ပျိုတိုင်းကြိုက်တဲ့နှင်းဆီခို...

By harley__robbie

708K 60K 1.8K

လူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်... More

အခန္း၁ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း၂ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း၃ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၄ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၅ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၆ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၇ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၈ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၉ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၁၀ - ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ႀကီးကို အိမ္ျပန္ေခၚမယ္
အခန္း ၁၁ - ေမတၱာတရားရဲ႕ လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၂ - ေမတၱာတရားရဲ႕ လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၃ - ေမတၱာတရားရဲ႕ လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၄ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၅ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၆ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၇ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
Promotion 📣
အခန္း ၁၈ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၁၉ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၂၀ - ေမတၱာတရားရဲ႕လူပ္႐ွားမႈအေသးအဖြဲမ်ား
အခန္း ၂၁ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၂ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၃ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၄ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၅ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၆ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၇ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၈ - မင္းကိုဘယ္သူဝင္ခြင့္ေပးလို႔လဲ?
အခန္း ၂၉ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၀ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၁ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၂ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၃ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၄ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၅ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
အခန္း ၃၆ - ႐ုပ္႐ွင္အဖြဲ႕ထဲ တရားဝင္ပါျခင္း
I'll be back soon.☺️Sorry Now.
အခန္း ၃၇ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၃၈ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၃၉ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၄၀ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၄၁ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၄၂ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၄၃ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၄၄ - ျပႆနာျဖစ္မွာစိုးတယ္
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇
အခန္း ၄၈
အခန္း ၄၈
အခန္း ၄၉
အခန္း ၅၀
အခန္း ၅၁
အခန္း ၅၂
အခန္း ၅၃
အခန္း ၅၄
အခန္း ၅၅
အခန္း ၅၆
အခန္း ၅၇
အခန္း ၅၈
အခန္း ၅၉
အခန္း ၆၀
အခန္း ၆၁
အခန္း ၆၂
အခန္း ၆၃
အခန္း ၆၄
အခန္း ၆၅
အခန္း ၆၆
အခန္း ၆၇
အခန္း ၆၈
အခန္း ၆၉
အခန္း ၇၀
အခန္း ၇၁
အခန္း ၇၂
အခန္း ၇၃
အခန္း ၇၄
အခန္း ၇၅
Promotion for New Translations
အခန္း ၇၆
အခန္း ၇၇
အခန္း ၇၈
အခန္း ၇၉
အခန္း ၈၀
အခန္း ၈၁
အခန္း ၈၂
အခန္း ၈၃
အခန္း ၈၄ + ၈၅
အခန္း ၈၅ +၈၆
အခန္း ၈၇ + ၈၈
အခန္း ၈၉
အခန်း ၉၀ + ၉၁
အခန်း ၉၂+ ၉၃ + ၉၄
အခန်း ၉၅+ ၉၆ + ၉၇+၉၈
အခန်း ၉၉ + ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄+၁၀၅
အခန်း ၁၀၆ + ၁၀၇
အခန်း ၁၀၈ + ၁၀၉
အခန်း ၁၁၀ + ၁၁၁
အခန်း ၁၁၂ + ၁၁၃ + ၁၁၄
အခန်း ၁၁၅ + ၁၁၆ + ၁၁၇+၁၁၈
အခန်း ၁၁၈ + ၁၁၉ + ၁၂၀
အခန်း ၁၂၁ + ၁၂၂ + ၁၂၃
အခန်း ၁၂၄ + ၁၂၅ + ၁၂၆
အခန်း ၁၂၇ + ၁၂၈ + ၁၂၉
အခန်း ၁၃၀ + ၁၃၁ + ၁၃၂
အခန်း ၁၃၃ + ၁၃၄ + ၁၃၅
အခန်း ၁၃၆ +၁၃၇ +၁၃၈ + ၁၃၉
အခန်း ၁၄၀ + ၁၄၁ + ၁၄၂
အခန်း ၁၄၃ + ၁၄၄ + ၁၄၅
Break For A While
အခန်း ၁၄၆ + ၁၄၇ + ၁၄၈
အခန်း ၁၄၉ + ၁၅၀ + ၁၅၁ + ၁၅၂
အခန်း ၁၅၃ + ၁၅၄ + ၁၅၅ + ၁၅၆
အခန်း ၁၅၇ + ၁၅၈ + ၁၅၉ + ၁၆၀
အခန်း ၁၆၁ + ၁၆၂ + ၁၆၃ + ၁၆၄ + ၁၆၅
အခန်း * ၁၆၆ - ၁၇၀ *
အခန်း * ၁၇၁ - ၁၇၅ *
အခန်း * ၁၇၆ - ၁၈၀ *
အခန်း * ၁၈၁ - ၁၉၀ *
အခန်း * ၁၉၁ - ၂၀၀*
အခန်း *၂၀၁ - ၂၁၀*

Ch 211 - 213

2.1K 70 14
By harley__robbie

ရှင် သူမကို အမြဲချစ်နေမှာလား
+
သံသယအချစ်

လုက လက်သီးဆုပ်လိုက်၏။ သူ့စိတ်ခံစားချက်တွေကို မျိုသိပ်ရင်း "သူက လက်ထပ်ပြီးပြီ" ဟု ခါးသီးစွာ ထုတ်ပြောခဲ့သည်။

အကယ်၍သာ ရှီကျားမူဘက်က မတော်တဆမှုမျိုး မကြုံခဲ့လျှင် သူမကို လက်ထပ်ခွင့်ရနိုင်ပါ့မလား။

သူတို့နှစ်ယောက် လင်မယားအနေနှင့် လူသိရှင်ကြား ရုပ်လုံးပြရမည်ဆိုလျှင်တောင် ရှီကျားမူအဖြစ် သရုပ်ဆောင်ရပေမည်။

လက်ထပ်ပြီး အတူတူရှိနေကြသော်လည်း တဖြည်းဖြည်း အဆုံးသတ်ဆီ ရောက်လာလိမ့်မည်။ သူက ရှီကျားမူ၏အစားထိုးခံသာ။

သူသဘောကျသည့် မိန်းကလေးက အိမ်ထောင်ကျပြီးသား။ သူမတစ်စုံတစ်ယောက်​၏ဇနီးဖြစ်နေပြီ။ ထို့ကြောင့် သူမကို ပွေ့ဖက်ခဲ့ပြီး ဘာကြောင့် သူ့ကိုမချစ်နိုင်ရတာလဲဟူ၍ မေးခဲ့ခြင်းသာ။

မနေ့ညက သူမကိုသတိရမိနေစဉ် သူ့ဝမ်းနည်းမှုကို ပြေပျောက်အောင် အရက်သောက်ခဲ့တာလား။

ထိုသတင်းနှစ်မျိုးစလုံးက သူမကို ဝမ်းသာအားရစေသလို စိတ်ရှုပ်စေသည်။

သူမ​၏အချစ်ပြိုင်ဘက်က ပိုင်ရှင်ရှိသွားသည့်အတွက် ဝမ်းသာမိခဲ့သည်။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ လုဘက်က ထိုသတင်းကြောင့် နာကျင်ခံစားနေမည်ကို သူမ စိုးရိမ်နေခဲ့သည်။

ချောင်က မေးခွန်းမေးရန် တုံ့ဆိုင်းနေဆဲမှာပင်  "သူက လက်ထပ်ပြီးပေမဲ့ ရှင်ကရော သူ့ကို ချစ်နေသေးလား" ဟု မေးခဲ့သည်။

