Unicode
နတ်ဘုရားက ကမ္ဘာကြီးကို ချစ်မြတ်နိုးရင် ဘာကြောင့်များ ကမ္ဘာပေါ်မှာ နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေ ရှိနေရတာလဲ?
ရှောင်ချန်း ရဲ့မျက်လုံးတွက ဗလာဖြစ်နေသည်။ ယောင်္ကျားလေး အဆောင် ၄၀၄ တွင်တော့ သူအပါအဝင် တခြားလူလေးယောက် ထိုင်နေကြပြီး တခြားငါးယောက်က နောက်ဆုံးအကြိမ် ဘမ်ရှန်း မေးခဲ့ကြသည့် လူတွေဖြစ်သည်။
ဘာကြောင့် ငါးယောက်ဖြစ်ပြီး ခြောက်ယောက် မဟုတ်ရတာလဲ?
မိန်းကလေး အဆောင်ရှိ မီးလောင်မှုကြောင့်ဖြစ်သည်။ စစမီးလောင်မှုက သူတို့အဆောင်ဖြစ်ပြီး သေဆုံးခဲ့သူမှာ ရှောင်ချန်း ကိုသဘောကျခဲ့သည့် ကျိုးရန်ယောင် ဖြစ်သည်။
မီးစလောင်ချိန်တွင် အဆောင်တစ်ခုလုံးတွင် ကျိုးရန်ယောင် တစ်ယောက်ထဲသာ ရှိနေခဲ့သည်။ ဘာကြောင့် မီးစလောင်လဲဆိုတာ သူတို့မသိကြပေ။
မိန်းကလေးတွေက တိတ်ဆိတ်စွာ ငိုကြွေးနေကြသည်။
“ငါတို့ ဘာလုပ်ရမလဲ? ဘာလုပ်ရမလဲ? ငါသေမှာလား?”
“ငါက ငယ်ငယ်လေးပဲ ရှိသေးတာ၊ ငါမသေချင်သေးဘူး၊ ဝူးဝူးဝူး”
မိန်းကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ဖက်ကြရင်း ငိုကြွေးနေကြသည်။ လူတိုင်းရဲ့ အသိစိတ်တွေက ပြိုလဲကျနေသည်။
ဒီလိုအချိန်တိုအတွင်း၊ တစ်ရက်အတွင်း လူနှစ်ယောက် သေသွားခဲ့ပြီ!
ဒီနေ့တွင်တောင် သူတို့ တချို့ကိစ္စကြောင့် သေခြင်းနဲ့တောင် ပုခုံးချင်းယှဉ်မိခဲ့ကြသည်။
ပန်းအိုးနဲ့ထိလုနီးပါး၊ လှေကားပေါ်မှ ပြုတ်ကျလုနီးပါး၊ နောက်ပြီး အဆိပ်သင့် အစားအသောက်ကို စားလုနီးပါးတောင် ဖြစ်ခဲ့သည်။
လူတိုင်းက ထိုအကြောင်းကြောင့် စတင်ကြောက်လန့်လာကြသည်။
သေလိုက်!
အရိပ်က ရှောင်ချန်း ရဲ့ဆံပင်ကို ပွတ်သပ်နေပြီး သူ့ခန္ဓာကိုယ်ရဲ့ အနံ့ကို ရှူသွင်းလိုက်ကာ ရယ်မောလိုက်ပြီး သက်ပြင်းအနည်းငယ် ချလိုက်သည်။
ရှောင်ချန်း ရဲ့မျက်ခုံးတွေက တင်းကြပ်နေတာကို မြင်လိုက်ပြီး ရှောင်ချန်း ရဲ့မျက်ခုံးကို သူ့လက်တွေနဲ့ ထိလိုက်ပြီး သူ့ဒေါသတွေ လျော့ကျသွားစေဖို့ ကြိုးစားနေခဲ့သည်။
ရှောင်ချန်း ရဲ့မျက်ခွံက လှုပ်ရှားသွားခဲ့သည်။
ထူးဆန်းသည့် အထိအတွေ့ကို သူခံစားလိုက်ရသည်။
ဒါက နေ့အချိန်တုန်းက သူမြင်ခဲ့သည့် ဂူလူမင်း ပုံစံအရိပ်လားဆိုတာ သေချာမသိပေ။ အထူးသဖြင့် ဒီကမ္ဘာတွင် မကောင်းဆိုးဝါးတွေ၊ တစ္ဆေတွေ တကယ်ရှိတာကိုတော့ သူသတိပြုမိခဲ့သည်။
သို့သော် ဂူလူမင်း ကသူ့ဘေးတွင် ရှိနေမလားဆိုတာ သူသိချင်နေမိသည်။
ထိုခဏ ထိုအကြောင်းကို သူတွေးလိုက်မိသည်နှင့် သူ့နှလုံးသားက ခုန်လှုပ်လာခဲ့ပြီး နွေဦးက ပြန်ရောက်လာသလိုမျိုး အတော်လေး မြန်ဆန်လာခဲ့သည်။
“ဒါတွေ အားလုံး ငါ့အမှားတွေပဲ!” ကျိုးခဲယု ကရုတ်တရပ် သူ့ကိုယ်သူ ရိုက်လိုက်ပြီး ကျယ်လောင်သည့် အသံက ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက သူ့ကို ကြည့်လိုက်ကြပြီး ဘာမှမပြောကြပေ။
ကျိုးခဲယု ရဲ့မျက်လုံးတွေက ငိုထားတာကြောင့် နီရဲနေသည်။
သူ့တောင်းဆိုချက်ကြောင့်သာ မဟုတ်ရင် တခြားသူတွေက ဘာကြောင့် ဘမ်းရှမ်းကို ကစားမှာလဲ?
ကျိုးခဲယု ကသူ့မျက်လုံးတွေကို လက်နှစ်ဖက်လုံးနဲ့ အုပ်လိုက်ပြီး မျက်ရည်တွေ ကျလာခဲ့သည်။
ဒါက သူအရွယ်ရောက်ပြီးနောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပဲ ကျယ်လောင်စွာ ငိုဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
သူ့ကြောင့်သာမဟုတ်ရင်!
လွေ့ကျီ ကားတိုက်ခံရမှာ မဟုတ်ဘူး!
လူတိုင်းက ဒီလိုထိတ်လန့်နေကြရမှာ မဟုတ်ဘူး!
သေလိုက်! Fuck!
