shady☆ [julyz] ✔️

By ji__aan

9K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

3

277 53 6
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" မင်းကို ဒီနေ့တော့ သူငယ်ချင်းက လာမကြိုဘူးပဲနော် "

concert တစ်ပွဲပြီးသွားတိုင်း လာကြိုတတ်တဲ့ အီဂျောင်ဟျွန်းက အပြင်ဘက်မယ် လေတွေတအားတိုက်နေတဲ့အခေါက်မှပဲ လာမကြိုတော့ဘူးတဲ့လေ။

အဲ့တာကို ထယ်ရယ်က အရေးမလုပ်ပဲ ပတ်ဟန်ဘင်းက ဂရုတစိုက်ကြီးမေးတော့ အံ့ဩစရာ။

" အီဂျောင်ဟျွန်းကို မေးတာလား ဟန်ဘင်း "

" အင်း အင်္ကျီအစိမ်း အမြဲဝတ်တဲ့ သူငယ်ချင်းလေ။ "

အစိမ်းရောင် အတော်ကြိုက်တဲ့ အီဂျောင့်ကို တွေးရင်း ရယ်လိုက်မိ၏။

" ပတ်ဟန်ဘင်း ငါ့ကို အိမ်လိုက်ပို့ပေးပါလား ဒီနေ့ "

" အဲ့ဒီ အီဂျောင်ဟျွန်းနဲ့ မိတ်ဆက်ပေးရင် လိုက်ပို့မယ် "

ထယ်ရယ့် မျက်လုံးတွေ ပင်ပန်းနေရက်က ပြူးကျယ်ကုန်ရသည်။

" ဘာဖြစ်တယ် "

" အီဂျောင်ဟျွန်းနဲ့ မိတ်ဆက်ပေးလို့ "

" အချိန်တန်ရင် မိတ်ဆက်ပေးပါမယ် "

ထယ်ရယ် မပြောပြဖြစ်သေးပါ။ အီဂျောင်ဟျွန်းတစ်ယောက် ထယ်ရယ့်ကို အကြိုအပို့လုပ်ပေးတာ ပတ်ဟန်ဘင်းကို အမြင်ကပ်လို့ဆိုတဲ့ အကြောင်း။

ပတ်ဟန်ဘင်းကတော့ ဘာစိတ်ကူးတွေ ဝင်နေမှန်းတောင် မှန်းမရဘူး။

သန်ဘက်ခါမှာ မုန်တိုင်းစဝင်မှာကြောင့် အခုညလောက်ကတည်းက လေအေးတွေ ဆက်တိုက်ခတ်နေတာကို ထယ်ရယ် သတိထားမိသည်။

ဒီပုံအတိုင်းဆို တစ်အိမ်လုံး မုန်တိုင်းရှိတဲ့ လေးရက်အတွင်း အပြင်ထွက်ကြမှာ မဟုတ်လောက်။
ဂျီအွန်းဟျောင်းကတော့ ဆေးရုံမှာ နေကောင်းနေလိမ့်မည်လေ။

အိမ်ပြန်ရောက်တာနဲ့ ဧည့်ခန်းမှာ တယောကို တကိုင်ကိုင်လုပ်နေတဲ့ ကျန်းဟောက်နဲ့ အရင်ဆုံးတိုးသည်။ သတိထားမိချင်စရာက ဘေးမှာရှိနေတဲ့ ဆေးသေတ္တာဘူးနဲ့ bandage တွေရယ်။

" တယောကြိုး ပြတ်သွားလို့လား "

" ဟမ်.. အင်း ခုနကလေးတင် "

" ထိခိုက်သွားတယ်ထင်တယ် "

ကျန်းဟောက်က ခေါင်းငြိမ့်ပြတော့ အနားမှာ သွားထိုင်လိုက်၏။ ခြေထောက်ချိတ်ထိုင်နေတာမို့ ထယ်ရယ့်ဒူးက ကျန်းဟောက်ပေါင်ပေါ် မသိမသာသွားတင်ထားလိုက်မိသည်။

" အသစ်လဲထားတာ မကြာသေးလို့ စိတ်ချပြီး နေလိုက်တာကို ရုတ်တရက် နှစ်ကြိုးဆက်တိုက် ပြတ်ထွက်လာတော့ လန့်သွားတာနဲ့.. လက်ဖမိုးကို နည်းနည်း ရှသွားတာ"

skinship လုပ်ဖို့ လန့်နေရင် ထူးဆန်းသွားမှာ သေချာတာမို့ bandage မကပ်ရသေးပဲ ဆေးလိမ်းရုံသာလိမ်းထားတဲ့ ကျန်းဟောက် လက်ကို ဆွဲယူကြည့်လိုက်တယ်။