လုက ထိုမေးခွန်းကို ကြားသည့်အခိုက်တွင် စူးစိုက်စိုက်စိုက်ကြည့်ကာ သူ့မျက်လုံးများက တောက်ပလာသည်။

သူ့မျက်လုံးတွေက သူမကို လေးလေးနက်နက်ကြည့်ရင်း သူမဆီ " ဟုတ်တယ်" ဟု ပြောနေပုံပင်။

လုဘက်က တုံ့ပြန်မှုကတော့ ပြတ်ပြတ်သားသား အရိပ်အမြွက်မရှိဘဲ ယိမ်းယိုင်နေလျက်။ ချောင့်နှလုံးသားက အနည်းငယ်နာကျင်သွားပြီး လုကို နောက်ကျောပေးထားလိုက်သည်။ သူမအသံကို တည်ငြိမ်စေရန် ကြိုးစားရင်း ဖြေခဲ့သည်။

"ဒါပေမယ့် သူက အိမ်ထောင်ကျပြီးပြီမလား။ ရှင် သူ့ကိုတစ်သက်လုံး စောင့်နေလို့မရဘူးလေ။"

လွန်ခဲ့သည့်ငါးနှစ်က သူမသည် သူဘယ်တော့မှဖြစ်လာမည်မဟုတ်ကြောင်း သူသိထားပြီးဖြစ်သော်လည်း စွန့်လွှတ်ရန် သူ့ကိုယ်သူ အကြိမ်ကြိမ် ဖြောင်းဖ​ြခဲ့သော်လည်း သူမအပေါ်ထားရှိသော သူ၏ချစ်ခြင်းမေတ္တာသည် ခိုင်မာမြဲမြံပြီး တစ်စက်ကလေးမှ လျော့ပါးမသွားသေးပေ။

သူ၏ပင်ကိုယ်စရိုက်က အဓိကပြဿနာဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် တစ်စုံတစ်ခုကိုမရမရချင်း ဘယ်သောအခါမှ အရှုံးမပေးဘဲ အခြားတစ်ခုကို မရှာနိုင်ပေ။

လွန်ခဲ့သည့် ဆယ့်သုံးနှစ်မှစပြီး သူမက သူ့ဘဝထဲသို့ ဝင်ရောက်ကာ နှလုံးသားထဲသို့ ဝင်ရောက်လာကာ သူ့နှလုံးသားမှာ အခြားသူအတွက် နေရာမရှိခဲ့ပေ။

လုက သူ့နှုတ်ခမ်းကို အနည်းငယ်ကွေးကာ လှောင်ပြောင်သည်။ ရှင်းရှင်းလင်းလင်းနှင့် ပြေပြစ်သောလေသံဖြင့် ပြောလိုက်သည်က...

"ငါသူ့ကို ဆက်မချစ်တော့ဖို့ ဆန္ဒရှိတယ်...ဒါပေမဲ့ ..."

သူ့အသံက အနည်းငယ် အက်ကွဲသွားပြီး ဝမ်းနည်းပူဆွေးမှုတွေ ပြည့်လျှံလာသည်ကိုရိပ်မိလျှင် သူမနှလုံးသားကို နာကျင်စေသည်။

"ငါ မလုပ်နိုင်ဘူး... သူ့ကိုလွှတ်ချလိုက်ဖို့ ကိုယ့်ကိုယ်ကို ဆက်တွန်းအားမပေးနိုင်ဘူး။"

ချောင့်ခမျာ ဆွံ့အသွားခဲ့သည်။

အခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားကာ အိမ်ထဲတွင် ရုပ်ရှင်ကားအသံသာ တစ်ခုတည်းသောအသံဖြစ်လျက်။

လုလည်း သူတို့စကားဝိုင်းက လေးတွဲတွဲဖြစ်လာသည်ကို သဘောပေါက်သွားပုံရသည်။ သူ့အနေနှင့် ဤအကြောင်းအရာကို ဆက်မပြောတော့ဘဲ လုပ်ငန်းနယ်ပယ်က အတင်းအဖျင်းစကားများကိုသာ ကျပန်းပြောခဲ့သည်။

ချောင်ကတော့ အရုပ်ကြိုးပျက်ဖြစ်သွားပြီး  စကားဆက်ပြောဖို့ရာ စိတ်ပါလက်ပါမရှိတော့ပေ။ သို့သော် လုကဆက်စကားပြောနေသောကြောင့် သူမကိုယ်သူမ ဟန်မပျက်စကားပြောရန် တွန်းအားပေးခဲ့ရသည်။

ဤသည်မှာ သူ့ဘက်က သူမကို ပထမဆုံးအကြိမ် စကားအများကြီးပြောဖူးခြင်းဖြစ်ခဲ့သည့်အတွက် သူမကို လွှမ်းခြုံနေသော အသည်းကွဲဝေဒနာကို အနည်းငယ်ပေါ့ပါးစေသည်။ လုနှင့်အတင်းအဖျင်းပြောရင်း တဖြည်းဖြည်း သူမလည်း စိတ်အဆင်ပြေလာသည်။

"XX နဲ့ XX တကယ်အတူတူအိပ်ခဲ့တာလား။"

"XX က XX နဲ့ XX ကို တကယ်လိမ်ခဲ့တာလား။"

"XX နဲ့ XX က တကယ်ကွာရှင်းခဲ့တာလား။"

လုကလည်း သူမ​၏စပ်စပ်စုစုသိချင်စိတ်နှင့်မေးသမျှ မေးခွန်းတစ်ခုပြီးတစ်ခုကို စိတ်ရှည်ရှည်ဖြင့် ပြောခဲ့သည်။ ဟွမ်းယဉ်ရုပ်ရှင်ထုတ်လုပ်ရေးက လူမှုပြဿနာအချို့ကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းခဲ့သည်ကိုပင် ရှင်းပြခဲ့သေးသည်။

ကောင်းကင်ကြီးက မည်းမှောင်လာသည်နှင့်အမျှ တောင်ပေါ်မှ တစ်ဝက်တစ်ပျက် တည်ရှိနေသော အိမ်ကြီးသည် ကြည်လင်သော နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံနှင့် ပြေပြစ်သော မင်းမျိုးမင်းနွယ် ယောက်ျားလေးများ၏အသံဖြင့်သာ ပို၍တိတ်ဆိတ်လာသည်။

လုက ဤမျှရှည်ကြာစွာ စကားစမြည်ပြောဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ သတိပြန်ဝင်လာတော့ ညဉ့်နက်နေပြီဆိုတာ သိလိုက်ရ​၏။

လုဘက်က ယခုစကားဝိုင်းကို အဆုံးမသတ်ချင်သော်လည်း၊ သူမ၏အနားယူခြင်းကို မနှောင့်ယှက်ချင်ပေ။

"နောက်ကျနေပြီပဲ  ရေချိုးပြီး အနားယူလိုက်အုံးလေ။"

အစကတော့ ချောင်လည်း ယခုအိမ်မှာနေဖို့ ရည်ရွယ်ချက်မရှိခဲ့သောကြောင့် သူမလည်း ဘာမှမသယ်လာမိခဲ့ပေ။ လုက သူမကို ရေချိုးဖို့ပြောသောအခါတွင် သူမမှာ ဘာမှဝတ်စရာမပါလာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

လုက သူမ၏အတွေးများက်ု မြင်နေပုံရသည်။ အဝတ်လဲခန်းဘက်သို့ လှည့်ကာ တီရှပ်တစ်ထည်ကို ယူလာခဲ့သည်။

