Zawgyi
ဂိုေထာင္တံခါးပြင့္သြားျခင္းႏွင့္အတူ ထိုလူသားထြက္ေပၚလာမႈေၾကာင့္ သူတို႔ၾကားမွာ တိတ္ဆိတ္မႈက အနည္းငယ္ေနရာယူေနခဲ့သည္။
ထိုစဉ္ ဂတံုးသံုးေကာင္ထဲမွ ဂတံုးေပၚတြင္ ျခစ္ရာမ်ားအျပၫ့္ျဖင့္ အေႂကြးရွင္ေတြထဲမွ လူတစ္ေယာက္ဟာ ေျပရာေျပၾကောင္း က်ယ္ေလာင္စြာ ရယ္ေတာ့သည္။
"ဟားဟားဟား..ငါ့ႏွယ္ ရဲမွတ္လို႔ လန႔္သြားတာဘဲ။ေဟ့ လူငယ္ေလး စူပါဟီးရိုးျဖစ္ခ်င္တာ ေယာက္်ားတိုင္းရဲ့ အိမ္မက္ဆိုေပမယ့္ အျပင္မွာေတာ့ လုပ္လို႔မေကာင္းဘူးေနာ္"
ထို႔အတူ ဂိုေထာင္ဝမွ ထိုလူငယ္၏ပုခံုးကို သိုင္းဖက္ကာ ဆက္ေျပာသည္။
"အဲ့ေတာ့ မင္းမနာခ်င္ရင္ လွၫ့္ျပန္တာ ေကာင္းလိမ့္မယ္။ကြီးတို႔က အရသာရိွတာေလး လုပ္မလို႔"
ထိုလူငယ္ကို ၾကၫ့္ေလ ၾကၫ့္ေလ ေတြ့ဖူးသလို ထင္မိေလပင္။သို႔ေသာ္လည္း ဘယ္ေနရာ ၊ ဘယ္အခ်ိန္တြင္ ေတြ့ခဲ့ဖူးလည္း စဉ္းစားမရသျဖင့္ သူစိတ္ထင္တာဘဲ ျဖစ္ပါလိမ့္မည္။သူကသာၿပံဳးၿပံဳးေလးျဖင့္ စကားေျပာေနေသာ္လည္း ထိုလူငယ္ဟာ အေဝးရိွထိုင္ခံုေပၚမွ ခြန္းတကိုဘဲ စိုက္ၾကၫ့္ေနၿပီး မ်က္လံုးေတြဟာ အလြန္ကိုနက္ေမွာင္ေနခဲ့သည္။
"ေအာ္..မင္းကလည္း ေပ်ာ္ခ်င္လို႔လား။အဲ့လိုဆိုရင္ေတာ့ မျဖစ္ဘူးေနာ္။ကြီးတို႔ေတာင္ အဲ့တစ္ေယာက္ကို ေလးေယာက္မ်ွစား-"
တစ္စကၠန႔္ေလးအတြင္းမွာတင္ လြင့္ထြက္သြားေသာ ထိုဂတံုးေၾကာင့္ က်န္သံုးေကာင္မွာ ဘာကဘယ္လိုျဖစ္သြားလည္းေတာင္ လိုက္မမွီလိုက္ရ။ေၾကာင္အန္းအန္းျဖင့္ ယခုျဖစ္ပ်က္သြားေသာ အေျခအေနကို ျပန္လည္စဉ္းစားယူေနရသည္။
သူတို႔အေရ႔ွရိွ လူငယ္ဟာ လက္ေကာက္ဝတ္ကို ကိုင္ကာ ေျဖေလ်ာ့ေနၿပီး ပတ္လက္လန္ကာ သတိလစ္ေနေသာ ဂတံုးကိုၾကၫ့္လ်က္...
"ေသာက္ဂတံုး!"
ထို႔အတူ က်န္သံုးေကာင္ကို လွၫ့္ၾကၫ့္ကာ အၿပံဳးေလးတစ္ပြင့္ျဖင့္ သေလ်ာ္၏။
"ေသာက္ဂတံုးေတြ မင္းတို႔ဘိုးေအကို မမွတ္မိရေလာက္ေအာင္ ေခါင္းကဆံပင္ေတြအျပင္ ဦးေနွာက္ပါ ပါသြားတာလား"
ထိုစကားေၾကာင့္ ေၾကာင္အေနေသာ ဂတံုးသံုးေကာင္ဟာ လႈပ္လႈပ္ရွားရွားျဖစ္လာေတာ့သည္။ထိုလူငယ္ကို သူတို႔ျမင္ဖူးသလိုလိုရိွေသာ္လည္း ထိုလူငယ္အေၾကာင္း စဉ္းစား၍မရေပ။ထိုစဉ္ဂတံုးသံုးေကာင္ထဲမွ တစ္ေယာက္က က်ယ္ေလာင္စြာ ထေအာ္ေတာ့သည္။
"မင္း!မင္း..ငါတို႔Bossကို သတ္သြားတဲ့ေကာင္!"