" ရှသွားတာ သေးသေးလေးကို နာတာရော ဟုတ်လို့လား "

" တယောကြိုးနဲ့ လည်ပင်းကို ဖြတ်ကြည့်ပေးမယ် နာမနာပြန်ပြောပြပါလား ထယ်ရယ် "

ထယ်ရယ့် မေးခွန်းကို ကျန်းဟောက်က တမင်ရွဲ့ဖြေလိုက်တာ သိပေမယ့် လည်ပင်းတောင် ယားကျိကျိ။

" ဂစ်တာကြိုးက ပိုနာတာပေါ့ "

ထယ်ရယ် တိုးတိုးလေးပြောလိုက်တာကိုသာ ကျန်းဟောက်ကြားရင် တကယ်ကြီး တယောကြိုးနဲ့ လည်ပင်းလာဖြတ်မလား မပြောနိုင်ပါ။

" လက်မှာ ကပ်ပေး "

" ကျွန်တော်လား ? "

" ဒီနားမှာ ဂင်မ်ထယ်ရယ်က လွဲပြီး ဘယ်သူရှိသေးလို့လဲ "

အတည် ထူးဆန်းလာပြီလေ။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ကိုယ့်လက်ကိုယ် ဆေးကပ်ခွါလေးတစ်ခုတောင် မကပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါ။

ကျန်းဟောက်လက်ကို ထယ်ရယ့် ဒူးပေါ်တင်ခိုင်းထားကာ bandage ကပ်ပေးလိုက်တော့ ကျေနပ်သွားပုံရပါတယ်။
သူ့လက်ကိုသူ ငုံ့ကြည့်နေတဲ့ ကျန်းဟောက်နဲ့ အကြည့်ချင်းမဆုံခင်မှပဲ ထယ်ရယ်လည်း ကျန်းဟောက်မျက်နှာကို ခဏ ခိုးကြည့်ရဲတော့တယ်။

အိမ်နေရင်းဝတ်နေကျ တီရှပ်အဖြူခပ်ပွပွနဲ့ ခြေချင်းဝတ်ထိဖုံးတဲ့ ဘောင်းဘီရှည်ကြီးကို နေ့တဒူဝမြင်နေရတာလည်း မရိုးနိုင်ပါ။

မပြောတတ်ဘူး။ ဒီလူ့ဆီကိုမှ စိတ်ရောက်သွားလို့ ဟိုနေ့ကပါးရိုက်သွားတဲ့ ရည်းစားဟောင်းကိုဖြတ်မိတာလား။

ကျန်းဟောက်ကို ကြိုက်နေတာမဟုတ်ပါဘူး။ လုံးဝပဲ။

" ဒီလိုမှပေါ့ "

" ဒီလိုမဟုတ်ရင် ဘယ်လိုလုပ်ရမှာလဲ "

" ထယ်ရယ် ကိုယ့်ကို တစ်ခုခုများ မကျေနပ်တာရှိနေလား"

မကျေနပ်ဘူးလေ။ ဒီရက်ပိုင်း ထယ်ရယ် ကျန်းဟောက်အကြောင်းတွေးနေမိလွန်းပြီး အာရုံမရနိုင်လွန်းလို့ ပတ်ဟန်ဘင်းဆီက ဆူခံနေရတာ ခဏခဏရှိပြီ။ နဂိုတည်းကမှ ပတ်ဟန်ဘင်းက လက်သံပြောင်ပါတယ်ဆိုနေ တစ်ခါတစ်လေကျ ကျောကိုပါ အဆော်ခံရသေး။

" မရှိပါဘူး "

" အရင်ကတည်းက ထယ်ရယ်နဲ့ သိပ်စကားမပြောဖြစ်ဘူး ဟုတ်ပေမဲ့ အခုတလောက စိတ်ထဲ ခုနေလို့ "

" ကျွန်တော်က ကျန်းဟောက်ကို ဘာကိစ္စ မကျေနပ်ရမှာလဲ "

