Mafia ရဲ့အချစ်တော်လေး [Mafia...
By KiKi11290
26.4K 1.5K 202
Zhanyi ရေးမာပါနျော ကိုယျကခုမှစရေးတော့မှားတာရှိရငျခှငျ့လှတျပေးကွပါနျော🤗🤗 Zhanyi ရေးမာပါနော် ကိုယ်ကခုမှစရေးတေ... More
part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
No update, Can you read it?
No update, Can you read it?
Part 9
I'm sorry, please read it.
Part 10
Part 11
Part 12
Part 13
No update, ‌Can you read it please?
Part 14
Part 15
Part 16
Part 17
Part 19
Part 20
I'm sorry, please you read it?
Part 21
Part 22
Part 23
Part 24
No update, ‌Can you read it please?
‌Come to read something new
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 18
559 40 13
By KiKi11290
[Unicode]
တိမ်းမှောက်နေတဲ့ကုန်တင်ယာဉ်တစ်စီးရှိပြီး ထို ကုန်တင်ယာဉ်နဲ့မနီးမဝေး သစ်ပင်အောက်တွင် ကားစက်အဖုံးမှာမီးခိုးအလိမ့်လိမ့်ထွက်နေပြီး ‌ရှေ့မှန်များမှာ တစ်စစီ ကွဲကြေနေတဲ့အိမ်စီးကားအနက်ရောင်လေးတစ်စီးလည်းရှိလေသည် ။ ကားထဲကလူမှာ မောင်းသူနေရာမှာခေါင်းမှောက်နေပြီး ထိုင်ခုံ ခါပတ် ပတ်ထား၍ကားထဲမှာသာ မထွက်ခွာနိုင်ပဲ သတိလစ်မေ့မြောချင်းသို့။
ရွှီ ဒီနေ့စိတ်တွေလေးပင်နေ၍ ဖေးရှိရာဆီ ခြေဆန့်ခဲ့တော့[ခြေဆန့်တာမဟုတ်လောက်ဘူး ကားမောင်းတာဆိုတော့ ကားဆန့်တာနေမယ်😁] လမ်းမှာလူတွေဝိုင်းအုံနေသည့် အိမ်စီးကားအနက်ရောင်လေးဆီအကြည့်ပို့လိုက်မိတယ် ကားမောင်းရင်းသူမဖြတ်ခနဲမြင်လိုက်ရတဲ့ကားမှာ  အရောင်နဲ့နံပတ်မှာမလွဲနိုင် ရွှီသိပ်ချစ်ရတဲ့ သူမ မှ သူမရဲ့ကားပင် ။
သူမကားမောင်းနေတာကိုအမြန်ရပ်ပြိီးထိုကားလေးရှိရာဆီ အပြေးအလွှားသွားနေမိတယ်။သူမ,မဝံ့မရဲစွာ  ကားလေးထဲကိုအကြည့်ပို့လိုက်တော့ ဟုတ်တာပေါ့ သူမသိပ်ချစ်ရတဲ့ဖေး။ ဖေးဟာခေါင်းမှောက်ယက်အနေအထားဖြစ်နေပင်မဲ့ အတိုင်းသားမြင်နေရတဲ့ ‌ နဖူးကနေစပြီးမျက်နှာတစ်လျှောက်စီးကျနေတဲ့သွေးအလိမ့်လိမ့်နဲ့ မြင်းမကောင်းအောင်ပင်   ချောမောလှတဲ့ သူမချစ်ရတဲ့ဖေးရဲ့မျက်နှာဟာဒီလိုပုံစံမျိုးနဲ့လုံဝကိုလိုက်ဖက်မှုရှိမနေခဲ့ပါ  သူမ ဖေးကိုကြည့်ရင်း သူမရဲ့ရင်အစုံမှာပေါက်ထွက်မတက်ကြေကွဲခံစားနေ ရတာ သူမတစ်ယောက်ပင်သိလိမ်မည်။
