Mafia ရဲ့အချစ်တော်လေး [Mafia...
By KiKi11290
26.4K 1.5K 202
Zhanyi ရေးမာပါနျော ကိုယျကခုမှစရေးတော့မှားတာရှိရငျခှငျ့လှတျပေးကွပါနျော🤗🤗 Zhanyi ရေးမာပါနော် ကိုယ်ကခုမှစရေးတေ... More
part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
No update, Can you read it?
No update, Can you read it?
Part 9
I'm sorry, please read it.
Part 10
Part 11
Part 12
Part 13
No update, ‌Can you read it please?
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
I'm sorry, please you read it?
Part 21
Part 23
Part 24
No update, ‌Can you read it please?
‌Come to read something new
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 22
540 40 8
By KiKi11290
[Unicode]
"ကယ်.....အကို ကြည့်လှရီလား သဘောကျနေတယ်မလား"
"ရွှီ ဘယ်ချိန်ကရောက်နေတာလည်း"
"ခုပဲ ...ဒါနဲ့ဘယ်လိုလည်း ကောင်လေးကချစ်စရာလေးမလား ရှင်စန်ထက် အများကြီးပိုတယ်နော် အကိုကြိုက်လား"
ရွှီသူကပြောနေပေမဲ့ဖြေသံပြန်မလာပဲ ပြုံးယောင်သန်းလာတဲ့ ကျောက်ဝူရဲ့ နှုတ်ခမ်းတစ်စုံကြောင့် သူမအသံထွက်ကာရယ်လိုက်မိသည်။
"အဟက် ..တဂယ်ကြီးသဘောကျနေတာပဲ မကြာခင်လူတစ်ယောက်ရောက်လာတော့မယ် အဲ့တာပြီးရင် အဲ့ကောင်လေးက အကို့အပိုင်ဖြစ်စေရမယ်"
"သခင်မလေး လူတစ်ယောက် ကအထဲကိုအတင်းဝင်ဖို့လုပ်နေတယ် ဘယ်လိုစီရင်လိုက်ရပါမလည်းဗျ"
တပည့်တစ်ယောက်ရဲ့လာပြောတဲ့စကားကြောင့်ရွှီခပ်ရေးရေးပြုံးလိုက်မိရင်း
"လွှတ်လိုက် မှန်နံရံကာထားတဲ့အထဲကို ကောင်လေးကိုထည့်လိုက် ပြီးရင် ဘေးခန်း ကို အဲ့လူကိုလွတ်ပေးလိုက်"
" နည်းနည်းကြာအုံးမယ်ထင်နေတာ မြန်သားပဲ  ရောက်လာတာ  အဟင်း ဘယ်လောက်တောင်စိတ်ပူနေလို့လည်း "
ယွီပင်သူ့အရှေ့ကလူခေါ်ဆောင်ရာကိုလိုက်လာခဲ့လိုက်လေသည်။
"သခင်လေး"
ယွီပင်ရောက်လာတော့မြင်လိုက်ရတာက မှန်တွေကာထားတဲ့အလုံပိတ်အခမ်းထဲတွင် ကြိမ် ကုလားထိုင်ပေါ်တွင်ခြေထောက်လက်ထောက်များအားကြိုးနဲ့တုပ်ထားပြီးသူ့ကိုမြင်တာနဲ့ကိုယ်လက်တို့အနည်းငယ်လှုပ်ရှားလာယုံမက ကယ်ပါဆိုနဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်လာတဲ့သခင်လေးကိုအရင်မြင်လိုက်ရလေသည်။
သူ့ကိုစကားပြောချင်နေပေမဲ့ ပါးစပ်ကိုပိတ်စီးထားတဲ့အဝတ်ကခွင့်မပြုပဲဖြစ်နေ၍မျက်ရည်များစွာပဲစီးကျနေတဲ့ဖြူအုနေတဲ့ကောင်လေးမှာ အလွန်သနားစရာကောင်လှသည်။
