shady☆ [julyz] ✔️

De ji__aan

8.5K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... Mai multe

1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

11

240 31 2
De ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ဟန်ဘင်း ငါ ခဏ အပြင်သွားအုံးမယ်နော်။ ပြီးရင် ပြန်လာမယ် "

" ဟေ့ကောင် မင်း ဥစ္စာခြောက်နေတာလား ဘာဖြစ်နေတာလဲ ဒီလောက်ကြီး "

အလုပ်မရှိတာလည်း မဟုတ်ပဲ laptop တစ်လုံးနှင့် ထယ်ရယ်တို့ studio မှာလာထိုင်နေပြီး ရည်းစားနဲ့ ပလူးပလဲလုပ်နေတဲ့ အီဂျောင်ဟျွန်းကလှမ်းအော်တယ်။

" ကိုယ့်ရည်းစားကိုယ် ကျောင်းပို့ကျောင်းကြိုလုပ်တာ ဘာဖြစ်လဲ "

ဂစ်တာကို ချလိုက်ရင်း အီဂျောင့်ကို လက်သီးရွယ်ပြလိုက်တော့ ဘေးက ပတ်ဟန်ဘင်းက ချက်ချင်း မျက်စောင်းထိုးတယ်။

သူတို့တောင် ရည်းစားထိတာနဲ့ ဒီလိုဖြစ်နေကြပြီးတော့။

ကျန်းဟောက်ရဲ့ကျောင်းဆင်းချိန်တွေဆို ထယ်ရယ် သွားသွားစောင့်ဖြစ်နေတာ ရှေ့အပါတ်ကတည်းကပင်။
အခု နှစ်ပါတ်မြောက်အထိမှာ ကျန်းဟောက်ရဲ့ ရည်းစားဟောင်းဆိုတဲ့လူကို ကျောင်းဆင်းချိန် ကျောင်းဝင်းရှေ့မှာ ရစ်သီရစ်သီနဲ့ သုံးလေးခါတွေ့သေး၏။

မဆုံခင် ကျန်းဟောက်ကို အမြဲ အလစ်ခေါ်ခေါ်လာရတာ
ထယ်ရယ် ကလေးဆန်တယ်လို့ ပြောခံရမှာလည်း မကြောက်နိုင်တော့ပါ။

ဒီတစ်ခေါက် ထယ်ရယ်ရောက်သွားတာ အနည်းငယ် နောက်ကျသွားသည်။


ဆယ်မိနစ်လောက်သာ နောက်ကျပေမဲ့ ကျောင်းရှေ့ရောက်တဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခေါင်းတွေပူသွားပါ၏။

ဂျောင်ဂျူဘင်းဆိုတဲ့လူက ကျန်းဟောက် လက်ထဲက ဖုန်းကို လှစ်ကနဲ ယူသွားကာ သူ့ဖုန်းနံပါတ်သူ ရိုက်ထည့်နေတဲ့ပုံပင်။

ကျန်းဟောက် မျက်နှာကိုတော့ ထယ်ရယ့်အဖို့ မမြင်ရ။

ဒေါသထွက်သွားတာက အရင်ဖြစ်နေရင်တောင် ပြဿနာထရှာလို့ အဆင်မပြေဘူးမဟုတ်လား။ လက်သီးကို အရင် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

ကျန်းဟောက် ကျောပေးထားတဲ့လမ်းကနေ လာနေတာမို့ တစ်ဖက်လူက ထယ်ရယ့်ကို အရင်မြင်သွားတာနဲ့ ပြုံးပြလိုက်ပါရဲ့။

ပေါ်ပေါ်ထင်ထင် ကျန်းဟောက်ကို ချဉ်းကပ်နေတဲ့လူကလည်း မျက်နှာပြောင်စွာ ထယ်ရယ့်ကို ပြန်ပြုံးပြတယ်လေ။

စိတ်ထဲကနေ ကြိတ်ဆဲလိုက်ပြီးနောက် ကျန်းဟောက်အနောက်ကို တိုးသွားတာ ပုခုံးကိုအရင်ဖက်လိုက်တဲ့အခါ ရုတ်တရက်မို့ လန့်သွားတဲ့ ကျန်းဟောက်က တစ်ချက်တုန်သွားတယ်။

ထယ်ရယ် ရုတ်တရက်ရောက်လာလို့ လန့်သွားတာလား။
ရည်းစားဟောင်းနဲ့ စကားပြောနေတာကို မြင်လို့ လန့်သွားတာလား။

" ထ..ထယ်ရယ် "

" ကျွန်တော် ကျန်းဟောက်ကို လာကြိုတာ "

အချိုသာဆုံး ပြုံးရင်း ကျန်းဟောက် ဆံပင်တွေကို အသာလေးဖွလိုက်တော့ တစ်ဖက်လူမျက်နှာပျက်သွားတာကို ထယ်ရယ် မြင်လိုက်သည်။

" ဘတ်စ်ကားဂိတ်ကို အရင်သွားနှင့်ပါလား "

" ထယ်ရယ် အတူတူသွားမယ်လေ "

" ကျွန်တော် ပြောတယ်... အရင်သွားလို့ "

ဒုတိယတစ်ကြိမ် လေသံနှိမ့်ပြီး စကားသေချာထောက်လိုက်တော့ ပြန်ပြောရခက်သွားတဲ့ ကျန်းဟောက်က ငြိမ်ကျသွားလျက်

" အဲ့တာဆို မြန်မြန်လာခဲ့နော်။ ထယ်ရယ် "

" ဟုတ် "

ပါးချိုင့်တွေပေါ်တဲ့ထိ ပြုံးပြလိုက်တော့ ကျန်းဟောက်က အရင်ထွက်သွားရှာတယ်။ ထိုခါမှ အရမ်း သတ္တိကောင်းနေတဲ့ လူကို ထယ်ရယ် လှည့်ကြည့်မိတယ်။

" ချစ်သူရှိပြီးသားလူကို ပေါ်ပေါ်ထင်ထင် ပြန်လိုက်တာက နည်းနည်းတော့ ရုပ်ပေါက်တယ် မထင်ဘူးလား "

" ဟ ထယ်ရယ် အရိပ်အကဲမြန်သားပဲ "

