shady☆ [julyz] ✔️

By ji__aan

9K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

14

257 34 3
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" မုန့်သွားဝယ်တာကလည်း ကြာလိုက်တာ "

" ဆိုင်မှာ တန်းစီနေရလို့ ထယ်ရယ်ရဲ့ "

" ဒီလိုမှန်းသိ ကျွန်တော်ပဲ သွားပါတယ်။ "

ကျန်းဟောက်ရဲ့ အခန်းတံခါးကို ပိတ်ပေးရင်း ထယ်ရယ်က ပြုံးကာပြောတယ်။ ဒီအတောအတွင်း ထယ်ရယ် သိသိသာသာပြောင်းလဲသွားတာက ကျန်းဟောက်အတွက် ကောင်းသည်လား ဆိုးသည်လားမသဲကွဲပေ။

စတွဲကာစက အလိုက်မသိ ကလေးဆန်တဲ့လူက တွဲနေရင်းကြာလာတော့ အစစအရာရာ ကျန်းဟောက်အတွက်တွေးပေးနေတာ သူနဲ့ပင် သိပ်မတူလှ။

နှစ်သစ်ကူးကတည်းက နှစ်လလောက် တစ်မြို့ကနေ တစ်မြို့ကူးနေရင်း အလုပ်အားတုန်း အိမ်ပြန်ရောက်နေတာအပြင် နောက်ထပ် နှစ်ရက်နေတဲ့အခါမှာလည်း ဖျော်ဖြေပွဲတစ်ပွဲကျန်သေးသည်။

နှစ်အသစ်ရဲ့ သုံးလပိုင်းကို ဝင်ကာစဖြစ်နေပြီ။

ဆုန်းဒါမီရဲ့ ပရိတ်သတ်မဟုတ်ပေမဲ့ ထယ်ရယ် ပထမဆုံးအနေနဲ့ လူတွေရှေ့သီချင်းဆိုမှာမို့ အစောကတော့ ပြန်ရောင်းတဲ့ လက်မှတ်ရှာဝယ်ပြီး သွားကြည့်ဖို့ စဉ်းစားခဲ့သေး၏။

သို့ပေမဲ့ အစောပိုင်း လက်မှတ်ရောင်းကာလမှာကတည်းက ဝယ်လိုအားတက်တဲ့နှူန်းက ကြောက်ခမန်းလိလိဖြစ်နေတာကြောင့် ဒီအတိုင်းနေခဲ့လိုက်ချင်းသာ။

ဒီ နယ်လှည့်ဖျော်ဖြေပွဲလုပ်နေရင်း ဆုန်းဒါမီ နာမည်ပိုရလာမှူက ထင်ထားတာထက် အင်အားကောင်းလွန်းနေတာကြောင့် အဆက်အစပ်ဆိုရင် ထယ်ရယ့်ရဲ့ band အထိပါ လူစိတ်ဝင်စားမှူတွေရှိနေလျက်။

ယခုတော့ ကျောင်းပိတ်ကာလပေမဲ့ ကျောင်းဖွင့်ချိန်တုန်းကကို ဘယ်ကလေးကိုမေးမေး ဆုန်းဒါမီကို မသိတဲ့သူမရှိလေ။ အဲ့တာအပြင် စပ်စပ်စုစုရှိတဲ့ ကလေးမတွေနဲ့တွေကြားထဲဆို ရည်းစားဖြစ်သူရဲ့ နာမည်ထိ ကြားနေရသည်။
ဘာကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ ရည်းစားဖြစ်သူကလည်း ကျန်းဟောက်နဲ့ပတ်သက်လို့ အရိပ်ပြပြီး ရည်းစားရှိကြောင်း ကြေငြာထားတာများ။ သိတဲ့လူတွေလည်း ကောင်းကောင်းကို သိနေပါပြီ။

ဘယ်တုန်းကတည်းက ဒီလို ပေါ်ပေါ်ထင်ထင်နေလွန်းပြီး ချစ်ပြတတ်သွားတာလဲ မသိလိုက်ရလောက်အောင် သဘာဝကျကျပြောင်းလဲလာခဲ့သည်။

" နောက်နှစ်ရက်နေပြီးရင် ကျွန်တော်တို့ ခရီးသွားရအောင်။ ကျန်းဟောက်လည်း ကျောင်းပိတ်တယ်မလား"

" ခရီး ? "

" ခရီးမဟုတ်လည်း ဒီအတိုင်း ဆိုးလ်မှာပဲ staycation သွားမယ်လေ "

" ထယ်ရယ် ဘာစိတ်ကူးတွေရနေတာလဲ။ ပိုက်ဆံကို စုထားရမှာပေါ့ "

" ပိုက်ဆံစုတာက ဝင်ငွေရဲ့ ၇၀% လောက်ကို စုနေတာပါနော်။ အရင်တုန်းကတော့ ဘာကိုမှမကြည့်ပဲ လျှောက်ဖြုန်းနေပေမဲ့ အခုတော့ ကိုကို့ကို တင်ကျွေးဖို့အတွက် စနစ်တကျလေး သုံးကြည့်ချင်လို့ "

ပြောင်စပ်စပ်ပြန်ဖြေတဲ့ ထယ်ရယ့် ကျောကို အနားရှိတဲ့ ကူရှင်နဲ့ မနာအောင်ရိုက်လိုက်ရင်း ကျန်းဟောက် ရယ်မိတယ်။

" ကိုယ့်အသက် မင်းထက်ကြီးတာနော် ကလေး လုပ်စာထိုင်စားတယ် ဖြစ်မှာလေ "

" ဘာဖြစ်လဲ ကျွန်တော့်စိတ်ထဲတော့ ကျန်းဟောက်က ကလေးလေးပဲကို "

" ပလီပလာတွေ သိပ်မပြောနဲ့ ထယ်ရယ် "

စကားပြောနေရင်းက လူကို နင့်နေအောင် လာဖက်ထားတဲ့ ထယ်ရယ်ဖို့ အသာလေး ငြိမ်နေလိုက်တယ်။ ကျန်းဟောက်ရဲ့ ပါးမို့မို့တွေက ထယ်ရယ့်ပုခုံးပေါ်မှာ မှီထားလိုက်တာကြောင့် ဖောင်းအစ်လာရဲ့။

" ကျန်းဟောက် တကယ်ကြီး ကျွန်တော့်ကို လူတွေရှေ့ သီချင်းဆိုစေချင်တာလား "

ကျန်းဟောက် ခေါင်းငြိမ့်လိုက်သည်။ ထယ်ရယ်က မတုံ့မဆိုင်း ပြောပြလာကတည်းက ခွင့်ပြုလိုက်တဲ့ကိစ္စဖြစ်၏။
ရှင်းရှင်းလင်းလင်းဖြစ်နေတာပဲ ဘာများ တားစရာရှိမှာလဲလေ။

" အတော်ကို နှမြောခြင်းတရားမရှိတဲ့လူပဲနော် "

" ဟ ထယ်ရယ် ကိုယ့်ကို အဲ့လိုကြီးပြောတော့ ကိုယ်က ရည်းစားကို သူများတွေနဲ့ မျှဝေနေပုံပေါက်ကုန်ပြီ "

ထယ်ရယ့်ဆီက ရယ်သံစစနဲ့အတူ ဖက်ထားတဲ့လက်တွေကသာ ပိုပြီး တင်းကြပ်လာသည်။

" ဖက်ထားတာ မလွှတ်တော့ဘူးလား။ ကိုယ် ပိတ်ရက်မှာ စာအုပ်လေး ထိုင်ဖတ်ပါရစေအုံး "