သူမ ရေချိုးခန်းထဲဝင်သွားပြီးနောက် သူ့လက်တော့ပ်ကိုပြန်ဖွင့်သည်။ အလုပ်မှာပဲ စိတ်နှစ်မြှုပ်နေလိုက်သည်။ ထို့နောက် အောက်ဆင်းသွား​၏။

သိပ်မကြာခင်မှာပဲ လုက နွားနို့ပူပူတစ်ခွက်ယူပြီး ပြန်တက်လာသည်။ သူပြန်လာသောအခါ၊ ချောင်က ရေချိုးပြီးနေပြီ။ ဆံပင်ကို အခြောက်လှန်းထားကာ စားပွဲဝိုင်းရှေ့တွင် ထိုင်လိုက်သည်။

သူ၏တီရှပ်အင်္ကျီသည် သူမ၏သေးငယ်သွယ်လျသော ခန္ဓာကိုယ်ပေါ်တွင် ပုံကျလျက်သား။ သူမ၏နက်မှောင်သော ဆံနွယ်များက သူမ၏နောက်ကျောတွင် ပျော့ပျောင်းစွာ တည်ရှိနေသည်။ သူမ၏မျက်နှာသေးသေးလေးမှာ မိတ်ကပ်ကင်းစင်သည်။ ငယ်ငယ်ရွယ်ရွယ် အထက်တန်းကျောင်းတက်စဉ်အခါက  သူမ​၏ငယ်ရုပ်လေးကို သူ မှတ်မိသွားသည်။

ထိုအချိန်တွင် သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အခန်းတစ်ခန်းကို အတူတူသုံးခဲ့ကြသည့်နေ့ကို သတိရမိသည်။ တံခါးဝမှာ ရပ်ရင်း သူမကို တိတ်တဆိတ် စောင့်ကြည့်ရင်း သူ့မျက်ဝန်းများက မျက်ရည်ကြည်တို့ဖြင့် အနည်းငယ် စိုစွတ်လာသည်။ ချောင် သူမဆံပင်ကို ခြောက်သွေ့အောင်လုပ်ပြီးနောက်  သူမဆီကို နွားနို့ပေးရန် သူဖြောင့်ဖြောင့်တန်းတန်း လမ်းလျှောက်လာ​၏။

"ဒါသောက်လိုက်ရင် ပိုအိပ်ပျော်သွားလိမ့်မယ်"

"ကျေးဇူးတင်ပါတယ်။"

ချောင် ခွက်ကိုယူလိုက်ရင်း နွားနို့တစ်ငုံသောက်ပြီးနောက် တစ်ခုခုကို သတိရသွားလျက်။

"ရှင့်မှာ စောင်အပိုရှိလား။ ရှင့်နောက်ကျောက ဒဏ်ရာတစ်ခုရှိနေတော့ ကျွန်မအိပ်တဲ့အကျင့်က မင်းကို ထိခိုက်စေနိုင်တယ်.. ဒါမှမဟုတ် ကျွန်မ ဆိုဖာပေါ်မှာ အိပ်လိုက်မယ်။"

လုနှင့်ချောင် အတူတူအိပ်ချိန်တိုင်းက အရောင်းအဝယ်ပြုလုပ်ရန်သာဖြစ်သည်။

သူ့ဘက်ကကြည့်ရင် သူချစ်သောမိန်းကလေးအပေါ် ရမ္မက်စိတ်မွှန်သည်က သာမာန်ပင်။ သို့သော် အရောင်းအဝယ်သဘောမျိုးဖြင့် အတူတူမအိပ်ချင်ခဲ့ပါ။

မည်သို့ပင်ဆိုစေကာမူ သူတို့​၏အရောင်းအ၀ယ်ပြီးသွားတိုင်းမှာ သူ့ဘက်က သူမကိုထိဖို့ အကြောင်းပြချက်တောင် မရှိခဲ့ပေ။

ဒီည ခံစားချက်က အလွန်ပြီးပြည့်စုံလွန်းသည်။ အစွန်းအထင်းမခံချင်ပေ။ ထို့ကြောင့် သူမဆီက ထိုစကားကို ကြားလိုက်ရသည့်အခိုက်တွင် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြကာ ရေချိုးခန်းထဲဝင်သွားသည်။

သူ့ဒဏ်ရာကြောင့် ရေမချိုးနိုင်ခဲ့ပေ။ ရိုးရိုးရေပက်တိုက်ပြီး အဝတ်အစားလဲရန် အဝတ်လဲခန်းထဲသို့ ဝင်သွား​၏။ သူမထွက်ခင်မှာ စောင်တစ်ထည်ထပ်တွေ့ပြီး ဆိုဖာပေါ်တင်လိုက်သည်။

ဤမြင်ကွင်းသည် ထူးထူးခြားခြား ရင်းနှီးနေပြီး၊ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟန်ကျိုးတွက်ရှိခဲ့သော ညကနှင့် အတူတူပင်။

ချောင်က နို့ခွက်ကို ကိုင်လိုက်ပြီး အနည်းငယ် တုန်လှုပ်သွားသည်။ သူမသည် ခွက်ကို စားပွဲပေါ်တင်ကာ လုကိုကြည့်ရန် ဆိုဖာဆီသို့ လျှောက်သွားသည်။

"ကောင်းသောညပါ။"

"အိပ်ရာပေါ် မှာပဲ သွားအိပ်"

လုက အမိန့်ပေးကာ အိပ်ရာဆီသို့ ညွှန်ပြသည်။

"ဒါပေမယ့် ရှင် ဒဏ်ရာရထားတယ်လေ..."

ချောင်က ဆိုဖာပေါ် အမြန်လှဲလျောင်းရင်း ပြန်ပြောသည်။ လု အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ ခါးငုံ့လိုက်ရင်း သူမကိုယ်ကို အိပ်ရာပေါ်သို့ ချီသွား၏။

အိပ်ရာပေါ်တွင် လုအကြည့်များက ချောင့်မျက်နှာလေးပေါ်သို့ ကျရောက်သွားသည်။ သူမက သူ့ကိုမျက်လုံးပြူးကျယ်ကျယ်လေးဖြင့် မော့ကြည့်လိုက်သည့်အခါ နှစ်ယောက်သားအကြည့်များက စုံစည်းသွားလျက်။

အခန်းတွင်း စိတ်ခံစားချက်များက ပိုပိုပြီး ရှုပ်ထွေးလာလျက်။

သူ့အကြည့်များက ပူနွေးလာပြီး ချောင့်နှလုံးခုန်သံများက မြန်လာရင်း။

ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်သည့်အခါ သူမ​၏မသိစိတ်က မျက်စိမှိတ်ထားရင်း မျက်တောင်များက အနည်းငယ်တုန်နေသည်။ လု​၏နွေးထွေးသောလက်ချောင်းများက ချောင့်မျက်နှာဆီသို့ ရွေ့သွားပြီး ကြင်နာစွာ ပွတ်သပ်ပေးနေသည်။

သူမ၏မျက်တောင်များ လှုပ်ယမ်းသွားကာ သူ့လက်များက သူမနှုတ်ခမ်းပေါ်ရှိ ပိုလျှံနေသော နို့များကို သုတ်ပစ်ခဲ​့ကြောင်း သိလိုက်ရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ အေးစက်စက်နှင်းခဲများအစား နူးညံ့မှုကို တွေ့လိုက်ရသည်။

