Part 30

418 27 0
                                    

[Unicode]

"ရှောင် ပေါ််လေး အိပ်သွားပြီလား "

"အွန်း"

"ဒါဆို သွားကြတော့မလား"

"...."

ချင်အာရဲ့အပြောကိုပြန်မဖြေပဲ အိပ်နေတဲ့ ပေါ်လေးရဲ့ နဖူးပြေပြေလေးကဆံပင်လေးများကို သက်တင်ပေးရင်း အနမ်းချွေနေတဲ့ရှောင်။

"ကျွန်တော်ရောက်ပါပြီ boss"

ယွီပင် ကိုဖုန်းဆက်ကာ boss ကလှမ်းခေါ်တယ် ဆိုတဲ့ ချင်အာရဲ့ စကားကြောင့် ယွီပင်လည်း အမြန်ရောက်ချ‌လာလေသည်။

သူရောက်ပြီဆိုတဲ့ စကားကို အားတက်သရောပြောလိုက်ပေမဲ့ bossထံမှပြန်ရလိုက်သည်က အကြည့်စူးစူးတစ်ချက်မျှသာ။

"ယွီပင် ပေါ်လေးကို သေချာစောင့်ရှောက်ထားပါ အခန်းပြင်မှာလည်းအစောင့် နှစ်ယောက်ထားထားတယ် ငါတို့အရေးကြီးသွားစရာရှိလို့"

"ဟုတ်ပြီချင်အာ"

ယွီပင်နဲ့ ချင်အာစကားပြောနေတုန်း ဘာမှမပြောတဲ့‌ bossက အခန်းပြင်ထွက်ဖို့ ခြေလှမ်းတွေပြင်ပြီးမှ နောက်ပြန် လှည့်ကာ သူ့ထံ တစ်ဖြည်းဖြည်း ချဉ်းကပ်လာလေသည်။ ထို့နောက်bossရဲ့ ရဲစွေးနေတဲ့ မျက်လုံးများက သူ့ကိုစိုက်ကြည့်လာပြီးပြောကြားလာသည်က

"ကလေး ရဲ့ ဆံချည်တစ်မျှင် အဝေးစင် သွားတယ် ဆိုတာနဲ့ မင်းဘယ်နည်းနဲ့ အသက်ထွက်ချင်လည်း စဉ်းစားထား"

ယွီပင် ‌bossရဲ့အေးစက်စက် စကားသံကိုကြားပေမဲ့ ပြန်ဖြေဖို့နေနေသာ အနည်းငယ် အထပ်ကို လှံကြည့်နေတဲ့ သူ့ရဲ့ မျက်လုံးများကိုပင် မျက်လွှာချလိုက်ရင်း အလျင်အမြန်ခေါင်းကို ငုံကာ ခါးကိုလည်း အတက်နိုင်ဆုံး ကိုင်းထားလိုက်လေသည်။ ထိုနည်းဖြင့် သူ့ကိုသူ တစ်ဖက်လူရဲ့ အမျက်ဒေါသမှ ကာကွယ်နိုင်ပေမည်မဟုတ်ပါလား။

ယွီပင်ကိုစကားပြောပြီးတာနဲ့အနောက်ဘက်ကိုလျှောက်သွားပြီး ရိပေါ်လေးရဲ့လက်ကလေးတွေကို အသေအချာနေရာချပေးနေကာ စောင်ခြုံးပေးပြီး ခြေလှမ်းကြဲကြီးများနှင့် ဆေးရုံအခန်းပြင် ထွက်ခွာသွားတဲ့ရှောင်ကြောင့်ချင်အာလည်း အပြေးတစ်ပိုင် လိုက်သွားရလေသည်။ သေချာသည် ထိုအချေနေက ရှောင်ဘယ်လောက်စိတ်တိုနေပြီမှန်း။ ယွီပင်မှာလည်း အသက်ရူသံပင်မကြားရပဲ ခေါင်းငုံထားလျှက်မလှုပ်မချက်ဖြင့် ကျောက်ရုပ်တစ်ရုပ်မျှပင် ဖြစ်လို့နေလေသည်။

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now