ယွီပင်ဘာမှမတွေးနိုင်တော့ပဲ မကွဲနိုင်မှန်းသိသည့်မှန်နံရံအားလက်သီးနဲ့ထိုးယုံမကခန္ဓာကိုယ်နဲ့ပါပစ်တိုက်ကာကွဲအပ်ပြီး အထဲကကောင်းလေးအားကယ်ထုတ်ဖို့ရူးသွပ်စွာလုပ်ဆောင်နေ‌မိတော့သည်။
"အို့အို!!   စိတ်ချော့မှပေါ့ ဒါက US ကနေအထူးမှာပြီးတည်ဆောက်ထားတဲ့မှန်နံရံနော် ဂျိန်စ်စဘွန်လိုလူတောင်မှ ကွဲရာမပြောနဲ့အပ်ကြောင်တောင်လိုက်အောင်လုပ်နိုင်မယ်မထင်ဘူး စိတ်ချော့မှပေါ့"
ယွီပင်အသံကြားတာနဲ့ချာကနဲလှည့်ကာသူမထံခြေလှမ်းတို့အား ခပ်မြန်မြန် အရောက်လှမ်းလိုက်မိသည်။
"စိတ်လောလိုက်တာ ထိုင်ပါအုံး"
ယွီပင် သူ မျက်နှဖုံးအားဆင်မြန်းထားသောသူမအနား ရောက်သွားတယ်ဆိုရင်ပဲ သေနတ်10လက်ရဲ့ပြောင်းဝဟာသူ့ဆီဦးတည်လာလေသည်  သူမကိုကြည့်ရတာလည်းရင်းနှီးနေ‌သယောင် ပြီးတော့သူမရဲ့ စွန်ရဲတစ်ကောင်လိုစူးရဲနေတဲ့မျက်ဝန်းတို့ဟာ သူတစ်ခါတစ်ရံတစုံတစ်ယောက်ထံမှမြင်ဘူးသောမျက်လုံးပုံစံမျိုး သူမရဲ့အသံမှာ အရမ်းမိန်းမ  မဆန်နေပဲ ဩချချအသံအနည်းငယ်ရောယှက်နေလေသည် ကြည့်ရတာသူမကအသံပါဖျက်ထားပုံရလေသည်။ သူမရဲ့တည်ငြိမ်ပုံက အနည်းငယ် ချင်အာရဲ့ ပုံစံနဲ့တူနေသယောင် သူပဲစိတ်ထင်တာလား။  ချင်အာရဲ့မျက်လုံးတွေကမစူးရဲပဲ သူမ(ချင်အာ) ဘာလုပ်မယ်ဆိုတာမသိရအောင်တည်ငြိမ်နေတက်သည်ခုသူ့ရှေ့မှာရှိနေတဲ့သူမကတော့ အကြည့်တွေက အငြိုးကြီးပြီးစူးချနေလေသည်  ယွီပင်လည်းဆက်မစဉ်းစားတော့ပဲ သူမလက်ပြတဲ့နေရာကိုပဲအသာအယာသွားကာထိုင်နေလိုက်သည် သူမကလည်းတည်ငြိမ်စွာဘဲ အဲ့လိုပဲဖြစ်နေရမယ်ဆိုတဲ့ပုံစံနဲ့ သူနဲ့မျက်နှာချင်းဆိုင်နေရာတွင်နေရာယူလာလေသည်။
" ခုလွှတ်လိုက်"
"ရွှီ လို့ခေါ်လို့ရတယ်"
"ငါ မင်းနာမည်လည်းမသိချင်ဘူး ‌ေ-ာက်ပိုတွေ သခင်လေးကိုပဲခုလွတ်လိုက်"
"ကော်ဖီသောက်မလား အအေးသောက်မလား"
ယွီပင် ဒေါသတကြီးပြောဆိုနေပေမဲ့သူမကတော့ဂရုမစိုက်ပဲအေးဆေးစွာနဲ့သူမပြောလိုရာသာပြောနေလေသည်။
"ငါတို့‌အရေးကြီးတဲ့အကြောင်းပဲပြောရအောင်"
"ကော်ဖီနဲ့မုန့်ပဲချလိုက် ဧည့်သည်ကိုဧည့်ဝတ်မကျေကြဘူး လာကြစမ်း"
"မင်းကိုပြောနေတယ်လေ သခင်လေးကို ပြန်လွှတ်လိုက်"
နောက်လိုက်မိန်းကလေးနှစ်ယောက်ထွက်လာပြီးကော်ဖီနဲ့မုန့်များအားလာချပေးသွားကြလေသည်။
"သောက်ပါအုံး"
သူမကတည်ငြိမ်စွာနဲ့ပဲ ကော်ဖီခွက်ကိုယွီပင်ရှေ့ချပေးပြီးစကားဆိုလာလေသည် သူမဘာလုပ်တော့မယ်ဆိုတာကိုခန့်မှန်းမရအောင်ပင်တည်ငြိမ်နေလေသည်။
"ခွမ်း!!!!!"