" ဒီကြားထဲ နေ့တိုင်းမှ မတွေ့ရတာ "

" နောက်နှစ်ရက်နေရင် ထယ်ရယ် အချိန်ရပြီလေ။ ကိုယ်လည်း ကျောင်းပိတ်ချိန်နဲ့အားနေမှာပဲ "

ထယ်ရယ့်ကို မပြောဖြစ်သေးတဲ့ ကိစ္စတစ်ခုရှိနေတာကို ကျန်းရောက် ခဏခဏ မေ့နေသည်ပဲ။ သတိရတုန်း ဖက်ထားတဲ့ ထယ်ရယ့်လက်တွေကြားက ဖယ်ထွက်ပြီး

" ကိုယ် တိုက်ခန်းငှါးနေတော့မလို့ စဉ်းစားနေတာ "

" ရုတ်..ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ "

" စီနီယာတစ်ယောက်က အခု ကိုယ့်ကျောင်းနဲ့ ပိုနီးတဲ့နေရာမှာ သူ့တိုက်ခန်းရှိတယ်တဲ့။ ဝယ်ထားပြီး သိပ်မကြာသေးဘူး အဲ့ဒီ စီနီယာက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ကိစ္စပေါ်လာလို့ မနေဖြစ်တော့တာနဲ့... အိမ်ငှါးခလည်း ကိုယ့်ဝင်ငွေနဲ့ အတော်အသင့်ပဲထားပေးမယ် ဆိုတော့ ပြောင်းရင် ကောင်းမလားလို့"

ထယ်ရယ့်မျက်နှာ ချက်ချင်းဆိုသလို မှိူင်ကျသွားတာ သတိထားမိပေမယ့် နားလည်ပေးမည်လို့တော့ ထင်ရပါသည်။

" ပြောင်းမယ်ဆို ဘယ်တော့လောက် ပြောင်းဖြစ်မှာလဲ။ တစ်ယောက်တည်းနေမှာလား "

" အင်း.. နေမယ်ဆိုရင်တော့ တစ်ယောက်တည်းပေါ့။ အခုမှ စဉ်းစားနေတုန်းပါ။ ပြောင်းမယ်ဆိုရင်..နောက် တစ်လလောက်နေလို့ ကျောင်းတွေပြန်ဖွင့်မှ တစ်ခါတည်း ပြောင်းမလားလို့။ ဒါကို စဉ်းစားနေတဲ့အကြောင်း အီဂျောင့်ကိုလည်း ပြောထားတယ်။ "

ကျန်းဟောက်ရဲ့ ကုတင်ထောင့်စွန်းမှာ ဝင်ထိုင်ရင် သက်ပြင်းတစ်ချက်ချတဲ့ ထယ်ရယ် ဘာပြောမလဲဆိုတာကို စိတ်ဝင်တစား စောင့်စားရင်း ကျန်းဟောက်ကတော့ စာကြည့်စားပွဲက ခုံမှာ ထိုင်လိုက်သည်။

" မဆိုးပါဘူး။ အလုပ်နဲ့နီးတယ်ဆိုတော့ "

မြန်မြန်ပဲ လက်ခံသွားတဲ့အခါ ထင်မထားတဲ့ တုံ့ပြန်မှူဖြစ်နေတဲ့အတွက် အံ့ဩမိပါ၏။
ဂင်မ်ထယ်ရယ် ဒီကောင်လေး ရင့်ကျက်သွားတာလား? အာရုံစူးစိုက်မှူ နည်းသွားတာလား?

ရင့်ကျက်သွားတာပဲ ဖြစ်နိုင်ပါသည်။

တကယ်တမ်းက မတိုင်မပင်နဲ့ အီဂျောင့်ကိုအရင်ပြောထားတာဖြစ်လို့ ထယ်ရယ် စိတ်ဆိုးမယ် ထင်တာ။
အရင်ကထက် သဘောကောင်းလာတာသိပေမဲ့.. အသားမကျနိုင်သေး။

ခေါင်းငြိမ့်လိုက်ရင်းပဲ စားပွဲပေါ်မှာ တင်ထားတဲ့ မနေ့ညက ဖတ်လက်စ စာအုပ်ကို ကိုင်လိုက်သည်။

မထင်မှတ်ထားပဲ အေးတိအေးစက် ဖြစ်သွားတဲ့ လေထုကြောင့် ကျောချမ်းမိပြီး တစ်ခုခုက နေရခက်လာသလိုပင်။

စာအုပ်ကို ပြန်ပိတ်ကာ တစ်ချက်လေးတောင် မရွေ့သေးတဲ့ ထယ်ရယ့်ဘေးကိုပဲ လှစ်ကနဲ သွားပြန်ထိုင်လိုက်၏။

" ဒါမှမဟုတ် ထယ်ရယ်ရော ကိုယ်နဲ့အတူတူ လိုက်နေမလား "

" အဲ့တာကတော့..မဖြစ်သေးဘူး ထင်တယ် "

" ရပါတယ်။ ကိုယ်လည်း ဆုံးဖြတ်ချက်မချရသေးဘူးဆိုတော့ ဒီလောက်က ကိစ္စမဟုတ်ပါဘူး "

ထယ်ရယ့်မျက်နှာက ဖုံးဖိရခက်နေပုံပေါက်ပြီး ကျန်းဟောက် အိမ်ပြောင်းဖို့ စဉ်းစားနေတာကို သဘောမကျဘူး ထင်ရသည်။

" ကျွန်တော် အိမ်ပြောင်းတာကို သဘောမတူချင်တာမျိုး မဟုတ်ပါဘူး။ အခုလို အမြဲတူတူဖြစ်မနေတော့မှာကို တွေးမိလို့.. အဲ့တာကို သဘောမကျတာ။ "

" လူချင်းဝေးသွားရုံလေးပဲကို "

အတွေးလွန်တဲ့သူချင်းအတူတူ ထယ်ရယ်က အမြဲတမ်း ခံစားချက်ကို ထုတ်ပြတဲ့လူဖြစ်ပြီး ကျန်းဟောက်က ကြိတ်မှိတ်ပြီး ဖုံးကွယ်ထားတတ်တာဖြစ်သည်။

မကိုက်ညီတာတွေကို မညှိယူဖြစ်ပဲ မသိချင်ယောင်ဆောင်နေခဲ့ရင်းက လူချင်းပါဝေးသွားတဲ့အခါ ဆိုးရွားတဲ့ကိစ္စတွေ ဝင်လာမလားဆိုတာမျိုး ကျန်းဟောက် စဉ်းစားခဲ့မိပါသေး၏။

ပတ်ဝန်းကျင်အပြောင်းအလဲကနေ အချိန်မပေးနိုင်ပဲ ဖြစ်သွားရင် ထိုပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ မသိနိုင်။

" အခုမှ စဉ်းစားနေတုန်းပါဆို.. ဘာလို့ ဒီလို လာကြည့်နေတာလဲ "

တကယ်တော့ ဆုံးဖြတ်ချက်ချပြီးသား။
ရုတ်တရက်တွေဖြစ်ကုန်မှာစိုးတာကြောင့် စဉ်းစားနေတုန်းလို့ ပြောတာပဲရှိမည်။
မျက်လုံးလေး ကလယ်ကလယ်နဲ့ အသနားခံနေသလို အကြည့်မျိုး ပေးနေတဲ့ ထယ်ရယ့်အား ပြုံးပြရင်း မေးလိုက်တော့ကာ တစ်ဖက်က ခေါင်းခါပြရဲ့။