မသွယ်ဝိုက်တဲ့ ထယ်ရယ့်အမေးကို မျက်ခုံးပင့်ကာ ပြန်ဖြေရင်း ပြုံးလာသည်။ ငြင်းဖို့ စိတ်ကူးရှိဟန်မတူ။

" အင်း... ကိုယ်ကတော့ မထင်ပါဘူး "

ထယ်ရယ် စိတ်ပျက်စွာ ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်သည်။ ဒီလိုလူမျိုးတွေကို ပြဿနာရှာရင် ရောင့်တက်မှာဖြစ်ပြီးတော့ လွှတ်ပေးထားရင်လည်း ပိုပြီးဆိုးဖို့ပဲရှိသည်လေ။

ကျန်းဟောက် အဲ့လိုလူကို ဘာများကြည့်ကြိုက်ခဲ့တာလဲ။

" မထင်ရင် ဆက်ကြိုးစားကြည့်ပေါ့ ဟျောင်း။ ကျွန်တော် သဘောထားမသေးပါဘူး "

ဒီလိုတုံ့ပြန်မယ်လို့ တွက်ထားပုံမရတဲ့ ဂျူဘင်းရဲ့မျက်နှာပျက်သွားတော့ ထယ်ရယ် ကျေနပ်မိပါ၏။

" တစ်ခုတော့ ရှိတာပေါ့။ ကျွန်တော့်ကိုကိုက ကျွန်တော့်ဆီမှာပဲနေမယ်ဆိုရင်တော့ အဲ့ခါကျမှ ရှက်စရာတွေ ဖြစ်ကုန်မှာ "

တစ်ဖက်လူရဲ့ ပုခုံးကို လှမ်းပုတ်ရင်း လှောင်သယောင်ယောင် ပြုံးပြလိုက်ရတာ အောင်နိုင်သူလို ခံစားရသည်။
ဒေါသပြေနေတာတော့ မဟုတ်နေ။ စိတ်ရှိသလိုဆိုရင် နှာရိုးတည့်တည့်ပိတ်ထိုးလိုက်ချင်ပေမဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရင်းက တစ်ဖက်ကိုလက်လျော့အောင်၊ ကျန်းဟောက်က အခုထက်ပိုပြီး ကြိုးကြိုးစားစားတွန်းထုတ်ပစ်အောင်လုပ်ဖို့က ထယ်ရယ့်ရဲ့ အစီအစဉ်ပင်။

အခုနလေးတင်ကမှ ချလိုက်တဲ့အစီအစဉ်ပေါ့။

" ထယ်ရယ် "

ထယ်ရယ့်ကို နာမည်တပ်ခေါ်ဖို့အထိကတော့ တော်တော်ကို စည်းကျော်သလိုလို။

" ဟာအိုနဲ့ ကိုယ်နဲ့ တော်တော်လေးကို ရင်းနှီးခဲ့တာ သိလား "

ရိသဲ့သဲ့ နှစ်ဖက်ခွစကားကြောင့် အရှိူက်ထိသွားတဲ့ ထယ်ရယ် တစ်ချက် အံကြိတ်လိုက်မိသည်။ အဲ့လူအတွက် အတိတ်ဆိုတာက ထယ်ရယ့်ဆီကနေ ကျန်းဟောက်ကိုလုဖို့ လက်နက်ကောင်းတစ်ခုလိုဖြစ်နေ၏။

" အခုတော့ မဟုတ်ဘူးလေ။ အဲ့တာကြောင့် လက်ရှိကိုကြည့်ပြီးတော့ ကျန်းဟောက်ကို ပြန်လိုချင်ရင် ရတဲ့နည်းမှန်သမျှနဲ့ ကြိုးစားကြည့်။"

စိန်ခေါ်ချင်တိုင်း ခေါ်လိုက်ပြီးရင် ထယ်ရယ့်ဘက်ကလည်း ကာကွယ်နိုင်သလောက် ကာကွယ်ရတော့မှာပဲ။

ဘယ်နည်းလမ်းနဲ့မဆိုပေါ့။




မိနစ်ပိုင်းလေးအတွင်း ကျန်းဟောက် စောင့်နေမယ့် ဘတ်စ်ကားဂိတ်ကို လိုက်သွားခဲ့သည်။

တွေ့တာနဲ့ စောင့်နေရာက မျက်လုံးအဝိုင်းသားလေးဖြစ်သွားရင်း ထလာတော့ ထယ်ရယ် ပါးချိုင့်တွေပေါ်အောင်ပြုံးလိုက်ကာ ကျန်းဟောက်လက်ကို အရင် ဆွဲကိုင်ထားလိုက်၏။

" ထယ်ရယ်.. ဂျုဘင်းနဲ့ ဘာတွေပြောခဲ့တာလဲ "

" ဘာမှမပြောခဲ့ပါဘူး "

" ဟုတ် "

နားမလည်နိုင်တဲ့ ရှူပ်ထွေးထွေးအကြည့်မျိုးနဲ့ ထယ်ရယ့်ကိုကြည့်တယ်။

" ကျွန်တော်နဲ့ အဲ့ဟျောင်းနဲ့ နှစ်ယောက်တည်း စကားပြောလို့မဖြစ်တဲ့ အကြောင်းများရှိလား"

" ဟင်..မ..မရှိပါဘူး "

" ကျန်းဟောက် ဖုန်းပေး "

" ကိုယ့်ဖုန်းကို ဘာလို့ "

စိတ်ကို အတော်လေး ဆွဲဆန့်ခဲ့ပေမဲ့ ကျန်းဟောက်ရဲ့ မထုံတတ်တေးမျက်နှာဟာ ထယ်ရယ် ထိန်းချုပ်ထားရတဲ့ဒေါသကို ဖြည်းဖြည်းချင်း လွှတ်ပေးချင်အောင် လုပ်နေသည်လေ။

ကျန်းဟောက်က တုံ့ဆိုင်းစွာ ကမ်းပေးတဲ့ ဖုန်းကို ယူလိုက်ရင်း ခုနက ဟိုလူရိုက်ထည့်သွားတဲ့ ဖုန်းနံပါတ်ကို block လိုက်၏။

ရအောင်ယူကြည့်လို့ စိန်ခေါ်ခဲ့တာနဲ့ အလျောက် ထယ်ရယ့်ဘက်ကလည်း ညစ်တတ်ရအုံးမည်ပေါ့။
ကျန်းဟောက်ကို တကယ်ကြီး လက်လွှတ်စပယ် ပြန်ပေးမယ်များ ထင်နေသလား။

