Part 13

638 43 10
                                    

[Unicode]

ရိပေါ်အိပ်နေတုန်း ရိပေါ်ရဲ့ နှားဖျားကို တစ်ဖြည်းဖြည့်ချင်းချိုအီအီနဲ့ရနံသင်းသင်းလေးကလာကြည်ဆယ်လာပြီး ခါးပေါ်မှာခံစားလိုက်မိတဲ့ တင်းကြပ်စွာချည်နှောင်ထားတဲ့ အရာတစ်ခု ကျောဘက်မှာလည်း နွေးထွေးမှုကိုခံစားလိုက်ရတယ်ဆိုရင်ပဲ ရိပေါ်မျက်လုံးဖွင့်ဖို့အားယူခဲ့ပါသေးတယ် ဒါပေမဲ့ထိုနွေးထွေးတဲ့အထိအတွေ့ကသူ့ရဲ့မျက်လုံးတွေကို မဖွင့်ဖို့အမိန့်ပေးလာတဲ့အခါ သူလည်းမလွန်ဆန်နိုင်ခဲ့ပါ။

ကောင်ကင်ထက်ကလမင်းကြီးကတော့ တစ်ယောက်နဲ့တစ်ယောက်မလွှတ်စတန်းဖက်အိပ်ထားတဲ့ကောင်လေးနှစ်ယောက်အကြောင်းကို  ကြယ်ကလေးတွေကိုပုံပြင်အဖြစ်ပြန်ပြောပြနေတော့မှာအသေအချာပါပဲ။

တဖျက်ဖျက်တိုက်ခတ်လာတဲ့လေနုအေးလေးတွေကြောင့်အခန်းတွင်းရှိပိတ် သားဖြူဖွေး‌ဖွေးတို့က လေယူရာ ယိမ်းနွဲ့ကနေကြပြီးနေမင်းကြီးကလည်း နေ့သစ်တစ်ဖန်စကြောင်းအချက်ပြလာသည်။

ကုတင်ထက်ကမွေ့ယာပေါ်ဝယ် ဖက်နေရင်း  နှစ်ချိုက်စွာအိပ်ပျော်နေတဲ့အမျိုးသားနှစ်ဦး အနက် ခန္ဓာကိုယ် သေးသွယ်ပြီး အသားဖြူဖြူကောင်လေးက အရင်းနိုးထလာပြီး သူ့ဘေးမှာနှစ်ချိုက်စွာအိပ်ပျော်နေသေးတဲ့ သူ့ထက်တော့ အသားနည်းနည်းညိုတဲ့ကောင်ချောလေးတစ်ယောက်ကတော့ ခုထိအိမ်မက်မက်ကောင်းနေတုံးပါပဲ။

ရိပေါ် : အယ် ငါကိုကို့ ကိုညနေစာစားဖို့စောင့်နေတာပါ ဟွန်းးးးညနေစာလေးတောင်မစားလိုက်ရပဲအိပ်ပျော်သွားတာပဲ။    ဒါနဲ့ငါအိပ်တာဆိုဖာပေါ်မှာပါ ငါဘယ်လိုလို့အပေါ်ကို ရောက်လာတာပါလိမ့်      ပြီးတော့ခုငါရောက်နေတာငါ့အခန်းလည်းမဟုတ်ပါလား ဒါ..ဒါကိုကို့အခန်းပဲ   မဟုတ်..မဟုတ်မှကိုကိုငါ့ကိုချီပြီးခေါ်လာတာထင်တယ်  ။

ရိပေါ်ပြောပြောဆိုဆို ဘေးဘက်ကိုလှည့်လိုက်တဲ့အချိန် အန်ကိုက်ဝင်သွားတဲ့သူ့ခန္ဓာကိုယ်လေးက ဘေးရှိကျယ်ပြန့်တောင့်ခိုင်တဲ့ရင်အုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ တံတိုင်းကြီးဆီသို့။

မဝင့်မရဲစွာ ခေါင်လေးမော့ပြီး မျက်လုံးတို့ကိုအကြည့်ပို့လိုက်တော့ နှလုံးသားလေးနွေးခနဲ။     အိပ်နေတာတောင်ယောက်ျားပြီသပြီးချောမောနေတဲ့မျက်နှာကြောင့် သူ့နှလုံးသားလေး ဝိုင်းဒိုင်းကျဲလာလေရဲ့ သေချာပြီသူ့မှာနှလုံးရောဂါရှိနေပြီ ထိုမျက်နှာချောမှာက သံလိုက်ဓာတ်ရှိနေတယ်ထင်ပါ့  တစ်ချက်လေးအကြည့်ပို့မိတာနဲ့ အကြည့်လုံးဝမလွဲနိုင်အောင်ဆွဲငင်လွန်းတယ်  အဖုအဖိန်ဆိုဝေးရောပဲ ပြေပြစ် ပြီး ကြည့်မဝနိုင်တဲ့မျက်နှာလေး တစ်ခါမြင်ရရင် 7ရက်ဟာမဟုတ်သေးဘူး1လလောက်တောင် အသက်ရှည်သွားစေမဲ့ အသက်ရှည်ဆေးလေးမြန်းလား။ ရိပေါ်ကိုကို့ရဲ့မျက်နှာအစိတ်အပိုင်းတိုင်းကိုသေချာလိုက်ကြည့်နေမိပြီး မထိန်းနိုင်စွာ ရိပေါ် ရဲ့လက်သွယ်တို့က ပန်းနုရောက်နှုတ်ခမ်းအောက်ရှိမဲ့ကလေး အား ထိတွေ့မိလိုက်တော့

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now