shady☆ [julyz] ✔️

By ji__aan

9K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

5

284 37 5
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ကျန်းဟောက် ! ဟာအိုဟျောင်း ! "

သင်တန်းသွားဖို့ ခြံထဲကမထွက်ခင်ပဲ ကားဘေးနားမှာ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ အိမ်ပိုင်ရှင် သူဌေးသား အီဂျောင်ဟျွန်းက လှမ်းခေါ်တာကို မြင်ရသည်။ အလုပ်သွားရင် ဝတ်တဲ့ပုံနဲ့မတူအောင် မိုးပြာရောင်ရောင်ရှပ်ကို တီရှပ်အဖြူပေါ် ထပ်ဝတ်ထားကာ ဆံပင်ကို လှန်တင်ထားသေးရဲ့။
လွန်ခဲ့တဲ့ လေးငါးရက် မုန်တိုင်းကာလတုန်းက အသည်းထိုင်ကွဲထားတဲ့လူနဲ့ကိုမတူဘူး။

" Ferrari နဲ့ Lamborghini ဘယ်ဟာ ပိုကြိုက်လဲ "

" ဟင် အီဂျောင် ကားလဲ မလို့လား "

" အဆင်မပြေရင်ပါ။ "

သတိထားမိတာကတော့ အီဂျောင်ဟျွန်းတစ်ယောက် မုန်တိုင်းပြီးသွားတာတောင် အိမ်ထဲပဲအောင်းပြီး အလုပ်လုပ်နေရင်းက စိတ်ကူးပေါက်ကာ ကားလဲဖို့ အကြံထွက်နေပုံပင်။ Porsche အဖြူရောင်လေးကို ဝယ်ထားတာဖြင့် တစ်နှစ်လောက်ပဲ ရှိသေးတဲ့ အကောင်းကြီးမို့ နှမြောတော့ နှမြောစရာ။

" အခုလည်း အဆင်ပြေနေသေးတာကို "

" ဂင်မ်ထယ်ရယ်ကို ဘယ်လောက်တောင် အကြိုအပို့လုပ်ထားတာမို့လို့လဲ။ အဆင်မပြေဘူးပေါ့ "

ထယ်ရယ့်နာမည်ပါလာတော့ နားမလည်စွာ လှည့်ကြည့်လိုက်သည်။ အီဂျောင်လည်း မျက်လုံး အဝိုင်းသားနဲ့ပြန်ကြည့်ပါ၏။

" ထယ်ရယ်က ဘာဖြစ်လို့လဲ "

" အွန်..ကျွန်တော် ကျန်းဟောက်ကို မူးပြီး ပြောပြထားမိတယ် ထင်တာ "

သူ့ဘာသာသူ အလန့်တကြားပြန်ဖြစ်သွားပြီး ပါးစပ်ကို လက်ဖဝါးကာက ခဏငြိမ်သွားသည်။ ရပ်ပြီး စဉ်းစားနေရင်း အစအနတွေကို ဆက်ကြည့်တော့မှ ကျန်းဟောက်ထံလည်း အဖြေထွက်လာတော့၏။

ငယ်သူငယ်ချင်း ၊ ပြုံးရင်လှတယ်။

" မဟုတ်မှလွဲရော ဂင်မ်ထယ်ရယ်ဆီက အငြင်းခံထားရတာလား "

ချက်ချင်း အသံတိတ်သွားပြန်တဲ့ အီဂျောင့်ကိုကြည့်ရင်း ကျန်းဟောက် တိတ်တိတ်လေး ကိုယ့်ကိုယ်ကို ကျိန်လိုက်မိသည်။
အီဂျောင်ကြိုက်နေတာ ဂင်မ်ထယ်ရယ်မှန်းမသိပဲ အဖက်တောင်ခံခဲ့သေးတယ်။ ဖျားနေတာကို သွားစကားပြောရင်း စိတ်လှူပ်ရှားလိုက်သေးတယ်။

အဲ့တာပြီးတော့ အီဂျောင်ဟျွန်း ဒီလိုဖြစ်နေတာကို သူငယ်ချင်းဆိုပြီး မသိရကောင်းလားလို့တောင် ကြိတ်အပြစ်တင်နေသေးတာ။

ဒါမျိုးကမှ တကယ့် ဂေါက်သီးပဲ။

" အငြင်းခံရတယ်ဆိုပြီး မပြောပါနဲ့ဗျာ။ ဟူး...ကျွန်တော် အခု သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖို့ သွားမှာလေ။ အဲ့ဒီ သူငယ်ချင်းကို ဒီကားပေါ်တင်ခေါ်ရတာ စိတ်အဆင်မပြေရင် ဒီကားကို ရောင်းပြီး ကားအသစ်ဝယ်မလို့ "