သိပ်ချစ်ရတဲ့ဖေးကို သူမ ကားထဲ မှ  မရမကဆွဲထုတ်ပြီး အကူအညီအော်တောင်းနေမိတယ်။လမ်းဘေးဝဲယာရှိလူအများကလည်း သူမတို့အားဝိုင်ကြည့်ရုံမှအပ ဘာမှမကူညီတက်ကြ‌လေးသလား သူမအကူညီအော်တောင်းနေတာတောင်ကူညီမဲ့သူရောက်မလာပဲ ဝိုင်းကြည့်တဲ့လူအုပ်ထဲသာ အရေအတွက်ပိုတိုးလို့လာခဲ့တယ်။  ဖေးဆိုတာသူမရဲ့ဘဝတစ်ခုလုံးဖြစ်တာကြောင့် ဖေးသာတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့စိတ်နဲ့ သူမမှာအရူးတစ်ပိုင်း
"ဖေး ဖေး သတိထားပါအုံး အဟင့် ဖေးရယ်သတိလေးထားပါအုံး ..ကယ်ကြပါ...ကယ်ကြပါ..ကယ်ကြပါအုံး... အဟင့်..အဟင့် ဖေး!! ဖေး!! သတိရပါအုံး။ မထားခဲ့ပါနဲ့..မထားခဲ့ပါနဲ့  တောင်းပန်ပါတယ် ထားမသွားပါနဲ့နော် မထားခဲ့ပါနဲ့ ဖေး ဖေး ။ ဘာလို့ဝိုင်ကြည့်နေကြတာလည်း အဲ့အစား လူနာတင်ယာဉ်လေး ခေါ်ပေးကြပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်  ဖေးရယ် သတိရပါတော့ ငါရူးတော့မှာပဲ အဟင့် အဟင့် ဟင့်!!! "
သူမကူကယ်ရာမဲ့စွာချစ်ရသူကို ရင်ဝယ်ပိုက်ကာ အတင်းအကြပ်ဖတ်တွယ်ထားရင် လှုပ်နှိုးနေမိတယ် သူမကြောက်ပါသည် သူမသိပ်ချစ်ရတဲ့သူက သူမကိုထားသွားမှာကို။
သူ့ရဲ့ကြေကွဲစို့နစ်နေတဲ့အသံကြောင့်ထင် နောက်ဆုံး ဖေးရဲ့ လက်ကလေးတွေကလှုပ်ရှားလာသည်
"ဖေး!!!ဖေး!!"
"ရွှီ ရွှီ မလား ဖေးရဲ့ ရွှီ မလား"
"ဟုတ်တယ်နော်ဖေး.....ရွှီပါ..ဖေးရဲ့ရွှီပါ ..ရွှတ်..အင့် ဖေးစကားတွေ မပြောတော့နဲ့နော်... ရွှတ်..မော ‌ ‌မောနေပါ့မယ် အားတင်းထား အားတင်းထားအုံးနော် ဖေးဘာမှမဖြစ်စေရဘူးသိလား နော် ဖေးနော် ခနပဲ  ခနလေးပဲသည်းခံထားပေးပါ"
"ရွှီ  ရွှီကို လေဖေး ဖေး ပြော ပြောစရာ ရှိ ရှိတယ်"
"‌စကားပြောရင်မောနေပါ့မယ် ဆေးရုံရောက်မှပြောနော်ဖေး"
"ဟင့်အင်း  အခု အခု ပြောမှ ရ ရမှာ မလို့ နားထောင် နားထောင့် အာ့ ပေး ပေးပါ "
"ဟုတ်ပြီ ဟုတ်ပြီး ရွှီနားထောင်နေတယ် ဖေး"
"ရွှီ အာ့ ရွှီသိလား ဖေးကိုလေ အာ့ ဖေးကိုလေ သခင် .. သခင်ကြီးက rape လုပ်ဖို့ကြိုးစား ကြိုးစားခဲ့တယ် ဟင့် ...ဟင့်..ဟင့်"
"ဘယ်လို ဖေး သခင်..သခင်ကြီး ဟုတ်လား ဟုတ်လားဖေး??"
