shady☆ [julyz] ✔️

By ji__aan

8.5K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

7

259 39 4
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

ဒီနေ့ကတော့ ဒုက္ခပင်လယ်တွေ ဖောဖောသီသီဝေတဲ့နေ့ပါပဲ။

မိတ်ဆွေ တစ်ယောက်နောက်ကို လိုက်သွားလိုက်ရာကနေ လမ်းပျောက်သွားတဲ့ ကျန်းဟောက်ရယ်ပါ။ တစ်ခါမှမရင်းနှီးတဲ့နေရာကို ရောက်သွားတာသိရက်နဲ့ အိမ်ပြန်လိုက်ပို့ပေးမယ်ကို အားနာပါးနာ ငြင်းလိုက်တာက တစ်ကြောင်း။

ဖုန်းအားသွင်းကြိုးမေ့ကျန်ခဲ့ပြီး ဖုန်းအားကုန်သွားတာကတစ်ကြောင်း။ မြေပုံလည်း ကြည့်လို့မရတော့တာနဲ့ စိတ်ပျက်ချင်စရာအတိ။

ညဘက် အချိန်လွန်နေလို့ ဘတ်စ်ကားရော တက်စီတွေပါ မရှိတော့တာက တစ်ကြောင်း။ လူဆိုရင်ဖြင့် အရိပ်တောင်မမြင်ရပါ။

ဆိုးလ်မြို့ထဲကို မနှံ့တဲ့ ကျန်းဟောက်ရဲ့ အပြစ်လို့ပဲ မြင်မိပါ၏။

ကြံရာမရ လမ်းပေါ်လျှောက်သွားတုန်းမှာပဲ ကံကောင်းချင်တော့ အများသုံး ကြိုးဖုန်းပေးထားတဲ့နေရာ တွေ့တော့ မျက်လုံးပင် ကျယ်သွားရသည်။

ကံတော့ကောင်းပေလို့ တော်သေးတာပေါ့။ မြန်မြန်ပဲ အကြွေစေ့ထည့်လိုက်ပြီး မှတ်မိတဲ့ အိမ်က လူတစ်ယောက် နံပါတ်ကို ရိုက်ထည့်လိုက်သည်။

အိမ်မှာ မှတ်ရအလွယ်ဆုံး ဖုန်းနံပါတ်ကိုကိုင်ထားသူဟာ ကားပိုင်တဲ့ အီဂျောင်ဟျွန်းပေမို့ ကျန်းဟောက် အီဂျောင့် ဖုန်းနံပါတ်ကိုတော့ ကောင်းကောင်း အလွတ်ရပါသည်။

" အမိန့်ရှိပါ~ "

" အီဂျောင်ရေ ကိုယ် အခု လမ်းပျောက်နေလို့လေ။ ဖုန်းအားလည်း ကုန်သွားတာနဲ့ အများသုံးဖုန်းက ဆက်လိုက်တာ "

အဲ့ဒီနောက် အနီးအနားမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်နာမည်နဲ့ အိမ်ကို ဘယ်လိုမှမပြန်တတ်ကြောင်း ဖြေရှင်းချက်တွေ မြန်မြန်ပေးလိုက်ပြီးတော့ အီဂျောင်က ချက်ချင်း စကားမပြန်ပေ။ ဖုန်းပြောချိန်ကုန်လို့ ဖုန်းထပ်ခေါ်ဖို့တော့ အကြွေစေ့ကျန်ပါသေး၏။

" ကျွန်တော်က အပြင်မှာ "

" အပြင်မှာဆို အတော်ပဲပေါ့ "

" မတော်တာ ကျန်းဟောက်ရာ။ ကျွန်တော် ဒီနေ့မှ ကားမပါပဲ အပြင်ရောက်နေတာ။ အိမ်မှာလည်း ညပြန်မအိပ်ဖြစ်ဘူး။ အာ... တခြား တစ်ယောက်ယောက်ကို ကျွန်တော့်ကားနဲ့ လာခေါ်ခိုင်းလိုက်မယ်။ ထယ်ရယ် ဒီည အားမယ် ထင်တာပဲ။ "

" အမ်? ထယ်ရယ်လား "

" ဟုတ် ပြဿနာရှိလို့လား "

" ဟင့်အင်း မရှိပါဘူး။ ဒါနဲ့ အီဂျောင်ကရော။ ဘယ်ရောက်နေတာလဲ "

" အနာဂတ်ရည်းစားရဲ့အိမ်မှာ Netflix & Chill နေတာ"

နောက်က ဆက်ပါလာတဲ့ အီဂျောင့်ရယ်သံတိုးတိုးနဲ့ အံ့ဩတသဖြစ်မှူကြောင့် အာမေဋိတ်တစ်လုံးသာထွက်သွားလျက်။

