Part 28

565 28 7
                                    

[Unicode]

"ကျစ်...ခေါင်းတွေကိုက်လိုက်တာ"

တမှူး ထိုးကိုက်နေတဲ့ခေါင်းကိုဖိနှိပ်ကာ အနားမှာအဆင်သင့်ရှိ‌နေတဲ့ရေဖန်ခွက် အတွင်းရှိရေများကို တစ်ကျိုက်ထဲမေ့ချလိုက်လေသည်။

"တမှူးဘာဖြစ်နေတာလည်း "

"ယွီကော ဘာလာလုပ်တာလည်း"

"အော် ပိုးသတ်ဆေးလာယူတာ အဘမြင့် ကလာပြောလို့လေ ငရုပ်ပွခင်းတွေ ပိုးကျနေလို့တဲ့"

"အော် အင်း တစ်ယောက်ထဲလား တမှူး ဂိုဒေါင်လိုက်ဖွင့်ပေးရအုံးမလား"

"မလိုဘူး ရတယ် ရတယ် စောစောက ဒီနားမှာ ချင်းအာကိုတွေလို့ ခေါ်ခဲ့လိုက်တယ်"

"အာ့ ကျွတ် ကျွတ် ကျွတ် ဟုတ်"

တမှူး ယွီကောနဲ့စကားပြောနေရင်း သူမရဲ့ဗိုက်တို့ဟာဟန်မဆောင်နိုင်အောင်ထိုးအောင့်လာလေသည်။ သူမစောစောကလေးတင် ခေါင်ပဲကိုက်နေတာပါ သူမဗိုက်က ဘာပြဿနာမှရှိမနေပါဘူးလေ။

"ဘာဖြစ်နေတာလည်း တမှူး"

"အ့ ယွီကော အ့ဗိုက် ကျွန်မ ဗိုက် အရမ်းအောင့်တယ် အာ့ အဟင့်ဟင့် ဟင့် ဘာဖြစ်တာလည်းမသိဘူး စောစောကမဖြစ် အာ့ ပါဘူး"

"ငါ ငါ ဘာလုပ်ပေးရမှာလည်း ဒုက္ခပါပဲဟာ ဟိုမိန်ကလေး ပြဿနာဖြစ်နေတာလား နင် နင်က"

"ယွီပင် ရေ ဂိုဒေါင် ကို လာခဲ့ဆိုတာကို ဘာလို့ခုထိမလာသေးတာလည်း"

ယွီပင်ခေါင်းပူထူနေတုံးမှာပဲ သူ့ရဲ့ကယ်တင်ရှင် ရောက်ရှိလာလေရဲ့။

"ချင်အာ လုပ် လုပ်ပါအုံး တမှူးဘာဖြစ်နာလည်းမသိဘူး"

ချင်အာ ယွီပင်ပြောလို့တမှူးကိုကြည့်လိုက်တော့ နဖူးစမှာချွေးတွေစို့နေပြီး သူမရဲ့ လက်တစ်စုံဟာ ဗိုက်ကိုတင်းကြပ်စွာဖိနှိပ်ထားလေရဲ့

"ဟဲ့ အဲ့တိုင်းပဲနေမနေနဲ့လေ ဆေးရုံပို့ရမှာပေါ့ ကားထဲ့ထည့်ရအောင်လာတွဲလေ"

"အ့ အမေ အဟင့်ဟင့် ကျွတ်ကျွတ် ကျွတ်"

"အေး အေး"

"ခနနေ ကောင်းသွားမှာပါ တမှူး ခနလေးပဲ"

"ကားထဲအမြန်ထည့် ခါးပတ်ပါ ပတ်ပေးထား"

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now