ပြာပြာသလဲ ထငြင်းလိုက်တဲ့ ထယ်ရယ့်ကို ကျန်းဟောက်က ကြည့်ရင်း ရယ်၏။

" ဒီနေ့ ပွဲတီးခဲ့တာလည်း ကြည့်လိုက်တယ်။ ရက်နည်းနည်းပဲ rehearsal လုပ်ထားရတယ်လို့ မထင်ရဘူး။ အာ..ထယ်ရယ် နားတော့လေ "

" မနားခင် ကျန်းဟောက် တယောကြိုးလဲတာ ကြည့်ချင်သေးတယ် "

ထယ်ရယ် ပြောတာကို သေချာမကြားလိုက်လို့လား။ ကျန်းဟောက်က မသိမသာမျက်မှောင်ကြုံ့သွားပြီးနောက် နားမလည်ဟန်နဲ့ ကြည့်လာသည်။ ဒီလိုအကြည့်မျိုးက အန္တရာယ်များလွန်းလို့ ချွေးစေးတွေပါ ပြန်ချင်လာ၏။

" ကျွန်တော် အခုတလော ဂစ်တာအပြင် တခြား တူရိယာတွေကို စိတ်ဝင်စားနေလို့ပါ။ ဘာနေနေ ထိုင်ကြည့်ချင်နေတယ် "

ထယ်ရယ်ဟာ တူရိယာ ပိုင်ရှင်ကို ပိုစိတ်ဝင်စားနေပြီး တူရိယာပိုင်ရှင်ကို ထိုင်ကြည့်ချင်တာဖြစ်ကြောင်း ပြောလိုက်ရင် ဒီနေရာကနေ ထပြေးတဲ့သူက ကျန်းဟောက်ဖြစ်သွားလောက်မည်။

" တယောကြိုးလဲတာ ကြည့်ချင်တာရော ဟုတ်ရဲ့လား။ "

တယောကို ကိုင်ကာ လုပ်စရာရှိတာ ပြန်လုပ်နေရင်းပဲ ထယ်ရယ့်ကို မကြည့်ပဲ လှမ်းမေးပါသည်။ ဝဲဘက်ရင်အုံက နှလုံးခုန်သံက သိသိသာသာကျယ်လာသလို ခံစားရပြီး ထယ်ရယ် သက်ပြင်းတစ်ချက် ခိုးချလိုက်ပါ၏။

" ဟုတ်တယ်လေ "

" မသိပါဘူး။ လူကို ဝါးစားတော့မလိုကြည့်နေတာလား ရိုက်သတ်တော့မလိုကြည့်နေတာလား မသဲကွဲလို့ "

" ချစ်ဖို့ကောင်းတာနဲ့ "

တယောကို ကြည့်နေရာက ဆတ်ကနဲ လှည့်လာတဲ့ ခေါင်းကြောင့် ထယ်ရယ် လန့်ကာ အနောက်ကို ဆုတ်ထိုင်မိသည်။ ဘာများ ပြောလိုက်မိလို့ လန့်စရာကောင်းအောင် ပြန်ကြည့်နေတာလဲ။

ထယ်ရယ် မဟုတ်ကဟုတ်ကတွေ ပြောထွက်သွားတာလား။ မမှတ်မိတော့ဘူး။ ကျန်းဟောက်မျက်နှာကို မြင်ရင်ဖြစ်ဖြစ် မြင်ယောင်ရင်ဖြစ်ဖြစ် ဘာတွေလုပ်မိနေမှန်း မသိတော့တာ။

" အဟမ်း.. ကျွန်တော် နားတော့မယ် ကျန်းဟောက် "

" မြန်မြန် သွားတော့ "

ချောင်းတစ်ချက်ဟန့်ပြီးနောက် အိမ်ပေါ်ကို ဂစ်တာဆွဲပြီး ပြန်ပြေးတက်ခဲ့တာ။ အပေါ်ထပ်ရောက်တော့ ဂျောင်ဟျွန်းက ကျန်းဟောက် အခန်းထဲက ထွက်လာသည်။

ထပ်ဆင့်လန့်ဖြစ်ရပြီး ရင်ဘတ်ကို ဖိကာ နောက်ကို တစ်ချက် ခုန်မိသွား၏။

" အီဂျောင်ရာ ဘယ်လိုဖြစ်ပြီး ကျန်းဟောက် အခန်းထဲက ထွက်လာတာလဲ "

