After Dawn{မြန်မာဘာသာပြန်}

By PhyoMina

697K 85.1K 4.2K

Title: After Dawn (黎明之后) Author: Bing Kuai'er (冰块儿) Status: Completed with 87 chapters Translation Status: On... More

စာမြည်း
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂)
(၄၃)
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
🍀
(၆၂)
(၆၃)
(၆၄)
(၆၅)
(၆၆)
(၆၇)
(၆၈)
(၆၉)
(၇၀)
(၇၁)
(၇၂)
(၇၃)
(၇၄)
(၇၅)
(၇၆)
(၇၇)
(၇၈)
(၇၉)
(၈၀)
(၈၁)
(၈၂)
(၈၄)
(၈၅)
(၈၆)
(၈၇)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
အချပ်ပို (၅)
အချပ်ပို (၆)
အချပ်ပို (၇)
အချပ်ပို (၈)
အချပ်ပို (၉)
အချပ်ပို (၁၀)
အချပ်ပို (၁၁)
အချပ်ပို (၁၂)
အချပ်ပို (၁၃)
အချပ်ပို (၁၄)

(၈၃)

5.7K 757 36
By PhyoMina

{Unicide}

အခန်း(၈၃)

တစ်လကြာသော်။

မြို့တော်အကျဥ်းထောင်ကြီး၏ အဝင်ဂိတ်။

နံရံကြီးအပြင်ဘက်တည့်တည့်ရှိ ကွန်ကရစ်လမ်းမပေါ်တွင် တစ်ခါတစ်ရံ ဖြတ်သွားလေ့ရှိသည့် လူအနည်းငယ်နှင့် ပေါင်းမြက်တွေအကြား လေတိုးဝှေ့သံလောက်သာ ရှိနေသင့်သည်။ သို့သော်လည်း ယခုအခါတွင် သတင်းထောက်များ၊ ပရိသတ်များစသည်ဖြင့် ဆူညံလို့နေပြီး အထွက်ပေါက်ကို ပိတ်ဆို့လို့ထားသည်။

" တစ်ခါက ငွေကြေးအကြွယ်ဝဆုံး မြို့မျက်နှာဖုံးဖြစ်ခဲ့ဖူးတဲ့ သူဌေးကြီးလီကျန့်ဟုန်းဟာ ဒီနေ့ဆိုရင်တော့ဖြင့် ထောင်မှ လွတ်လာတော့မှာ ဖြစ်ပါတယ် "

သတင်းထောက်တစ်ဦးသည် မိုက်ခရိုဖုန်းကိုင်လျက် ကင်မရာကို ကြည့်ကာ ဆိုနေသည်။

" ခိုင်မာတဲ့ သတင်းများအရ Mr.လီဟာ သူ့အပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေအတွက် အယူခံဝင်ရောက်ခဲ့ပြီး သက်သေခိုင်လုံမှု မရှိတာကြောင့် အချိန်ခဏလေးတွင်းမှာ ခုလို ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်၊ အခုဆိုရင် တရားရေးလုပ်ငန်းစဥ်တွေအကုန်လုံး ပြီးဆုံးသွားပြီလို့ သိရပါတယ်၊ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကတော့ အခုထိ မေးခွန်းထုတ်နေရဆဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ အခုပဲ မြို့တော်ရဲ့ အကျဥ်းထောင်ကြီးရှေ့မှာ ရောက်နေတဲ့ ပရိတ်သတ်တစ်ယောက်ကို လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ သတင်းဋ္ဌာနကနေ မေးခွန်းလေးတွေ မေးသွားမှာပဲဖြစ်ပါတယ် "

သတင်းထောက်သည် ဘန်နာကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးဆီ လျှောက်သွားလိုက်ပြီး မိုက်ခရိုဖုန်းထိုးပေးကာ မေးလိုက်သည်။

" ဟဲလို၊ Mr.လီကျန့်ဟုန်းကို သိပါသလားရှင့် "

စိတ်လှုပ်ရှားစွာဖြင့် လက်တွေကို ဝှေ့ယမ်းနေသည့်ဖန်က အနှီမေးခွန်းကို ကြားလိုက်ရသည့်အခါတွယ် အရယ်တစ်ဝက်ဖြင့်

" ကျဲကျဲရေ၊ သိသိကြီးနဲ့ တမင်မေးလိုက်တာလား၊ ခု ဒီမှာ ရောက်နေကြတဲ့ လူတွေအကုန်လုံး Mr.လီဆိုတာ လော့ကောရဲ့ အဖေမှန်း ဘယ်သူက မသိဘဲနေပါ့မလဲ "

သတင်းထောက် : " ဒီတော့ ခုလာရောက်ရတဲ့ အကြောင်းအရင်းက လီလော့ကို လာအားပေးကြတာပေါ့နော် "

ဖန်တွေက ပြိုင်တူ ခေါင်းခါပြလိုက်ကြပြီး

" အဓိက လာရတဲ့ အကြောင်းအရင်းက ပါပါးလီကို အားပေးဖို့၊ ကျွန်မတို့ရဲ့ အဖေကြီးက အထဲမှာ အများကြီး ခံစားခဲ့ရတာ၊ သူလည်း တကယ်မလုပ်ရဘဲ ထောက်ချောက်ဆင်ခံခဲ့ရတဲ့ နှစ်တွေအတွက် ဝမ်းမနည်းရအောင် အားပေးချင်လို့ပါ "

သတင်းထောက် : " စုံစမ်းရေးဘက်က သတင်းအတိအကျ မထုတ်ပြန်သေးဘဲ ထောက်ချောက်ဆင်ခံရမှန်း မင်းတို့က ဘယ်လိုကြောင့်များ သေချာနေကြတာလဲ "

ဖန် : " အင်တာနက်ပေါ်မှာ ပြောဆိုနေကြတာကတော့ အမျိုးမျိုးရောထွေးနေတာပါပဲ၊ ဒါကလည်း သွမ့်သားအဖတွေရဲ့ မကောင်းကြံစည်ထားတဲ့ သတင်းတွေပဲဖြစ်မှာ၊ အဲ့လိုသာမဟုတ်ရင် သူတို့ကို ဘာကြောင့် ခုထိ ပြန်မလွှတ်ပေးမှာတဲ့လဲ၊ လိင်ကုန်ကူးတဲ့ အမှုကဖြင့် ပိတ်သွားပြီကို ခုထိ အထဲက မထွက်လာနိုင်ဘူးဆိုတာ နောက်ထပ်ပြစ်မှုတွေရှိနေသေးလို့ပဲလေ၊ စုကျစ်က သူ့အမျိုးသား ဖောက်ပြန်တဲ့ကိစ္စကို ဖော်ထုတ်လိုက်ကတည်းက မကောင်းတော့ဘူးဆိုတာ အားလုံး သိနေကြတာပဲ၊ ကိုယ်တွေ မျှော်လင့်မထားခဲ့မိတာက ထင်ထားတာထက် ပိုဆိုးရွားနေခဲ့တာကိုပဲ "

သတင်းထောက် : " ဒါဆို မင်းတို့ ဘယ်လိုထင် .... "

" အား .. အား .. အား .. အား ........... "

ထိပ်ဆုံးတွင် ရပ်နေကြသည့် ဖန်တွေဆီမှ ရုတ်ခြည်း အော်သံထွက်လာပြီး ကျန်လူအများ၏ အာရုံကို ဆွဲဆောင်လို့သွားသည်။

သတင်းထောက်က ကင်မရာသမားနား အပြေးလေး သွားလိုက်ပြီး

" မြန် မြန်၊ ရှေ့တိုးကြရအောင်၊ လီလော့တို့ကိုလည်း လိုက်ရှာကြည့်ဦး "

လူအုပ်က ပိုမိုကြီးမားလာပြီး ဖန်အချို့က စည်းကမ်းတကျဖြစ်ဖို့ရန် ကြိုးစားပေးကြသေးသော်လည်း လူစုလူဝေးကြီးက အလွန်တရာထူထပ်ရာ ဖရိုဖရဲဖြစ်နေသည်ကို မထိန်းချုပ်နိုင်ဘဲရှိ၏။ အထူးသဖြင့် သတင်းဓာတ်ပုံ ဦးဦးဖျားဖျား ယူချင်နေကြသည့် သတင်းထောက်တွေက ရှေ့ဆုံးတွင် အုံခဲနေကြသည်။

ကံကောင်းထောက်မစွာဖြင့် ထောင်အစောင့်များက ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်နေသည်။ လူအုပ်ကြီးအကြား လမ်းတစ်ခုဖြစ်သည်အထိ ဖွင့်ပေးကြပြီး သူတို့ကို လမ်းတစ်ဝက်အထိ လိုက်လံပို့ဆောင်ပေးကြကာ ကျန်ခရီးကို လီမိသားစု၏ ကိုယ်ရံတော်များက တာဝန်လွှဲပြောင်းယူသည်။

ထောင်ကျနေသည့် အတောအတွင်း ဤမျှကြီးမားသည့် လူစုလူဝေးကို မမြင်ခဲ့ရဖူးလေရာ လီကျန့်ဟုန်းသည် မနေနိုင်ဘဲ အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ကာ ဆိုသည်။

" သား၊ မင်း အပြင်ထွက်လို့ရပြီ "

လီလော့သည် နေကာမျက်မှန်အမည်းကြီး တပ်ထားပြီး တစ်ဖျတ်ဖျတ်လက်နေသည့် ကင်မရာမီးရောင်များ​အကြား မျက်နှာထားခပ်တင်းတင်းဖြင့်ရှိနေသည်။ သူသည် သတင်းထောက်များ၏ မေးခွန်းမှန်သမျှကို လျစ်လျူရှုထားပြီး သူ့အဖေကို ကူညီရင်း ရှေ့သို့ တိုးထွက်နေသည်။ ​ကင်မရာရှပ်တာ ပိတ်ဖွင့်သံနှင့် ပရိသတ်များ၏ အားပေးသံများကလွဲလျှင် သူ့နားထဲတွင် အခြားမည်သည့်အသံကိုမျှ မကြားရပဲရှိ၏။

ငါးမိနစ်ကျော်မျှ လမ်းလျှောက်ပြီးနောက် သူတို့ ကားဆီရောက်သည်။ ကားပေါ်တက်လိုက်သည်နှင့် ကားအပြင်ဘက်ရှိ သက်တော်စောင့်များသည် သူတို့ကားအရှေ့သို့ သွားရောက်နေရာယူလိုက်ကြပြီး ကားထွက်နိုင်ဖို့ရန်အတွက် လမ်းရှင်းပေးကြသည်။ ကားဒရိုင်ဘာသည် တစ်စုံတစ်ဦးကိုမျှ မတိုက်မိစေရန် ဂရုတစိုက် မောင်းနှင်နေပြီး ခဏအကြာတွင် လူအုပ်ကြီးအကြားမှ မောင်းထွက်နိုင်ခဲ့သည်။

ကားကို လူအများ လိုက်မမီစေရန်အတွက် ကားဆရာသည် ခုနစ်ကွေ့ ရှစ်ကွေ့ ရှိသည့် လမ်းငယ်တစ်ခုပေါ် အချိန်အတိုင်းအတာတစ်ခုအထိ မောင်းနှင်နေခဲ့သေးသည်။ နာရီဝက်အကြာတွင်ကား သူတို့ကားသည် သတင်းထောက်များကို ရှောင်ရှားကာ သတ်မှတ်ထားသည့် နေရာဆီ ဦးတည်၍ မောင်းနှင်လာ၏။

လီကျန့်ဟုန်းမှာ သက်တော်စောင့်တွေ လိုက်ပါဝန်းရံနေကြသည်ကို ကြည့်ပြီး အလွန်အမင်း သဘောကျနေကာ ရယ်တစ်ဝက်ဖြင့် ဆိုလာ၏။

" မင်းတို့ကောင်တွေ ရုပ်ရှင်များ ရိုက်နေကြတာလား "

လီလော့ : " ပါး၊ ပိုတယ်မထင်နဲ့၊ ပါပါရာဇီတစ်ချို့များဆို လိုင်စင်နံပါတ်ပလိပ်ပြားတွေ အကုန်အလွတ်ရတယ်၊ ခုလည်း ကျွန်တော် သက်တော်စောင့်တွေကို ဒီကား မောင်းခိုင်းသွားပြီး အဲ့ပါပါရာဇီတွေကို ကားနောက် လိုက်ခိုင်းလိုက်မှာ၊ ကျွန်တော်တို့က ကြားထဲ နောက်ထပ်တစ်ယောက်နဲ့ တွေ့ဖို့ရှိသေးလို့ "