ဒီကြားထဲ အမှီမလိုက်နိုင်ပဲဖြစ်သွားတယ်ထင်ပါရဲ့။ အီဂျောင်နဲ့ ထယ်ရယ် စကားပြန်ပြောဖြစ်ပြီး အရင်လို ပြန်ခေါ်နေပြီဆိုတာကိုတောင် သတိမထားမိလိုက်ပါ။

အီဂျောင် စိတ်ဝင်စားစရာ အသစ်တွေ့နေတယ်ဆိုတာလည်း မသိလိုက်ပေ။

ဒီလိုဆိုတော့လည်း အီဂျောင့်အတွက် ဝမ်းသာမိသလိုလို။
ကိုယ့်အတွက်ကိုယ်တော့ စိတ်ထဲပို လေးလံလာသလို။

မလိမ်ရကြေးဆို ဒီရက်ပိုင်း ထယ်ရယ့်နာမည်ကြားတာနဲ့ ရင်တထိတ်ထိတ်ဖြစ်နေမိပါသည်။ ကြောက်ဖို့ကောင်းလောက်အောင် ကျန်းဟောက်အနားမှာ တဝဲလည်လည်လုပ်နေပြီး အဓိပ္ပာယ်နှစ်ခွဖြစ်တဲ့စကားတွေ အတော်ကိုပြောတတ်နေ၏။

ပိုဆိုးချင်တော့ အဲ့သည်လို အကွက်တွေထဲ ကျန်းဟောက်ကိုယ်တိုင်ကပါ ရောယောင်လို့ စိတ်ပါနေတာပင်။

ဒီရက်ပိုင်း ထယ်ရယ့်နားရောက်တိုင်း လူက ထိုင်မရ ထမရဖြစ်ချင်နေပြီး ခြေလှူပ်လိုက် လက်လှူပ်လိုက်နဲ့။
ထယ်ရယ်တစ်ယောက် ကျန်းဟောက်ကို ငါးစက္ကန့်ထက်ပိုပြီး စိုက်ကြည့်နေလျှင် ရှက်သယောင်ယောင်ဖြစ်တတ်သည်။ နှလုံးခုန်တာလည်း မြန်ပြီး မျက်နှာတွေ ရဲလာတတ်၏။

ဪ ဟိုးတလောကလည်း ထယ်ရယ်တစ်ယောက် ကျန်းဟောက်ကို ဝေးဝေးရှောင်နေရင်း အနားရောက်ရင် ထိုင်မရထမရဖြစ်နေတဲ့ပု့ပေါ်ခဲ့သေးတယ်လေ။

ဘယ်လောက်ပဲ မျက်နှာတည်နေနေ စိတ်ထဲမှာတော့ ဗြောင်းဆန်နေတာများ ကြားလို့တောင် မကောင်းလိုက်တာ။

ထယ်ရယ်ကိုက လွန်လွန်းတာပါ။
မသိမသာရောသိသိသာသာပါ လုပ်တဲ့ skinship တွေ၊ အပြင်သွားဖို့ ခဏခဏခေါ်တာနဲ့ ကျန်းဟောက်ရဲ့ တယောသင်တန်းအချိန်တွေမှ ကိုက်ပြီး တိုက်တိုက်ဆိုင်ဆိုင် သင်တန်းဆင်းချိန် အနီးအနားရောက်နေတာတွေ၊ အခန်းထဲကို ဝေ့လည်ကြောင်ပတ် အကြောင်းမရှိအကြောင်းရှာပြီး လာတာတွေ။

အရင်က သိထားတဲ့ ထယ်ရယ် မဟုတ်တော့တာတော့ တစ်ရာ ရာခိုင်နှူန်း သေချာနေလျက်ပါ။
အဲ့တာကပဲ ကျန်းဟောက်ကို ထင်ယောင်ထင်မှားနဲ့ စိတ်ကူးယဉ်တတ်တာတွေ စဖြစ်လာအောင်လုပ်ပြီး မေးခွန်းထုတ်စရာတွေများလာတာဖြစ်၏။

အီဂျောင့်ကို ပြောလိုက်တဲ့ ဘတ်စ်ကားဂိတ်ကိုပဲ ပြန်သွားရင်း ထိုင်စောင့်ကာ မှေးနေတုန်းပဲ မကျယ်တကျယ် ကားဟွန်းသံကြောင့် မျက်လုံးပွင့်လာသည်။

ရင်းနှီးတဲ့ Ferrari အနီလေးပေါ်က မြင်နေကြမဟုတ်တဲ့ driver ကိုတော့ အနည်းငယ် လန့်မိပါ၏။

