်း အားမဖိမိစေဖို့အတွက် သူက သူ့ကိုယ်သူ အိပ်ရာဘေးတွင် ဝင်လှဲလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အနက်ရောင် အငွေ့တွေမှတဆင့် လူအရည်ပြားဆီ ပြောင်းလဲလာခဲ့သည်။

အညိုရောင်မျက်လုံး၊ သူ့မျက်လုံးတွေကို အုပ်လုနီးပါးဖြစ်နေသည့် ရှည်လျားလွန်းသည့် ဆံပင်တွေ၊ ဖြောင့်စင်းနေသည့် နှာတံနဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် အပေါ်ကို ပင့်တက်နေခဲ့သည်။

သူ့မျက်လုံးတွေက ပိုင်ဆိုင်လိုမှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေသည်။

ထိုလူရဲ့လက်က ရှောင်ချန်း ရဲ့နဖူးမှ ဆံပင်ကို ထိတွေ့လိုက်ပြီး သူ့ခေါင်းအား လူငယ်လေးရဲ့ လည်ပင်းတွင် နစ်မြုတ်ထားရင်း သူ့နှုတ်ခမ်းတွေနဲ့ တဖက်လူရဲ့ အရည်ပြားကို ထိတွေ့နေခဲ့သည်။

ရှောင်ချန်း ကအအိပ်ဆက်တာကြောင့် သူ့ကိုယ်အား တစ်စုံတစ်ခုက လာကပ်တွယ်တာကို ခံစားမိနေခဲ့သည်။ သူက ခေါင်းကို ခါလိုက်ပြီးနောက် သူ့အား ဖက်တွယ်နေသည့် အရာအား ဖယ်ထုတ်ပစ်ဖို့ ကြိုးစားလိုက်ပေမဲ့ ထိုအရာက သူ့အား ပိုပြီးတော့တောင် ကပ်တွယ်လာမယ်လို့ ထင်မထားခဲ့ပေ။

ရုတ်တရက်ကြီး ရှောင်ချန်း ကနိုးသွားခဲ့သည်။

သူ့မျက်လုံးတွေကို ခက်ခက်ခဲခဲ ဖွင့်လိုက်သည်။ နိုးတစ်ဝက်နဲ့ သူက ဖျော့တော့သည့် အလင်းရောင်အောက်တွင် ရင်းနှီနေသည့် ပုံရိပ်အား ဝိုးတဝါးမြင်လိုက်ရသည်။ ရှောင်ချန်း ကအစပိုင်း လန့်သွားခဲ့သည်။

တံတွေးမြိုချလိုက်ပြီးနောက် ထိုမျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးနောက် သူ့သူငယ်အိမ်က ရုတ်ချည်း အာရုံစူးစိုက်သွားကာ သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပဲ ထိုလူ၏ အိပ်ရာပေါ်တွင် ပွေ့ဖက်ထားမှုအား ခွင့်ပြုထားခဲ့သည်။

အညိုရောင် မျက်လုံးတွေကို ကြည့်လိုက်ပြီး သူ့မျက်နှာက ထိုမျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။ ဒါက ရှောင်ချန်း အတွက် အသက်ရှူဖို့တောင် မေ့နေခဲ့သည့် အချိန်ဖြစ်သည်။

ရှောင်ချန်း ရဲ့နှုတ်ခမ်းတွေက အနည်းငယ် တုန်ရီနေခဲ့သည်။ သူက လက်ဖဝါးအား ထိုလူရဲ့ ပါးတွင် နူးညံ့စွာ ထိတွေ့လိုက်ပြီး တစ်ဖက်လူရဲ့ တည်ရှိမှုကို ခံစားလိုက်သည်။

အရည်ပြားက အတော်လေး မာတောင့်နေပေမဲ့ ထိတွေ့လို့ကောင်းပြီး လူသားလိုပင်။

ဒါက အတုအယောင် မဟုတ်ပေ။

ဒါက အိမ်မက်မဟုတ်ဘူး!

ရှောင်ချန်း ကအာရုံစိုက်ပြီး ကြည့်နေခဲ့သည်။

ထိုလူက ဘာမှမ‌ပြောပဲ ရှောင်ချန်း ရဲ့လက်နှစ်ဖက်အား သူ့မျက်နှာကို ထိတွေ့ခွင့်ပြုထားခဲ့သည်။

နောက်ဆုံးတော့ ရှောင်ချန်း ကအိမ်မက်မက်နေတာ မဟုတ်မှန်း သေချာသွားပေမဲ့ ပြောချင်နေသည့် စကားလုံးတွေက သူ့လည်ပင်းဝတွင် တစ်ဆို့နေပြီး ဘာစကားမှ ထွက်မလာခဲ့ပေ။

သူ့နှာခေါင်းက စတင်ယားယံလာပြီး သူ့မျက်လုံးတွေက နီရဲလာခဲ့သည်။ ဘာကိုမှ မေးမနေပဲ သူ့လက်တွေနဲ့ ထိုလူရဲ့ ခါးအားဖက်လိုက်ကာ သူ့ကိုယ်နဲ့ ဖိချလိုက်သည်။

ထိုလူက သူ့ခွန်အားကို လျော့ချလိုက်ပြီး သူ့တစ်ကိုယ်လုံးက ရှောင်ချန်း ခန္ဓာကိုယ်နဲ့ အဖိခံနေခဲ့သည်။

ဂူလူမင်း ရဲ့ပြောင်းလဲမှုတွေက အတော်လေး များပြားသည်။

သူ့မျက်နှာ အသွင်အပြင်က အရင်ကထက် သုံးဘက်မြင်ပုံစံ ပိုပေါ်လာပေမဲ့ သူ့အရပ်နဲ့ အသွင်အပြင်ကတော့ အတော်လေး အလှမ်းကွာလွန်းနေသည်။

ဂူလူမင်း ကအရင်တုန်းက ရှောင်ချန်း ထက်ခေါင်းတစ်လုံးစာလောက် ပုသည်။ သူက အကောင်သေးသော်လည်း သူ့အကြည့်တွေက ပြင်းထန်လွန်းသည်။ သူ့ပုံစံက သူ့ကိုယ်ပိုင်နေရာကို တစ်စုံတစ်ယောက် ချဉ်းကပ်လာရင် လုံးဝခွင့်မလွှတ်ပေးတက်သည့် သင်းကွဲဝံပုလွေနဲ့ တူနေသည်။

နောက်ပြီး ရှောင်ချန်း ကသာ သူ့နှလုံးသားတွင်းမှ အနူးညံ့ဆုံး အစိတ်အပိုင်းလေးဖြစ်သည်။

သို့သော် သူ့ရှေ့မှလူက အခုတော့ ရှောင်ချန်း ထက်အရပ်ပိုရှည်နေပြီး ခေါင်းတစ်လုံးစာ ပိုရှည်နေကာ သူ့ခန္ဓာကိုယ်ကလဲ အတော်လေး တောင့်တင်းသန်မာပုံပေါ်သည်။

တစ်ခုတည်းသော မပြောင်းလဲသည့် အရာကတော့...

သူ့မျက်လုံးမှ ရှောင်ချန်း အားကြည့်သည့် အကြည့်ပင်။

ရှောင်ချန်း အားကြည့်နေချိန်တွင် ဂူလူမင်း ရဲ့မျက်လုံးတွေက အမြဲတမ်း အလိုလိုက်ပုံပေါ်ကာ ပြုံးနေခဲ့ပြီး သူ့မျက်လုံး အောက်ခြေအထိ လောဘကြီးမှုတွေကို ခံစားနေရသည်။ သူတို့က အေးစက်မှုနဲ့ နက်မှောင်သည့် ခံစားချက်တွေ ရှိနေပေမဲ့ သူ့မျက်လုံးတွေက ရှောင်ချန်း အပေါ် ရောက်သွားသည့်နှင့် ချစ်ခြင်းတရားတွေ ပြည့်နှက်သွားခဲ့သည်။

“မင်း ကိုအရမ်းသတိရနေတာ၊ မင်းကို အရမ်းသတိရတာပဲ!” ရှောင်ချန်း ရဲ့အသံက တုန်ရီနေခဲ့သည်။ သူက ထိုလူအား တင်းကြပ်စွာ ပွေ့ဖက်ထားပြီး ထိုစကားတွေအား ဆက်တိုက် ပြောနေခဲ့သည်။

သူ့နှလုံးသားထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေပေမဲ့ ထိုခဏတွင်တော့ ဘာကိုမှ သူ မမှတ်မိနိုင်တော့ပေ။ တဖက်လူအား သူအရမ်းလွမ်းနေတာကိုသာ ပြောနေနိုင်ပြီး တခြားဘာကိုမှ မပြောနိုင်ခဲ့ပေ။

ဂူလူမင်း ကလှည့်လိုက်ပြီး သူတို့အနေအထားအား ပြောင်းလိုက်သည်။

သူတို့နှစ်ယောက်က အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး တစ်ယောက်နဲ့ တစ်ယောက် ပေါင်းစပ်တော့မလိုမျိုး တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။

“ကိုယ်သိတယ်! ကိုယ်သိတယ်!” ဂူလူမင်း ကလဲ ထိုစကားကိုသာ ရေရွတ်နေခဲ့ပြီး စကားလုံး တစ်လုံးချင်းစီတိုင်း အလေးအနက်ထား ပြောနေခဲ့ပြီး ရှောင်ချန်း အားစိတ်ရှည်ရှည်နဲ့ ဖြေပေးနေခဲ့သည်။