" ထယ်ရယ် ဖုန်းနံပါတ်ကို- "

" ဒီလိုလုပ်လို့ မဖြစ်တဲ့ အကြောင်းရော ရှိလား "

ဖြတ်မေးလိုက်တာကို ချက်ချင်းပဲ ခေါင်းခါပြတဲ့ ကျန်းဟောက် လက်ထဲ ဖုန်းပြန်ထည့်ပေးလိုက်သည်။

" အဆက်အသွယ် မလုပ်နဲ့နော် "

" မလုပ်ပါဘူး "

ထယ်ရယ် သက်ပြင်းတစ်ချက်ချလိုက်ရင်း ဟိုကြည့် ဒီကြည့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။

" အစောကတော့ အိမ်ထိ ပြန်လိုက်ပို့မလို့ပဲ။ အခု ကျွန်တော် အချိန်ယူတာ များသွားလို့ studio ကိုပဲ ပြန်လိုက်တော့မယ်။ ညလည်း အိမ်ပြန် နောက်ကျမှာမို့ မစောင့်နဲ့တော့နော်

" အင်း.. ညနေစာ သေချာစား ထယ်ရယ် "

ထယ်ရယ် ခေါင်းငြိမ့်ပြလိုက်ရင်း ကျန်းဟောက်ရဲ့ ဆံပင်လေးတွေကို တစ်ချက်ဖွလိုက်သည်။
နောက်မှ အကြံတစ်ခုရသွားကာ ဝမ်းနည်းသယောင်ယောင် မျက်နှာထားမျိုး ပြင်လိုက်၏။

" အာ.. ပြီးတော့ ကျန်းဟောက် "

" ပြောလေ ထယ်ရယ် "

" ဘ..ဘာမှ မဟုတ်တော့ပါဘူး "

" တစ်ခုခုရှိသေးလို့လား "

" ကျွန်တော် လျစ်လျူရှူလိုက်မလို့ စဉ်းစားထားပေမဲ့ ပြောသင့်ရဲ့လားတောင် မသိတော့ဘူး "

ကျန်းဟောက် မျက်နှာပဲ စိတ်ပူသွားဟန် အရိပ်အယောင်လေး စမြင်လာရသည်။ သူ့အတွက်သူ မဟုတ်ပဲ ထယ်ရယ့်မျက်နှာမကောင်းတော့တာကြောင့်ဖြစ်ပါ၏။

" ကျွန်တော်နဲ့ တွဲရတာ မပျော်ဘူးလားဟင်။ ဂျူဘင်းဟျောင်းက ကျွန်တော့်ထက် ပိုကောင်းခဲ့တာလားလို့..သူ့ဆီကို ပြန်သွားရတာက ပိုကောင်းမယ် ထင်ရင် ကျွန်တော်နဲ့ လမ်းခွဲပြီး-"

သဘာဝကျကျပဲ စိတ်မတည်ငြိမ်တဲ့ အမူအရာမျိုး မဟုတ်တဲ့တိုင် စကားပြောနေရင်း မျက်ရည်တွေလည်း ကျလာသည်။
ထယ်ရယ့်ကို ကြည့်နေရင်း ရုတ်တရက် လန့်သွားသော ကျန်းဟောက်က အလျင်စလိုပဲ စကားထကာတော့၏။

" ဘာလို့ ဒီလိုတွေ မေးရတာလဲ? ကိုယ်တို့တွေ အဆင်ပြေနေကြတာကို ကိုယ် အရင်လူဆီ ပြန်မသွားဘူး။ ဂျူဘင်း ဘာတွေပြောခဲ့လို့လဲ ကိုယ့်ကို ပြောပြ ထယ်ရယ်။ ပြီးရင် ထယ်ရယ် စိတ်ထဲရှင်းအောင် အကုန် ပြောပြမယ်လေနော် "

" အရမ်းကို အတွင်းကျကျပတ်သက်ခဲ့တယ်ဆို "

ခေတ္တပြောစရာစကား ပျောက်သွားတဲ့ ကျန်းဟောက်ပုံစံက တစ်ခုခုကြောင့် အာရုံပျက်သွားတာနဲ့ တူသည်။
အတိတ်မှာ မကောင်းတာတွေ ဖြစ်ခဲ့ဖို့က များတာမို့ ကျန်းဟောက် မှတ်ဉာဏ်ထဲက ထိုအရာတွေကိုသာ ထယ်ရယ် ဆွလိုက်နိုင်ရင် တစ်ဖက်လူအတွက် အားလျော့စေသွားမလား။

" အတိုင်းအတာ တစ်ခုအထိ ဟုတ်ပေမဲ့... "

" ကျွန်တော့်ကို ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြပါလား "

" ဟင် "

" ပြောပြလို့ အဆင်မပြေရင်တော့.. မပြောလည်း ရပေမယ့် ကျွန်တော်လည်း သိဖို့ လိုအပ်တယ်လေ။ ကျန်းဟောက် အဲ့လူဆီကို ပြန်မသွားဖို့အတွက် သေချာတဲ့ အကြောင်းအရင်း။ ပြီးတော့ ကျန်းဟောက်ကို ကာကွယ်ဖို့လိုအပ်လာရင် သိထားမှဖြစ်မှာလို့ တွေးမိလို့ "

ကျန်းဟောက်က သက်ပြင်းချသည်။
အဲ့ဒီနောက် ခဏငြိမ်သွားကာ ထယ်ရယ့်ဆီကို ဖွင့်ဟဖို့ငှါ အချိန်ယူနေ၏။

" တကယ် ပြောပြရမှာလား "

ထယ်ရယ် ခေါင်းထပ်ငြိမ့်ပြလိုက်သည်။ ပလီပလာ အမူအရာတွေက ထယ်ရယ့်ပုံစံမဟုတ်ပေမဲ့ ခွေးပေါက်လို မျက်နှာငယ်လေးကြောင့် ကျန်းဟောက် ငြင်းနိုင်မယ်မထင်။