"ကောင်းသောညပါ။"

လု​၏လက်များက သူမ၏ခေါင်းပေါ်တွင် အကြာကြီးရပ်နေပြီးနောက် ဘာဆက်လုပ်ရမည်ကို မဆုံးဖြတ်နိုင်ပုံပေါ်သည်။ ထို့နောက် သူလည်း သူမခေါင်းလေးကို ညင်သာစွာ ပုတ်လိုက်ရင်း ဆိုဖာဆီသို့ လှည့်သွားခဲ့သည်။

ချောင့်ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူမ မျက်နှာကျက်ကို စိုက်ကြည့်ရင်း မှင်တက်သွား​၏။ မီးများ ပိတ်သွားမှသာ အာရုံများပြန်လည်ရရှိလာသည်။ နောက်ပြန်လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်မှအလင်းရောင်မှိန်မှိန်ဖြင့် ဆိုဖာပေါ်က လုရုပ်ပုံကို ယောင်ဝါးဝါးမြင်နေမိသည်။

ကြင်နာမှုနှင့်နွေးထွေးမှုတို့က သူမကို လွှမ်းခြုံစေခဲ့သည်။

သူမသည် လုဆီက ကျန်ခဲ့သော မွှေးပျံ့သောရနံ့ကိုရှူရှိုက်ရင်း စောင်ခြုံခဲ့သည်။ ဤအနံ့က သူတို့တစ်ခန်းတည်းနေခဲ့သော လွန်ခဲ့သည့်ငါးနှစ်ကနှင့် အတူတူပါပင်။

ညဉ့်နက်နေပြီဖြစ်သော်လည်း နှစ်ယောက်လုံး မအိပ်ကြသေးပေ။ စကားတစ်ခွန်းမှလည်း ပြန် မပြောကြပေ။

အခန်းသည် သူတို့၏အသက်ရှုသံများကိုသာ ကြားရတော့သည်အထိ တိတ်ဆိတ်လာ​၏။ ရံဖန်ရံခါ ပုရစ်ထံအသံများက အခန်းထဲ ဝင်လာသည်။

ချောင်လည်း မည်သည်ကိုမျှမသိတော့ဘဲ သူမ​၏ပင်ပန်းနွမ်းနယ်မှုများ ပြီးဆုံးသွားကာ အိပ်ပျော်သွားခဲ့သည်။

သူမ၏အသက်ရှုသံသည် နောက်ဆုံးတွင် ပိုရှည်လျားလာသောအခါ၊ လုက မမတ်တတ်မရပ်မီ သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ကုတင်ပေါ် လျှောက်သွားကာ သူမမျက်နှာခေးကို ငုံ့ကြည့်သည်။ သူမ အိပ်ပျော်သွားသောအခါတွင် သူမ၏အသွင်အပြင်သည် ခါတိုင်းထက်ပို၍ နွေးထွေးနေပုံပေါ်သည်။

အချိန်အတော်ကြာပြီးနောက် သူမလေး​၏နူးညံ့သော မျက်နှာလှလှလေးကိုထိတွေ့ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို နှိမ့်ချကာ သူမနဖူးပေါ် မှာ နူးညံ့သိမ်မွေ့လှသည့် အကြင်နာအနမ်းတစ်ခုကို အချိန်အတော်ကြာသည်အထိပေးခဲ့လျက်။

သူ့ကိုယ်ကိုပြန်ခွာဖို့ တွန်းအားပေးရင်း ဆေးလိပ်တစ်ဗူးနှင့်အတူ အခန်းထဲကနေ ထွက်သွားသည် ။

သို့ဖြစ်လျှင် လု နောက်ကျောက ဒဏ်ရာသည် လေးရက်အကြာတွင် သက်သာသွားသည်။

ထိုလေးရက်အတွင်း ချောင်သည် သူနှင့်အတူလိုက်ရန် အိမ်ကြီးတွင် နေထိုင်ခဲ့သည်။

ထိုလေးရက်သည် သူတို့အတူတကွနေထိုင်ခဲ့သည့် အချိန်အကြာဆုံးဖြစ်ခဲ့ရုံမက သူတို့ပြောခဲ့သောစကားများသည် လွန်ခဲ့သော ဆယ့်သုံးနှစ်ကထက် ပိုမိုများပြားခဲ့သည်။

ငါးရက်မြောက်နေ့တွင် လုဘက်က သူ့လက်ထောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီး သူတက်ရောက်ရန် လိုအပ်သည့် အစည်းအဝေးတစ်ခုရှိနေသည်။ ထိုနေ့တွင် နှစ်ယောက်လုံး အိမ်ကြီးမှ ထွက်သွားကြသည်။

လုကားသည် မြို့ထဲတွင်ရှိနေသောကြောင့် ချောင့်ကားကို မောင်းခဲ့သည်။

သူသည် ဟွမ်းယဉ်ရုပ်ရှင်ထုတ်လုပ်ရေးသို့ မောင်းလာပြီး ထိုနေရာတွင် ရပ်လိုက်သည်။ ကားသော့ကိုလှည့်ပြီး စက်သတ်လိုက်သည်။ သူမကို စောင့်နေခဲ့သည်။ ထို့နောက် ဓါတ်လှေကားဆီကို လျှောက်သွား​၏။

ခပ်ဝေးဝေးမှ တစ်ယောက်ယောက်က သူတို့နှစ်ယောက်​၏မြင်ကွင်းတစ်ခုလုံးကို သေချာကြည့်နေခဲ့သည်။

----------------------------------

အိုက်ဂူး....အကြာကြီးမှ update ပေးတဲ့အတွက် တောင်းပန်ပါတယ်🥹 အစက (၁၀) ပိုင်း တင်ပေးမလို့ပါ။ Update လို့ အော်နေကြလို့ (၃) ပိုင်းကို အမြန်editပြီး တင်ထားပေးတာ။ နောက်တော့ သေချာလေး ဘာသာပြန် edit ပြီး ၁၀ ပိုင်းစီ တင်ပေးသွားချင်ပါတယ်။

ဒီအော်သာပျားက OC လောကမှာ ပျော်မွေ့နေတာကတစ်ကြောင်း၊ အလုပ်များတာကတစ်ကြောင်း စသဖြင့် လုနဲ့ချောင်တို့လို မွေးစားသားသမီးလေးတွေကို ပစ်ထားမိခဲ့ပါတယ်။

ကလောင်အသစ်က မေရော်ဘီဘီးလေးပါ💌

နောက်ပြီး မကြာသေးခင်ကမှ Review Page တစ်ခုကို ထောင်ခဲ့ပါတယ်။

ဘာသာပြန်အပြင် အော်သာ့ရဲ့OC တွေကိုလည်း အားပေးနိုင်ပါတယ်။ အရင်ကထက် အစပေါင်းများစွာ အရေးအသား ပြေပြစ်သေသပ်ပြီး plot ဆန်းဆန်းပြားပြားတွေ ဖန်တီးနိုင်နေပြီဖြစ်လို့ လာဖတ်တဲ့အခါ စိတ်ပျက်ရမှာ မဟုတ်ပါဘူး။

Update လေးပဲ ကြာမှာ အဟဲ....