" ရွှီ ဖေးကိုဂတိပေးရမယ်နော်    ဖေးဘဝကိုဖျက်စီးဖို့ကြိုးစားပြီး ဖေးနဲ့ရွှီကိုဒီလိုဖြစ်.. ဖြစ်အောင် ခွဲခဲ့ ..ခွဲခဲ့တဲ့ အာ့ လူကို ဘယ်တော့ မှ..ဘယ်တော့မှ မပျော်ရွင် ရအောင် သူချစ်တဲ့သူရှိခဲ့ရင်..သူ..သူ.. သူချစ်တဲ့သူရှိခဲ့ရင် ဖေးနဲ့ ရွှီလိုပဲ ဖြစ်စေရမယ်..အာ့ ဖြစ်စေရမယ်လို့"
"ဖေး ရွှီဂတိပေးတယ် ဂတိပေးတယ်နော် ရွှီ အသက်ရှင်နေသ၍ သူ သူ မပျော်ရွှင်စေရဘူး ခုဆေးရုံသွားမယ်ဆေးရုံသွားမယ် ဖေး‌တစ်ခုခုဖြစ်လို့မရဘူး မရဘူးနော် ဖေး။ အသက်ရှင်‌နေပေးပါ ကျေးဇူးပြု၍  ကျေးဇူးပြု၍ အသက်ရှင်ပေးပါ အနည်းဆုံတော့  ရွှီ အတွက်  ဖေးဘာဖြစ်ဖြစ်ရတယ် အနည်းဆုံး  ရွတ်  ဟင့်   အနည်းဆုံးတော့အသက်လေးပဲ ရှင်ပေးပါ  ဟင့် ဟင့် ဟင့် တောင်းဆို တာပါ တောင်းဆို နေတာပါဖေးရယ် "
"ဖေး ကိုယ့်ကို ကိုယ် သိ သိပါတယ် ရွှီ ဖေး အရမ်း ဟင့် အရမ်းနာတယ် ရွှီ ဖေး မခံစား အာ့ မခံစား နိုင်တော့ နိုင်တော့ဘူး ဖေး သွား အာ့ သွားရတော့မယ်  ရွှီ အနားမှာလေ ဖေး ဖေး မနေ  မနေနိုင် တော့ တဲ့ အ အတွက် ခွင့်  ခွင့်လွှတ်ပေးပါနော် နော်ရွှီ။  အရမ်း အရမ်းချစ်တယ်နော် ရွှီ သူ့ သူ့ကို အပြစ် ပေး  ပေး   ပါ  ဖေး  အ တွက်"
"မဟုတ်ဘူး...မဟုတ်ဘူး..ဖေး  ဖေး လို့ အဟင့်..ဟင့်..ဟင့်..မထားခဲ့ ပါနဲ့    မထားခဲ့ပါနဲ့ ဖေးရယ် တောင်ပန်းပါတယ် တောင်းပန်ပါတယ်လို့ အဟင့် ဟင့် ဟင့်။ ဖေးစိတ်ချနော်  ဖေး ဖြစ်စေချင်တဲ့အတိုင်း ဖေးကိုဒီလိုဖြစ်အောင်လုပ်တဲ့သူကိုဖေးကိုယ်တိုင် တရားစီရင်နိုင်ဖို့ အတွက် ဖေး ရှိတဲ့နေရာဆီ ရွှီ မရရအောင် ပို့ပေးမယ် ဖေး ဖေး"
"မဟုတ်ဘူး!! မဟုတ်ဘူး!! မထား...မထားခဲ့ပါနဲ့ဖေး.... ဖေး!!!"