"ဟုတ္သားဘဲ..မင္း-"
စကားေတာင္မဆံုးလိုက္ရ မ်က္ခြက္ေပၚသို႔ စိုက္ေရာက္လာေသာ လက္သီးတစ္ခ်က္ေၾကာင့္ ပစ္လွဲေတာ့သည္။ႏွာေခါင္းကိုကိုင္ကာ ေအာ္ညဉ္းေနသူမွာ ၾကၫ့္ရတာ ႏွာေခါင္းရိုးက်ိဳးသြားပံုေပၚသည္။ေဇေက်နပ္စြာ တစ္ခ်က္ရယ္လိုက္တုန္း အေနာက္မွက်န္ဂတံုးတစ္ေကာင္၏ ဖမ္းခ်ဳပ္လိုက္မႈေၾကာင့္ လႈပ္မရေတာ့ေပ။
"ဟားဟား မင္းဘာတတ္ႏိုင္ေသးလဲ။က်န္သံုးေယာက္ကိုေတာ့ ႏိုင္ခ်င္ႏိုင္-"
ေခါင္းေနာက္ပစ္ကာ ထိုးတိုက္လိုက္မႈေၾကာင့္ ပါးစပ္ကိုကိုင္ကာ တအီးအီးေအာ္ေနသူမွာ ခဏက ေစာက္ႀကီးေစာက္က်ယ္ေျပာေတာ့မည္မွာ သူမဟုတ္သလို။
"မင္း..မင္း!ငါ့သြားတစ္ေခ်ာင္းကြၽတ္ထြက္သြားၿပီ"
"အဲ့တာမင္းေစာက္ေၾကာင္းေလ"
ထို႔အတူ တိုက္ကြမ္ဒိုစတိုင္ ႏွစ္ဆင့္ေျခကန္ခ်က္ေၾကာင့္ ေနာက္သြားႏွစ္ေခ်ာင္းပါ ကြၽတ္ထြက္သြားခဲ့ၿပီး အဆစ္အေနနဲ႔ ၾကမ္းျပင္ေပၚတြင္ ကားယားႀကီးေမွာက္လဲသြားေတာ့၏။
ပုရြက္ဆိတ္သတ္သလို လူသံုးေယာက္ကို ထိုးႏွက္ထားေသာ ေဇမွာ မယံုၾကည္ႏိုင္ေလာက္ေအာင္ကို တည္ၿငိမ္ေနခဲ့သည္။ဘာလို႔လဲဆိုေတာ့ ထိုအမ်ိဳးသား၏ စိတ္အလံုးစံုမွာ လႈပ္ရွားဖို႔ပင္အားမရိွေအာင္ ခြန္းတဆိုသၫ့္ လူသားေလးစီေရာက္ေနခဲ့လို႔ပင္။
ထို႔အတူ ေသြးမ်ားေပေရေနေသာ ခြန္းတကိုၾကၫ့္လ်က္ ဝမ္းနည္းစြာ ေျပာမိသၫ့္ ျမတ္ႏိုးရပါေသာ အမည္ေလး။
" ခြန္း.."
မလႈပ္မရွားျဖစ္ေနေသာ ထိုင္ခံုေပၚရိွ ခြန္းတစီသို႔တုန္ယင္ေနေသာ ေျခလွမ္းမ်ားျဖင့္ တစ္ေရြ့ေရြ့သြားေနပံုမွာ စိုးရိမ္ေနေသာ္လည္း တစ္စံုတစ္ခုကို ျမင္ေတြ့လိုက္မွာကို ေၾကာက္လန႔္ေနသေယာင္။
ခြန္းတမ်က္ႏွာကို ေသခ်ာျမင္ရေစရန္ ဒူးကိုေထာက္လ်က္ မ်က္ႏွာႏုႏုေလးကို ျငင္သာစြာ ဆြဲယူလိုက္သည္။
ေခါင္းတြင္ေသြးမ်ားတလိမ္းလိမ္းျဖင့္ ေရေတြစိုရြဲေနၿပီး ႏႈတ္ခမ္းေတြေပါက္ၿပဲကာ လက္သည္းမ်ား တစ္စစီျဖစ္ေသာ ခြန္းတ၏ပံုရိပ္။ရင္နာရပါသည္...သို႔ေသာ္လည္း ထိုၾကယ္တာရာလို ေတာက္ပလြန္းေသာ မ်က္ဝန္းေလးေတြဟာ ေမွးမိွတ္ေနခဲ့သည္မဟုတ္၍ အနည္းငယ္ေတာ့ စိတ္သက္သာရာရခဲ့သည္။
"ေမ်ွာ္ေနတာ..ေမာင္ရဲ့"
နဂိုခ်ိဳသာလွေသာ အသံေလးမွာ ယခုေတာ့အက္ကြဲေနခဲ့ၿပီ။သို႔ေသာ္လည္း ႏႈတ္ခမ္းႏုႏုထက္မွ ထြက္ေပၚလာေသာ စကားေလးကေတာ့ အလြန္ကို ျမတ္ႏိုးပစ္လိုက္ခ်င္စရာ။
ထို႔အတူ မူပိုင္အၿပံဳးေလးကို ဆင္ျမန္းလ်က္ ခ်ိဳသာေသာအၿပံဳးေလးကို စြန႔္ႀကဲသည္။
"အင္း..ကိုယ္ေရာက္လာၿပီေနာ္"
သို႔ေသာ္လည္း ခဏတာပင္။လင္းလက္ေတာက္ပေနေသာ ထိုအၿပံဳးေလးဟာ တခဏခ်င္းမွာတင္ ေပ်ာက္ကြယ္သြားမႈႏွင့္အတူ ဒူးေထာက္ထိုင္ခ်ထားေသာ သူ၏ခႏၶာကိုယ္ကို ေဘးသို႔တြန္းပို႔ျခင္းကို ခံလိုက္ရသည္။
"အား!"
ခြန္းတ၏ေအာ္သံေၾကာင့္ အျမန္လွၫ့္ၾကၫ့္ေတာ့ ျမင္လိုက္ရသၫ့္ျမင္ကြင္းမွာ ရင္ကိုဓားနဲ႔ အစိမ္းလိုက္ခြဲခံလိုက္ရသလိုပင္။
*****
ခင္သူဇာ ခြန္းတ၏ ေပါင္ထဲသို႔စိုက္ဝင္ေနသၫ့္ အိတ္ေဆာင္ဓားတစ္ေခ်ာင္းကို ဆြဲထုတ္ကာ ေဇကိုၾကၫ့္လိုက္သည္။
"ဒီမွာရွင္တို႔ႏွစ္ေယာက္ထဲရိွေနတာမဟုတ္ဘူး"
"မင္း!ငါ..ငါမင္းကိုသတ္မယ္!!"
