Mafia ရဲ့အချစ်တော်လေး [Mafia...

By KiKi11290

26.4K 1.5K 202

Zhanyi ရေးမာပါနျော ကိုယျကခုမှစရေးတော့မှားတာရှိရငျခှငျ့လှတျပေးကွပါနျော🤗🤗 Zhanyi ရေးမာပါနော် ကိုယ်ကခုမှစရေးတေ... More

part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
No update, Can you read it?
No update, Can you read it?
Part 9
I'm sorry, please read it.
Part 10
Part 11
Part 12
Part 13
No update, ‌Can you read it please?
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
I'm sorry, please you read it?
Part 21
Part 22
Part 23
Part 24
No update, ‌Can you read it please?
‌Come to read something new
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33

Part 6

987 56 9
By KiKi11290

[Unicode]

ရိပေါ် : အမလေး.....ကျောက်တုံးကြီးကျောက်တုံးကြီး

ပင်လယ်ထဲကြသွားတဲ့ခန္ဓာကိုယ်လေးမှာဘယ်လိုမှအချိန်ထိန်းမရပဲ ရေအောက်ကျသွားကာ ဧရာမကျောက်တုံးကြီးနဲ့ရိပေါ်ရဲ့ခေါင်းဟာ မိတ်ဆက်သွားရပြီး ရိပေါ်ရဲ့ခေါင်းဟာမီးပွင့်သွားသလိုခံစားလိုက်ရပြီးလောကကြီးဟာအမှောင်ဖုံးသွားတော့တယ်

ရိပေါ် : အား....ကျွတ်.....ကျွတ်

ရိပေါ်နိုးလာပေမဲ့ရိပေါ်ရဲ့မျက်လုံးတွေမဖွင့်နိုင်သေးခင် အရင်ခံစားလိုက်ရတာကခေါင်းကအရမ်းကိုနာကျင်ပြီးတစ်စစ်စစ်ကိုက်ခဲနေတာကို  ရိပေါ်လည်းနာကျင်မှု‌ကြောင့်ညည်းလိုက်မိသည်။

သူနာပြု : ဟယ်ရှင်သတိရလာပြီပဲခေါင်းကိုမထိနဲ့မထိနဲ့နော် ရှင်ခေါင်းကိုက်နေလား

ခေါင်းကနာလို့ထင်ပါရဲ့ လူနာကောင်လေးကခေါင်းကိုလက်နဲ့ထိဖို့လုပ်လာလို့ မင်မင် အမြန်ပင်တားလိုက်ရတယ်

ရိပေါ်မျက်လုံးကိုအားယူပြီးတဖြည့်းဖြည်းဖွင့်လိုက်တော့ အရင်မြင်တွေ့လိုက်ရတာ ဖြူဖွေးနေတဲ့မျက်နှာကျက် ဘေးဘက်ကိုအကြည့်ပို့လိုက်တော့ဖြူစင်သောအပြုံးလေးနဲ့သူနာပြုဝတ်ဆုံအားဆင်မြန်းထားသူလေးကိုတွေ့လိုက်တယ်

ရိပေါ် : ကျွန်တော်ဘယ်ရောက်နေတာလည်းဟင်

ရိပေါ်တကယ်မသိ၍မေးမိချင်းပါသူ့အတွက်ဒီနေရာအအလွန်စိမ်းသက်နေတယ်မလား

မင်မင် : ကျွန်မကရှင့်ကိုပြုစုပေးနေတဲ့သူနာပြုမင်မင်ပါ။ လူနာကသတိမေ့နေတော့ဘယ်သိပါ့မလည်း။ လူနာကအခုရှောင်အိမ်တော်မှာပါ။

ရိပေါ် : ဗျာကျွန်တော်သတိမေ့နေတာကြာပြီ ခုကရှောင်အိမ်တော်မှာဟုတ်လား ဒါနဲ့ကျွန်တော့ကိုပြုစုပေးထားလို့ကျေးဇူးပါနော်

