Part 7

791 52 1
                                    

[Unicode]

ရှောင်ကျန့်ကမွေးစားမယ်ဆိုတော့ ကလေးရဲ့မျက်လုံးတွေကကြည့်လဲ့လဲ့လေးတွေအရောင်တောက်လာပြီး အစမ်းနေကြည့်အုံးမယ်ဆိုတဲ့ကလေးငယ်ရယ်ပါ။ ကလေးငယ်ကမူနေပြန်ပါပြီ မပူပါနဲ့ကလေးရယ် ကိုယ်နဲ့ကလေးကမနေချင်ရင်တောင်ရအောင်ဆွဲထားအုံးမှာ ပထမအကြိမ်ဆုံတွေ့မှုကကိုယ်နောက်ကျသွားမှန်းသိလိုက်လို့ဟောင်ရွမ်လိုလူရှုပ်လူပွေတစ်ယောက်ရဲ့လက်ထဲထိလိုက်ပို့လိုက်ရပေမဲ့ ခုတော့ကလေးကိုသူ့(ကျန့်)ဆီကံကြမ္မာကဒုတိယအကြိမ်တွန်းပို့ပေးလာတယ်။ ဒီတစ်ခါတော့လုံးဝမလွှတ်တော့ဘူး မြင်မြင်ချင်းချစ်ခဲ့ရတဲ့ကလေးဟာရှောင်ကျန့်အပိုင်ဘဲ။

ခုဆို ရိပေါ်ကဝရံတာဘက်ကိုတောင်ထွက်လို့ရနေပြီ။ ဒေါက်တာကို အိမ်ကိုသာလာ၍အကိုကြီးက စစ်ဆေးစေတယ်။ ဘာလို့ဆိုအိမ်မှာက ဆေးရုံထက်ပိုသက်သောင့်သက်သာရှိပြီးရိပေါ် မပင်းပန်းရအောင်လို့တဲ့လေ။ အကိုကြီးကဒီနေ့အလုပ်မသွားဘဲရိပေါ်ဘေးမှာရှိနေတယ် ။

ရှောင်ကျန့် : ကလေး ....ကလေး ကလေကိုယ့်ကိုအခုထိနံမည်မပြောရသေးဘူးဆိုတာသိရဲ့လား။ပြီးတော့လေပြောပြလို့ရမယ်ဆိုရင်ဟောင်ရွမ်းနဲ့ဆက်ဆံရေးကဘယ်လိုလည်းဟင် ဟို ..ကလေးကကိုယ့်ကိုတစ်မျိုးမထင်နဲ့နော် ကိုယ်က ကလေးလိုတာရှိရင်ကူညီပေးရအောင်လို့ပါနော် အဲ့တာကြောင့်ကလေးအကြောင်းလေးတွေပြောလို့ရရင်ကိုယ့်ကိုပြောပြပေးနော်။[အဟင်း...အဟင်းး..ကိုကိုကျန့်နော် ရိပေါ်ကိုဟောင်ရွမ်းနဲ့ဘယ်လိုပတ်သတ်လည်းသိချင်လို့ စကားနှိုက်နေတာမလား ဟွန့်!..မသိရင်ခတ်မယ်နော့]

ရိပေါ် : အာ.....ကိုကိုကြီးရယ် အဲ့လိုမထင်ပါဘူးနော် ကျွန်တော့နံမည်ကရိပေါ်ပါနော် အကိုဟောင်ရွမ်းနဲ့က ဒီလို........[part 1၊2၊3အဲ့တာသွားဖတ်လိုက်နော်......ရှင်းပြပြီးပြီပဲထားလိုက်နော်..] အဲ့တာကြောင့်ကျွန်တော်လိုက်လာမိတာကိုကိုကြီး။[ရိပေါ်ရေ အကိုကြီးခေါ်ရင်းက ဘယ်လိုဘယ်လိုဖြစ်လို့ ကိုကိုကြီးဖြစ်သွားရတာလည်းဟင်🙄ချက်ချင်းကြီး]

ရှောင်ကျန့် : အော်အဲ့တာဆိုကလေး ကဟောင်ရွမ်းနဲ့တဂယ်မတွေ့ချင်တော့တာလား

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Wo Geschichten leben. Entdecke jetzt