သူ့ဘေးတွင် ထိုင်နေသည့် လီရီဝမ် ကဘာပျော်ရွှင်မှု၊ ဘာဝမ်းနည်းမှုမှ ရှိမနေပေ။
သူမက စကားတစ်လုံးမှ မပြောသလို၊ မျက်ရည်လဲ ကျမနေပဲ သူမ သူငယ်အိမ်က လုံးဝကို ဗလာဖြစ်နေသည်။
ထိုညက သူမသတိလစ်ပြီး ပြန်နိုးလာသည့် အချိန်ထဲက အခုထိ သူမပုံစံက တစ်ချိန်လုံး ဒီလိုမျိုးပင်။
ဝိဉာဉ်နဲ့ စိတ်ဝိဉာဉ်ကို ဆွဲထုတ်ခံလိုက်ရသည့် လူတစ်ယောက်လိုမျိုး သူမတစ်ကိုယ်လုံးက ပျောက်ဆုံးနေသည်။
စိတ်မချမ်းမြေ့ကြသည့် အသံများအကြား ရုတ်တရပ်ကြီး လီရီဝမ် ကထ,ရပ်လိုက်သည်။
ချက်ချင်းပင် လူတိုင်းရဲ့အာရုံက သူမဆီ ရောက်လာခဲ့သည်။
သူတို့မျက်နှာတွေက သိချင်စိတ်တွေနဲ့ ပြည့်နှက်နေသည်။
သူမက မတ်တပ်ရပ်ကာ ရှိနေသည့် လူတိုင်းကို ဘာအမူအရာမှ ရှိမနေသည့် မျက်နှာထားဖြင့် တစ်ယောက်ချင်းဆီ လိုက်ကြည့်နေခဲ့သည်။
သူမခေါင်းက လည်ပင်းတစ်ခုခုက အားနည်းသွားသလိုမျိုး ဘေးဘက်ကို စောင်းကျသွားခဲ့သည်။ သူမဆံပင်တွေက သူမမျက်နှာတစ်ဝက်လောက်ကို အုပ်သွားပြီးနောက် သူမမျက်လုံးတွေက ဘယ်ညာရွေ့နေခဲ့သည်။
သူမလှုပ်ရှားမှုတွေက အနည်းငယ် တောင့်တင်းနေပြီး သူမက အရမ်းကို အဆင်ပြေနေပုံမပေါ်ပေ။ သူမကိုယ်မှ အနက်ရောင် ယင်ဓာတ်တွေက ထုတ်လွှတ်နေပြီး ထိုနေရာတွင် မပြောနိုင်သည့် အဆင်မပြေမှုတွေက ရှိနေသည်။
သူမက နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး သူမပုံစံက ကြိုးဆွဲခံထားရသည့် ရုပ်သေးရုပ်လိုမျိုး လှုပ်ရှားမှုတွေက အရမ်းကိုတောင့်တင်းနေခဲ့ပြီး အပြုံးက သူမမျက်လုံးဆီ ရောက်မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဒီပုံစံက လူတွေရဲ့ ဆံပင်ကိုတွေကို ထောင်သွားစေပြီး နောက်ကျောကိုတောင် အေးခဲသွားစေသည်။
သူမပတ်ဝန်းကျင်က ရုတ်ချည်း တိတ်ဆိတ်သွားပြီး သူမလှုပ်ရှားမှုတွေက ကြောက်မက်ဖွယ်ကောင်းနေသည်။
သူမက တစ်ခုခု လှုပ်တော့မယ်လို့ လူတိုင်းက တွေးမိလိုက်ချိန်တွင် သူမက ကြောက်လန့်ဖွယ်ကောင်းသည့် အသံကြီးဖြင့် ထ,ရယ်လိုက်သည်။
ဒီရယ်သံက ကိုယ်ပိုင်ပဲ့တင်သံ ရှိနေပုံပေါ်ကာ အနည်းငယ်ဩနေသည်။ အသံက ၁၉ နှစ်အရွယ် မိန်းကလေးရဲ့ အသံနဲ့ ကွာခြားနေပြီး ငရဲပြည်မှတက်လာသည့် မိန်းမအိုကြီးရဲ့ အသံနဲ့ပိုတူနေသည်။
ဒီအသံကို ကြားလိုက်သည့် လူတိုင်း ဆံပင်တွေထောင်သွားပြီး နောက်ကျောတွေပါ အေးစက်သွားကြသည်။
သို့သော် စက္ကန့်အနည်းငယ်အတွင်း လီရီဝမ် ရဲ့အမူအရာက ပုံမှန်အတိုင်း တောင့်တင်းနေသည့် ပုံစံပြန်ဖြစ်သွားပြီး ပြောင်းလဲသွားသည့် မျက်နှာအမူအရာက အရမ်းကိုမြန်ဆန်လှသည်။
သူမက လှည့်လိုက်ပြီး သူမခေါင်းလည်သွားတာကိုတောင် မစောင့်ပဲ သူမ ဘယ်သွားမှန်းမသိရပဲ ရှေ့ကိုသာ လျှောက်သွားသည်။
ကျန်လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့စိတ်ထဲ ဘာအတွေးမှ ရှိမနေကြပေ။ လူတိုင်းက အရမ်းကို ထိတ်လန့်နေကြပြီး သူတို့အသက်ရှူသံကို ထိန်းချုပ်ထားကြကာ ဘယ်သူမှ သူမကို မတားကြပေ။
ယွမ်တချန် ကအရင်ဆုံး တုံ့ပြန်လာခဲ့သည်။ သူက လီရီဝမ် ကိုချစ်နေတုန်းပင်။ ဂရုစိုက်မှုနဲ့ ချစ်မြတ်နိုးမှုတွေဖြင့် သူက အံကြိတ်လိုက်ပြီးနောက် တွန့်ဆုတ်ခြင်းမရှိပဲ အနောက်မှ လိုက်သွားခဲ့သည်။
ကျယ်လောင်သည့် အသံဖြင့် သူက အော်လိုက်သည်။ “ငါ့ကိုစောင့်ဦး!”
ကျန်နေသည့် အကြည့်အနည်းငယ်က ခွဲခွာသွားသည့် ပုံရိပ်တွေကို ကြည့်နေကြပြီးနောက် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်သည်။
ဝမ်ဂျဟောင် ကသတ္တိအနည်းငယ် ရှိလာခဲ့သည်။ သူက ဒေါသတကြီးဖြင့် လက်သီးဆုပ်ကာ နံရံကို ထိုးလိုက်ပြီး ကျိန်ဆဲလိုက်သည်။ “Fuck! ဘာတွေလဲ!!!”
ဆံပင်နှစ်ဖက်ခွဲစည်းထားသည့် မိန်းကလေး တစ်ယောက်က ခေါင်းခါလိုက်သည်။ သူမမျက်လုံးတွေက ငိုထားပုံရကာ နီရဲနေသည်။ သူမနှုတ်ခမ်းတွေအား ဖိအားတွေကြောင့် ကိုက်ထားခဲ့သည်။
သူမက နှုတ်ခမ်းကို ဟလိုက်ပြီး ပြောလိုက်သည်။ “ပြီးခဲ့ရက်တုန်းက ယောင်္ကျားလေး အဆောင်က သေသွားတဲ့ ကောင်လေးကလဲ ဘမ်ရှန်း ကိုသူမသေခင် ကစားခဲ့တာတဲ့!”
“ဒုံး!”
စကားတစ်ခွန်းက ကြောက်လန့်သွားစေသည်။
“Fuck! ငါတို့ကစားတုန်းက စောစောမပြောခဲ့ရတာလဲ!” အလယ်က မိန်းကလေးက အနီရောင် ပေါ်လာသည်အထိ ထိုမိန်းကလေးရဲ့ လက်မောင်းကို ဆိတ်လိုက်သည်။
နှစ်ဖက်ခွဲစည်းထားသည့် ကောင်မလေးက အော်လိုက်ပေမဲ့ မတားဆီးရဲပေ။ ပုံမှန်လို မကြာမကြာ အနိုင်ကျင့်ခံရပုံပင်။
နှစ်ဖက်ခွဲစည်းထားသည့် ကောင်မလေးက ငိုချင်ပေမဲ့ မျက်ရည်မကျပဲ ဘောလုံးလေးလို ကွေးသွားခဲ့သည်။ “သူ... သူက ဘမ်ရှန်းကြောင့် သေခဲ့တာကို ငါ... ငါမသိခဲ့ဘူး”
အဲ့ကောင်လေးက ဘမ်ရှန်းဆော့ခဲ့တာကို သူမ သိခဲ့ပြီး ထိုကောင်လေးက ဘမ်ရှန်းကြောင့် သေခဲ့ရတာကိုတော့ သူမ မသိခဲ့ပေ။
ခဏကြာပြီးနောက် လူတိုင်းက သတ္တိလျော့ကျသွားပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ သေချင်လား?
သေချာပေါက် မသေချင်ကြဘူးပေါ့!
သို့သော် ဒီသေသွားသည့် နှစ်ယောက်က မတော်တဆကြောင့် သေခဲ့ပြီး သူတို့တွင်တော့ ကံကောင်းမှုတွေ ကျန်နေနိုင်သေးတယ်လို့ တွေးမိနေကြသည်။
ငါက ကံကောင်းတဲ့သူ ဖြစ်ရမယ်၊ ငါမသေတော့တာ ဖြစ်ရမယ်... ဟုတ်တယ်မလား?