ချောင်နဲ့လုကို Update အရမ်းမမြန်နိုင်ပေမယ့် ပျားပျားနိုင်သလောက် အချစ်ကလေးတို့အတွက် အရင်ကလောက် အဆက်မပြတ်တော့အောင် ကြိုးစားတင်ပေးသွားပါ့မယ်နော်🫶💘

ခုဘာသာပြန်လေးကို စိတ်တော်တော်ရှည်ရှည် စောင့်ဆိုင်းပေးနေလို့ အာဘွားများကြီးယူပါနော်🫦




💓Zawgyi💓

ရွင္ သူမကို အၿမဲခ်စ္ေနမွာလား
+
သံသယအခ်စ္

လုက လက္သီးဆုပ္လိုက္၏။ သူ႔စိတ္ခံစားခ်က္ေတြကို မ်ိဳသိပ္ရင္း "သူက လက္ထပ္ၿပီးၿပီ" ဟု ခါးသီးစြာ ထုတ္ေျပာခဲ့သည္။

အကယ္၍သာ ရွီက်ားမူဘက္က မေတာ္တဆမႈမ်ိဳး မႀကဳံခဲ့လွ်င္ သူမကို လက္ထပ္ခြင့္ရႏိုင္ပါ့မလား။

သူတို႔ႏွစ္ေယာက္ လင္မယားအေနႏွင့္ လူသိရွင္ၾကား ႐ုပ္လုံးျပရမည္ဆိုလွ်င္ေတာင္ ရွီက်ားမူအျဖစ္ သ႐ုပ္ေဆာင္ရေပမည္။

လက္ထပ္ၿပီး အတူတူရွိေနၾကေသာ္လည္း တျဖည္းျဖည္း အဆုံးသတ္ဆီ ေရာက္လာလိမ့္မည္။ သူက ရွီက်ားမူ၏အစားထိုးခံသူသာ။

သူသေဘာက်သည့္ မိန္းကေလးက အိမ္ေထာင္က်ၿပီးသား။ သူမတစ္စုံတစ္ေယာက္၏ဇနီးျဖစ္ေနၿပီ။ ထို႔ေၾကာင့္ သူမကို ေပြ႕ဖက္ခဲ့ၿပီး ဘာေၾကာင့္ သူ႔ကိုမခ်စ္ႏိုင္ရတာလဲဟူ၍ ေမးခဲ့ျခင္းသာ။

မေန႔ညက သူမကိုသတိရမိေနစဥ္ သူ႔ဝမ္းနည္းမႈကို ေျပေပ်ာက္ေအာင္ ေသာက္သြားခဲ့တာလား။

ထိုသတင္းႏွစ္မ်ိဳးစလုံးက သူမက္ု ဝမ္းသာအားရေစသလို စိတ္ရႈပ္ေစသည္။

သူမ၏အခ်စ္ၿပိဳင္ဘက္က ပိုင္ရွင္ရွိသြားသည့္အတြက္ ဝမ္းသာမိခဲ့သည္။ သို႔ေပမဲ့ တစ္ခ်ိန္တည္းမွာပဲ လုဘက္က ထိုသတင္းေၾကာင့္ နာက်င္ခံစားေနမည္ကို သူမ စိုးရိမ္ေနခဲ့သည္။

ေခ်ာင္က ေမးခြန္းေမးရန္ တုံ႔ဆိုင္းေနဆဲမွာပင္  "သူမလက္ထပ္ၿပီးေပမဲ့ ရွင္ သူ႔ကို ခ်စ္ေနေသးလား" ဟု ေမးခဲ့သည္။

လုက ထိုေမးခြန္းကို ၾကားသည့္အခိုက္တြင္ စူးစိုက္စိုက္စိုက္ၾကည့္ကာ သူ႔မ်က္လုံးမ်ားက ေတာက္ပလာသည္။

သူ႔မ်က္လုံးေတြက သူမကို ေလးေလးနက္နက္ၾကည့္ရင္း သူမဆီ " ဟုတ္တယ္" ဟု ေျပာေနပုံပင္။

လုဘက္က တုံ႔ျပန္မႈကေတာ့ ျပတ္ျပတ္သားသား အရိပ္အႁမြက္မရွိဘဲ ယိမ္းယိုင္ေနလ်က္။ ေခ်ာင့္ႏွလုံးသားက အနည္းငယ္နာက်င္သြားၿပီး လုကို ေနာက္ေက်ာေပးထားလိုက္သည္။ သူမအသံကို တည္ၿငိမ္ေစရန္ ႀကိဳးစားရင္း ေျဖခဲ့သည္။

"ဒါေပမယ့္ သူက အိမ္ေထာင္က်ၿပီးၿပီမလား။ ရွင္ သူ႔ကိုတစ္သက္လုံး ေစာင့္ေနလို႔မရဘူးေလ။"

လြန္ခဲ့သည့္ငါးႏွစ္က သူမသည္ သူဘယ္ေတာ့မွျဖစ္လာမည္မဟုတ္ေၾကာင္း သူသိထားၿပီးျဖစ္ေသာ္လည္း စြန႔္လႊတ္ရန္ သူ႔ကိုယ္သူ အႀကိမ္ႀကိမ္ ေျဖာင္းဖၿခဲ့ေသာ္လည္း သူမအေပၚထားရွိေသာ သူ၏ခ်စ္ျခင္းေမတၱာသည္ ခိုင္မာၿမဲၿမံၿပီး တစ္စက္ကေလးမွ ေလ်ာ့ပါးမသြားေသးေပ။

သူ၏ပင္ကိုယ္စ႐ိုက္က အဓိကျပႆနာျဖစ္ေကာင္းျဖစ္ႏိုင္သည္။ သူသည္ တစ္စုံတစ္ခုကိုမရမရခ်င္း ဘယ္ေသာအခါမွ အရႈံးမေပးဘဲ အျခားတစ္ခုကို မရွာႏိုင္ေပ။

လြန္ခဲ့သည့္ ဆယ့္သုံးႏွစ္မွစၿပီး သူမက သူ႔ဘဝထဲသို႔ ဝင္ေရာက္ကာ ႏွလုံးသားထဲသို႔ ဝင္ေရာက္လာကာ သူ႔ႏွလုံးသားမွာ အျခားသူအတြက္ ေနရာမရွိခဲ့ေပ။

လုက သူ႔ႏႈတ္ခမ္းကို အနည္းငယ္ေကြးကာ ေလွာင္ေျပာင္သည္။ ရွင္းရွင္းလင္းလင္းႏွင့္ ေျပျပစ္ေသာေလသံျဖင့္ ေျပာလိုက္သည္က...

"ငါသူ႔ကို ဆက္မခ်စ္ေတာ့ဖို႔ ဆႏၵရွိတယ္...ဒါေပမဲ့ ..."