ထယ်ရယ့်မှာ လိုင်စင်ရှိတာသိပေမဲ့ ကားမောင်းတာ တစ်ခါမှမမြင်ဖူးလို့ပင်။

ကားထဲကို ဝင်တာနဲ့ ခါးပတ်သေချာပတ်လိုက်သည်။

" ပြောပါအုံး။ ကိုရီးယားမှာနေတာ ကြာလှပြီကို ဘယ်လိုဖြစ်လို့ လမ်းပျောက်ရတာလဲ "

သက်သက်မဲ့ လှမ်းစနေတဲ့ ထယ်ရယ့်အား မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သည်။ အကြောင်းစုံကို အီဂျောင့်ဆီက ကြားပြီးရက်နဲ့ တော်တော်နောက်တယ်။

ဒါပေမဲ့ ရန်မရှာနိုင်ပါ။ တမင်ပဲ ဖြည်းဖြည်းမောင်းနေတာလား။ ကားမောင်းတာကိုက နှေးတာလား မသိ။
Ferrari ကို အိပ်ချင်အောင်မောင်းတဲ့ ထယ်ရယ့်ကြောင့် ပင်ပန်းလက်စနဲ့ မျက်လုံးဟာ စင်းလာ၏။

" ကျန်းဟောက် မအိပ်ခင် တစ်ခု ကူညီပေး "

" ဘာလဲ "

ပြန်ဖွင့်ဖို့ကို မှေးစင်းချက်သားကောင်းနေပြီးသား မျက်ခွံတွေက အတော်ကို လေးလံနေပါပြီ။

" ကျွန်တော် လိုင်စင်ဖြေပြီးကတည်းက ကားမမောင်းတာ ကြာပြီဆိုတော့ စိတ်လှူပ်ရှားပြီး ရင်တုန်နေတာ။ လက်ကိုင်ထားပေးပါလား "

" ခွင့်တောင်းတာကလည်း ခွင့်မပြုခင် အရင်လုပ်မယ့်ပုံပါပဲ "

"ကားမောင်းဖို့ကို ရင်တုန်တဲ့လူက steering wheel ကိုတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်ရဲတယ်နော်။"

ခပ်တိုးတိုး ရေရွတ်လိုက်ပုံကို ထယ်ရယ့်ဆီက သဘောတကျ ရယ်သံထွက်လာတယ်။ အဲ့ဒီနောက် ဘေးမှာ ချထားမိတဲ့ ကျန်းဟောက် လက်ဖဝါးကြားထဲ ထယ်ရယ့်ရဲ့ လက်ချောင်းတွေက ယှက်တိုးကာ ကိုင်လာလေရဲ့။

တကယ်ကြီး လက်ကို ကိုင်တာပဲ။ ကျန်းဟောက်ရဲ့ လက်ဖဝါးနဲ့စာရင် ခပ်ကြီးကြီးဖြစ်တဲ့ ထယ်ရယ့်လက်က နွေးနေအောင် ဖွဖွလေး ကိုင်ထားတယ်။

ရင်ခုန်တာမျိုးတွေ ပြန်ဖြစ်လာတဲ့ အခါမှာ နေရခက်စွာနဲ့ ထယ်ရယ့်ကို ပြဿနာထရှာလိုက်ချင်တာပဲ ခေါင်းထဲမယ် တဝဲလည်လည်။

" ထယ်ရယ် မင်းမှာ ကိုယ့်ကို စွဲလမ်းတဲ့ ရောဂါတို့ ဘာတို့များရှိနေလား "

အိပ်ချင်နေတဲ့ ခေါင်းကို တစ်ချက်ရိုက်ကာ ကိုယ့်ကိုယ့်ကို မျက်လုံးကျယ်အောင်လုပ်ရင်း ထယ်ရယ့်ဘက်ကို လှည့်ကာ သေချာမေးလိုက်၏။

ဘာသဘောနဲ့ မေးလိုက်တဲ့ မေးခွန်းမှန်းတော့ ကိုယ်တိုင်လည်း မသိပါ။
ထယ်ရယ်က ထယ်ရယ်နဲ့ မတူတော့တဲ့ အတွက် မေးခွန်းထုတ်မိတာလို့ ခေါင်းစဉ်တပ်ချင်သည်။

" ကျန်းဟောက်ကို စွဲလမ်းတဲ့ရောဂါ? အင်း... ရှိသလိုပဲ။ မူးယစ်ဆေးတောင် မဟုတ်ဘူး။ ဆက်တိုက် ကျန်းဟောက်ကိုပဲတွေးနေလို့ "

ကိုင်ထားတဲ့ လက်ကို ပိုတင်းတင်းဆုပ်ရင်း ဖြေလာတော့ ရုတ်တရက် ပြောစကားစရာကို ရှာမတွေ့တော့ပေ။