" အဲ့တာက...ဂျူဘင်းက အစကတည်းက ကိုယ့်ကို လောင်းကြေးစားကြေးနဲ့ လာတွဲတာ။ နောက်တော့ အဲ့ကိစ္စကို မေ့လိုက်ပြီး တကယ်တွဲဖြစ်သွားတယ်။
အချိန်လည်း တော်တော်ကြာခဲ့ပြီး မိဘတွေကို မိတ်ဆက်ပေးဖို့အထိ လုပ်ထားခဲ့ပေမဲ့ အဲ့ဒီအချိန်မတိုင်ခင်မှာ ဂျူဘင်းက ကိုယ့်ထက် ပိုပြီး သဘောကျတဲ့လူရှိတယ်တဲ့။ ကိုယ်နဲ့ တွဲနေရင်းကိုပဲ တွေ့နေတာ လအတော်ကြာပြီလို့ပြောတယ်။
ကိုယ်ကလည်း ဂျူဘင်းကို အချိန်မပေးနိုင်ခဲ့ဘူးလေ။ တစ်ချိန်လုံး စာကြည့်တိုက်ပဲသွားနေပြီး သူ့ပတ်ဝန်းကျင်အကြောင်းကို မသိဘူး။ စကားလည်း နားထောင်လို့ကောင်းအောင် ပြောတတ်တာမဟုတ်။ ပြီးတော့ နည်းနည်း...အထိအတွေ့တွေ မကြိုက်လို့ ဂျူဘင်းအတွက် ဘက်ပေါင်းစုံက အဆင်မပြေခဲ့ပုံပါပဲ။"

မိဘကတင်းကြပ်တာတောင် ကျန်းဟောက်က မိတ်ဆက်ပေးဖို့ထိ လုပ်ခဲ့တယ်ဆို တော်တော်လေးချစ်ခဲ့တဲ့ပုံပါ။
အင်း..ဖောက်ပြန်ပြီးတာတောင် ပြန်လာချင်တဲ့လူကတော့ တရားလွန်တာပေါ့။

ကျန်းဟောက်ကို အဲ့လိုလူဆီ ပြန်ထည့်ပေးလို့ လုံးဝကိုမဖြစ်ပါဘူး။ ထည့်ပေးချင်စိတ်လည်းမရှိသလို ထည့်ပေးမှာလည်း မဟုတ်ဘူး။

အခု ထယ်ရယ့်အပိုင်လေ။

" ဒါပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်ရဆုံး အပိုင်းက နောက်တစ်ယောက် ရှိနေတာ သိပြီးတာတောင် ပြုပြင်ဖို့ ကြိုးစားခဲ့သေးတာကိုပဲ။ တ..တကယ်ကို..ဒူးတောင်ထောက်ပြီး တောင်းပန်ခဲ့တာ။ ဘဝမှာ သိက္ခာအကျဆုံးပတ်သက်မှူလို့တောင် ပြောလို့ရတယ်"

ကျန်းဟောက်က စိတ်ပျက်လက်ပျက် တစ်ချက်ရယ်သည်။ ထယ်ရယ့်ကို အသေးစိတ်ရှင်းပြတာကို နားထောင်ရင်း ကျန်းဟောက် အဲ့ဒီလူကို ဘယ်လောက်တောင် စိတ်နာနေမလဲ မှန်းလို့ရသည်။

တစ်နည်းပြောရရင် ထယ်ရယ့်ရဲ့ ရှိူးဟာလည်း ကျောထောက်နောက်ခံကောင်းသွားပြီဖြစ်သလို အနိုင်ရပြီဆိုတာ သေချာသွားပါ၏။

" ဒီလောက်ဆို ထယ်ရယ် ကိုယ့်ကို ယုံဖို့ လုံလောက်တယ်မလား "

မယုံတာနဲ့ ထားသွားမှာကြောက်တဲ့စိတ်နဲ့ကို ဝေခွဲမရတာလားမသိ။ တစ်သက်နဲ့တစ်ကိုယ် မဖြစ်ဖူးတဲ့ ဒီခံစားချက်ဟာ မကောင်းဘူးဆိုတာပဲ ထယ်ရယ် အသေအချာ သိလျက်။

ကျန်းဟောက်ကို ယုံတယ်လို့ ဖြေရတိုင်းတော့ လိမ်နေမိသလို ခံစားရသည်။
တစ်ဖက်လူကိုစိန်ခေါ်ပြီးမှ ကြောက်အားနိုးနိုးနဲ့ ထယ်ရယ် ညစ်လိုက်ပြီး တရားမမျှတစွာ ယှဉ်ပြိုင်ခဲ့သလို ထိုအရာက ယုံကြည်မှူမရှိခြင်းကြောင့် ဆိုတာမျိုး ဖြစ်နေမှာကိုလည်း ထယ်ရယ် ဘဝင်မကျ။

သို့သည်တိုင် ဘတ်စ်ကားဂိတ်ဝန်းကျင်မှာ နေ့ခင်းဘက် လေအေးတွေ တိုက်လာတဲ့အခါ ထယ်ရယ့်ရဲ့ မုသားတွေက ပိုပြီး အေးတိအေးစက် ထွက်သွားခဲ့ပါ၏။

" ကျွန်တော် ကျန်းဟောက်ကို ယုံပါတယ် "

နှလုံးသားကို ယုံပေးဖို့က ထယ်ရယ့်အတွက် တစ်စိတ်တစ်ပိုင်းအဖြစ် မသေချာ။
ကျန်းဟောက်က ခံစားချက်ထက် သူ့မာနကို ရှေ့တန်းတင်မယ်ဆိုတာကိုတော့ ယုံပေးနိုင်ပါသည်။



ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ






ကျန်းဟောက် အိမ်ပြန်ရောက်တာနဲ့ အရင် လှဲချလိုက်မိသည်။

ဂျူဘင်းက ကျောင်းဆင်းချိန်တွေမှမဟုတ် ကျောင်းချိန်တွေမှာပါ ကျန်းဟောက်နောက်ကို လိုက်နေတာ။ဆက်တိုက် ပြန်တွဲဖို့ပဲ ပြောနေပြီး ကျန်းဟောက် ဘယ်လိုပဲ တွန်းထုတ် တွန်းထုတ် အနားကို ပြန်ရောက်လာတာလေ။

ထယ်ရယ့်ကို ပြောရင် မိုးမီးလောင်မှာမို့ တစ်ယောက်တည်း သိမ်းထားရင်း စိတ်ရှူပ်နေရတာ ဒီတစ်လျှောက်လုံး။

