[Unicode]
"ရွှီ သွားကြရအောင် နောက်လိုက်ခွေးတွေလာ ကိုက်နေပြီ"
ကျောက်ဝူသူစိုးရိမ်တစ်ကြီးပြောနေတာတောင် တစ်ဖက်လူရဲ့လည်ပင်အား တင်တင်းကြပ်ကြပ်စုပ်ကိုင်ထားတဲ့ရွှီရဲ့လက်တွေက လျော့မသွားတာကိုတွေ့လိုက်ရတယ်။
"ရွှီ လွတ်လိုက် အကိုတို့က သိမ်းသွင်းယုံပဲလို့ရွှီပြောခဲ့တာနော် သူ့ကိုသတ်မလို့လား မဖြစ်ဘူးနော်ရွှီ"
"အကိုသိလား သူလိုသစ္စာရှိတဲ့ခွေးကိုသိမ်းသွင်းဖို့ကြံခဲ့ပေမဲ့ သူ့သခင်ကိုအန္တရာယ်ပေးမဲ့အနံရလိုက်တာနဲ့ တန်းကိုက်တော့တာပဲလေ အဲ့တာကြောင့် မလိုတော့ဘူး သူ့ကို"
"သတ်ပစ်လည်း ပြဿနာမရှိဘူး"
"တော် တော့ရွှီ လွှတ်လိုက် "
ကျောက်ဝူတင်းကြပ်စွာစုပ်ကိုင်ထားတဲ့ ရွှီရဲ့လက်တွေကို အတင်းဆွဲဖြုတ်လိုက်တယ်။ ဒီကောင်ကိုကယ်ဖို့သူစိတ်မဝင်စားပေမဲ့ မှန်တစ်ဖက်ကကောင်လေးက မျက်ရည်တွေနဲ့တားစီးနေတာတွေ့လိုက်ရတော့သူမနေနိုင်ခဲ့ပါ ရွှီကို တောင်ထိုကောင်လေးကြောင့်လွန်ဆန်နေမိတယ် ထိုကောင်လေးမှာ သူမလွန်ဆန်နိုင်တဲ့ အမိန့်အာဏာဆက်ရှိနေတာဖြစ်မည်ထင်။
"ရွှီ တဂယ်လို့ ဒီနေရာမှာ ညီမလေးရှုံးသွားရင် ညီမလေးလက်စားချေနိုင်တော့မယ်မထင်ဘူး အဲ့လိုဖြစ်စေချင်လို့လား ညီမလေးက"
"ဟင့်အင်းအကို ..ဟင့်အင်း လုံးဝ လုံးဝ မဖြစ်ရဘူး အဲ့လို ဟုတ်တယ် ဟုတ်တယ်သွားမယ် အကြံအတိုင်းပဲဆက်လုပ် ကြမယ် ဟုတ်တယ် ဟုတ်တယ်"
ယွီပင် ရွှီနဲ့ကျောက်ဝူတို့အဖွဲ့လည်းထွက်သွားရော သူ့အနားထားခဲ့တဲ့ ကျောက်ဝူရဲ့ကိုယ်ရံတော် နှစ်ယောက်ကို ရှိသမျှအားအကုန်ရုန်းကာ သေနတ်လုပြီးပြစ်သတ်လိုက်တယ်။
သခင်လေးကို ကယ်ဖို့သူ့ရဲ့ရှိသမျှအားအကုန်နဲ့ထကာ မှန်ကိုဖွင့်လို့ရမဲ့နေရာရှာကြည့်လိုက်တော့ သော့ခတ်ထားတဲ့နေရာကိုသူတွေ့လိုက်ရတော့ ဝမ်းသာသွားမိလေသည်။ သော့နေရာကိုသေနတ်နဲ့ပစ်ခွင်းလိုက်တော့ သုံးချက်မြောက်မှာသော့ပြတ်ကျသွားလေတယ်။ သူတံခါးကိုအမြန်ဆွဲဖွင့်ကာဝင်သွားလိုက်ပြီးသခင်လေးကိုချုပ်နှောင်ထားတဲ့အချုပ်အနှောင်တွေကို အမြန်ဆွဲဖယ်လိုက်လေသည်။