စကားႏွင့္အၿပိဳင္ပင္ ျပင္းထန္လွေသာ လက္သီးတစ္ခ်က္ဟာ ခင္သူဇာ၏ပါးျပင္ထက္သို႔ က်ေရာက္လာေတာ့သည္။
မိန္းမသားမို႔ဆိုသၫ့္ ကန႔္သန႔္ခ်က္ေတြ ဘာေတြ ေဇ့တြင္မရိွေတာ့။သူသိသည္က ဒီေကာင္မက ခြန္းတကို ထိပါးခဲ့သည္ဆိုတာကိုပင္။
အေပၚမွဆင့္၍ လက္သီးျဖင့္ ဆက္တိုက္ထိုးခံရျခင္းကိုပင္ ခင္သူဇာမွာ သေဘာက်ေနသေယာင္ ၿပံဳးေနခဲ့သည္။
"ဘာရီတာလဲ ငါမင္းကိုသတ္မွာ တကယ္သတ္မွာ!"
"လုပ္ပါ..ကြၽန္မကိုလက္သီးနဲ႔ထိုးသလိုမ်ိဳး
ျပင္းျပင္းေလးနမ္းလိုက္ ႏႈတ္ခမ္းကေန
ေသြးေတြထြက္လာတဲ့အထိ နမ္းလိုက္"
"မင္းေစာက္ရူးလား"
"အင္း ရူးေနတာ ရွင့္ေၾကာင့္
ကြၽန္မအခုစိတ္ေပ်ာ္ေနတယ္ လာပါ
နံရိုးေတြက်ိဳးတဲ့အထိ ကြၽန္မကိုဖက္ထားလိုက္"
ထပ္ဆင့္ထိုးခံရမႈေၾကာင့္ ႏွာရိုးက်ိဳးကာ ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာ္လည္း လင္တရူးမပ်က္ေသးေသာ ခင္သူဇာပင္။
သူမကိုရြံရွာသလိုၾကၫ့္ကာ ထိရမည္ကိုပင္ မသတီသလိုၾကၫ့္ေနေသာ ေဇေၾကာင့္ခြန္းတကိုႏိွပ္ဆက္ရ၍ ေပ်ာ္ေနေသာ စိတ္ကိုရွင္းကာ တည္ၿငိမ္ေသာ သူမ၏အရင္ပံုရိပ္ကို ျပန္ထိန္းလိုက္သည္။
ႏွာေခါင္းရိွေသြးမ်ားကို သုတ္ေနစဉ္ ေဇ၏ေနာက္မွ ပံုရိပ္တစ္ခုေၾကာင့္ ခြန္းတႏွင့္ခင္သူဇာ တစ္ၿပိဳင္နက္ထုတ္ေျပာမိသၫ့္စကား။
"သတိထား!"
ထိုသတိေပးေအာ္သံမ်ားေၾကာင့္ ေဇဟာအေနာက္လွၫ့္ၾကၫ့္လိုက္ပါေသာ္လည္း အခ်ိန္မမွီခဲ့ေပ။မာေက်ာလွေသာ အစိုင္အခဲတစ္ခု၏ ရိုက္ခ်က္ေၾကာင့္ အသိစိတ္ဟာအေမွာင္ထုထဲသို႔ တိုးဝင္သြားခဲ့သည္။သတိမလစ္ခင္ျမင္လိုက္ရသည္က ခြန္းတ၏ရုန္းကန္ေနမႈႏွင့္ သူ႔ကိုၾကၫ့္ကာ စီးက်ေနေသာ မ်က္ရည္ေတြ...။
သူမ်က္လံုးဖြင့္လိုက္ေတာ့ ျမင္လိုက္ရသည္က ဖန္လိုၾကည္လင္ေနေသာ ပင္လယ္ႀကီးပင္။ဘာကုန္းေျမမွလည္းမရိွသလို ဘယ္လူသားမွလည္း ရိွမေနေပ။ပင္လယ္ေပၚတြင္ ေပၚေလာေမ်ွာေနေသာ သူတစ္ေယာက္သာရိွ၏။
"ငါဘယ္ေရာက္ေနတာလဲ"
ႏႈတ္ခမ္းထက္မွ ထြက္ေပၚလာေသာ ထိုေမးခြန္းကို ျပန္ေျဖမၫ့္သူ မရိွသည္ကေတာ့ ဝမ္းနည္းစရာပင္။
ထို႔အတူ သူ၏စိတ္အလံုးစံုဟာလည္း တစ္စံုတစ္ေယာက္စီသို႔။
"ဟာ!ဟုတ္သားဘဲ ခြန္း..ခြန္းတ
ခြန္းဘာျဖစ္သြားၿပီလဲ ငါသတိလစ္ေနခဲ့တာဘဲ
ငါဘယ္လိုလုပ္ရမလဲ..ခြန္းဒုကၡေရာက္ေနတယ္"
"ေဟး.."