ထယ်ရယ်က ဂျူဘင်းကို ကျောင်းရဲ့ ရှယ်ယာပိုင်တွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာထိ မသိပါ။
ကျောင်းပို့ကျောင်းကြိုလုပ်နေရင်း ကျောင်းဆင်းချိန်တွေမှာ အနားတလည်လည် လုပ်နေတယ်ဆိုတာ အထိပဲ သိပြီး အဲ့တာတောင် တော်တော် ထိန်းမနိုင်သိမ်းမရ သဝန်တိုနေတာပင်။

ဒီနေ့လည်တော့ ဂျူဘင်းက အနောက်ကလိုက်နေရုံထက် ပိုပြီး ရဲရဲတင်းတင်း ကျန်းဟောက်ဖုန်းကို ယူသွားကာ ဖုန်းနံပါတ်လဲတာဖြစ်၏။

အဲ့လိုအချိန်မှ ထယ်ရယ်ကလည်း အချိန်ကိုက်ရောက်လာတာမို့ မလန့်သွားဘူးပြောရင်တော့ လိမ်တယ် ဖြစ်မှာပေါ့။

အရာအားလုံးထက်ကို စိတ်ပင်ပန်းလို့ရယ်။
နေ့လည်က ထယ်ရယ့်ကို စိတ်ရှင်းအောင်ရော ထယ်ရယ်က မေးတာကြောင့်ရော ထုတ်ပြောမိရင်း အတိတ်ကအကြောင်းအရာတွေ အတော်များများကို ပြန်အမှတ်ရမိတော့ ရင်ဘတ်ထဲမှာ လေးလံမှူက နေရာယူလျက်။

ပိုပြီး ဆိုးရွားတာကတော့ ထယ်ရယ်က ငိုတယ်တဲ့လေ။ သာမာန်လိုစကားပြောနေရင်းကြီးက မျက်ရည်တွေ ကျလာတာ မြင်မြင်ချင်း ကျန်းဟောက်ရင်ထဲ ဆစ်ကနဲ။

ထယ်ရယ်က သေချာမပြောပြပေမဲ့ ဘယ်လိုစကားမျိုးတွေ ပြောလိုက်လို့ အားငယ်နေတဲ့ အကြောင်းအရာမျိုးတွေထွက်လာပြီး လမ်းခွဲဖို့ဆိုတာကိုပါ စကားစဖို့လုပ်ရတာလဲ။

မျက်ရည်ကျတာကိုက ထယ်ရယ့်လိုလူဖြစ်နေတော့ ပိုခံရခက်သည်။

စကား နားမထောင်တဲ့ပုံပေါက်နိုင်တဲ့တိုင် နေ့လည်က block လိုက်တဲ့ ဖုန်းကို block ပြန်ဖြည်လိုက်ပြီး စာအရင်ပို့လိုက်၏။

" ဂျူဘင်း ငါတို့တွေ ဒီညနေ သီးသန့်တွေ့ရအောင် "

" ပြောစရာရှိရင် အခုပြောလေ ဟာအို "

" လူကိုယ်တိုင် တွေ့ပြီးမှ "

ထယ်ရယ် အတွေးလွန်တာတွေ ဒီထက်မဆိုးလာခင် ပိုပြီး စိတ်ချရအောင် ပြတ်ပြတ်သားသား လုပ်မှ ဖြစ်တော့မည်လို့ ကျန်းဟောက် ယူဆပါသည်။

ဂျူဘင်းနဲ့ တော်တော်ကို ထဲထဲဝင်ဝင်ပတ်သက်ခဲ့တယ်ဆိုတာက ကျန်းဟောက် ဘဝမှာ အကြီးဆုံးအမှားပင်။

ဘယ်နှနှစ်တောင် လွန်ခဲ့ပြီလဲဆိုတာ မမှတ်မိတော့။

ဂျူဘင်းက အခုချိန်မှာ ကိစ္စအကောင်း ဖြစ်ခဲ့သယောင် ပြန်ပြောနေတာလား ?

ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး ကျန်းဟောက်ကို မျက်နှာပြောင်တိုက်တာ လက်ခံလို့ရသေးရင်တောင် ထယ်ရယ့်အပေါ်ပါ စည်းကျော်တာကိုတော့ လက်မခံနိုင်ပါ။

ချိန်းထားတဲ့ ကော်ဖီဆိုင်ကို ရောက်တော့ ဂျူဘင်းက ကျန်းဟောက်အရင်တုန်းက စွဲသောက်ခဲ့တဲ့ iced latte ကိုမှာထားပေးတယ်။

" ဟာအို ဘာပြောချင်တာလဲ "

" လိုရင်းပဲ ပြောတော့မယ်။ ငါနဲ့ ပြန်လာမပတ်သက်နဲ့တော့။ "

" အရမ်း တုံးတိတုံးပြတ်ဆန်လိုက်တာ ဟာအို ? ငါတို့က ဒီလောက်တောင် လူမှူရေး နားမလည်လုပ်လို့ရတဲ့ ဆက်ဆံရေးမှမဟုတ်တာ "

" အဲ့တာဆို ဘယ်လို ဆက်ဆံရေးလဲ။ မင်းအိမ်ကသိတဲ့ အချစ်ဆုံး သူငယ်ချင်းလား။ စိတ်ကုန်လို့ ဖောက်ပြန်ခဲ့တဲ့ ချစ်သူလား "

ဂျူဘင်းရဲ့ ချည်းကပ်မှူကို ဖြေရှင်းချက်ပေးခွင့်မပြုတော့ပဲ ကျန်းဟောက်ရဲ့ စိတ်ထဲကစကားတွေကိုသာ အရင် တန်းစီပြောနေမိပါ၏။

" အရင်တုန်းက ငါမှားခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့..အခု မင်းကို ပြန်လာစေချင်တာ အဲ့အမှားကို ပြုပြင်ပြီး အစကနေ ပြန်စချင်လို့ ဟာအိုရဲ့ "

" ဘာကြောင့် မင်းဆီကိုပြန်လာသင့်တာလဲ။ ပြုပြင်ပါမယ်ဆိုတာကိုရော ငါက ဘယ်လိုယုံရမှာလဲ "