သူတို့ကိုယ်သူတို့ နှစ်သိမ့်ကြရင်း မိန်းကလေးတွေကတော့ သူတို့ခံစားချက်တွေကို မထိန်းချုပ်နိုင်ပဲ သူတို့ခေါင်းကို အုပ်ကိုင်လိုက်ရင်း ငိုကြွေးနေကြသည်။
တစ်ဖက်မှ ကျန်းဟွေ့ က ကျိုးခဲယု အားတံတောင်ဖြင့် ထိလိုက်ပြီး ပြောလိုက်သည်။ “အကိုကြီးယု၊ ဘမ်ရှန်း ရဲ့စည်းမျဉ်းကို ဘယ်ကနေ ကြားခဲ့တာလဲ?”
ကျိုးခဲယု ကရပ်သွားပြီး သူ့ပါးစပ်က အနည်းငယ် ပွင့်သွားပြီး သူ့နဖူးကို ရိုက်လိုက်ကာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြောလိုက်သည်။ “ဒါ ကျောင်းဖိုရမ်ကပဲ! တစ်ယောက်က ဘမ်ရှန်းအကြောင်း ပြောထားတာကို ငါတွေ့ခဲ့တာ၊ နောက်တော့ ငါမှတ်ထားခဲ့တာ၊ ပြီးတော့ မင်းတို့နဲ့ ကစားဖို့ ခေါ်ခဲ့တာပဲ”
သူ့အပြင် ဝမ်ဂျဟောင် ရဲ့မျက်လုံးတွေက လှုပ်ရှားသွားခဲ့သည်။ သူ့အသံက အက်ရှနေပြီး သူ့အသံထဲတွင် သံသယတချို့ ပါဝင်နေကာ သူက ကျိုးခဲယု ကိုထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “အဲ့ပို့စ်ကို ငါဘယ်လိုလုပ်ပြီး မမြင်ခဲ့တာလဲ?”
ဝမ်ဂျဟောင် ကလိုင်းသုံးလွန်းသည့် ဆယ်ကျော်သက်လေးဖြစ်ပြီး သူက ကျောင်းဖိုရမ်ကို သဘောကျပြီး ကျောင်းရှိ လူတိုင်းကို အပ်(add)ခဲ့သည်။
ထိုစကားကို ကြားလိုက်ပြီး ကျိုးခဲယု ကမယုံနိုင်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့ပို့စ်က ကွန့်မန့်တွေကြောင့် အသေအချာ ထိပ်ဆုံးကို ရောက်နေတာလေ!”
သူပြောပြီးနောက် ဖုန်းကိုရှာလိုက်ပြီး ဖိုရမ်ဆီဝင်လိုက်ပြီး လူတိုင်းကို ပြဖို့ ပို့စ်ကို ရှာလိုက်သည်။
သို့သော် ထူးဆန်းတာက သူဘယ်လောက်ပဲ ရှာဖွေပါစေ၊ ဘယ်နေရာမှာပဲ ရှာဖွေနေပါစေ၊ သူ့ကွန့်မန့်တွေမှာ ရှာရင်တောင်မှ ဘာကိုမှ ရှာမတွေ့ပေ။
ကျိုးခဲ့ယု ရဲ့ချွေးအေးတွေက စီးကျလာပြီး သူ့မျက်နှာက မဲမှောင်သွားပြီး မျက်လုံးတွေက ကြောက်ရွံ့မှုတွေ ပြနေသည်။
“ဒါ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”
အဖြေက မယုံကြည်နိုင်စရာပင်၊ ဒီဂိမ်းကို သူလေ့လာတုန်းက ကျိုးခဲယု ကတစ္ဆေမြင်ခဲ့သည်။
ရှောင်ချန်း ကလဲထ,ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “မင်းတို့အတွက် ညစာ ငါဝယ်လိုက်မယ်”
ဒါကို မြင်လိုက်ပြီး ကျန်းဟွေ့ ကလဲထ,ရပ်လိုက်ပြီး ပြောလိုက်သည်။ “ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်!”
ရှောင်ချန်း ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ရပါတယ်၊ ငါတစ်ယောက်ထဲလဲ အဆင်ပြေပါတယ်။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ငါတစ်ယောက်ထဲပဲ သေမယ်၊ မင်းကို ဆွဲမခေါ်ဘူး”
“ဒါပေမဲ့” ကျန်းဟွေ့ ကတစ်ခုခုကို ပြောချင်နေသည်။
ရှောင်ချန်း ကအဆောင်တံခါးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။ “ငါသွားပြီ၊ မကြာခင် ပြန်လာခဲ့မယ်”
ရှောင်ချန်း ကထိုအရာအား စမ်းသပ်ချက်ကြောင့် လုပ်တာဖြစ်သည်။
ဂူလူမင်း ကသူ့ဘေးတွင်ရှိပြီး သူ့နောက်ကို တစ်ချိန်လုံး လိုက်နေမယ်လို့ သူလောင်းကြေးထပ်ထားသည်။ သူဘာကြောင့် သူ့ကိုယ်သူ ထုတ်မပြလဲဆိုတာ နားမလည်သော်လည်း သူ့နှလုံးသားထဲတွင်တော့ ခံစားမိနေခဲ့သည်။
သူအန္တရာယ်ကြုံလာရင် ဂူလူမင်း ကမပေါ်လာဘူးဆိုတာ သူမယုံဘူး!
သူကျရှုံးသွားရင်တော့ သေရုံသာရှိသည်၊ သူ့ဘေးက လူအများကြီး သေသွားကြတာကို မြင်ဖူးနေပြီးသားဖြစ်လို့ သူ့တွင် ကြောက်လန့်စိတ် နည်းနည်းလေးတောင် ရှိမနေပေ။
ရှောင်ချန်း ကအဆောင်အပြင်ကို လျှောက်ထွက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဂူလူမင်း ကသူ့ကံကောင်းစေတဲ့ ကြယ်လေးပဲ.
ဂူလူမင်း နဲ့မတွေ့ခင်က သူ့တွင် သူငယ်ချင်းတွေ မရှိသလို ဘယ်သူကမှလဲ သူ့အနား မနီးကပ်ရဲကြပေ။ ဂူလူမင်း ထွက်သွားပြီးနောက် သူ့အနား နီးကပ်လာပြီးနောက် သေဆုံးကြသည့် ကျိန်စာက ပျောက်ကွယ်သွားခဲ့သည်။
ဒါက ဂူလူမင်း သူ့ကို ကူညီပေးနေတာလို့ အမြဲတမ်း သူခံစားမိနေခဲ့သည်။
အနက်ရောင်အရိပ်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ယင်ချီ ကပိုလေးလံလာပြီ သူ့ခန္ဓာကိုယ်ပုံရိပ်က ပိုသိသာထင်ရှာလာပြီး သုံးဖက်အမြင် ပုံစံမျိုး ဖြစ်လာခဲ့သည်။
သူ လူပုံစံ ပြောင်းလဲနိုင်ဖို့ နေ့ရက်က သိပ်မလိုတော့ပေ။
ဟီး ဟီး။
ရှောင်ချန်း ကရပ်လိုက်ပြီး ကော်ဖီဆိုင်တံခါးနားမှ ရပ်နေကြသည့် လူအုပ်ကြီးကို ကြည့်လိုက်ပြီး ထိုလူအုပ်က ပိုများပြားနေသည်။
ရှောင်ချန်း ကရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်ပါဖို့ စီစဉ်ထားခြင်းမရှိပေ။
ထောင့်ဘက်မှ ကော်ဖီဆိုင်ဆီ ဝင်ဖို့ပြင်ထားခဲ့သည်။
သူ မဝင်နိုင်ခင် သူ့နှလုံးသားက ရုတ်တရက် ခုန်သွားခဲ့ပြီး သူ့မျက်တောင်တွေက လှုပ်ရှားသွားခဲ့သည်။
ခြေသံတွေက အနီးကပ် လိုက်နေခဲ့သည်။
ရှောင်ချန်း ကသူ့နှလုံးခုန်သံ မြန်လာတာကိုတောင် ကြားနိုင်နေခဲ့သည်။
“ကူညီပါ! ကူညီကြပါ!” မြေပြင်တွင် လှဲလျောင်းနေသေည့် ကောင်လေးက သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး သူ့လက်တွေနဲ့ ခါးကိုကိုင်ထားပြီး သူ့မျက်လုံးတွေက ကြောက်လန့်မှုကြောင့် ပြူးကျယ်နေသည်။
သွေးတွေက သူ့လက်ချောင်းကြားမှ ထွက်နေပြီး အောက်ဘက်ကို စီးကျနေသည်။
သူ့အဝတ်တွေ၊ ဘောင်းဘီတွေနဲ့ ဖိနပ်တွေတောင် သွေးတွေနဲ့ စိုရွှဲနေသည်။
ထိုလူရဲ့ မျက်နှာက ဖြူဖွေးနေပြီး သူ့မျက်နှာ ရွံ့တွနေကာ သူ့ပတ်ဝန်းကျင်မှ လူတွေကို အကူအညီတောင်းနေခဲ့သည်။ “မြန်မြန်! မြန်မြန် ဆေးရုံကားခေါ်!”