" တ..တကယ်ကြီး ပြောနေတာလား "

ထယ်ရယ်က သွားတွေအတန်းလိုက်ပေါ်တဲ့ အပြုံးကြီးနဲ့ ရယ်ရင်း ခေါင်းငြိမ့်သည်။

" ကျန်းဟောက်က လွယ်လွယ် ရှက်တတ်တာပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း အတည်ပြောနေတာ။"

" ကိုယ့်ကို သဘောကျလို့လား မဖြစ်နိုင်တာ "

တစ်ချက်ရယ်ရင်း ရုတ်တရက်မျက်နှာတွေ ပူလာတာကို လျစ်လျူရှူလိုက်ပါသည်။ ထယ်ရယ်ကတော့ သာမာန်ဆန်လွန်းနေသယောင်။

" အင်း ကျန်းဟောက်ကို သဘောကျတယ်? ကြိုက်တယ်? "

အခု ဖွင့်ပြောခံလိုက်ရတာလား ဆိုတဲ့ အခြေအနေမှာမှ ကားက မီးပွိုင့် ရှေ့မှာ ရပ်သွားသည်။ ကားမောင်းနေလို့ တစ်ချက်တော့ ကျန်းဟောက်ဘက်ကို လှည့်မကြည့်ခဲ့တဲ့သူက ဒီအချိန်မှပဲ ကျန်းဟောက်ကို ကြည့်၏။

" ကျွန်တော်လည်းမေးချင်တာရှိတယ်။ ဘာကြောင့်များ ဒီလောက်တိတိကျကျကြီး ကျန်းဟောက်ကို စွဲလမ်းနေတယ်လို့ ထင်လိုက်တာလဲ ဟမ် ? "

ရယ်စစနဲ့ မေးတော့ အတည်ဖြေသင့်တာလား။

" တစ်ခါတစ်ရံ အထင်မှားချင်စရာလေးတွေရှိအောင် ထယ်ရယ်က စကားပြောတတ်တာကိုး.. ထင်ချင်ရင် ထင်လိုက်လို့ရနေလောက်တယ် မဟုတ်လား "

ခေါင်းတငြိမ့်ငြိမ့်နဲ့ ကျန်းဟောက်ရဲ့လက်ကို ဆုပ်ကိုင်ထားရင်း ဆက်ပြောဖို့ အချက်ပြနေဆဲ။

ဘာကို ဆက်ပြောရမှာလဲ?

" ဟို..ဆရာဝန်ရည်းစားဖြစ်ဖြစ် တယောဆရာရည်းစားဖြစ်ဖြစ် ကိစ္စမရှိဘူးဆိုတဲ့.. အဲ့လို အဓိပ္ပာယ် ဆင်တူ စ..စကားတွေလေ။ ဒါတွေက အန္တရာယ်များတာကို "

တကယ်တမ်း ဖြေရှင်းချက်ပေးနေရမယ့်လူက ပြန်ပြန်ပြီး မေးခွန်းထုတ်နေတော့ ပြောရတဲ့ ကျန်းဟောက်က ပိုပြီး စိတ်လှူပ်ရှားလာသလိုပဲ။ တစ်ခွန်းတစ်လေတောင် ဝင်မထောက်ပဲ ဆက်တိုက် စိုက်ကြည့်နေပြီး ခေါင်းငြိမ့်လိုက် ပြုံးလိုက်လုပ်နေတာ။

ထယ်ရယ့်စကားတွေက အန္တရာယ်များတာလား။
ထယ်ရယ့်အမူအရာတစ်ခုချင်းစီက အန္တရာယ်များတာလား။
ထယ်ရယ်ကိုယ်တိုင်က အန္တရာယ်များနေတာပဲလား။

" ထယ်ရယ်ကတော့ ပြောစရာမရှိပုံပဲနော်။ တစ်လုံးတည်း ဖြေလိုက်တာနဲ့ ပြီးရောလား "

ခေါင်းခါပြကာ ရယ်သည်။

" ပြောစရာကရှိတယ်။ ဒီအတိုင်း ကျန်းဟောက် ပြာယာခတ်နေတာက ချစ်ဖို့ကောင်းလို့ "

" ပြာယာမခတ်ပါဘူးနော်!"