ကျန်းဟောက် ရယ်စစပြောလိုက်တဲ့အခါ ဂျူဘင်းမျက်နှာ မကောင်းတော့တာ သတိထားမိသည်။

" ဂျူဘင်း ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး ငါ့ကိုရော ငါ့ချစ်သူကိုရော စိတ်အနှောင့်အယှက်မပေးရင် ကောင်းမှာပဲ "

တစ်သက်နဲ့ တစ်ကိုယ် ဘယ်သူ့ကိုမှ ဒီလိုစကားတွေကို သွေးအေးအေးနဲ့ ပြောမထွက်ဖူးပေ။ တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ မျက်နှာချင်းဆိုင်ပြောတာက ကျန်းဟောက်ပုံစံမဟုတ်။

" ငါတို့ ပြတ်တုန်းက အဲ့အချိန်ကို တွေးမိရင် မာနထိခိုက်တယ်။ ထယ်ရယ့်အတွက်မဟုတ်ရင်တောင် အဲ့တာကို တွေးပြီး မင်းဆီပြန်လာနိုင်မှာ မဟုတ်ဘူး ဂျူဘင်း။ "

" ဟာအို အဲ့တာတွေအားလုံးကို မေ့ထားလိုက်ပြီး မရှိခဲ့တဲ့ ကိစ္စလို သဘောထားလိုက်ရင်တော့-"

ဒီလောက်မှာ ဂျူဘင်း လက်လျော့ချင်ဟန် မပေါ်နေသေးတာမို့ စကားဖြတ်ကာ ဆက်ပြောမိသည်။

" ငါ မင်းလိုလူ မဖြစ်ချင်ဘူး။ ထယ်ရယ့်ကို ထားပြီး မင်းဆီကိုပြန်လာရင် အဆိုး ဖြစ်လာတာ မရှိရင်တောင် ကောင်းတာလည်းရှိမှာမဟုတ်သလို ငါလည်း ဖောက်ပြန်တဲ့ကောင်ဖြစ်သွားလိမ့်မယ်။ မရှိခဲ့တဲ့ ကိစ္စလို သဘောထားဖို့အတွက် မင်းပေးခဲ့တဲ့ အမှတ်တရတွေက ကြီးမားနေတယ်လေ "

လွန်ခဲ့တဲ့ နှစ်တွေတုန်းက အထွန့်မတက်ပဲ ထားခဲ့ခံလိုက်ရတဲ့အတိုင်း တိတ်တိတ်လေးနေခဲ့မိတာကြောင့် မကျေနပ်ချက်တွေကို ပြောရင်း ဂျူဘင်းလည်း အခုချိန်မှာ ကျန်းဟောက်ခံစားခဲ့ရသလို မာနထိခိုက်ခြင်းမျိုး ဖြစ်နေရင် ကောင်းလိမ့်မည်။

" လွန်ခဲ့တဲ့ နှစ်တွေ မင်းနဲ့တွဲတုန်းက မင်းပုံသွင်းသလို နေနိုင်သလောက်နေခဲ့တာတောင်... နောက်ဆုံးမှာ ဖောက်ပြန်ခဲ့တဲ့ မင်းက အမှားမရှိဘူး။ အဲ့လိုပြောခဲ့သလားလို့ပါ "

" ဟာအို "

" အမှားရှိတဲ့ငါနဲ့ ပြန်ပတ်သက်ပြီးတော့.. အရင်လိုပဲ ထပ်ဖြစ်မှာကို "

ကျန်းဟောက် ပြောစရာစကားတွေ ကုန်သွားတဲ့အခါ အတော်လေးကြာအောင် နှစ်ယောက်ကြားထဲ လေထုဟာ ငြိမ်သက်သွားပါ၏။

" ထယ်ရယ် မင်းကို ငါတို့ နှစ်ယောက်တည်း သီးသန့်ပြောတဲ့စကားတွေ ပြန်ပြောသေးလား "

" ဟင့်အင်း "

ကျန်းဟောက်ရဲ့ မျက်နှာကို အထအနကောက်ကြည့်ရင်း ဂျူဘင်းက တစ်ခုခုကို သေသေချာချာ စဉ်းစားနေသည်။

" ဒါပေမဲ့ ဟာအို ငါ့ကို ထယ်ရယ် ဘာပြောလဲဆိုတာရော မင်းသိချင်လား "

" ... "

" မင်းကို ရနိုင်သမျှနည်းနဲ့ ကြိုးစားပြီး ပြန်လုကြည့်တဲ့။ ကြောက်ဖို့ကောင်းအောင် ပြောသွားတာ "

ကျန်းဟောက်ရှေ့မှာ အားငယ်တယ်ဆိုပြီး ငိုခဲ့တဲ့လူက ဂျူဘင်းရဲ့စကားမှာတော့ ရဲရဲတင်းတင်း စိန်ခေါ်ထားတဲ့ လေသံဆိုပဲ။
နှစ်ယောက်ထဲက တစ်ယောက်ဟာ လိမ်နေပြီ ဖြစ်နိုင်သလို နှစ်ဖက်လုံးက လိမ်နေတာလည်း ဖြစ်နိုင်နေပါသည်။

ဂျူဘင်းကို ပိုပြီး မယုံတာပေမဲ့...ကျန်းဟောက် ဂျူဘင်းကို ပြတ်ပြတ်သားသားငြင်းအောင် ထယ်ရယ်တစ်ယောက် ရှိူးလုပ်သွားတာများလား ဆိုတဲ့ ဖြစ်နိုင်ချေကလည်း ဘက်မလိုက်ပဲ ထည့်သွင်းစဉ်းစားသင့်တဲ့တစ်ချက်။

အဲ့လိုဆိုရင်တော့ စိတ်ဆိုးမိမှာ။ ထယ်ရယ်က ကျန်းဟောက်ကို မယုံကြည်လို့ သက်သက်သွေးထိုးတာပေါ့။

သံသယဝင်ဖို့ရာ အချိန်မရှိ။ ထယ်ရယ်က ဘယ်လောက် သဝန်တိုတို အဲ့လို မလုပ်နိုင်ပါဘူး။

ကျန်းဟောက် စိတ်ထဲတွေဝေသွားပေမဲ့ ဂျူဘင်း အရိပ်အကဲမခတ်နိုင်အောင်လို့ ပါးပါးနပ်နပ်ပဲ ပြုံးလိုက်သည်။