သူ႔အသံက အနည္းငယ္ အက္ကြဲသြားၿပီး ဝမ္းနည္းပူေဆြးမႈေတြ ျပည့္လွ်ံလာသည္ကိုရိပ္မိလွ်င္ သူမႏွလုံးသားကို နာက်င္ေစသည္။

"ငါ မလုပ္ႏိုင္ဘူး... သူ႔ကိုလႊတ္ခ်လိုက္ဖို႔ ကိုယ့္ကိုယ္ကို ဆက္တြန္းအားမေပးႏိုင္ဘူး။"

ေခ်ာင့္ခမ်ာ ဆြံ႕အသြားခဲ့သည္။

အခန္းသည္ တိတ္ဆိတ္ၿငိမ္သက္သြားကာ အိမ္ထဲတြင္ ႐ုပ္ရွင္ကားအသံသာ တစ္ခုတည္းေသာအသံျဖစ္လ်က္။

လုလည္း သူတို႔စကားဝိုင္းက ေလးတြဲတြဲျဖစ္လာသည္ကို သေဘာေပါက္သြားပုံရသည္။ သူ႔အေနႏွင့္ ဤအေၾကာင္းအရာကို ဆက္မေျပာေတာ့ဘဲ လုပ္ငန္းနယ္ပယ္က အတင္းအဖ်င္းစကားမ်ားကိုသာ က်ပန္းေျပာခဲ့သည္။

ေခ်ာင္ကေတာ့ အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားၿပီး  စကားဆက္ေျပာဖို႔ရာ စိတ္ပါလက္ပါမရွိေတာ့ေပ။ သို႔ေသာ္ လုကဆက္စကားေျပာေနေသာေၾကာင့္ သူမကိုယ္သူမ ဟန္မပ်က္စကားေျပာရန္ တြန္းအားေပးခဲ့ရသည္။

ဤသည္မွာ သူ႔ဘက္က သူမကို ပထမဆုံးအႀကိမ္ စကားအမ်ားႀကီးေျပာဖူးျခင္းျဖစ္ခဲ့သည့္အတြက္ သူမကို လႊမ္းၿခဳံေနေသာ အသည္းကြဲေဝဒနာကို အနည္းငယ္ေပါ့ပါးေစသည္။ လုႏွင့္အတင္းအဖ်င္းေျပာရင္း တျဖည္းျဖည္း သူမလည္း စိတ္အဆင္ေျပလာသည္။

"XX နဲ႔ XX တကယ္အတူတူအိပ္ခဲ့တာလား။"

"XX က XX နဲ႔ XX ကို တကယ္လိမ္ခဲ့တာလား။"

"XX နဲ႔ XX က တကယ္ကြာရွင္းခဲ့တာလား။"

လုကလည္း သူမ၏စပ္စပ္စုစုသိခ်င္စိတ္ႏွင့္ေမးသမွ် ေမးခြန္းတစ္ခုၿပီးတစ္ခုကို စိတ္ရွည္ရွည္ျဖင့္ ေျပာခဲ့သည္။ ဟြမ္းယဥ္႐ုပ္ရွင္ထုတ္လုပ္ေရးက လူမႈျပႆနာအခ်ိဳ႕ကို မည္သို႔မည္ပုံ ကိုင္တြယ္ေျဖရွင္းခဲ့သည္ကိုပင္ ရွင္းျပခဲ့ေသးသည္။

ေကာင္းကင္ႀကီးက မည္းေမွာင္လာသည္ႏွင့္အမွ် ေတာင္ေပၚမွ တစ္ဝက္တစ္ပ်က္ တည္ရွိေနေသာ အိမ္ႀကီးသည္ ၾကည္လင္ေသာ ႏူးညံ့သိမ္ေမြ႕ေသာ အမ်ိဳးသမီးအသံႏွင့္ ေျပျပစ္ေသာ မင္းမ်ိဳးမင္းႏြယ္ ေယာက္်ားေလးမ်ား၏အသံျဖင့္သာ ပို၍တိတ္ဆိတ္လာသည္။

လုက ဤမွ်ရွည္ၾကာစြာ စကားစျမည္ေျပာဖူးသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည္။ သူ သတိျပန္ဝင္လာေတာ့ ညဥ့္နက္ေနၿပီဆိုတာ သိလိုက္ရ၏။

လုဘက္က ယခုစကားဝိုင္းကို အဆုံးမသတ္ခ်င္ေသာ္လည္း၊ သူမ၏အနားယူျခင္းကို မေႏွာင့္ယွက္ခ်င္ေပ။

"ေနာက္က်ေနၿပီပဲ ေရခ်ိဳးၿပီး အနားယူလိုက္အုံးေလ။"

အစကေတာ့ ေခ်ာင္လည္း ယခုအိမ္မွာေနဖို႔ ရည္႐ြယ္ခ်က္မရွိခဲ့ေသာေၾကာင့္ သူမလည္း ဘာမွမသယ္လာမိခဲ့ေပ။ လုက သူမကို ေရခ်ိဳးဖို႔ေျပာေသာအခါတြင္ သူမမွာ ဘာမွဝတ္စရာမပါလာသျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

လုက သူမ၏အေတြးမ်ားက္ု ျမင္ေနပုံရသည္။ အဝတ္လဲခန္းဘက္သို႔ လွည့္ကာ တီရွပ္တစ္ထည္ကို ယူလာခဲ့သည္။

သူမ ေရခ်ိဳးခန္းထဲဝင္သြားၿပီးေနာက္ သူ႔လက္ေတာ့ပ္ကိုျပန္ဖြင့္သည္။ အလုပ္မွာပဲ စိတ္ႏွစ္ျမႇဳပ္ေနလိုက္သည္။ ထို႔ေနာက္ ေအာက္ဆင္းသြား၏။

သိပ္မၾကာခင္မွာပဲ လုက ႏြားႏို႔ပူပူတစ္ခြက္ယူၿပီး ျပန္တက္လာသည္။ သူျပန္လာေသာအခါ၊ ေခ်ာင္က ေရခ်ိဳးၿပီးေနၿပီ။ ဆံပင္ကို အေျခာက္လွန္းထားကာ စားပြဲဝိုင္းေရွ႕တြင္ ထိုင္လိုက္သည္။

သူ၏တီရွပ္အက်ႌသည္ သူမ၏ေသးငယ္သြယ္လ်ေသာ ခႏၶာကိုယ္ေပၚတြင္ ပုံက်လ်က္သား။ သူမ၏နက္ေမွာင္ေသာ ဆံႏြယ္မ်ားက သူမ၏ေနာက္ေက်ာတြင္ ေပ်ာ့ေပ်ာင္းစြာ တည္ရွိေနသည္။ သူမ၏မ်က္ႏွာေသးေသးေလးမွာ မိတ္ကပ္ကင္းစင္သည္။ ငယ္ငယ္႐ြယ္႐ြယ္ အထက္တန္းေက်ာင္းတက္စဥ္အခါက  သူမ၏ငယ္႐ုပ္ေလးကို သူ မွတ္မိသြားသည္။

ထိုအခ်ိန္တြင္ သူသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက အခန္းတစ္ခန္းကို အတူတူသုံးခဲ့ၾကသည့္ေန႔ကို သတိရမိသည္။ တံခါးဝမွာ ရပ္ရင္း သူမကို တိတ္တဆိတ္ ေစာင့္ၾကည့္ရင္း သူ႔မ်က္ဝန္းမ်ားက မ်က္ရည္ၾကည္တို႔ျဖင့္ အနည္းငယ္ စိုစြတ္လာသည္။ ေခ်ာင္ သူမဆံပင္ကို ေျခာက္ေသြ႕ေအာင္လုပ္ၿပီးေနာက္  သူမဆီကို ႏြားႏို႔ေပးရန္ သူေျဖာင့္ေျဖာင့္တန္းတန္း လမ္းေလွ်ာက္လာ၏။

"ဒါေသာက္လိုက္ရင္ ပိုအိပ္ေပ်ာ္သြားလိမ့္မယ္"

"ေက်းဇူးတင္ပါတယ္။"