" ဒါနဲ့ ဆက်တိုက် ကျွန်တော့်ကို ရိပ်မိနေတဲ့ ကျန်းဟောက်ကရော ကျွန်တော့်ကို ကြိုက်နေတာ ထင်တယ်နော်"

မီးပွိုင့်စိမ်းပြီမို့ ကားမောင်းတဲ့ဆီကို အာရုံ ပြန်ရောက်သွားတာနဲ့ ရောချပြီး စကားမပြန်ပဲ နေလိုက်သည်။

" ကိုယ့်ကိုယ်ကို အထင်ကြီးချက်ကတော့ မိုးပေါ်မှာပဲ "

ကိုယ်တစ်ယောက်တည်း ကြားမယ့်အသံနဲ့ ပြောလိုက်ပေမယ့် နားပါးတဲ့ ထယ်ရယ်က ကြားသွားပုံထောက်ပြီး ရယ်သံလေး ထွက်လာသည်။ ဆွဲထားတဲ့လက်ကိုတော့ မလွှတ်ပေးသေးပဲ ကိုင်ထားဆဲ။

" နောက်လ ကျွန်တော်တို့ မွေးနေ့တွေ ရောက်ပြီမလား။ "

" အင်း "

" ကျွန်တော့် မွေးနေ့မှာ အဖြေပေးမယ်ဆိုရင် ကျွန်တော်ကလည်း ကျန်းဟောက် မွေးနေ့မှာ ထူးခြားတာ လက်ဆောင်ပြန်ပေးမယ်"

" ဟောလ် စဉ်းစားချိန်က မနည်းဘူးလား"

" အတော်ပါပဲ။ အဲ့ထက်ပိုပြီး စောင့်နိုင်သေးပေမယ့် ဒီကြားထဲမှာ ဘယ်လိုတွေရှိလာအုံးမလဲ မပြောတတ်ဘူး "

ဒီလောက်ထိ ဒဲ့တိုးပြောတာကတော့ နေရခက်မယ့် အနေအထားကြီး မရှိတော့ပေမယ့် ကျန်းဟောက်ကတော့ ကပေါက်တိကပေါက်ချာ အတွေးတွေကို ထုတ်မပြောမိအောင် အတော် စိတ်ကိုထိန်းယူထားရ၏။

" ပြဿနာရှိလား "

" အဲ့တာက ထယ်ရယ့် မွေးနေ့အထိပဲ စောင့်မယ်လို့ ပြောတာမလား? ပြီးတော့ ကိုယ် ဒီကြားထဲမှာ စဉ်းစားပြီး ထယ်ရယ့်ကို ဘယ်လိုအဖြေပေးမလဲဆိုတာ မသိသေးပဲနဲ့။ မကောင်းတဲ့အဖြေသာဆိုရင် ထယ်ရယ် မွေးနေ့ကြီးမှာ အာရုံနောက်စရာဖြစ်မှာပေါ့"

" ဟာ "

ကားမောင်းနေပေမယ့် ဆက်တိုက်ပြုံးနေတဲ့ထယ်ရယ့်ကို ဒီအကြောင်းအရာတွေအကုန်က စနောက်နေတယ်ဆိုတဲ့ ဘက်ကတွေးရင်တော့ ထယ်ရယ့် မျက်နှာက ပြောချင်ရာပြောပြီး ဒီလိုတွေလုပ်နေရင်း ပျော်နေပုံပေါ်သည်။

တစ်လက်စတည်းမှာပဲ အတည်ယူတဲ့ ဘက်ကတွေးမယ်ဆိုရင်တော့ ငြင်းရဲရင် ငြင်းကြည့် ဆိုတဲ့ အပြုံးမျိုး ဖြစ်နေ၏၊

အောင့်သက်သက်နဲ့သာ ရယ်ရင်း စကားပြတ်သွားတော့မှ
ခေါင်းအေးအေးထားကာ တွေးမိတော့သည်။
ဂင်မ်ထယ်ရယ်ကို ဘယ်လိုများယုံပြီး အဖြေပေးရမှာလဲလို့။

အရင်က သိဖူးသမျှက ရည်းစားဟောင်းတွေကို အမြဲ လပိုင်းနဲ့ ဖြတ်ထားခဲ့ပြီး အဆက်အသွယ်ဖြတ်ပစ်တာဆိုတာတွေချည်း။

အဲ့လိုလုပ်ဖို့အတွက်ရော ဆက်ဆံရေးတွေကို ဘယ်လောက်တောင် အေးတိအေးစက်ထားခဲ့လိမ့်မလဲ။

ကျန်းဟောက်အနေနဲ့ အတည်သဘောမထားပဲ ထယ်ရယ်နဲ့ တွဲဖြစ်ရင်တောင် ထားခဲ့တာတော့ မခံနိုင်ပါ။
အတည် သဘောထားဖြစ်ရင်တော့ တော်တော်လေးကို ခံစားတတ်တဲ့သူမို့ ဒုက္ခရောက်တာလည်း မဖြစ်ချင်။

ပြောရရင် အီဂျောင့်ကို ငြင်းထားပြီးနောက်မှာ ကျန်းဟောက်ကို လာကြိုက်တယ်ဆိုတဲ့ ရုတ်တရက်အခြေအနေကြီးကို နေရခက်နေဆဲမို့ရော။

ထယ်ရယ့်အပေါ် ခံစားချက်ရှိနေတယ်မှ မဟုတ်ပဲ ဘာလို့ ဒီလို အကြောင်းအရာကို အရမ်း လေးလေးနက်နက် စဉ်းစားနေမှာလဲနော်။
အာ..ခက်လိုက်တာ။

ရည်းစားမထားတော့တာ အတော်ကိုကြာပြီကို..