" အဲ့ဒီကလေး မင်းကို ဘာစကားတွေပြောလိုက်လို့ ဒီလို အလျင်စလို ခေါ်တွေ့ပြီး ဒီလောက် ပြတ်ပြတ်သားသားငြင်းနေရတာလဲ မသိပေမဲ့... သတိထား ကျန်းဟောက် "

" ငါ သတိထားသင့်တဲ့လူက ဖောက်ပြန်တဲ့လူထက်တော့ သာမယ်ထင်တာပဲ "

လှစ်ကနဲ တိုက်ခိုက်တဲ့ ကျန်းဟောက်စကားကို ဂျူဘင်းက အောင့်သက်သက်ရယ်လိုက်တယ်။

ကျန်းဟောက်ရဲ့ ရည်းစားအသစ်လေးက ကစားကွက်တအားကောင်းလွန်းသည်လေ။
ကျန်းဟောက်ကိုပဲ ပြန်သုံးပြီး အလဲထိုးပစ်တာမှာ ပိပိရိရိ အညစ်ခံလိုက်ရပြီမှန်း သဘောပေါက်သွားပါ၏။

" မင်းကို လာမတွေ့တော့ရင် ကျေနပ်ပြီလား "

ကျန်းဟောက်က ခေါင်းငြိမ့်ပါသည်။



ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ



" မင်း အဲ့တာကြီးကတော့ မဟုတ်သေးဘူးလေ။ ဒီလိုလုပ်ချင်ရင် မင်းသားလုပ်ပါလား။ ဘာကိစ္စ ဂစ်တာတီးနေသေးလဲ "

" ထားခဲ့ခံရမှာကိုတွေးလိုက်ရင် ဘယ်သူက မျက်ရည်မကျပဲနေမှာတုန်း "

" အနည်းဆုံးတော့ ငိုပြီး သူကပိုသာတာလား ဘာညာ မေးစရာမလိုဘူးလေ။ မင်းကတောင် သွားပြီး ဖြဲထားခဲ့သေးတာကို အပိုတွေ တအား "

စတူဒီယိုကို ပြန်ရောက်သွားတာနဲ့ နားချိန်မှာ ဖြစ်ခဲ့သမျှ ပြန်ပြောဖြစ်တော့ ကျောကို တအုန်းအုန်းရိုက်ရင်း အီဂျောင်ဟျွန်းက ဆူတယ်။

တကယ်ကြီး ညနေထိ ရည်းစားကိုစောင့်ရင်း သူများအလုပ်နေရာမှာ လာနှောင့်ယှက်နေတာပဲ။

" မင်းလုပ်တာက ကျန်းဟောက်ကို မယုံလို့ ရည်းစားဟောင်း နှစ်ယောက်ကြား သွေးထိုးလိုက်တာနဲ့ ပိုတူတယ်။ မဖြစ်သေးပါဘူး... အိမ်ပြန်ရောက်ရင် ကျန်းဟောက်ကို တောင်းပန်လိုက်။ နေ့လည်က ရှိူးလုပ်ခဲ့တာပါ ဆိုပြီး "

" ငါက ဘာလို့လဲ အီဂျောင်ရ ? "

" မင်း မဟုတ်တာလုပ်ထားတာ မင်းသိနော် "

" ကျန်းဟောက်ကို အဲ့လူဆီ ပြန်ပါမသွားစေချင်လို့လေ "

ပြောမနိုင်တော့ဘူးဆိုတဲ့ပုံနဲ့ ခေါင်းခါကာ အီဂျောင်က ငုတ်တုတ်ထိုင်တွေး၏။

" ဒါပေမဲ့ ထယ်ရယ် ကျန်းဟောက်က မင်း ရှိူးလုပ်တာ သိသွားရင် သူ့ရည်းစားဟောင်းထက် မင်းကိုပိုစိတ်ဆိုးမယ် ထင်တယ်"

ပတ်ဟန်ဘင်းက ဝင်ပြောတော့ အီဂျောင်က ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံသည်။

" အဲ့တာဆို မသိရင် ဖြစ်တာပဲ "

" ဟန်ဘင်း ငါ သူ့ရည်းစားကို သွားတိုင်လိုက်ရမလား "

အီဂျောင်က ပတ်ဟန်ဘင်းကို လှည့်မေးလိုက်တော့ ထယ်ရယ် မျက်စောင်းပစ်ထိုးလိုက်၏။

ပြန်လေ့ကျင့်ရတော့မယ်အချိန်မို့ studio အတွင်းခန်းထဲ ပြန်ဝင်ခါနီး ဖုန်းထဲက message ဝင်လာသည်။

ဖတ်ကြည့်တော့ ကျန်းဟောက်ဆီက။

" အရင်ဆုံး တောင်းပန်တယ်။ ကိုယ် ဂျူဘင်းကို ဆက်သွယ်လိုက်ပြီး သွားတွေ့ခဲ့တာ... အခုပဲ အိမ်ပြန်ရောက်လို့။ သူနဲ့ ပြတ်ပြတ်သားသားစကားပြောခဲ့ပြီ ထယ်ရယ်။ သူ ရပ်ပေးပါမယ်တဲ့။ အခု ဘာကိုမှ စိတ်မပူနဲ့တော့နော် "

" ဖုန်းနံပါတ်ကိုလည်း ပြန် block လိုက်တယ် ထယ်ရယ် "

seen ပြရုံသာ ထားလိုက်ပြီး အီဂျောင်နဲ့ ဟန်ဘင်းကို ထို message တွေပြလိုက်တယ်။

" တစ်ချက်တည်းနဲ့ အဆင်ပြေသွားပြီလေ။ ငါပြောတယ် ခေါက်ထားလိုက်ပါဆို "

အဆင်ပြေသွားလက်စနဲ့မို့ အီဂျောင် တစ်ခါတော့ လွှတ်ပေးလိုက်ပြီး အတိုင်အတောမထူပဲနေဖို့ ဆုံးဖြတ်လိုက်သည်။

ဒီနေရာကနေ စမှားတော့မယ်ဆိုတာကို အီဂျောင်ဟျွန်း ကောင်းကောင်းကြီး မြင်လိုက်ပေမဲ့ မပြောလိုက်တော့ပါ။
တစ်ဖက်က ဂင်မ်ထယ်ရယ် ဖြစ်နေသည်မို့ မောတာပဲ အဖတ်တင်လိမ့်မည်လေ။