ရှောင်ချန်း ရဲ့နှလုံးခုန်နှုန်းက တဖြည်းဖြည်းနဲ့ ပိုမိုမြန်ဆန်လာပြီး သူ့တစ်ကိုယ် ထုံကျဉ်နေပြီး သူ့ဦးနှောက်ထဲ သွေးတွေ စီးဆင်းနေသလိုမျိုး ဖြစ်နေခဲ့သည်။

ထိုလူရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းနေပြီး သူ့မေးစေ့နဲ့ ရှောင်ချန်း ရဲ့လည်ပင်းအား ဆက်တိုက်ပွတ်သပ်နေခဲ့သည်။ သူ့ခွန်အားတွေက ရှောင်ချန်း ထက်ပိုသန်မာသည်။ သူက ရှောင်ချန်း ရဲ့ခါးကို ပွေ့ဖက်လိုက်ပြီး သူ့လက်တွေက အပြုအမူကောင်း မရှိသလိုမျိုး ရှောင်ချန်း ရဲ့နောက်ကျောတွင် လှုပ်ရှားနေကာ သူ့ခေါင်းကတောင် ရပ်တန့်ခြင်းမရှိပဲ အောက်ဘက်ကို ဆင်းနေခဲ့သည်။

ငါ့အပိုင်၊ အကုန်လုံး ငါ့အပိုင်။

နောက်ဆုံးတော့ ထိုလူက ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ ရှောင်ချန်း ရဲ့လည်ပင်းအနောက်အား လက်နဲ့ဖိလိုက်ပြီး ရှောင်ချန်း ရဲ့ငေးငိုင်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ တစ်ဖက်လူရဲ့ နှုတ်ခမ်းအား သူ့နှုတ်ခမ်းတွေနဲ့ ချိတ်ပိတ်လိုက်သည်။

သူ့လက်ဖဝါးတွေက ရှောင်ချန်း ရဲ့အင်္ကျီအဖျားဆီ ရောက်သွားပြီး တစ်ဖက်လူရဲ့ အပူချိန်ကို ခံစားနေခဲ့သည်။

ရှောင်ချန်း ကတစ်ဖက်လူရဲ့ ဆန္ဒတွေကို ခွင့်ပြုပေးထားကာ အနမ်းတွေကို ကြိုဆိုနေခဲ့သည်။

သူ့လက်နှစ်ဖက်လုံးက ထိုလူရဲ့ လည်ပင်းအနောက်ဘက်ဆီ တဖြည်းဖြည်း ရွေ့လျားသွားခဲ့သည်။

သူတို့နမ်းနေတာ ဘယ်လောက်ကြာသွားမှန်း မသိလိုက်ချိန်မှာ ထိုလူက ပျော့ခွေနေသည့် ရှောင်ချန်း ကိုလွတ်ပေးလိုက်သည်။

ရှောင်ချန်း ရဲ့မျက်လုံးထောင့်မှ မျက်ရည်တွေ ရှိနေခဲ့သည်။ သူ့အကြည့်က စကားလုံးနဲ့ ဖော်ပြလို့မရနိုင်လောက်အောင် ကျက်သရေရှိနေသည်။

ဂူလူမင်း ရဲ့မျက်လုံးတွေက ထပ်ပြီးကျဉ်းမြောင်းသွားပြီးနောက် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့အသံက ဩရှနေပြီး ဆွဲဆောင်မှုလဲ ရှိနေသည်။ သူက တဖြည်းဖြည်း စ,ပြောလိုက်သည်။

“နောက်ဆုံးတော့ ကိုယ် မင်းနဲ့တွေ့နိုင်ပြီ၊ အချစ်လေး”

ငါတို့တွေက ဒီနေ့ရောက်ဖို့ အချိန်အကြာကြီး စောင့်နေခဲ့ရတာ!

အရမ်းကြာလွန်းလို့ ငါတောင် ရူးတော့မလိုပဲ! ငါရူးတော့မဲ့အထိကို အချိန်ကြာလွန်းတယ်!

ရှောင်ချန်း ကတိုးလျစွာ အသံပြုလိုက်ပြီး ဂူလူမင်း အားလက်နှစ်လုံးနဲ့ တင်းကြပ်စွာဖက်လိုက်ပြီး ထပ်တလဲလဲ အတည်ပြုနေခဲ့သည်။ “ကျွန်တော် အိမ်မက်မက်နေတာလား?”

ဒီအိမ်မက်က အရမ်းကို လှပလွန်းသည်။ တူညီသည့် အိမ်မက်မျိုးတွေကို သူမက်ခဲ့ဖူးသည်။ အကြိမ်တိုင်း သူပျော်ရွှင်နေခဲ့ပြီး သူနိုးလာချိန်တွင်တော့ ဘာမှရှိမနေတာကြောင့် သူ့ကို စိတ်ပျက်စေသည်။

သူ့ရှေ့မှ ဂူလူမင်း ကပူပေါင်းတွေလိုမျိုး တစ်ချက်ထိလိုက်ရုံနဲ့ ပျောက်သွားမှာကို ကြောက်နေခဲ့သည်။

ဂူလူမင်း ကဝမ်းနည်းမှုတွေကို ခံစားလိုက်ရသည်။ သူ မပြောနိုင်ခင် ရှောင်ချန်း ကသူ့လည်ပင်းကို ကိုက်ချလိုက်သည်။

ဒါက အနမ်းမဟုတ်ဘူး၊ ဒါက တကယ်ကြီးကို ကိုက်နေတာပဲ!

ဒါက သွားထွက်လာသည့် ယုန်လေးက တစ်ဖက်လူရဲ့ နာကျင်မှုကို ခံစားမိပြီး ကိုက်ရာမှ သွေးထွက်လာတာကို မျှော်လင့်နေသလိုမျိုး တင်းတင်းကိုက်နေခဲ့သည်။

ဂူလူမင်း ရဲ့မျက်လုံးတွေက ခံစားချက်မဲ့နေပြီး ရှောင်ချန်း ကိုက်နေမှုအား ဆန္ဒရှိရှိ ခွင့်ပြုပေးထားပေမဲ့ နာကျင်မှုကြောင့် မအော်ပေ။

ရုတ်တရပ် သူ့လည်ပင်းကို ကိုက်နေသည့် ရှောင်ချန်း ကအရက်မူးနေရာမှ အမူးပြေသွားသည့် လူလိုမျိုး လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်သည်။ ချက်ချင်းပင် ဂူလူမင်း ကထိုဒဏ်ရာနေရာမှ စိုစွတ်မှုကို ခံစားလိုက်ရသည်။

ရှောင်ချန်း ငိုနေတာပဲ။

ရှောင်ချန်း ကတိတ်တဆိတ် ငိုကြွေးနေခဲ့သည်။ သူက အသံမထွက်ပဲ ငိုကြွေးနေပြီး မျက်ရည်တွေက မထိန်းချုပ်နိုင်ပဲ စီးကျနေခဲ့သည်။ လေက ညင်သာစွာ တိုက်ခတ်သွားပြီး တိမ်အနည်းငယ်သာ ရှိပေမဲ့ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

သူ့ခွန်အားတွေ နောက်ကွယ်တွင် ဒဏ်ရာတွေ ဘယ်လောက်တောင် များပြားလဲဆိုတာ လူအများစုက မမြင်နိုင်ကြပေ။

ဂူလူမင်း ရဲ့နှလုံးသားက တင်းကြပ်သွားခဲ့သည်။ သူ မမြင်နိုင်ဆုံးအရာက ရှောင်ချန်း ရဲ့မျက်ရည်တွေပင်။

ရှောင်ချန်း ရဲ့ခေါင်းကို သူမော့လိုက်ပေမဲ့ လူငယ်လေးက သူငိုနေတာကို မြင်သွားမှာ စိုးတာကြောင့် သူ့ခေါင်းအား ဂူလူမင်း ရဲ့လည်ပင်းကြားတွင် နစ်မြုတ်ထားရင်း သူ့အမူအရာအား မတွေ့နိုင်အောင် ဖွက်ထားခဲ့သည်။

ဂူလူမင်း ရဲ့နှလုံးသားက ပိုပြီးတော့တောင် တင်းကြပ်သွားပြီး သူ့အသံက တိုးလျနေကာ တုန်ရီနေသည်။ “ကိုယ်ပါ! ကိုယ် တကယ်ပြန်ရောက်လာပြီ”

ရှောင်ချန်း ကဘာကိုစိုးရိမ်နေလဲဆိုတာ သူသိနေခဲ့သည်။

“ကိုယ် ပြန်ရောက်ပြီ။ ကိုယ် တကယ်ပြန်ရောက်လာတာပါ” ထိုလူက ဒီစကားကိုသာ ဆက်တိုက်ပြောနေခဲ့ပြီး သူ့အသံက ပိုပြီးတော့ နူးညံ့နေကော ပိုပြီးတော့ စိတ်ရှည်နေခဲ့သည်။ သူ ထိုစကားကို ဘယ်နှကြိမ်လောက် ပြောလိုက်မိမှန်း မသိပေမဲ့ သူ့ခန္ဓာကိုယ်မှ လက်တွေက တဖြည်းဖြည်း ပြေလျော့သွားတာကို ခံစားမိလိုက်သည်။

နောက်ဆုံးတော့ ရှောင်ချန်း ကသတ္တိမွေးကာ ခေါင်းမော့လိုက်သည်။ သူ့လက်တွေက ဂူလူမင်း ရဲ့မျက်နှာဆီ ရွေ့လျားသွားပြီး ထိတွေ့နေခဲ့သည်။ သူ့မျက်လုံးတွေက အနည်းငယ် နီရဲနေပြီး ပြုံးလိုက်ပေမဲ့ သူ့အပြုံးက ငိုတာထက်တောင် ပိုရုပ်ဆိုးနေသည်။ သို့သော် သူ့မျက်လုံးထဲမှ အပြုံးက ပိုရိုးသားသည်။ “နောက်ဆုံးတော့ မင်းပြန်လာပြီပဲ”