"အို့ !!"
ယွီပင်စိတ်တိုစွာသူ့ရှေ့ကိုချပေးလာတဲ့ကော်ဖီခွက်အားလက်နဲ့ ရိုက်ချလိုက်လေသည် ကော်ဖီခွက်ကကွဲကြေသွားသောဖန်ကွဲစတစ်ခုဟာသူမရဲ့ ညာဘက်တစ်တောင်အောက်အနည်းငယ်နက်စွာခြစ်ချသွားလေသည်။ သူမကတော့နာပုံမပြဘဲ သူမဖုံးအုပ်ထားသောမျက်နှဖုံးလေးသာအပေါ်ကိုပင့်တက်သွားပြီး အို့ ဟုသာအသံထွက်လာလေပြီး မျက်နှဖုံးလွတ်နေသောနှုတ်ခမ်းပါးမှသူ့ကိုစိုက်ကြည့်ကာပြုံးပြလာလေသည်။
" စိတ်ပူနေတာပဲနော်"
"မင်းဘာလိုချင်တာလည်းရွှီ"
"နောက်ဆုံးတော့ ကျွန်မနာမည်ကိုခေါ်ပြီပဲ"
"ဟုတ်ပြီဟုတ်ပြီ... ကျွန်မခုသိချင်နေတာ ရှင်အရင်ကရော ဒီလိုစိတ်ပူဖူးလားဆိုတာကိုလေ"
"မင်းဘာကိုဆိုလိုချင်တာလည်း"
"ဖေး 'ယွီဖေး' လေ အဲ့နာမည်ရောမှတ်မိသေးရဲ့လား"
"ဘာ!!!"
"သိပ်အံ့ဩသွားသလား  ရှင်ကနောက်လိုက်ခွေးသာသာပဲ  သခင်ဘာလုပ်လုပ်အပြစ်မမြင်ဘူး အရိုးတုံးချကျွေးလိုက်တာနဲ့ ကုန်းကိုက်တော့တာပဲ သခင်ကိုအပြည့်အဝကာကွယ်ပေးတဲ့သူ ကြီး  သစ္စာရှိသူကြီးပေါ့လေ "
(idol တွေကိုမထိခိုက်စေလိုပါ ဇာတ်ကြောင်းအရ ရေးသားခြင်းသာအပြစ်တော့မမြင်လိုက်ပါနဲ့နော် Kiပြောတာဟုတ်ရပါဘူးနော် ရွှီပြောတာ)
"မင်းဘာပြောတယ်!!!"
"အဟက် ..မဟုတ်လို့လား ပြောကြည့်ပါအုံး ဖေးတုန်းက ရှင်ဒီလိုစိတ်ပူဘူးလားဟင် ပြန်စဉ်းစားကြည့်စမ်းပါ မမေ့သေးရင်ပေါ့"
"မင်းကဘာသိလို့လာပြောနေတာလည်း ဖေး ဆိုတဲ့မိန်မအကြောင်းကို ဟမ်!!"