နံမည်တစ်ခုအားအော်ညည်းရင်း ချွေးသီးချွေးပေါက်များကြားမှနိုးထလာတဲ့သူမ။  သူမ ဒီလိုအိမ်မက်တွေ နေ့တိုင်းမက်နေရသည်မှာ သူမထမ်းဆောင်ရမည့်တာဝန်တွေကျန်ရှိနေ၍ထင်။   ချစ်ရတဲ့လူကိုဆုံးရှုံးခဲ့ရသည့် အဖြစ်မှာ သေလောက်အောင်ခံစားနာကျင်ရသည် သူမတို့နှစ်ယောက်က မည်သိုသောအပြစ်တွေ ကျူးလွန်မိ၍ ဒဏ်ခတ်ခံခဲ့ရသနည်း သူမရဲ့ ချစ်ရသူမှာ သူမ ရဲ့ လက်ထဲတွင်သာ ကူကယ်ရာမဲ့စွာသေဆုံးခဲ့ရသည် မလား သူမအရမ်းကိုနာကျင်ရပါတယ် နှလုံးသားတစ်ခုလုံး အစိမ်းလိုက် ခွဲထုတ်ခြင်းခံလိုက်ရသလို မီးကင်ပြီးဆားနဲ့ပတ် တာကိုခံလိုက်ရသလို  အလူးအလဲ အရမ်းကို နာကျင်ခံစားခဲ့ရသည်။
ထိုအချဉ်း အရာအတွက် တာဝန်ရှိသူသည် မဖြစ်မနေပေးစပ်ရမည်။   သူမ(ရွှီ)ရဲ့ ချစ်ရသူသည် နောက်ဆုံးအချိန်ထိတောင် သူမ(ရွှီ)အပေါ်သစ္စာရှိခဲ့လေသည်။ သူမ(ဖေး)အပေါ်  rape ဖို့ ကြိုးစားခဲ့တဲ့သူကို ခုခံရင်း အသက်ပေးခဲ့ရသည် မလား  ထို နေရာတွင်တော့ ဖေး ဟာ အတိတ်တစ်ခုထက်မပိုခဲ့ပါ မည်သူ့ထံပါးမှလည်း ဖေးရဲ့ အမည် အားထုတ်လွှတ်မဲ့ သူတောင်မရှိခဲ့ သည်မှာ အံ့ဩစရာ။  သူမ(ဖေး)ကို အရမ်းချစ်ခဲ့သည် လို့သူမ(ဖေး)အမြဲ ရေရွတ်ပြောဆို‌နေတက်တဲ့ သူမရဲ့ အကို  ပါးစပ်ဖျားမှတောင် သူမ(ဖေး)ရဲ့ အမည် ဟာရှိမနေခဲ့ပါ      သူမ(ဖေး)သာဒီအခြေအနေကိုမြင်တွေ့ခွင့်ရနေမယ်ဆို ဘယ်လောက်တောင်ကြေကွဲနေလိုက်မလည်း။  သူမ(ဖေး)အတွက်သူ(ရွှီ)တောင်မခံမရပ်နိုင်အောင်နာကျင်နေရတာ သူမ(ဖေး)သာဆိုပြောမပြတက်အောင်ပဲနေမည်
√√√√√√√√√√√√√√√√√
"ကိုကို ရိပေါ်အတွက် ဟုတ်လား"
"အင်း"
"ဘာလုပ်ရမှာမလို့လည်း ရိပေါ်အတွက်ဒါတွေမလိုပါဘူး ကိုကိုရဲ့"
"ကိုယ်ခုဖွင့်မဲ့ဟောတယ် ဖွင့်ပွဲအတွက် ကလေး က presenter လုပ်ပေးရမယ်လေ"
"ဟင် တဂယ်လား အာ့ဆိုရိပေါ်ကိုအလုပ်လုပ်ခွင့်ပေးတော့မှာပေါ့နော်  အဲ့ဟော်တယ်မှာပဲလုပ်ရမှာလား"
"လာ ပန်ထိန်သည်ဆီသွားမယ် "
"ကိုကိုလို့ အလုပ်လုပ်ခိုင်းမှာလားလို့ ဘာလို့စကားလွှဲရတာလည်း ရိပေါ်ပြောနာနော်"
"တစ်ပတ်အတွင်းအမှီ လုပ်ရမှာ စိန်ထည်တွေကို အဲ့တော့ အရေးကြီးတာ အရင်လုပ်ရအောင် သွားမယ်"