သူက လေးလံသည့် ခန္ဓာကိုယ်ကို ဆွဲလိုက်ပြီး လူအုပ်ဆီ တဖြည်းဖြည်း တိုးကပ်သွားသည့်ပုံစံက ကြောက်လန့်ဖို့ကောင်းပြီး စိတ်မချမ်းမြေ့စရာပင်။
သူက မြေပြင်မှ သူ့ခန္ဓာကိုယ်အား ဆွဲနေပြီး လူတွေဆီ ပိုတိုးသွားအောင် ကြိုးစားနေခဲ့သည်။ မြေပြင်တွင်လဲ သွေးတွေက သူသွားသည့် လမ်းကြောင်းတစ်လျှောက် အတန်းလိုက် ရှိနေခဲ့သည်။
သို့သော် အစမှအဆုံးထိ ဘယ်သူမှ သူ့ကို ကူညီပေးဖို့ လက်မကမ်းကြပေ။
ရှောင်ချန်း ရဲ့ဦးနှောက်က သွေးတွေနဲ့ ပြည့်နှက်နေပြီး သူက လူအုပ်ကိုတွန်းထုတ်ပြီး အဝေးကို ပြေးထွက်သွားခဲ့သည်။ သူ့အပြုအမူက ကြမ်းတမ်းပြီး မြန်ဆန်နေတာကြောင့် သူ့တွန်းလိုက်သည့် လူတွေက မြေပြင်ပေါ် လဲကျသွားကြသည်။
ရှောင်ချန်း ရဲ့မျက်နှာက ဖြူဖျော့နေပြီး ကောင်လေးရှေ့ကို ဒူးထောက်ချလိုက်သည်။
ယွမ်တချန် ရဲ့စိတ်ဓာတ်ကျနေသည့် မျက်လုံးတွေက ချက်ချင်း အရောင်တောက်သွားပြီး အော်လိုက်သည်။ “ရှောင်ချန်း၊ ငါ့ကို မြန်မြန်ကယ်ပါ!”
ရှောင်ချန်း ကဖုန်းကို ထုတ်လိုက်ပြီး ဖွင့်လိုက်ကာ 120 ကိုဖုန်းခေါ်လိုက်သည်။ သူက ပင့်သက်ရှိုက်လိုက်ပြီး သူ့အသက်ရှူသံကလဲ တိုတောင်းနေသည်။ သူ့အဖြူရောင် ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ယွမ်တချန် ရဲ့ခါးတွင် အလျင်အမြန် ချည်လိုက်သည်။
“ယွမ်တချန်၊ ယွမ်တချန်! ခဏလေး၊ မကြာခင် ဆေးရုံကား ရောက်တော့မှာ!” ရှောင်ချန်း ရဲ့ပုံစံက ယွမ်တချန် ထပ်ပိုခက်ခဲနေသည်။
ပတ်ဝန်းကျင်မှ ကျောင်းသားတွေက သူတို့ကို သတိပြုမိသွားပြီး ဘာပြောရမှန်း မသိကြပေ။ တချို့က ကြောက်လန့်နေကြပြီး တချို့က ထိတ်လန့်နေကာ တချို့ကတော့ ကြောက်ရွံ့နေကြသည်။ သူတို့အမူအရာတွေက ရှုပ်ထွေးနေကြသည်။
ရှောင်ချန်း ရဲ့နှလုံးက အရင်ကထပ် ပိုမြန်သွားပြီး သူ့ပတ်ဝန်းကျင်မှ လူအုပ်အား ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
သို့သော် ယွမ်တချန် ကမတည်မငြိမ် ဖြစ်လာပုံရသည်။
မြေပြင်ပေါ်မှ သွေးတွေကို ကြည့်လိုက်ပြီး ယွမ်တချန် ကဒီနေရာတွင် အချိန်အတော်ကြာ အကူအညီတောင်းခံနေနိုင်ကြောင်း သူတွေးမိနိုင်သည်။
ထိုအချိန် ဂူလူမင်း...
အတူတူပင်...
သူသေအောင် ရိုက်ခံလိုက်ရသည်အထိ သူ့ကို ဘယ်သူမှ မကူညီခဲ့ကြပေ...
ရှောင်ချန်း ရဲ့နှလုံးသားက ရုတ်တရပ် နာကျင်လာရသည်။
24.8.2023
................
Zawgyi
နတ္ဘုရားက ကမာၻႀကီးကို ခ်စ္ျမတ္ႏိုးရင္ ဘာေၾကာင့္မ်ား ကမာၻေပၚမွာ နတ္ဆိုးေတြ၊ မေကာင္းဆိုးဝါးေတြ ရွိေနရတာလဲ?
ေရွာင္ခ်န္း ရဲ႕မ်က္လုံးတြက ဗလာျဖစ္ေနသည္။ ေယာက်ၤားေလး အေဆာင္ ၄၀၄ တြင္ေတာ့ သူအပါအဝင္ တျခားလူေလးေယာက္ ထိုင္ေနၾကၿပီး တျခားငါးေယာက္က ေနာက္ဆုံးအႀကိမ္ ဘမ္ရွန္း ေမးခဲ့ၾကသည့္ လူေတြျဖစ္သည္။
ဘာေၾကာင့္ ငါးေယာက္ျဖစ္ၿပီး ေျခာက္ေယာက္ မဟုတ္ရတာလဲ?
မိန္းကေလး အေဆာင္ရွိ မီးေလာင္မႈေၾကာင့္ျဖစ္သည္။ စစမီးေလာင္မႈက သူတို႔အေဆာင္ျဖစ္ၿပီး ေသဆုံးခဲ့သူမွာ ေရွာင္ခ်န္း ကိုသေဘာက်ခဲ့သည့္ က်ိဳးရန္ေယာင္ ျဖစ္သည္။
မီးစေလာင္ခ်ိန္တြင္ အေဆာင္တစ္ခုလုံးတြင္ က်ိဳးရန္ေယာင္ တစ္ေယာက္ထဲသာ ရွိေနခဲ့သည္။ ဘာေၾကာင့္ မီးစေလာင္လဲဆိုတာ သူတို႔မသိၾကေပ။
မိန္းကေလးေတြက တိတ္ဆိတ္စြာ ငိုေႂကြးေနၾကသည္။
“ငါတို႔ ဘာလုပ္ရမလဲ? ဘာလုပ္ရမလဲ? ငါေသမွာလား?”