အိမ်မပြောင်းနဲ့လို့လည်း မပြောပါပဲ ထယ်ရယ် ဒီလိုမျိုးလုပ်နေတာက ကျန်းဟောက်ကို ပိုပြီး အကြပ်ရိုက်နေစေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်လာသည်။

ထိုအချက်ကိုလည်း ထယ်ရယ် ရိပ်မိနိုင်ပါ၏။

" ကျွန်တော် ခဏခဏ အလည်လာလို့ရလား "

" ရတာပေါ့။ အတူတူလာနေချင်ရင်တောင် ရတယ်လို့ ကိုယ်ပြောထားပြီးပြီပဲ။ "

" ဟို..ဆုံးဖြတ်ချက်ကျပြီးလို့ ပြောင်းမယ့်အချိန် သေချာရင်ပြောလေ။ ပစ္စည်းရွှေ့တာတွေ ကျွန်တော် ကူညီပေးမယ်"

ကျန်းဟောက် ခေါင်းငြိမ့်လိုက်တာကို ပါးချိုင့်နက်တွေပေါ်သည်ထိ ပြုံးပြရင်းပြောလာမှ ရင်ထဲက အစိုင်အခဲကြီး ကျသွားသလိုပင်။

အဲ့ဒီနောက် ထိုဆိုးပေက ကျန်းဟောက်အနားကို ပိုကပ်အောင် ရွှေ့လာပြီး မျက်နှာကိုလည်း ရှေ့တိုးလာတာကြောင့် နောက်ခြေလှမ်းကိုသိပြီး ဆတ်ကနဲ ဘေးကို ရွှေ့ပြီးခွါထိုင်လိုက်၏။

" နေ့ခင်းကြောင်တောင်ကြီးကို "

" နေ့ဘက် မနမ်းရဘူးလို့ ဘယ်သူပြောထားလို့လဲ။ ကျန်းဟောက် အမြဲတမ်း ပတ်ပြေးနေတာ "

ထယ်ရယ် မထိတထိစရင် ထုံးစံလိုပဲ ကျန်းဟောက် မျက်နှာတွေ ရဲကုန်ပြီး စကားတွေထစ်ကုန်တာပင်။
အဲ့တာမျိုးကိုပဲ မြင်ချင်နေတဲ့ ဂင်မ်ထယ်ရယ်ကတော့ အားရပါးရရယ်၏။

" ကိုယ်ပြောချင်တာက နေ့ခင်းဘက် မနမ်းနဲ့လို့ပြောတာ မဟုတ်ဘူး။ ဒီနေ့ ပိတ်ရက်ကြီးလေ အိမ်မှာလည်း လူစုံနေတော့ အချိန်မရွေး တစ်ယောက်ယောက် ကိုယ့်အခန်းထဲ ဝင်လာနိုင်တယ်။ "

" ဝင်လာတော့ရော "

" ထယ်ရယ်က ခဏနဲ့ ရပ်တာလည်း မဟုတ်.."

အနားကို ပိုကပ်လာလို့ မျက်လုံးစုံမှိတ်ချလိုက်တဲ့ အချိန်မှပဲ အခန်းတံခါးဟာ ကျွီခနဲ ပွင့်လာမှူကြောင့် ထယ်ရယ့်ကို အားကုန်သုံးပြီး တွန်းထုတ်လိုက်ရ၏။

တံခါးဝမှာရပ်နေတဲ့ အိမ်ရဲ့အငယ်ဆုံးလေးမှာတော့ ပြောစရာစကားမတွေ့တော့ပေ။
ကျန်းဟောက်ရော ထယ်ရယ်ပါ နေရခက်စွာ ချောင်းဟန့်လိုက်တာကပါ ပြိုင်တူဖြစ်သွားတော့ ယူဂျင်းက မတူညီတဲ့ ယဉ်ကျေးမှူတစ်ခုမြင်လိုက်ရတဲ့အလား မျက်လုံးတွေ ပြူးကျယ်နေဆဲ။

" ဆောရီး..ကျွန်တော် တံခါး..တံခါး ခေါက်ပါသေးတယ်။ ဘာမှ ပြန်မပြောလို့ ဖွင့်ကြည့်လိုက်တာ..ဘာမှမမြင်လိုက်ဘူးနော် သွားပြီ "

ယူဂျင်းနောက်ကနေ ပေါ်လာတဲ့ ဂယူဘင်းက ပြန်လှည့်ထွက်ဖို့လုပ်တဲ့ ယူဂျင်းကို ပြူးပြူးပြာပြာနဲ့ ကြည့်နေသည်။

" ယူဂျင်း ကျန်းဟောက်ဆီက စာအုပ်ငှါးမယ်ဆို "

အရိပ်အကဲမသိ ဆက်မေးတဲ့ ဂယူဘင်းကို ဟန်ယူဂျင်း ဘာပြန်ပြောရမယ်မှန်း မသိဖြစ်နေလျက်။

ကျန်းဟောက် အပြေးအလွှားထကာ စာအုပ်စင်အသေးလေးပေါ်က စာအုပ်တစ်အုပ်ကို သတိတရ ထုတ်ပေးလိုက်သည်။ ညကတည်းက စာအုပ်ငှါးမယ် ပြောထားတာကို..

" ယူဂျင်း ငှါးမယ် ပြောထားတာ ဒီစာအုပ်မလား "

ဘာမှလုပ်နေတာ မဟုတ်ပေမဲ့ ယူဂျင်းက ခေါင်းငြိမ့်ပြပြီး တစ်ဖက် လှည့်သွားမှ ရှက်လို့သေနိုင်လောက်တဲ့စိတ်ကြောင့် ကျန်းဟောက် သက်ပြင်းကြီး ချလိုက်ပါသည်။

အခန်းအပြင်တစ်ဖက်မှာတော့ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိသေးတဲ့ ဂယူဘင်းနဲ့ နားရွက်တွေ တရဲရဲဖြစ်နေတဲ့ ဟန်ယူဂျင်းရယ်။

" စာအုပ်သွားငှါးတာ ကြာနေတာနဲ့ လိုက်လာတာ။ ဘာလို့ ဒီလို မျက်နှာ ဖြစ်နေရတာတုန်း ယူဂျင်း "

ထိုမေးခွန်းကို အခန်းထဲ ပြန်ရောက်သည်ထိ ထပ်ခါထပ်ခါမေးနေတဲ့ ဂယူဘင်းကို စိတ်မရှည်တော့တဲ့အဆုံး ယူဂျင်း မျက်နှာပူပူနဲ့ပဲ ဖြေချလိုက်ပါတော့၏။

" အာ !! ဘာလို့ လိုက်နားပူနေတာလဲ !! နမ်းဖို့ လုပ်နေကြတာကို ကျွန်တော်က အသားလွတ်ကြီး အဲ့နား ဆက်နေရမှာလား ! တကယ်ပဲ ! "

ဂယူဘင်းလည်း အော်ငေါက်ခံလိုက်ရကာမှ ပါးစပ်ပိတ်ပြီး ငြိမ်သွားပါတော့သည်လေ။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ




ထယ်ရယ် ဖျော်ဖြေပေးရမယ့် Concert နောက်ဆုံးနေ့။
အိမ်မှာ ဆုန်းဒါမီရဲ့ ပရိတ်သတ်ဖြစ်တဲ့ ဂွန်းဝု တစ်ယောက်လုံး ရှိနေတာကြောင့် သူဝယ်ထားတဲ့ online streaming လက်မှတ်နဲ့ပဲ တီဗီက ကြည့်လိုက်ရပါသည်။

