Part 29

408 33 1
                                    

[Unicode]

"အား...ကျွတ် ..ကျွတ် ...ကျစ် နာလိုက်တာ"

"အယ်ပေါ်လေး နိုးလာ ပြီလား"

ရိပေါ်နိုးလာတော့  အဦးဆုံးမြင်လိုက်ရတာ ကျဲချင်အာ။  သူအရမ်းမြင်ချင်တဲ့သူကတော့ တစ်မြေခြားမှာ။ မဖြစ်‌နိုင်မှန်းသိပင်မဲ့ မျက်လုံးလေးဝေ့ ကစားမိတော့  ကျဲချင်အာပြောတာက လေယာဉ်စီးနေပြီတဲ့။ ဆိုလိုချင်တာသူဒီလိုဖြစ်တာကို  ကိုကို သိသွားပြီပေါ့။

ကိုကို လာမယ်ဆိုလို့ ရိပေါ်ပျော် ပေမဲ့ သူဒီလိုဖြစ်နေလို့ဝမ်းနည်းသွားမဲ့ ကိုကို့ မျက်နှာကိုလည်းရိပေါ်မကြည့်ရက်ပါ။

"ပေါ်လေး ရှောင် ခနနေ ရောက်မယ်တဲ့   သူမရောက်လာသေးလည်း ကျဲရှိတယ်နော် "

"ဟုတ် ကျဲ "

ချင်အာ သိတာပေါ့ မျက်နှာလေး ညိုးငိုင်ကာ မျက်စံလေးဟိုရွေ့ဒီရွေ့လုပ်နေတဲ့ သိပ်ဖြူစင်လွန်းတဲ့ကောင်းလေး ဘာရှာနေလည်းဘာဖြစ်ချင်နေလည်းဆိုတာ။

"ပေါ်လေး ဆန်ပြုတ်ကလေး အရင်သောက်လိုက်ရအောင်နော်။  ကုတင်မတ်လိုက်မယ်။ no no မငြင်းရဘူးနော် အစာရှိမှ ဆေးသောက်လို့ရမှာမလို့"

ဆန်ပြုတ်အသံကြားတာနဲ့ ပါစပ်လေးဟပြီးအငြင်းစကားဆောင်တော့မဲ့နှုတ်ခမ်းလေးတွေကြောင့် ချင်အာ အမြန်ပိတ်ပြောလိုက်ရလေသည်။

"ဟုတ်ကဲ့ပါ ကျဲ"

လူကြီးတွေစကားကို နားထောင်လွန်းတဲ့ ခပ်ဖျော့ဖျော့အသားရေနဲ့လိုက်ဖက်မှုမရှိလှတဲ့  ဆန်ပြုတ်သောက်နေတဲ့ကောင်လေးကိုကြည့်ပြီး  ချင်းအာ ပြုံးနေမိသလို  စိတ်အစုံမှာ တစ်ဒိတ်ဒိတ်ခုန်လှုပ်ကာ ထိုကောင်လေးရဲ့ပိုင်ရှင်ကြီးနဲ့ တွေ့ရမည်ကိုလည်း စိုးထိတ်နေမိလေသည်။

ချင်းအာ မတပ်နိုင်ပါ။ အရာရာကိုရင်ဆိုင်မည် တိုက်ခိုက်မည် ထိုလူသားနှစ်ဦးအလိုရှိရာကိုဖြည့်ဆည်းပေးမည် မလိုအပ်သည့် အနှောက်ယှက် ခလုပ်သင်းပင်းကိုလည်း အလိုက်သိရှင်းထုတ်ပေးမည်။  ဘာလို့ဆို သူလုပ်သမျှအရာရာသည် ထိုလူသားတွေအတွက်သာမဟုတ်ပါလော့။

--------------&---------+

"ရွှီ!!"

"အင်း "

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now