" ဘယ်သူ့ကို "

မေးပြီးခါမှ လီကျန့်ဟုန်းသည် ချက်ချင်း သဘောပေါက်လို့သွားကာ

" အိုး၊ ဒီတော့ အဲ့တစ်ယောက်က ဘယ်သူလေးများလဲ "

ကားရပ်လိုက်သည်နှင့် သူတို့ သားအဖတွေသည် အခြားအိမ်စီးကားရှိရာဆီ ​လျှောက်သွားလိုက်ကြသည်။ ကားတံခါးမဖွင့်ရသေးခင် လီလော့သည် နောက်သို့ပြန်လှည့်လိုက်ပြီး လီကျန့်ဟုန်းကို ကြည့်ကာ ဆိုလာသည်။

" ပါး၊ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနော်၊ တော်ကြာ သူ လန့်သွားလိမ့်မယ် "

" ဒါတော့ ငါ့ စိတ်အခြေအနေပေါ် မူတည်တယ် "

လီကျန့်ဟန်းမှာ ချက်ချင်းဆိုသလို ကြီးကျယ်မြင့်မြတ်သည့် အမူအရာသို့ ပြောင်းလဲသွားပြီး လူသားဆန်သည့် အမူအရာတောင် ရှိမနေတော့။

" သူက ငါတို့ မိသားစုအရေးကိစ္စမှာ အများကြီး အကူအညီပေးခဲ့တယ်ဆိုပေမဲ့ အရင်းစစ်လိုက်တော့ သူတို့ မိသားစုဝင်တွေ လက်ချက်ကြောင့်နဲ့ ခုလိုဖြစ်ခဲ့ရတာပဲလေ "

လီလော့သည် ကားတံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားရာမှ လက်ပြန်ဖြုတ်လိုက်ပြီး

" အဲ့လိုလုပ်နေမယ်ဆို ပါးကို ကားထဲ ပေးမဝင်တော့ဘူး "

မျှော်လင့်မထားစွာပင် ထိုသို့ပြောပြီးသည်နှင့် အထဲဘက်မှ ဆွဲဖွင့်လိုက်၍ ကားတံခါး ပွင့်လာသည်ကို တွေ့လိုက်ရ၏။

" Mr.လီ၊ ကျေးဇူးပြုပြီး ကားထဲ တတ်နိုင်သမျှ မြန်မြန် ဝင်လာပေးပါ၊ ဒါမှပဲ သတင်းထောက်တွေ လက်ထဲ မမိနိုင်မှာ "

သွမ့်မင်ယန်က ကားတံခါး ဖွင့်ပေးပြီး သူတို့နှစ်ဦး ဝင်လာနိုင်ရန် လမ်းရှင်းပေးသည်။

လီလော့သည် မသိမသာ အမူအရာဖြင့် စိတ်မကောင်းကြောင်း ပြောလိုသော်လည်း ဖခင်ဖြစ်သူက ကားပေါ်တက်နေပြီဖြစ်၍ ရွေးချယ်စရာ မရှိတော့ဘဲ သူပါ လိုက်တက်လိုက်ပြီး သွမ့်မင်ယန် ဘေးနား ဝင်ထိုင်လိုက်ရသည်။ လီကျန့်ဟုန်းက ဖုန့်ကျိအန်း၏ ဘေးတွင် နေရာယူလိုက်ပြီး အသာပြုံး၍ နှုတ်ဆက်လိုက်သော်လည်း တစ်ဖက်သို့ မျက်နှာလှည့်လိုက်ချိန်တွင်မူ သူ့အပြုံးတွေသည် ချက်ချင်းပင် လေးနက်လို့သွားသည်။

" သွမ့်သခင်လေး "

သွမ့်မင်ယန်သည် ဆရာတစ်ယောက်၏ ဝေဖန်ခြင်းကို ခံလိုက်ရသည့် ကျောင်းသားလေးတစ်ယောက်နှယ် ချက်ချင်းပင် ခပ်မတ်မတ် ထိုင်လိုက်ပြီး

" Mr.လီ၊ ကျွန်တော်က သွမ့်အိမ်တော်ရဲ့ သခင်လေး မဟုတ်တော့ဘူး ခင်ဗျ "

" ဘာအဓိပ္ပာယ်လဲ "

" သွမ့်အိမ်တော်ရဲ့ အမွေဆက်ခံခွင့်နဲ့ အရိုက်အရာအားလုံးကို သွမ့်မိသားစုဆီ ပြန်လွှဲပေးလိုက်ပြီးပါပြီ၊ တရားဝင်လုပ်ထုံးလုပ်နည်းတွေအတိုင်း အားလုံးလုပ်ပြီးသွားပြီမို့ ခုဆိုရင် ကျွန်တော်က အဲ့ဘက်နဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး "

" အို "

လီကျန့်ဟုန်းသည် သွမ့်မင်ယန်ဘက် အသာဝေ့ကြည့်လိုက်ပြီး

" ဒါဆို မင်းက ခု ဘာမှ မဟုတ်တော့ဘူးပေါ့ "

ဒူးပေါ် တင်ထားသည့် သွမ့်မင်ယန်၏ လက်ချောင်းများ အလိုလို ကွေးသွားသည်ကို သတိထားလိုက်မိသည့် လီလော့က မနေနိုင်တော့ဘဲ ဘေးမှနေ၍ ဝင်ပြောလိုက်သည်။

" ပါး၊ သူများကို ဘာတွေ လျှောက်ပြောနေတာလဲ "

လီကျန့်ဟုန်းက

" အဖြစ်မှန်တွေကို သေချာရှင်းသွားအောင်လို့ ပြောနေတာလေ၊ 'သွမ့်သခင်လေး' ဆိုတဲ့ ဂုဏ်ပုဒ်သာ မရှိရင် သူ့ရဲ့ အဆင့်အတန်းက ဘာမှမဟုတ်တော့ဘူး၊ အားလုံး လက်ဗလာနဲ့ ပြန်စရတော့မှာ၊ ငါ ပြောတာ ဟုတ်ရဲ့မလား ရှောင်းသွမ့် "

" Mr.လီပြောတာ အမှန်ပါပဲ "

သွမ့်မင်ယန်က ဆိုသည်။

" ဒါပေမဲ့ ကျွန်တော့်မှာ အဲ့ဂုဏ်ပုဒ် မရှိဘူးဆိုရင်တောင် ကျွန်တော့်အစွမ်းအစနဲ့ ဦးလေးရဲ့ သားနဲ့ထိုက်တန်တဲ့ ဂုဏ်ပုဒ်တစ်ခုရှိလာအောင် ကြိုးစားနိုင်ပါတယ်၊ ဒါကြောင့်မို့ ကျေးဇူးပြုပြီး ယုံကြည်စိတ်ချပေးပါခင်ဗျ "

ဤသည်ကို ကြားလိုက်ရသည်နှင့် ကားတစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။

သူတို့ နှစ်ယောက်အကြားရှိ ဆက်ဆံရေးကို လျှို့ဝှက်ထားသည် မဟုတ်သော်ငြား လူကြီးနှစ်ယောက်အရှေ့တွင် သွမ့်မင်ယန် ထိုသို့ပြောလိုက်ခြင်းက ရှင်းရှင်းလင်းလင်းနှင့် အပြုသဘောဆောင်သည့် အဖြေတစ်ခုကို လိုချင်နေမှန်း အသိအသာကို ထင်ရှားသွားသည်။

လီလော့သည် သွမ့်မင်ယန်၏ အင်္ကျီထောင့်စွန်းကို တိတ်တဆိတ်လေး ဆုပ်ကိုင်လိုက်ကာ သူ့ နဖူးဖြင့် နောက်ကျောဘက်နားဆီ အသာထိကပ်ထားလိုက်ပြီး နှလုံးသားထဲမှနေ၍ တီးတိုးရေရွတ်နေမိသည်။

~ မင်းက ထိုက်တန်ပြီးသားပါ၊ အခုကိုပဲ ထိုက်တန်နေခဲ့ပါပြီ ~

" မင်းက ထိုက်တန်တယ် ပြောတာနဲ့ ထိုက်တန်သွားရောတဲ့လား "

လီကျန့်ဟုန်းက အေးစက်စက်ဖြင့် နှာတစ်ချက်မှုတ်လိုက်ရင်း ဆိုသည်။

" ငါက အတွေးအခေါ်ရှေးကျတဲ့ အဖိုးကြီးတစ်ယောက် မဟုတ်ပေမဲ့ ခုလောလောဆယ် လေနဲ့ပဲ ​ဂတိပေးနိုင်တဲ့ လူတစ်ယောက်လက်ထဲ ငါ့သားကို လက်လွတ်စပယ် ထည့်မပေးလိုက်နိုင်ဘူး၊ လက်တွေ့သက်သေပြနိုင်တဲ့အခါကျမှ ဆက်ပြောကြရအောင်လား "

လီလော့၏ ခေါင်းသည် ဆတ်ခနဲထောင်ထလာပြီး ဖခင်ဖြစ်သူကို နှုတ်ခမ်းတစ်ထော်ထော်ဖြင့် ရန်တွေ့သည်။

" ပါး၊ တော်သင့်နေပြီနော် "

လီကျန့်ဟုန်းသည် မမြင်ချင်ယောင်ဆောင်က လက် ဝှေ့ယမ်းပြလိုက်ပြီး

" ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဘာမှ ထပ်မပြောတော့ဘူး၊ ကိစ္စသေးသေးလေးတစ်ခုလောက်ပဲ တောင်းဆိုချင်တယ်၊ မင်းနဲ့ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာတော့ မင်းလက်နဲ့ ယွမ်သန်းတစ်ရာရှာပြီး နောက်ပိုင်းမှပဲ ဆက်ပြောကြတာပေါ့၊ မင်းလည်း သိတဲ့အတိုင်း ငါ့သားက နာမည်ကြီး ကြယ်ပွင့် မဟုတ်လား၊ သူ့ဖန်တွေ ဘယ်လောက်တောင်မှ များတယ်ဆိုတာ ခုန ထောင်ရှေ့က လူတွေကိုပဲ ကြည့်၊ သူ့ကို ကြိုက်ကြတဲ့ သူတွေကလည်း အများသားဆိုတော့ ရွေးချယ်စရာတွေက အများကြီးရယ်၊ အဲ့တော့ မင်းက အောင်နိုင်သူဖြစ်ချင်တယ်ဆို အစွမ်းအစရှိကြောင်း ထုတ်ပြနိုင်ရမယ်မလား "

လီလော့သည် လုံးဝသည်းမခံနိုင်တော့။

" ပါး၊ မင်ယန်ရဲ့ ကုမ္ပဏီက ခုမှ စပြီးလည်ပတ်နေတုန်းရှိသေးတယ်ဆိုတော့ နောက် နှစ်နှစ်၊ သုံးနှစ်လောက်အကြာမှ ယွမ်းသန်းတစ်ရာကျော်လောက် တန်ဖိုးတက်လာမှာ၊ အဲ့တော့ ပါးက ကျွန်တော့်ကို နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် စောင့်နေခိုင်းထားတာပေါ့၊ မင်ယန်၊ ငါ့အဖေ​ ပြောတာ နားထောင်မနေနဲ့၊ သူ မင်းကို အလကား လျှောက်စနေတာ "

သွမ့်မင်ယန်က သူ့ကို လှည့်ကြည့်လာပြီး ထပ်မပြောတော့ဖို့ အချက်ပြသည်။ ထို့နောက် လီကျန့်ဟုန်းဘက် ပြန်လှည့်လိုက်ပြီး

" Mr.လီ၊ ခုလို လျှော့လျှော့ပေါ့ပေါ့ စဥ်းစားပေးတဲ့အတွက် ကျေးဇူးပါ "

လီလော့ : " ဟမ် ? "

လီကျန့်ဟုန်းသည်လည်း အနည်းငယ် အံ့ဩလို့သွားကာ

" ဒါတောင်မှ မင်းက ငါ့ကို သဘောထားကြီးတဲ့သူလို့ ထင်နေတုန်းပဲလား "

သွမ့်မင်ယန်က ခေါင်းညိတ်ပြလိုက်ပြီး

" ဦးလေးက ကျွန်တော့်ရဲ့ အတိတ်ကို ထည့်မပြောဘဲ ခွင့်လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ၊ ခုလို မေတ္တာရပ်ခံတာကလည်း ကျွန်တော့်ကို အရှက်ရစေချင်လို့ မဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်၊ လီလော့အပေါ် ကျွန်တော့်ရဲ့ ရိုးသားမှုဟာ မှန်ကန်ကြောင်း သေချာစေချင်လို့ ခုလို လုပ်ရတာဖြစ်တဲ့အတွက် ဦးလေးက တကယ်ကို ကြီးမြတ်တဲ့ ဖခင်ကောင်းတစ်ယောက်လို့ပဲ ကျွန်တော့်စိတ်ထဲ မှတ်ယူပါတယ် "