" ကျန်းဟောက်က ဘောင်းဘီဂွပြဲထားတာ ချုပ်ပေးအုံးဆိုလို့လေ။ ပျင်းလို့ အဲ့တာကို လက်နဲ့ ထိုင်ချုပ်နေတာ "

ထယ်ရယ် အခုမှပဲ သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့သည်။

ဪ.. အလုပ်များနေသလိုလိုပြောပြီး လာမကြိုဘူးဆိုတဲ့လူက ပျင်းလို့ ဘောင်းဘီဂွပြဲ ထိုင်ချုပ်နေသတဲ့ ။
အီဂျောင်လည်း ထယ်ရယ့်ကို အကြိုအပို့လုပ်ရတာ ပျင်းလာတာ ဖြစ်နိုင်တာပါပဲလေ။

" လန့်သွားတာပဲ "

" ဘာ လန့်စရာရှိလို့လဲ "

အီဂျောင်က တိုးတိုးပြောရင်း အိမ်အောက်ထပ်က သူ့အခန်းကို ပြန်ဆင်းသွားသည်။
သိပ်မကြာဘူး ကျန်းဟောက်အခန်းကနေ တံခါးဖွင့်သံ ထပ်ကြားတာနဲ့ ထယ်ရယ် လန့်ရပြန်ပြီ။

" ဂယူဗင်း မင်းကရော ကျန်းဟောက် အခန်းထဲ ဘာလုပ်နေတာလဲ "

" ယူဂျင်းက စိတ်ရှူပ်တယ် ထွက်သွားပါ ဆိုလို့။ ဒီမှာ လာအိပ်နေတာ "

" ဘာလို့ ကျန်းဟောက် အခန်းကို ပိုကြိုက်နေကြလဲ မသိဘူး "

ထယ်ရယ် ခေါင်းကို တဆတ်ဆတ်ခါကာ ကိုယ့်ပါးကိုယ် တစ်ချက်လောက်ပြန်ရိုက်ပြီး အခန်းထဲ ဝင်သွားပုံကို ကျန်နေခဲ့တဲ့ ဂယူဗင်းကတော့ ဒီအစ်ကို ရူးနေပြီလားဟုသာ တွေးရင်း အိမ်အောက်ထပ်ကို ဆင်းသွားပါတော့သည်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

မနက်နိုးနိုးချင်း ဧည့်ခန်းထဲမှာပျံ့နေတဲ့ တယောသံက ကျန်းဟောက် လက်ချက်။
ဒီနေ့ဟာ မုန်တိုင်း ပထမရက်မို့ အိမ်ပြင်ဘက်မှာ မိုးတွေ ဆက်တိုက်ရွာနေသည်။ ဂျီအွန်းဟျောင်းကလွဲရင် အကုန်လုံး အိမ်မှာရှိနေပြီး အလုပ်ပိတ်ရက်လို့ သတ်မှတ်ကာ အနားယူနေကြ၏။

မိုးသံလေသံနဲ့မို့ ကျန်းဟောက်ရဲ့ တယောသံကို ကျန်းဟောက်ပဲ ကြားမယ်လို့ ထင်နေတဲ့အချိန် ဆောင်းဟန်ဘင်းက အခန်းထဲက ထွက်လာသည်။

" ဒီလိုရက်မျိုးတော့ နေ့လည်ခင်းထိအိပ်နေလိုက်တာ မဟုတ်ဘူး "

မှူန်ကုပ်ကုပ်နဲ့ အိပ်ချင်မူးတူး အသံက အခုမှ အိပ်ယာထလာမှန်း ပိုသိသာစေသည်။

" စောစောထတာ အကျင့်ဖြစ်နေတာပါ "

မနက် ဆယ့်တစ်နာရီတောင် ခွဲနေပြီ။ ဒါတောင် ဟန်ဘင်းမျက်နှာ မသာမယာဖြစ်နေပုံထောက်ရင် အလုပ်က အထက်လူကြီးက ဖုန်းဆက်ထားတာပဲဖြစ်ရမယ်။

" ဟာအိုဟျောင်း မနက်စာစားပြီးပြီလား "

" နေ့လည်စာတောင်စားတော့မှာ "

" အိုကေ ခေါက်ဆွဲပြုတ်မလို့ တစ်ခါတည်းစားမလား "

" အီဂျောင်လည်း နေ့လည်စာစားမယ်ထင်တယ် သုံးယောက်စာ ပြုတ်လိုက် ဟန်ဘင်း "