ရည်းစားထားဖြစ်မယ်ဆိုရင်လည်း အတည်တကျ ရည်ရွယ်ထားတဲ့ ဆက်ဆံရေးမျိုးကိုပဲ လိုချင်တာကို။
ထယ်ရယ့်စိတ်က မှန်းမရတော့ ပိုခက်တယ်လေ။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

ပိတ်ရက်ရဲ့ မနက်စာ စားပွဲဝိုင်းမှာ စောစောစီးစီး မနက်စာထိုင်စားနေကြသူတွေကတော့ မနက်စောစောထလေ့မရှိတဲ့ အီဂျောင်ဟျွန်းနဲ့ ထယ်ရယ်ပင်။ အီဂျောင်က မနက်မှ အပြင်ကပြန်လာတာဖြစ်ပြီးတော့ ထယ်ရယ်ကတော့ ဒီအတိုင်း စောစောနိုးလာတာဖြစ်သည်။

" အီဂျောင်ရေ ငါ ကျန်းဟောက်ကို အဖြေတောင်းလိုက်တယ် "

" ဟမ် ? ဖွင့်ပြောတာ မဟုတ်ဘူးလား "

" အဲ့တာကတော့..ဖွင့်ပြောခဲ့တာ ဟုတ်ရဲ့လား။ ဒီအတိုင်း ကြိုက်နေတာလားဆိုတော့ ဟုတ်တယ်လို့ ပြောခဲ့တယ် "

" သေလိုက် ထယ်ရယ်ရာ။ ဘယ်သူက ရည်းစားစကားကို အဲ့လိုပြောတာလဲ။ ငါ့ရဲ့ Ferrari လည်း နာမည်ပျက်ပြီ "

" ဘာလို့လဲ "

" ဒီကားလဲပြီးမှ အရမ်း ကောင်းတာတွေ ဖြစ်နေလို့လေ။ အဲ့လိုဆိုမှ အရင်ကတည်းက မင်းကို ခဏခဏအကြိုအပို့လုပ်လို့ ဘူတာလား မသိဘူး ထယ်ရယ်။ အခုတော့ မင်းလုပ်ပုံကိုကြည့် "

" အရူး "

ရည်းစားရတော့မယ့် အီဂျောင်ဟျွန်းကို မြင်ရတာကလည်း စိတ်ချမ်းသာလိုက်တာ။ move on လုပ်တာ မြန်လွန်းနေလို့ အီဂျောင်ဟျွန်းနဲ့တောင် မတူဘူးလို့ စဉ်းစားမိတယ်။ ပတ်ဟန်ဘင်းက ကောင်းပေးလို့ ထင်ပါတယ်။ ထူထူထောင်​ထောင်ဖြစ်နေချက်ဆို တစ်ခါမှ အိမ်အပြင်မှာ မအိပ်တဲ့လူက ညကတောင် ပတ်ဟန်ဘင်းအိမ်မှာ သွားအိပ်တာတဲ့လေ။

" ဘာလို့ ချက်ချင်း အဖြေတောင်းလိုက်မိတာလဲ မသိဘူး။ အငြင်းခံရမှာကို ထူးထူးဆန်းဆန်း ကြောက်နေတယ် "

သက်ပြင်း တချချနဲ့ ပြောလိုက်တဲ့ ထယ်ရယ့်ကို အီဂျောင်က ရယ်သည်။

" တခြားက မသေချာပေမဲ့ မင်းရဲ့ အရင်ရည်းစားတွေအကြောင်း ဒီအိမ်မှာ မသိတဲ့သူရှိလို့လား။ အဲ့တာနဲ့တင် တော်တော် အမှတ်လျော့နေမှာပဲ။ သနားပါတယ်"

မျက်နှာကို မဲ့ပြီး တမင်ရွဲ့ပြောနေတာလေ။ ထယ်ရယ်လည်း နည်းနည်းတော့ ဝဋ်လည်နေပြီလို့ ထင်ပါတယ်။

" ပြီးတော့ ထယ်ရယ် မင်း မချစ်ဖူးသေးဘူးဆိုတာလည်း သတိရအုံး "