ကျန်းဟောက် စိတ်မလုံစွာနဲ့ အောင့်သက်သက်ရယ်လိုက်တုန်းပဲ ဂင်မ်ထယ်ရယ်က အိမ်ထဲကထွက်လာလို့ လန့်စရာ။

" ကျန်းဟောက် ကျွန်တော်နဲ့ shopping mall သွားရအောင် "

" အမ်? ဘာပြောတာ "

" ကျွန်တော် ထယ်ရယ်နဲ့ shopping mall သွားရအောင်လို့ "

အီဂျောင့်ကို တစ်ချက်ကြည့်လိုက်တော့ ထယ်ရယ့်ဆီ တစ်ချက်တောင် မကြည့်ပဲ ကားထဲဝင်သွား၏။ စက္ကန့်ပိုင်းလောက် အကြာမှာတော့ ခြံပြင်ကို မောင်းထွက်သွားပြီဖြစ်သည်လေ။

" ထယ်ရယ်ကလည်း သင်တန်းရှိနေတာကို "

" ဒီနေ့ မနက်ပိုင်းတစ်ချိန်ပဲ သင်ရမယ့်ရက်ဆိုတာ ကျွန်တော် မှတ်မိပါတယ်နော် "

" ဘာလို့ ကိုယ့်ကိုမှ လာခေါ်တာလဲ။ တခြားသူတွေ မအားဘူးလား "

ထယ်ရယ်က ခေါင်းငြိမ့်ပြ၏။ ပေါက်တတ်ကရတွေ။
ဂျီအွန်းဟျောင်း ပိတ်ရက်လေးရက်ရလို့ အိမ်မှာ အရမ်းအားနေတာကို..။

" ဂျီအ- "

" အတူတူသွားရအောင်လို့ ကျန်းဟောက် အတန်းပြီးမယ့်အချိန် ကျွန်တော် သင်တန်းကိုလာခဲ့မယ် "

စကားတောင်မပြန်နိုင်သေးခင် အိမ်ထဲကို လမ်းလျှောက်ကာ ပြန်ဝင်သွားတာမို့ သင်တန်းပြီးတာနဲ့ အချိန်ရှင်းထားရတော့မှာပင်။
နားရမယ့်ရက်ရှိရင် အမြဲအိမ်ထဲအောင်းနေတဲ့လူက ဘာစိတ်ကူးတွေပေါက်နေသလဲ မသိရ။ မုန်တိုင်းပြီးသွားကတည်းက အသီးသီးအလုပ်ရှူပ်နေကြတာမို့ အိမ်မှာတောင် မတွေ့ဖြစ်သလောက်ရှိသည်လေ။

ထင်ထားပေမဲ့ မထင်ထားဘူးဆိုသလို သင်တန်းဆင်းတာနဲ့ ရှေ့မှာ တိတ်တိတ်လေးရပ်စောင့်နေသူ ဂင်မ်ထယ်ရယ်ကို အရင်ဆုံး လှမ်းမြင်ရသည်။

တကယ်တော့ jacket အစိမ်းရောင်ကို လှမ်းမြင်ကတည်းက မျက်နှာမကြည့်ပဲ ချက်ချင်းသိလိုက်ပါ၏။

" စောင့်နေတာကြာပြီလား "

" ဟင့်အင်း "

" ဘတ်စ်နဲ့ သွားရအောင် "

ကျန်းဟောက်ရဲ့ ဘတ်စ်ကားစီးချင်တဲ့ ရည်ရွယ်ချက်က တယောအိတ်ကို သင်တန်းမှာ ထားခဲ့တာကြောင့်ရော၊ ပိုက်ဆံခြွေတာချင်တာရောကြောင့်သာ။
ဘတ်စ်ကားဆိုတာနဲ့ ဘဝင်မကျသလိုဖြစ်သွားတဲ့ ထယ်ရယ့်မျက်နှာကို သတိထားမိသည်။ ပုံမှန်ဆိုရင် ထယ်ရယ် သွားစရာရှိတိုင်း အီဂျောင်က အမြဲလိုက်ပို့ပေးတတ်သလို မဟုတ်ရင်လည်း တက်စီပဲစီးနေကြမို့ ဘတ်စ်ကားစီးရတာ မကြိုက်တဲ့ပုံ။

" တက်စီနဲ့ သွားမယ်လေ ကျန်းဟောက်ကလည်း "

" အပြန် ပစ္စည်းတွေပါမှ တက်စီငှါးရအောင် "

သဘောတူတူ မတူတူ ဘတ်စ်ကားပဲ စီးမှာလို့ ကြေငြာလိုက်တော့ မကျေမချမ်း ဘတ်စ်ကားဂိတ်ထိ လိုက်တော့လိုက်လာပါရဲ့။

