Part 18

533 39 13
                                    

[Unicode]

တိမ်းမှောက်နေတဲ့ကုန်တင်ယာဉ်တစ်စီးရှိပြီး ထို ကုန်တင်ယာဉ်နဲ့မနီးမဝေး သစ်ပင်အောက်တွင် ကားစက်အဖုံးမှာမီးခိုးအလိမ့်လိမ့်ထွက်နေပြီး ‌ရှေ့မှန်များမှာ တစ်စစီ ကွဲကြေနေတဲ့အိမ်စီးကားအနက်ရောင်လေးတစ်စီးလည်းရှိလေသည် ။ ကားထဲကလူမှာ မောင်းသူနေရာမှာခေါင်းမှောက်နေပြီး ထိုင်ခုံ ခါပတ် ပတ်ထား၍ကားထဲမှာသာ မထွက်ခွာနိုင်ပဲ သတိလစ်မေ့မြောချင်းသို့။

ရွှီ ဒီနေ့စိတ်တွေလေးပင်နေ၍ ဖေးရှိရာဆီ ခြေဆန့်ခဲ့တော့[ခြေဆန့်တာမဟုတ်လောက်ဘူး ကားမောင်းတာဆိုတော့ ကားဆန့်တာနေမယ်😁] လမ်းမှာလူတွေဝိုင်းအုံနေသည့် အိမ်စီးကားအနက်ရောင်လေးဆီအကြည့်ပို့လိုက်မိတယ် ကားမောင်းရင်းသူမဖြတ်ခနဲမြင်လိုက်ရတဲ့ကားမှာ  အရောင်နဲ့နံပတ်မှာမလွဲနိုင် ရွှီသိပ်ချစ်ရတဲ့ သူမ မှ သူမရဲ့ကားပင် ။

သူမကားမောင်းနေတာကိုအမြန်ရပ်ပြိီးထိုကားလေးရှိရာဆီ အပြေးအလွှားသွားနေမိတယ်။သူမ,မဝံ့မရဲစွာ  ကားလေးထဲကိုအကြည့်ပို့လိုက်တော့ ဟုတ်တာပေါ့ သူမသိပ်ချစ်ရတဲ့ဖေး။ ဖေးဟာခေါင်းမှောက်ယက်အနေအထားဖြစ်နေပင်မဲ့ အတိုင်းသားမြင်နေရတဲ့ ‌ နဖူးကနေစပြီးမျက်နှာတစ်လျှောက်စီးကျနေတဲ့သွေးအလိမ့်လိမ့်နဲ့ မြင်းမကောင်းအောင်ပင်   ချောမောလှတဲ့ သူမချစ်ရတဲ့ဖေးရဲ့မျက်နှာဟာဒီလိုပုံစံမျိုးနဲ့လုံဝကိုလိုက်ဖက်မှုရှိမနေခဲ့ပါ  သူမ ဖေးကိုကြည့်ရင်း သူမရဲ့ရင်အစုံမှာပေါက်ထွက်မတက်ကြေကွဲခံစားနေ ရတာ သူမတစ်ယောက်ပင်သိလိမ်မည်။

သိပ်ချစ်ရတဲ့ဖေးကို သူမ ကားထဲ မှ  မရမကဆွဲထုတ်ပြီး အကူအညီအော်တောင်းနေမိတယ်။လမ်းဘေးဝဲယာရှိလူအများကလည်း သူမတို့အားဝိုင်ကြည့်ရုံမှအပ ဘာမှမကူညီတက်ကြ‌လေးသလား သူမအကူညီအော်တောင်းနေတာတောင်ကူညီမဲ့သူရောက်မလာပဲ ဝိုင်းကြည့်တဲ့လူအုပ်ထဲသာ အရေအတွက်ပိုတိုးလို့လာခဲ့တယ်။  ဖေးဆိုတာသူမရဲ့ဘဝတစ်ခုလုံးဖြစ်တာကြောင့် ဖေးသာတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့စိတ်နဲ့ သူမမှာအရူးတစ်ပိုင်း

"ဖေး ဖေး သတိထားပါအုံး အဟင့် ဖေးရယ်သတိလေးထားပါအုံး ..ကယ်ကြပါ...ကယ်ကြပါ..ကယ်ကြပါအုံး... အဟင့်..အဟင့် ဖေး!! ဖေး!! သတိရပါအုံး။ မထားခဲ့ပါနဲ့..မထားခဲ့ပါနဲ့  တောင်းပန်ပါတယ် ထားမသွားပါနဲ့နော် မထားခဲ့ပါနဲ့ ဖေး ဖေး ။ ဘာလို့ဝိုင်ကြည့်နေကြတာလည်း အဲ့အစား လူနာတင်ယာဉ်လေး ခေါ်ပေးကြပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်  ဖေးရယ် သတိရပါတော့ ငါရူးတော့မှာပဲ အဟင့် အဟင့် ဟင့်!!! "

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now