ေခ်ာင္ ခြက္ကိုယူလိုက္ရင္း ႏြားႏို႔တစ္ငုံေသာက္ၿပီးေနာက္ တစ္ခုခုကို သတိရသြားလ်က္။

"ရွင့္မွာ ေစာင္အပိုရွိလား။ ရွင့္ေနာက္ေက်ာက ဒဏ္ရာတစ္ခုရွိေနေတာ့ ကြၽန္မအိပ္တဲ့အက်င့္က မင္းကို ထိခိုက္ေစႏိုင္တယ္.. ဒါမွမဟုတ္ ကြၽန္မ ဆိုဖာေပၚမွာ အိပ္လိုက္မယ္။"

လုႏွင့္ေခ်ာင္ အတူတူအိပ္ခ်ိန္တိုင္းက အေရာင္းအဝယ္ျပဳလုပ္ရန္သာျဖစ္သည္။

သူ႔ဘက္ကၾကည့္ရင္ သူခ်စ္ေသာမိန္းကေလးအေပၚ ရမၼက္စိတ္မႊန္သည္က သာမာန္ပင္။ သို႔ေသာ္ အေရာင္းအဝယ္သေဘာမ်ိဳးျဖင့္ အတူတူမအိပ္ခ်င္ခဲ့ပါ။

မည္သို႔ပင္ဆိုေစကာမူ သူတို႔၏အေရာင္းအဝယ္ၿပီးသြားတိုင္းမွာ သူ႔ဘက္က သူမကိုထိဖို႔ အေၾကာင္းျပခ်က္ေတာင္ မရွိခဲ့ေပ။

ဒီည ခံစားခ်က္က အလြန္ၿပီးျပည့္စုံလြန္းသည္။ အစြန္းအထင္းမခံခ်င္ေပ။ ထို႔ေၾကာင့္ သူမဆီက ထိုစကားကို ၾကားလိုက္ရသည့္အခိုက္တြင္ ေပါ့ေပါ့ပါးပါး ေခါင္းညိတ္ျပကာ ေရခ်ိဳးခန္းထဲဝင္သြားသည္။

သူ႔ဒဏ္ရာေၾကာင့္ ေရမခ်ိဳးႏိုင္ခဲ့ေပ။ ႐ိုး႐ိုးေရပက္တိုက္ၿပီး အဝတ္အစားလဲရန္ အဝတ္လဲခန္းထဲသို႔ ဝင္သြား၏။ သူမထြက္ခင္မွာ ေစာင္တစ္ထည္ထပ္ေတြ႕ၿပီး ဆိုဖာေပၚတင္လိုက္သည္။

ဤျမင္ကြင္းသည္ ထူးထူးျခားျခား ရင္းႏွီးေနၿပီး၊ ၎သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ဟန္က်ိဳးတြက္ရွိခဲ့ေသာ ညကႏွင့္ အတူတူပင္။

ေခ်ာင္က ႏို႔ခြက္ကို ကိုင္လိုက္ၿပီး အနည္းငယ္ တုန္လႈပ္သြားသည္။ သူမသည္ ခြက္ကို စားပြဲေပၚတင္ကာ လုကိုၾကည့္ရန္ ဆိုဖာဆီသို႔ ေလွ်ာက္သြားသည္။

"ေကာင္းေသာညပါ။"

"အိပ္ရာေပၚ မွာပဲ သြားအိပ္"

လုက အမိန႔္ေပးကာ အိပ္ရာဆီသို႔ ၫႊန္ျပသည္။

"ဒါေပမယ့္ ရွင္ ဒဏ္ရာရထားတယ္ေလ..."

ေခ်ာင္က ဆိုဖာေပၚ အျမန္လွဲေလ်ာင္းရင္း ျပန္ေျပာသည္။ လု အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ ခါးငုံ႔လိုက္ရင္း သူမကိုယ္ကို အိပ္ရာေပၚသို႔ ခ်ီသြား၏။

အိပ္ရာေပၚတြင္ လုအၾကည့္မ်ားက ေခ်ာင့္မ်က္ႏွာေလးေပၚသို႔ က်ေရာက္သြားသည္။ သူမက သူ႔ကိုမ်က္လုံးျပဴးက်ယ္က်ယ္ေလးျဖင့္ ေမာ့ၾကည့္လိုက္သည့္အခါ ႏွစ္ေယာက္သားအၾကည့္မ်ားက စုံစည္းသြားလ်က္။

အခန္းတြင္း စိတ္ခံစားခ်က္မ်ားက ပိုပိုၿပီး ရႈပ္ေထြးလာလ်က္။

သူ႔အၾကည့္မ်ားက ပူေႏြးလာၿပီး ေခ်ာင့္ႏွလုံးခုန္သံမ်ားက ျမန္လာရင္း။

႐ုတ္တရက္ သူ႔လက္ကို ဆန႔္ထုတ္လိုက္သည့္အခါ သူမ၏မသိစိတ္က မ်က္စိမွိတ္ထားရင္း မ်က္ေတာင္မ်ားက အနည္းငယ္တုန္ေနသည္။ လု၏ေႏြးေထြးေသာလက္ေခ်ာင္းမ်ားက ေခ်ာင့္မ်က္ႏွာဆီသို႔ ေ႐ြ႕သြားၿပီး ၾကင္နာစြာ ပြတ္သပ္ေပးေနသည္။

သူမ၏မ်က္ေတာင္မ်ား လႈပ္ယမ္းသြားကာ သူ႔လက္မ်ားက သူမႏႈတ္ခမ္းေပၚရွိ ပိုလွ်ံေနေသာ ႏို႔မ်ားကို သုတ္ပစ္ခဲ့ေၾကာင္း သိလိုက္ရသည္။ သူမ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးထဲမွာ ေအးစက္စက္ႏွင္းခဲမ်ားအစား ႏူးညံ့မႈကို ေတြ႕လိုက္ရသည္။

"ေကာင္းေသာညပါ။"

လု၏လက္မ်ားက သူမ၏ေခါင္းေပၚတြင္ အၾကာႀကီးရပ္ေနၿပီးေနာက္ ဘာဆက္လုပ္ရမည္ကို မဆုံးျဖတ္ႏိုင္ပုံေပၚသည္။ ထို႔ေနာက္ သူလည္း သူမေခါင္းေလးကို ညင္သာစြာ ပုတ္လိုက္ရင္း ဆိုဖာဆီသို႔ လွည့္သြားခဲ့သည္။

ေခ်ာင့္ကမာၻႀကီးတစ္ခုလုံး ရပ္တန႔္သြားသလို ခံစားလိုက္ရသည္။

သူမ မ်က္ႏွာက်က္ကို စိုက္ၾကည့္ရင္း မွင္တက္သြား၏။ မီးမ်ား ပိတ္သြားမွသာ အာ႐ုံမ်ားျပန္လည္ရရွိလာသည္။ ေနာက္ျပန္လွည့္ၾကည့္လိုက္ေတာ့ ျပတင္းေပါက္မွအလင္းေရာင္မွိန္မွိန္ျဖင့္ ဆိုဖာေပၚက လု႐ုပ္ပုံကို ေယာင္ဝါးဝါးျမင္ေနမိသည္။

ၾကင္နာမႈႏွင့္ေႏြးေထြးမႈတို႔က သူမကို လႊမ္းၿခဳံေစခဲ့သည္။

သူမသည္ လုဆီက က်န္ခဲ့ေသာ ေမႊးပ်ံ႕ေသာရနံ႔ကိုရွဴရႈိက္ရင္း ေစာင္ၿခဳံခဲ့သည္။ ဤအနံ႔က သူတို႔တစ္ခန္းတည္းေနခဲ့ေသာ လြန္ခဲ့သည့္ငါးႏွစ္ကႏွင့္ အတူတူပါပင္။