အီဂျောင့်မှာ ထယ်ရယ်နဲ့ပတ်သက်ရင် အာရုံခံကောင်းလွန်းလို့ အချစ်နဲ့တွေ့ရင် ဒုက္ခရောက်တော့မယ်ဆိုတာမျိုးကို ပြောချင်ပေမယ့် မချစ်ဖူးသေးဘူးဆိုတာကိုပဲ သတိပေးခဲ့ပါသည်။

ထယ်ရယ် အခန်းထဲကို ဝင်တော့ ဂျီအွန်းဟျောင်းက laptop တစ်လုံးနဲ့ အစည်းအဝေးတက်နေပုံပေါ်သည်။
အခန်းထဲကို ဝင်ဝင်ချင်း ပြန်ထွက်လာရတဲ့ဟန်နဲ့ အဆင်ပြေမနေပါ။ ထယ်ရယ် ပြန်အိပ်ချင်နေတာကြောင့်ဖြစ်သည်။

" ကျန်းဟောက် အခန်းကိုပဲ သွားတော့မယ် "

ဘေးအခန်းကို တံခါးသာသာခေါက်တော့ အိပ်ချင်မူးတူး အသံစစလေးတွေကြားရသည်။

" ကျွန်တော်ပါ..ထယ်ရယ် "

ခဏလေး ငြိမ်သွားတဲ့နောက်မှာ " ဝင်ခဲ့လေ" ဆိုတဲ့ အသံလေးဆက်ထွက်လာ၏။ အခန်းထဲကို ဝင်သွားတာနဲ့ အိပ်ယာထဲကတောင် မထတဲ့ အဖြူလုံးလုံးလေးဟာ ထယ်ရယ် ပြောနေကျလိုပဲ ဘယ်ရှူထောင့်က ကြည့်ကြည့် ချစ်ဖို့ကောင်းပါသည်။

တစ်ရက် တစ်ခြား ပိုပိုပြီး အနားရောက်ချင်နေမိတာကလည်း ထယ်ရယ့်ရောဂါတစ်မျိုး။

" စောစောစီးစီး ဘာလာလုပ်တာ "

" ဂျီအွန်းဟျောင်းက အစည်းအဝေးရှိနေတော့ အခုကို အခန်းထဲ ပြန်ဝင်အိပ်မရလို့ ဒီမှာ အိပ်မလားလို့လေ"

" ဘယ်မှာ အိပ်မှာလဲ ကိုယ်တစ်ယောက်တည်း နေတဲ့အခန်းထဲကိုလာပြီး "

အိပ်မှူန်စုံမွှားမှာ ခပ်တိုးတိုးသာ ထွက်လာတဲ့ ကျန်းဟောက်အသံက နားထောင်လို့ကောင်းသားနော်။

" ကြမ်းပြင်ပေါ်? မသိဘူးလေ ဘယ်နားအိပ်လို့ရလဲ "

မထုံတတ်တေး မေးလိုက်တာကို အိပ်ချင်မူးတူး အစ်ကိုလေးက အိပ်ယာတစ်ဖက်ကို တိုးသွားပြီး ဘေးနားကို လက်နဲ့ပုတ်ပြ၏။

" ဒီမှာအိပ် "

အခွင့်အရေးရတုန်း ဆုပ်ကိုင်တတ်ရမယ်လေ။ အိပ်ယာပေါ် ဆွေ့ကနဲတက်ရင်း မြန်မြန်ပဲ ကျန်းဟောက်ဆီက စောင်ကိုပါ တစ်ဝက်ယူခြုံလိုက်သည်။

" အဆင်ပြေပါ့မလား။ ကျွန်တော် တစ်ခုခုကို ဖက်မထားရင် အိပ်မပျော်ဘူး"

" ထယ်ရယ်ရာ တစ်ယောက်တည်းကို မျိုးစုံပဲ "

" ဟီး "

အချိုသတ်ကာ ရယ်ပြလိုက်တုန်းပဲ ထယ်ရယ့်ခါးတွေကြားထဲ ကျန်းဟောက်လက်တွေ တိုးဝင်ကာ ခါးကိုဖက်လာ၏။ မျက်နှာကို ရင်ဘတ်နားမယ် အပ်ထားပြီး စိတ်အေးလက်အေး ဆက်အိပ်နေပုံများ။

" ကိုယ် ညက အိပ်မရလို့ အခု ဒီလို လာအိပ်မယ်ဆိုလည်း ငြိမ်ငြိမ်နေ "

" ဘာလို့လဲ "

" ထယ်ရယ့်ကြောင့် "

" ကျွန်တော့်ကြောင့်နဲ့ ?"