ဤသည်ကို ကြားလိုက်ရသည်တွင် လီကျန့်ဟုန်း၏ နှုတ်ခမ်းထောင့်စွန်းတွေသည် မဆိုစလောက်လေး မြင့်တက်လို့သွားသည်။ သူသည် ချောင်းနှစ်ချက်ခန့်မျှ ဟန့်လိုက်ပြီး လက်ခါပြကာ

" ဒီလိုဆို အလုပ်ကိုသာ ကြိုးကြိုးစားစား လုပ် "

" ဟုတ်ကဲ့ "

သွမ့်မင်ယန်သည် ဘေးတွင်ရှိနေသူ၏ လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်ရင်း အလွန်တရာလေးနက်စွာဖြင့်

" ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် "

လီလော့သည် သွမ့်မင်ယန်ကို တစ်ချက်မျှ ရိုက်လိုက်ပြီး

" မင်းက ငတုံးလား၊ ဘာလို့ ကတိတွေ ပေးနေတာလဲ၊ သူက မင်းကို ဒီအတိုင်းစမ်းသပ်နေရုံပဲဟာ "

" အိုကေ၊ အိုကေ၊ ငြင်းခုန်နေတာတွေ တော်ပြီ "

တစ်လျှောက်လုံး ဘေးကနေ ငြိမ်ငြိမ်သက်သက် နားထောင်နေခဲ့သည့် ဖုန့်ကျိအန်းက ဆိုလာသည်။

" ငါ့မှာ နည်းနည်းလောက် ပြောစရာရှိတယ် "

လီကျန့်ဟုန်းက ကြည့်လိုက်ပြီး

" မင်းလည်း တောင်းဆိုစရာများ ရှိနေတာလား "

" ငါက မင်းလောက် ဆိုးဝါးမနေဘူး "

ဖုန့်ကျိအန်းသည် သွမ့်မင်ယန်ကို ပြုံးကာ ကြည့်လိုက်ရင်း

" ရှောင်းသွမ့်၊ မင်း ငါ့ နေရာကို မယူချင်ဘူးလား၊ ခုထိတော့ သန်းတစ်ရာလောက် တန်ဖိုးမရှိသေးဘူးဆိုပေမဲ့ မင်း ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ အဲ့ပမာဏကို ကျော်သွားမှာ၊ မင်း ဘက်က သဘောတူလိုက်တာနဲ့ အားလော့ကို ဘယ်ချိန်မဆို မင်း အိမ် ခေါ်သွားလို့ရပြီ "

လီလော့သည် ချက်ချင်း ဝမ်းသာ၍သွားပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်တော့၏။

" အယ်ကယ်ဖုန့်က ကျွန်တော့်အပေါ် အကောင်းဆုံး "

လီကျန့်ဟုန်းသည် ကြောင်အအ အမူအရာဖြင့် ဖုန့်ကျိအန်းကို ကြည့်လိုက်ပြီး

" မင်း ဘယ်လိုတောင် အပြင်လူကို မျက်နှာသာပေးနိုင်ရတာလဲ "

ဖုန့်ကျိအန်း : " ရှောင်းသွမ့်က ဘယ်လိုလုပ်ပြီး အပြင်လူဖြစ်မှာတဲ့လဲ၊ ကလေးတွေကို သွားပြီး နှိပ်စက်မနေနဲ့တော့၊ ဘာလဲ၊ သူတို့ ခံစားခဲ့ရတာတွေက မလုံလောက်သေးဘူး ထင်လို့လား "

လီကျန့်ဟုန်း : " သူတို့ ဘာတွေပဲ ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းခဲ့ရ၊ ငါ့ရဲ့ ဖခင်ဆိုတဲ့နေရာကိုတော့ ပြပေးရမှာပဲ မဟုတ်ဘူးလား၊ တကယ်ပါပဲ၊ ကုမ္ပဏီမှာ ငါမရှိဘဲ ဘယ်လိုတွေ လုပ်နေတယ်ဆိုတာ သိရမှ ဖြစ်တော့မယ် "

ဖုန့်ကျိအန်းက နှစ်သိမ့်စကားဆိုသည်။

" ငါကလည်း ခုချက်ချင်းကြီး ထည့်ပေးလိုက်ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ ဖြည်းဖြည်းချင်းဆီ လွှဲပြောင်းပေးရင်းနဲ့မှ သူလည်း ငါတို့ဘက်က လည်ပတ်နေတဲ့ စီးပွားရေးပုံစံနဲ့ ကျင့်သားရသွားမှာပေါ့၊ သူ့မှာလည်း စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ဦးစီးဖူးတဲ့ အတွေ့အကြုံရှိပြီးသားပဲဟာ၊ ငယ်ရွယ်တက်ကြွပြီး ကတိတစ်လုံးကိုလည်း တည်အောင် ထိန်းသိမ်းနိုင်တဲ့အပြင် ငါတို့ရဲ့ အိမ်သားဖြစ်လာမဲ့သူလေ၊ အဲ့လောက်ထိ ယုံကြည်စိတ်ချဖို့ ကောင်းတဲ့သူက ငါ့ နေရာနဲ့ မထိုက်တန်ဘူးလား၊ ပြော "

လီကျန့်ဟုန်း : " ငါ သဘောမတူဘူး၊ ငါ ဒီနေရာမှာ ဦးဆောင်နေသ၍ ငါပြီးရင် လုပ်ပိုင်ခွင့်အရှိဆုံးလူက မင်းပဲ ဖြစ်နေရမယ် "

လီလော့က ကျွတ်သပ်လိုက်ပြီး

" ဘာဖြစ်လို့များ ပါးက အရမ်းလွှမ်းမိုးချုပ်ကိုင်ချင်နေရတာပဲ၊ အယ်ကယ်ဖုန့် ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးခဲ့တာ ဘယ်နှစ်နှစ်တောင်မှလဲ၊ ပါး မရှိတုန်း သူ တစ်ယောက်တည်း ကုမ္ပဏီကို ဦးဆောင်ခဲ့ရတာ၊ ဘယ်လောက်တောင်မှ ဝန်ကြီးနေလိုက်မလဲ၊ ခု ပါးလဲ ပြန်ရောက်လာပြီ၊ အဲ့ဒါတောင် သူများကို အလွတ်မပေးချင်သေးဘူးလား၊ သူ့မှာ ခုထိ တစ်စက်ကလေးမှ အနားရသေးတာ မဟုတ်ဘူး "

" အနားယူဖို့ လိုအပ်နေတာ ငါတစ်ယောက်တည်း မဟုတ်ဘူး "

ဖုန့်ကျိအန်းက လီကျန့်ဟုန်း၏ ပခုံးကို အသာပုတ်လိုက်ပြီး

" ကျန့်ဟုန်း၊ မင်းလည်းပဲ အနားယူသင့်တယ်၊ ငါတို့တွေက အသက်ရလာကြပြီ၊ ဒီမတိုင်ခင်ကလည်း စီးပွားရေးအတွက် နပန်းလုံးနေရတာနဲ့ ငါတို့ အသက်တစ်ဝက်လောက် ကုန်ခဲ့ရပြီးပြီ၊ အဲ့လောကကြီးရဲ့ ချိုမြိန်မှုတွေကိုကော၊ ခါးသီးမှုတွေကို ငါတို့ အလုံအလောက် တွေ့ကြုံခဲ့ကြပြီးမှ ကိုယ့်ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းရသေးဘူးဆိုရင် နောင်တရစရာ ဖြစ်မနေဘူးလား၊ ခုက ငါတို့ သယ်ဆောင်ထားရတာ မှန်သမျှ အငယ်တွေလက်ထဲ လက်လွှဲပေးလိုက်ဖို့ပဲ ကျန်တော့တာ "

ဤသည်ကို နားထောင်ပြီး လီကျန့်ဟုန်းသည် တစ်စုံတစ်ရာကို စဥ်းစားမိသွားသည့်အလား ခဏတာမျှ ငြိမ်သက်လို့သွား၏။

သံပူနေတုန်း နာနာနှက်သည့်အနေဖြင့် ဖုန့်ကျိအန်းက ဆက်ပြောသည်။

" သူတို့လက်ထဲ ဝကွက်အပ်ပြီးတာနဲ့ ငါတို့တွေက ခရီးတွေ ထွက်ကြမယ်လေ၊ အထဲမှာရှိနေတုန်းက မင်း ပြန်ထွက်လာရင် နေရာအနှံ့ခရီးတွေ ထွက်ကြရအောင်ဆိုပြီး ပြောခဲ့တာ မှတ်မိသေးလား၊ ငါ မင်းကို အဖော်လိုက်ပေးမယ်၊ ဂျပန်ကို သွားပြီး ချယ်ရီပန်းပွင့်တာ သွားကြည့်ကြမယ်၊ ကာရေဗီယံသွားပြီး ပင်လယ်ကြီးကို သွားကြည့်ကြမယ်၊ တူရကီကိုသွားပြီး မိုးပျံပူဖောင်းသွားစီးကြမယ်၊ ဘယ်လိုလဲ၊ ငါကတော့ ခရီးထွက်ရတာ ရုံးခန်းထဲ ထိုင်ပြီး စာရွက်စာတမ်းအပုံကြီးကို ထိုင်ကြည့်နေရတာထက်စာရင် အများကြီး ပိုကောင်းတယ် ထင်မိတာပဲ "

နောက်ဆုံးတွင် လီကျန့်ဟုန်းသည် ပြုံးလာပြီး

" မင်း အဲ့လိုပြောလာမှ ငါ တကယ်ကြီး အနားယူချင်လာသလိုပဲ "

လီလော့သည် ဝမ်းသာရွှင်မြူးစွာဖြင့် ဂုဏ်ပြုစကားဆိုခါနီးမှ အတွေးတစ်ခုက ရုတ်ခြည်းဝင်လာသည်။

တစ်ခုခုတော့ မဟုတ်သေး။

သူတို့တွေသည် စကားတွေသာ အများကြီး ပြောနေခဲ့ကြပြီး ကာယံကံရှင် ဖြစ်သူ သွမ့်မင်ယံ၏ အတွေးကိုမူ တစ်ခွန်းတစ်ပါဒမျှ မမေးကြည့်ရသေး။

ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းဖြင့် တက်လှမ်းနိုင်ခြင်းက ကောင်းသည်ဆိုသော်ငြား သွမ့်မင်ယန်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားတတ်သူက အရံသင့်လေးဖြစ်မည့် သားမက်နေရာကို ငြင်းဆန်ပြီး အစကနေ စဖို့ရာကိုသာ နှစ်သက်ပါသည်ဟု ဆိုလာလျှင် မည်သို့လုပ်ရပါမည်နည်း။ ဒီလိုဆိုလျှင်တော့ဖြင့် သူကပဲ နှစ်အနည်းငယ်ကြာအောင် စောင့်ဆိုင်းရပေဦးတော့မည်။

" မင်ယန်၊ မင်းကော ဘယ်လိုထင်လဲ "

သူ့အဖေနှင့် အန်ကယ်ဖုန့်တို့ ဆွေးနွေးနေကြတုန်း သူသည် သွမ့်မင်ယန်အနားကပ်ကာ လေသံတိုးတိုးဖြင့်

" အန်ကယ်ဖုန့်ရဲ့ အဆိုပြုချက်က ငါတို့နှစ်ယောက် ကောင်းဖို့အတွက်ပါပဲ၊ အဲ့လိုဆိုတိုင်း မင်းဘာသာ အများကြီး မရှာနိုင်ဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်၊ မင်း တစ်ယောက်တည်းနဲ့ အဲ့ပမာဏလောက်ကတော့ အသာလေးရှာနိုင်မယ်ဆိုတာ သိတယ်၊ ငါ့ကို အထင်မမှား ... "

သွမ့်မင်ယန်က ခေါင်းတစ်ချက်ဆတ်လိုက်ပြီး

" ကိုယ် အထင်လွဲမှာကို စိုးရိမ်နေတာလား "

လီလော့က ခေါင်းအသာညိတ်ပြသည်။

" Mr.လီ၊ မင်းကတော့ အတွေးများနေပါပြီ "