မကောင်းတော့လည်း ချစ်မိပြီးတာတောင် မကောင်းပါလား။

ပြောင်းလဲတော့မယ် ထင်ထားတာကို အရင်ကထက် ကြာကြာခံလိုက်တာပဲရှိသည်။

ရှေ့လျောက် ကျန်းဟောက်ကိုပဲ စိတ်ပူမိတာမို့ တာဝန်ကြီးလာသလိုလည်း ခံစားမိပါ၏။



ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ






⎯⎯ ୨ jeongbin special ୧ ⎯⎯



" ဂျောင်ဟျွန်း နေမကောင်းဘူးလား "

studio မှာ တစ်နေကုန်လာနေပြီး ဟန်ဘင်းကို တဂျီဂျီလုပ်ရတာ မဝလို့ ဒီည ဟန်ဘင်း အိမ်မှာ လိုက်အိပ်မယ်တဲ့လေ။ ကားကိုလည်း ဟန်ဘင်းပဲ မောင်းပေးဖြစ်ပါတယ်။

ပတ်ဟန်ဘင်း ဘဝက သူများသားတွေကို လိုက်ဂရုစိုက်ဖို့ကံပါလာတာ ထင်ပါရဲ့။

" နေကောင်းတယ်။ စိတ်ပူနေတာလေး ရှိလို့ပါ "

ဂျောင်ဟျွန်းမျက်နှာရိပ်ကြည့်လိုက်တာနဲ့ ဟန်ဘင်း သိလိုက်ပါပြီ။

" ထယ်ရယ့်ကိစ္စလား "

" အင်း "

ဟန်ဘင်း ဘာမှမပြောပဲ နေလိုက်၏။ အရိုးသားဆုံးပြောရရင် ဂျောင်ဟျွန်းနဲ့ တွဲနေရပြီးတာတောင်မှ နှစ်ယောက်ကြားပြောတဲ့ စကားတွေထဲ ထယ်ရယ့်နာမည်ပါလာရင် တစ်ဖက်သတ်နေရခက်နေဆဲ။

ဂျောင်ဟျွန်း ထယ်ရယ့်ကို ကြိုက်ခဲ့တယ်ဆိုတာ ဟန်ဘင်း သိနေကြောင်းလည်း ဂျောင်ဟျွန်းက သိထားပါသည်။
အဲ့ဒီကိစ္စကို အရင်ညှိနှိူင်းပြီးမှ တွဲခဲ့တာပဲလေ။

" သူ မဟုတ်တာလုပ်နေတိုင်း မြင်မြင်ရက်နဲ့ မတားမိတာ ငယ်ငယ်ကတည်းကပဲ။ အဲ့တုန်းကတော့ အရေးမပါလို့ထားခဲ့တာ။ အခု သူတကယ်သဘောကျတဲ့လူ အပေါ်မှာပါ မဟုတ်တာလုပ်နေတော့ ဒီတစ်ခါ မတားမိတာကို စိတ်ခုနေတယ် "

" ကျန်းဟောက်ကို ပြောလိုက်ရင် ထယ်ရယ်က ဂျောင်ဟျွန်းကို စိတ်ဆိုးမယ်ထင်တယ်နော်"

" ထယ်ရယ် စိတ်ဆိုးမှာကို ပူတာ မဟုတ်ပါဘူး။ စိတ်ပူတာက အခု သူတို့တွေ အဆင်ပြေသွားပြီလေ။ တိုင်လိုက်ရင် ငြိမ်းပြီးသား မီးစာကို ပြန်သွားဖွသလိုဖြစ်မယ်။ အင်း... ဒီတစ်ခေါက်ကနေ နောက်လည်း ထပ်ခါထပ်ခါ လိမ်ရင် ညာရင် ဘယ်လိုလုပ်မလဲလို့ပါ။ ထယ်ရယ် အရင် ရည်းစားတွေနဲ့တုန်းက အချိုးနဲ့တော့ မတူဘူးကို...။ အချိုးမတူတာတင် မဟုတ်ပဲ ဆိုးပုံဆိုးနည်းပါ မတူဘူး ဖြစ်နေပြီထင်တယ်။"

ဂျောင်ဟျွန်းက ထယ်ရယ့်အကြောင်း အများကြီးပြောမိတာကို သတိထားမိပြီး စကားကို ရပ်လိုက်သည်။

ဟန်ဘင်းရဲ့ တိုက်ခန်းကိုလည်း ရောက်ပြီမို့ ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး စကားဆက်မပြောဖြစ်တော့။

ဟန်ဘင်း စိတ်ထဲ အစားထိုးခံရသလို ဖြစ်တာမို့ တစ်ချက်တစ်ချက် ခံပြင်းမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သေချာစဉ်းစားကြည့်ရင်တော့လည်း ဂျောင်ဟျွန်းက ပိုပြီး ခက်ခဲတဲ့သူမို့ မသိချင်ယောင်ဆောင်ခြင်း အနုပညာကိုသာ ကျင့်သုံးနေလိုက်တယ်။

အိမ်ခန်းထဲကိုရောက်တာနဲ့ လက်မောင်းကို လာချိတ်ပြီး ပြုံးစိစိမျက်နှာက ထင်တာ မမှားရင် အိမ်လာအိပ်တိုင်း တောင်းဆိုနေကြဟာကိုပဲ ထပ်မေးတော့မယ် ထင်ပါတယ်။

" ဟန်ဘင်း ဒီည ဂိမ်းစက်ဖွင့်လို့ရလား "

" ဂျောင်ဟျွန်း ငါ့ကို ဂိမ်းစက်ကြိုက်လို့ တွဲနေတာတော့ မဟုတ်ပါဘူးနော် !! "

အမေဝယ်ပေးထားတဲ့ PS5 ကြီးကတော့ ဟန်ဘင်းကို လှောင်နေလောက်ပါပြီ။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ



a/n: ဒီတစ်ခါ နှစ်ပိုင်းစာလောက် ‌ရေးဖြစ်သွားတာမို့ feel free to give feedbacks ပါ😽🫶🏻

Continuă lectura

O să-ți placă și

3.4K 333 31
🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in pea...
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
29K 4.2K 17
" 𝖢𝖺𝗎𝗌𝖾 𝗒𝗈𝗎 𝗅𝗈𝗏𝖾 𝗆𝖾. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃
1.4K 103 7
Everyday is H Y U N L I X day