“ငါက ငယ္ငယ္ေလးပဲ ရွိေသးတာ၊ ငါမေသခ်င္ေသးဘူး၊ ဝူးဝူးဝူး”
မိန္းကေလးေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ ဖက္ၾကရင္း ငိုေႂကြးေနၾကသည္။ လူတိုင္းရဲ႕ အသိစိတ္ေတြက ၿပိဳလဲက်ေနသည္။
ဒီလိုအခ်ိန္တိုအတြင္း၊ တစ္ရက္အတြင္း လူႏွစ္ေယာက္ ေသသြားခဲ့ၿပီ!
ဒီေန႔တြင္ေတာင္ သူတို႔ တခ်ိဳ႕ကိစၥေၾကာင့္ ေသျခင္းနဲ႔ေတာင္ ပုခုံးခ်င္းယွဥ္မိခဲ့ၾကသည္။
ပန္းအိုးနဲ႔ထိလုနီးပါး၊ ေလွကားေပၚမွ ျပဳတ္က်လုနီးပါး၊ ေနာက္ၿပီး အဆိပ္သင့္ အစားအေသာက္ကို စားလုနီးပါးေတာင္ ျဖစ္ခဲ့သည္။
လူတိုင္းက ထိုအေၾကာင္းေၾကာင့္ စတင္ေၾကာက္လန႔္လာၾကသည္။
ေသလိုက္!
အရိပ္က ေရွာင္ခ်န္း ရဲ႕ဆံပင္ကို ပြတ္သပ္ေနၿပီး သူ႔ခႏၶာကိုယ္ရဲ႕ အနံ႔ကို ရႉသြင္းလိုက္ကာ ရယ္ေမာလိုက္ၿပီး သက္ျပင္းအနည္းငယ္ ခ်လိုက္သည္။
ေရွာင္ခ်န္း ရဲ႕မ်က္ခုံးေတြက တင္းၾကပ္ေနတာကို ျမင္လိုက္ၿပီး ေရွာင္ခ်န္း ရဲ႕မ်က္ခုံးကို သူ႔လက္ေတြနဲ႔ ထိလိုက္ၿပီး သူ႔ေဒါသေတြ ေလ်ာ့က်သြားေစဖို႔ ႀကိဳးစားေနခဲ့သည္။
ေရွာင္ခ်န္း ရဲ႕မ်က္ခြံက လႈပ္ရွားသြားခဲ့သည္။
ထူးဆန္းသည့္ အထိအေတြ႕ကို သူခံစားလိုက္ရသည္။
ဒါက ေန႔အခ်ိန္တုန္းက သူျမင္ခဲ့သည့္ ဂူလူမင္း ပုံစံအရိပ္လားဆိုတာ ေသခ်ာမသိေပ။ အထူးသျဖင့္ ဒီကမာၻတြင္ မေကာင္းဆိုးဝါးေတြ၊ တေစၦေတြ တကယ္ရွိတာကိုေတာ့ သူသတိျပဳမိခဲ့သည္။
သို႔ေသာ္ ဂူလူမင္း ကသူ႔ေဘးတြင္ ရွိေနမလားဆိုတာ သူသိခ်င္ေနမိသည္။
ထိုခဏ ထိုအေၾကာင္းကို သူေတြးလိုက္မိသည္ႏွင့္ သူ႔ႏွလုံးသားက ခုန္လႈပ္လာခဲ့ၿပီး ေႏြဦးက ျပန္ေရာက္လာသလိုမ်ိဳး အေတာ္ေလး ျမန္ဆန္လာခဲ့သည္။
“ဒါေတြ အားလုံး ငါ့အမွားေတြပဲ!” က်ိဳးခဲယု က႐ုတ္တရပ္ သူ႔ကိုယ္သူ ႐ိုက္လိုက္ၿပီး က်ယ္ေလာင္သည့္ အသံက ထြက္ေပၚလာခဲ့သည္။
လူတိုင္းက သူ႔ကို ၾကည့္လိုက္ၾကၿပီး ဘာမွမေျပာၾကေပ။
က်ိဳးခဲယု ရဲ႕မ်က္လုံးေတြက ငိုထားတာေၾကာင့္ နီရဲေနသည္။
သူ႔ေတာင္းဆိုခ်က္ေၾကာင့္သာ မဟုတ္ရင္ တျခားသူေတြက ဘာေၾကာင့္ ဘမ္းရွမ္းကို ကစားမွာလဲ?
က်ိဳးခဲယု ကသူ႔မ်က္လုံးေတြကို လက္ႏွစ္ဖက္လုံးနဲ႔ အုပ္လိုက္ၿပီး မ်က္ရည္ေတြ က်လာခဲ့သည္။
ဒါက သူအ႐ြယ္ေရာက္ၿပီးေနာက္ သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ပဲ က်ယ္ေလာင္စြာ ငိုဖူးသည့္ ပထမဆုံးအႀကိမ္ ျဖစ္သည္။
သူ႔ေၾကာင့္သာမဟုတ္ရင္!
ေလြ႕က်ီ ကားတိုက္ခံရမွာ မဟုတ္ဘူး!
လူတိုင္းက ဒီလိုထိတ္လန႔္ေနၾကရမွာ မဟုတ္ဘူး!
ေသလိုက္! Fuck!
သူ႔ေဘးတြင္ ထိုင္ေနသည့္ လီရီဝမ္ ကဘာေပ်ာ္႐ႊင္မႈ၊ ဘာဝမ္းနည္းမႈမွ ရွိမေနေပ။
သူမက စကားတစ္လုံးမွ မေျပာသလို၊ မ်က္ရည္လဲ က်မေနပဲ သူမ သူငယ္အိမ္က လုံးဝကို ဗလာျဖစ္ေနသည္။
ထိုညက သူမသတိလစ္ၿပီး ျပန္ႏိုးလာသည့္ အခ်ိန္ထဲက အခုထိ သူမပုံစံက တစ္ခ်ိန္လုံး ဒီလိုမ်ိဳးပင္။
ဝိဉာဥ္နဲ႔ စိတ္ဝိဉာဥ္ကို ဆြဲထုတ္ခံလိုက္ရသည့္ လူတစ္ေယာက္လိုမ်ိဳး သူမတစ္ကိုယ္လုံးက ေပ်ာက္ဆုံးေနသည္။
စိတ္မခ်မ္းေျမ့ၾကသည့္ အသံမ်ားအၾကား ႐ုတ္တရပ္ႀကီး လီရီဝမ္ ကထ,ရပ္လိုက္သည္။
ခ်က္ခ်င္းပင္ လူတိုင္းရဲ႕အာ႐ုံက သူမဆီ ေရာက္လာခဲ့သည္။
သူတို႔မ်က္ႏွာေတြက သိခ်င္စိတ္ေတြနဲ႔ ျပည့္ႏွက္ေနသည္။
သူမက မတ္တပ္ရပ္ကာ ရွိေနသည့္ လူတိုင္းကို ဘာအမူအရာမွ ရွိမေနသည့္ မ်က္ႏွာထားျဖင့္ တစ္ေယာက္ခ်င္းဆီ လိုက္ၾကည့္ေနခဲ့သည္။
သူမေခါင္းက လည္ပင္းတစ္ခုခုက အားနည္းသြားသလိုမ်ိဳး ေဘးဘက္ကို ေစာင္းက်သြားခဲ့သည္။ သူမဆံပင္ေတြက သူမမ်က္ႏွာတစ္ဝက္ေလာက္ကို အုပ္သြားၿပီးေနာက္ သူမမ်က္လုံးေတြက ဘယ္ညာေ႐ြ႕ေနခဲ့သည္။
သူမလႈပ္ရွားမႈေတြက အနည္းငယ္ ေတာင့္တင္းေနၿပီး သူမက အရမ္းကို အဆင္ေျပေနပုံမေပၚေပ။ သူမကိုယ္မွ အနက္ေရာင္ ယင္ဓာတ္ေတြက ထုတ္လႊတ္ေနၿပီး ထိုေနရာတြင္ မေျပာႏိုင္သည့္ အဆင္မေျပမႈေတြက ရွိေနသည္။