"ဖေးဆိုတာမျက်နှာနှစ်ဖက်ရှိတဲ့သူပဲ ဘာလည်းမင်းလည်း သူလှည့်စားတာခံခဲ့ရတာပဲလား ဟားဟားဟား သနားစရာပဲ"
သူမချစ်တဲ့သူကိုသူမရှေ့တင်စော်ကားပြော‌ဆိုနေတာ  သူမ  လုံးဝလက်မခံနိုင်ပါ သူမ ရဲ့မျက်ဝန်းတို့ဟာနီရဲလာပြီးရှေ့ရှိစာပွဲအား အားပါပါနဲ့ကန်ကျောက်လိုက်ကာ သူမရှေ့မျက်နှာချင်းဆိုင်အနေအထားမှာရှိနေတဲ့လူရဲ့လည်ပင်းပေါ်သူမရဲ့‌ရှည်လျှားတဲ့လက်သည်းတွေနဲ့လက်တစ်ဖက်ဟာရောက်ရှိသွားပြီ လည်တိုင်ကိုအားပါပါကုပ်ကွေးလိုက်မိရင်းသတိပေးစကားဆိုလိုက်မိလေသည်။
"အေးဆေးထားထားတယ်ဆိုပြီးလွန်မလာနဲ့နော် ယွီဖေးဆိုတာတစ်ရှားလူမဟုန်ဘူးနော် နင့်ညီမအရင်း  နင်ဘာတစ်ခုမှမကာကွယ်ပေးခဲ့လို့သေခဲ့ရတဲ့နင့်ညီမအရင်းနော် ဖေးကိုမကောင်းထပ်ပြောလို့ကတော့ ဖေးအကိုဆိုလည်းငါညှာနေမှာမဟုတ်ဘူး"
သူမအပြင်းအထန်ဒေါသထွက်ကာသတိပေးလိုက်ပေမဲ့သူမရရှိလာတာက သူမကိုသနားနေတဲ့အကြည့်တွေပို့လာတဲ့မျက်ဝန်းတစ်စုံသာ
"ငါသိတယ် ဖေးကသိပ်တော်မှန်း သူ(ဖေး)သိမ်းသွင်းတာခံလိုက်ရပြီဆိုရင်ပြန်မရုံးနိုင်တော့ဘူး ရွှီ မင်းကလည်း သူသိမ်းသွင်းတာခံထားရတဲ့သနားစရာမိန်းကလေးအပြင်မပိုပါဘူး သူ့အတွက်တော့ငါလိုသူ့အကိုအရင်းတောင်အသုံးချခံဖြစ်ခဲ့သေးတာပဲ မင်းလည်းအဲ့လို....အာ့"
ယွီပင်ရဲ့စကားတောင်မဆုံးလိုက်နံပတ်ဒုတ်နဲ့အရိုက်ခံလိုက်ရတဲ့သူ့ရဲ့လက်ပြင်ကြောင့် မထိန်းနိုင်လိုက်ပဲအသံထွက်မိသွားလေသည်။
"မဟုတ်ဘူး ...မဟုတ်ဘူး ဖေးကငါ့ကိုသိပ်ချစ်တာဖေးက ငါကိုသိပ်ချစ်တာ"
သူမကတည်ငြိမ်မှုတွေပြောက်ဆုံးသွားပြီး စိတ်လွတ်နေတဲ့သူတစ်ယောက်လိုသူမရဲ့နားနှစ်ဖက်အားအုပ်ကာအော်လာလေသည်။
"နင် ထပ်ပြောကြည့်စမ်း ဟမ် ငါကမှဖေးရဲ့အချစ်ဆုံး"
"နင်ရူးနေတာရွှီ နင်အဲ့လိုထင်နေတာနင်ရူးလို့ပဲ "
"သူ(ဖေး)ရဲ့ပြစ်မှတ်က သခင်ကြီးပဲ သူအတ္တဆန်စွာချစ်ခဲ့တာသခင်ကြီးတစ်ယောက်ပဲရှိတယ် နင်သိလား နင်သိလား သူချစ်ခဲ့တာ !!"