ထယ်ရယ်သွားချင်တဲ့ shopping mall ကိုရောက်တဲ့ ဘတ်စ်ကားပေါ်ကို တက်ကာစမှာ လူရှင်းတာမို့ နောက်ဆုံးခုံတန်းရှည်နဲ့ ထောင့်ကြားမှာ ဝင်ထိုင်လိုက်သည်။ ထယ်ရယ်က ကျန်းဟောက်ဘေးမှာပဲ ဝင်ထိုင်ပြီး ဖုန်းကိုပဲ တကြည့်ကြည့်။

နောက်နှစ်မှတ်တိုင်မြောက် အရောက်မှာတော့ ကြောက်ခမန်းလိလိ ကားပေါ်ကို တက်လာတဲ့ လူတွေကြောင့်ရော နောက်ဆုံး ခုံမှာ ပြည့်သည်ထိ ဝင်ထိုင်တဲ့ လူတွေကြောင့် ဘေးက ပြတင်းပေါက်မှန်နဲ့ ပုခုံးတောင် တိုက်လေပြီ။

" ကျန်းဟောက် ခဏလောက် "

" ဘာလဲ "

ထယ်ရယ်က လက်မောင်းချင်းကပ်နေတဲ့ ကျန်းဟောက်ပုခုံးကို အနည်းငယ် ရှေ့ကို တွန်းပြီး သူ့လက်နေရာချောင်အောင်လုပ်သည်။

" ထယ်ရယ် မင်းပဲကြပ်နေတာ မဟုတ်ဘူးလေ "

ခပ်တိုးတိုး ပြောလိုက်တာကို ရယ်ပြီး စကားတစ်ခွန်းတစ်လေမှ မပြန်ပဲ ပုခုံးကို လှမ်းဖက်ပါတော့၏။

" ဒီလိုဆို နှစ်ယောက်လုံး နေရာချောင်သွားပြီလေ။ မဟုတ်ဘူးလား "

ထင်သာမြင်သာ ဖြစ်အောင်ပြောရရင် နေရာကြပ်လို့ အဆင်ပြေအောင်ညှိတယ်ဆိုတာထက် ကျန်းဟောက်ကို ရင်ခွင်ထဲ ထည့်သွင်းထားတာနဲ့ ပိုတူသည်။
ဂင်မ်ထယ်ရယ် အိမ်မှာ အတူတူနေသမျှလူနဲ့ ပုခုံးဖက် ခါးဖက်တွေ မလုပ်တတ်ဘူးရယ်လို့ မဟုတ်ပါ။

အိမ်မှာ ရုပ်ရှင်စုကြည့်ရင် ထယ်ရယ်တစ်ယောက် ဘေးမှာရှိတဲ့လူရဲ့ လက်မောင်းကိုချိတ်ထားတာ၊ ဘေးကလူကို ပုခုံးဖက်တာ၊ ဘေးကလူကို ခါးကနေဖက်ထားတာမျိုးတွေဟာ မြင်နေကြ။

တိုက်ဆိုင်မှူသိပ်မရှိလို့ ထယ်ရယ့်ဘေးမှာ ကျန်းဟောက်မထိုင်ဖြစ်တာက ခပ်များများဆိုတဲ့ အချက်သာရှိသည်။

ဒီတစ်ခေါက်ကတော့ စိတ်ခံစားချက်အရ မတူညီဘူးလို့ ခံစားရ၏။
အသံတောင် ပြန်မထွက်နိုင်တော့ပဲ ငြိမ်ငြိမ်လေး နေနေတုန်း ကျန်းဟောက်ဘက်ကို မျက်နှာလှည့်လာသည်။

" နောက်မှတ်တိုင် ဆင်းရမှာနော် "

" အင်း "

" ဘတ်စ်ကားစီးရတာ ပျော်ဖို့ကောင်းသားပဲ "

" ဘာလို့လဲ "

မေးတာကို စကားနဲ့ မဖြေ။ ကျန်းဟောက်ရဲ့ ပခုံးကို ခွဖက်ထားတဲ့ သူ့လက်တံရှည်ကြီးကိုသာ မျက်စပစ်ပြသည်။
မလိမ်တမ်းပြောရရင် အခုချိန်မှာ နေရခက်မှူကြောင့် တစ်ဖုံ ကျန်းဟောက် မျက်နှာတွေ ရဲကောင်းရဲနေလောက်ပါ၏။

shopping mall ကိုရောက်လာတဲ့အထိ ဂင်မ်ထယ်ရယ် ဘာအကြောင်းနဲ့ ကျန်းဟောက်ကို ဒီအထိဆွဲခေါ်လာသလဲမသိရသေးပါ။

