Part 22
514 40 8
[Unicode]
"ကယ်.....အကို ကြည့်လှရီလား သဘောကျနေတယ်မလား"
"ရွှီ ဘယ်ချိန်ကရောက်နေတာလည်း"
"ခုပဲ ...ဒါနဲ့ဘယ်လိုလည်း ကောင်လေးကချစ်စရာလေးမလား ရှင်စန်ထက် အများကြီးပိုတယ်နော် အကိုကြိုက်လား"
ရွှီသူကပြောနေပေမဲ့ဖြေသံပြန်မလာပဲ ပြုံးယောင်သန်းလာတဲ့ ကျောက်ဝူရဲ့ နှုတ်ခမ်းတစ်စုံကြောင့် သူမအသံထွက်ကာရယ်လိုက်မိသည်။
"အဟက် ..တဂယ်ကြီးသဘောကျနေတာပဲ မကြာခင်လူတစ်ယောက်ရောက်လာတော့မယ် အဲ့တာပြီးရင် အဲ့ကောင်လေးက အကို့အပိုင်ဖြစ်စေရမယ်"
"သခင်မလေး လူတစ်ယောက် ကအထဲကိုအတင်းဝင်ဖို့လုပ်နေတယ် ဘယ်လိုစီရင်လိုက်ရပါမလည်းဗျ"
တပည့်တစ်ယောက်ရဲ့လာပြောတဲ့စကားကြောင့်ရွှီခပ်ရေးရေးပြုံးလိုက်မိရင်း
"လွှတ်လိုက် မှန်နံရံကာထားတဲ့အထဲကို ကောင်လေးကိုထည့်လိုက် ပြီးရင် ဘေးခန်း ကို အဲ့လူကိုလွတ်ပေးလိုက်"
" နည်းနည်းကြာအုံးမယ်ထင်နေတာ မြန်သားပဲ  ရောက်လာတာ  အဟင်း ဘယ်လောက်တောင်စိတ်ပူနေလို့လည်း "
ယွီပင်သူ့အရှေ့ကလူခေါ်ဆောင်ရာကိုလိုက်လာခဲ့လိုက်လေသည်။
"သခင်လေး"
ယွီပင်ရောက်လာတော့မြင်လိုက်ရတာက မှန်တွေကာထားတဲ့အလုံပိတ်အခမ်းထဲတွင် ကြိမ် ကုလားထိုင်ပေါ်တွင်ခြေထောက်လက်ထောက်များအားကြိုးနဲ့တုပ်ထားပြီးသူ့ကိုမြင်တာနဲ့ကိုယ်လက်တို့အနည်းငယ်လှုပ်ရှားလာယုံမက ကယ်ပါဆိုနဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်လာတဲ့သခင်လေးကိုအရင်မြင်လိုက်ရလေသည်။
သူ့ကိုစကားပြောချင်နေပေမဲ့ ပါးစပ်ကိုပိတ်စီးထားတဲ့အဝတ်ကခွင့်မပြုပဲဖြစ်နေ၍မျက်ရည်များစွာပဲစီးကျနေတဲ့ဖြူအုနေတဲ့ကောင်လေးမှာ အလွန်သနားစရာကောင်လှသည်။
ယွီပင်ဘာမှမတွေးနိုင်တော့ပဲ မကွဲနိုင်မှန်းသိသည့်မှန်နံရံအားလက်သီးနဲ့ထိုးယုံမကခန္ဓာကိုယ်နဲ့ပါပစ်တိုက်ကာကွဲအပ်ပြီး အထဲကကောင်းလေးအားကယ်ထုတ်ဖို့ရူးသွပ်စွာလုပ်ဆောင်နေ‌မိတော့သည်။