သွမ့်မင်ယန်သည် လက်အသာမြှောက်ကာ ခေါင်းကို ပွတ်ပေးလိုက်ရင်း

" မင်းအတွက်နဲ့ သွမ့်အိမ်ကိုတောင် အသုံးတော်ခံရဲခဲ့သေးတာ ဘာအတွက်ကြောင့် လီအိမ်တော်ကို အလုပ်အကျွေးမပြုနိုင်ရမှာတဲ့လဲ "

လီလော့၏ နှလုံးသားလေးသည် ပျားရည်တို့ဖြင့် ပြည့်နှက်သွားရပြီး ချိုမြိန်မှုများက ဖိတ်လျှံကျလုမတတ်ဖြစ်လာသည်။ သူသည် တွေးပင် မတွေးတောတော့ဘဲ ကိုယ်ကို ငုံ့ကိုင်းလိုက်ကာ သွမ့်မင်ယန်၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်မိတော့သည်။

" ချစ်တယ် "

တစ်ဖက်တွင် ထိုင်နေကြပြီး အနားယူမည့် အကြောင်းအရာကို ဆွေးနွေးနေကြသူတွေ၏ စကားသံသည် တိခနဲ ရပ်တန့်လို့သွား၏။

" သူတို့ကို ကြည့်ပါဦး၊ ဟေး "

လီကျန့်ဟုန်းသည် သံမဏိဖြစ်မလာသည့် သံကို မုန်းရကား မြည်တွန်တောက်တီးတော့သည်။

" ငါကတော့ဖြင့် သူ့ကို မထိခိုက်အောင်လို့ ကာကွယ်ပေးလိုက်ရတာ၊ သူကတော့ သူ့ကိုယ်သူ ထုတ်ပိုးပြီး တစ်ခြားသူကို ပေးပစ်လိုက်ဖို့ အသင့်ဖြစ်နေပြီ "

ဖုန့်ကျိအန်းက

" သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းပြီးသားပဲဟာကို၊ အဲ့တာကပဲ စိတ်အချရဆုံး အာမခံချက် မဟုတ်ဘူးလား၊ စိတ်ပူမနေနဲ့၊ ငါ ရှောင်းသွမ့်ရဲ့ အကျင့်စရိုက်နဲ့ လုပ်ကိုင်နိုင်စွမ်းကို တွေ့ဖူးပြီးသား၊ ကုမ္ပဏီကိုရော အားလော့ကိုရော ထည့်ပေးလိုက်လို့ ဘာပြဿနာမှ မရှိဘူး၊ မင်းက 'ဟုတ်ကဲ့' လို့ပဲ ပြောဖို့လိုတော့တာ၊ ဟမ်၊ ဘယ်လိုလဲ ရှောင်းသွမ့် "

သွမ့်မင်ယန်က ခေါင်းညိတ်ပြလိုက်ပြီး

" ဟုတ်ကဲ့၊ ပြဿနာမရှိပါဘူး "

မည်သူ့ကိုမှ အဖော်စပ်၍ မရတော့သည့် လီကျန့်ဟုန်းမှာ ဘာမှ မတတ်နိုင်တော့ဘဲ

" အေးပါ အေးပါ၊ မင်းတို့တွေပေါင်းပြီး ငါ့ကို တိုက်ခိုက်ကြမှတော့ ငါ့မှာ ဘာရွေးချယ်စရာ ကျန်မှာတဲ့လဲ၊ ငါ့သားကို ထည့်ပေးလိုက်ဖို့ပဲရှိတော့တာ၊ ဒါပေမဲ့ ရဲဘော်သွမ့်၊ ကုမ္ပဏီကို အလုံးစုံ လွှဲမပြောင်းပေးရသေးခင် ငါကတော့ မင်းကို စမ်းသပ်စရာရှိတာစမ်းသပ်ရဦးမှာပဲ၊ ဒီတော့ မင်းရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို ထုတ်ပြ၊ အကျိုးအမြတ်နှစ်ဆရအောင် ကြိုးစား၊ ဘယ်လိုလဲ၊ မင်း လုပ်နိုင်မလား "

သွမ့်မင်ယန်က တုံ့ဆိုင်းမှု အလျဥ်းမရှိဘဲ

" ဟုတ်ကဲ့ "

လီလော့က မကျေမနပ်ဖြင့်

" အိုး၊ ငါ့တို့ ပါပါးကတော့ ဓားပြတိုက်နေတာပဲ၊ စမ်းသပ်မယ်လို့လည်း ပြောသေးတယ်၊ အမြတ်ကျ နှစ်ဆရမှတဲ့ "

လီကျန့်ဟုန်းသည် သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့်

" ဒါက မင့်အဖေရဲ့ စီးပွားရေးစည်းမျဥ်းတွေထဲက တစ်ခုပဲ၊ တစ်ခုခုကို ပေးအပ်လိုက်ရပြီဆိုရင် အဲ့ဒီရဲ့ အဖိုးအခကို မြင့်နိုင်သမျှ အမြင့်ဆုံးပြန်ရနိုင်မှ အကျိုးအမြတ်ရတယ်လို့ ခေါ်တယ်၊ လေ့လာသင်ယူလိုက်ဦး "

လီလော့သည် အချိန်ကုန်ခံကာ ငြင်းဆိုမနေတော့ဘဲ သွမ့်မင်ယန်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး

" မင်း အေးအေးဆေးဆေးသာရှာ၊ သူ့ကို ဥက္ကဋ္ဌနေရာမှာ နှစ်အတော်ကြာအောင် ထိုင်ခိုင်းပစ်လိုက်၊ သူ့ဘာသာသူ ခက်ခက်ခဲခဲ လုပ်နေပါစေ၊ မဟုတ်လည်းသူက သန်မာပြီးသားပဲလေ "

လီကျန့်ဟုန်းက နားစွင့်နေပြီး

" သားအမိုက်အမဲလေး၊ ငါ အကုန်ကြားနေရတယ်နော် "

ဖုန့်ကျိအန်းက အလျင်အမြန်ပင် အာရုံပြန်လွှဲလိုက်ပြီး အနားယူပြီးလျှင် ဖြတ်သန်းရမည့် လှပသော်အချိန်တွေအကြောင်းကို ဆက်ဆွေးနွေးနေလိုက်သည်။ ခဏအကြာတွင်ကား အူလှိုက်သည်းလှိုက် ရယ်မောနေသည့် လီကျန့်ဟုန်း၏ ရယ်သံက တစ်ကားလုံးကို လွှမ်းခြုံသွားတော့သည်။

လီလော့က တီးတိုးရေရွတ်သည်။

" ငါတို့ အယ်ကယ်ဖုန့်ဆီမှာ ငါ့အဖေ နာခံသွားအောင် ချော့နိုင်တဲ့ အစွမ်းရှိတယ် "

သွမ့်မင်ယန်က သူ့ဘက်လှည့်လာပြီး ခပ်တိုးတိုးလေး ပြောလာသည်။

" ကိုယ် တကယ်ပဲ မင်းကို မနာလိုတော့ဘူး "

" အယ်၊ ဘာဖြစ်လို့ "

" မင်း အဖေက မင်းကို အရမ်းချစ်တာမို့လေ၊ မင်းတို့ နှစ်ယောက်အကြားမှာ တကယ်ကိုပဲ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ် "

လီလော့သည် သွမ့်မင်ယန်၏ မျက်နှာကို ပြန်ကိုင်လိုက်ပြီး ချိုသာသည့် အပြုံးဖြင့်ဆိုလာ၏။

" မင်း အမေကလည်း မင်းကို အရမ်းချစ်တာပဲလေ၊ ငါတို့တွေ တစ်ရက်လောက် မင်း အမေကို သွားတွေ့ကြရအောင် "

" အင်း၊ သွားကြမယ် "

လီလော့သည် သွမ့်မင်ယန်ကို ဖက်လိုက်ပြီး အနည်းငယ် တွန့်ချင်နေသည့် မျက်မှောင်ကို လက်ဖြင့် ဖြည်ပေးလိုက်ရင်း

" ငါတို့မှာ တစ်ယောက်က ဖခင်မေတ္တာကို ဆုံးရှုံးရပြီး နောက်တစ်ယောက်ကျတော့ မိခင်မေတ္တာကို ဆုံးရှုံးခဲ့ရတယ်၊ ဒါကြောင့်မို့ပဲ ငါတို့တွေက တစ်ယောက်ရဲ့ လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာကို ဖြည့်ဆည်းပေးရဖို့ ခုလို တွေ့ဆုံကြရတာပေါ့ "

အနှီစကားကို ကြားလိုက်ရသည့်အခါ သွန့်မင်ယန်သည်လည်းပဲ ပြုံး၍လာပြီး ကားပြတင်းပေါက် အပြင်ဘက်ဆီမှ တောက်ပနွေးထွေးသည့် နေအလင်းရောင်ကို လက်ဖြင့်စီးကြို ပွေ့ဖက်ထားသည့်နှယ် လီလော့ကို ထွေးဖက်လိုက်ကာ ဆိုသည်။

" ဟုတ်တာပေါ့၊ ကိုယ်တို့နှစ်ယောက်ကို ကောင်းကင်ဘုံက သတ်မှတ်ပေးခဲ့တာ "

***********
💪💪💪

***********
{Zawgyi}

အခန္း(၈၃)

တစ္လၾကာေသာ္။

ၿမိဳ႔ေတာ္အက်ဥ္းေထာင္ႀကီး၏ အဝင္ဂိတ္။

နံရံႀကီးအျပင္ဘက္တၫ့္တၫ့္ရိွ ကြန္ကရစ္လမ္းမေပၚတြင္ တစ္ခါတစ္ရံ ျဖတ္သြားေလ့ရိွသည့္ လူအနည္းငယ္ႏွင့္ ေပါင္းျမက္ေတြအၾကား ေလတိုးေဝ႔ွသံေလာက္သာ ရိွေနသင့္သည္။ သို႔ေသာ္လည္း ယခုအခါတြင္ သတင္းေထာက္မ်ား၊ ပရိသတ္မ်ားစသည္ျဖင့္ ဆူညံလို႔ေနၿပီး အထြက္ေပါက္ကို ပိတ္ဆို႔လို႔ထားသည္။

" တစ္ခါက ေငြေၾကးအႂကြယ္ဝဆံုး ၿမိဳ႔မ်က္ႏွာဖံုးျဖစ္ခဲ့ဖူးတဲ့ သူေဌးႀကီးလီက်န္႔ဟုန္းဟာ ဒီေန့ဆိုရင္ေတာ့ျဖင့္ ေထာင္မွ လႊတ္လာေတာ့မွာ ျဖစ္ပါတယ္ "

သတင္းေထာက္တစ္ၪီးသည္ မိုက္ခရိုဖုန္းကိုင္လ်က္ ကင္မရာကို ၾကည့္ကာ ဆိုေနသည္။

" ခိုင္မာတဲ့ သတင္းမ်ားအရ Mr.လီဟာ သူ႔အေပၚ စြဲဆိုထားတဲ့ ျပစ္မႈေတြအတြက္ အယူခံဝင္ေရာက္ခဲ့ၿပီး သက္ေသခိုင္လံုမႈ မရိွတာေၾကာင့္ အခ်ိန္ခဏေလးတြင္းမွာ ခုလို ျပန္လည္လႊတ္ေျမႇာက္လာခဲ့တာျဖစ္ပါတယ္၊ အခုဆိုရင္ တရားေရးလုပ္ငန္းစဥ္ေတြအကုန္လံုး ၿပီးဆံုးသြားၿပီလို႔ သိရပါတယ္၊ ထြက္ေပၚေနတဲ့ သတင္းေတြအရ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ဆိုတာကေတာ့ အခုထိ ေမးခြန္းထုတ္ေနရဆဲျဖစ္ပါတယ္၊ ဒါေၾကာင့္မို႔ အခုပဲ ၿမိဳ႔ေတာ္ရဲ့ အက်ဥ္းေထာင္ႀကီးေရ႔ွမွာ ေရာက္ေနတဲ့ ပရိတ္သတ္တစ္ေယာက္ကို လက္ရိျွဖစ္ေပၚေနတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး ကြၽန္မတို႔ သတင္း႒ာနကေန ေမးခြန္းေလးေတြ ေမးသြားမွာပဲျဖစ္ပါတယ္ "

သတင္းေထာက္သည္ ဘန္နာကိုင္ေဆာင္ထားသည့္ အမ်ိဳးသမီးတစ္ၪီးဆီ ေလ်ွာက္သြားလိုက္ၿပီး မိုက္ခရိုဖုန္းထိုးေပးကာ ေမးလိုက္သည္။