မင်မင် : လူနာကျေးဇူးတင်ရမှာကျွန်မ မဟုတ်ပါဘူး ရှောင်သခင်ကြီးပါ  ရှောင်သခင်ကြီး ဆေးရုံကိုလာတော့  လူနာကိုသူပွေ့ထားပြီးလက်တစ်ဖက်ထဲနဲ့ကားမောင်းလာတာ လူနာရဲ့ခေါင်းကလည်းကျောက်တုံးနဲ့ရိုက်မိပြီးခေါင်းကွဲသွားတော့ ရှောင်သခင်ကြီးရဲ့တစ်ကိုယ်လုံးသွေးတွေနဲ့ချင်းချင်းနီနေတာပဲ အဲ့တာနဲ့ကျွန်မတို့ဒေါက်တာက ရှောင်သခင်းကြီးကားနဲ့တိုက်မိတာလားလို့မေးတော့ သခင်ကြီးကမဟုတ်ဘူးတောင်ကုန်းပေါ်ကပြုတ်ကြတာမြင်လို့ဆုပြီးပြန်ဖြေတယ်လေ

ရိပေါ် : ဟုတ်ပါတယ်ကားနဲ့ကျွန်တာ်တိုက်မိတာမဟုတ်ပါဘူးပြုတ်ကျသွားတာ ကားနဲ့ကျွန်‌တော်က အလွတ်ကြီးပါ ဒါနဲ့ရှောင်သခင်ကြီးဆိုတာ

မင်မင် : ကားနဲ့မတိုက်မိဘူးဆိုတာကျမတို့ယုံပါတယ် ရှောင်သခင်ကြီးကမဟုတ်တာပြောမဲ့သူမှမဟုတ်တာ အော် ဒါနဲ့ရှောင်သခင်ကြီးနံမည်ကရှောင်ကျန့်တဲ့ ဒီမြို့မှာတော့သူ့ရဲ့ချမ်းသာမှုက Top 1 သခင်ကြီးကသူ့မှာပိုင်ဆိုင်မှုဘယ်လောက်ရှိကြောင်းထုတ်မပြဘူး  အလှူအတန်းတွေဆိုထိပ်ကပဲ အဲ့တာကိုကြည့်ပြီးပဲခန့်မှန်းနိုင်ကြတာ တရုတ်မှာတောင်ချမ်းသာမှုက Top3 ထဲကတစ်ခုခုပဲဖြစ်ရမယ်

သူနာပြုမလေးကတောင်ချီးကျူးနေတဲ့ ရှောင့်ကျန်ဆိုသူကိုရိပေါ်ကြားဖူးသလိုတော့ရှိသား ဘာပဲဖြစ်ဖြစ်ထိုလူကသူ့ကို ကယ်ထားတာမို့ရိပေါ်ကျေးဇူးတင်ကြောင်းပြောရအုံးမည် လူချင်းတွေ့မှသေချာ ရိပေါ်ပြောရအုံးမှာပဲ

မင်မင် : အယ် ..မောင်လေးနဲ့စကားပြောနေတာနဲ့မေ့နေတာ မောင်လေးနိူးလာတာနဲ့ ရှောင်သခင်ကြီးက တန်းပြောဖို့မှာထားတာသခင်ကြီးကမောင်လေးကိုအရမ်းစိတ်ပူနေတာ

ဖြူအုအုနဲ့သူနာပြုမလေးမင်မင် ထွက်သွားတော့ရိပေါ်အခန်းတွင်း‌ဝေ့ဝိုက် ကြည့်လိုက်မိတယ်   စာကြည့်စာပွဲခုံပေါ်တွင် နှင်းဆီပန်းအဖြူရောင်လေးတွေထိုးထားသည့်ကျောက်ဖြူပန်းအိုးလေး သူ့ဘေးမှာသွေးချိန်ကိရိယာပြီးတော့အားဆေးတွေလည်းချိတ်ထားပုံရသေး ပြီးတော့ ခုတင်၊ မွေ့ယာ၊ခေါင်းအုံး၊ဆောင် အသုံးအဆောင်ပစ္စည်းတွေမှာလည်း ကြည့်လိုက်တာနဲ့ brand တွေမှန်းသိသာချက်