အင်္ကျီဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ရွေးနေတာကို နောက်ကလမ်းအတူ လိုက်လျှောက်ပေးရတာပဲ အဖတ်တင်သည်။ ကံကောင်းစွာပဲ ကျန်းဟောက် မြင်ကွင်းထဲကို တိုးလာတဲ့ Handmade Accessories ဆိုင်တစ်ဆိုင်ကို မြင်လိုက်ပေမဲ့ ပြောရမလို မပြောရမလို။

" ထယ်ရယ်ရေ "

" ဟုတ် ကျန်းဟောက်။ ဝင်ချင်တဲ့နေရာရှိလား "

ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုင်ရှိရာနေရာကို ညွှန်ပြလိုက်သည်။ အနှောင့်အယှက်ဖြစ်သွားမှာစိုးခဲ့ပေမဲ့ ထယ်ရယ့်မျက်နှာက ပျော်ပျော်ကြီး နောက်ကလိုက်ပေးမယ့်ပုံမို့ အားမနာပဲ ဆွဲခေါ်လာခဲ့တော့၏။

ဆိုင်ထဲကို ဝင်တာနဲ့ အရင်ဆုံး ပြေးကြည့်မိတာ emoji ရုပ်နဲ့ ကလစ်လေးတွေပင်။

" ထယ်ရယ်ရေ ကိုယ့်ကို ဒီထဲက ကလစ်ငါးခုလောက် ကူရွေးပေးပါလား "

ပထမဆုံး "💧" ပုံစံ ကလစ်လေး အရင် ရွေးပေးတယ်။
စမ်းတပ်ကြည့်နေတဲ့ ကျန်းဟောက်ကို ကြည့်ပြီး ပြုံးစစရယ်လျက်ပဲ နောက်ထပ်တစ်ခု ရှာကြည့်နေလေရဲ့။

အဲ့ဒီနောက် ရွေးပေးတာက "😳" မျက်နှာနဲ့ ကလစ်လေး။

" ဒီဟာလေးလေ ကျန်းဟောက်နဲ့တူတယ် "

" အဲ့မျက်နှာကလေ ? "

မယုံနိုင်စွာနဲ့မေးလိုက်တော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

" ကျွန်တော့်ကိုကြည့်။ မျက်လုံး တည့်တည့်ကိုကြည့် "

ကြည့်ခိုင်းလို့ ကြည့်လိုက်ပေမဲ့ ကျန်းဟောက်နဲ့ ထို emoji နဲ့ ထယ်ရယ့်ကို ကြည့်ရတာနဲ့ သုံးခုမှာ ဘယ်လို သက်ဆိုင်မှူရှိနေမှန်းမသိပါ။

မသိမသာ အရပ်ကွာခြားမှူကြောင့် ထယ်ရယ့်မျက်လုံးကို တည့်တည့်ကြည့်ဖို့ရာက ခေါင်းကို အနည်းငယ် မော့ပင့်ထားရသည်။

ကလစ်နဲ့ ကျန်းဟောက်မျက်နှာကို ဘေးချင်းယှဉ်ကြည့်ပြီး နှူတ်ခမ်းကို အနည်းငယ် ရှေ့ထုတ်ကာ တူတယ်လို့ ထပ်ပြောပြန်၏။

" တစ်ပုံစံတည်းကို "

" ဒီလောက်ဆို သိပါပြီ။ ဝယ်ပါမယ် "

စိတ်မရှည်ပဲ ပြန်ပြောလိုက်တာကိုလည်း ရယ်ရုံသာရယ်တယ်။
အဲ့ဒီ emoji က ပြူးကြောင်ကြောင်နဲ့ဟာကို ဘယ်နားက ကျန်းဟောက်နဲ့တူတာလဲ။

ထပ်ပြီး ရွေးပေးတာကတော့ "💢", "💰", "🔥" တစ်ခုစီမို့ အထွန့်မတက်လိုက်တော့ပေ။

ကလစ်ကို အိမ်မှာနေရင်း တပ်တယ်။ ဆံပင်မညှပ်ဖြစ်သေးရင် တယောထိုးတဲ့အခါ မျက်စိရှူပ်လို့တပ်တယ်။

" ကျွန်တော့်ကိုလည်း ရွေးပေးအုံးလေ "

" ထယ်ရယ်ရော ဝယ်မလို့လား "

" အာ..တစ်ခုလောက်ပါပဲ "

ခပ်မြန်မြန်ပဲ သူများကို အသည်းလိုက်ခွဲရတာ ဝါသနာပါတဲ့ ထယ်ရယ်ပေမို့ "💔" ပုံနဲ့ ကလစ်လေး ရွေးပြီး ပေးလိုက်တာကို လက်ကမယူဘူး။ ကိုင်ထားတဲ့ အထုပ်တွေကို ပြရင်း ပြောလေတယ်။