" ကျွန်တော် လက်မှတ်ဝယ်ထားတာ မှန်သွားတယ်။ ကျန်းဟောက်ကို concert ထိသွားကြည့်မယ်ထင်တာ။ ထယ်ရယ်ဟျောင်း သီချင်းဆိုမယ်ဆိုတော့ "

" လူအရမ်းများလို့ပါ "

ကံကောင်းချင်တော့ အိမ်မှာရှိတဲ့ လူဆယ်ယောက်မှာ ငါးယောက်လောက်တော့ အိမ်မှာရှိနေပြီဖြစ်တဲ့ ညနေဘက်မို့ concert ကြည့်ဖို့ရာ အဖော်လည်းရှိခဲ့ပါ၏။

" ထယ်ရယ် သီချင်းဆိုတတ်မှန်း မသိခဲ့ဘူး။ ဟာအိုဟျောင်းရော သိလား "

ဖျော်ဖြေပွဲအပြီးမှာ မက်သျူးရဲ့ အမေးကို ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။
မသိမသာ ဂုဏ်ယူမိသလိုလိုပင်။ ထယ်ရယ် ဘယ်သူ့ကိုမှ သီချင်းဆိုမပြဖူးဘူးဆိုပြီး ပြောတုန်းက မယုံခဲ့ပေမဲ့ အခုတော့ ယုံလိုက်ပါ၏။

" ရည်းစားဖြစ်သူကိုတော့ ခဏခဏ သီချင်းဆိုပြတဲ့ ပုံပါပဲ "

ချွမ်ရွေ့ကလည်း စတာကြောင့် သွားတန်းတွေ ပေါ်အောင်သာ ရယ်ပြလိုက်သည်။

ပြောရင်းဆိုရင်း ထယ်ရယ် ဖုန်းခေါ်နေမလား မသိနိုင်တာကြောင့် ထပြီး အိပ်ခန်းထဲကို အမြန်ပြေးသွား လိုက်ပါရဲ့။

" ဖုန်းခေါ်ထားတာပဲ "

missed call နှစ်ခါတွေ့ပေမဲ့ ဖုန်းပြန်မခေါ်တော့ပဲ message သာပို့လိုက်ပါတော့၏။ concert ပြီးကာစဆိုတော့ အချိန်ရတုန်း ခဏလေးမှာ ဖုန်းခေါ်ထားတာလည်း ဖြစ်နိုင်လို့။

" ထယ်ရယ် ဖုန်းခေါ်ထားတာမြင်တယ်။ ပြန်ခေါ်လို့ရမရ မသိလို့ စာပဲပို့လိုက်တယ်နော် "

" concert ကြည့်လိုက်တယ်။ အကုန်လုံး ထယ်ရယ့်ကို ချီးကျူးနေတာ "

" အရမ်းတော်တယ် !! "

အဲ့ဒီနောက်မှာ " ချစ်တယ် " လို့ စာရိုက်လိုက်ပြီးမှ မပို့ဖြစ်တော့ပဲ ပြန်ဖျက်လိုက်သည်။ မပြောလည်း သိနိုင်မှာပါလေ။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ


ထယ်ရယ် အိမ်ပြန်ရောက်တော့ တစ်ယောက်တစ်မျိုးစီ ချီးကျူးစကားတွေ ပြောလာကြပေမဲ့ တရိပ်ရိပ်ရှာကြည့်နေတာကတော့ ရည်းစားဖြစ်သူကိုပင်။

ရည်းစားထားရင်း တစ်ခါမှ ဒီလောက် အသည်းအသန်မဖြစ်ဖူးဘူးဆိုတဲ့အတိုင်း စင်နောက်မှာ ကျန်းဟောက်ပို့တဲ့ message တွေကိုကြည့်ရင်း တဟီးဟီး လုပ်နေခဲ့တာကြောင့် သူများတွေ စတာပင် ခံခဲ့ရသေး၏။

ကျန်းဟောက်နဲ့ ခရီးသွားဖို့ စီစဉ်ထားတာလည်း ခရီးဝေးမသွားချင်ဘူးလို့ ဆိုလာတဲ့အခါ နောက်ဆုံးမှာတော့ သီးသန့်အကြံတစ်ခုရလိုက်ပြီး ခပ်မြန်မြန်ပဲ surprise တစ်ခုစီစဉ်လိုက်ပါသည်။

အပြင် လူများတဲ့နေရာက ပြန်လာလာချင်း အသန့်ကြိုက်တဲ့ အစ်ကိုလေးကျန်းရဲ့အခန်းထဲ မဝင်ချင်တာကြောင့် ရေမိုးချိုး သန့်စင်ပြီးမှပဲ တစ်ဖက်ခန်းကို ခြေချမိတော့သည်။

" အိပ်နေပြီလား "

အခန်းတံခါးကို ဟဖွင့်လိုက်ရင်း မေးတာ စကားပြန်မလာမှပဲ အခန်းထဲကို ဝင်ကြည့်လိုက်တာ ကြားရတဲ့ တုံ့ပြန်မှူကတော့ ဟောက်သံစစလေး

အိပ်နေတော့ ကုတင်ပေါ်မှာ နေရာတကျ အိပ်နေတာလည်းမဟုတ်၊ စာကြည့်စားပွဲပေါ်မှာ ဖုန်းကို လက်ကကိုင်ထားရင်း အိပ်ပျော်နေတာပင်။

ဖုန်းက အလိုလို ပိတ်ကျသွားတာမျိုး မရှိထားတာကြောင့် သုံးလက်စ အတိုင်းသားကို မြင်နေရတာကြောင့် တစ်ချက် ချောင်းကြည့်မိလိုက်တော့ တစ်ယောက်ယောက်ဆီကို စာရိုက်လက်စ။

ဖုန်းကို ယူပြီး ကြည့်ရင် မိသွားမှာ စိုးတာနဲ့ အနားကပ်ကြည့်လိုက်တော့ ထယ်ရယ်နဲ့ စကားပြောထားတဲ့ chat ကိုဖွင့်ထားပြီး စာထပ်ပို့ဖို့ စဉ်းစားနေရင်း အိပ်ပျော်သွားပုံထောက်သည်။

" ချစ်စရာလေး "

တစ်ကိုယ်တည်းကြားရုံပြောပြီး မျက်လုံးနားထိ အုပ်နေတဲ့ ဆံပင်တွေကို လက်ဖျားလေးနဲ့ အသာဖယ်ပေးလိုက်တယ်။

စပြီး စိတ်ဝင်စားကတည်းကလို ကျန်းဟောက်ကို ကြည့်နေရရင် နှလုံးခုန်တာ ပေါက်ထွက်မယ် ထင်ရသလားပဲ။

ပထမဆုံးလူတစ်ယောက်ကို ထယ်ရယ့်ဘက်က စပြီးသဘောကျဖူးတာမို့ အစမှာ အလွဲလွဲအချော်ချော် ပေါ့ပျက်ပျက်နိုင်ခဲ့ပေမဲ့ အခုတော့ တစ်စထက်တစ်စ ခံစားချက်တိုးလာပြီး ဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုရုံမှအပ မဖော်ပြနိုင်။

အရင်က လက်လွတ်စပယ် အမြဲတမ်း ကျန်းဟောက်အနားကပ်ကာ မထိတထိနေနေရာက အခုဆို မထိရက်မကိုင်ရက်ဖြစ်နေသလောက်ထိကို ပြောင်းလဲနေမိတာကြောင့် ကိုယ့်ကိုယ်ကိုပင် အံ့ဩရသည်။