"သူ့စိတ်ကြည့်ပဲ ဒါလေးပြောတာကို အဖြစ်ကိုသည်းတာ"
"ဝမ်ရိပေါ်...မလာသေးပဲ အဲ့မှာ ဘာလုပ်နေတာလည်း အဝတ်စားတွေရောသွားကြည့်ရအုံးမဲ့ဟာကို"
"လာပြီလို့!!!  အညိုဆင်ကြီးရဲ့...ဟွန့်  လူတင်မဟုတ်ဘူးစိတ်ဓာတ်ကပါညိုနေတာ  မေးတာလေးဖြေလိုက်ရင်ဒီထက်ညိုမှာကြောက်လို့လား   အသက်ကဖင်စောင့်နေပြီ ခုထိ ဖြေချင်သလိုမဖြေချင်သလိုနဲ့ ဆွဲနမ်းပြစ်ချင်စရာကြီးအတော်လုပ်"
ရိပေါ် ပါစပ်ကပွစိပွစိရေရွတ်လိုက်ပင်မဲ့ပါစပ်လှုပ်ယုံပါပဲအသံရဲရဲမထွက်ရဲပါကိုကိုကနားလျှင်တော့ ကြားသွားမှာလည်းဆိုးရပါတယ်
"ငါကြာတယ်နော် ..ပွစိပွစိပြောမနေနဲ့ "
"မပြောဘူးလို့"
"အေးပြီးရော  ကားပေါ်တက်"
"တံခါးဖွင့်ပေးလေ   ခင်ဗျားကြီး ကြာလေကြာလေ အလိုက်မသိလေပဲ..ဟွန့်.. အဲ့တာတွေခတ်တာ ဘာမဆို လိုက်ပြောနေရတာ ..ဟူ့စ်..မောတာ"
[ရိပေါ်လို ဘဲကိုနိုင်နိုင်ကြပါစေ။ အက်ပ်ဖအေ လေးတွေတော့ မပြောရဲဘူး ဘဲနိုင်နည်းသင်ရင်လည်းကြိုသင်ထားကြ🤭😁]
"အာ့!!!!"
ရှောင်ကျန့် က မပြီးနိုင်မဆီးနိုင်ပြောနေတဲ့ သူ့ရဲ့အချစ်တုံးလေးကိုတံခါးဆွဲဖွင့်ပေးတော့မှမျက်စောင်းထိုးပြီး သူ့ခြေထောက်ကို တစ်ချက်ဆောင့်နင်းပြီးကားထဲဝင်သွားတော့တယ် ဘယ်လိုဟာလေးပါလိမ့် စိတ်ကလည်းကောက်တက်လိုက်တာလွန်ရောဘဲ။  အလိုအရမ်းလိုက်လို့လည်းမရပါ အလုပ်လုပ်မယ်ဆိုတာကြည့်ပဲ ဒီကလေးကပြောနေတော့တာ။          [ကိုယ်တေများအလုပ်မလုပ်ချင်လို့ပတ်ပြေးနေတဲ့အဖွဲ့ကပါ😁]
"ကိုကို  ရိပေါ်လေ ဒီတိုင်းနေရတာပျင်းလို့ အဲ့တာ အလုပ်လေး.."
"ကနေ"
ရိပေါ်အတက်နိုင်စကားကိုချိုချိုသာသာပြောလိုက်ပေမဲ့  သူ့ရဲ့စကားတောင်မဆုံးလိုက်ပါရှောင်ကျန့် ဖြတ်ပြောတာခံလိုက်ရသည်။
"ခင်ဗျားကြီးပဲ ကနေလေ"
"ကလေးပဲ ဒီတိုင်းနေရတာ ပျင်းတယ်ဆို အဲ့တာကြောင့်မို့ ကိုကိုကအကြံပေးတာ"
"ရှောင်ကျန့် လူယုတ်မာကြီး သူများသားသမီးကို အလုပ်လေးတောင်ပေးမလုပ်ချင်ဘူး အိပ်လိုက်စားလိုက်နဲ့   ခင်ဗျားထင်နေတာလား ဝက်မွေးမြူရေးလုပ်နေတယ်လို့ ဟင်ပြောစမ်းပါအုံး"
"အင်းထင်တာပဲ"
"ဘာ?!!!!"