"မသိဘူး..မသိဘူး...အင့်ဟယ် ဖြောင်း ဖြောင်း ဖြောင်း အင့်ဟယ် သေစမ် အဲ့မှာသေစမ်း ဖြောင်း ဖြောင်း ဖြောင်း"
"ရိုက် သေအောင်ရိုက်စမ်း နင်ငါ့ကိုရိုက်လည်းအဲ့ အမှန်တရားကမပြောင်းလည်းဘူး ဘယ်တော့မှ ..အာ့..ရိုက် သေအောင်ရိုက်"
လူနှစ်ယောက်ကအပြင်းအထန် ပဋိပက္ခဖြစ်နေပေမဲ့ မှန်တစ်ဖက်ကကောင်းလေးကတော့ ပြင်းစွာရှိုက်နေပြီးမျက်ရေများကျနေကာ မလုပ်ဖို့တားနေတာကိုတော့ထိုသူ့နှစ်ယောက်မသိလိုက်ပါ။
√√√√√√√√√√√√√√√√
"အားလုံးအသင့်ပြင်ထားတော့ အထဲမှာယွီပင် နဲ့ ကလေးဒုက္ခရောက်နေပြီ"
"........"
"ငါပြောသလိုပဲလုပ် "
"......"
"တစ်ခုမှလွဲလို့မရဘူးနော် ကလေးသာတစ်ခုခုဖြစ်ရင် ငါမင်းကို သတ်မိမယ်ထင်တယ်  ရှေ့ကကြိုရှင်းပြီး ကယ်ထုတ်ဖို့ပြင် "
"....."
"မလိုဘူးရန်သူမိဖို့ထက် ကလေးနဲ့ယွီပင်ဘေးကင်းဖို့ကပိုအရေးကြီးတယ် သွားတော့"
"......"
တစ်ဖက်ကပြောပြီးတာနဲ့ဖုန်းချလိုက်တဲ့ကောင်လေးမှာလည်း သူ့ရဲ့ချစ်ရသူလေးလွှတ်မြောက်ရန် အပြင်းအထန်ကြိုးစားနေလေသည်။
Kiတို့ဘက်မှာမီးတွေမလာဘူး မီးတွေတအားပြတ်တယ် ပြီးတော့ Kiရဲ့ ph ကမှန်လည်းမှအဆင်ပြေတော့မှာ ဒါပေမဲ့ လည်းဖို့ပိုက်ဆံမရှိ ဒီတိုင်းမှေးကိုင်နေရတယ် အဆင်မပြေတော့ဘူး နေ့တိုင် upနိုင်ဖို့ကမသေချာပေမဲ့ သေချာတာ unမလုပ်ပါဘူးနော် ပြီးအောင်ရေးမှာပါနော် အတပ်နိုင်ဆုံးလည်း upလုပ်နိုင်အောင်ကြိုးစားပါမယ်နော်
ချစ်တဲ့ Ki🤗
ချစ်တဲ့ Ki🤗
[Zawgyi]
"သခင်လေး"
" ခုလွှတ်လိုက်"
"သောက်ပါအုံး"
"ခွမ်း!!!!!"
"အို့ !!"
" စိတ်ပူနေတာပဲနော်"
"ဘာ!!!"
"မင်းဘာပြောတယ်!!!"
√√√√√√√√√√√√√√√√
"........"
"ငါပြောသလိုပဲလုပ် "
"......"
"....."
"......"
Continue Reading
You'll Also Like
196K 4.1K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
293K 21.7K 38
Started date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွ...
392K 13.9K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
109K 5.2K 86
After Lu Mo transmigrated into a Zerg novel, he was asked to play a cannon fodder male zerg and to never act OOC. The original owner was ruthless, ha...