Part 11

603 52 13
                                    

[Unicode]

"လူကြီးမင်း ဖုန်းပြောလို့ပြီးသွားပြီလား
ဒါဆို အိမ်သွားကြမယ်လေ ..အဟင်း "

ရှောင်ကျန့် : အင်း

ရှောင်ကျန့်လည်းခြေထောက်နာနေတယ် ဆိုတဲ့ ထိုအမျိုးသမီးကိုလဲကြမသွားအောင်ထိန်းရင်း  ကားဆီကိုလျှောက်သွားလိုက်တော့တယ်

"ဒီလမ်းအတိုင်းဖြောင့်ဖြောင့်ပဲသွား လမ်းဆုံးရင်ဘယ်ကိုကွေ့ အဲ့ကနေလမ်းလေးမြင်ရရင်ဘယ်ထက်ကွေ့ရင်ရောက်ပြီ တို့က သုံးလွှာမှာနေတယ် နံပတ်305အဲ့တာတို့အခန်း ရော့ လူကြီးမင်းပဲ တို့ရဲ့ အခန်းကိုသော့ဖွင့်ပေးနော် .....လုပ်ပေးမယ်မလား....အဟင်း"

အမျိုးသမီးပေးတဲ့လက်ထဲကအခန်းသော့ကိုယူလိုက်ပြီးကားထဲကဆင်းလာလိုက်တယ်။

ရှေ့က‌ထော့နဲ့ထော့နဲ့ဓာတ်လှေကားထဲအရင်ဝင်သွားတဲ့အမျိုးသမီးကတော့ လက်ထဲကအခန်းသော့ကိုဝှေ့ရမ်းကာဖုန်းကြည့်ရင်းနှုတ်ခမ်းတစ်ဖက်ကွေးတက်သွားတဲ့အမျိုးသားရဲ့ ပုံစံကိုမမြင်လိုက်ရပါ

ဒင်!

ရှောင်ကျန့်သူ့ဖုန်းက massage ဝင်လာတော့ယွီပင်းပို့တာဖြစ်လို့ကြည်လိုက်တယ်။ ယွီပင်ကအဲ့တာတွေအားကိုးရတာ သူကနာရီဝက်ဆိုနာရီဝက်အတွင်းအလုပ်တစ်ခုကိုပြီးဆုံးအောင်လုပ်နိုင်တယ်။ ဝင်လာတဲ့ massage ကိုကြည့်ပြီးထင်ထားတဲ့အတိုင်းဖြစ်နေတာမို့ နှုတ်ခမ်းတစ်ဖက်ကို လခြမ်းသဏ္ဌာန်တွန့်ကွေးလိုက်မိတယ်။

ရှောင်ကျန့် : ထင်တာမှန်နေတော့လည်းကျန်တာ ဆက်လုပ်ရမှာပေါ့ "အဟက်"

"လူကြီးမင်းကဒီမှာ ခနလေး....ခနလေးပဲစောင့်နော် တို့က လိုလေသေးမရှိပြင်ဆင်ပြီးရင်ထွက်လာခဲ့မယ် ...နော်....."

ရှောင်ကျန့်ကိုဧည့်ခံတွင်းရှိဆိုဖာပေါ်တွင်ထိုင်စေပြီးအမူအရာတွေပိုပြကာ သူမကခပ်ချွဲချွဲအသံနဲ့တောင်းဆိုသလိုပြောလာတယ်။

ရှောင်ကျန့်  : " အင်း"

နာရီဝက်လောက်အကြာမှာတော့သူမကရှပ် အင်္ကျီ တစ်ထည်နဲ့ဘောင်ဘီပေါင်လယ်လောက်ကိုသာဝတ်ဆင်ပြီးထွက်လာခဲ့တယ်

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now