သူမက ႏႈတ္ခမ္းေထာင့္ကို တြန႔္ေကြးလိုက္ၿပီး သူမပုံစံက ႀကိဳးဆြဲခံထားရသည့္ ႐ုပ္ေသး႐ုပ္လိုမ်ိဳး လႈပ္ရွားမႈေတြက အရမ္းကိုေတာင့္တင္းေနခဲ့ၿပီး အၿပဳံးက သူမမ်က္လုံးဆီ ေရာက္မေနေပ။ ဆန႔္က်င္ဘက္အေနျဖင့္ ဒီပုံစံက လူေတြရဲ႕ ဆံပင္ကိုေတြကို ေထာင္သြားေစၿပီး ေနာက္ေက်ာကိုေတာင္ ေအးခဲသြားေစသည္။
သူမပတ္ဝန္းက်င္က ႐ုတ္ခ်ည္း တိတ္ဆိတ္သြားၿပီး သူမလႈပ္ရွားမႈေတြက ေၾကာက္မက္ဖြယ္ေကာင္းေနသည္။
သူမက တစ္ခုခု လႈပ္ေတာ့မယ္လို႔ လူတိုင္းက ေတြးမိလိုက္ခ်ိန္တြင္ သူမက ေၾကာက္လန႔္ဖြယ္ေကာင္းသည့္ အသံႀကီးျဖင့္ ထ,ရယ္လိုက္သည္။
ဒီရယ္သံက ကိုယ္ပိုင္ပဲ့တင္သံ ရွိေနပုံေပၚကာ အနည္းငယ္ဩေနသည္။ အသံက ၁၉ ႏွစ္အ႐ြယ္ မိန္းကေလးရဲ႕ အသံနဲ႔ ကြာျခားေနၿပီး ငရဲျပည္မွတက္လာသည့္ မိန္းမအိုႀကီးရဲ႕ အသံနဲ႔ပိုတူေနသည္။
ဒီအသံကို ၾကားလိုက္သည့္ လူတိုင္း ဆံပင္ေတြေထာင္သြားၿပီး ေနာက္ေက်ာေတြပါ ေအးစက္သြားၾကသည္။
သို႔ေသာ္ စကၠန႔္အနည္းငယ္အတြင္း လီရီဝမ္ ရဲ႕အမူအရာက ပုံမွန္အတိုင္း ေတာင့္တင္းေနသည့္ ပုံစံျပန္ျဖစ္သြားၿပီး ေျပာင္းလဲသြားသည့္ မ်က္ႏွာအမူအရာက အရမ္းကိုျမန္ဆန္လွသည္။
သူမက လွည့္လိုက္ၿပီး သူမေခါင္းလည္သြားတာကိုေတာင္ မေစာင့္ပဲ သူမ ဘယ္သြားမွန္းမသိရပဲ ေရွ႕ကိုသာ ေလွ်ာက္သြားသည္။
က်န္လူေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကၿပီး သူတို႔စိတ္ထဲ ဘာအေတြးမွ ရွိမေနၾကေပ။ လူတိုင္းက အရမ္းကို ထိတ္လန႔္ေနၾကၿပီး သူတို႔အသက္ရႉသံကို ထိန္းခ်ဳပ္ထားၾကကာ ဘယ္သူမွ သူမကို မတားၾကေပ။
ယြမ္တခ်န္ ကအရင္ဆုံး တုံ႔ျပန္လာခဲ့သည္။ သူက လီရီဝမ္ ကိုခ်စ္ေနတုန္းပင္။ ဂ႐ုစိုက္မႈနဲ႔ ခ်စ္ျမတ္ႏိုးမႈေတြျဖင့္ သူက အံႀကိတ္လိုက္ၿပီးေနာက္ တြန႔္ဆုတ္ျခင္းမရွိပဲ အေနာက္မွ လိုက္သြားခဲ့သည္။
က်ယ္ေလာင္သည့္ အသံျဖင့္ သူက ေအာ္လိုက္သည္။ “ငါ့ကိုေစာင့္ဦး!”
က်န္ေနသည့္ အၾကည့္အနည္းငယ္က ခြဲခြာသြားသည့္ ပုံရိပ္ေတြကို ၾကည့္ေနၾကၿပီးေနာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္သည္။
ဝမ္ဂ်ေဟာင္ ကသတၱိအနည္းငယ္ ရွိလာခဲ့သည္။ သူက ေဒါသတႀကီးျဖင့္ လက္သီးဆုပ္ကာ နံရံကို ထိုးလိုက္ၿပီး က်ိန္ဆဲလိုက္သည္။ “Fuck! ဘာေတြလဲ!!!”
ဆံပင္ႏွစ္ဖက္ခြဲစည္းထားသည့္ မိန္းကေလး တစ္ေယာက္က ေခါင္းခါလိုက္သည္။ သူမမ်က္လုံးေတြက ငိုထားပုံရကာ နီရဲေနသည္။ သူမႏႈတ္ခမ္းေတြအား ဖိအားေတြေၾကာင့္ ကိုက္ထားခဲ့သည္။
သူမက ႏႈတ္ခမ္းကို ဟလိုက္ၿပီး ေျပာလိုက္သည္။ “ၿပီးခဲ့ရက္တုန္းက ေယာက်ၤားေလး အေဆာင္က ေသသြားတဲ့ ေကာင္ေလးကလဲ ဘမ္ရွန္း ကိုသူမေသခင္ ကစားခဲ့တာတဲ့!”
“ဒုံး!”
စကားတစ္ခြန္းက ေၾကာက္လန႔္သြားေစသည္။
“Fuck! ငါတို႔ကစားတုန္းက ေစာေစာမေျပာခဲ့ရတာလဲ!” အလယ္က မိန္းကေလးက အနီေရာင္ ေပၚလာသည္အထိ ထိုမိန္းကေလးရဲ႕ လက္ေမာင္းကို ဆိတ္လိုက္သည္။
ႏွစ္ဖက္ခြဲစည္းထားသည့္ ေကာင္မေလးက ေအာ္လိုက္ေပမဲ့ မတားဆီးရဲေပ။ ပုံမွန္လို မၾကာမၾကာ အႏိုင္က်င့္ခံရပုံပင္။
ႏွစ္ဖက္ခြဲစည္းထားသည့္ ေကာင္မေလးက ငိုခ်င္ေပမဲ့ မ်က္ရည္မက်ပဲ ေဘာလုံးေလးလို ေကြးသြားခဲ့သည္။ “သူ... သူက ဘမ္ရွန္းေၾကာင့္ ေသခဲ့တာကို ငါ... ငါမသိခဲ့ဘူး”
အဲ့ေကာင္ေလးက ဘမ္ရွန္းေဆာ့ခဲ့တာကို သူမ သိခဲ့ၿပီး ထိုေကာင္ေလးက ဘမ္ရွန္းေၾကာင့္ ေသခဲ့ရတာကိုေတာ့ သူမ မသိခဲ့ေပ။
ခဏၾကာၿပီးေနာက္ လူတိုင္းက သတၱိေလ်ာ့က်သြားၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။
သူတို႔ ေသခ်င္လား?
ေသခ်ာေပါက္ မေသခ်င္ၾကဘူးေပါ့!
သို႔ေသာ္ ဒီေသသြားသည့္ ႏွစ္ေယာက္က မေတာ္တဆေၾကာင့္ ေသခဲ့ၿပီး သူတို႔တြင္ေတာ့ ကံေကာင္းမႈေတြ က်န္ေနႏိုင္ေသးတယ္လို႔ ေတြးမိေနၾကသည္။
ငါက ကံေကာင္းတဲ့သူ ျဖစ္ရမယ္၊ ငါမေသေတာ့တာ ျဖစ္ရမယ္... ဟုတ္တယ္မလား?