"အာ   ဝိတ်တက်မှာစိတ်မပူနဲ့ မနက်ရော ညရော ဒီလောက်လေ့ကျင့်ခန်းလုပ်နေတဲ့ဟာကို လိုအပ်တယ်ဆို နေ့လယ်ဘက်ပါကူပေးမယ်"
" ဘာဗျ!!!!!အရှက်ကိုမရှိဘူး အရှေ့မှာယွီကောကားမောင်းနေတယ်လေ ခင်ဗျားကြီးမျက်လုံးက မမြင်တော့ဘူးလား နှခေါင်းကြီးမီးတောက်နေတာပဲရှိတာခင်ဗျားက အရူးကြီး အရူးကြီး"
ရှောင်ကျန့် : ယွီပင် ငါတို့ပြောနေတာ မင်းကြားရလား
ယွီပင် : မကြား  မကြားရပါဘူးဘော့စ် ကျွန်တော် ဘာမှကိုမကြားရတာပါ
ရှောင်ကျန့် : သေချာလား
ယွီပင် : လုံးဝသေချာပါတယ်ဘော့စ်
ယွီပင် သူကိုဆွဲထည့်ပြီးမေးလာ‌တဲ့ဘော့စ်ရဲ့စကားကြောင့် ပေါ်တင်ကြီးလိမ်လိုက်ရတယ်  မဟုတ်ရင် ဘော့စ်ရဲ့ အထုအထောင်းခံရနိုင်ပါတယ် အဲ့လိုတော့သူအဖြစ်ခံနိုင်ပါ နေ့တိုင်းခွေးစာနင်နေရတာနဲ့တင် သူ့ဘဝ အတော်ဆိုးနေပါပြီး ဘော့စ်ရဲ့ မင်းမှန်မှန်လိမ်လိုက်လို့ပြောနေတဲ့မျက်လုံးကြီးတွေကိုသူကြောက်ရပါတယ်
"မကြားရရင်လည်း ပြီးရော တော် ပြီ တော်ပြီ"
ရိပေါ်  ပေါ်တင်ကြီးလိမ်နေနဲ့ အကိုယွီပင်နဲ့ လိမ်နေတာသိသိကြီးနဲ့ထပ်မေးနေတဲ့ ကိုကို တို့နှစ်ယောက်ကိုကြည့်နေလိုက်ရင်းဒီဆရာတပည့်လိုက်လည်းလိုက်တယ်ဆိုတဲ့အတွေးနဲ့ မျက်လုံးလှန်ကာ အကြည့်ပို့ရင်း တော်ဖို့ပြောလိုက်ရသည်။ဒီပြဿနာကသူ  မရှင်းရင်ပြီးမှာကို မဟုတ်တာ
ပန်ထိန်ဆရာဆီရောက်တော့ သူတို့လည်း  ကျောက် တွေနဲ့လိုအပ်တာတွေသေချာပေးကာ ရိပေါအတွက်စိန်တစ်ဆင်ဆာကို အပ်အပြီး ပြန်လာခဲ့လိုက်ကြတယ်။
^^^^^^^^^^^^^^^^^
"ယွီပင်  Bilbo hotel ဖွင့်ပွဲကြရင် လုံခြုံရေးကိုအထူးဂရုပြုပါ"
"ဟုတ်ကဲ့ဘော့စ် "
"ငါးစာ  ကောင်းကောင်းချထားတဲ့ ပွဲဆိုတော့ သေချာပေါက် ငါးကြီးကြီးဟပ်လိမ့်မယ်   ချစ်ရတဲ့သူကိုအသုံး မချချင်ပေမဲ့ နောက်ကွယ်က အန္တယာယ်ကဘာလည်းသိရအောင်တော့ ငါတို့လုပ်မှရမယ်"
"ကျွန်တော် ငါစာ ကိုကာကွယ်နိုင်ဖို့ အတွက်  commandos တွေကိုပဲ သုံးမှာပါဘော့စ်"
"သူတစ်ခုခုဖြစ်လို့လုံးဝမရဘူးနော် ငါလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး ကျန်တာဘာမဆို ရတယ် ယွီပင်"
"ဟုတ်ကဲ့ဘော့စ်"
"armory တွေထဲ က the last word တွေ ကိုပဲသုံး အသံ မည်ရင်ပွဲဆူမယ်"[နောက်ဆုံးပေါ် သေနတ်တွေ အသံတိတ်တာတွေသုံးခိုင်းတာပါနော်]