ဆောင်းဟန်ဘင်းတစ်ယောက် မီးဖိုထဲ ဝင်သွားပြီးနောက် မျက်လုံးထောင့်မှာ အဖြူရိပ်တစ်ခု မီးဖိုချောင်ထဲ ကပ်ဝင်သွားတာလည်း တွေ့လိုက်သည်။

နောက်ထပ် ဘယ်သူနိုးနေပြီမို့လဲ။

ဂယူဘင်းနဲ့ ယူဂျင်းသာ အခန်းထဲကထွက်လာရင်လည်း ကျန်းဟောက် မမြင်စရာအကြောင်းမရှိ။ အဲ့ကောင်လေးနှစ်ယောက် မနက်မိုးလင်းခါနီးထိ ဂိမ်းဆော့ရင်း စကားများနေတဲ့အသံတော့ ကြားမိသည်။ နိုးအုံးမှာမဟုတ်။

" ဂွန်းဝုဂီ များလား "

တယောတီးတာရပ်ဖို့ စိတ်ကူးပြီး တယောကို သိမ်းကာ အိမ်အပေါ်ထပ်အခန်းထဲ ပြန်သွားထားလိုက်သည်။

ဖြစ်ချင်တော့ အိမ်အောက်ဆင်းပြီး အီဂျောင်ဟျွန်းကို သွားခေါ်ပြီးပြီးချင်း မီးဖိုချောင်ထဲက အသံကြောင့် ခုနက အဖြူရိပ် ဘယ်သူမှန်း ကောင်းကောင်း သိသွားပြီဖြစ်၏။

" ဟျောင်းရေ ဟျောင်း ရေတွေ အရမ်းပွက်နေလွန်းနေတာ မဟုတ်ဘူးလား "

" ခေါက်ဆွဲမထည့်ခင် အဲ့လောက်တော့ ပွက်မှာပေါ့ "

မီးဖိုချောင်ထဲ ဝင်သွားတော့ ဟန်ဘင်းက ခေါက်ဆွဲပြုတ်ထဲထည့်ဖို့ အသီးအရွက်တွေ လှီးနေတာဖြစ်ပြီး ရေပွက်တာကိုတောင် အကြောက်ကြောက်အလန့်လန့်ဖြစ်နေသူကတော့ ဂင်မ်ထယ်ရယ်ဖြစ်၏။

" ကူပေးစရာရှိလား "

မကြည့်နိုင်တော့လို့ ထယ်ရယ့်နောက်ကို သွားပြီး မေးလိုက်မိပါတော့သည်။
ကျန်းဟောက် အသံထွက်တာနဲ့ မီးဖိုချောင် ကောင်တာနဲ့ နှစ်ပေလောက်အကွာကို ရောက်သွားလို့ ကျန်းဟောက်ပင် ပြန်လန့်သွားရလောက်အောင်ပင်။

ဂင်မ်ထယ်ရယ့်မှာ ကျန်းဟောက်အလက်ဂျစ်များရှိနေသလား။ ဟိုနေ့က ငြင်းသွားပေမဲ့ သံသယတော့မကင်းနိုင်သေး။

" ဘာဖြစ်တာလဲ "

" ဘာ..ဘာမှမဖြစ်ပါဘူး။ ကျန်းဟောက်က ဘာလို့ ရုတ်တရက်ကြီး ဝင်လာတာလဲ "

" ဒီအိမ်မှာနေတဲ့လူက ဒီအိမ်ကမီးဖိုချောင်ကို ဝင်တာပဲလေ "

" အဲ့တာဆို ခေါက်ဆွဲလေး ပြုတ်ပေးပါအုံး "

ပါးချိုင့်တွေထင်းနေအောင်ထိ ပြုံးဖြီးကာ ကျန်းဟောက်ကို ခေါက်ဆွဲပြုတ်ခိုင်းတဲ့ ထယ်ရယ့်ကို အရွက်လှီးနေတဲ့ ဆောင်းဟန်ဘင်းက မျက်စောင်း တထိုးထိုးနဲ့။
လှီးထားတဲ့ အသီးအရွက်တွေ ကျန်းဟောက်ကို လာပေးရင်းနဲ့မှ ဟန်ဘင်းက တိုးတိုးပြောတယ်။

" ထယ်ရယ် ဘာမှမလုပ်တတ်လို့မှ တမင်ခိုင်းနေတာပါဆို ဟာအိုဟျောင်းရယ် "

" ဘယ်သိမလဲ "