" လက်မအားလို့ တပ်ကြည့်ပေးပါလား "

" ဪ အင်း "

နဖူးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်ကို သပ်ကာ ကလစ်ထိုးညှပ်ပေးလိုက်ပေမဲ့ ကျန်းဟောက်ရဲ့ အာရုံက ကလစ်ဆီမှာ ရောက်နေနိုင်သလားဆို ငြင်းရမည်။ ဦးနှောက် သွေးကြောတွေထဲထိ စိုက်ကြည့်နေသလား အောက်မေ့ရအောင်ကို ထယ်ရယ်က မှန်တောင်မကြည့်၊ ကျန်းဟောက်ကိုသာ ကြည့်နေပါ၏။ အဲ့တာကို သတိထားမိနေတဲ့အတွက် ကလစ်ကိုလည်း အာရုံမစိုက်နိုင်တော့ပါ။

" ထ..ထယ်ရယ် အဆင်ပြေသားပဲ။ အဲ့တာပဲ ယူလိုက် "

" ဟုတ်ပြီ။ ပြီးတော့လေ ကျွန်တော်ရှင်းလိုက်မယ်။ ကျန်းဟောက် မွေးနေ့ နီးပြီမလား။ လက်ဆောင်လို့ မှတ်လိုက်ပေါ့ "

အာမေဋိတ်သံ ထွက်သွားပေမယ့် ထယ်ရယ်က ငွေရှင်း ကောင်တာကို ကျန်းဟောက်အရင် ဦးအောင်သွားဖို့ ခြေလှမ်း တရွယ်ရွယ်ဖြစ်နေတာနဲ့ မတွန့်မဆုတ် ခေါင်းသာ ငြိမ့်လိုက်ပါတော့သည်။

" အဲ့လိုဆိုရင်တော့ ကျေးဇူးတင်တာပေါ့ "

ငွေရှင်းကောင်တာကို အတူတူသွားတော့ အရောင်းဝန်ထမ်းကောင်မလေးက ပိုက်ဆံမရှင်းခင် စကားထပြောသည်။

" ဟို.. မဟုတ်မှလွဲရော ဂင်မ်ထယ်ရယ်မလား။ ဂစ်တာတီးတာလေ "

" ဗျာ ? "

ကြောင်အမ်းအမ်းဖြစ်သွားတဲ့ ထယ်ရယ့်မျက်နှာက ဘေးကကြည့်မိတဲ့ ကျန်းဟောက်အတွက် အနည်းငယ်တော့ ရယ်ချင်စရာကောင်းတယ်။ သူနာမည်ကြီးပါတယ်ဆိုတာကို မသိတာလည်း မဟုတ်ပဲ။

" အိမ်က ညီမလေးက ဒီက အစ်ကိုရဲ့ ပရိတ်သတ်မို့ရယ်။ စိတ်မရှိရင် လက်မှတ်ထိုးပေးလို့ ရမလား မသိဘူး။ "

" ဟုတ် ရပါတယ်ဗျ "

ဆိုင်ထဲကနေ ထွက်လာတာနဲ့ ထယ်ရယ့်ကို ကြည့်ကာ ရယ်မိတော့သည်။

" တော်တော် နှိမ့်ချတတ်တယ်နော်။ အခုနေ မင်း စျေးဝယ်ထွက်နေတဲ့အကြောင်း ပရိတ်သတ်တွေကြား ပလူပျံနေလောက်ပြီ "

" တစ်လက်စတည်း ဂင်မ်ထယ်ရယ် ရည်းစားအသစ်ရသွားပြီလို့ သတင်းထွက်ရင် မဆိုးဘူးလားလို့ "

မျက်နှာ တစ်ချက်လေးတောင်မပျက်ပဲ ကျန်းဟောက်ကို ကြည့်ကာပြောတဲ့ ထယ်ရယ့်ကြောင့် ဆက်ပြောချင်တဲ့ စကားတွေပင် ပျောက်ရှကုန်၏။

ကျန်းဟောက်ကို ထယ်ရယ့်ရည်းစားအနေနဲ့ သတင်းထွက်ခိုင်းစေချင်နေတာလား။

" စတာပါ "

" တော်သေးတာပေါ့ "

ရုတ်တရက်မို့ ထယ်ရယ်က စနေပါကြောင်းပြောမှ သက်ပြင်းအရှည်ကြီးချရင်း ပြန်ဖြေနိုင်တော့တာကို ထပ်ပြီး ရယ်တယ်။