"ယွီပင်ကော အဆင်ပြေရဲ့လား "
"အာ...သခင်လေးကလည်းဒီလောက်ကတော့အဆင်ပြေပါတယ်"
ယွီပင်ရဲ့အဆင်ပြေပါတယ်ဆိုတဲ့စကားကိုကြားနေရပေမဲ့ရိပေါ်သူမြင်နေရတာကတော့ ခေါင်းကနေမေးအထိစီးကျနေတဲ့သွေးတွေ ပုခုံးကလည်းအတော်ရိုက်ခံထားရ၍ထင်ဝတ်ထားတဲ့ သာရေ အစစ်တွေနဲ့ ပြုလုပ်ထားတဲ့ နာမည်ကြီး brand အင်္ကျီမှာပြဲစုတ်နေပြီး နီရဲနေပြီး သွေးတောင်စို့နေတဲ့ ဒဏ်ရာတွေကိုတောင်မြင်နေရလေသည်။ ခြေထောက်ကလည်း ဖြတ်ရိုက်ခံထားရသေးသည်ထင် ဟန်ဆောင်ကာလျှောက်နေတာတောင် ထော့ကျိုးထော့ကျိုးနဲ့အနည်းငယ်ဖြစ်နေလေသည်။ ဒါတောင်စိုးရိမ်တကြီးသူ့ဆီပြေးလာနေသေးသည်။
ယွီပင် ဒီလိုဖြစ်နေတာတောင် ရိပေါ် သူတွေးမိနေသည်မှာ တော်သေးတယ် ယွီကောနေရာမှာသာကိုကိုဖြစ်မနေလို့ဆိုပြီး အားမနာလျှာမကျိုးတွေးနေမိလို့သူ့မှာယွီကောကိုစိတ်ထဲမှအားနာနေမိလေသည်။
"ယွီကောကျနော့ကိုတွဲလေကော အားမနာပါနဲ့ "
"မဟုတ်တာရပါတယ် သခင်လေးရဲ့"
သူဘယ်ဘိုပြောပြောမရသည့်ယွီကောကြောင့်ကောနောက်ကပဲအသာကပ်လိုက်လာလိုက်တယ်။
"ဘုတ်!!!"
"အမလေး !!! တောင်ပန်ပါတယ် အဟင့်မသတ်ပါနဲ့မသတ်ပါနဲ့ "
"တမှူး!!!"
ယွီပင်လူတစ်ယောက်ကထောင့်အကွယ်ကနေအမြန်ပြေးလာပြီးသူ့ကိုလာတိုက်တဲ့သူကြောင့်လက်ထဲမှာရှိနေတဲ့သေနတ်နဲ့ထိုသူ့အားအမြန်ရှိန်လိုက်မိတယ်။ ဒါပေမဲ့သူမြင်လိုက်ရတာကတော့ ရန်သူမဟုတ်ပဲ ပါးတွေမှာလက်ရာတွေအကွင်းလိုက်နဲ့ဆံပင်တွေမှာရှုပ်ပွနေပြီး ထိုင်လျက်သားလက်နှစ်ဖက်နဲ့အတင်းကာခါ မျက်လုံးစုံမှိတ်ပြီးအော်နေတဲ့ တမှူးအားတွေ့လိုက်ရတော့အံ့ဩသွာလေသည်။
တမှူးကအတော်ကြောက်နေသည်ထင် ။ သူ့ခေါ်လိုက်မှ မကြည့်ရဲကြည့်ရဲနဲ့ မျက်လုံးတစ်ဖက်ပဲဖြေးညှင်းစွာဖွင့်ပြီးကြည့်လာလေသည်။
"အဟင့် ကော!!!ယွီကော"
သူ့ကိုမြင်လိုက်တော့ မှ ကလေးတစ်ယောက်လိုအော်ငိုပြီး အတင်းသူ့လည်တိုင်ကိုသိုင်းဖက်လာလေသည်။
"တမှူးကျဲ "