ခေါက်ဆွဲကို လက်စသတ်အောင်ပြုတ်ပြီး စားပွဲပေါ်ကို သွားချပေးရင်း ကျန်းဟောက်လည်း နည်းနည်းတော့ ဆူလိုက်ပါသေးတယ်။

" ခေါက်ဆွဲတောင် မပြုတ်တတ်တာ တစ်ယောက်တည်းနေရင် ဘယ်လိုများစားမလဲ "

" ကျွန်တော့်ကို ပြောတာလား ကျန်းဟောက် "

" ဒီမှာထိုင်နေတဲ့ထဲ ခေါက်ဆွဲ မပြုတ်ရဲတာက ဘယ်သူရှိလို့လဲ "

သူ့ကို စကားထိတာနဲ့ မျက်နှာငယ် ဖြစ်သွားတဲ့ ထယ်ရယ့်ကို ကြည့်ရင်း ရယ်ချင်လာသည်။ ဟန်ဘင်းကတော့ အရမ်းသွားမစနဲ့ ဆိုတဲ့ မျက်နှာမျိုးနဲ့ အယောင်ပြရှာပါ၏။

ခေါက်ဆွဲအိုးချကာ ထယ်ရယ့်ဘေးထိုင်ထိုင်လိုက်ချင်း ဂျောင်ဟျွန်းလည်း ဝင်လာသည်။

" အီဂျောင်ရေ မင်းပဲ စားလိုက်တော့ ငါမစားနိုင်တော့ဘူး "

ဂျောင်ဟျွန်း ဝင်လာတာ မြင်တာနဲ့ ဘေးက ကျန်းဟောက်အလက်ဂျစ်နဲ့ ကောင်လေးက ထထွက်ဖို့ ပြင်ပေမယ့် အမြင်ကပ်ကပ်နဲ့ လက်မောင်းကနေ ပြန်ဆွဲချလိုက်သည်။

" ခေါက်ဆွဲက ထယ်ရယ်ရောက်နေတာမြင်ကတည်းက လေးယောက်စာ ထည့်ပြုတ်ထားတာ မစားလို့မရဘူး "

" ဒါပေမဲ့ အစာမကြေဖြစ်နေ- "

" စားလိုက်ရင် ကြေသွားလိမ့်မယ် "

ဒီလောက်နဲ့ လွယ်လွယ် ယုံမယ်များထင်နေလား။
အစာမကြေဖြစ်နေရင် အစောကတည်းက သုံးယောက်စာပြုတ်မယ့်ခေါက်ဆွဲအိုးဘေးမှာ ခေါက်ဆွဲအပိုတစ်ထုပ် ဘယ်လိုလုပ်ရောက်နေပါ့မလဲ။

အလစ်မှာ ထသွားမှာစိုးလို့ ထယ်ရယ့် ပေါင်ပေါ်ပါ ခြေထောက်ခွတင်ထားလိုက်တော့ ငြိမ်ကုပ်ပြီး ဘာမှမပြောတော့ရှာ။ ခေါက်ဆွဲစားရင်း နားရွက်တွေ တရဲရဲနဲ့ ဖြစ်နေသေး။

" အငယ်လေးတွေ အိပ်နေတုန်းမို့ မေးကြည့်တာပါ။ ထယ်ရယ် ဒီတစ်လော ပင်ပန်းနေတဲ့ပုံပဲ "

ခေါက်ဆွဲကို အတင်းငုံ့စားနေရင်းက ဟန်ဘင်းလှမ်းပြောတော့ ထယ်ရယ်က မော့ကြည့်ပြီး ခေါင်းခါပြတယ်။

" မပင်ပန်းပါဘူး "

ထူးထူးဆန်းဆန်း ပိုဖြစ်စရာကတော့ ဂျောင်ဟျွန်းကလည်း ထယ်ရယ့်ကို စကားမပြောနေတာပင်။

" ဒါမှမဟုတ် နည်းနည်း ပင်ပန်းနေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့ "

ထယ်ရယ်က နောက်ထပ်တစ်ခေါက် စကားပြန်ပြင်ပြောသည်။ ဒီတစ်လော ဂင်မ်ထယ်ရယ် မူမမှန်နေဘူးလို့ ကျန်းဟောက်တစ်ယောက်ပဲ ထင်တယ်မှတ်နေတာ။ ဆောင်းဟန်ဘင်းလည်း သတိထားမိနေတာပဲ။