သူ႔ဘာသာ ကေယာင္ကတန္းေလ်ွာက္ေျပာေနစဉ္ အေဝးတစ္ေနရာမွ အသံၾကားတာေၾကာင့္ လိုက္ရွာၾကၫ့္ေတာ့ အေဝးရိွအလင္းတန္းေလးတစ္ခုကို ျမင္လိုက္ရသည္။
ဒါသူသတိလစ္ေနစဉ္ မက္ေသာအိမ္မက္တစ္ခုသာ။ႏိုးထရန္အတြက္ ထိုအလင္းတန္းဟာ ေသာ့ခ်က္ျဖစ္ႏိုင္သျဖင့္ ရိွသမ်ွအားအကုန္သံုးကာ အဲ့စီသို႔ တစ္ရိွန္ထိုးေျပးသြားလိုက္၏။
တေျဖးေျဖးနီးလာသည္ႏွင့္အမ်ွ ထိုအလင္းတန္းဟာ လူပံုစံသို႔ တေျဖးေျဖးရုပ္လံုးေပၚလာခဲ့သည္။
ထို႔အတူ ပံုရိပ္စီသို႔ ေရာက္ရိွသြားေသာ သူ႔အတြက္ ထိတ္လန႔္မႈကသာ ေစာင့္ႀကိဳေနခဲ့သည္။
"ဟယ္လို"
လက္ကိုရမ္းလ်က္ ၿပံဳးရယ္ကာ ႏႈတ္ဆက္လာေသာ ထိုလူ၏အသံ ၊ မ်က္ႏွာ ၊ ခႏၶာအခ်ိဳးအစား ၊ ဝတ္ထားေသာအဝတ္ အားလံုးဟာ သူႏွင့္တစ္ပံုစံထဲတူေနခဲ့သည္။
"မင္း..မင္းဘယ္သူလဲ!"
"ငါလား..ငါကမင္းဘဲေလ"
"ရူးေနတာလား?"
"ဘယ္ဟုတ္မလဲ ငါကမင္းလ်စ္လ်ူရႈထားတဲ့
မင္းရဲ့အေမွာင္ဘက္ျခမ္း"
မ်က္လံုးေလးျပဴးက်ယ္ကာ ပါးစပ္ေလးကိုလက္အုပ္၍ အံ့ဩသြားပံုမွာ ထိုလူကို 'တကယ့္အရူးပဲ'ဆိုၿပီး သေလ်ာ္ေနသေယာင္။
"ငါ့မွာဘာအေမွာင္ဘက္ျခမ္းမွရိွမေနဘူး ကေလးလိုေခြးလိုလိုနဲ႔ ဘာစကားေတြလာေျပာေနတာလဲ"
"အို~မင္းကဘယ္သိလိမ့္မလဲ။ဒီတစ္ခ်ိန္လံုး မင္းငါ့ကိုလ်စ္လ်ူရႈထားခဲ့တာေလ"
"ဟုတ္လား အဲ့တာဆိုရင္ေတာ့ sorryဘဲ
အခုငါမင္းနဲ႔စကားစျမည္ေျပာေနဖို႔ မအားဘူး
ဒီအိမ္မက္ကေန ႏိုးထလို႔ရမယ့္ နည္းကိုဘဲေျပာစမ္းပါ"
"ခြန္းတ...ခြန္းတ မင္းအေတြးထဲမွာ ထိုေကာင္ကေလးကဘဲ ႀကီးစိုးေနတာဘဲ"
ထိုစကားေၾကာင့္ ရင့္ရင့္သီးသီးဆက္ဆံေနေသာ တကယ့္ေဇမွာ ဘယ္ကေနဘယ္လို အားနာစိတ္ေပၚလာမွန္းမသိေတာ့ေပ။
"မင္းရဲ့အေမွာင္ဘက္ျခမ္းက
ဘာလဲဆိုတာမသိခ်င္ဘူးလား?"
"မသိခ်င္ပါဘူး"
"အဟန႔္ အဟန႔္...မသိခ်င္လည္းေျပာျပမယ္
မင္းရဲ့အေမွာင္ဘက္ျခမ္းက ခြန္းတဘဲ"
"ဘာ?ဘာကိစၥခြန္းတျဖစ္ရမွာလဲ...
မင္းကငါ့ရဲ့တစ္ဖက္ျခမ္းဆို
အဲ့တာဆိုရင္ ငါခြန္းကိုဘယ္ေလာက္ျမတ္ႏိုးလည္းဆိုတာ မင္းလည္းသိမွာဘဲ"
သူ႔အေရ႔ွရိွ ထိုလူဟာ ၿပံဳးသည္။ေမးခြန္းကိုလည္း ျပန္မေျဖ..။သူ႔ကိုစိုက္ၾကၫ့္၍သာ ၿပံဳးေနခဲ့သည္။သို႔ေသာ္ ထူးဆန္းသည္က စကၠန႔္ေတြကုန္သြားသည္ႏွင့္အမ်ွ ထိုလူ၏ အၿပံဳးမွာ ပို၍က်ယ္ျပန႔္လာျခင္းပင္။အခ်ိန္ေတြကုန္ဆံုးလာျခင္းႏွင့္အတူ ခ်ိဳသာေသာ အၿပံဳးတစ္ခုမဟုတ္ေသာ ထိုအၿပံဳးဟာ နားရြက္နားထိကပ္ေနခ်ိန္တြင္ေတာ့ ရပ္တန႔္သြားခဲ့သည္။
ထို႔အတူ ၾကည္လင္ေနေသာ ပင္လယ္ေရျပင္ဟာ ခ်က္ခ်င္းပင္ ေသြးေရာင္လႊမ္း၍ အေမွာင္ဖံုးသြားခဲ့ၿပီး ေနရာတိုင္းလိုလိုတြင္ သူ႔အေရ႔ွရိွ ထိုလူ၏ ကိုယ္ပြားေတြဟာ အမ်ားအျပား။
" 'ဘာလို႔ခြန္းတျဖစ္ရမွာလဲ?' လို႔ မင္းေမးတယ္ေနာ္။ငါေျပာျပေပးရမလား ဒီတစ္ေလ်ွာက္လံုး မင္းစဉ္းစားေနတဲ့ အေတြးကို"
ေတာင့္ခဲသြားေသာ သူ၏ကိုယ္လံုးမွာ အနည္းငယ္မ်ွပင္ လႈပ္မရေတာ့ေပ။စိတ္ထဲတြင္လည္း မေျပာရန္ အႀကိမ္ႀကိမ္တားျမစ္ေနခဲ့ေသာ္လည္း တကယ့္အျပင္တြင္ေတာ့ ဘာစကားတစ္ခြန္းမွ မထြက္ႏိုင္ဘဲ ေၾကာင္အန္းေနမိသည္။
