Part 23

515 38 3
                                    

[Unicode]


"ရွှီ သွားကြရအောင် နောက်လိုက်ခွေးတွေလာ ကိုက်နေပြီ"

ကျောက်ဝူသူစိုးရိမ်တစ်ကြီး‌ပြောနေတာတောင် တစ်ဖက်လူရဲ့လည်ပင်အား တင်တင်းကြပ်ကြပ်စုပ်ကိုင်ထားတဲ့ရွှီရဲ့လက်တွေက လျော့မသွားတာကိုတွေ့လိုက်ရတယ်။

"ရွှီ လွတ်လိုက် အကိုတို့က သိမ်းသွင်းယုံပဲလို့ရွှီပြောခဲ့တာနော် သူ့ကိုသတ်မလို့လား  မဖြစ်ဘူးနော်ရွှီ"

"အကိုသိလား  သူလိုသစ္စာရှိတဲ့ခွေးကိုသိမ်းသွင်းဖို့ကြံခဲ့ပေမဲ့  သူ့သခင်ကိုအန္တရာယ်ပေးမဲ့အနံရလိုက်တာနဲ့ တန်းကိုက်တော့တာပဲလေ အဲ့တာကြောင့် မလိုတော့ဘူး သူ့ကို"

"သတ်ပစ်လည်း ပြဿနာမရှိဘူး"

"တော် တော့ရွှီ လွှတ်လိုက် "
ကျောက်ဝူတင်းကြပ်စွာစုပ်ကိုင်ထားတဲ့ ရွှီရဲ့လက်တွေကို အတင်းဆွဲဖြုတ်လိုက်တယ်။  ဒီကောင်ကိုကယ်ဖို့သူစိတ်မဝင်စားပေမဲ့ မှန်တစ်ဖက်ကကောင်လေးက  မျက်ရည်တွေနဲ့တားစီးနေတာတွေ့လိုက်ရတော့သူမနေနိုင်ခဲ့ပါ  ရွှီကို တောင်ထိုကောင်လေးကြောင့်လွန်ဆန်နေမိတယ် ထိုကောင်လေးမှာ သူမလွန်ဆန်နိုင်တဲ့ အမိန့်အာဏာဆက်ရှိနေတာဖြစ်မည်ထင်။

"ရွှီ တဂယ်လို့ ဒီနေရာမှာ ညီမလေးရှုံးသွားရင် ညီမလေးလက်စားချေနိုင်တော့မယ်မထင်ဘူး ‌အဲ့လိုဖြစ်စေချင်လို့လား ညီမလေးက"

"ဟင့်အင်းအကို ..ဟင့်အင်း လုံးဝ လုံးဝ မဖြစ်ရဘူး အဲ့လို ဟုတ်တယ် ဟုတ်တယ်သွားမယ် အကြံအတိုင်းပဲဆက်လုပ် ကြမယ် ဟုတ်တယ် ဟုတ်တယ်"

ယွီပင် ရွှီနဲ့ကျောက်ဝူတို့အဖွဲ့လည်းထွက်သွားရော သူ့အနားထားခဲ့တဲ့ ကျောက်ဝူရဲ့ကိုယ်ရံတော် နှစ်ယောက်ကို ရှိသမျှအားအကုန်ရုန်းကာ သေနတ်လုပြီးပြစ်သတ်လိုက်တယ်။

သခင်လေးကို ကယ်ဖို့သူ့ရဲ့ရှိသမျှအားအကုန်နဲ့ထကာ မှန်ကိုဖွင့်လို့ရမဲ့နေရာရှာကြည့်လိုက်တော့ သော့ခတ်ထားတဲ့နေရာကိုသူတွေ့လိုက်ရတော့ ဝမ်းသာသွားမိလေသည်။ သော့နေရာကိုသေနတ်နဲ့ပစ်ခွင်းလိုက်တော့ သုံးချက်မြောက်မှာသော့ပြတ်ကျသွားလေတယ်။   သူတံခါးကိုအမြန်ဆွဲဖွင့်ကာဝင်သွားလိုက်ပြီးသခင်လေးကိုချုပ်နှောင်ထားတဲ့အချုပ်အနှောင်တွေကို အမြန်ဆွဲဖယ်လိုက်လေသည်။

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now