စာကြည့် စားပွဲခုံမှာ အိပ်နေရင်းက ခါးနာတာဖြစ်မှာစိုးလို့ အသာလေး လှူပ်နှိူးလိုက်တယ်။
ကျန်းဟောက် အအိပ်မက်တာ ထယ်ရယ် သိတယ်လေ။
နေရာရွှေ့ပြီးရင်လည်း ချက်ချင်း ပြန်အိပ်ပျော်မှာပဲ။

" အိပ်ယာပေါ်မှာ အိပ်လေ။ ဒီလိုအိပ်ရင် ညောင်းမှာပေါ့ "

ထယ်ရယ့် လေသံတိုးတိုးကြောင့် ချက်ချင်း ခေါင်းထောင်လာရင်း မှူန်ကုပ်ကုပ်ကြည့်တယ်။

အဲ့ဒီနောက် အိပ်ယာပေါ်ကို သွားဖို့ ထလာတယ် ထင်ပေမဲ့ ထယ်ရယ့် ပုခုံးကို လှမ်းတွယ်ဖက်လာတာကြောင့် ပြုံးလိုက်မိပါသေးရဲ့။

" ဒီအခန်းလေးထဲတင်ကို ကျွန်တော်က ရွှေ့ပေးရမှာလား "

ခေါင်းလေးငြိမ့်ရုံသာ ငြိမ့်ပြသည်။
စာကြည့်စားပွဲနဲ့ အိပ်ယာဟာ ခြေလှမ်း သုံးလှမ်းစာပဲ ရှိတာကို ကပ်သပ်နေသေးတဲ့ အိပ်ပုတ်အစ်ကိုလေးအား အူယားမိပါ၏။

သဘောကျ အိပ်ယာထဲကို ရွှေ့ပေးပြီး စောင်ပါ တစ်ခါတည်း ခြုံပေးထားလိုက်တော့ ခေါင်းအုံးပေါ် ခေါင်းထိတာနဲ့ စက္ကန့်ပိုင်းတောင် မနေဘူး ပြန်အိပ်ပျော်သွားတော့ ကြည့်ရင်း ရယ်လိုက်သေးသည်။

ဒီလောက်အိပ်နေတာ ရှိသမျှအကုန် ခိုးသွားရင်တောင် သိမှာ မဟုတ်သလို လူတစ်ယောက်လုံး မ ပြေးသွားရင်တောင်သိမယ်မထင်။

ဟုတ်သားပဲ။ မနက်ဖြန်ညနေအဖို့ စီစဉ်ထားတဲ့ surprise ရှိသေးသည်။

စောစောထပြီး လေ့ကျင့်ခန်းလုပ်မယ်လို့ စဉ်းစားမိတဲ့အခါ ရည်းစားနဲ့ဆို ပိုကောင်းမယ်လို့ တွေးမိသွားတာကြောင့် စောစောအိပ်ဖို့ငှါ ကိုယ့်အခန်းကိုယ်ပဲ ပြန်လာခဲ့ပါတော့၏။

မနက်ကျမှ ကျန်းဟောက်ကို အိမ်အပြင် မရမကခေါ်ထုတ်ရမှာကတော့ ခက်ပေမဲ့လည်း..။




မနက်စောစောရောက်တဲ့အခါ ရာသီဥတုက အေးတယ်တော့မဟုတ်ပေမယ့် ခပ်စိမ့်စိမ့်။

" ထယ်ရယ်ပဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ကိုယ့်ကိုလာနှိူးတာလေ။ ပြီးတော့ ထယ်ရယ်ကပဲ ဘာလို့ ပြန်ဝင်အိပ်နေတာ? "

ကျန်းဟောက်ရဲ့ ခပ်ဆတ်ဆတ်အမေးကို တစ်ခန်းတည်းရှိနေတဲ့ ဂျီအွန်းဟျောင်းတောင် ရယ်တာကြားလိုက်သည်။

အားကစားလုပ်ဖို့ အင်္ကျီသွားလဲမယ်ဆိုရာက အင်္ကျီလဲပြီးပြီးချင်း ခဏလေးလှဲလိုက်တာကနေ ပြန်အိပ်ပျော်တော့မလိုဖြစ်သွားတာပင်။

ထယ်ရယ် ပါးစပ်ဟသမ်းလိုက်ရင်း မြန်မြန်ပဲ ပြန်ထထိုင်လိုက်သည်။

" လေကောင်းလေသန့် သွားရှူရမယ်။ မြန်မြန်လာ "

ထယ်ရယ့် လက်ကိုဆွဲပြီးခေါ်တဲ့ ကျန်းဟောက်ကိုကြည့်ရင် မသိတဲ့အခါကျ ထယ်ရယ့်ကို အတင်းအပြင်ခေါ်ထုတ်နေတယ် ထင်ကြပါအုံးမည်။

အနီးအနားမှာရှိတဲ့ ပန်းခြံကိုပဲ သွားပြီး ဖြည်းဖြည်းပြေးကြရင်း အတော်လေးကြာမှ ကျန်းဟောက်တစ်ယောက် ခြေလှမ်းနှေးသွားပြီး ထယ်ရယ့်ကို မေးလာပါ၏။

" ဒါနဲ့ ဘာစိတ်ကူးပေါက်ပြီး ထယ်ရယ်က မနက်စောစောထ လေ့ကျင့်ခန်း လုပ်မယ် ဖြစ်သွားရတာလဲ။ အရင်က ကိုယ် ခဏခဏခေါ်တာတောင် မလိုက်ပဲနေနေရာက အခုမှ ကောင်းတဲ့အမူအကျင့်တွေ မွေးမြူနေတာလား "

" ဟုတ် "

အားရပါးရ ရယ်ပြလိုက်ရင်း ပြောတဲ့ ထယ်ရယ့်ကို ကျန်းဟောက်ကတော့ မယုံနိုင်သလို ကြည့်နေလေရဲ့။
ထယ်ရယ် အတည်ပေါက်ပြောနေမှန်း သေချာသွားမှ နှူတ်ခမ်းထောင့်တွေ ကွေးသွားအောင် ပြုံးသည်။

" တော်တယ် "

ခေါင်းကို နည်းနည်းလေး ငုံ့ပေးလိုက်တော့ ကျန်းဟောက်က ထယ်ရယ့် ခေါင်းကို ဖွဖွလေး ပုတ်ပေးပြီး ပြောင်ချော်ချော်ရယ်ပါသေး၏။

" ခွေးပေါက်လေးကျလို့ ခဏခဏ ခေါင်းပဲ ပုတ်ခိုင်းနေတယ် "

ကျန်းဟောက်က တစ်ပါတ်မှာ သုံးရက်လောက်တော့ မနက်စောစောထပြီး လမ်းလျှောက်တတ်တဲ့အကျင့်ရှိသည်။ ငယ်ငယ်က ကျန်းမာရေးအခံ သိပ်မကောင်းလို့ အားနည်းတာနဲ့ အလေ့အကျင့်လုပ်ထားရတာလို့တော့ ရှင်းပြဖူးပါ၏။

အိမ်ပြန်လမ်းမှာ ခဏလောက် စကားနည်းနေတဲ့အချိန် တစ်ဖက်က အစ်ကိုလေးရဲ့ လက်ကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားမိလျက်။

" ကျွန်တော် နေ့လည်ကျရင် ချွန်းနန်ကို ခဏပြန်မလို့။ ကျန်းဟောက် လိုက်ခဲ့ချင်သေးလား "