ထိုစဉ္ က်ယ္ျပန႔္လာေသာ ထိုလူ၏အၿပံဳးႀကီးျဖင့္ ပါးစပ္ကိုဟကာ ေျပာလာသၫ့္စကား။
"ခြန္းတကငါနဲ႔မထိုက္တန္ဘူး"
___________________________________________
___________________________________________
ကိစၥေလးအမ်ိဳးမ်ိဳးရိွလို႔ ဒီရက္ပိုင္း update ၾကာပါလိမ့္မယ္။ေတာင္းပန္ပါတယ္ဗ်ာ။ဒါေပမယ့္လည္း စိတ္ေဖာက္ရင္ စိတ္ေဖာက္သလိုေတာ့ ၂ပိုင္း၃ပိုင္းupခ်င္upမွာပါ။
အားလံုးဂရုစိုက္ၾကပါေနာ္( ˘ ³˘)♥
___________________________________________
___________________________________________
Unicode
ဂိုထောင်တံခါးပွင့်သွားခြင်းနှင့်အတူ ထိုလူသားထွက်ပေါ်လာမှုကြောင့် သူတို့ကြားမှာ တိတ်ဆိတ်မှုက အနည်းငယ်နေရာယူနေခဲ့သည်။
ထိုစဉ် ဂတုံးသုံးကောင်ထဲမှ ဂတုံးပေါ်တွင် ခြစ်ရာများအပြည့်ဖြင့် အကြွေးရှင်တွေထဲမှ လူတစ်ယောက်ဟာ ပြေရာပြေကြောင်း ကျယ်လောင်စွာ ရယ်တော့သည်။
"ဟားဟားဟား..ငါ့နှယ် ရဲမှတ်လို့ လန့်သွားတာဘဲ။ဟေ့ လူငယ်လေး စူပါဟီးရိုးဖြစ်ချင်တာ ယောက်ျားတိုင်းရဲ့ အိမ်မက်ဆိုပေမယ့် အပြင်မှာတော့ လုပ်လို့မကောင်းဘူးနော်"
ထို့အတူ ဂိုထောင်ဝမှ ထိုလူငယ်၏ပုခုံးကို သိုင်းဖက်ကာ ဆက်ပြောသည်။
"အဲ့တော့ မင်းမနာချင်ရင် လှည့်ပြန်တာ ကောင်းလိမ့်မယ်။ကွီးတို့က အရသာရှိတာလေး လုပ်မလို့"
ထိုလူငယ်ကို ကြည့်လေ ကြည့်လေ တွေ့ဖူးသလို ထင်မိလေပင်။သို့သော်လည်း ဘယ်နေရာ ၊ ဘယ်အချိန်တွင် တွေ့ခဲ့ဖူးလည်း စဉ်းစားမရသဖြင့် သူစိတ်ထင်တာဘဲ ဖြစ်ပါလိမ့်မည်။သူကသာပြုံးပြုံးလေးဖြင့် စကားပြောနေသော်လည်း ထိုလူငယ်ဟာ အဝေးရှိထိုင်ခုံပေါ်မှ ခွန်းတကိုဘဲ စိုက်ကြည့်နေပြီး မျက်လုံးတွေဟာ အလွန်ကိုနက်မှောင်နေခဲ့သည်။
"အော်..မင်းကလည်း ပျော်ချင်လို့လား။အဲ့လိုဆိုရင်တော့ မဖြစ်ဘူးနော်။ကွီးတို့တောင် အဲ့တစ်ယောက်ကို လေးယောက်မျှစား-"
တစ်စက္ကန့်လေးအတွင်းမှာတင် လွင့်ထွက်သွားသော ထိုဂတုံးကြောင့် ကျန်သုံးကောင်မှာ ဘာကဘယ်လိုဖြစ်သွားလည်းတောင် လိုက်မမှီလိုက်ရ။ကြောင်အန်းအန်းဖြင့် ယခုဖြစ်ပျက်သွားသော အခြေအနေကို ပြန်လည်စဉ်းစားယူနေရသည်။
သူတို့အရှေ့ရှိ လူငယ်ဟာ လက်ကောက်ဝတ်ကို ကိုင်ကာ ဖြေလျော့နေပြီး ပတ်လက်လန်ကာ သတိလစ်နေသော ဂတုံးကိုကြည့်လျက်...
"သောက်ဂတုံး!"
ထို့အတူ ကျန်သုံးကောင်ကို လှည့်ကြည့်ကာ အပြုံးလေးတစ်ပွင့်ဖြင့် သလျော်၏။
"သောက်ဂတုံးတွေ မင်းတို့ဘိုးအေကို မမှတ်မိရလောက်အောင် ခေါင်းကဆံပင်တွေအပြင် ဦးနှောက်ပါ ပါသွားတာလား"
ထိုစကားကြောင့် ကြောင်အနေသော ဂတုံးသုံးကောင်ဟာ လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။ထိုလူငယ်ကို သူတို့မြင်ဖူးသလိုလိုရှိသော်လည်း ထိုလူငယ်အကြောင်း စဉ်းစား၍မရပေ။ထိုစဉ်ဂတုံးသုံးကောင်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ ထအော်တော့သည်။
"မင်း!မင်း..ငါတို့Bossကို သတ်သွားတဲ့ကောင်!"