ရိပေါ် စကားသံတွေ နဲ့အတူခြေသံသဲ့သဲ့ကြားလိုက်တယ်ဆိုရင်ပဲရိပေါ်လှည့်ကြည့်လိုက်မိတော့ သူနာပြုမလေးမင်မင်နဲ့အတူ အရပ်က6ပေကျော် အသားကဝင်းဝါပြီးနည်းနည်းအညိုဘက်သွားတဲ့ ဥရောပသားတွေတင်မက လူအတော်များများလိုချင်လှသောအသားရည်ရှိပြီး မျက်လုံးကနေထို့လူ့ရဲ့အမိန့်အာဏာစက်တွေဘယ်‌လောက်ပြင်းကြောင်းထုတ်လွတ်နေပြီ‌ ဖြောင့်တန်းတဲ့နှာတံ ယောက်ျားပီသကြောင်းထောက်ခံနေတဲ့မေးရိုးနဲ့မျက်နှာကျ၊ ပိရိတည်တင်းစွာဖိပိတ်ခံထားရတဲ့ပန်းနုရောင်နှုတ်ခမ်းပါးနဲ့လူ   အဲ့လူနှုတ်ခမ်းအောက်ကမှည့်လေးကလည်းထိုသူ့ရဲမျက်နှာချောကိုပိုမိုကြည့်ကောင်းအောင်ပန့်ပိုးထားသရောင် နက်မှောင်နေတဲ့ဆံပင်ကိုသေချာကြနစွာပုံးသွင်းထားပြီး25နှစ်လောက်ဝန်းကျင်ပဲရှိမည့်အသက်ကိုဖုံးကွယ်ထားကာလူကြီးပုံစံ ရှိုးထုတ်ထားသည့် တဲ့သူကိုတွေ့လိုက်ရတယ် ။ ထိုလူးကိုရိပေါ်သိသ‌လိုတော့ရှိသား [ရှိမှာပေါ့အဲ့တာ ရိပေါ် ဘဲဘဲလေfic ကြောင့်မေးချင်ယောင်ဆောင်နေတာမလား  အဟိ😁 ]

ရှောင်ကျန့် :‌ ကောင်းလေးမင်းသက်သာပြီးလားကိုယ့်ကိုမှတ်မိလား

ရိပေါ် : ဟင်

ရှောင်ကျန့် : အင်းပေါ့လေ ဘယ်မှတ်မိပါ့မလည်း ကိုယ်နဲ့မင်းလေယာဉ်ကွင်းမှာခနပဲဆုံဖူးတာကို

ရိပေါ် : အော်..ဟုတ်ကဲ့ကျွန်တော်မှတ်မိပါပြီးယုတ်တရက်မို့ပါ

ရှောင်ကျန့် : အင်းဒါနဲ့မင်းကဘယ်လိုဖြစ်လာတာလည်း ကိုယ်မေးသင့်လားမမေးသင့်လားမသိပေမဲ့ကူညီစရာရှိရင်ကူညီပေးရအောင်လို့

ထိုလူကြီးက လမ်းကြုံခေါ်တုန်းကထက်ရိပေါ်အပေါ်မှာပိုပျော့ပြောင်းလာသလို့ခံစားမိတယ် ဒါဟာလည်းရိပေါ်မှာဒဏ်ရာနဲ့မို့ဖြစ်မည်ထင်။

ရိပေါ် : ဟိုကျွန်တော် ပေကျင်းကိုပြန်ချင်လို့အဲ့တာကျွန်တော့မှာလည်းအသိမရှိလို့ကူညိလို့ရရင်ကူညီပေးပါလား ဗျ

ရှောင်ကျန့် : ဟင်း......မင်းလာခဲ့တဲ့နေရာအကြောင်းကိုတောင် မင်းမသိပဲ လာခဲ့ရတယ်လို့

ထိုလူကြီးကရိပေါ်ကိုသနားစရာလူတစ်ယောက်လိုကြည့်လာပြီးပြောလာတယ်

ရိပေါ် : ဟို ဘာဖြစ်လို့လည်းဟင်အကိုကြီး
[ဟယ်... အကိုကြီးတဲ့ ချက်ချင်းကြီး..သွက်ချက်ပဲ ]

ရိပေါ်ရဲ့အကိုကြီးလို့ခေါ်သံကြောင်းရှောင်ကျန့်ရဲ့မျက်ခုံးတို့ဟာအပေါ်ကိုအနည်းငယ်မသိမသာပင့်တက်သွားသည်။