"ဟင်!! ရိပေါ်လေး အဆင်ပြေရဲ့လား ရိပေါ်လေး"
"ဟုတ်ကျဲ ကျဲရော"
"ကျဲကအဆင်ပြေပါတယ် ဘယ်ကနေထွက်လာတာလည်းရိပေါ်လေး ကျဲမမြင်လိုက်မိလို့"
"အစောထဲကရှိပါတယ် ကျွန်တော်က ကျဲကသာယွီကောတစ်ယောက်ပဲ မြင်ပြီး ကျွန်တော့ကိုမမြင်တာပါ"
"အဲ့လိုမဟုတ်ပါဘူး "
"ကဲကဲ နှစ်ယောက်လုံးတော်တော့ သွားရအောင် တမှူးဘယ်လိုထွက်လာတာလဲဘယ်ဘက်ကနေပြေးလာတာလည်း"
"ဟို အဆောင်ကနေ"
ယွီပင် တမှူးပြတဲ့နေရာကြည့်လိုက်တော့ တမှူးလက်ချက်မိထား၍ထင် အစောင့် သုံးယောက်အပုံလိုက်အဆောင်ရှေ့တွင် ထပ်လျက်အိပ်နေကျလေသည်။
"လာဒီလမ်းအတိုင်အဲ့တာဆိုသွားကြမယ် "
ယွီပင်ရှေ့ကနေဦးဆောင်ပြီးထွက်ပေါက်ရှာနေရတယ်။
"ဒီဘက်ကိုလာ"
ယွီပင်နံရံထောင့်အကွယ်ကနေအမျိုးသမီးတစ်ယောက်ရဲ့အသံကြားလိုက်ရလေသည်။
"ချင်အာ!!!!"
ယွီပင်အံ့ဩနေမိတယ် ဘယ်လိုလို့ ချင်အာကဒီမှာရှိနေရတာလည်း မဖြစ်နိုင်တာ ဒါဆို လမ်းမှာလူတွေအတုန်းအရုံးလဲနေတာချင်အာကြောင့်လား။ သခင်လေးပြောက်သွားတာကိုသိတာသူတစ်ယောက်ထဲပါ တဂယ်လို့သိသွားရင်တောင် ဒီနေရာကိုတော့ သိနိုင်မည်မထင်။
"အဟက် ဘာလည်းယွီပင် အံ့ဩစရာရှိလို့လား"
"ချင်းအာ ဘယ်လိုလုပ် ဒီရောက်"
"ယွီပင် ငါက မနက်မရောက်ခင် နင်ခေါင်းမပြုတ်အောင်လာကူညီပေးတာ ခနနေအာရုံတက်တော့မယ်သခင်လေးသာအချိန်မှီပြန်မရောက်ရင် နင်ဘာဖြစ်နိုင်မလဲ"
ချင်အာပြောတာလည်းဟုတ်နေတာကြောင့်ယွီပင်ဆက်မမေးတော့ပဲပါးစပ်ပိတ်နေလိုက်သည်။
ပြီးတော့ချင်အာက ရွှီသူ့ကိုချိန်းတဲ့နေရာမှာဘာ့ကြောင့်ရှိနေရတာလည်း သူထင်နေတဲ့အတိုင်း ရွှီကအယောင်ဆောင်ထားတဲ့ချင်အာလား သူချင်အာကိုကြည့်လိုက်တော့လည်း ရေသေအလားတည်ငြိမ်နေလွန်းသည်။ သူသေချာစောင့်ကြည့်ဖို့လိုနေတာတော့သေချာလှသည်။
"ယွီပင် ရော့ ဒါကိုသူလိုအပ်မယ်ထင်တယ်"
ယွီပင်လည်းချင်အာလက်ထဲမှရေခဲစိမ်အချိုရည်ဘူးလေးအားယူကာ တမှူးကိုပေးလိုက်တယ်
"ကျေးဇူးပါ ချင်အာကျဲနဲ့ယွီကော"