ထယ်ရယ့် မိဘအိမ်ကို သွားမယ်ဆိုတာ ဒီနေ့ စီစဉ်ထားတဲ့ surprise အတွက် တစ်စိတ်တစ်ပိုင်းပင်။ ကျန်းဟောက် ရုတ်တရက် လန့်သွားနိုင်တာကို သိပေမဲ့လည်း ထယ်ရယ့်မိဘတွေ ကိုယ်တိုင်ကပါ ကျန်းဟောက်ကို တွေ့ချင်နေတာဖြစ်သည်။ အိမ်ကိုတော့ ဒီနေ့လာမယ်လို့ မပြောထားပေ။
ကျန်းဟောက်က မလိုက်ချင်ဘူးဆိုရင်လည်း အခက်မတွေ့အောင်။

ဪ အဲ့တာထက် ထယ်ရယ် ကျန်းဟောက်နဲ့တွဲနေကြောင်း အိမ်ကိုပေးသိထားတယ်ဆိုတဲ့အချက်လည်း အစ်ကိုလေးကျန်းက မသိပါ။

" ဘ..ဘာလို့လဲ "

" မလိုက်ခဲ့ချင်ရင်လည်း ရပါတယ်။ ပစ္စည်းတစ်ခု သွားယူချင်လို့ "

" မ..မဟုတ်..ခဏလေး.. အထွေအထူးမရှိရင်တော့ ကိုယ် လိုက်ခဲ့ပါမယ်။ "

" နေ့လည်စာလည်း အပြင်မှာစားကြမယ်။ အီဂျောင့်ဆီက ကားမယူတော့ဘူး။ ဘတ်စ်ကားနဲ့ သွားရအောင် "

ကျန်းဟောက်က ခေါင်းငြိမ့်ပြတဲ့အခါ ထယ်ရယ့် အစီအစဉ်ရဲ့ လမ်းတစ်ဝက်ကို ရောက်သွားပြီ ဖြစ်၏။

ထယ်ရယ်စကားထောက်ခဲ့ပေမဲ့ ချွန်းနန်က အိမ်ကိုရောက်တော့ ကျန်းဟောက်က အနည်းငယ် နေရခက်ပုံရယ်။ ဘတ်စ်ကားပေါ်မှာကတည်းက လက်ဖျားတွေအေးစက်ပြီး အိမ်ထဲ မဝင်တော့ဘူး။ အပြင် အနီးအနားက စောင့်မယ်လို့ပြောနေတာ။

" အတူတူသွားရအောင်ပါ။ "

" ထယ်ရယ့် မိသားစုရှိတယ် မဟုတ်လား "

ကျန်းဟောက်ရဲ့ စိတ်ကို အတိအကျမသိနိုင်ပေမဲ့ ထယ်ရယ့် စိတ်ထင်မိတာကတော့ မိသားစုဝင်တွေရှေ့မှာ ထယ်ရယ်က သူတို့ဆက်ဆံရေးကို ဖုံးကွယ်ထားမှာမျိုး ဖြစ်မှာ ကြောက်တယ်ထင်သည်။

ကျန်းဟောက်ကို လက်မောင်းကနေ ချိတ်ဆွဲထားလိုက်ပြီး အိမ်ထဲကို ဘာသိဘာသာ ခေါ်လာမှပဲ မအူမလည်လေး လိုက်လာရှာပြီး လက်ဖျားတွေကတော့ အေးစက်နေဆဲ။

" အမေ သားရောက်ပြီ "

အိမ်ထဲကို ဝင်တာနဲ့ အရင်အသံပေးလိုက်တော့ မေမေကထွက်မလာသေး။ အဲ့ဒီအစား အစ်မဖြစ်သူရဲ့အသံကအရင်ထွက်လာလျက်။

" ထယ်ရယ် မပြောမဆိုနဲ့ ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ "

အိမ်ရဲ့ အခန်းတစ်ခန်းထဲကနေ ပွစိပွစိပြောရင်း ထွက်လာတဲ့ မမကို ထယ်ရယ် မျက်နှာရိပ်ပြပြီး ဟန့်လိုက်ပေမဲ့ ဘေးမှာပါလာတဲ့ ကျန်းဟောက်ကို မမြင်တော့ ထယ်ရယ့်ကို ငေါက်ဖို့သာ အားသန်နေဆဲ။

ကျန်းဟောက်က ဘေးကနေပြီး မျက်လုံး အဝိုင်းသားနဲ့ ထယ်ရယ့်မမကို လှမ်းကြည့်နေတယ်။

ထယ်ရယ့်မှာ အစ်မရှိတာသိပေမဲ့ ဒီလောက် အပေါက်ဆိုးမယ်တော့ ဘယ်ထင်ထားပါ့မလဲလေ။ မိသားစုနဲ့ပတ်သက်လို့ အပေါ်ယံပဲသိထားတဲ့ဟာ။

" ကိုကို ဒါ ကျွန်တော့်အစ်မ ထယ်ဟီး တဲ့။ ရုပ်နဲ့နာမည် မတူတာကိုတော့ ခွင့်လွှတ်ပေး- "

ကျန်းဟောက် အနားကပ်ပြီး မမအကြောင်း ပြောပြနေတုန်း မမက အနားကိုရောက်လာပြီး ထယ်ရယ့်ဗိုက်ကို စူးကနဲ နေအောင် လာဆွဲဆိတ်တယ်။
ကျန်းဟောက်မှာ ရယ်ချင်သွားပေမဲ့ အနားရောက်လာတဲ့ မမကြောင့် မရယ်ရဲပဲ ဖြစ်သွားရှာရဲ့။

" မမ ဒါက ကျွန်တော့် ကောင်လေး ဟီးဟီး "

ကျန်းဟောက် ပုခုံးကို အားပါးတရ ဆွဲဖက်လိုက်ရင်း မမကို မိတ်ဆက်ပေးလိုက်တော့ အခုမှ မြင်ဖူးချင်ယောင်ဆောင်ပေးနေရတဲ့ မမက မရယ်တတ်ရယ်တတ်နဲ့ ကျန်းဟောက်ကို လှမ်းကြည့်တယ်။

ကျန်းဟောက်ကတော့ နေရခက်စွာ ထယ်ရယ့်လက်ကို မတွဲထားပဲနေနေရာက နောက်ဆုံးတော့ အရင်ပဲ မိတ်ဆက်ချသည်။

" ကျန်းဟာအိုလို့ ခေါ်ပါတယ်။ အဆင်မပြေရင် ဂျန်းဟာနူးလ်လို့ ခေါ်လည်း ရတယ်ဗျ။ "

" ထယ်ဟီးလို့ပဲ ခေါ်လို့ရတယ်နော် "

ကျန်းဟောက်က အရင် မိတ်ဆက်လိုက်တာဖြစ်ပေမဲ့ လေထုကိုအသားမကျသေးပဲ လူမှူရေးအရ ဖြစ်ပါလိမ့်မည်။

" ကိုကို ကျွန်တော့်မမက ကိုကိုနဲ့ ရွယ်တူပဲ။ မပြောဖူးဘူးထင်တယ် "

ထယ်ရယ့်ကို အားကိုးရှာတဲ့ မျက်လုံးဝိုင်းလေးတွေက တဖြည်းဖြည်းတော့ သက်တောင့်သက်သာဖြစ်လာပြီး ခပ်ရေးရေးလေး မမကို လှမ်းပြုံးပြ၏။

" မေမေနဲ့ ဖေဖေက မရောက်ခင်ပဲ မုန့်သွားဝယ်တယ်။ အချိုတည်းစရာ ကုန်နေလို့။ "