"ဟုတ်သားဘဲ..မင်း-"
စကားတောင်မဆုံးလိုက်ရ မျက်ခွက်ပေါ်သို့ စိုက်ရောက်လာသော လက်သီးတစ်ချက်ကြောင့် ပစ်လှဲတော့သည်။နှာခေါင်းကိုကိုင်ကာ အော်ညဉ်းနေသူမှာ ကြည့်ရတာ နှာခေါင်းရိုးကျိုးသွားပုံပေါ်သည်။ဇေကျေနပ်စွာ တစ်ချက်ရယ်လိုက်တုန်း အနောက်မှကျန်ဂတုံးတစ်ကောင်၏ ဖမ်းချုပ်လိုက်မှုကြောင့် လှုပ်မရတော့ပေ။
"ဟားဟား မင်းဘာတတ်နိုင်သေးလဲ။ကျန်သုံးယောက်ကိုတော့ နိုင်ချင်နိုင်-"
ခေါင်းနောက်ပစ်ကာ ထိုးတိုက်လိုက်မှုကြောင့် ပါးစပ်ကိုကိုင်ကာ တအီးအီးအော်နေသူမှာ ခဏက စောက်ကြီးစောက်ကျယ်ပြောတော့မည်မှာ သူမဟုတ်သလို။
"မင်း..မင်း!ငါ့သွားတစ်ချောင်းကျွတ်ထွက်သွားပြီ"
"အဲ့တာမင်းစောက်ကြောင်းလေ"
ထို့အတူ တိုက်ကွမ်ဒိုစတိုင် နှစ်ဆင့်ခြေကန်ချက်ကြောင့် နောက်သွားနှစ်ချောင်းပါ ကျွတ်ထွက်သွားခဲ့ပြီး အဆစ်အနေနဲ့ ကြမ်းပြင်ပေါ်တွင် ကားယားကြီးမှောက်လဲသွားတော့၏။
ပုရွက်ဆိတ်သတ်သလို လူသုံးယောက်ကို ထိုးနှက်ထားသော ဇေမှာ မယုံကြည်နိုင်လောက်အောင်ကို တည်ငြိမ်နေခဲ့သည်။ဘာလို့လဲဆိုတော့ ထိုအမျိုးသား၏ စိတ်အလုံးစုံမှာ လှုပ်ရှားဖို့ပင်အားမရှိအောင် ခွန်းတဆိုသည့် လူသားလေးစီရောက်နေခဲ့လို့ပင်။
ထို့အတူ သွေးများပေရေနေသော ခွန်းတကိုကြည့်လျက် ဝမ်းနည်းစွာ ပြောမိသည့် မြတ်နိုးရပါသော အမည်လေး။
" ခွန်း.."
မလှုပ်မရှားဖြစ်နေသော ထိုင်ခုံပေါ်ရှိ ခွန်းတစီသို့တုန်ယင်နေသော ခြေလှမ်းများဖြင့် တစ်ရွေ့ရွေ့သွားနေပုံမှာ စိုးရိမ်နေသော်လည်း တစ်စုံတစ်ခုကို မြင်တွေ့လိုက်မှာကို ကြောက်လန့်နေသယောင်။
ခွန်းတမျက်နှာကို သေချာမြင်ရစေရန် ဒူးကိုထောက်လျက် မျက်နှာနုနုလေးကို ငြင်သာစွာ ဆွဲယူလိုက်သည်။
ခေါင်းတွင်သွေးများတလိမ်းလိမ်းဖြင့် ရေတွေစိုရွဲနေပြီး နှုတ်ခမ်းတွေပေါက်ပြဲကာ လက်သည်းများ တစ်စစီဖြစ်သော ခွန်းတ၏ပုံရိပ်။ရင်နာရပါသည်...သို့သော်လည်း ထိုကြယ်တာရာလို တောက်ပလွန်းသော မျက်ဝန်းလေးတွေဟာ မှေးမှိတ်နေခဲ့သည်မဟုတ်၍ အနည်းငယ်တော့ စိတ်သက်သာရာရခဲ့သည်။
"မျှော်နေတာ..မောင်ရဲ့"
နဂိုချိုသာလှသော အသံလေးမှာ ယခုတော့အက်ကွဲနေခဲ့ပြီ။သို့သော်လည်း နှုတ်ခမ်းနုနုထက်မှ ထွက်ပေါ်လာသော စကားလေးကတော့ အလွန်ကို မြတ်နိုးပစ်လိုက်ချင်စရာ။
ထို့အတူ မူပိုင်အပြုံးလေးကို ဆင်မြန်းလျက် ချိုသာသောအပြုံးလေးကို စွန့်ကြဲသည်။
"အင်း..ကိုယ်ရောက်လာပြီနော်"
သို့သော်လည်း ခဏတာပင်။လင်းလက်တောက်ပနေသော ထိုအပြုံးလေးဟာ တခဏချင်းမှာတင် ပျောက်ကွယ်သွားမှုနှင့်အတူ ဒူးထောက်ထိုင်ချထားသော သူ၏ခန္ဓာကိုယ်ကို ဘေးသို့တွန်းပို့ခြင်းကို ခံလိုက်ရသည်။
"အား!"
ခွန်းတ၏အော်သံကြောင့် အမြန်လှည့်ကြည့်တော့ မြင်လိုက်ရသည့်မြင်ကွင်းမှာ ရင်ကိုဓားနဲ့ အစိမ်းလိုက်ခွဲခံလိုက်ရသလိုပင်။
*****
ခင်သူဇာ ခွန်းတ၏ ပေါင်ထဲသို့စိုက်ဝင်နေသည့် အိတ်ဆောင်ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ဇေကိုကြည့်လိုက်သည်။
"ဒီမှာရှင်တို့နှစ်ယောက်ထဲရှိနေတာမဟုတ်ဘူး"
"မင်း!ငါ..ငါမင်းကိုသတ်မယ်!!"