" ဟဲလို၊ Mr.လီက်န္႔ဟုန္းကို သိပါသလားရွင့္ "

စိတ္လႈပ္ရွားစြာျဖင့္ လက္ေတြကို ေဝ႔ွယမ္းေနသည့္ဖန္က အႏွီေမးခြန္းကို ၾကားလိုက္ရသည့္အခါတြယ္ အရယ္တစ္ဝက္ျဖင့္

" က်ဲက်ဲေရ၊ သိသိႀကီးနဲ႔ တမင္ေမးလိုက္တာလား၊ ခု ဒီမွာ ေရာက္ေနၾကတဲ့ လူေတြအကုန္လံုး Mr.လီဆိုတာ ေလာ့ေကာရဲ့ အေဖမွန္း ဘယ္သူက မသိဘဲေနပါ့မလဲ "

သတင္းေထာက္ : " ဒီေတာ့ ခုလာေရာက္ရတဲ့ အေၾကာင္းအရင္းက လီေလာ့ကို လာအားေပးၾကတာေပါ့ေနာ္ "

ဖန္ေတြက ၿပိဳင္တူ ေခါင္းခါျပလိုက္ၾကၿပီး

" အဓိက လာရတဲ့ အေၾကာင္းအရင္းက ပါပါးလီကို အားေပးဖို႔၊ ကြၽန္မတို႔ရဲ့ အေဖႀကီးက အထဲမွာ အမ်ားႀကီး ခံစားခဲ့ရတာ၊ သူလည္း တကယ္မလုပ္ရဘဲ ေထာက္ေခ်ာက္ဆင္ခံခဲ့ရတဲ့ ႏွစ္ေတြအတြက္ ဝမ္းမနည္းရေအာင္ အားေပးခ်င္လို႔ပါ "

သတင္းေထာက္ : " စံုစမ္းေရးဘက္က သတင္းအတိအက် မထုတ္ျပန္ေသးဘဲ ေထာက္ေခ်ာက္ဆင္ခံရမွန္း မင္းတို႔က ဘယ္လိုေၾကာင့္မ်ား ေသခ်ာေနၾကတာလဲ "

ဖန္ : " အင္တာနက္ေပၚမွာ ေျပာဆိုေနၾကတာကေတာ့ အမ်ိဳးမ်ိဳးေရာေထြးေနတာပါပဲ၊ ဒါကလည္း သြမ့္သားအဖေတြရဲ့ မေကာင္းႀကံစည္ထားတဲ့ သတင္းေတြပဲျဖစ္မွာ၊ အဲ့လိုသာမဟုတ္ရင္ သူတို႔ကို ဘာေၾကာင့္ ခုထိ ျပန္မလႊတ္ေပးမွာတဲ့လဲ၊ လိင္ကုန္ကူးတဲ့ အမႈကျဖင့္ ပိတ္သြားၿပီကို ခုထိ အထဲက မထြက္လာႏိုင္ဘူးဆိုတာ ေနာက္ထပ္ျပစ္မႈေတြရိွေနေသးလို႔ပဲေလ၊ စုက်စ္က သူ႔အမ်ိဳးသား ေဖာက္ျပန္တဲ့ကိစၥကို ေဖာ္ထုတ္လိုက္ကတည္းက မေကာင္းေတာ့ဘူးဆိုတာ အားလံုး သိေနၾကတာပဲ၊ ကိုယ္ေတြ ေမ်ွာ္လင့္မထားခဲ့မိတာက ထင္ထားတာထက္ ပိုဆိုးရြားေနခဲ့တာကိုပဲ "

သတင္းေထာက္ : " ဒါဆို မင္းတို႔ ဘယ္လိုထင္ .... "

" အား .. အား .. အား .. အား ........... "

ထိပ္ဆံုးတြင္ ရပ္ေနၾကသည့္ ဖန္ေတြဆီမွ ရုတ္ျခည္း ေအာ္သံထြက္လာၿပီး က်န္လူအမ်ား၏ အာရံုကို ဆြဲေဆာင္လို႔သြားသည္။

သတင္းေထာက္က ကင္မရာသမားနား အေျပးေလး သြားလိုက္ၿပီး

" ျမန္ ျမန္၊ ေရ႔ွတိုးၾကရေအာင္၊ လီေလာ့တို႔ကိုလည္း လိုက္ရွာၾကည့္ၪီး "

လူအုပ္က ပိုမိုႀကီးမားလာၿပီး ဖန္အခ်ိဳ႕က စည္းကမ္းတက်ျဖစ္ဖို႔ရန္ ႀကိဳးစားေပးၾကေသးေသာ္လည္း လူစုလူေဝးႀကီးက အလြန္တရာထူထပ္ရာ ဖရိုဖရဲျဖစ္ေနသည္ကို မထိန္းခ်ဳပ္ႏိုင္ဘဲရိွ၏။ အထူးသျဖင့္ သတင္းဓာတ္ပံု ၪီးၪီးဖ်ားဖ်ား ယူခ်င္ေနၾကသည့္ သတင္းေထာက္ေတြက ေရ႔ွဆံုးတြင္ အံုခဲေနၾကသည္။

ကံေကာင္းေထာက္မစြာျဖင့္ ေထာင္အေစာင့္မ်ားက ႀကိဳတင္ျပင္ဆင္ထားၾကၿပီးျဖစ္ေနသည္။ လူအုပ္ႀကီးအၾကား လမ္းတစ္ခုျဖစ္သည္အထိ ဖြင့္ေပးၾကၿပီး သူတို႔ကို လမ္းတစ္ဝက္အထိ လိုက္လံပို႔ေဆာင္ေပးၾကကာ က်န္ခရီးကို လီမိသားစု၏ ကိုယ္ရံေတာ္မ်ားက တာဝန္လႊဲေျပာင္းယူသည္။

ေထာင္က်ေနသည့္ အေတာအတြင္း ဤမ်ွႀကီးမားသည့္ လူစုလူေဝးကို မျမင္ခဲ့ရဖူးေလရာ လီက်န္႔ဟုန္းသည္ မေနႏိုင္ဘဲ အေနာက္သို႔ တစ္ခ်က္ လွည့္ၾကည့္လိုက္ကာ ဆိုသည္။

" သား၊ မင္း အျပင္ထြက္လို႔ရၿပီ "

လီေလာ့သည္ ေနကာမ်က္မွန္အမည္းႀကီး တပ္ထားၿပီး တစ္ဖ်တ္ဖ်တ္လက္ေနသည့္ ကင္မရာမီးေရာင္မ်ား​အၾကား မ်က္ႏွာထားခပ္တင္းတင္းျဖင့္ရိွေနသည္။ သူသည္ သတင္းေထာက္မ်ား၏ ေမးခြန္းမွန္သမ်ွကို လ်စ္လ်ူရႈထားၿပီး သူ႔အေဖကို ကူညီရင္း ေရ႔ွသို႔ တိုးထြက္ေနသည္။ ​ကင္မရာရွပ္တာ ပိတ္ဖြင့္သံႏွင့္ ပရိသတ္မ်ား၏ အားေပးသံမ်ားကလြဲလ်ွင္ သူ႔နားထဲတြင္ အျခားမည္သၫ့္အသံကိုမ်ွ မၾကားရပဲရိွ၏။

ငါးမိနစ္ေက်ာ္မ်ွ လမ္းေလ်ွာက္ၿပီးေနာက္ သူတို႔ ကားဆီေရာက္သည္။ ကားေပၚတက္လိုက္သည္ႏွင့္ ကားအျပင္ဘက္ရိွ သက္ေတာ္ေစာင့္မ်ားသည္ သူတို႔ကားအေရ႔ွသို႔ သြားေရာက္ေနရာယူလိုက္ၾကၿပီး ကားထြက္ႏိုင္ဖို႔ရန္အတြက္ လမ္းရွင္းေပးၾကသည္။ ကားဒရိုင္ဘာသည္ တစ္စံုတစ္ဦးကိုမ်ွ မတိုက္မိေစရန္ ဂရုတစိုက္ ေမာင္းႏွင္ေနၿပီး ခဏအၾကာတြင္ လူအုပ္ႀကီးအၾကားမွ ေမာင္းထြက္ႏိုင္ခဲ့သည္။

ကားကို လူအမ်ား လိုက္မမီေစရန္အတြက္ ကားဆရာသည္ ခုနစ္ေကြ့ ရွစ္ေကြ့ ရိွသၫ့္ လမ္းငယ္တစ္ခုေပၚ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေမာင္းႏွင္ေနခဲ့ေသးသည္။ နာရီဝက္အၾကာတြင္ကား သူတို႔ကားသည္ သတင္းေထာက္မ်ားကို ေရွာင္ရွားကာ သတ္မွတ္ထားသည့္ ေနရာဆီ ၪီးတည္၍ ေမာင္းႏွင္လာ၏။

လီက်န္႔ဟုန္းမွာ သက္ေတာ္ေစာင့္ေတြ လိုက္ပါဝန္းရံေနၾကသည္ကို ၾကည့္ၿပီး အလြန္အမင္း သေဘာက်ေနကာ ရယ္တစ္ဝက္ျဖင့္ ဆိုလာ၏။

" မင္းတို႔ေကာင္ေတြ ရုပ္ရွင္မ်ား ရိုက္ေနၾကတာလား "

လီေလာ့ : " ပါး၊ ပိုတယ္မထင္နဲ႔၊ ပါပါရာဇီတစ္ခ်ိဳ႕မ်ားဆို လိုင္စင္နံပါတ္ပလိပ္ျပားေတြ အကုန္အလြတ္ရတယ္၊ ခုလည္း ကြၽန္ေတာ္ သက္ေတာ္ေစာင့္ေတြကို ဒီကား ေမာင္းခိုင္းသြားၿပီး အဲ့ပါပါရာဇီေတြကို ကားေနာက္ လိုက္ခိုင္းလိုက္မွာ၊ ကြၽန္ေတာ္တို႔က ၾကားထဲ ေနာက္ထပ္တစ္ေယာက္နဲ႔ ေတြ့ဖို႔ရိွေသးလို႔ "

" ဘယ္သူ႔ကို "

ေမးၿပီးခါမွ လီက်န္႔ဟုန္းသည္ ခ်က္ခ်င္း သေဘာေပါက္လို႔သြားကာ

" အိုး၊ ဒီေတာ့ အဲ့တစ္ေယာက္က ဘယ္သူေလးမ်ားလဲ "

ကားရပ္လိုက္သည္ႏွင့္ သူတို႔ သားအဖေတြသည္ အျခားအိမ္စီးကားရိွရာဆီ ​ေလ်ွာက္သြားလိုက္ၾကသည္။ ကားတံခါးမဖြင့္ရေသးခင္ လီေလာ့သည္ ေနာက္သို႔ျပန္လွည့္လိုက္ၿပီး လီက်န္႔ဟုန္းကို ၾကည့္ကာ ဆိုလာသည္။

" ပါး၊ သူ႔အေပၚ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေနာ္၊ ေတာ္ၾကာ သူ လန္႔သြားလိမ့္မယ္ "

" ဒါေတာ့ ငါ့ စိတ္အေျခအေနေပၚ မူတည္တယ္ "

လီက်န္႔ဟန္းမွာ ခ်က္ခ်င္းဆိုသလို ႀကီးက်ယ္ျမင့္ျမတ္သည့္ အမူအရာသို႔ ေျပာင္းလဲသြားၿပီး လူသားဆန္သည့္ အမူအရာေတာင္ ရိွမေနေတာ့။

" သူက ငါတို႔ မိသားစုအေရးကိစၥမွာ အမ်ားႀကီး အကူအညီေပးခဲ့တယ္ဆိုေပမဲ့ အရင္းစစ္လိုက္ေတာ့ သူတို႔ မိသားစုဝင္ေတြ လက္ခ်က္ေၾကာင့္နဲ႔ ခုလိုျဖစ္ခဲ့ရတာပဲေလ "

လီေလာ့သည္ ကားတံခါးလက္ကိုင္ကို ဆုပ္ကိုင္ထားရာမွ လက္ျပန္ျဖဳတ္လိုက္ၿပီး

" အဲ့လိုလုပ္ေနမယ္ဆို ပါးကို ကားထဲ ေပးမဝင္ေတာ့ဘူး "

ေမ်ွာ္လင့္မထားစြာပင္ ထိုသို႔ေျပာၿပီးသည္ႏွင့္ အထဲဘက္မွ ဆြဲဖြင့္လိုက္၍ ကားတံခါး ပြင့္လာသည္ကို ေတြ့လိုက္ရ၏။