" အင်း အင်း။ ကျွန်တော် အခန်းထဲ ခဏသွားအုံးမယ် မမ။ ကိုကို့ကို ကြည့်ထားပေးပါအုံး။ ကား ယူသွားတော့မယ်။ မေမေတို့ကိုလည်း မစောင့်တော့ဘူး။ နောက်မှ သက်သက် လာတော့မယ်နော် "

" သိပါပြီ "

ထယ်ရယ်က အိမ်ထောင့်ဆုံးက အခန်းလေးထဲကို မြန်မြန်ပဲ ဝင်သွားသည်။

ထိုအချိန်မှာ အံ့ဩစရာအကောင်းဆုံးက ထယ်ရယ့် မမလည်း မဟုတ်သလို ထယ်ရယ့် အိမ်ထဲရောက်လာတဲ့ ကိစ္စလည်းမဟုတ်နေ။

ကျန်းဟောက်အား သူ့အိမ်ရောက်မှ ကိုကိုဆိုပြီး ပါးစပ်ကမချခေါ်နေတဲ့ ဂင်မ်ထယ်ရယ် ကိုယ်တိုင်ဖြစ်နေပြီး ပိုင်ဆိုင်မှူပြနာမ်စားကြီးလို တစ်ချိန်လုံးတပ်နေတာဖြစ်သည်။

" ဟာအို ထိုင်လေ။ "

" ဟုတ် "

" ယဉ်ယဉ်ကျေးကျေးမပြောလည်း ရပါတယ်။ ကော်ဖီသောက်မလား။ ရေသောက်မလား "

" ကျွန်တော် ရေတစ်ခွက်လောက် ရနိုင်မလား "

" အိုကေ "

ထယ်ရယ့်အစ်မဖြစ်သူက ကျန်းဟောက် နေရမခက်အောင် ကူညီပေးနေတာကို ခံစားမိတာကြောင့် အနည်းငယ်တော့ စိတ်လှူပ်ရှားတာ သက်သာလာသည်။

" ထယ်ရယ် ရည်းစားကို အိမ်ခေါ်လာတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး "

" ဗျာ ? "

မီးဖိုချောင်က ယူလာတဲ့ ရေခွက်ကို ကျန်းဟောက်ရှေ့ ချပေးရင်း ထယ်ဟီးက ပြုံးစစပြောသည်။ ထယ်ရယ့်အစ်မမို့ ထယ်ရယ့်လို့ ပါးချိုင့်ပါတာချင်းတူ၏။

မျက်နှာချိုချိုက ပြုံးရယ်ရင်းပဲ ဆက်ပြောတာမို့ ဆိုးတဲ့ကိစ္စတော့ ဖြစ်မယ်မထင်လိုက်။

" အဲ့ကောင်လေး မပြောနဲ့လို့ မှာထားပေမဲ့ နေရခက်နေမှာစိုးလို့ ပြောပြတာ။ ဟာအို့အကြောင်းကို မိသားစု group chat ထဲ ကြွားနေတာ ခဏခဏမို့ အစောကြီးကတည်းက သိပါတယ်။ ဖေဖေရော မေမေကပါ သဘောကျနေကြတာလေ။ ထယ်ရယ့်အပြောနဲ့တောင် အဆင်ပြေတဲ့လူထင်ထားတာ.. အခုတော့ ထင်ထားတာ မမှားဘူးပဲနော် "

" မဟုတ်တာ.."

ကျန်းဟောက် မျက်နှာတွေပူလာလို့ တစ်ချက်ရယ်လိုက်ရင်း လက်ကာပြကာ ငြင်းမိသည်။ ထယ်ရယ်က ကျန်းဟောက်နဲ့တွဲနေတဲ့အကြောင်း အိမ်ကို ပြောပြနှင့်ပြီးသားတဲ့လား။ အနည်းငယ်ရှက်ဖို့ကောင်းသလို ရင်ထဲက လှိူက်တက်လာတဲ့ ကြည်နူးမှူကလည်း နေရခက်စရာ။

ထယ်ရယ်က အိမ်ထဲကို ဝင်ပြီး သူ့အစ်မကို မမိတ်ဆက်ပေးခင်အထိ နှလုံးပြုတ်ကျမတတ် ခုန်နေတာ။
ဘယ်လို ခေါင်းစဉ်နဲ့များ မိတ်ဆက်ပေးမလဲဆိုပြီး တွေးရင်း ကျန်းဟောက်စိတ်ကို အများကြီးပြင်ဆင်ခဲ့ရသေးသည်လေ။

အဲ့တာအပြင် စိတ်ပူစရာတွေ စုပြုံသွားပုံက ကိုရီးယားလူမျိုးမဟုတ်တာကို သဘောမကျမှာစိုးတာကြောင့် ကိုရီးယားနာမည်နဲ့ပါ မိတ်ဆက်ခဲ့တာပင်။

" ကိုကို ဒီကို ခဏလာခဲ့ပါအုံး "

မကြာသေးခင်က ဝင်သွားတဲ့ အခန်းတံခါးဆီကနေ ထယ်ရယ်တစ်ယောက် ခေါင်းပြူထွက်လာပြီး ကျန်းဟောက်ကို လက်ယပ်ခေါ်တော့ လှမ်းကြည့်မိသည်။

" သွားလိုက် သွားလိုက် "

ထယ်ဟီးက ပြောတာကြောင့် ထယ်ရယ် ခေါ်တဲ့ဆီကိုသာ ထသွားလိုက်၏။

အခန်းထဲကို ဝင်သွားလိုက်တာနဲ့ အခန်းတံခါးကိုပါ လော့ခ်ချလိုက်တဲ့ ထယ်ရယ့်ကို နားမလည်နိုင် ဖြစ်သွားမိသေးသည်။
အရင်ဆုံး လက်မောင်းကို ခပ်ဖွဖွ တစ်ချက်ထိုးလိုက်ပြီး ငေါက်စရာပေါ်လာလို့။

" ထယ်ရယ် တောက်လျှောက် ကိုကိုလို့ ခေါ်မနေနဲ့လေ။ နေရခက်တယ် "

" ကျွန်တော့်ရည်းစားမှန်း မသိမှာစိုးလို့ပေါ့။"

ကျန်းဟောက်က ခုနက တစ်စွန်းတစ်စ ကြားလိုက်တာကိုပါ ပြန်မေးမိသည်။

" ထယ်ရယ် ပစ္စည်းယူစရာရှိတယ်ဆိုတာ ကားကိုပြောတာလား။ ဘတ်စ်ကားနဲ့ ပြန်မယ်ထင်နေတာ "

" ဟင့်အင်း...ခြံရှေ့က Hyundai အဖြူလေးမြင်ခဲ့တယ် ဟုတ်။ အဲ့တာ ကျွန်တော့်ကား "

" အယ် "

" ဖေဖေ ကျွန်တော့်ကို ဝယ်ပေးထားတာ သိပ်မကြာသေးဘူး "

ထယ်ရယ့်မှာ ကားအပိုင်ရထားတယ်မှန်းလည်း မသိထားတာမို့ ပါးစပ်ဟောင်းလောင်းနဲ့သာ ကြည့်နေမိတော့ ထယ်ရယ်က ပါးကို လာဆွဲကိုင်တယ်။

" လွန်ခဲ့တဲ့ လေးရက်လောက်ကမှပါ။ ဒီနေ့မှ ပြတယ်ဆိုတာက မတိုက်ဆိုင်သေးလို့။ အခု အဲ့ဒီကားကို ဆိုးလ်ကို ယူခဲ့တော့မှာ "