ညဥ့္နက္ေနၿပီျဖစ္ေသာ္လည္း ႏွစ္ေယာက္လုံး မအိပ္ၾကေသးေပ။ စကားတစ္ခြန္းမွလည္း ျပန္ မေျပာၾကေပ။

အခန္းသည္ သူတို႔၏အသက္ရႈသံမ်ားကိုသာ ၾကားရေတာ့သည္အထိ တိတ္ဆိတ္လာ၏။ ရံဖန္ရံခါ ပုရစ္ထံအသံမ်ားက အခန္းထဲ ဝင္လာသည္။

ေခ်ာင္လည္း မည္သည္ကိုမွ်မသိေတာ့ဘဲ သူမ၏ပင္ပန္းႏြမ္းနယ္မႈမ်ား ၿပီးဆုံးသြားကာ အိပ္ေပ်ာ္သြားခဲ့သည္။

သူမ၏အသက္ရႈသံသည္ ေနာက္ဆုံးတြင္ ပိုရွည္လ်ားလာေသာအခါ၊ လုက မမတ္တတ္မရပ္မီ သူ႔ခႏၶာကိုယ္ကို အနည္းငယ္ လႈပ္ရွားလိုက္သည္။ ကုတင္ေပၚ ေလွ်ာက္သြားကာ သူမမ်က္ႏွာေခးကို ငုံ႔ၾကည့္သည္။ သူမ အိပ္ေပ်ာ္သြားေသာအခါတြင္ သူမ၏အသြင္အျပင္သည္ ခါတိုင္းထက္ပို၍ ေႏြးေထြးေနပုံေပၚသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူမေလး၏ႏူးညံ့ေသာ မ်က္ႏွာလွလွေလးကိုထိေတြ႕ရန္ သူ႔လက္ကို ဆန႔္ထုတ္လိုက္သည္။ သူ႔ခႏၶာကိုယ္ကို ႏွိမ့္ခ်ကာ သူမနဖူးေပၚ မွာ ႏူးညံ့သိမ္ေမြ႕လွသည့္ အၾကင္နာအနမ္းတစ္ခုကို အခ်ိန္အေတာ္ၾကာသည္အထိေပးခဲ့လ်က္။

သူ႔ကိုယ္ကိုျပန္ခြာဖို႔ တြန္းအားေပးရင္း ေဆးလိပ္တစ္ဗူးႏွင့္အတူ အခန္းထဲကေန ထြက္သြားသည္

သို႔ျဖစ္လွ်င္ လု ေနာက္ေက်ာက ဒဏ္ရာသည္ ေလးရက္အၾကာတြင္ သက္သာသြားသည္။

ထိုေလးရက္အတြင္း ေခ်ာင္သည္ သူႏွင့္အတူလိုက္ရန္ အိမ္ႀကီးတြင္ ေနထိုင္ခဲ့သည္။

ထိုေလးရက္သည္ သူတို႔အတူတကြေနထိုင္ခဲ့သည့္ အခ်ိန္အၾကာဆုံးျဖစ္ခဲ့႐ုံမက သူတို႔ေျပာခဲ့ေသာစကားမ်ားသည္ လြန္ခဲ့ေသာ ဆယ့္သုံးႏွစ္ကထက္ ပိုမိုမ်ားျပားခဲ့သည္။

ငါးရက္ေျမာက္ရက္တြင္ လုဘက္က သူ႔လက္ေထာက္ထံမွ ဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရရွိၿပီး သူတက္ေရာက္ရန္ လိုအပ္သည့္ အစည္းအေဝးတစ္ခုရွိေနသည္။ ထိုေန႔တြင္ ႏွစ္ေယာက္လုံး အိမ္ႀကီးမွ ထြက္သြားၾကသည္။

လုကားသည္ ၿမိဳ႕ထဲတြင္ရွိေနေသာေၾကာင့္ ေခ်ာင့္ကားကို ေမာင္းခဲ့သည္။

သူသည္ ဟြမ္းယဥ္႐ုပ္ရွင္ထုတ္လုပ္ေရးသို႔ ေမာင္းလာၿပီး ထိုေနရာတြင္ ရပ္လိုက္သည္။ ကားေသာ့ကိုလွည့္ၿပီး စက္သတ္လိုက္သည္။ သူမကို ေစာင့္ေနခဲ့သည္။ ထို႔ေနညက္ ဓါတ္ေလွကားဆီကို ေလွ်ာက္သြား၏။

ခပ္ေဝးေဝးမွ တစ္ေယာက္ေယာက္က သူတို႔ႏွစ္ေယာက္၏ျမင္ကြင္းတစ္ခုလုံးကို ေသခ်ာၾကည့္ေနခဲ့သည္။

----------------------------------

အိုက္ဂူး....အၾကာႀကီးမွ update ေပးတဲ့အတြက္ ေတာင္းပန္ပါတယ္🥹 အစက (၁၀) ပိုင္း တင္ေပးမလို႔ပါ။ Update လို႔ ေအာ္ေနၾကလို႔ (၃) ပိုင္းကို အျမန္editၿပီး တင္ထားေပးတာ။ ေနာက္ေတာ့ ေသခ်ာေလး ဘာသာျပန္ edit ၿပီး ၁၀ ပိုင္းစီ တင္ေပးသြားခ်င္ပါတယ္။

ဒီေအာ္သာပ်ားက OC ေလာကမွာ ေပ်ာ္ေမြ႕ေနတာကတစ္ေၾကာင္း၊ အလုပ္မ်ားတာကတစ္ေၾကာင္း စသျဖင့္ လုနဲ႔ေခ်ာင္တို႔လို ေမြးစားသားသမီးေလးေတြကို ပစ္ထားမိခဲ့ပါတယ္။

ကေလာင္အသစ္က ေမေရာ္ဘီဘီးေလးပါ💌

ေနာက္ၿပီး မၾကာေသးခင္ကမွ Review Page တစ္ခုကို ေထာင္ခဲ့ပါတယ္။

ဘာသာျပန္အျပင္ ေအာ္သာ့ရဲ႕OC ေတြကိုလည္း အားေပးႏိုင္ပါတယ္။ အရင္ကထက္ အစေပါင္းမ်ားစြာ အေရးအသား ေျပျပစ္ေသသပ္ၿပီး plot ဆန္းဆန္းျပားျပားေတြ ဖန္တီးႏိုင္ေနၿပီျဖစ္လို႔ လာဖတ္တဲ့အခါ စိတ္ပ်က္ရမွာ မဟုတ္ပါဘူး။

Update ေလးပဲ ၾကာမွာ အဟဲ....

ေခ်ာင္နဲ႔လုကို Update အရမ္းမျမန္ႏိုင္ေပမယ့္ ပ်ားပ်ားႏိုင္သေလာက္ အခ်စ္ကေလးတို႔အတြက္ အရင္ကေလာက္ အဆက္မျပတ္ေတာ့ေအာင္ ႀကိဳးစားတင္ေပးသြားပါ့မယ္ေနာ္🫶💘

ခုဘာသာျပန္ေလးကို စိတ္ေတာ္ေတာ္ရွည္ရွည္ ေစာင့္ဆိုင္းေပးေနလို႔ အာဘြားမ်ားႀကီးယူပါေနာ္🫦

Continue Reading

You'll Also Like

1.8M 120K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
565K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1M 36.4K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...