အဲ့ဒီနောက် လုပ်ချင်ရာ လုပ်တဲ့ဝသီအတိုင်း ထယ်ရယ်ဟာ ဗိုက်ဆာသည်တဲ့လေ။

" နေ့လည်စာ သွားစားရအောင် " ဟုဆိုကာ shopping mall နဲ့အနီးက စားသောက်ဆိုင်ကို ခေါ်သွားတော့လည်း ယက်ကန်ယက်ကန်နဲ့ လိုက်သွားရပြန်သည်။

တကယ်လို့များ ကျန်းဟောက်သာ ထယ်ရယ့်အထုပ်တွေ ကူဆွဲပေးနေရရင် ဂင်မ်ထယ်ရယ်ရဲ့ မန်နေဂျာအသစ်လို့များ နာမည်ထွက်သွားမလား။

စားသောက်ဆိုင်က တရုတ်စာရောင်းတဲ့ဆိုင်ပင်။
ပေါ့ပေါ့ပါးပါးပဲ ဗိုက်ပြည့်မယ့် အစားအသောက်တွေမှာထားပြီးနောက် စားပွဲမှာ လာချပေးတာနဲ့ တခြားအရာတွေ မတွေးနိုင်တော့ပေ။

ထယ်ရယ့်နောက်လိုက်ရင်း နေ့လည်စာလွတ်သွားခဲ့သည်ကိုး။

ဗိုက်ပြည့်စ ပြုနေတဲ့အချိန် နှစ်ယောက်လုံးရဲ့ အစားစားနှူန်းဟာ အနည်းငယ် အရှိန်ကျသွားသည်။ ချထားတဲ့ ဟင်းပွဲတွေထဲက တို့စိတို့စိသာ နှိူက်စားရင်း မနက်ကတည်းက စနိုးစနောင့် ဖြစ်နေတဲ့ စိတ်ကြောင့် ထယ်ရယ့်ကို မေးလိုက်မိတော့၏။

" အီဂျောင်နဲ့ စကားမပြောဖြစ်ဘူးလား ထယ်ရယ် "

" အာ..ဟ..ဟုတ်တယ်။ နည်းနည်း အခန့်မသင့်ထားတာလေးရှိလို့။ သိတဲ့အတိုင်း အီဂျောင်က စိတ်ရှူပ်စရာရှိရင် အချိန်လိုတယ်လေ "

စကားတွေပင် အထစ်ထစ်အငေါ့ငေါ့ရယ်နဲ့ ။ တွေးပေးတတ်တဲ့လေသံဖြစ်တဲ့တိုင် နားထဲမယ် အနည်းငယ် ကန့်လန့်ဖြစ်ရသည်။

" အီဂျောင်က ဖွင့်ပြောထားတာကြောင့်လောက်နဲ့တော့ သူငယ်ချင်းဆက်ဆံရေးကို လွှတ်ချမယ့်လူတော့ မဟုတ်ပါဘူး"

" သိနေတာပဲနော်။ အီဂျောင့်အကြောင်းရော ဘာဖြစ်ထားလဲဆိုတာရော "

အေးအေးဆေးဆေးပဲ ပြန်မေးတဲ့ ထယ်ရယ်က တစ်ရက်တစ်ခြား အံ့ဩစရာတွေချည်းပင်။

" အီဂျောင့်ကို တစ်ချက်လေးတောင် စိတ်မယိုင်ဖူးဘူးလား "

စပ်စုလက်စနဲ့ ထပ်မံလို့ စိတ်ထဲ ခုနေတာကို မေးမိသည်။
ထယ်ရယ်က စည်းကျော်တယ်လို့ သတ်မှတ်ရင်တော့ တောင်းပန်ဖို့ ဝန်မလေးပါ။ စပ်စုတတ်တာ မကောင်းတဲ့အကျင့်မှန်းလည်း သဘောပေါက်နေလျက်။

" စောင့်နေခဲ့ဖူးတာပေါ့။ သူ့ရဲ့ ပြဿနာက အတ္တမကြီးနိုင်ဘူးလေ။ အရမ်း ကြင်နာလွန်းလို့ ကျွန်တော့်ဆီ လာသမျှ လူတွေကို လက်ခံလိုက်တိုင်းလည်း အမြဲတမ်း နှူတ်ဆိတ်နေခဲ့တာမဟုတ်လား။ "

ခေတ္တတိတ်သွားတဲ့ စကားသံနောက်မှ ခွက်ထဲကို ငှဲ့ထည့်မိတဲ့ ရေစက်သံတို့ဟာလည်း စိတ်ဝင်စားစရာ ဖြစ်လွန်းနေခဲ့သည်။

" ဒါနဲ့ ကျန်းဟောက် သိလား "

" ဘာကိုလဲ "

" အတ္တကြီးတာက အီဂျောင်မလုပ်နိုင်ပေမဲ့ ကျွန်တော်လုပ်နိုင်တယ် "