ရုတ်တရက်ဖြစ်လွန်းတာကြောင့် လန့်သွားတာအမှန်ပါ။
ဘာကြောင့်ဆို ခြံရှေ့မှာ ထိုကားကိုတွေ့တုန်းကတောင် အရမ်းသစ်နေလို့ ငေးကြည့်ခဲ့မိသေးတာရယ်။

" ပြီးတော့ ဒါ ကျွန်တော် နေခဲ့တဲ့အခန်းလေ။ တက္ကသိုလ်စတက်ကတည်းက မနေတော့တာကို မေမေက ဒီအတိုင်းပဲ ထားထားတာ... ပြန်လာရင် အချိန်မရွေး သုံးလို့ရအောင် "

ဝေ့ဝိုက်ကြည့်မိတဲ့အခါ ထယ်ရယ့် ငယ်ငယ်က ဓာတ်ပုံတွေနဲ့ ဂစ်တာအညိုတစ်ခုရောရှိသည်။ အခန်းနံရံမှာ ထယ်ရယ် သဘောကျတဲ့ အဆိုတော်တွေရဲ့ သီချင်းအယ်လ်ဘမ်အဖုံးတွေကို print ထုတ်ကပ်ထားကာ စာအုပ်စင် သေးသေးလေးရှိ၏။

စာကြည့်စားပွဲလည်းရှိပေမဲ့ စာကြည့်စားပွဲပေါ်မယ် တေးဂီတနုတ်တွေရေးထားတဲ့ စာရွက်တို့ကသာ အစီအရီ။

စီးပွါးရေး တက္ကသိုလ်တက်ခဲ့သူမို့ စီးပွါးရေးအကြောင်း လေ့လာတုန်းက စာအုပ်တွေလည်း ရှိပါသည်။

" ဒီဂစ်တာက ကျွန်တော် အထက်တန်းတုန်းက သုံးခဲ့တာ။ စာအုပ်တွေကတော့ မသုံးဖြစ်တော့တာတွေ အမြဲ အိမ်ကို ပြန်ပြန်ပို့ထားဖြစ်တယ်။ "

ထယ်ရယ် ရှင်းပြသည်ကို ပြန်ပြောစရာ စကားမရှိပဲ ခေါင်းငြိမ့်ကာ နားထောင်နေမိရင်း စပ်စပ်စုစုပဲ ထယ်ရယ် ထိုင်နေတဲ့ အိပ်ယာဘေးဗီရိုလေးပေါ်က ဓာတ်ပုံကို သတိထားမိသွားသည်။

ကျန်းဟောက် ထိုဓာတ်ပုံအနားကို သွားကြည့်လိုက်ရင်း
" ထယ်ရယ် ဒါ အီဂျောင်လား "

ထယ်ရယ်က ခပ်ပြုံးပြုံးပဲ ထိုဓာတ်ပုံကိုကြည့်၏။ အနားမှာပဲ ရပ်နေတဲ့ ကျန်းဟောက်ကို လက်ကိုဆွဲရင်း ဘေးမှာ ထိုင်ခိုင်းသည်။

" ဟုတ်တယ် CSAT မဖြေခင်တုန်းက "

" အီဂျောင်က ရုပ်မပြောင်းဘူး။ ထယ်ရယ်ကတော့...ရုပ်ပြောင်းသွားတာပဲ "

သက်သက်စလိုက်တော့ ထယ်ရယ့် မျက်မှောင် ကြုံ့သွားသည်။

" ကျွန်တော့်ကို ငယ်ငယ်က ရုပ်ဆိုးတယ်လို့ ပြောနေတာလား။ ကြီးလာမှ ရုပ်ဆိုးတယ်လို့ပြောနေတာလား "

ဓာတ်ပုံထဲမှာ အီဂျောင်ဟျွန်းက လက်ရှိပုံစံအတိုင်း ခန့်ချောချောဖြစ်နေပေမယ့် ထယ်ရယ်ကတော့ ယခုနဲ့မတူအောင် ဆံပင် နက်နက်တွေက အုန်းသီးခွံလို လုံးစက်နေကာ မျက်မှန်ဝိုင်းကို တပ်ထားသေးသည်။ ပါးချိုင့်တွေပေါ်အောင် ရယ်နေတာဖြစ်ပြီး နှာခေါင်းထိပ်မှာ သိသိသာသာ ဝက်ခြံလေးပေါက်နေတာရော မြင်ရသည်။
ရုပ်ဆိုးတယ်လို့မမြင်ပါ။ ထယ်ရယ့် ငယ်ပုံစံကို ချစ်ဖို့ကောင်းတယ်လို့ မြင်မိပြီး ကျန်းဟောက်သာ ထယ်ရယ်နဲ့ အထက်တန်းကျောင်း အတူတူတက်ခဲ့ရင် ထယ်ရယ်က အချစ်ဦးဖြစ်ကောင်း ဖြစ်ခဲ့လောက်၏။

ဒါနဲ့ ရည်းစားထည်လဲတွဲခဲ့တာကတော့ အဲ့အရွယ်ကတည်းကဆိုရင် မယုံနိုင်စရာ။

" ကြီးလာမှ ရုပ်ဆိုးတာ ထယ်ရယ်က "

ကျန်းဟောက် စနေမှန်းသိတဲ့ ထယ်ရယ်က ရယ်ရင်း လှစ်ကနဲဆိုသလို နှူတ်ခမ်းကို လာနမ်းလေရဲ့။

" ကျွန်တော့်ကို ရုပ်ဆိုးတယ် တစ်ခါပြောရင် တစ်ချက်နမ်းမယ် "

" ဘာလဲ။ ကိုယ်က သက်သက်စတာကို။ ထယ်ရယ် တအားချောတာ ကိုယ်သိတာပေါ့။ ချောလို့ပဲ တွဲတာကို "

ထပ်ပြီး စလိုက်ပြန်တော့လည်း နောက်ထပ်တစ်ချက် ထပ်လာနမ်းပါ၏။

" ရုပ်ဆိုးတယ်လို့ မပြောလိုက်သလိုပဲနော် "

" ရုပ်ချောတယ်ပြောလည်း နမ်းမှာ "

မလိမ်စတမ်း ပြောရမယ်ဆို ထယ်ရယ့်ရဲ့ အခန်းဟောင်းလေးမှာ ရှိနေခဲ့လိုက်တဲ့ ထိုမိနစ်ပိုင်းဟာ ထယ်ရယ်နဲ့ တွဲရတာကို ကံကောင်းမှူ တစ်ခုလို ခံစားမိလိုက်တဲ့ ပထမဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

a/n: personal လေးတွေနဲ့ အလုပ်များနေတာကြောင့် update ကြာကောင်းကြာနိုင်ပါတယ်။ မြန်ရင်လည်း မြန်နိုင်ပါတယ် ><
မိုးမန့်သိပ်မရပေမဲ့ ရေးလက်စ အရမ်း fall in love နေကြတာလေး ဒီတိုင်းထားပြီး နောက်တစ်ပိုင်းလည်း အချိုကျွေးမှာမို့ stay tuned ~ 🫶🏻

Continue Reading

You'll Also Like

161K 7.4K 103
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
31.8K 2.4K 17
မြန်မာ | 𝗚𝘆𝘂𝗿𝗶𝗰𝗸𝘆 : 𝗬𝘂𝗿𝗶𝘇 : 𝗚𝘆𝘂𝗝𝗶𝗻 : 𝗦𝗵𝗲𝗻𝗧𝗮𝗲𝗿𝗮𝗲 [completed] ➳ triangle love / one-sided love ➳ angst ➳ mystery ➳ written...
2M 57.3K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
355K 12.2K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...