စကားနှင့်အပြိုင်ပင် ပြင်းထန်လှသော လက်သီးတစ်ချက်ဟာ ခင်သူဇာ၏ပါးပြင်ထက်သို့ ကျရောက်လာတော့သည်။
မိန်းမသားမို့ဆိုသည့် ကန့်သန့်ချက်တွေ ဘာတွေ ဇေ့တွင်မရှိတော့။သူသိသည်က ဒီကောင်မက ခွန်းတကို ထိပါးခဲ့သည်ဆိုတာကိုပင်။
အပေါ်မှဆင့်၍ လက်သီးဖြင့် ဆက်တိုက်ထိုးခံရခြင်းကိုပင် ခင်သူဇာမှာ သဘောကျနေသယောင် ပြုံးနေခဲ့သည်။
"ဘာရီတာလဲ ငါမင်းကိုသတ်မှာ တကယ်သတ်မှာ!"
"လုပ်ပါ..ကျွန်မကိုလက်သီးနဲ့ထိုးသလိုမျိုး
ပြင်းပြင်းလေးနမ်းလိုက် နှုတ်ခမ်းကနေ
သွေးတွေထွက်လာတဲ့အထိ နမ်းလိုက်"
"မင်းစောက်ရူးလား"
"အင်း ရူးနေတာ ရှင့်ကြောင့်
ကျွန်မအခုစိတ်ပျော်နေတယ် လာပါ
နံရိုးတွေကျိုးတဲ့အထိ ကျွန်မကိုဖက်ထားလိုက်"
ထပ်ဆင့်ထိုးခံရမှုကြောင့် နှာရိုးကျိုးကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း လင်တရူးမပျက်သေးသော ခင်သူဇာပင်။
သူမကိုရွံရှာသလိုကြည့်ကာ ထိရမည်ကိုပင် မသတီသလိုကြည့်နေသော ဇေကြောင့်ခွန်းတကိုနှိပ်ဆက်ရ၍ ပျော်နေသော စိတ်ကိုရှင်းကာ တည်ငြိမ်သော သူမ၏အရင်ပုံရိပ်ကို ပြန်ထိန်းလိုက်သည်။
နှာခေါင်းရှိသွေးများကို သုတ်နေစဉ် ဇေ၏နောက်မှ ပုံရိပ်တစ်ခုကြောင့် ခွန်းတနှင့်ခင်သူဇာ တစ်ပြိုင်နက်ထုတ်ပြောမိသည့်စကား။
"သတိထား!"
ထိုသတိပေးအော်သံများကြောင့် ဇေဟာအနောက်လှည့်ကြည့်လိုက်ပါသော်လည်း အချိန်မမှီခဲ့ပေ။မာကျောလှသော အစိုင်အခဲတစ်ခု၏ ရိုက်ချက်ကြောင့် အသိစိတ်ဟာအမှောင်ထုထဲသို့ တိုးဝင်သွားခဲ့သည်။သတိမလစ်ခင်မြင်လိုက်ရသည်က ခွန်းတ၏ရုန်းကန်နေမှုနှင့် သူ့ကိုကြည့်ကာ စီးကျနေသော မျက်ရည်တွေ...။
သူမျက်လုံးဖွင့်လိုက်တော့ မြင်လိုက်ရသည်က ဖန်လိုကြည်လင်နေသော ပင်လယ်ကြီးပင်။ဘာကုန်းမြေမှလည်းမရှိသလို ဘယ်လူသားမှလည်း ရှိမနေပေ။ပင်လယ်ပေါ်တွင် ပေါ်လောမျှောနေသော သူတစ်ယောက်သာရှိ၏။
"ငါဘယ်ရောက်နေတာလဲ"
နှုတ်ခမ်းထက်မှ ထွက်ပေါ်လာသော ထိုမေးခွန်းကို ပြန်ဖြေမည့်သူ မရှိသည်ကတော့ ဝမ်းနည်းစရာပင်။
ထို့အတူ သူ၏စိတ်အလုံးစုံဟာလည်း တစ်စုံတစ်ယောက်စီသို့။
"ဟာ!ဟုတ်သားဘဲ ခွန်း..ခွန်းတ
ခွန်းဘာဖြစ်သွားပြီလဲ ငါသတိလစ်နေခဲ့တာဘဲ
ငါဘယ်လိုလုပ်ရမလဲ..ခွန်းဒုက္ခရောက်နေတယ်"
"ဟေး.."
သူ့ဘာသာ ကယောင်ကတန်းလျှောက်ပြောနေစဉ် အဝေးတစ်နေရာမှ အသံကြားတာကြောင့် လိုက်ရှာကြည့်တော့ အဝေးရှိအလင်းတန်းလေးတစ်ခုကို မြင်လိုက်ရသည်။
ဒါသူသတိလစ်နေစဉ် မက်သောအိမ်မက်တစ်ခုသာ။နိုးထရန်အတွက် ထိုအလင်းတန်းဟာ သော့ချက်ဖြစ်နိုင်သဖြင့် ရှိသမျှအားအကုန်သုံးကာ အဲ့စီသို့ တစ်ရှိန်ထိုးပြေးသွားလိုက်၏။
တဖြေးဖြေးနီးလာသည်နှင့်အမျှ ထိုအလင်းတန်းဟာ လူပုံစံသို့ တဖြေးဖြေးရုပ်လုံးပေါ်လာခဲ့သည်။
ထို့အတူ ပုံရိပ်စီသို့ ရောက်ရှိသွားသော သူ့အတွက် ထိတ်လန့်မှုကသာ စောင့်ကြိုနေခဲ့သည်။
"ဟယ်လို"
လက်ကိုရမ်းလျက် ပြုံးရယ်ကာ နှုတ်ဆက်လာသော ထိုလူ၏အသံ ၊ မျက်နှာ ၊ ခန္ဓာအချိုးအစား ၊ ဝတ်ထားသောအဝတ် အားလုံးဟာ သူနှင့်တစ်ပုံစံထဲတူနေခဲ့သည်။
"မင်း..မင်းဘယ်သူလဲ!"