သူတို႔ကိုယ္သူတို႔ ႏွစ္သိမ့္ၾကရင္း မိန္းကေလးေတြကေတာ့ သူတို႔ခံစားခ်က္ေတြကို မထိန္းခ်ဳပ္ႏိုင္ပဲ သူတို႔ေခါင္းကို အုပ္ကိုင္လိုက္ရင္း ငိုေႂကြးေနၾကသည္။
တစ္ဖက္မွ က်န္းေဟြ႕ က က်ိဳးခဲယု အားတံေတာင္ျဖင့္ ထိလိုက္ၿပီး ေျပာလိုက္သည္။ “အကိုႀကီးယု၊ ဘမ္ရွန္း ရဲ႕စည္းမ်ဥ္းကို ဘယ္ကေန ၾကားခဲ့တာလဲ?”
က်ိဳးခဲယု ကရပ္သြားၿပီး သူ႔ပါးစပ္က အနည္းငယ္ ပြင့္သြားၿပီး သူ႔နဖူးကို ႐ိုက္လိုက္ကာ စိတ္လႈပ္ရွားမႈေတြနဲ႔ ေျပာလိုက္သည္။ “ဒါ ေက်ာင္းဖိုရမ္ကပဲ! တစ္ေယာက္က ဘမ္ရွန္းအေၾကာင္း ေျပာထားတာကို ငါေတြ႕ခဲ့တာ၊ ေနာက္ေတာ့ ငါမွတ္ထားခဲ့တာ၊ ၿပီးေတာ့ မင္းတို႔နဲ႔ ကစားဖို႔ ေခၚခဲ့တာပဲ”
သူ႔အျပင္ ဝမ္ဂ်ေဟာင္ ရဲ႕မ်က္လုံးေတြက လႈပ္ရွားသြားခဲ့သည္။ သူ႔အသံက အက္ရွေနၿပီး သူ႔အသံထဲတြင္ သံသယတခ်ိဳ႕ ပါဝင္ေနကာ သူက က်ိဳးခဲယု ကိုထူးဆန္းသည့္ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ “အဲ့ပို႔စ္ကို ငါဘယ္လိုလုပ္ၿပီး မျမင္ခဲ့တာလဲ?”
ဝမ္ဂ်ေဟာင္ ကလိုင္းသုံးလြန္းသည့္ ဆယ္ေက်ာ္သက္ေလးျဖစ္ၿပီး သူက ေက်ာင္းဖိုရမ္ကို သေဘာက်ၿပီး ေက်ာင္းရွိ လူတိုင္းကို အပ္(add)ခဲ့သည္။
ထိုစကားကို ၾကားလိုက္ၿပီး က်ိဳးခဲယု ကမယုံႏိုင္သည့္ အမူအရာျဖင့္ ေျပာလိုက္သည္။ “ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ၊ အဲ့ပို႔စ္က ကြန႔္မန႔္ေတြေၾကာင့္ အေသအခ်ာ ထိပ္ဆုံးကို ေရာက္ေနတာေလ!”
သူေျပာၿပီးေနာက္ ဖုန္းကိုရွာလိုက္ၿပီး ဖိုရမ္ဆီဝင္လိုက္ၿပီး လူတိုင္းကို ျပဖို႔ ပို႔စ္ကို ရွာလိုက္သည္။
သို႔ေသာ္ ထူးဆန္းတာက သူဘယ္ေလာက္ပဲ ရွာေဖြပါေစ၊ ဘယ္ေနရာမွာပဲ ရွာေဖြေနပါေစ၊ သူ႔ကြန႔္မန႔္ေတြမွာ ရွာရင္ေတာင္မွ ဘာကိုမွ ရွာမေတြ႕ေပ။
က်ိဳးခဲ့ယု ရဲ႕ေခြၽးေအးေတြက စီးက်လာၿပီး သူ႔မ်က္ႏွာက မဲေမွာင္သြားၿပီး မ်က္လုံးေတြက ေၾကာက္႐ြံ႕မႈေတြ ျပေနသည္။
“ဒါ... ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ?”
အေျဖက မယုံၾကည္ႏိုင္စရာပင္၊ ဒီဂိမ္းကို သူေလ့လာတုန္းက က်ိဳးခဲယု ကတေစၦျမင္ခဲ့သည္။
ေရွာင္ခ်န္း ကလဲထ,ရပ္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။ “မင္းတို႔အတြက္ ညစာ ငါဝယ္လိုက္မယ္”
ဒါကို ျမင္လိုက္ၿပီး က်န္းေဟြ႕ ကလဲထ,ရပ္လိုက္ၿပီး ေျပာလိုက္သည္။ “ငါ မင္းနဲ႔ လိုက္ခဲ့ေပးမယ္!”
ေရွာင္ခ်န္း ကေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။ “ရပါတယ္၊ ငါတစ္ေယာက္ထဲလဲ အဆင္ေျပပါတယ္။ တကယ္လို႔ တစ္ခုခု ျဖစ္ခဲ့ရင္ ငါတစ္ေယာက္ထဲပဲ ေသမယ္၊ မင္းကို ဆြဲမေခၚဘူး”
“ဒါေပမဲ့” က်န္းေဟြ႕ ကတစ္ခုခုကို ေျပာခ်င္ေနသည္။
ေရွာင္ခ်န္း ကအေဆာင္တံခါးကို ဖြင့္လိုက္ၿပီး ေျပာလိုက္သည္။ “ငါသြားၿပီ၊ မၾကာခင္ ျပန္လာခဲ့မယ္”
ေရွာင္ခ်န္း ကထိုအရာအား စမ္းသပ္ခ်က္ေၾကာင့္ လုပ္တာျဖစ္သည္။
ဂူလူမင္း ကသူ႔ေဘးတြင္ရွိၿပီး သူ႔ေနာက္ကို တစ္ခ်ိန္လုံး လိုက္ေနမယ္လို႔ သူေလာင္းေၾကးထပ္ထားသည္။ သူဘာေၾကာင့္ သူ႔ကိုယ္သူ ထုတ္မျပလဲဆိုတာ နားမလည္ေသာ္လည္း သူ႔ႏွလုံးသားထဲတြင္ေတာ့ ခံစားမိေနခဲ့သည္။
သူအႏၲရာယ္ႀကဳံလာရင္ ဂူလူမင္း ကမေပၚလာဘူးဆိုတာ သူမယုံဘူး!
သူက်ရႈံးသြားရင္ေတာ့ ေသ႐ုံသာရွိသည္၊ သူ႔ေဘးက လူအမ်ားႀကီး ေသသြားၾကတာကို ျမင္ဖူးေနၿပီးသားျဖစ္လို႔ သူ႔တြင္ ေၾကာက္လန႔္စိတ္ နည္းနည္းေလးေတာင္ ရွိမေနေပ။
ေရွာင္ခ်န္း ကအေဆာင္အျပင္ကို ေလွ်ာက္ထြက္သြားၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။
ဂူလူမင္း ကသူ႔ကံေကာင္းေစတဲ့ ၾကယ္ေလးပဲ.