"သိပ်ကျေးဇူးမတင်နဲ့ လူတိုင်းကယုံရတာမဟုတ်ဘူး "
"ချင်းအာ တမှူးကိုဘာတွေပြောနေတာလည်း"
"ချင်းအာကျဲကိုမပြောပါနဲ့နော် ယွီကော ကျဲပြောတာလည်းမှန်ပါတယ်"
လူသုံးယောက်ကတော့စကားပြောနေပေမဲ့ ကျန်ကောင်လေးတစ်ယောက်မှာတော့ သူ့ရဲ့ချစ်ရသူအားတွေ့ဖို့မစောင့်နိုင်တော့ပါ။
"သခင်လေး ကားပေါ်ကဆင်းလို့ရပြီ ကျဲပြောစရာရှိတယ်ပြီးတော့"
"ဟုတ် ချင်အာကျဲပြောပါ"
သူကပြောခွင့်ပေးလိုက်တော့ကျဲကသူ့အနားတိုးလာပြီးနားနားကပ်ပြောလိုက်တဲ့စကားကြောင့်သူ့မှာမျက်လုံးပြူးလာရလေသည်။
"သခင်လေး ကျဲသခင်လေးကို ပြန်ခေါ်လာခဲ့ပြီနော် အဲ့တာကြောင့် သခင်လေးပျောက်သွားတုန်းက ကျဲတို့အပြစ်မဖြစ်အောင် သခင်ကြီးကို အနီးကပ်ပြောပေးပါအုံးနော် အိပ်ရာပေါ်မှာနှစ်ကိုယ်တူချော့ရင် ယောင်္ကျားတွေကပျော့တယ်ဆိုလား"
"ကျဲ !!!ဘာကိုပျော့တာလည်း"
ချင်ကအာသူကတိုးတိုးပြောလိုက်ပေမဲ့သခင်လေးရဲ့မျက်လုံးပြူးမျက်စံပြူးပြီးအော်လိုက်တဲ့အသံဟာဟိန်းထွက်လာလေသည်။
"မဟုတ်ဘူးလေ သခင်လေးရယ် သခင်လေးချော့ပေးရင် ကြိမ်းသေသခင်ကြီးကပျော့သွားမှာပါ အဲ့လိုပြောတာလေ"
"ကျဲ ကဘာတွေပြောမှန်းကိုမသိဘူးပြောလေဆိုးလေးဘဲ သွားပြီကြာ"
ချင်အာမှာသူကအကောင်းပြောတာကို မျက်နှာတွေနီရဲပြီး လည်ပင် ကိုလက်နဲ့ပွတ်သတ်ကာသူ့ကိုအော်လာကာရှက်သွားတဲ့သခင်လေးကြောင့် သူပြောတာဘာမှားသွားလည်းစဉ်းစားနေမိတယ်။
"ငါပြောတာ ဘာမှားသွားလို့လည်းဟ???"
ချင်အာမှာသခင်လေးရဲ့အပြုအမှုအားခေါင်းကုတ်ကာစဉ်းစားနေမိလေတော့သည်။
မိုးတွေအဆက်မပြတ်ရွာနေလို့ဘယ်လိုမှလိုင်းမကောင်းလို့upပေးလို့မရလို့ကြာသွားတာပါနော်။ ပေါ့သွားတာသိပါတယ်နော် စောရီးပါနော်
ချစ်တဲ့ Ki🤗
[Zawgyi]
"ဘုတ်!!!"
"တမှူး!!!"
"အဟင့် ကော!!!ယွီကော"
"တမှူးကျဲ "
"ဟုတ်ကျဲ ကျဲရော"
"အဲ့လိုမဟုတ်ပါဘူး "
"ဟို အဆောင်ကနေ"
"ဒီဘက်ကိုလာ"
"ချင်အာ!!!!"
"ဟုတ် ချင်အာကျဲပြောပါ"
"ကျဲ !!!ဘာကိုပျော့တာလည်း"
ချစ်တဲ့ Ki🤗