ယွမ်တချန် ကဆေးရုံလာရာလမ်းတွင် သေဆုံးခဲ့ပြီး ဆေးရုံကားအတွင်း ရှောင်ချန်း လဲသတိလစ်သွားခဲ့သည်။

စီစီတီဗီမှတဆင့် ရဲတွေက သဲလွန်စတွေကို ရှာဖွေနေခဲ့သည်။

ဒါက ကျောင်းသူ လီရီဝမ် ဖြစ်သည်။

စီစီတီဗီ သူတို့နှစ်ယောက်က ယောင်္ကျားလေး အဆောင်မှ ထွက်သွားပြီး ကောင်လေးက မိန်းကလေး ရဲ့လက်ကို ဆွဲချင်ပေမဲ့ မိန်းကလေးက သူမအိတ်ထဲ ဓားကိုဖွက်ထားခဲ့ကြောင်း သူ မသိခဲ့ပေ။ ကောင်လေးက သူမရဲ့လက်ကို ကိုင်လိုက်ချိန် သူမက ဓားနဲ့ သူ့ဝမ်းဗိုက်ကို ထိုးစိုက်လိုက်ပြီး ရှေ့ဆက်လျှောက်ပြီး မျက်နှာ အမူအရာ မပြောင်းလဲပဲ ရှေ့ကိုသာ ဆက်လျှောက်နေခဲ့သည်...

သူတို့က ရန်ဖြစ်တာကြောင့် မတော်တဆဖြစ်ကြသည့် လက်ထပ်ပြီးသား စုံတွဲတွေ၊ ချစ်သူစုံတွဲတွေ အကြောင်း အများကြီး မြင်ဖူးခဲ့သည်။ သူတို့အားလုံးက တစ်စုံတစ်ရာကြောင့် တိတ်ဆိတ်နေခဲ့ကြသည်။

ဘာကြောင့်ဆိုတော့ သူတို့မြင်ရသည့် မိန်းကလေးရဲ့ အမူအရာက လုံးဝကို ခြားနားနေတာကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ဓားထိုးပြီးနောက် သူမက ခေါင်းကို လှည့်သွားခြင်းမရှိပဲ ကျောင်းဂိတ်ပေါက်ကို ဆက်လျှောက်သွားပြီး သူမမျက်နှာတွင်တောင် အလျင်မလိုသည့် အမူအရာကို ပြနေခဲ့သည်။ သူတို့က တစ်စုံတစ်ယောက်ကို သတ်မိတာကြောင့် ထိတ်လန့်နေသည့် အမူအရာကို သူမမျက်နှာတွင် လုံးဝမမြင်ရပေ။

ဒါ့အပြင် သူတို့ စီစီတီဗီကို ဘယ်လောက်ပဲကြည့်ကြည့် ဒါက မတော်တဆ ပြစ်မှုကျူးလွန်မိတာမျိုးနဲ့ တူမနေပဲ ရေရှည်စီစဉ်ထားသည့် စီစဉ်မှုမျိုးနဲ့ ပိုတူနေသည်။

မိန်းကလေးရဲ့ လှုပ်ရှားမှုတွေနဲ့ အမူအရာတွေက အသိစိတ်မရှိသည့် ပစ္စည်းကိရိယာတွေလိုပင်။

ထူးဆန်းတယ်! အရမ်းထူးဆန်းလွန်းတယ်!

ပိုပြီးထူးဆန်းတာက ကျောင်းနားက စီစီတီဗီမှ ကောင်မလေးကို ရဲတွေက ကြည့်နေခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း စီစီတီဗီ မမြင်နိုင်သည့် နေရာလောက်တွင် သူတို့က ထိုမိန်းကလေးအား ထပ်ရှာကြည့်ပေမဲ့ တခြားစီစီတီဗီတွေမှာပါ မတွေ့ရတော့ပဲ သူမက လေထုထဲ ပျောက်သွားသလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။

ရဲတွေကြားမှ ထူးဆန်းနေမှုနဲ့ယှဉ်ရင် ကျောင်းအတွင်းမှ ယောင်္ကျားလေး အဆောင် ၄၀၄ ကပိုဆိုးဝါးနေသည်။

အဆောင်ထဲမှ မိန်းကလေး အပါအဝင် ထိုအုပ်စုက အဆောင်ထဲမှ ဘယ်သူမှ မထွက်သွားရဲကြပေ။

အထူးသဖြင့် မိန်းကလေးတွေက ရေတောင် ထ,မသောက်ရဲကြပေ။ သူတို့က အရမ်းကြောက်လွန်းတာကြောင့် သန့်စင်ခန်းတောင် မသွားရဲပဲ ကောင်လေးတွေရဲ့ အကာအကွယ်အောက်တွင်သာ နေနေခဲ့ကြသည်။

ဒါ့အပြင် လေးထပ်မြောက်မှ တစ်စုံတစ်ယောက်က ယောင်္ကျားလေး ရေချိုးခန်းမှာ သေသွားတော့ သူတို့က ဘယ်လိုလုပ်ပြီး သွားရဲကြမှာလဲ?

တချို့က ဘီရိုမှ မုန့်တွေနဲ့ အသင့်စား ခေါက်ဆွဲကို ထုတ်လိုက်ပြီးနောက် ၇ ယောက်ခွဲ စားလိုက်သည်။

ဆံပင်ခွဲစည်းထားသည့် မိန်းကလေးကတော့ ဝမ်ချင်ချင် ဖြစ်သည်။ သူမက စားနေရင်းနဲ့ ငိုနေကာ သူမမျက်လုံးက ဖောင်းပြီး နီရဲနေသည်။ တစ်ကိုက်စားပြီးနောက် သူမက ရှိုက်လိုက်ပြီး ဆက်စားလိုက်သည်။ သူမက ဆာလောင်မှုကြောင့် ပြိုလဲကျနေခဲ့သည်။

“ငါ မသေချင်ဘူး၊ ဝူးဝူး!”

မိန်းကလေးတွေက ထပ်ပြိုလဲသွားပေမဲ့ ယောင်္ကျားလေးတွေက သူတို့ကို မတားဆီးသလို ငိုဖို့ခွင့်ပြုထားခဲ့သည်။

ညအချိန်တွင် ဘယ်သူမှ မအိပ်ရဲကြပေ။

စိတ်ပိုင်းဆိုင်ရာက အတော်လေး ပြိုလဲကျနေခဲ့သည်။

ရှောင်ချန်း က ယွမ်တချန် အားဆေးရုံပို့ပေးခဲ့တာကို သူတို့ သိခဲ့ပေမဲ့ ရဲတွေက သတင်းအချက်အလက်တွေအား တားဆီးထားတာကြောင့် ယွမ်တချန် ရဲ့သေဆုံးမှုက ကျောင်းသားတွေရဲ့နားဆီ ရောက်မလာခဲ့ပေ။

လူတိုင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ အမုန်းတရားတွေနဲ့ယှဉ်ရင် ကျိုးခဲယု ကသူ့ဟက်ကာစွမ်းအင်ကို အသုံးချပြီး အင်တာနက်တွင် ဘမ်ရှန်း အကြောင်းနဲ့ ပတ်သက်မှုအား ရှာဖွေနေခဲ့သည်။

သူတို့အတွက်တော့ ဒါက နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။

ရှောင်ချန်း ကထိုလူရဲ့ လက်မောင်းကို မှီလိုက်ပြီး သူ့မျက်လုံးတွေက အနည်းငယ် နီရဲနေပြီး သူ့ခံစားချက်တွေက မတည်ငြိမ်သေးပေ။ သူက မေးလိုက်သည်။ “ဘာကြောင့်၊ အခု ဘာကြောင့် မင်းပြန်လာတာလဲ?”

ရှောင်ချန်း ကအသက်ရှူသွင်းလိုက်ပြီး သူဘာတွေးနေမှန်း မသိရပဲ သူ့ခေါင်းကို လှည့်လိုက်ကာ သူ့မျက်လုံးတွေက ပိုနီရဲလာခဲ့သည်။ “မင်းသိလား....”

သူက ရပ်လိုက်ပြီး အသက်ကို ခက်ခက်ခဲခဲရှူလိုက်ကာ သူ့အသက်ရှူသံအား ထိန်းချုပ်လိုက်သည်။ “ကျွန်တော် မင်းကို ဘယ်လောက်တောင် လွမ်းနေလဲဆိုတာ သိရဲ့လား?”

ငါ အိမ်မက်မက်ခဲ့တယ်။ ငါ့အိမ်မက်တွေ အကုန်လုံးက မင်းပဲ။ ငါနိုးလာပြီး ငါ့ခေါင်းထဲမှာ မင်းပဲရှိတယ်။ အတွေးတွေ ပျောက်ဆုံးသွားချိန်မှသာ ငါ့အတိတ်ကို ပြန်သတိရနိုင်တာ။

တခါတလေ အရူးလိုရယ်မိတယ်၊ တခါတလေ ရူးနေတဲ့သူလိုမျိုး ငိုမိတယ်။

သူ့ကိုယ်သူ အပြစ်တင်နေခဲ့မိတယ်။ နှစ်ပေါင်းများစွာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ခဲ့ဘူး။

ထိုလူရဲ့လက်တွေက ရှောင်ချန်း ရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့စကားသံအား နားထောင်ရင်း သူ့ခန္ဓာကိုယ်သင်းရနံအား ရှူသွင်းနေခဲ့သည်။

သူ့မျက်လုံးတွေ ပိုင်ဆိုင်လိုမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ သူက မျက်လုံးထောင့်ကို အနမ်းပေးလိုက်ပြီး ပြောလိုက်သည်။ “ကိုယ် သိပါတယ်၊ ကိုယ် အားလုံးသိတယ်”

သူ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဖူး!