ဒီမြို့မှာရိပေါ် အားကိုးဆရာဆိုလို့ ရှောင်ကျန့်တစ်ယောက်ပဲရှိတော့တယ်ရှောင်ကျန့်ကိုလည်းအကိုကြီးတစ်ယောက်လိုအတည်ခင်မင်မိတာမို့ အကိုကြီးဟုခေါ်ရန်ဆုံးဖြတ်လိုက်သည်။[ဇွတ်တွေညီအကိုဇာတ်သွင်းနေတာပဲနော် တို့ရိပေါ်လေးကတော့ 😂အတည်ရော ညီအကိုလိုဆိုတာဟုတ်လို့လား🤭]

ရှောင်ကျန့် : ကလေးရယ်ကိုယ်‌တို့ဆီကလေ မိုးလေဝသမကောင်းရင်လေယာဉ်ထွက်မရဘူးလေ ကလေးလာခဲ့တာနောက်ဆုံးလေယာဉ်ပဲ သတင်းမှာလည်းကြေညာတယ်လေကွာ ဒီနေရာကပေကျင်းလိုမဟုတ်ဘူးလေနယ်စပ်မြို့‌လေး ဆိုတော့ အဲ့လိုပဲ မုန်တိုင်းလည်းကြေညာထားသေးတယ်ပုံမှန်ထက်စောဝင်တာဒီ‌နှစ်က

ရိပေါ် : ဟာ  အဆိုရင်ဒုက္ခပါပဲ ..ဟင့် ..ဟင့်..ဒါနဲ့လေ မုန်းတိုင်းဝင်တာဘယ်နှစ်လလည်း

ရှောင်ကျန့် : သိပ်မကြာဘူး လေးလထဲပါ

ရိပေါ် : ဗျာ!!!...ဗြဲ...အီး ဟီး.....ဟင့်..ဟင့်..သိပ်မကြာပါဘူး‌ လေးလထဲတဲ့ ဟင့်...ရွတ်..ဟင့်[Ki လည်းငိုသံကိုဒီလောက်ပဲရေးတက်တယ် ဗြဲတို့ဟင့်..ဟင့် ဟင့် လို့ရေးရင်ငိုသံလို့သတ်မှတ်ပေးကြနော်😐]

ရှောင်ကျန်သူ့ကိုငိုပြီးမေးလာတဲ့ကလေးကြောင့်သူ လေးလလို့ဖြေလိုက်တော့ အသံဗြဲကြီးနဲ့အော်ငိုလာတဲ့ကလေးငယ်ပါလေ ဟုတ်တာပဲသိပ်မှမကြာတာ တစ်နှစ်လုံမိုးရွာတာမျိုးနှင်းဝေတာမျိုးတွေတောင်ဒီမြို့ကဖြစ်တက်တာကို

ရှောင်ကျန့် : ကလေးရယ်ဘာလို့အော်ငိုတာလည်းကိုယ့်ကိုပြော [ဟဲ့ဟဲ့ ကျန့်ရေ ကိုကမင်းကို  Mafia ကြီးနေရာကရေးမလို့နော် သူကနုရွပြနေတယ် အယ်ဒုက္ခ သာသာKi ဒုက္ခတော့ရောက်ပြီထင်ပါရဲ့]

ရိပေါ် : လေးလဆိုတော့ကျွန်တော်ကဘယ်မှာနေပြီးစောင့်ရမှာလည်းပေးကျင်းမှာတောင်နေစရာမရှိဘူးဒီမှာကပိုဆိုးသေးအသိလည်းမရှိဘူး ...ဗြဲ...