ပါးချိုင့်တွေပေါ်တဲ့ထိ ပြုံးနေတာချင်းအတူတူ ဒီတစ်ခေါက်က မထီမဲ့မြင့် မျက်နှာပေးနဲ့ပေမို့ ထယ်ရယ်ရဲ့ ဖြူဖြူစင်စင် မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီဟာ အမြင်ကပ်စရာကောင်းလာပြန်သည်။

" ကျွန်တော့်ဘက်ကစပြီး သဘောကျတဲ့လူရှိရင် ကျွန်တော်ကတော့ ဘယ်လိုနည်းနဲ့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ အဲ့ဒီလူကို ကျွန်တော့်အပိုင် ဖြစ်အောင်လုပ်မှာ"

" မဖြစ်လာရင်ရော ? "

" အဲ့လိုစကားမျိုး ကျွန်တော့်အဘိဓာန်မှာ မရှိဘူးလေဗျာ"

သတိမမူပဲ နေမိခဲ့ရင် အကောင်းသား။
နှလုံးသားဟာ အရမ်းကို မြန်မြန်ခုန်ပေါက်နေသည် မဟုတ်လား။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

" အချိန် တော်တော်တိကျတယ်နော် ဂျောင်ဟျွန်းက "

ဘေးက ချီးကျူးသယောင်ပြောတဲ့ ပတ်ဟန်ဘင်းကို အပြုံးပေါ်ရုံသာ ရယ်ပြလိုက်သည်။ နှလုံးသားက အရင်ချစ်ဖူးသူကို မေ့ဖို့ကြိုးစားတဲ့နေရာမယ်လည်း နာတတ်သေးသည်ကိုး။

အဲ့တာကြောင့် လွတ်လွတ်လပ်လပ် မရယ်နိုင်ပါ။
မနက်က အိမ်ကထွက်မလာခင် တွေးပူနေသလိုပဲ။ lover seat ဖြစ်တဲ့ဘေးခုံမှာ ထယ်ရယ်မဟုတ်တဲ့သူ ထိုင်နေတယ်ဆိုတဲ့ စိတ်က ပိုလို့တောင် ဒုက္ခပေးသည်။

လမ်းဘေး တစ်နေရာမှာ ကားကိုရပ်ချလိုက်ပြီးနောက် ပတ်ဟန်ဘင်းက မေးခွန်းထုတ်ချင်တဲ့ အကြည့်နဲ့ ကြည့်လာသည်။

ပထမဆုံး နှစ်ယောက်တည်း တွေ့တဲ့အချိန်မှာ ဂျောင်ဟျွန်း တောင်းမယ့် အကူအညီကို ပတ်ဟန်ဘင်း စိတ်မကွက်သွားဖို့တော့ မျှော်လင့်ပါ၏။

" ဟန်ဘင်း ကားမောင်းတတ်တယ်မလား "

" ဟုတ်ကဲ့ "

" စိတ်ကူးထဲပေါ်တဲ့ တစ်နေရာရာကို ဒီတိုင်း မောင်းပေးသွားပါလား။ ကျွန်တော် သိပ် နေလို့မကောင်းလို့ "

ကပ်သီးကပ်သပ် စိတ်ကင်ဆာယူတဲ့ ကိုယ့်ကိုယ်တိုင်ကြောင့် ပတ်ဟန်ဘင်းကိုသာ အားနာမိပါတော့သည်။

" နေမကောင်းရင် အိမ်ပြန်ရမှာပေါ့။ ကျွန်တော် ကားမောင်းပေးရတာက ကိစ္စမရှိပါဘူး "

" မ..မဟုတ်ဘူး။ တစ်နေရာရာတော့ သွားချင်သေးတယ် အဲ့တာကြောင့် "

မျက်နှာမကောင်းတဲ့ သူ့ကို နားလည်သွားဟန်နဲ့ ထိုင်ခုံနေရာချင်း လဲထိုင်ပေးသည်။
ကားမောင်းသူနေရာကနေ ပြောင်းလိုက်တော့မှပဲ စိတ်သက်သာရာရတော့တာကြောင့် သက်ပြင်းချလိုက်မိ၏။

" ဒါနဲ့လေ ကျွန်တော်တို့ ဘယ်နေရာသွားမယ်ဆိုတာ သေချာ မတိုင်ပင်ထားတော့ ပျော်ပွဲစား ထွက်မလားဆိုတဲ့ အကြံနဲ့ ထမင်းဘူး လုပ်လာခဲ့တယ်။ အတော်ပဲ ဖြစ်သွားတာပေါ့။ ဂျောင်ဟျွန်းက ကျွန်တော့်ကို ဦးစားပေးလိုက်တယ်ဆိုတော့ "