သူက ရှောင်ချန်း ထပ်တောင် ပိုလွမ်းနေခဲ့တာ!

သူ့ရှေ့မှလူကို ကာကွယ်ပေးချင်ပေမဲ့ သူ့ကို သူလုံးဝထိလို့မရခဲ့ပေ။ ရှောင်ချန်း လဲကျပြီး နာကျင်နေတာကိုသာ သူတစ်ချိန်လုံး ရပ်ကြည့်နေရုံသာ တက်နိုင်ခဲ့သည်။

သူချစ်မြတ်နိုးသည့်လူက ညအချိန် အိပ်မပျော်ပဲ တိတ်တဆိတ် ငိုကြွေးနေတာကို ကြည့်နေရတာက သူ့အတွက် နာကျင်ရစေပြီး သူ့ကိုယ်သူ မနှစ်မြို့သလိုတောင် ခံစားမိလာစေသည်။

သူ့ထပ် ဘယ်သူမှ ပိုပြီးတော့ စိတ်ဓာတ်မကျနိုင်ပေ။ သူ့ကိုယ်သူ မုန်းမိတာထက် ဘယ်သူမှ သူ့ကို ပိုမုန်းတီးနိုင်မှာ မဟုတ်ပေ။

ထိုအကြောင်းကို တွေးလိုက်ပြီး ထိုလူရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့သည်။

သူသေဆုံးပြီးနောက် ကျိန်စာသင့် စိတ်ဝိဉာဉ်က ရှောင်ချန်း အနောက်ကို ၁၀ နှစ်ကျော်လောက်အထိ လိုက်နေခဲ့တာကိုလဲ သူမြင်ခဲ့ရသည်။

ထိုအရာကြောင့် သူလဲ အသတ်ခံခဲ့ရပြီး ရှောင်ချန်း ဘေးမှလူတွေလဲ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြတာ ဖြစ်သည်။

ထိုလူက ရှောင်ချန်း ရဲ့ကျောကို နှစ်သိမ့်ပေးကာ ပုတ်ပေးလိုက်သည်။

စိတ်ဝိဉာဉ်ကို သတ်ပစ်ဖို့သာ မရည်ရွယ်ခဲ့ရင် သူလဲ သူ့ဝိဉာဉ်တွေ အပိုင်းပိုင်း ဖြစ်သွားမှာမဟုတ်သလို လူပုံစံအဖြစ် ပြန်ပြောင်းရဖို့လဲ ဒီလောက် အချိန်အကြာကြီး စောင့်နေခဲ့ရမှာ မဟုတ်ပေ။ လူပုံစံရဖို့အတွက် အရိပ်အနေနဲ့ ကမ္ဘာကြီးတွင် အချိန်အတော်ကြာ သူပုန်းကွယ်ခဲ့ရသည်။

ရှောင်ချန်း နောက်ထပ် နှစ်ပေါင်းများစွာ ထပ်ပြီးတော့ စောင့်နေမှာကို သူ ခွင့်မပြုနိုင်တော့ဘူး!

“နောက်ထပ် ထပ်မရှိတော့ပါဘူး!” ထိုလူက ရှောင်ချန်း ရဲ့လက်ချောင်းတွေနဲ့ သူ့လက်ချောင်းတွေကို ယှက်နွယ်လိုက်ပြီး သူ့ခေါင်းအား ရှောင်ချန်း ရဲ့ဆံပင်တွေကြား တိုးဝှေ့လိုက်ကာ သူ့ခန္ဓာကိုယ်သင်းရနံ့အား ရှူရှိုက်လိုက်ပြီး သူ့မေးက အပေါ်ကို မော့လာခဲ့သည်။

“ကိုယ်ကျိန်ဆိုတယ်!”

“ဒီတစ်ကြိမ်”

“ကိုယ် မင်းကို ဘယ်တော့မှ ထပ်မထားခဲ့တော့ဘူး!”

‘မင်းက တောင်တွေကြားမှာ ရှိနေလိုသာ လရောင်အောက်မှာ ငါလမ်းလျှောက်နိုင်ခဲ့တာ - ရှီမူရုံ’

24.8.2023
.................

Zawgyi

ညဥ့္ဦးပိုင္းတြင္

တိတ္ဆိတ္ေနခဲ့သည္။ ျပတင္းေပါက္ အျပင္ဘက္မွ လေရာင္က အခန္းထဲကို ဝင္ေရာက္ေနတာေၾကာင့္ အလင္းေရာင္ ေဖ်ာ့ေတာ့စြာ ထြက္ေပၚေနၿပီး ပတ္ဝန္းက်င္အား အနည္းငယ္ ဝိုးတိုးဝါးတား ျမင္ႏိုင္ေနသည္။

ေဆး႐ုံတြင္

ဒါ့ထက္ ပိုတိတ္ဆိတ္ေနၿပီး ေနာက္တစ္စကၠန႔္အတြင္း လူေသအေလာင္းတစ္ခုက တစ္စုံတစ္ေယာက္ရဲ႕ ဘဝကို ယူေဆာင္ဖို႔အတြက္ ရင္ခြဲ႐ုံထဲမွ ထြက္လာခဲ့သည္။

အရိပ္က သူ႔ဘာသာ ေရွာင္ခ်န္း ရဲ႕ခႏၶာကိုယ္ဆီ တျဖည္းျဖည္း တိုးကပ္လာၿပီး ေရွ႕တိုးလာခဲ့သည္။ သူ႔ခႏၶာကိုယ္မွ ယင္စြမ္းအင္ေတြက အေတာ္ေလးကို မ်ားျပားေနသည္။ သူက ဂ႐ုတစိုက္နဲ႔ ေရွာင္ခ်န္း ရဲ႕မ်က္ႏွာကို ထိေတြ႕ေနခဲ့သည္။

ေမႊးရနံ႔

ခိခိ

ေရွာင္ခ်န္း ကေဆး႐ုံအိပ္ရာေပၚတြင္ လွဲေလ်ာင္းေနခဲ့ၿပီး မ်က္ခုံးေတြက တြန႔္ခ်ိဳးေနကာ သူ႔အိပ္စက္ေနမႈက မတည္ၿငိမ္ေနေပ။ သူ႔ခႏၶာကိုယ္က ေတာင့္တင္းေနၿပီး သူ႔တြင္ အိမ္မက္ဆိုးေတြ ရွိေနပုံရသည္။

ေဖ်ာ့ေတာ့သည့္ အလင္းေရာင္က ဝင္ေရာက္ေနၿပီး ေရွာင္ခ်န္း ရဲ႕မ်က္ႏွာေပၚတြင္ ေတာက္ပေနကာ သူ႔ပုံစံက အေတာ္ေလး ျဖဴေဖ်ာ့ေနၿပီး ေဖာက္ထြင္းျမင္ရလုနီးပါး ျဖစ္ေနသည္။

ဒါက နတ္သမီးပုံျပင္ေတြထဲက ႏိုးထ,လာဖို႔ အနမ္းေပးမည့္ မင္းသားေလးအား ေစာင့္ေမွ်ာ္ေနသည့္ အိပ္ေပ်ာ္ေနသည့္ အလွေလးနဲ႔ တူေနသည္။

အရိပ္က တိတ္တဆိတ္ ရယ္ေမာလိုက္ၿပီး ေရွာင္ခ်န္း ရဲ႕မ်က္ခုံးကို ထိေတြ႕လိုက္ကာ တြန္းခ်ိဳးေနသည့္ မ်က္ခုံးေတြအား ေျပေလ်ာ့သြားေအာင္ လုပ္လိုက္ၿပီးေနာက္ ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းပါးကို ညင္သာစြာ ထိေတြ႕လိုက္သည္။

ေရွာင္ခ်န္း ကသူ႔ပါးစပ္ကို အသက္ရႉႏိုင္ဖို႔ အနည္းငယ္ ဟလိုက္သည္။

ေနာက္စကၠန႔္တြင္ အရိပ္က ပုံမွန္လို အနက္ေရာင္ အေငြ႕ေတြက ခႏၶာကိုယ္အျဖစ္ ေျပာင္းလဲလာခဲ့သည္။ ေရွာင္ခ်န္း အားမဖိမိေစဖို႔အတြက္ သူက သူ႔ကိုယ္သူ အိပ္ရာေဘးတြင္ ဝင္လွဲလိုက္သည္။

ထို႔ေနာက္ သူ႔ခႏၶာကိုယ္က တျဖည္းျဖည္း အနက္ေရာင္ အေငြ႕ေတြမွတဆင့္ လူအရည္ျပားဆီ ေျပာင္းလဲလာခဲ့သည္။

အညိဳေရာင္မ်က္လုံး၊ သူ႔မ်က္လုံးေတြကို အုပ္လုနီးပါးျဖစ္ေနသည့္ ရွည္လ်ားလြန္းသည့္ ဆံပင္ေတြ၊ ေျဖာင့္စင္းေနသည့္ ႏွာတံနဲ႔ ႏႈတ္ခမ္းေထာင့္ေတြက အနည္းငယ္ အေပၚကို ပင့္တက္ေနခဲ့သည္။

သူ႔မ်က္လုံးေတြက ပိုင္ဆိုင္လိုမႈ၊ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္ႏွက္ေနသည္။