ထယ်ရယ့်ဆီကို အာရုံမစိုက်တော့ပဲ ဟန်ဘင်းနဲ့ ရောက်တတ်ရာရာ စကားပြောနေရင်းပဲ ထယ်ရယ့်ပေါင်ပေါ်ခွထားတဲ့ ကျန်းဟောက် ခြေထောက်ကို ထယ်ရယ်က လက်နှစ်ဖက်နဲ့ သေချာမပြီး ပြန်ဖယ်သည်။

ဘာပဲဖြစ်ဖြစ် အစားတော့ သေချာစားသွားရှာသားပဲ။

ထယ်ရယ် ပန်းကန်ဆေးဖို့ ဘေစင်ဆီကို အသွားမှာတော့ ရုတ်တရက်ကြီး ဂျောင်ဟျွန်းကလည်း ထသွားကာ ထယ်ရယ့်ဆီက ပန်းကန်တွေကို စကားတစ်ခွန်းမှ မပြောပဲ ဆတ်ကနဲဆွဲယူသွားသည်။

ကြောင်နနဖြစ်သွားတဲ့ ထယ်ရယ့်မှာလည်း အတွေးမရှိပဲ ဒီအတိုင်း အိမ်ပေါ်ပြန်တက်သွားရှာ၏။

" နှစ်ယောက် ရန်ဖြစ်ထားတာလား "

ပန်းကန်ဆေးနေတဲ့ အီဂျောင်မကြားအောင် ခပ်တိုးတိုးမေးတဲ့ ဟန်ဘင်းအား ကျန်းဟောက်လည်း မသိတာနဲ့အတူတူ ခေါင်းသာ ခါပြလိုက်မိတော့သည်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

အခု ထယ်ရယ့်မှာ ရောဂါများ ရှိနေတာလား။
တစ်ရက်တစ်ခြား ဖြစ်ပျက်နေတာတွေက လုံးဝ သာမာန်မဟုတ်တော့ပါ။

ခေါက်ဆွဲစားနေပေမဲ့ ပေါင်ပေါ်လာခွထားတဲ့ ကျန်းဟောက်ရဲ့ ခြေထောက်တစ်ဖက်ကို အာရုံမစိုက်ပဲ မနေနိုင်။
အီဂျောင်ဟျွန်း ထယ်ရယ့်ကို စိတ်ဆိုးစရာရှိနေလား ထင်ရအောင် စကားမပြောတာကိုလည်း သတိထားမိပေမဲ့ ဂရုမစိုက်အား။

ဖြေရှင်းစရာတွေရှိရင် ဖြေရှင်းနိုင်ဖို့ နှလုံးရောဂါမဖြစ်ခင် မီးဖိုချောင်ထဲက အမြန်လစ်လာရသည်။

မီးဖိုအပြင်ရောက်မှ ဘယ်ဘက်ရင်ကိုဖိထားရင်း အသက်ကို ဝအောင်ရှူနေရတဲ့ ထယ်ရယ့်အဖြစ်ဟာ ရယ်တော့ရယ်စရာ။ တစ်သက်နဲ့တစ်ကိုယ် အထက်စီးကပဲနေလာတဲ့ ထယ်ရယ်က လူတစ်ယောက်အနားမှာ ရှိရုံနဲ့ ဒီလောက်ထိ ဖြစ်ပျက်နေတယ်ဆိုတော့ image ထိခိုက်သည်။

" ထယ်ရယ် စကားခဏပြောရအောင် "

မကြားမိတာ အတော်ကြာပြီဖြစ်တဲ့ အီဂျောင့်ရဲ့ အေးတိအေးစက်အသံက ထယ်ရယ့်ကို ထိုစကားတစ်ခွန်းသာပြောပြီး သူ့အခန်းထဲသူ တန်းတန်းမတ်မတ်ဝင်သွားသည်။

ဒီနေ့လား?