"ငါလား..ငါကမင်းဘဲလေ"
"ရူးနေတာလား?"
"ဘယ်ဟုတ်မလဲ ငါကမင်းလျစ်လျူရှုထားတဲ့
မင်းရဲ့အမှောင်ဘက်ခြမ်း"
မျက်လုံးလေးပြူးကျယ်ကာ ပါးစပ်လေးကိုလက်အုပ်၍ အံ့ဩသွားပုံမှာ ထိုလူကို 'တကယ့်အရူးပဲ'ဆိုပြီး သလျော်နေသယောင်။
"ငါ့မှာဘာအမှောင်ဘက်ခြမ်းမှရှိမနေဘူး ကလေးလိုခွေးလိုလိုနဲ့ ဘာစကားတွေလာပြောနေတာလဲ"
"အို~မင်းကဘယ်သိလိမ့်မလဲ။ဒီတစ်ချိန်လုံး မင်းငါ့ကိုလျစ်လျူရှုထားခဲ့တာလေ"
"ဟုတ်လား အဲ့တာဆိုရင်တော့ sorryဘဲ
အခုငါမင်းနဲ့စကားစမြည်ပြောနေဖို့ မအားဘူး
ဒီအိမ်မက်ကနေ နိုးထလို့ရမယ့် နည်းကိုဘဲပြောစမ်းပါ"
"ခွန်းတ...ခွန်းတ မင်းအတွေးထဲမှာ ထိုကောင်ကလေးကဘဲ ကြီးစိုးနေတာဘဲ"
ထိုစကားကြောင့် ရင့်ရင့်သီးသီးဆက်ဆံနေသော တကယ့်ဇေမှာ ဘယ်ကနေဘယ်လို အားနာစိတ်ပေါ်လာမှန်းမသိတော့ပေ။
"မင်းရဲ့အမှောင်ဘက်ခြမ်းက
ဘာလဲဆိုတာမသိချင်ဘူးလား?"
"မသိချင်ပါဘူး"
"အဟန့် အဟန့်...မသိချင်လည်းပြောပြမယ်
မင်းရဲ့အမှောင်ဘက်ခြမ်းက ခွန်းတဘဲ"
"ဘာ?ဘာကိစ္စခွန်းတဖြစ်ရမှာလဲ...
မင်းကငါ့ရဲ့တစ်ဖက်ခြမ်းဆို
အဲ့တာဆိုရင် ငါခွန်းကိုဘယ်လောက်မြတ်နိုးလည်းဆိုတာ မင်းလည်းသိမှာဘဲ"
သူ့အရှေ့ရှိ ထိုလူဟာ ပြုံးသည်။မေးခွန်းကိုလည်း ပြန်မဖြေ..။သူ့ကိုစိုက်ကြည့်၍သာ ပြုံးနေခဲ့သည်။သို့သော် ထူးဆန်းသည်က စက္ကန့်တွေကုန်သွားသည်နှင့်အမျှ ထိုလူ၏ အပြုံးမှာ ပို၍ကျယ်ပြန့်လာခြင်းပင်။အချိန်တွေကုန်ဆုံးလာခြင်းနှင့်အတူ ချိုသာသော အပြုံးတစ်ခုမဟုတ်သော ထိုအပြုံးဟာ နားရွက်နားထိကပ်နေချိန်တွင်တော့ ရပ်တန့်သွားခဲ့သည်။
ထို့အတူ ကြည်လင်နေသော ပင်လယ်ရေပြင်ဟာ ချက်ချင်းပင် သွေးရောင်လွှမ်း၍ အမှောင်ဖုံးသွားခဲ့ပြီး နေရာတိုင်းလိုလိုတွင် သူ့အရှေ့ရှိ ထိုလူ၏ ကိုယ်ပွားတွေဟာ အများအပြား။
" 'ဘာလို့ခွန်းတဖြစ်ရမှာလဲ?' လို့ မင်းမေးတယ်နော်။ငါပြောပြပေးရမလား ဒီတစ်လျှောက်လုံး မင်းစဉ်းစားနေတဲ့ အတွေးကို"
တောင့်ခဲသွားသော သူ၏ကိုယ်လုံးမှာ အနည်းငယ်မျှပင် လှုပ်မရတော့ပေ။စိတ်ထဲတွင်လည်း မပြောရန် အကြိမ်ကြိမ်တားမြစ်နေခဲ့သော်လည်း တကယ့်အပြင်တွင်တော့ ဘာစကားတစ်ခွန်းမှ မထွက်နိုင်ဘဲ ကြောင်အန်းနေမိသည်။
ထိုစဉ် ကျယ်ပြန့်လာသော ထိုလူ၏အပြုံးကြီးဖြင့် ပါးစပ်ကိုဟကာ ပြောလာသည့်စကား။
"ခွန်းတကငါနဲ့မထိုက်တန်ဘူး"
___________________________________________
___________________________________________
ကိစ္စလေးအမျိုးမျိုးရှိလို့ ဒီရက်ပိုင်း update ကြာပါလိမ့်မယ်။တောင်းပန်ပါတယ်ဗျာ။ဒါပေမယ့်လည်း စိတ်ဖောက်ရင် စိတ်ဖောက်သလိုတော့ ၂ပိုင်း၃ပိုင်းupချင်upမှာပါ။
အားလုံးဂရုစိုက်ကြပါနော်( ˘ ³˘)♥
___________________________________________
___________________________________________