ထိုလူရဲ႕လက္က ေရွာင္ခ်န္း ရဲ႕နဖူးမွ ဆံပင္ကို ထိေတြ႕လိုက္ၿပီး သူ႔ေခါင္းအား လူငယ္ေလးရဲ႕ လည္ပင္းတြင္ နစ္ျမဳတ္ထားရင္း သူ႔ႏႈတ္ခမ္းေတြနဲ႔ တဖက္လူရဲ႕ အရည္ျပားကို ထိေတြ႕ေနခဲ့သည္။

ေရွာင္ခ်န္း ကအအိပ္ဆက္တာေၾကာင့္ သူ႔ကိုယ္အား တစ္စုံတစ္ခုက လာကပ္တြယ္တာကို ခံစားမိေနခဲ့သည္။ သူက ေခါင္းကို ခါလိုက္ၿပီးေနာက္ သူ႔အား ဖက္တြယ္ေနသည့္ အရာအား ဖယ္ထုတ္ပစ္ဖို႔ ႀကိဳးစားလိုက္ေပမဲ့ ထိုအရာက သူ႔အား ပိုၿပီးေတာ့ေတာင္ ကပ္တြယ္လာမယ္လို႔ ထင္မထားခဲ့ေပ။

႐ုတ္တရက္ႀကီး ေရွာင္ခ်န္း ကႏိုးသြားခဲ့သည္။

သူ႔မ်က္လုံးေတြကို ခက္ခက္ခဲခဲ ဖြင့္လိုက္သည္။ ႏိုးတစ္ဝက္နဲ႔ သူက ေဖ်ာ့ေတာ့သည့္ အလင္းေရာင္ေအာက္တြင္ ရင္းႏွီေနသည့္ ပုံရိပ္အား ဝိုးတဝါးျမင္လိုက္ရသည္။ ေရွာင္ခ်န္း ကအစပိုင္း လန႔္သြားခဲ့သည္။

တံေတြးၿမိဳခ်လိုက္ၿပီးေနာက္ ထိုမ်က္ႏွာအား ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။

ရွင္းရွင္းလင္းလင္း ျမင္လိုက္ၿပီးေနာက္ သူ႔သူငယ္အိမ္က ႐ုတ္ခ်ည္း အာ႐ုံစူးစိုက္သြားကာ သူ႔တစ္ကိုယ္လုံးက ေတာင့္တင္းသြားၿပီး မလႈပ္ရွားႏိုင္ေတာ့ပဲ ထိုလူ၏ အိပ္ရာေပၚတြင္ ေပြ႕ဖက္ထားမႈအား ခြင့္ျပဳထားခဲ့သည္။

အညိဳေရာင္ မ်က္လုံးေတြကို ၾကည့္လိုက္ၿပီး သူ႔မ်က္ႏွာက ထိုမ်က္လုံးထဲတြင္ ေရာင္ျပန္ဟပ္ေနသည္။ ဒါက ေရွာင္ခ်န္း အတြက္ အသက္ရႉဖို႔ေတာင္ ေမ့ေနခဲ့သည့္ အခ်ိန္ျဖစ္သည္။

ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းေတြက အနည္းငယ္ တုန္ရီေနခဲ့သည္။ သူက လက္ဖဝါးအား ထိုလူရဲ႕ ပါးတြင္ ႏူးညံ့စြာ ထိေတြ႕လိုက္ၿပီး တစ္ဖက္လူရဲ႕ တည္ရွိမႈကို ခံစားလိုက္သည္။

အရည္ျပားက အေတာ္ေလး မာေတာင့္ေနေပမဲ့ ထိေတြ႕လို႔ေကာင္းၿပီး လူသားလိုပင္။

ဒါက အတုအေယာင္ မဟုတ္ေပ။

ဒါက အိမ္မက္မဟုတ္ဘူး!

ေရွာင္ခ်န္း ကအာ႐ုံစိုက္ၿပီး ၾကည့္ေနခဲ့သည္။

ထိုလူက ဘာမွမ‌ေျပာပဲ ေရွာင္ခ်န္း ရဲ႕လက္ႏွစ္ဖက္အား သူ႔မ်က္ႏွာကို ထိေတြ႕ခြင့္ျပဳထားခဲ့သည္။

ေနာက္ဆုံးေတာ့ ေရွာင္ခ်န္း ကအိမ္မက္မက္ေနတာ မဟုတ္မွန္း ေသခ်ာသြားေပမဲ့ ေျပာခ်င္ေနသည့္ စကားလုံးေတြက သူ႔လည္ပင္းဝတြင္ တစ္ဆို႔ေနၿပီး ဘာစကားမွ ထြက္မလာခဲ့ေပ။

သူ႔ႏွာေခါင္းက စတင္ယားယံလာၿပီး သူ႔မ်က္လုံးေတြက နီရဲလာခဲ့သည္။ ဘာကိုမွ ေမးမေနပဲ သူ႔လက္ေတြနဲ႔ ထိုလူရဲ႕ ခါးအားဖက္လိုက္ကာ သူ႔ကိုယ္နဲ႔ ဖိခ်လိုက္သည္။

ထိုလူက သူ႔ခြန္အားကို ေလ်ာ့ခ်လိုက္ၿပီး သူ႔တစ္ကိုယ္လုံးက ေရွာင္ခ်န္း ခႏၶာကိုယ္နဲ႔ အဖိခံေနခဲ့သည္။

ဂူလူမင္း ရဲ႕ေျပာင္းလဲမႈေတြက အေတာ္ေလး မ်ားျပားသည္။

သူ႔မ်က္ႏွာ အသြင္အျပင္က အရင္ကထက္ သုံးဘက္ျမင္ပုံစံ ပိုေပၚလာေပမဲ့ သူ႔အရပ္နဲ႔ အသြင္အျပင္ကေတာ့ အေတာ္ေလး အလွမ္းကြာလြန္းေနသည္။

ဂူလူမင္း ကအရင္တုန္းက ေရွာင္ခ်န္း ထက္ေခါင္းတစ္လုံးစာေလာက္ ပုသည္။ သူက အေကာင္ေသးေသာ္လည္း သူ႔အၾကည့္ေတြက ျပင္းထန္လြန္းသည္။ သူ႔ပုံစံက သူ႔ကိုယ္ပိုင္ေနရာကို တစ္စုံတစ္ေယာက္ ခ်ဥ္းကပ္လာရင္ လုံးဝခြင့္မလႊတ္ေပးတက္သည့္ သင္းကြဲဝံပုေလြနဲ႔ တူေနသည္။

ေနာက္ၿပီး ေရွာင္ခ်န္း ကသာ သူ႔ႏွလုံးသားတြင္းမွ အႏူးညံ့ဆုံး အစိတ္အပိုင္းေလးျဖစ္သည္။

သို႔ေသာ္ သူ႔ေရွ႕မွလူက အခုေတာ့ ေရွာင္ခ်န္း ထက္အရပ္ပိုရွည္ေနၿပီး ေခါင္းတစ္လုံးစာ ပိုရွည္ေနကာ သူ႔ခႏၶာကိုယ္ကလဲ အေတာ္ေလး ေတာင့္တင္းသန္မာပုံေပၚသည္။

တစ္ခုတည္းေသာ မေျပာင္းလဲသည့္ အရာကေတာ့...

သူ႔မ်က္လုံးမွ ေရွာင္ခ်န္း အားၾကည့္သည့္ အၾကည့္ပင္။

ေရွာင္ခ်န္း အားၾကည့္ေနခ်ိန္တြင္ ဂူလူမင္း ရဲ႕မ်က္လုံးေတြက အၿမဲတမ္း အလိုလိုက္ပုံေပၚကာ ၿပဳံးေနခဲ့ၿပီး သူ႔မ်က္လုံး ေအာက္ေျခအထိ ေလာဘႀကီးမႈေတြကို ခံစားေနရသည္။ သူတို႔က ေအးစက္မႈနဲ႔ နက္ေမွာင္သည့္ ခံစားခ်က္ေတြ ရွိေနေပမဲ့ သူ႔မ်က္လုံးေတြက ေရွာင္ခ်န္း အေပၚ ေရာက္သြားသည့္ႏွင့္ ခ်စ္ျခင္းတရားေတြ ျပည့္ႏွက္သြားခဲ့သည္။

“မင္း ကိုအရမ္းသတိရေနတာ၊ မင္းကို အရမ္းသတိရတာပဲ!” ေရွာင္ခ်န္း ရဲ႕အသံက တုန္ရီေနခဲ့သည္။ သူက ထိုလူအား တင္းၾကပ္စြာ ေပြ႕ဖက္ထားၿပီး ထိုစကားေတြအား ဆက္တိုက္ ေျပာေနခဲ့သည္။

သူ႔ႏွလုံးသားထဲတြင္ ေမးခြန္းေပါင္းမ်ားစြာ ရွိေနေပမဲ့ ထိုခဏတြင္ေတာ့ ဘာကိုမွ သူ မမွတ္မိႏိုင္ေတာ့ေပ။ တဖက္လူအား သူအရမ္းလြမ္းေနတာကိုသာ ေျပာေနႏိုင္ၿပီး တျခားဘာကိုမွ မေျပာႏိုင္ခဲ့ေပ။

ဂူလူမင္း ကလွည့္လိုက္ၿပီး သူတို႔အေနအထားအား ေျပာင္းလိုက္သည္။

သူတို႔ႏွစ္ေယာက္က အိပ္ရာေပၚတြင္ လွဲေလ်ာင္းေနၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ေပါင္းစပ္ေတာ့မလိုမ်ိဳး တင္းၾကပ္စြာ ေပြ႕ဖက္ထားခဲ့သည္။