" Mr.လီ၊ ေက်းဇူးျပဳျပီး ကားထဲ တတ္ႏိုင္သမ်ွ ျမန္ျမန္ ဝင္လာေပးပါ၊ ဒါမွပဲ သတင္းေထာက္ေတြ လက္ထဲ မမိႏိုင္မွာ "

သြမ့္မင္ယန္က ကားတံခါး ဖြင့္ေပးၿပီး သူတို႔ႏွစ္ၪီး ဝင္လာႏိုင္ရန္ လမ္းရွင္းေပးသည္။

လီေလာ့သည္ မသိမသာ အမူအရာျဖင့္ စိတ္မေကာင္းေၾကာင္း ေျပာလိုေသာ္လည္း ဖခင္ျဖစ္သူက ကားေပၚတက္ေနၿပီျဖစ္၍ ေရြးခ်ယ္စရာ မရိွေတာ့ဘဲ သူပါ လိုက္တက္လိုက္ၿပီး သြမ့္မင္ယန္ ေဘးနား ဝင္ထိုင္လိုက္ရသည္။ လီက်န္႔ဟုန္းက ဖုန္႔က်ိအန္း၏ ေဘးတြင္ ေနရာယူလိုက္ၿပီး အသာၿပံဳး၍ ႏႈတ္ဆက္လိုက္ေသာ္လည္း တစ္ဖက္သို႔ မ်က္ႏွာလွၫ့္လိုက္ခ်ိန္တြင္မူ သူ႔အၿပံဳးေတြသည္ ခ်က္ခ်င္းပင္ ေလးနက္လို႔သြားသည္။

" သြမ့္သခင္ေလး "

သြမ့္မင္ယန္သည္ ဆရာတစ္ေယာက္၏ ေဝဖန္ျခင္းကို ခံလိုက္ရသၫ့္ ေက်ာင္းသားေလးတစ္ေယာက္ႏွယ္ ခ်က္ခ်င္းပင္ ခပ္မတ္မတ္ ထိုင္လိုက္ၿပီး

" Mr.လီ၊ ကြၽန္ေတာ္က သြမ့္အိမ္ေတာ္ရဲ့ သခင္ေလး မဟုတ္ေတာ့ဘူး ခင္ဗ် "

" ဘာအဓိပၸာယ္လဲ "

" သြမ့္အိမ္ေတာ္ရဲ့ အေမြဆက္ခံခြင့္နဲ႔ အရိုက္အရာအားလံုးကို သြမ့္မိသားစုဆီ ျပန္လႊဲေပးလိုက္ၿပီးပါၿပီ၊ တရားဝင္လုပ္ထံုးလုပ္နည္းေတြအတိုင္း အားလံုးလုပ္ၿပီးသြားၿပီမို႔ ခုဆိုရင္ ကြၽန္ေတာ္က အဲ့ဘက္နဲ႔ ဘာမွ မသက္ဆိုင္ေတာ့ပါဘူး "

" အို "

လီက်န္႔ဟုန္းသည္ သြမ့္မင္ယန္ဘက္ အသာေဝ့ၾကည့္လိုက္ၿပီး

" ဒါဆို မင္းက ခု ဘာမွ မဟုတ္ေတာ့ဘူးေပါ့ "

ဒူးေပၚ တင္ထားသည့္ သြမ့္မင္ယန္၏ လက္ေခ်ာင္းမ်ား အလိုလို ေကြးသြားသည္ကို သတိထားလိုက္မိသည့္ လီေလာ့က မေနႏိုင္ေတာ့ဘဲ ေဘးမွေန၍ ဝင္ေျပာလိုက္သည္။

" ပါး၊ သူမ်ားကို ဘာေတြ ေလ်ွာက္ေျပာေနတာလဲ "

လီက်န္႔ဟုန္းက

" အျဖစ္မွန္ေတြကို ေသခ်ာရွင္းသြားေအာင္လို႔ ေျပာေနတာေလ၊ 'သြမ့္သခင္ေလး' ဆိုတဲ့ ဂုဏ္ပုဒ္သာ မရိွရင္ သူ႔ရဲ့ အဆင့္အတန္းက ဘာမွမဟုတ္ေတာ့ဘူး၊ အားလံုး လက္ဗလာနဲ႔ ျပန္စရေတာ့မွာ၊ ငါ ေျပာတာ ဟုတ္ရဲ့မလား ေရွာင္းသြမ့္ "

" Mr.လီေျပာတာ အမွန္ပါပဲ "

သြမ့္မင္ယန္က ဆိုသည္။

" ဒါေပမဲ့ ကြၽန္ေတာ့္မွာ အဲ့ဂုဏ္ပုဒ္ မရိွဘူးဆိုရင္ေတာင္ ကြၽန္ေတာ့္အစြမ္းအစနဲ႔ ၪီးေလးရဲ့ သားနဲ႔ထိုက္တန္တဲ့ ဂုဏ္ပုဒ္တစ္ခုရိွလာေအာင္ ႀကိဳးစားႏိုင္ပါတယ္၊ ဒါေၾကာင့္မို႔ ေက်းဇူးျပဳျပီး ယံုၾကည္စိတ္ခ်ေပးပါခင္ဗ် "

ဤသည္ကို ၾကားလိုက္ရသည္ႏွင့္ ကားတစ္ခုလံုး တိတ္ဆိတ္လို႔သြားသည္။

သူတို႔ ႏွစ္ေယာက္အၾကားရိွ ဆက္ဆံေရးကို လ်ိႈ႔ဝွက္ထားသည္ မဟုတ္ေသာ္ျငား လူႀကီးႏွစ္ေယာက္အေရ႔ွတြင္ သြမ့္မင္ယန္ ထိုသို႔ေျပာလိုက္ျခင္းက ရွင္းရွင္းလင္းလင္းႏွင့္ အျပဳသေဘာေဆာင္သည့္ အေျဖတစ္ခုကို လိုခ်င္ေနမွန္း အသိအသာကို ထင္ရွားသြားသည္။

လီေလာ့သည္ သြမ့္မင္ယန္၏ အက်ႌေထာင့္စြန္းကို တိတ္တဆိတ္ေလး ဆုပ္ကိုင္လိုက္ကာ သူ႔ နဖူးျဖင့္ ေနာက္ေက်ာဘက္နားဆီ အသာထိကပ္ထားလိုက္ၿပီး ႏွလံုးသားထဲမွေန၍ တီးတိုးေရရြတ္ေနမိသည္။

~ မင္းက ထိုက္တန္ၿပီးသားပါ၊ အခုကိုပဲ ထိုက္တန္ေနခဲ့ပါၿပီ ~

" မင္းက ထိုက္တန္တယ္ ေျပာတာနဲ႔ ထိုက္တန္သြားေရာတဲ့လား "

လီက်န္႔ဟုန္းက ေအးစက္စက္ျဖင့္ ႏွာတစ္ခ်က္မႈတ္လိုက္ရင္း ဆိုသည္။

" ငါက အေတြးအေခၚေရွးက်တဲ့ အဖိုးႀကီးတစ္ေယာက္ မဟုတ္ေပမဲ့ ခုေလာေလာဆယ္ ေလနဲ႔ပဲ ​ဂတိေပးႏိုင္တဲ့ လူတစ္ေယာက္လက္ထဲ ငါ့သားကို လက္လြတ္စပယ္ ထည့္မေပးလိုက္ႏိုင္ဘူး၊ လက္ေတြ့သက္ေသျပႏိုင္တဲ့အခါက်မွ ဆက္ေျပာၾကရေအာင္လား "

လီေလာ့၏ ေခါင္းသည္ ဆတ္ခနဲေထာင္ထလာၿပီး ဖခင္ျဖစ္သူကို ႏႈတ္ခမ္းတစ္ေထာ္ေထာ္ျဖင့္ ရန္ေတြ့သည္။

" ပါး၊ ေတာ္သင့္ေနၿပီေနာ္ "

လီက်န္႔ဟုန္းသည္ မျမင္ခ်င္ေယာင္ေဆာင္က လက္ ေဝ႔ွယမ္းျပလိုက္ၿပီး

" ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ ဘာမွ ထပ္မေျပာေတာ့ဘူး၊ ကိစၥေသးေသးေလးတစ္ခုေလာက္ပဲ ေတာင္းဆိုခ်င္တယ္၊ မင္းနဲ႔ ထိုက္တန္တယ္ မထိုက္တန္ဘူးဆိုတာေတာ့ မင္းလက္နဲ႔ ယြမ္သန္းတစ္ရာရွာၿပီး ေနာက္ပိုင္းမွပဲ ဆက္ေျပာၾကတာေပါ့၊ မင္းလည္း သိတဲ့အတိုင္း ငါ့သားက နာမည္ႀကီး ၾကယ္ပြင့္ မဟုတ္လား၊ သူ႔ဖန္ေတြ ဘယ္ေလာက္ေတာင္မွ မ်ားတယ္ဆိုတာ ခုန ေထာင္ေရ႔ွက လူေတြကိုပဲ ၾကည့္၊ သူ႔ကို ႀကိဳက္ၾကတဲ့ သူေတြကလည္း အမ်ားသားဆိုေတာ့ ေရြးခ်ယ္စရာေတြက အမ်ားႀကီးရယ္၊ အဲ့ေတာ့ မင္းက ေအာင္ႏိုင္သူျဖစ္ခ်င္တယ္ဆို အစြမ္းအစရိွေၾကာင္း ထုတ္ျပႏိုင္ရမယ္မလား "

လီေလာ့သည္ လံုးဝသည္းမခံႏိုင္ေတာ့။

" ပါး၊ မင္ယန္ရဲ့ ကုမၸဏီက ခုမွ စၿပီးလည္ပတ္ေနတုန္းရိွေသးတယ္ဆိုေတာ့ ေနာက္ ႏွစ္ႏွစ္၊ သံုးႏွစ္ေလာက္အၾကာမွ ယြမ္းသန္းတစ္ရာေက်ာ္ေလာက္ တန္ဖိုးတက္လာမွာ၊ အဲ့ေတာ့ ပါးက ကြၽန္ေတာ့္ကို ေနာက္ထပ္ ႏွစ္ႏွစ္၊ သံုးႏွစ္ေလာက္ ေစာင့္ေနခိုင္းထားတာေပါ့၊ မင္ယန္၊ ငါ့အေဖ​ ေျပာတာ နားေထာင္မေနနဲ႔၊ သူ မင္းကို အလကား ေလ်ွာက္စေနတာ "

သြမ့္မင္ယန္က သူ႔ကို လွည့္ၾကည့္လာၿပီး ထပ္မေျပာေတာ့ဖို႔ အခ်က္ျပသည္။ ထို႔ေနာက္ လီက်န္႔ဟုန္းဘက္ ျပန္လွည့္လိုက္ၿပီး

" Mr.လီ၊ ခုလို ေလ်ွာ့ေလ်ွာ့ေပါ့ေပါ့ စဥ္းစားေပးတဲ့အတြက္ ေက်းဇူးပါ "

လီေလာ့ : " ဟမ္ ? "

လီက်န္႔ဟုန္းသည္လည္း အနည္းငယ္ အံ့ဩလို႔သြားကာ

" ဒါေတာင္မွ မင္းက ငါ့ကို သေဘာထားႀကီးတဲ့သူလို႔ ထင္ေနတုန္းပဲလား "

သြမ့္မင္ယန္က ေခါင္းညိတ္ျပလိုက္ၿပီး

" ၪီးေလးက ကြၽန္ေတာ့္ရဲ့ အတိတ္ကို ထည့္မေျပာဘဲ ခြင့္လႊတ္ေပးခဲ့တဲ့အတြက္ ေက်းဇူးပါ၊ ခုလို ေမတၲာရပ္ခံတာကလည္း ကြၽန္ေတာ့္ကို အရွက္ရေစခ်င္လို႔ မဟုတ္ဘူးဆိုတာ ေကာင္းေကာင္းႀကီး နားလည္ပါတယ္၊ လီေလာ့အေပၚ ကြၽန္ေတာ့္ရဲ့ ရိုးသားမႈဟာ မွန္ကန္ေၾကာင္း ေသခ်ာေစခ်င္လို႔ ခုလို လုပ္ရတာျဖစ္တဲ့အတြက္ ၪီးေလးက တကယ္ကို ႀကီးျမတ္တဲ့ ဖခင္ေကာင္းတစ္ေယာက္လို႔ပဲ ကြၽန္ေတာ့္စိတ္ထဲ မွတ္ယူပါတယ္ "