ဂူလူမင္း နဲ႔မေတြ႕ခင္က သူ႔တြင္ သူငယ္ခ်င္းေတြ မရွိသလို ဘယ္သူကမွလဲ သူ႔အနား မနီးကပ္ရဲၾကေပ။ ဂူလူမင္း ထြက္သြားၿပီးေနာက္ သူ႔အနား နီးကပ္လာၿပီးေနာက္ ေသဆုံးၾကသည့္ က်ိန္စာက ေပ်ာက္ကြယ္သြားခဲ့သည္။
ဒါက ဂူလူမင္း သူ႔ကို ကူညီေပးေနတာလို႔ အၿမဲတမ္း သူခံစားမိေနခဲ့သည္။
အနက္ေရာင္အရိပ္ရဲ႕ ခႏၶာကိုယ္ေပၚရွိ ယင္ခ်ီ ကပိုေလးလံလာၿပီ သူ႔ခႏၶာကိုယ္ပုံရိပ္က ပိုသိသာထင္ရွာလာၿပီး သုံးဖက္အျမင္ ပုံစံမ်ိဳး ျဖစ္လာခဲ့သည္။
သူ လူပုံစံ ေျပာင္းလဲႏိုင္ဖို႔ ေန႔ရက္က သိပ္မလိုေတာ့ေပ။
ဟီး ဟီး။
ေရွာင္ခ်န္း ကရပ္လိုက္ၿပီး ေကာ္ဖီဆိုင္တံခါးနားမွ ရပ္ေနၾကသည့္ လူအုပ္ႀကီးကို ၾကည့္လိုက္ၿပီး ထိုလူအုပ္က ပိုမ်ားျပားေနသည္။
ေရွာင္ခ်န္း ကရပ္လိုက္ၿပီး စိတ္လႈပ္ရွားစြာျဖင့္ ဝင္ပါဖို႔ စီစဥ္ထားျခင္းမရွိေပ။
ေထာင့္ဘက္မွ ေကာ္ဖီဆိုင္ဆီ ဝင္ဖို႔ျပင္ထားခဲ့သည္။
သူ မဝင္ႏိုင္ခင္ သူ႔ႏွလုံးသားက ႐ုတ္တရက္ ခုန္သြားခဲ့ၿပီး သူ႔မ်က္ေတာင္ေတြက လႈပ္ရွားသြားခဲ့သည္။
ေျခသံေတြက အနီးကပ္ လိုက္ေနခဲ့သည္။
ေရွာင္ခ်န္း ကသူ႔ႏွလုံးခုန္သံ ျမန္လာတာကိုေတာင္ ၾကားႏိုင္ေနခဲ့သည္။
“ကူညီပါ! ကူညီၾကပါ!” ေျမျပင္တြင္ လွဲေလ်ာင္းေနေသည့္ ေကာင္ေလးက ေသြးေတြနဲ႔ ဖုံးလႊမ္းေနၿပီး သူ႔လက္ေတြနဲ႔ ခါးကိုကိုင္ထားၿပီး သူ႔မ်က္လုံးေတြက ေၾကာက္လန႔္မႈေၾကာင့္ ျပဴးက်ယ္ေနသည္။
ေသြးေတြက သူ႔လက္ေခ်ာင္းၾကားမွ ထြက္ေနၿပီး ေအာက္ဘက္ကို စီးက်ေနသည္။
သူ႔အဝတ္ေတြ၊ ေဘာင္းဘီေတြနဲ႔ ဖိနပ္ေတြေတာင္ ေသြးေတြနဲ႔ စို႐ႊဲေနသည္။
ထိုလူရဲ႕ မ်က္ႏွာက ျဖဴေဖြးေနၿပီး သူ႔မ်က္ႏွာ ႐ြံ႕တြေနကာ သူ႔ပတ္ဝန္းက်င္မွ လူေတြကို အကူအညီေတာင္းေနခဲ့သည္။ “ျမန္ျမန္! ျမန္ျမန္ ေဆး႐ုံကားေခၚ!”
သူက ေလးလံသည့္ ခႏၶာကိုယ္ကို ဆြဲလိုက္ၿပီး လူအုပ္ဆီ တျဖည္းျဖည္း တိုးကပ္သြားသည့္ပုံစံက ေၾကာက္လန႔္ဖို႔ေကာင္းၿပီး စိတ္မခ်မ္းေျမ့စရာပင္။
သူက ေျမျပင္မွ သူ႔ခႏၶာကိုယ္အား ဆြဲေနၿပီး လူေတြဆီ ပိုတိုးသြားေအာင္ ႀကိဳးစားေနခဲ့သည္။ ေျမျပင္တြင္လဲ ေသြးေတြက သူသြားသည့္ လမ္းေၾကာင္းတစ္ေလွ်ာက္ အတန္းလိုက္ ရွိေနခဲ့သည္။
သို႔ေသာ္ အစမွအဆုံးထိ ဘယ္သူမွ သူ႔ကို ကူညီေပးဖို႔ လက္မကမ္းၾကေပ။
ေရွာင္ခ်န္း ရဲ႕ဦးေႏွာက္က ေသြးေတြနဲ႔ ျပည့္ႏွက္ေနၿပီး သူက လူအုပ္ကိုတြန္းထုတ္ၿပီး အေဝးကို ေျပးထြက္သြားခဲ့သည္။ သူ႔အျပဳအမူက ၾကမ္းတမ္းၿပီး ျမန္ဆန္ေနတာေၾကာင့္ သူ႔တြန္းလိုက္သည့္ လူေတြက ေျမျပင္ေပၚ လဲက်သြားၾကသည္။
ေရွာင္ခ်န္း ရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး ေကာင္ေလးေရွ႕ကို ဒူးေထာက္ခ်လိုက္သည္။
ယြမ္တခ်န္ ရဲ႕စိတ္ဓာတ္က်ေနသည့္ မ်က္လုံးေတြက ခ်က္ခ်င္း အေရာင္ေတာက္သြားၿပီး ေအာ္လိုက္သည္။ “ေရွာင္ခ်န္း၊ ငါ့ကို ျမန္ျမန္ကယ္ပါ!”
ေရွာင္ခ်န္း ကဖုန္းကို ထုတ္လိုက္ၿပီး ဖြင့္လိုက္ကာ 120 ကိုဖုန္းေခၚလိုက္သည္။ သူက ပင့္သက္ရႈိက္လိုက္ၿပီး သူ႔အသက္ရႉသံကလဲ တိုေတာင္းေနသည္။ သူ႔အျဖဴေရာင္ ကုတ္အက်ႌကို ခြၽတ္လိုက္ၿပီး ယြမ္တခ်န္ ရဲ႕ခါးတြင္ အလ်င္အျမန္ ခ်ည္လိုက္သည္။
“ယြမ္တခ်န္၊ ယြမ္တခ်န္! ခဏေလး၊ မၾကာခင္ ေဆး႐ုံကား ေရာက္ေတာ့မွာ!” ေရွာင္ခ်န္း ရဲ႕ပုံစံက ယြမ္တခ်န္ ထပ္ပိုခက္ခဲေနသည္။
ပတ္ဝန္းက်င္မွ ေက်ာင္းသားေတြက သူတို႔ကို သတိျပဳမိသြားၿပီး ဘာေျပာရမွန္း မသိၾကေပ။ တခ်ိဳ႕က ေၾကာက္လန႔္ေနၾကၿပီး တခ်ိဳ႕က ထိတ္လန႔္ေနကာ တခ်ိဳ႕ကေတာ့ ေၾကာက္႐ြံ႕ေနၾကသည္။ သူတို႔အမူအရာေတြက ရႈပ္ေထြးေနၾကသည္။
ေရွာင္ခ်န္း ရဲ႕ႏွလုံးက အရင္ကထပ္ ပိုျမန္သြားၿပီး သူ႔ပတ္ဝန္းက်င္မွ လူအုပ္အား ၾကည့္လိုက္ကာ အသက္ျပင္းျပင္းရႉလိုက္သည္။
သို႔ေသာ္ ယြမ္တခ်န္ ကမတည္မၿငိမ္ ျဖစ္လာပုံရသည္။
ေျမျပင္ေပၚမွ ေသြးေတြကို ၾကည့္လိုက္ၿပီး ယြမ္တခ်န္ ကဒီေနရာတြင္ အခ်ိန္အေတာ္ၾကာ အကူအညီေတာင္းခံေနႏိုင္ေၾကာင္း သူေတြးမိႏိုင္သည္။
ထိုအခ်ိန္ ဂူလူမင္း...
အတူတူပင္...
သူေသေအာင္ ႐ိုက္ခံလိုက္ရသည္အထိ သူ႔ကို ဘယ္သူမွ မကူညီခဲ့ၾကေပ...
ေရွာင္ခ်န္း ရဲ႕ႏွလုံးသားက ႐ုတ္တရပ္ နာက်င္လာရသည္။
24.8.2023
................