"နားလည်ပါပြီဘော့စ်  ဖျက်ပိုးရှင်းတဲ့နေရာမှာ အသံလုံစေရပါမယ်"
"ဟုတ်ပြီ ခုကထဲကပြင်ဆင်ထားတော့ သွားလို့ရပြီ "
"ဟုတ်ကဲ့ဘော့စ်အဲ့တာဆိုခုထဲကကျွန်တော်တို့ရဲ့ commandos တွေကိုခေါ်လိုက်တော့မယ် သူတို့လည်းအညှီနံ ခံချင်နေလောက်ပြီ"
ယွီပင်ထွက်သွားတာနဲ့သူရဲ့ချစ်ရသူလေးကို အားနာနေမိတယ်  သူစိတ်တိုင်းကျသာဆိုရင် ဘယ်တော့ မှဒီလိုလုပ်ရပ်မှာမဟုတ်ဘူး မတက်နိုင်လို့သာ
"ကလေးရယ် အန္တရာယ်ထဲ တွန်းပို့ ‌မိသလိုဖြစ်နေတဲ့အတွက် ကိုကိုတောင်းပန်ပါတယ် အဲ့ ဖျက်ပိုးသာလူလုံးထွက်ပြလာရင် ကိုကို ‌ကလေးလေး အတွက် သေချာပေါက်ဘေးကင်းအောင်ကိုယ်လုပ်ပေးနိုင်မှာ ခုလို ဘာမှန်းမသိတဲ့အန္တရာယ်ကိုရင်ဆိုင်ရမှာထက်တော့ပိုသာတယ်မလား။ ဒီလိုအန္တရာယ်က ကိုကိုတစ်ယောက်ထဲအတွက်ဆိုမမှုပါဘူး ခုဟာက,ကလေးကိုပါအန္တရာယ်ပြုလာနိုင်လို့ပါ။   ကိုကိုနဲ့ကလေး အတွက် ကိုကိုဘာမဆိုလုပ်မှာမို့ ခွင့်လွှတ်ပေးပါ။ အများကြီးချစ်တယ် ကိုကိုကလေး လေးရယ်။
အချစ်ကလေးတို့ ‌ကိုယ်ပြန်လာပြီနော် နေတော့သိပ် မကောင်းသေးပေမဲ့ စောင့်နေမဲ့သူလေးတွေရှိလား မင်းတို့ကိုကိုယ်အားနာပါတယ်နော်
ချစ်တဲ့Ki
[Zawgyi]
"ဖေး!!!ဖေး!!"
√√√√√√√√√√√√√√√√√
"အင်း"
"မပြောဘူးလို့"
"အာ့!!!!"
"ကနေ"
"ခင်ဗျားကြီးပဲ ကနေလေ"
"အင်းထင်တာပဲ"
"ဘာ?!!!!"
ရှောင်ကျန့် : သေချာလား
^^^^^^^^^^^^^^^^^
"ဟုတ်ကဲ့ဘော့စ် "
"ဟုတ်ကဲ့ဘော့စ်"
ချစ်တဲ့Ki
Continue Reading
You'll Also Like
140K 263 17
Wlw thoughts Men DNI 🚫 If you don't like these stories just block don't report One more thing you clicked on it girlypop this a SMUT book there's g...
191K 6.9K 13
2 tom dylogii ,,Agony"
163K 5.8K 45
"𝑪𝒓𝒖𝒔𝒉 ရဲ့ အဖေ " 𝑳𝒐𝒗𝒆"𝑺𝒆𝒙🔞 ပျော်ရွင်မှု နိဗ္ဗာန်ကို သွားပါဆို မှဲ့နက်ပိုင်ရှင်ဆီကိုပဲ သွားပါမယ် ကိုယ့်အချစ်က ပျော်ရွင်မှု နိဗ္ဗာန် ပ...
22.5K 1.5K 20
Wang yibo is new to University under a sports scholarship. Being a first year he watches everyone cautiously and act cold until he meet the doctora...