အရိပ်အကဲနားလည်တဲ့ သဘောမှန်း သိလိုက်တာတောင် ဝမ်းသာအားရရှိဟန်နဲ့ တုံ့ပြန်မယ်လို့တော့ ထင်မထားခဲ့ပါ။ ကျေးဇူးတင်စရာကောင်းလောက်အောင်ကို နောက်ကျိနေတဲ့ ဂျောင်ဟျွန်းရဲ့စိတ်တွေက အနည်းငယ်တော့ ပြန်ပြီး ကြည်လင်လာရပါသည်။

ကားမောင်းရာ လမ်းကြောင်းကတော့ မြစ်ကမ်းဘေးနားမယ် ရပ်၏။ လူလည်းမရှိသလို ကားလည်းမရှိ။

" မြစ်ဘေးမှာ ကားရပ်ပြီး ကားထဲမှာ ထမင်းစားတာမျိုးကို လုပ်ကြည့်ချင်နေတာ "

" ဘာလို့လဲ "

" ဇာတ်ကားထဲမှာ ကြည့်ရတယ်လေ "

ပါလာတဲ့ ထမင်းဘူး အကန့် နှစ်ခုမှာ တစ်ကန့်ကို ထမင်းလိပ်တစ်ခုစာ သပ်သပ်ရပ်ရပ်လှီးထားတာလေးတွေဟာ လက်ထဲရောက်လာသည်။ ဂျောင်ဟျွန်းမှာ မြစ်ပြင်ကိုသာ ကြည့်ရင်း ထမင်းလိပ်ပဲ စားနေမိတော့၏။
အတော်လေး စိတ်သက်သာရာ ရချင်စရာပင်။

သက်ပြင်းတစ်ခါချမိတိုင်း ပတ်ဟန်ဘင်းက ဂျောင်ဟျွန်းကို ကြည့်ပြီး ပြုံးသည်။

" ဘာလို့ ပြုံးနေတာလဲ "

" အခုလို တွေ့ရတာကိုရော ဂျောင်ဟျွန်းကိုရော စိတ်တိုင်းကျလို့ပါ "

" အဲ့လိုလား? "

ခေါင်းတဆတ်ဆတ်ငြိမ့်ပြတဲ့ သူက ပါးတစ်ဖက်ဆီမှာ ထမင်းလိပ်တစ်ခုစီ ရောက်နေသလား အောက်မေ့ရအောင် အစားတော့ ပြတ်မနေ။

" ပြီးတော့ ရှိသေးတယ်။ ကျွန်တော်က စိတ်ထဲ ရှိတဲ့အတိုင်း ပြောတတ်တဲ့ပုံမို့ စိတ်တော့မဆိုးနဲ့ဗျ "

" ပြောလေ "

" အခုလို တွေ့နေရတော့ နောက်ကို ဂျောင်ဟျွန်းနဲ့ ခဏခဏ ထပ်တွေ့ချင်လာတယ် "

" ကျွန်တော့်ကို ကြိုက်နေတာလား "

" ဂျောင်ဟျွန်းကို ကျွန်တော် သေသေချာချာမှ မသိသေးတာ "

သွားတန်းတွေ ပေါ်တဲ့ထိ ရယ်ပြီး မေးခွန်းကို လျစ်လျူရှူသွား၍ ထိုခေါင်းစဉ်အပေါ်မှာ ထပ်ပြီး မေးခွန်းမထုတ်မိ။ အဲ့ဒီအစား တခြားတစ်ခုတော့ ပြောပြလာသည်။

" အရင်ဆုံး ဂျောင်ဟျွန်း မှီခိုလို့ရမယ့်လူ ဖြစ်ချင်တယ် "

ဂင်မ်ထယ်ရယ် မဟုတ်တဲ့သူက အီဂျောင်ဟျွန်းကို ရယ်အောင်လုပ်တယ်ဆိုတဲ့ အချက်က ဒီနေ့တော့ သဘောကျစရာကောင်းလာပါ၏။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

a/n: second lead couple JeongBin confirm ပါပြီ ✅
ထပ်ဆောင်းစိတ်မရှိရင် ဒီအပိုင်းမှာတော့ မိုးမန့်သိပ်မရှိတဲ့ မီတို့ရဲ့ Julyz HaoRae နဲ့ လိုက်ဖက်မယ်ထင်တဲ့ သီချင်းလေးတွေ recommend ပေးသွားနိုင်ပါတယ် 🎧🙌🏻

Continue Reading

You'll Also Like

4.3K 327 5
It's a story about the relationship between a teacher and his student.
5.5K 635 20
Graceful swan,my deep regret,you nevermore shall be Odette
14.6K 306 62
"Why? There's nothing around us" "What's us, Malfoy?"
793K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...