အခန်းထဲကို လိုက်ဝင်သွားတော့ ဆရာသမားက ကုတင်ဘေးကကြမ်းပြင်မှာပဲ tablet ကိုင်ပြီး ငုတ်တုတ်ထိုင်နေတယ်။ ဘေးမှာဝင်ထိုင်လိုက်တော့ screen ပေါ်မှာ ဆွဲထားတဲ့ အင်္ကျီဒီဇိုင်းမျိုးစုံက အခန့်သား။

" sports wear collection ထုတ်ဖို့အတွက် ဒီဇိုင်း အကြမ်းဆွဲကြည့်ထားတာတွေ အဆင်ပြေမယ်ထင်လား "

အီဂျောင်ပြတဲ့ ပုံတွေ တစ်ခုချင်းစီကိုကြည့်ပြီး ရှင်းပြနေတာကို နားထောင်ရင်း အဆင်ပြေမယ်ထင်တဲ့ဟာနဲ့ လိုအပ်မယ်ထင်တာတွေ အကြံပေးဖြစ်သည်။

အီဂျောင်ဟျွန်းနဲ့ ထယ်ရယ်တို့ကြားထဲ ဒါမျိုးအကြံတောင်းတယ်ဆိုတာ လုပ်နေကြဖြစ်စဉ် ဖြစ်သည့်တိုင် ဒီနေ့ အီဂျောင့်ရဲ့ စကားအသွားအလာက အရမ်း တည်ငြိမ်လွန်းနေသည်။

ခဏတာ စကားမတိုးပဲ ငြိမ်သွားတဲ့ အတောအတွင်းမှာ ထယ်ရယ့် ဦးနှောက်ထဲမယ် အီဂျောင်ဟျွန်းကို ပြောသင့်ရဲ့လားဆိုတဲ့ စကားတွေချည်း တန်းစီလို့နေ၏။

အီဂျောင့်ကုတင်ပေါ်ကနေ အောက်ကိုကျနေတဲ့ စောင်စကို လက်ဆော့နေရင်း ပါးစပ်ဟဖို့ပြင်လိုက်တုန်းမှာပဲ အီဂျောင်က အရင်ပြန်စခေါ်သည်။

အဲ့ဒီအခိုက်အတန့်မှာ တကယ်လို့ ဂျောင်ဟျွန်း ထယ်ရယ့်ကို ဖွင့်ပြောခဲ့ရင် ဂျောင်ဟျွန်း ကျေနပ်အောင် ဖြေရမလား။ ကိုယ်တိုင်ကျေနပ်တဲ့ ရွေးချယ်မှူကို လုပ်ရမလား ခဏလောက် တွေးစရာဖြစ်သွားခဲ့ပါသည်။

သို့ပေမဲ့ နောက်ဆုံးတော့လည်း လက်တွေ့ဖြစ်လာတဲ့အခါ ဂင်မ်ထယ်ရယ်ဆိုတဲ့အတိုင်း မပြောရက်ဆုံးသောစကားဖြင့် တုံ့ပြန်ခဲ့ပါတော့၏။

" ထယ်ရယ် "

" အင်း "

" ငါနဲ့ တွဲမလား "

" ဒါပေမဲ့ ငါတို့တွေ သူငယ်ချင်းမဟုတ်လား အီဂျောင်ရ "

နည်းနည်းတော့ ရက်စက်တဲ့ပုံပေါက်တဲ့တိုင် လက်ခံလိုက်ရင်ရော ဘာကပြောင်းလဲသွားမှာလဲ မသိနိုင်ဘူးမလား။
ထပ်ပြီး မကောင်းတဲ့ကောင်ပဲ အဖြစ်ခံလိုက်ပါတော့မည်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

a/n: gladly accepting feedbacks and comments <33
haorae otp ship တာ ဘယ်နှယောက်ရှိလဲ မသိလို့လေ။ moment လည်း အရမ်းအများကြီးမရှိပေမဲ့ haorae နဲ့ပတ်သက်တဲ့ မှတ်မှတ်ရရလေးများရှိရင် comment မှာရေးပေးသွားလို့ရပါတယ်နော် 🫶🏻
နောက်တစ်ပိုင်းအတွက်က ကြိုရေးထားတာမရှိသေးလို့ နည်းနည်း update ကြာနိုင်ပါတယ် ><

Continue Reading

You'll Also Like

355K 12.2K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
786K 29.1K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
11.6K 831 9
𝗃𝖺𝗄𝖾 𝗌𝗂𝗆'𝗌 𝖮𝖳𝖯𝗌 𝖼𝗈𝗅𝗅𝖾𝖼𝗍𝗂𝗈𝗇 𝖻𝗈𝗈𝗄 💌 • 𝗈𝗇𝗅𝗒 𝗃𝖺𝗄𝖾 𝖼𝖾𝗇𝗍𝗋𝗂𝖼
11K 1.2K 20
I promise I'll be yours forever