Part 5

954 51 5
                                    

[Unicode]

ရိပေါ် : ဟိုခင်ဗျားနဲ့ကျွန်တော်နဲ့ကမှမသိတာအဲ့တာ..အဲ့တာကြောင့်ကျွန်တော်စဉ်းစားနေတာ

လူစိမ်း : လေယာဉ်ကွင်းမှာအိပ်ချင်ရင်လည်း  မင်းသဘောပဲ  ငါသွားပြီ

ရိပေါ် : ဟိုကျွန်တော်လိုက်ခဲ့မယ်  ဒါနဲ့ခင်ဗျားနံမည်

လူစိမ်း : ရှောင်ကျန့်

ရိပေါ် : အော်ဟုတ် ရော့ဒီမှာကျွန်တော်သွားမယ့်နေရာ

ရှောင်ကျန့်: အဟက်

ရိပေါ်လိပ်စာပြလိုက်တော့ ထိုလူကရိပေါ်ကိုအဓိပ္ပာယ်ဖော်မရတဲ့အကြည့်စူးတွေနဲ့ကြည့်လာတယ် ထိုလူ့ရဲ့အကြည့်ကိုရိပေါ်ရှောင်လိုက်တယ် ပြီးတော့ထိုလူကလခြမ်းကွေးသဏ္ဌာန်နှုတ်ခမ်းတွေကိုတွန့်ကွေးပြီး‌အသံထွက်ကာလှောင်လာသလိုပဲ

ရိပေါ်တို့သွားတဲ့လမ်းမှာဘယ်သူကမှစကားမပြောကြပါဘူး မပြောဆိုရိပေါ်မှသူ့ကိုမယုံတာ စကားစပြောစရာလား..ဟွန့်

ရိပေါ် :  အမလေး!...ကားကိုဘာလို့အလန့်တကြားရပ်ရတာလည်း

ရှောင်ကျန့်:.......

ရိပေါ်ပြောလိုက်တာတောင်အဲ့လူကြီးဆီကဘာဖြေသံမှကြားမလာရလို့ရိပေါ့ရဲ့အကြည့်တို့ကိုကားရှေ့ကိုပို့လိုက်မိတယ် သေနတ်ကိုယ်စီဝတ်ဆုံပြည့်နဲ့ခါးမှာလည်းလက်‌ထိပ်တွေချိတ်ဆွဲထားတဲ့ရဲသားနှစ်ဦးကိုရိပေါ်တွေ့လိုက်တယ်ဆိုရင်ပဲရိပေါ်ယုံကြည်သွားတယ် ထိုလူကြီးကရိပေါ်ကြည့်ဖူးတဲ့ ဇာတ်ကားထဲက မှောင်ခိုခေါင်ဆောင် Mafia ကြီးဖြစ်လောက်တယ်ဒါ့ကြောင့်လည်းရဲတွေလာဖမ်းတာနေမယ် အဲ့လူကြီးကိုဖမ်းတာကဘာမှမဖြစ်ပေမဲ့ရိပေါ်ကိုသာကြံရာပါဆိုပြီးဆွဲထည့်ရင်ဒုက္ခပါပဲ လို့ရိပေါ်တွေးလိုက်မိတယ်

ရဲသား: ရှောင်သခင်ကြီးဗျကျွန်တော်တို့ကားပျက်သွားလို့အဲ့တာလမ်းလေးများကြုံ....

ရှောင်ကျန့်: ရတယ်ရဲစခန်းရှေ့ကဖျက်မှာ တက်

ရဲနဲ့ထိုလူပြောနေတဲ့စကားတွေကြောင့်ရိပေါ်ရဲ့အတွေးဟာမှန်းချက်နဲ့နှမ်းထွက်တက်တက်ဆင်အောင် လွဲသွားတော့သည်။ ပြီးတော့ရဲသားတွေ တောင်ခေါင်းကိုမြေကြီးထဲဝင်အောင့်ငုံ့ကာခါးကိုကိုင်းပြီးပြောနေတာ ကြွက်တွင်းထဲတောင်ဝင်တော့မည့်အလားပဲ

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Wo Geschichten leben. Entdecke jetzt