“ကိုယ္သိတယ္! ကိုယ္သိတယ္!” ဂူလူမင္း ကလဲ ထိုစကားကိုသာ ေရ႐ြတ္ေနခဲ့ၿပီး စကားလုံး တစ္လုံးခ်င္းစီတိုင္း အေလးအနက္ထား ေျပာေနခဲ့ၿပီး ေရွာင္ခ်န္း အားစိတ္ရွည္ရွည္နဲ႔ ေျဖေပးေနခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ႏွလုံးခုန္ႏႈန္းက တျဖည္းျဖည္းနဲ႔ ပိုမိုျမန္ဆန္လာၿပီး သူ႔တစ္ကိုယ္ ထုံက်ဥ္ေနၿပီး သူ႔ဦးေႏွာက္ထဲ ေသြးေတြ စီးဆင္းေနသလိုမ်ိဳး ျဖစ္ေနခဲ့သည္။

ထိုလူရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းေနၿပီး သူ႔ေမးေစ့နဲ႔ ေရွာင္ခ်န္း ရဲ႕လည္ပင္းအား ဆက္တိုက္ပြတ္သပ္ေနခဲ့သည္။ သူ႔ခြန္အားေတြက ေရွာင္ခ်န္း ထက္ပိုသန္မာသည္။ သူက ေရွာင္ခ်န္း ရဲ႕ခါးကို ေပြ႕ဖက္လိုက္ၿပီး သူ႔လက္ေတြက အျပဳအမူေကာင္း မရွိသလိုမ်ိဳး ေရွာင္ခ်န္း ရဲ႕ေနာက္ေက်ာတြင္ လႈပ္ရွားေနကာ သူ႔ေခါင္းကေတာင္ ရပ္တန႔္ျခင္းမရွိပဲ ေအာက္ဘက္ကို ဆင္းေနခဲ့သည္။

ငါ့အပိုင္၊ အကုန္လုံး ငါ့အပိုင္။

ေနာက္ဆုံးေတာ့ ထိုလူက ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့ပဲ ေရွာင္ခ်န္း ရဲ႕လည္ပင္းအေနာက္အား လက္နဲ႔ဖိလိုက္ၿပီး ေရွာင္ခ်န္း ရဲ႕ေငးငိုင္ေနသည့္ အခ်ိန္ကို အခြင့္ေကာင္းယူကာ တစ္ဖက္လူရဲ႕ ႏႈတ္ခမ္းအား သူ႔ႏႈတ္ခမ္းေတြနဲ႔ ခ်ိတ္ပိတ္လိုက္သည္။

သူ႔လက္ဖဝါးေတြက ေရွာင္ခ်န္း ရဲ႕အက်ႌအဖ်ားဆီ ေရာက္သြားၿပီး တစ္ဖက္လူရဲ႕ အပူခ်ိန္ကို ခံစားေနခဲ့သည္။

ေရွာင္ခ်န္း ကတစ္ဖက္လူရဲ႕ ဆႏၵေတြကို ခြင့္ျပဳေပးထားကာ အနမ္းေတြကို ႀကိဳဆိုေနခဲ့သည္။

သူ႔လက္ႏွစ္ဖက္လုံးက ထိုလူရဲ႕ လည္ပင္းအေနာက္ဘက္ဆီ တျဖည္းျဖည္း ေ႐ြ႕လ်ားသြားခဲ့သည္။

သူတို႔နမ္းေနတာ ဘယ္ေလာက္ၾကာသြားမွန္း မသိလိုက္ခ်ိန္မွာ ထိုလူက ေပ်ာ့ေခြေနသည့္ ေရွာင္ခ်န္း ကိုလြတ္ေပးလိုက္သည္။

ေရွာင္ခ်န္း ရဲ႕မ်က္လုံးေထာင့္မွ မ်က္ရည္ေတြ ရွိေနခဲ့သည္။ သူ႔အၾကည့္က စကားလုံးနဲ႔ ေဖာ္ျပလို႔မရႏိုင္ေလာက္ေအာင္ က်က္သေရရွိေနသည္။

ဂူလူမင္း ရဲ႕မ်က္လုံးေတြက ထပ္ၿပီးက်ဥ္းေျမာင္းသြားၿပီးေနာက္ သူ႔ပါးစပ္ကို ဖြင့္လိုက္သည္။ သူ႔အသံက ဩရွေနၿပီး ဆြဲေဆာင္မႈလဲ ရွိေနသည္။ သူက တျဖည္းျဖည္း စ,ေျပာလိုက္သည္။

“ေနာက္ဆုံးေတာ့ ကိုယ္ မင္းနဲ႔ေတြ႕ႏိုင္ၿပီ၊ အခ်စ္ေလး”

ငါတို႔ေတြက ဒီေန႔ေရာက္ဖို႔ အခ်ိန္အၾကာႀကီး ေစာင့္ေနခဲ့ရတာ!

အရမ္းၾကာလြန္းလို႔ ငါေတာင္ ႐ူးေတာ့မလိုပဲ! ငါ႐ူးေတာ့မဲ့အထိကို အခ်ိန္ၾကာလြန္းတယ္!

ေရွာင္ခ်န္း ကတိုးလ်စြာ အသံျပဳလိုက္ၿပီး ဂူလူမင္း အားလက္ႏွစ္လုံးနဲ႔ တင္းၾကပ္စြာဖက္လိုက္ၿပီး ထပ္တလဲလဲ အတည္ျပဳေနခဲ့သည္။ “ကြၽန္ေတာ္ အိမ္မက္မက္ေနတာလား?”

ဒီအိမ္မက္က အရမ္းကို လွပလြန္းသည္။ တူညီသည့္ အိမ္မက္မ်ိဳးေတြကို သူမက္ခဲ့ဖူးသည္။ အႀကိမ္တိုင္း သူေပ်ာ္႐ႊင္ေနခဲ့ၿပီး သူႏိုးလာခ်ိန္တြင္ေတာ့ ဘာမွရွိမေနတာေၾကာင့္ သူ႔ကို စိတ္ပ်က္ေစသည္။

သူ႔ေရွ႕မွ ဂူလူမင္း ကပူေပါင္းေတြလိုမ်ိဳး တစ္ခ်က္ထိလိုက္႐ုံနဲ႔ ေပ်ာက္သြားမွာကို ေၾကာက္ေနခဲ့သည္။

ဂူလူမင္း ကဝမ္းနည္းမႈေတြကို ခံစားလိုက္ရသည္။ သူ မေျပာႏိုင္ခင္ ေရွာင္ခ်န္း ကသူ႔လည္ပင္းကို ကိုက္ခ်လိုက္သည္။

ဒါက အနမ္းမဟုတ္ဘူး၊ ဒါက တကယ္ႀကီးကို ကိုက္ေနတာပဲ!

ဒါက သြားထြက္လာသည့္ ယုန္ေလးက တစ္ဖက္လူရဲ႕ နာက်င္မႈကို ခံစားမိၿပီး ကိုက္ရာမွ ေသြးထြက္လာတာကို ေမွ်ာ္လင့္ေနသလိုမ်ိဳး တင္းတင္းကိုက္ေနခဲ့သည္။

ဂူလူမင္း ရဲ႕မ်က္လုံးေတြက ခံစားခ်က္မဲ့ေနၿပီး ေရွာင္ခ်န္း ကိုက္ေနမႈအား ဆႏၵရွိရွိ ခြင့္ျပဳေပးထားေပမဲ့ နာက်င္မႈေၾကာင့္ မေအာ္ေပ။

႐ုတ္တရပ္ သူ႔လည္ပင္းကို ကိုက္ေနသည့္ ေရွာင္ခ်န္း ကအရက္မူးေနရာမွ အမူးေျပသြားသည့္ လူလိုမ်ိဳး လႈပ္ရွားမႈေတြကို ရပ္တန႔္လိုက္သည္။ ခ်က္ခ်င္းပင္ ဂူလူမင္း ကထိုဒဏ္ရာေနရာမွ စိုစြတ္မႈကို ခံစားလိုက္ရသည္။

ေရွာင္ခ်န္း ငိုေနတာပဲ။

ေရွာင္ခ်န္း ကတိတ္တဆိတ္ ငိုေႂကြးေနခဲ့သည္။ သူက အသံမထြက္ပဲ ငိုေႂကြးေနၿပီး မ်က္ရည္ေတြက မထိန္းခ်ဳပ္ႏိုင္ပဲ စီးက်ေနခဲ့သည္။ ေလက ညင္သာစြာ တိုက္ခတ္သြားၿပီး တိမ္အနည္းငယ္သာ ရွိေပမဲ့ အလင္းေရာင္ အနည္းငယ္ ထြက္ေပၚလာခဲ့သည္။

သူ႔ခြန္အားေတြ ေနာက္ကြယ္တြင္ ဒဏ္ရာေတြ ဘယ္ေလာက္ေတာင္ မ်ားျပားလဲဆိုတာ လူအမ်ားစုက မျမင္ႏိုင္ၾကေပ။

ဂူလူမင္း ရဲ႕ႏွလုံးသားက တင္းၾကပ္သြားခဲ့သည္။ သူ မျမင္ႏိုင္ဆုံးအရာက ေရွာင္ခ်န္း ရဲ႕မ်က္ရည္ေတြပင္။

ေရွာင္ခ်န္း ရဲ႕ေခါင္းကို သူေမာ့လိုက္ေပမဲ့ လူငယ္ေလးက သူငိုေနတာကို ျမင္သြားမွာ စိုးတာေၾကာင့္ သူ႔ေခါင္းအား ဂူလူမင္း ရဲ႕လည္ပင္းၾကားတြင္ နစ္ျမဳတ္ထားရင္း သူ႔အမူအရာအား မေတြ႕ႏိုင္ေအာင္ ဖြက္ထားခဲ့သည္။

