Part 6

947 55 9
                                    

[Unicode]

ရိပေါ် : အမလေး.....ကျောက်တုံးကြီးကျောက်တုံးကြီး

ပင်လယ်ထဲကြသွားတဲ့ခန္ဓာကိုယ်လေးမှာဘယ်လိုမှအချိန်ထိန်းမရပဲ ရေအောက်ကျသွားကာ ဧရာမကျောက်တုံးကြီးနဲ့ရိပေါ်ရဲ့ခေါင်းဟာ မိတ်ဆက်သွားရပြီး ရိပေါ်ရဲ့ခေါင်းဟာမီးပွင့်သွားသလိုခံစားလိုက်ရပြီးလောကကြီးဟာအမှောင်ဖုံးသွားတော့တယ်

ရိပေါ် : အား....ကျွတ်.....ကျွတ်

ရိပေါ်နိုးလာပေမဲ့ရိပေါ်ရဲ့မျက်လုံးတွေမဖွင့်နိုင်သေးခင် အရင်ခံစားလိုက်ရတာကခေါင်းကအရမ်းကိုနာကျင်ပြီးတစ်စစ်စစ်ကိုက်ခဲနေတာကို  ရိပေါ်လည်းနာကျင်မှု‌ကြောင့်ညည်းလိုက်မိသည်။

သူနာပြု : ဟယ်ရှင်သတိရလာပြီပဲခေါင်းကိုမထိနဲ့မထိနဲ့နော် ရှင်ခေါင်းကိုက်နေလား

ခေါင်းကနာလို့ထင်ပါရဲ့ လူနာကောင်လေးကခေါင်းကိုလက်နဲ့ထိဖို့လုပ်လာလို့ မင်မင် အမြန်ပင်တားလိုက်ရတယ်

ရိပေါ်မျက်လုံးကိုအားယူပြီးတဖြည့်းဖြည်းဖွင့်လိုက်တော့ အရင်မြင်တွေ့လိုက်ရတာ ဖြူဖွေးနေတဲ့မျက်နှာကျက် ဘေးဘက်ကိုအကြည့်ပို့လိုက်တော့ဖြူစင်သောအပြုံးလေးနဲ့သူနာပြုဝတ်ဆုံအားဆင်မြန်းထားသူလေးကိုတွေ့လိုက်တယ်

ရိပေါ် : ကျွန်တော်ဘယ်ရောက်နေတာလည်းဟင်

ရိပေါ်တကယ်မသိ၍မေးမိချင်းပါသူ့အတွက်ဒီနေရာအအလွန်စိမ်းသက်နေတယ်မလား

မင်မင် : ကျွန်မကရှင့်ကိုပြုစုပေးနေတဲ့သူနာပြုမင်မင်ပါ။ လူနာကသတိမေ့နေတော့ဘယ်သိပါ့မလည်း။ လူနာကအခုရှောင်အိမ်တော်မှာပါ။

ရိပေါ် : ဗျာကျွန်တော်သတိမေ့နေတာကြာပြီ ခုကရှောင်အိမ်တော်မှာဟုတ်လား ဒါနဲ့ကျွန်တော့ကိုပြုစုပေးထားလို့ကျေးဇူးပါနော်

မင်မင် : လူနာကျေးဇူးတင်ရမှာကျွန်မ မဟုတ်ပါဘူး ရှောင်သခင်ကြီးပါ  ရှောင်သခင်ကြီး ဆေးရုံကိုလာတော့  လူနာကိုသူပွေ့ထားပြီးလက်တစ်ဖက်ထဲနဲ့ကားမောင်းလာတာ လူနာရဲ့ခေါင်းကလည်းကျောက်တုံးနဲ့ရိုက်မိပြီးခေါင်းကွဲသွားတော့ ရှောင်သခင်ကြီးရဲ့တစ်ကိုယ်လုံးသွေးတွေနဲ့ချင်းချင်းနီနေတာပဲ အဲ့တာနဲ့ကျွန်မတို့ဒေါက်တာက ရှောင်သခင်းကြီးကားနဲ့တိုက်မိတာလားလို့မေးတော့ သခင်ကြီးကမဟုတ်ဘူးတောင်ကုန်းပေါ်ကပြုတ်ကြတာမြင်လို့ဆုပြီးပြန်ဖြေတယ်လေ

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now