ရှောင်ကျန့် : ကလေးကပေကျင်းမှာလည်းနေစရာမရှိဘူးဆိုဘာလို့ပြန်နေမှာလည်း

ရိပေါ် : ဒီမှာကအသိလည်းမရှိတော့ပိုဆိုးမှာပေါ့လို့..ဟင့် ဟင့်..ဟင့်

ရှောင်ကျန့် : ကိုယ်လည်းတစ်ယောက်ထဲဖြစ်နေတော့ကိုယ်မင်းကိုမွေးစားမယ်လေကိုယ်နဲ့မင်းနေနိုင်မလားဟင်

[‌ဟဲ့ဟဲ့တစ်စိတ်လောက် ကျန့်ပြောတဲ့  မွေးစားမယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုပြန်ရှင်းပြနိုင်မလားဟင် တဂယ်နားမလည်လို့ပါ😔]

ရိပေါ် : ဟင့်..ရွတ် တဂယ်လား

ရှောင်ကျန့် : အင်း

ရိပေါ် : အာ့ဆိုအစမ်းလေးလနေကြည့်မယ်လေ

ရှောင်ကျန့် : အင်း

ရှောင်ကျန့်ကမွေးစားမယ်ဆိုတော့ ကလေးရဲ့မျက်လုံးတွေကကြည့်လဲ့လဲ့လေးတွေအရောင်တောက်လာပြီး အစမ်းနေကြည့်အုံးမယ်ဆိုတဲ့ကလေးငယ်ရယ်ပါ။ ကလေးငယ်ကမူနေပြန်ပါပြီ     မပူပါနဲ့ကလေးရယ် ကိုယ်နဲ့ကလေးကမနေချင်ရင်တောင်ရအောင်ဆွဲထားအုံးမှာ ပထမအကြိမ်ဆုံတွေ့မှုကကိုယ်နောက်ကျသွားမှန်းသိလိုက်လို့ဟောင်ရွမ်လိုလူရှုပ်လူပွေတစ်ယောက်ရဲ့လက်ထဲထိလိုက်ပို့လိုက်ရပေမဲ့ ခုတော့ကလေးကိုသူ့(ကျန့်)ဆီကံကြမ္မာကဒုတိယအကြိမ်တွန်းပို့ပေးလာတယ်။ ဒီတစ်ခါတော့လုံးဝမလွှတ်တော့ဘူး မြင်မြင်ချင်းချစ်ခဲ့ရတဲ့ကလေးဟာရှောင်ကျန့်အပိုင်ဘဲ။
[ကိုကိုကျန့်တို့များနော်ဇွတ်...🙄 သာသာ Kiနဲ့ သူ့reader လေးတွေကလည်း ကိုကိုကျန့်သိမ်းပိုက်တာခံချင်လို့နော့လေ လာသိမ်းလှည့်နော်ကိုကိုကျန့်...အဟိ

ရိပေါ် : 🔫🔫 ငါ့ကိုကို ကိုယ် OC တဲ့နိတို့သေပေတော့

သာသာKiနဲ့သူ့ reader များ : 🏃🏃🏃]

[Zawgyi]



ရိပေါ် : အား....ကျွတ်.....ကျွတ်










ရိပေါ် : ဟုတ်ပါတယ်ကားနဲ့ကျွန်တ်ာတိုက်မိတာမဟုတ်ပါဘူးပြုတ်ကျသွားတာ ကားနဲ့ကျွန်‌တော်က အလွတ်ကြီးပါ ဒါနဲ့ရှောင်သခင်ကြီးဆိုတာ



မင်မင် : အယ် ..မောင်လေးနဲ့စကားပြောနေတာနဲ့မေ့နေတာ မောင်လေးနိုးလာတာနဲ့ ရှောင်သခင်ကြီးက တန်းပြောဖို့မှာထားတာသခင်ကြီးကမောင်လေးကိုအရမ်းစိတ်ပူနေတာ




ရိပေါ် : ဟင်
















ရှောင်ကျန့် : ကလေးရယ်ဘာလို့အော်ငိုတာလည်းကိုယ့်ကိုပြော [ဟဲ့ဟဲ့ ကျန့်ရေ ကိုကမင်းကို  Mafia ကြီးနေရာကရေးမလို့နော် သူကနုရြွပနေတယ် အယ်ဒုက္ခ သာသာKi ဒုက္ခတော့ရောက်ပြီထင်ပါရဲ့]







ရှောင်ကျန့် : အင်း


ရှောင်ကျန့် : အင်း




Continue Reading

You'll Also Like

2.6M 183K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
269K 40.5K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
259K 13.3K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
693K 1.2K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