ဂူလူမင္း ရဲ႕ႏွလုံးသားက ပိုၿပီးေတာ့ေတာင္ တင္းၾကပ္သြားၿပီး သူ႔အသံက တိုးလ်ေနကာ တုန္ရီေနသည္။ “ကိုယ္ပါ! ကိုယ္ တကယ္ျပန္ေရာက္လာၿပီ”

ေရွာင္ခ်န္း ကဘာကိုစိုးရိမ္ေနလဲဆိုတာ သူသိေနခဲ့သည္။

“ကိုယ္ ျပန္ေရာက္ၿပီ။ ကိုယ္ တကယ္ျပန္ေရာက္လာတာပါ” ထိုလူက ဒီစကားကိုသာ ဆက္တိုက္ေျပာေနခဲ့ၿပီး သူ႔အသံက ပိုၿပီးေတာ့ ႏူးညံ့ေနေကာ ပိုၿပီးေတာ့ စိတ္ရွည္ေနခဲ့သည္။ သူ ထိုစကားကို ဘယ္ႏွႀကိမ္ေလာက္ ေျပာလိုက္မိမွန္း မသိေပမဲ့ သူ႔ခႏၶာကိုယ္မွ လက္ေတြက တျဖည္းျဖည္း ေျပေလ်ာ့သြားတာကို ခံစားမိလိုက္သည္။

ေနာက္ဆုံးေတာ့ ေရွာင္ခ်န္း ကသတၱိေမြးကာ ေခါင္းေမာ့လိုက္သည္။ သူ႔လက္ေတြက ဂူလူမင္း ရဲ႕မ်က္ႏွာဆီ ေ႐ြ႕လ်ားသြားၿပီး ထိေတြ႕ေနခဲ့သည္။ သူ႔မ်က္လုံးေတြက အနည္းငယ္ နီရဲေနၿပီး ၿပဳံးလိုက္ေပမဲ့ သူ႔အၿပဳံးက ငိုတာထက္ေတာင္ ပို႐ုပ္ဆိုးေနသည္။ သို႔ေသာ္ သူ႔မ်က္လုံးထဲမွ အၿပဳံးက ပို႐ိုးသားသည္။ “ေနာက္ဆုံးေတာ့ မင္းျပန္လာၿပီပဲ”

ယြမ္တခ်န္ ကေဆး႐ုံလာရာလမ္းတြင္ ေသဆုံးခဲ့ၿပီး ေဆး႐ုံကားအတြင္း ေရွာင္ခ်န္း လဲသတိလစ္သြားခဲ့သည္။

စီစီတီဗီမွတဆင့္ ရဲေတြက သဲလြန္စေတြကို ရွာေဖြေနခဲ့သည္။

ဒါက ေက်ာင္းသူ လီရီဝမ္ ျဖစ္သည္။

စီစီတီဗီ သူတို႔ႏွစ္ေယာက္က ေယာက်ၤားေလး အေဆာင္မွ ထြက္သြားၿပီး ေကာင္ေလးက မိန္းကေလး ရဲ႕လက္ကို ဆြဲခ်င္ေပမဲ့ မိန္းကေလးက သူမအိတ္ထဲ ဓားကိုဖြက္ထားခဲ့ေၾကာင္း သူ မသိခဲ့ေပ။ ေကာင္ေလးက သူမရဲ႕လက္ကို ကိုင္လိုက္ခ်ိန္ သူမက ဓားနဲ႔ သူ႔ဝမ္းဗိုက္ကို ထိုးစိုက္လိုက္ၿပီး ေရွ႕ဆက္ေလွ်ာက္ၿပီး မ်က္ႏွာ အမူအရာ မေျပာင္းလဲပဲ ေရွ႕ကိုသာ ဆက္ေလွ်ာက္ေနခဲ့သည္...

သူတို႔က ရန္ျဖစ္တာေၾကာင့္ မေတာ္တဆျဖစ္ၾကသည့္ လက္ထပ္ၿပီးသား စုံတြဲေတြ၊ ခ်စ္သူစုံတြဲေတြ အေၾကာင္း အမ်ားႀကီး ျမင္ဖူးခဲ့သည္။ သူတို႔အားလုံးက တစ္စုံတစ္ရာေၾကာင့္ တိတ္ဆိတ္ေနခဲ့ၾကသည္။

ဘာေၾကာင့္ဆိုေတာ့ သူတို႔ျမင္ရသည့္ မိန္းကေလးရဲ႕ အမူအရာက လုံးဝကို ျခားနားေနတာေၾကာင့္ ျဖစ္သည္။ တစ္စုံတစ္ေယာက္ကို ဓားထိုးၿပီးေနာက္ သူမက ေခါင္းကို လွည့္သြားျခင္းမရွိပဲ ေက်ာင္းဂိတ္ေပါက္ကို ဆက္ေလွ်ာက္သြားၿပီး သူမမ်က္ႏွာတြင္ေတာင္ အလ်င္မလိုသည့္ အမူအရာကို ျပေနခဲ့သည္။ သူတို႔က တစ္စုံတစ္ေယာက္ကို သတ္မိတာေၾကာင့္ ထိတ္လန႔္ေနသည့္ အမူအရာကို သူမမ်က္ႏွာတြင္ လုံးဝမျမင္ရေပ။

ဒါ့အျပင္ သူတို႔ စီစီတီဗီကို ဘယ္ေလာက္ပဲၾကည့္ၾကည့္ ဒါက မေတာ္တဆ ျပစ္မႈက်ဴးလြန္မိတာမ်ိဳးနဲ႔ တူမေနပဲ ေရရွည္စီစဥ္ထားသည့္ စီစဥ္မႈမ်ိဳးနဲ႔ ပိုတူေနသည္။

မိန္းကေလးရဲ႕ လႈပ္ရွားမႈေတြနဲ႔ အမူအရာေတြက အသိစိတ္မရွိသည့္ ပစၥည္းကိရိယာေတြလိုပင္။

ထူးဆန္းတယ္! အရမ္းထူးဆန္းလြန္းတယ္!

ပိုၿပီးထူးဆန္းတာက ေက်ာင္းနားက စီစီတီဗီမွ ေကာင္မေလးကို ရဲေတြက ၾကည့္ေနခဲ့ၿပီးေနာက္ မိနစ္ပိုင္းအတြင္း စီစီတီဗီ မျမင္ႏိုင္သည့္ ေနရာေလာက္တြင္ သူတို႔က ထိုမိန္းကေလးအား ထပ္ရွာၾကည့္ေပမဲ့ တျခားစီစီတီဗီေတြမွာပါ မေတြ႕ရေတာ့ပဲ သူမက ေလထုထဲ ေပ်ာက္သြားသလိုမ်ိဳး ေပ်ာက္ကြယ္သြားခဲ့သည္။

ရဲေတြၾကားမွ ထူးဆန္းေနမႈနဲ႔ယွဥ္ရင္ ေက်ာင္းအတြင္းမွ ေယာက်ၤားေလး အေဆာင္ ၄၀၄ ကပိုဆိုးဝါးေနသည္။

အေဆာင္ထဲမွ မိန္းကေလး အပါအဝင္ ထိုအုပ္စုက အေဆာင္ထဲမွ ဘယ္သူမွ မထြက္သြားရဲၾကေပ။

အထူးသျဖင့္ မိန္းကေလးေတြက ေရေတာင္ ထ,မေသာက္ရဲၾကေပ။ သူတို႔က အရမ္းေၾကာက္လြန္းတာေၾကာင့္ သန႔္စင္ခန္းေတာင္ မသြားရဲပဲ ေကာင္ေလးေတြရဲ႕ အကာအကြယ္ေအာက္တြင္သာ ေနေနခဲ့ၾကသည္။

ဒါ့အျပင္ ေလးထပ္ေျမာက္မွ တစ္စုံတစ္ေယာက္က ေယာက်ၤားေလး ေရခ်ိဳးခန္းမွာ ေသသြားေတာ့ သူတို႔က ဘယ္လိုလုပ္ၿပီး သြားရဲၾကမွာလဲ?

တခ်ိဳ႕က ဘီ႐ိုမွ မုန႔္ေတြနဲ႔ အသင့္စား ေခါက္ဆြဲကို ထုတ္လိုက္ၿပီးေနာက္ ၇ ေယာက္ခြဲ စားလိုက္သည္။

ဆံပင္ခြဲစည္းထားသည့္ မိန္းကေလးကေတာ့ ဝမ္ခ်င္ခ်င္ ျဖစ္သည္။ သူမက စားေနရင္းနဲ႔ ငိုေနကာ သူမမ်က္လုံးက ေဖာင္းၿပီး နီရဲေနသည္။ တစ္ကိုက္စားၿပီးေနာက္ သူမက ရႈိက္လိုက္ၿပီး ဆက္စားလိုက္သည္။ သူမက ဆာေလာင္မႈေၾကာင့္ ၿပိဳလဲက်ေနခဲ့သည္။

“ငါ မေသခ်င္ဘူး၊ ဝူးဝူး!”