ဤသည္ကို ၾကားလိုက္ရသည္တြင္ လီက်န္႔ဟုန္း၏ ႏႈတ္ခမ္းေထာင့္စြန္းေတြသည္ မဆိုစေလာက္ေလး ျမင့္တက္လို႔သြားသည္။ သူသည္ ေခ်ာင္းႏွစ္ခ်က္ခန္႔မ်ွ ဟန္႔လိုက္ၿပီး လက္ခါျပကာ

" ဒီလိုဆို အလုပ္ကိုသာ ႀကိဳးႀကိဳးစားစား လုပ္ "

" ဟုတ္ကဲ့ "

သြမ့္မင္ယန္သည္ ေဘးတြင္ရိွေနသူ၏ လက္ဖဝါးကို ခပ္တင္းတင္း ဆုပ္ကိုင္ထားလိုက္ရင္း အလြန္တရာေလးနက္စြာျဖင့္

" ကြၽန္ေတာ္ အေကာင္းဆံုး ႀကိဳးစားပါ့မယ္ "

လီေလာ့သည္ သြမ့္မင္ယန္ကို တစ္ခ်က္မ်ွ ရိုက္လိုက္ၿပီး

" မင္းက ငတံုးလား၊ ဘာလို႔ ကတိေတြ ေပးေနတာလဲ၊ သူက မင္းကို ဒီအတိုင္းစမ္းသပ္ေနရံုပဲဟာ "

" အိုေက၊ အိုေက၊ ျငင္းခုန္ေနတာေတြ ေတာ္ၿပီ "

တစ္ေလ်ွာက္လံုး ေဘးကေန ၿငိမ္ၿငိမ္သက္သက္ နားေထာင္ေနခဲ့သည့္ ဖုန္႔က်ိအန္းက ဆိုလာသည္။

" ငါ့မွာ နည္းနည္းေလာက္ ေျပာစရာရိွတယ္ "

လီက်န္႔ဟုန္းက ၾကည့္လိုက္ၿပီး

" မင္းလည္း ေတာင္းဆိုစရာမ်ား ရိွေနတာလား "

" ငါက မင္းေလာက္ ဆိုးဝါးမေနဘူး "

ဖုန္႔က်ိအန္းသည္ သြမ့္မင္ယန္ကို ၿပံဳးကာ ၾကည့္လိုက္ရင္း

" ေရွာင္းသြမ့္၊ မင္း ငါ့ ေနရာကို မယူခ်င္ဘူးလား၊ ခုထိေတာ့ သန္းတစ္ရာေလာက္ တန္ဖိုးမရိွေသးဘူးဆိုေပမဲ့ မင္း ကုမၸဏီနဲ႔ ပူးေပါင္းလိုက္မယ္ဆိုရင္ေတာ့ အဲ့ပမာဏကို ေက်ာ္သြားမွာ၊ မင္း ဘက္က သေဘာတူလိုက္တာနဲ႔ အားေလာ့ကို ဘယ္ခ်ိန္မဆို မင္း အိမ္ ေခၚသြားလို႔ရၿပီ "

လီေလာ့သည္ ခ်က္ခ်င္း ဝမ္းသာ၍သြားၿပီး ေပ်ာ္ရႊင္စြာျဖင့္ ေအာ္ဟစ္ေတာ့၏။

" အယ္ကယ္ဖုန္႔က ကြၽန္ေတာ့္အေပၚ အေကာင္းဆံုး "

လီက်န္႔ဟုန္းသည္ ေၾကာင္အအ အမူအရာျဖင့္ ဖုန္႔က်ိအန္းကို ၾကည့္လိုက္ၿပီး

" မင္း ဘယ္လိုေတာင္ အျပင္လူကို မ်က္ႏွာသာေပးႏိုင္ရတာလဲ "

ဖုန္႔က်ိအန္း : " ေရွာင္းသြမ့္က ဘယ္လိုလုပ္ၿပီး အျပင္လူျဖစ္မွာတဲ့လဲ၊ ကေလးေတြကို သြားၿပီး ႏိွပ္စက္မေနနဲ႔ေတာ့၊ ဘာလဲ၊ သူတို႔ ခံစားခဲ့ရတာေတြက မလံုေလာက္ေသးဘူး ထင္လို႔လား "

လီက်န္႔ဟုန္း : " သူတို႔ ဘာေတြပဲ ျဖတ္သန္းခဲ့ရ၊ ျဖတ္သန္းခဲ့ရ၊ ငါ့ရဲ့ ဖခင္ဆိုတဲ့ေနရာကိုေတာ့ ျပေပးရမွာပဲ မဟုတ္ဘူးလား၊ တကယ္ပါပဲ၊ ကုမၸဏီမွာ ငါမရိွဘဲ ဘယ္လိုေတြ လုပ္ေနတယ္ဆိုတာ သိရမွ ျဖစ္ေတာ့မယ္ "

ဖုန္႔က်ိအန္းက ႏွစ္သိမ့္စကားဆိုသည္။

" ငါကလည္း ခုခ်က္ခ်င္းႀကီး ထည့္ေပးလိုက္ဖို႔ ေျပာေနတာ မဟုတ္ပါဘူး၊ ျဖည္းျဖည္းခ်င္းဆီ လႊဲေျပာင္းေပးရင္းနဲ႔မွ သူလည္း ငါတို႔ဘက္က လည္ပတ္ေနတဲ့ စီးပြားေရးပံုစံနဲ႔ က်င့္သားရသြားမွာေပါ့၊ သူ႔မွာလည္း စီးပြားေရးလုပ္ငန္းႀကီးတစ္ခုလံုးကို ၪီးစီးဖူးတဲ့ အေတြ့အႀကံဳရိွၿပီးသားပဲဟာ၊ ငယ္ရြယ္တက္ႂကျြပီး ကတိတစ္လံုးကိုလည္း တည္ေအာင္ ထိန္းသိမ္းႏိုင္တဲ့အျပင္ ငါတို႔ရဲ့ အိမ္သားျဖစ္လာမဲ့သူေလ၊ အဲ့ေလာက္ထိ ယံုၾကည္စိတ္ခ်ဖို႔ ေကာင္းတဲ့သူက ငါ့ ေနရာနဲ႔ မထိုက္တန္ဘူးလား၊ ေျပာ "

လီက်န္႔ဟုန္း : " ငါ သေဘာမတူဘူး၊ ငါ ဒီေနရာမွာ ၪီးေဆာင္ေနသ၍ ငါၿပီးရင္ လုပ္ပိုင္ခြင့္အရိွဆံုးလူက မင္းပဲ ျဖစ္ေနရမယ္ "

လီေလာ့က ကြၽတ္သပ္လိုက္ၿပီး

" ဘာျဖစ္လို႔မ်ား ပါးက အရမ္းလႊမ္းမိုးခ်ဳပ္ကိုင္ခ်င္ေနရတာပဲ၊ အယ္ကယ္ဖုန္႔ ကြၽန္ေတာ္တို႔အတြက္ အလုပ္လုပ္ေပးခဲ့တာ ဘယ္ႏွစ္ႏွစ္ေတာင္မွလဲ၊ ပါး မရိွတုန္း သူ တစ္ေယာက္တည္း ကုမၸဏီကို ၪီးေဆာင္ခဲ့ရတာ၊ ဘယ္ေလာက္ေတာင္မွ ဝန္ႀကီးေနလိုက္မလဲ၊ ခု ပါးလဲ ျပန္ေရာက္လာၿပီ၊ အဲ့ဒါေတာင္ သူမ်ားကို အလြတ္မေပးခ်င္ေသးဘူးလား၊ သူ႔မွာ ခုထိ တစ္စက္ကေလးမွ အနားရေသးတာ မဟုတ္ဘူး "

" အနားယူဖို႔ လိုအပ္ေနတာ ငါတစ္ေယာက္တည္း မဟုတ္ဘူး "

ဖုန္႔က်ိအန္းက လီက်န္႔ဟုန္း၏ ပခံုးကို အသာပုတ္လိုက္ၿပီး

" က်န္႔ဟုန္း၊ မင္းလည္းပဲ အနားယူသင့္တယ္၊ ငါတို႔ေတြက အသက္ရလာၾကၿပီ၊ ဒီမတိုင္ခင္ကလည္း စီးပြားေရးအတြက္ နပန္းလံုးေနရတာနဲ႔ ငါတို႔ အသက္တစ္ဝက္ေလာက္ ကုန္ခဲ့ရၿပီးၿပီ၊ အဲ့ေလာကႀကီးရဲ့ ခ်ိဳၿမိန္မႈေတြကိုေကာ၊ ခါးသီးမႈေတြကို ငါတို႔ အလံုအေလာက္ ေတြ့ႀကံဳခဲ့ၾကၿပီးမွ ကိုယ့္ဘဝရဲ့ က်န္ရိွေနတဲ့အခ်ိန္ေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မျဖတ္သန္းရေသးဘူးဆိုရင္ ေနာင္တရစရာ ျဖစ္မေနဘူးလား၊ ခုက ငါတို႔ သယ္ေဆာင္ထားရတာ မွန္သမ်ွ အငယ္ေတြလက္ထဲ လက္လႊဲေပးလိုက္ဖို႔ပဲ က်န္ေတာ့တာ "

ဤသည္ကို နားေထာင္ၿပီး လီက်န္႔ဟုန္းသည္ တစ္စံုတစ္ရာကို စဥ္းစားမိသြားသည့္အလား ခဏတာမ်ွ ၿငိမ္သက္လို႔သြား၏။

သံပူေနတုန္း နာနာႏွက္သည့္အေနျဖင့္ ဖုန္႔က်ိအန္းက ဆက္ေျပာသည္။

" သူတို႔လက္ထဲ ဝကြက္အပ္ၿပီးတာနဲ႔ ငါတို႔ေတြက ခရီးေတြ ထြက္ၾကမယ္ေလ၊ အထဲမွာရိွေနတုန္းက မင္း ျပန္ထြက္လာရင္ ေနရာအႏွံ႔ခရီးေတြ ထြက္ၾကရေအာင္ဆိုၿပီး ေျပာခဲ့တာ မွတ္မိေသးလား၊ ငါ မင္းကို အေဖာ္လိုက္ေပးမယ္၊ ဂ်ပန္ကို သြားၿပီး ခ်ယ္ရီပန္းပြင့္တာ သြားၾကည့္ၾကမယ္၊ ကာေရဗီယံသြားၿပီး ပင္လယ္ႀကီးကို သြားၾကည့္ၾကမယ္၊ တူရကီကိုသြားၿပီး မိုးပ်ံပူေဖာင္းသြားစီးၾကမယ္၊ ဘယ္လိုလဲ၊ ငါကေတာ့ ခရီးထြက္ရတာ ရံုးခန္းထဲ ထိုင္ၿပီး စာရြက္စာတမ္းအပံုႀကီးကို ထိုင္ၾကည့္ေနရတာထက္စာရင္ အမ်ားႀကီး ပိုေကာင္းတယ္ ထင္မိတာပဲ "

ေနာက္ဆံုးတြင္ လီက်န္႔ဟုန္းသည္ ၿပံဳးလာၿပီး

" မင္း အဲ့လိုေျပာလာမွ ငါ တကယ္ႀကီး အနားယူခ်င္လာသလိုပဲ "

လီေလာ့သည္ ဝမ္းသာရႊင္ျမဴးစြာျဖင့္ ဂုဏ္ျပဳစကားဆိုခါနီးမွ အေတြးတစ္ခုက ရုတ္ျခည္းဝင္လာသည္။

တစ္ခုခုေတာ့ မဟုတ္ေသး။

သူတို႔ေတြသည္ စကားေတြသာ အမ်ားႀကီး ေျပာေနခဲ့ၾကၿပီး ကာယံကံရွင္ ျဖစ္သူ သြမ့္မင္ယံ၏ အေတြးကိုမူ တစ္ခြန္းတစ္ပါဒမ်ွ မေမးၾကည့္ရေသး။

ေကာင္းကင္ဘံုကို ေျခတစ္လွမ္းတည္းျဖင့္ တက္လွမ္းႏိုင္ျခင္းက ေကာင္းသည္ဆိုေသာ္ျငား သြမ့္မင္ယန္ကဲ့သို႔ ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးေလးစားတတ္သူက အရံသင့္ေလးျဖစ္မည့္ သားမက္ေနရာကို ျငင္းဆန္ၿပီး အစကေန စဖို႔ရာကိုသာ ႏွစ္သက္ပါသည္ဟု ဆိုလာလ်ွင္ မည္သို႔လုပ္ရပါမည္နည္း။ ဒီလိုဆိုလ်ွင္ေတာ့ျဖင့္ သူကပဲ ႏွစ္အနည္းငယ္ၾကာေအာင္ ေစာင့္ဆိုင္းရေပၪီးေတာ့မည္။

