Part 27

561 23 0
                                    

[Unicode]


"ရိပေါ်လေး နေပါအုံး ရိပေါ်လေး"

မောဟိုက်သံနဲ့အတူ‌သူ့ကိုအော်ခေါ်ရင်းအပြေးနှင်လာတဲ့ကျဲချင်းအားကြောင့် ရိပေါ်ရောက်နေတဲ့နေရာမှာပင်ရပ်နေမိလိုက်တယ်။ဒီတစ်ကြိမ်‌မှာတော့ကျဲကိုသူဘယ်လိုမှရှောင်၍မရနိုင်တော့ပါ။

"ရိပေါ်လေး ကျဲကိုစိတ်ဆိုးနေလား"

"မဆိုးပါဘူးဗျ"

"အဲ့တာဆိုဘာလို့ကျဲကိုရှောင်နေတာလည်း"

"အာ..ကျဲစိတ်ထင်တာနေမှာပါ"

ကျဲကသူ့ကိုရှောင်နေတာလားဟုတည့်ကြီးမေးတော့ရိပေါ်ဖြေရခတ်သား ဟိုတစ်နေ့ကကိုကိုနဲ့ကျဲရဲ့မြင်ကွင်းကြောင့် အသိစိတ်ကလက်မခံပေမဲ့မသိစိတ်ကတော့ သဝန်တိုနေမိတာကြောင့် ကျဲချင်းအာကိုရောကိုကို ကိုရောသူတက်နိုင်သ၍ရှောင်နေမိတယ်။ ကိုကိုကိုယ်တိုင်ကလည်းသူ့အနားအရင်လောက်မကပ်တော့ပိုစိုတာပေါ့။

"မလိမ်တက်ပဲလိမ်နေပြန်ပါပီကလေးရယ်"

"အီးးးးဟီး ဟင့်ဟင့် တောင်းပန်ပါတယ် တစ် ကယ် အစ် တစ်ကယ်တော့ကျွန်တော် ကျွန်တော် ဟင့် ဟင့် "

သူမေးလိုက်မှ အီ က‌နဲနေအောင် ငိုချလာတဲ့ရိပေါ်လေးကြောင့်ချင်အာဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါ ။ ပြီးတော့ ငိုရင်းနဲ့ပြောတော့စကားကလည်းထစ်နေသေးသည်လေ။

"ပြော ကလေးပြော ကျဲကိုပြောပြမှကျဲကသိမှာပေါ့ မလိမ်ပဲသာပြော"

ချင်အာကျဲရဲ့စကားကြောင့်ရိပေါ်လည်း စာကြည့်ခန်းထဲကမြင်းကွင်းအကြောင်းမချွင်းမချန်ပြောပြလိုက်တော့ ဗိုက်ကိုနှိပ်ပြီးအူတက်နေတဲ့ ကျဲကြောင့်အံ့ဩသွားမိတယ်။

"ဟား ဟား ဟား ပေါ်လေးရယ် ဘာများလည်းလို့ ကျဲ နဲ့ ရှောင် က နမ်းတယ် ဘာတဲ့ ဟား ဟား ကျဲနဲ့ရှောင် ကနမ်းတယ် ဟားဟားကျဲနဲ့ရှောင် ဟားဟားဟား"

"ကျဲ !!? ဘာလို့အဲ့လောက်ရီနေတာလည်း ကျနော့ကို‌လှောင်နေတာလားကျဲက"

စကားတစ်ခွန်းကိုထပ်ခါ ထပ်ခါ ရွတ်ဆိုပြီး တစ်ဟားဟားအော်‌ရီနေတဲ့ချင်းအာကြောင့်အကြောင်သားဖြစ်သွားရတာတော့ရိပေါ်ပါပဲ။

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now