မိန္းကေလးေတြက ထပ္ၿပိဳလဲသြားေပမဲ့ ေယာက်ၤားေလးေတြက သူတို႔ကို မတားဆီးသလို ငိုဖို႔ခြင့္ျပဳထားခဲ့သည္။

ညအခ်ိန္တြင္ ဘယ္သူမွ မအိပ္ရဲၾကေပ။

စိတ္ပိုင္းဆိုင္ရာက အေတာ္ေလး ၿပိဳလဲက်ေနခဲ့သည္။

ေရွာင္ခ်န္း က ယြမ္တခ်န္ အားေဆး႐ုံပို႔ေပးခဲ့တာကို သူတို႔ သိခဲ့ေပမဲ့ ရဲေတြက သတင္းအခ်က္အလက္ေတြအား တားဆီးထားတာေၾကာင့္ ယြမ္တခ်န္ ရဲ႕ေသဆုံးမႈက ေက်ာင္းသားေတြရဲ႕နားဆီ ေရာက္မလာခဲ့ေပ။

လူတိုင္းရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈ၊ အမုန္းတရားေတြနဲ႔ယွဥ္ရင္ က်ိဳးခဲယု ကသူ႔ဟက္ကာစြမ္းအင္ကို အသုံးခ်ၿပီး အင္တာနက္တြင္ ဘမ္ရွန္း အေၾကာင္းနဲ႔ ပတ္သက္မႈအား ရွာေဖြေနခဲ့သည္။

သူတို႔အတြက္ေတာ့ ဒါက ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ ျဖစ္သည္။

ေရွာင္ခ်န္း ကထိုလူရဲ႕ လက္ေမာင္းကို မွီလိုက္ၿပီး သူ႔မ်က္လုံးေတြက အနည္းငယ္ နီရဲေနၿပီး သူ႔ခံစားခ်က္ေတြက မတည္ၿငိမ္ေသးေပ။ သူက ေမးလိုက္သည္။ “ဘာေၾကာင့္၊ အခု ဘာေၾကာင့္ မင္းျပန္လာတာလဲ?”

ေရွာင္ခ်န္း ကအသက္ရႉသြင္းလိုက္ၿပီး သူဘာေတြးေနမွန္း မသိရပဲ သူ႔ေခါင္းကို လွည့္လိုက္ကာ သူ႔မ်က္လုံးေတြက ပိုနီရဲလာခဲ့သည္။ “မင္းသိလား....”

သူက ရပ္လိုက္ၿပီး အသက္ကို ခက္ခက္ခဲခဲရႉလိုက္ကာ သူ႔အသက္ရႉသံအား ထိန္းခ်ဳပ္လိုက္သည္။ “ကြၽန္ေတာ္ မင္းကို ဘယ္ေလာက္ေတာင္ လြမ္းေနလဲဆိုတာ သိရဲ႕လား?”

ငါ အိမ္မက္မက္ခဲ့တယ္။ ငါ့အိမ္မက္ေတြ အကုန္လုံးက မင္းပဲ။ ငါႏိုးလာၿပီး ငါ့ေခါင္းထဲမွာ မင္းပဲရွိတယ္။ အေတြးေတြ ေပ်ာက္ဆုံးသြားခ်ိန္မွသာ ငါ့အတိတ္ကို ျပန္သတိရႏိုင္တာ။

တခါတေလ အ႐ူးလိုရယ္မိတယ္၊ တခါတေလ ႐ူးေနတဲ့သူလိုမ်ိဳး ငိုမိတယ္။

သူ႔ကိုယ္သူ အျပစ္တင္ေနခဲ့မိတယ္။ ႏွစ္ေပါင္းမ်ားစြာ သူ႔ကိုယ္သူ ခြင့္မလႊတ္ႏိုင္ခဲ့ဘူး။

ထိုလူရဲ႕လက္ေတြက ေရွာင္ခ်န္း ရဲ႕လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး သူ႔စကားသံအား နားေထာင္ရင္း သူ႔ခႏၶာကိုယ္သင္းရနံအား ရႉသြင္းေနခဲ့သည္။

သူ႔မ်က္လုံးေတြ ပိုင္ဆိုင္လိုမႈေတြနဲ႔ ျပည့္ႏွက္ေနခဲ့သည္။ သူက မ်က္လုံးေထာင့္ကို အနမ္းေပးလိုက္ၿပီး ေျပာလိုက္သည္။ “ကိုယ္ သိပါတယ္၊ ကိုယ္ အားလုံးသိတယ္”

သူ ဘယ္တုန္းကမွ ထြက္မသြားခဲ့ဖူး!

သူက ေရွာင္ခ်န္း ထပ္ေတာင္ ပိုလြမ္းေနခဲ့တာ!

သူ႔ေရွ႕မွလူကို ကာကြယ္ေပးခ်င္ေပမဲ့ သူ႔ကို သူလုံးဝထိလို႔မရခဲ့ေပ။ ေရွာင္ခ်န္း လဲက်ၿပီး နာက်င္ေနတာကိုသာ သူတစ္ခ်ိန္လုံး ရပ္ၾကည့္ေန႐ုံသာ တက္ႏိုင္ခဲ့သည္။

သူခ်စ္ျမတ္ႏိုးသည့္လူက ညအခ်ိန္ အိပ္မေပ်ာ္ပဲ တိတ္တဆိတ္ ငိုေႂကြးေနတာကို ၾကည့္ေနရတာက သူ႔အတြက္ နာက်င္ရေစၿပီး သူ႔ကိုယ္သူ မႏွစ္ၿမိဳ႕သလိုေတာင္ ခံစားမိလာေစသည္။

သူ႔ထပ္ ဘယ္သူမွ ပိုၿပီးေတာ့ စိတ္ဓာတ္မက်ႏိုင္ေပ။ သူ႔ကိုယ္သူ မုန္းမိတာထက္ ဘယ္သူမွ သူ႔ကို ပိုမုန္းတီးႏိုင္မွာ မဟုတ္ေပ။

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး ထိုလူရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းသြားခဲ့သည္။

သူေသဆုံးၿပီးေနာက္ က်ိန္စာသင့္ စိတ္ဝိဉာဥ္က ေရွာင္ခ်န္း အေနာက္ကို ၁၀ ႏွစ္ေက်ာ္ေလာက္အထိ လိုက္ေနခဲ့တာကိုလဲ သူျမင္ခဲ့ရသည္။

ထိုအရာေၾကာင့္ သူလဲ အသတ္ခံခဲ့ရၿပီး ေရွာင္ခ်န္း ေဘးမွလူေတြလဲ တစ္ေယာက္ၿပီး တစ္ေယာက္ ေသဆုံးသြားၾကတာ ျဖစ္သည္။

ထိုလူက ေရွာင္ခ်န္း ရဲ႕ေက်ာကို ႏွစ္သိမ့္ေပးကာ ပုတ္ေပးလိုက္သည္။

စိတ္ဝိဉာဥ္ကို သတ္ပစ္ဖို႔သာ မရည္႐ြယ္ခဲ့ရင္ သူလဲ သူ႔ဝိဉာဥ္ေတြ အပိုင္းပိုင္း ျဖစ္သြားမွာမဟုတ္သလို လူပုံစံအျဖစ္ ျပန္ေျပာင္းရဖို႔လဲ ဒီေလာက္ အခ်ိန္အၾကာႀကီး ေစာင့္ေနခဲ့ရမွာ မဟုတ္ေပ။ လူပုံစံရဖို႔အတြက္ အရိပ္အေနနဲ႔ ကမာၻႀကီးတြင္ အခ်ိန္အေတာ္ၾကာ သူပုန္းကြယ္ခဲ့ရသည္။

ေရွာင္ခ်န္း ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ ထပ္ၿပီးေတာ့ ေစာင့္ေနမွာကို သူ ခြင့္မျပဳႏိုင္ေတာ့ဘူး!

“ေနာက္ထပ္ ထပ္မရွိေတာ့ပါဘူး!” ထိုလူက ေရွာင္ခ်န္း ရဲ႕လက္ေခ်ာင္းေတြနဲ႔ သူ႔လက္ေခ်ာင္းေတြကို ယွက္ႏြယ္လိုက္ၿပီး သူ႔ေခါင္းအား ေရွာင္ခ်န္း ရဲ႕ဆံပင္ေတြၾကား တိုးေဝွ႔လိုက္ကာ သူ႔ခႏၶာကိုယ္သင္းရနံ႔အား ရႉရႈိက္လိုက္ၿပီး သူ႔ေမးက အေပၚကို ေမာ့လာခဲ့သည္။

“ကိုယ္က်ိန္ဆိုတယ္!”

“ဒီတစ္ႀကိမ္”

“ကိုယ္ မင္းကို ဘယ္ေတာ့မွ ထပ္မထားခဲ့ေတာ့ဘူး!”

‘မင္းက ေတာင္ေတြၾကားမွာ ရွိေနလိုသာ လေရာင္ေအာက္မွာ ငါလမ္းေလွ်ာက္ႏိုင္ခဲ့တာ - ရွီမူ႐ုံ’

24.8.2023
.................

Continue Reading

You'll Also Like

12.2K 1.5K 15
Horror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည...
42.6K 4.9K 36
//// 𝑬𝑽𝑬𝑵 𝑰𝑭 𝑰 𝑫𝑰𝑬 𝑰𝑻'𝑺 𝑶𝑵𝑳𝒀 𝒀𝑶𝑼 //// 𝚃𝚑𝚒𝚜 𝚒𝚜 𝚏𝚛𝚘𝚖 𝚖𝚢 𝚘𝚠𝚗 𝚒𝚖𝚊𝚐𝚒𝚗𝚊𝚝𝚒𝚘𝚗. 𝚃𝚑𝚒𝚜 𝚒𝚜 𝚓𝚞𝚜𝚝 𝚊 𝚏𝚊𝚗...
157K 12.1K 49
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
67.4K 4.3K 46
ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ္ျဖစ္လာခဲ့တယ္ ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...