ပြန်မေးတာကို အဖြေစကားမလာတော့ပဲ ရယ်သံလေး တစ်ချက်နောက်မှာ ဟောက်သံတိုးတိုးလေးသာ ထွက်လာပြီး ပြန်အိပ်ပျော်သွားသည်။

ပူးကပ်နေတဲ့ ခန္ဓာကိုယ်တွေကြားက အပူငွေ့နွေးနွေးတို့က ထယ်ရယ့်ကို အိပ်မပျော်နိုင်စေတော့တာကြောင့် မျက်လွှာချကာ အသာလေး မှေးနေရင်း အတွေးပိုင်းစတို့က အလိုလိုဝင်လာသည်။

ထယ်ရယ် ပုံမှန်ဆို overthinking ဖြစ်တဲ့လူ မဟုတ်ပေမဲ့ ဒီနေ့တော့ အနည်းငယ် ကွာခြားနေ၏။

ကျန်းဟောက်က အတွေးများတတ်တဲ့ပုံစံမှန်း သိပေမဲ့ ထယ်ရယ့်ကို အဖြေပေးဖို့အတွက်နဲ့ ညတွင်းချင်းစိတ်ရှူပ်သွားတတ်မယ်လို့တော့ မထင်ခဲ့ပါ။

အဲ့တာထက် ယခု တစ်ဝက်တစ်ပြတ်အဖြေကြောင့် ထယ်ရယ်က ပို စိတ်ဖိစီးမိသည်။ တကယ်လို့ ထယ်ရယ့်မွေးနေ့မှာ အဖြေမပေးရင် ဘယ်လိုလုပ်မလဲ။

ကျန်းဟောက်က ထယ်ရယ့်ထက် ပိုပြီး ပေါ့သေးသေးတွေးတတ်နေရင် ဘာလုပ်ရမလဲ။ လျစ်လျူရှူသွားရင်ရော ? ခံရခက်မိမှာပဲ။

အချိန်က တကယ်တော့ တစ်လတောင်မဟုတ် နောက်လ ထယ်ရယ့် မွေးနေ့ရောက်ဖို့အတွက် နှစ်ပါတ်နဲ့ လေးရက်လောက်သာကျန်တော့သည်။

စိတ်ထင်တာမမှားရင် တောက်လျှောက် မီးစိမ်းပြနေခဲ့တာ ကျန်းဟောက်ပဲ မဟုတ်ပါလား။
ဒါမှမဟုတ် ထယ်ရယ်ပဲ စိတ်ကူးယဉ်နေမိပြန်တာလား။

တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံး တစ်ဖက်သတ်ကြိုက်ဖူးမှပဲ ကျန်းမာရေးကိုထိခိုက်စေတဲ့ Delusional ဖြစ်ခြင်းတွေနဲ့ ကြုံနေရပါတော့၏။

ခံစားချက်အရမ်း ထည့်မထားတဲ့ တစ်ဖက်သတ်ကြိုက်ခြင်းဆိုတာ ထယ်ရယ် နဂိုဖြတ်သန်းခဲ့ဖူးသမျှ ခပ်ပေါ့ပေါ့ အချစ်ဇာတ်လမ်းတွေနဲ့ယှဉ်ပြီး အမည်တပ်ထားမိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

မသိတော့ပါဘူး။ ထယ်ရယ့် ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်တဲ့ ကျန်းဟောက်ကို အပိုင်လိုချင်စိတ်ကတော့ သေချာနေလျက်နဲ့...

အငြင်းခံရရင်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးတာတွေ တော်တော်လေးလျော့သွားမိတော့မယ် ထင်တယ် ကျန်းဟောက်ရယ်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

a/n: unedited ပဲမို့ အမှားပါရင် ထောက်ပြနိုင်ပါတယ် 🫶🏻
မိုးမန့်ပိစိလေးရထားတော့ မြန်မြန်လေးပဲ ချရေးလိုက်တာရှင် ><
Stay tuned pr~

Continue Reading

You'll Also Like

20.4K 2.8K 20
𝖯𝖺𝗋𝗄 𝖩𝗈𝗇𝗀𝗌𝖾𝗈𝗇𝗀 & 𝖸𝖺𝗇𝗀 𝖩𝗎𝗇𝗀𝗐𝗈𝗇 & 𝖯𝖺𝗋𝗄 𝖲𝗎𝗇𝗀𝗁𝗈𝗈𝗇 | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃
3.4K 333 31
🎵 I would never leave you Wonder how you left me You left me feeling empty🎵 🎵 Close your eyes, go to sleep Know my love is all around Dream in pea...
2.8K 265 6
HyunLix Mini story ☁︎
10.4K 1.3K 10
Kim GyuVin X Han YuJin(GyuJin)