" မင္ယန္၊ မင္းေကာ ဘယ္လိုထင္လဲ "

သူ႔အေဖႏွင့္ အန္ကယ္ဖုန္႔တို႔ ေဆြးေနြးေနၾကတုန္း သူသည္ သြမ့္မင္ယန္အနားကပ္ကာ ေလသံတိုးတိုးျဖင့္

" အန္ကယ္ဖုန္႔ရဲ့ အဆိုျပဳခ်က္က ငါတို႔ႏွစ္ေယာက္ ေကာင္းဖို႔အတြက္ပါပဲ၊ အဲ့လိုဆိုတိုင္း မင္းဘာသာ အမ်ားႀကီး မရွာႏိုင္ဘူးလို႔ ေျပာခ်င္တာ မဟုတ္ဘူးေနာ္၊ မင္း တစ္ေယာက္တည္းနဲ႔ အဲ့ပမာဏေလာက္ကေတာ့ အသာေလးရွာႏိုင္မယ္ဆိုတာ သိတယ္၊ ငါ့ကို အထင္မမွား ... "

သြမ့္မင္ယန္က ေခါင္းတစ္ခ်က္ဆတ္လိုက္ၿပီး

" ကိုယ္ အထင္လြဲမွာကို စိုးရိမ္ေနတာလား "

လီေလာ့က ေခါင္းအသာညိတ္ျပသည္။

" Mr.လီ၊ မင္းကေတာ့ အေတြးမ်ားေနပါၿပီ "

သြမ့္မင္ယန္သည္ လက္အသာေျမႇာက္ကာ ေခါင္းကို ပြတ္ေပးလိုက္ရင္း

" မင္းအတြက္နဲ႔ သြမ့္အိမ္ကိုေတာင္ အသံုးေတာ္ခံရဲခဲ့ေသးတာ ဘာအတြက္ေၾကာင့္ လီအိမ္ေတာ္ကို အလုပ္အေကြၽးမျပဳႏိုင္ရမွာတဲ့လဲ "

လီေလာ့၏ ႏွလံုးသားေလးသည္ ပ်ားရည္တို႔ျဖင့္ ျပၫ့္ႏွက္သြားရၿပီး ခ်ိဳၿမိန္မႈမ်ားက ဖိတ္လ်ွံက်လုမတတ္ျဖစ္လာသည္။ သူသည္ ေတြးပင္ မေတြးေတာေတာ့ဘဲ ကိုယ္ကို ငံု႔ကိုင္းလိုက္ကာ သြမ့္မင္ယန္၏ ပါးကို ရႊတ္ခနဲ နမ္းလိုက္မိေတာ့သည္။

" ခ်စ္တယ္ "

တစ္ဖက္တြင္ ထိုင္ေနၾကၿပီး အနားယူမည့္ အေၾကာင္းအရာကို ေဆြးေနြးေနၾကသူေတြ၏ စကားသံသည္ တိခနဲ ရပ္တန္႔လို႔သြား၏။

" သူတို႔ကို ၾကည့္ပါၪီး၊ ေဟး "

လီက်န္႔ဟုန္းသည္ သံမဏိျဖစ္မလာသည့္ သံကို မုန္းရကား ျမည္တြန္ေတာက္တီးေတာ့သည္။

" ငါကေတာ့ျဖင့္ သူ႔ကို မထိခိုက္ေအာင္လို႔ ကာကြယ္ေပးလိုက္ရတာ၊ သူကေတာ့ သူ႔ကိုယ္သူ ထုတ္ပိုးၿပီး တစ္ျခားသူကို ေပးပစ္လိုက္ဖို႔ အသင့္ျဖစ္ေနၿပီ "

ဖုန္႔က်ိအန္းက

" သူတို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးက ေကာင္းၿပီးသားပဲဟာကို၊ အဲ့တာကပဲ စိတ္အခ်ရဆံုး အာမခံခ်က္ မဟုတ္ဘူးလား၊ စိတ္ပူမေနနဲ႔၊ ငါ ေရွာင္းသြမ့္ရဲ့ အက်င့္စရိုက္နဲ႔ လုပ္ကိုင္ႏိုင္စြမ္းကို ေတြ့ဖူးၿပီးသား၊ ကုမၸဏီကိုေရာ အားေလာ့ကိုေရာ ထည့္ေပးလိုက္လို႔ ဘာျပႆနာမွ မရိွဘူး၊ မင္းက 'ဟုတ္ကဲ့' လို႔ပဲ ေျပာဖို႔လိုေတာ့တာ၊ ဟမ္၊ ဘယ္လိုလဲ ေရွာင္းသြမ့္ "

သြမ့္မင္ယန္က ေခါင္းညိတ္ျပလိုက္ၿပီး

" ဟုတ္ကဲ့၊ ျပႆနာမရိွပါဘူး "

မည္သူ႔ကိုမွ အေဖာ္စပ္၍ မရေတာ့သည့္ လီက်န္႔ဟုန္းမွာ ဘာမွ မတတ္ႏိုင္ေတာ့ဘဲ

" ေအးပါ ေအးပါ၊ မင္းတို႔ေတြေပါင္းၿပီး ငါ့ကို တိုက္ခိုက္ၾကမွေတာ့ ငါ့မွာ ဘာေရြးခ်ယ္စရာ က်န္မွာတဲ့လဲ၊ ငါ့သားကို ထည့္ေပးလိုက္ဖို႔ပဲရိွေတာ့တာ၊ ဒါေပမဲ့ ရဲေဘာ္သြမ့္၊ ကုမၸဏီကို အလံုးစံု လႊဲမေျပာင္းေပးရေသးခင္ ငါကေတာ့ မင္းကို စမ္းသပ္စရာရိွတာစမ္းသပ္ရၪီးမွာပဲ၊ ဒီေတာ့ မင္းရဲ့ လုပ္ႏိုင္ကိုင္ႏိုင္စြမ္းကို ထုတ္ျပ၊ အက်ိဳးအျမတ္ႏွစ္ဆရေအာင္ ႀကိဳးစား၊ ဘယ္လိုလဲ၊ မင္း လုပ္ႏိုင္မလား "

သြမ့္မင္ယန္က တံု႔ဆိုင္းမႈ အလ်ဥ္းမရိွဘဲ

" ဟုတ္ကဲ့ "

လီေလာ့က မေက်မနပ္ျဖင့္

" အိုး၊ ငါ့တို႔ ပါပါးကေတာ့ ဓားျပတိုက္ေနတာပဲ၊ စမ္းသပ္မယ္လို႔လည္း ေျပာေသးတယ္၊ အျမတ္က် ႏွစ္ဆရမွတဲ့ "

လီက်န္႔ဟုန္းသည္ သူ႔ကိုယ္သူ ဂုဏ္ယူစြာျဖင့္

" ဒါက မင့္အေဖရဲ့ စီးပြားေရးစည္းမ်ဥ္းေတြထဲက တစ္ခုပဲ၊ တစ္ခုခုကို ေပးအပ္လိုက္ရၿပီဆိုရင္ အဲ့ဒီရဲ့ အဖိုးအခကို ျမင့္ႏိုင္သမ်ွ အျမင့္ဆံုးျပန္ရႏိုင္မွ အက်ိဳးအျမတ္ရတယ္လို႔ ေခၚတယ္၊ ေလ့လာသင္ယူလိုက္ၪီး "

လီေလာ့သည္ အခ်ိန္ကုန္ခံကာ ျငင္းဆိုမေနေတာ့ဘဲ သြမ့္မင္ယန္၏ အက်ႌလက္ကို ဆြဲလိုက္ၿပီး

" မင္း ေအးေအးေဆးေဆးသာရွာ၊ သူ႔ကို ဥကၠ႒ေနရာမွာ ႏွစ္အေတာ္ၾကာေအာင္ ထိုင္ခိုင္းပစ္လိုက္၊ သူ႔ဘာသာသူ ခက္ခက္ခဲခဲ လုပ္ေနပါေစ၊ မဟုတ္လည္းသူက သန္မာၿပီးသားပဲေလ "

လီက်န္႔ဟုန္းက နားစြင့္ေနၿပီး

" သားအမိုက္အမဲေလး၊ ငါ အကုန္ၾကားေနရတယ္ေနာ္ "

ဖုန္႔က်ိအန္းက အလ်င္အျမန္ပင္ အာရံုျပန္လႊဲလိုက္ၿပီး အနားယူၿပီးလ်ွင္ ျဖတ္သန္းရမည့္ လွပေသာ္အခ်ိန္ေတြအေၾကာင္းကို ဆက္ေဆြးေနြးေနလိုက္သည္။ ခဏအၾကာတြင္ကား အူလိႈက္သည္းလိႈက္ ရယ္ေမာေနသည့္ လီက်န္႔ဟုန္း၏ ရယ္သံက တစ္ကားလံုးကို လႊမ္းၿခံဳသြားေတာ့သည္။

လီေလာ့က တီးတိုးေရရြတ္သည္။

" ငါတို႔ အယ္ကယ္ဖုန္႔ဆီမွာ ငါ့အေဖ နာခံသြားေအာင္ ေခ်ာ့ႏိုင္တဲ့ အစြမ္းရိွတယ္ "

သြမ့္မင္ယန္က သူ႔ဘက္လွည့္လာၿပီး ခပ္တိုးတိုးေလး ေျပာလာသည္။

" ကိုယ္ တကယ္ပဲ မင္းကို မနာလိုေတာ့ဘူး "

" အယ္၊ ဘာျဖစ္လို႔ "

" မင္း အေဖက မင္းကို အရမ္းခ်စ္တာမို႔ေလ၊ မင္းတို႔ ႏွစ္ေယာက္အၾကားမွာ တကယ္ကိုပဲ ေကာင္းမြန္တဲ့ ဆက္ဆံေရးတစ္ခုရိွတယ္ "

လီေလာ့သည္ သြမ့္မင္ယန္၏ မ်က္ႏွာကို ျပန္ကိုင္လိုက္ၿပီး ခ်ိဳသာသည့္ အၿပံဳးျဖင့္ဆိုလာ၏။

" မင္း အေမကလည္း မင္းကို အရမ္းခ်စ္တာပဲေလ၊ ငါတို႔ေတြ တစ္ရက္ေလာက္ မင္း အေမကို သြားေတြ့ၾကရေအာင္ "

" အင္း၊ သြားၾကမယ္ "

လီေလာ့သည္ သြမ့္မင္ယန္ကို ဖက္လိုက္ၿပီး အနည္းငယ္ တြန္႔ခ်င္ေနသည့္ မ်က္ေမွာင္ကို လက္ျဖင့္ ျဖည္ေပးလိုက္ရင္း

" ငါတို႔မွာ တစ္ေယာက္က ဖခင္ေမတၲာကို ဆံုးရႈံးရၿပီး ေနာက္တစ္ေယာက္က်ေတာ့ မိခင္ေမတၲာကို ဆံုးရႈံးခဲ့ရတယ္၊ ဒါေၾကာင့္မို႔ပဲ ငါတို႔ေတြက တစ္ေယာက္ရဲ့ လိုအပ္ေနတဲ့ ခ်စ္ျခင္းေမတၲာကို ျဖည့္ဆည္းေပးရဖို႔ ခုလို ေတြ့ဆံုၾကရတာေပါ့ "

အႏွီစကားကို ၾကားလိုက္ရသည့္အခါ သြန္႔မင္ယန္သည္လည္းပဲ ၿပံဳး၍လာၿပီး ကားျပတင္းေပါက္ အျပင္ဘက္ဆီမွ ေတာက္ပေနြးေထြးသည့္ ေနအလင္းေရာင္ကို လက္ျဖင့္စီးႀကိဳ ေပြ့ဖက္ထားသည့္ႏွယ္ လီေလာ့ကို ေထြးဖက္လိုက္ကာ ဆိုသည္။

" ဟုတ္တာေပါ့၊ ကိုယ္တို႔ႏွစ္ေယာက္ကို ေကာင္းကင္ဘံုက သတ္မွတ္ေပးခဲ့တာ "

************
💪💪💪

Continue Reading

You'll Also Like

309K 47.4K 35
Title: Social Temperature (社交温度) Author: Not!Pikachu / Ka Bi Qiu (卡比丘) Status: Completed with 33 Chapters Source: https://www.zhenhunxiaoshuo.com/she...
261K 22.3K 72
Unicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်...
466K 84.3K 74
Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you want to read from Chapter(1), please ch...
302K 53.3K 67
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတ...